* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, March 15, 2010

သံသရာအော်လ်တာနေတစ်ဗ်


ပြတင်းပေါက်လေး
ဝယ်လိုက်တယ်

လေညှင်းနဲ့
လရောင်ကိုဖမ်းဖို့
ဖြစ်သင့်တာက
ငါ့ကိုယ် ငါထွက်ပြေးဖို့

လူလူ သူသူ
ညတွေပဲ
ဝတ်စုံပြည့်မျက်ရည်နဲ့

ငါပဲ
နင့်ကို မုန်းလိုက်ရတာ။

ဓမ္မဂင်္ဂါ
(၁၅-၃-၂၀၁၀)

Read more...

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃

အတွေ့ ကြုံလေးများ

အပိုင်း(က)

အတွေ့ ကြုံဟာ စာထဲကလိုချည်း မဟုတ်တာတော့ သေချာတယ်။ အတွေ့ ကြုံက စကားပြော တယ်- တဲ့။ ဟုတ်လောက်ရဲ့ ။ ပြီးတော့ အသက်ကြီး တစ်နည်းသာ တဲ့။ အဲဒါတော့ အပြည့်ဝ လက်ခံ လို့  မဖြစ်ဘူး။ အသက်ကြီးပြီး အချိန်မစီး ဆိုတဲ့ စကားက ရှိသေးတာကိုး။

သွားပါများ ခရီးရောက် မေးပါများ စကားရ- တဲ့။ ထည့်လိုက်ချင်သေးတယ် အသစ် အနေနဲ့ - ပြောပါများ စကားပေါက် လို့ ။ ကိုယ့်စကားကို ကိုယ့်ဖာသာ ထောက်ခံရရင် ဟုတ်၏။ စာတွေ ဘယ် လောက်တတ်တတ်၊ မပြောပါနေလို့ ကတော့ စကားက တွန့် ဆုတ် တွန့် ဆုတ်ရယ်။

ဟုတ်တာ မဟုတ်တာ အသာထား၊ ပြောပါများလျင်တော့ စကားက ပြောတတ် ဆိုတတ် ရှိလာပါတယ်။ မှားရင်လည်း အမှန် သိသူက ပြင်ပေးသွားပါလိမ့်မယ်။ အဲဒီ အမှန်ကို မှတ်ထားပါ။ နောက်တစ်ခါ အဲဒီ အမှန်တိုင်းပြောပါ။

မြန်မာ ဆိုရိုးစကား အရှိသား၊ စာမတတ် လမ်းထွက် ဖတ် တဲ့။ စာအဆို ရှိသော်ငြား စာသင် ခန်းထဲမှာပင် စာဖတ်ရမှာ ကြောက်သလိုလို ရွံ့ သလိုလို ရှိကြတတ်သေးတယ်။ သင်တန်း တက်ရင်း သင်တန်းက အတွေ့ ကြုံတွေ ရလာတာလေးတွေ ပြောပြချင်တယ်။

သင်တန်းပေါင်းလည်း များလှပြီ။ မြန်မာပြည် အင်္ဂလိပ်သင်တန်း၊ သီရိလင်္ကာ အင်္ဂလိပ်သင်တန်း၊ သီရိလင်္ကာဆရာ ၊ အင်္ဂလန်ဆရာ တွေ နဲ့ ၊ ဆင်ဟာလ ဘာသာ သင်တန်း နဲ့  စုံသွားတယ်။

ခု လက်ရှိ တက်ဆဲ သင်တန်း အတွေ့ ကြုံကို ပြောပြချင်ပါတယ်။ ဂျာမဏီနိုင်ငံ ထိုင်းသင်တန်းမှာ ဂျာမန် ဘာသာ သင်ယူနေတာပါ။ သင်ယူခါစကတော့ ထိုင်းဆရာ၊ ဆရာမများသာ သင်ပါတယ်။ သင်တန်းသား သင်တန်းသူ ဆိုတာလည်း အားလုံး ထိုင်းတွေပေါ့။ သင်တန်းသားက တစ်ယောက် သာ၊ ကျန်တာက သင်တန်းသူတွေချည်းပါ။

အဲဒီထဲမှာ ရွှေကိုယ်တော် တစ်ပါးသာ မြန်မာ ဖြစ်လေတယ်။ ရှင်းပြတာက ထိုင်းလို ရှင်းလိုက်၊ ဂျာမန်လို ရှင်းပြလိုက်ပေါ့။ ကိုယ့်အတွက်ကတော့ နားလည်အောင် မနည်းကြိုးစားရတယ်။ လုံးဝ နားမလည် ဘူးဆိုရင်တော့ အင်္ဂလိပ်လို ဆို ဘာပြောတာလဲပေါ့ မေးရတယ်။

တစ်ခါတရံမှာတော့ ကိုယ်လုံးဝမသင်ဘူးတဲ့ ထိုင်းစကားနဲ့  ရှင်းပြတာတောင် နားလည်သွား သလိုလိုပဲ၊ အမူရာ ကြည့်ပြီးတော့။ ကြာတော့ သဘောပေါက်သွားတာ။ ထိုင်းစကား ပြောတတ်လို့ တော့ မဟုတ်ဘူး။ အဲဒါလည်း အတွေ့ ကြုံတစ်မျိုး။

ကိုယ့်ကျောင်းသား အချင်းချင်း ခဏ အားလပ်ချိန်ပေးတဲ့ အချိန်မှာ သူတို့ နဲ့  ပြောကြဆိုကြတာ တော့ ဂျာမန်လိုပဲ ပြောတာ၊ အင်္ဂလိပ်လို ပြောတာက မဆိုစလောက်ပဲ။ ဒါလည်း သူတို့  ပြောတာ လည်း ကိုယ်နားလည်၊ ကိုယ် ပြောတာလည်း သူတို့ နားလည် ကြတာတော့ ရှိသားပဲ။

တကယ်တမ်းတော့ သူတို့ လည်း အပီပြင် မပြောတတ်သလို ကိုယ်လည်း တကယ့်ကို မတတ် သေးတာပါ။ ဒါပေမယ့် ဆိုလိုတဲ့ အကြောင်းရာတော့ သိနေကြတာပဲ။ ပြောပါများ စကားပေါက်တဲ့ - အတွေ့ ကြုံတော့ မဟုတ်သေးဘူး၊ စိတ်ချင်း သိသလိုလိုပေါ့၊ ရွှေအ နဲ့ တောင် စကား ပြောဖြစ် သေးတာပဲ။ လူကောင်း အချင်းချင်း ဆိုတော့ ပြောလို့  ဖြစ်ကြတာပေါ့။ ဒါလည်း အတွေ့ ကြုံ တစ်ဖုံ။

ပထမ ( ၃ )လ ကုန်သွားတဲ့ အခါ ဂျာမဏီနိုင်ငံသား ဂျာမန်ဆရာ ရောက်လာပါလေရော၊ ကိုယ်ကတော့ သဘော သိပ်ကြတာပေါ့၊ ဂျာမန်ဘာသာ သင်တာ ဂျာမန်ဆရာ ဆိုတော့ ကွက်တိပေါ့။ ဒါပေမယ့် ထိုင်း သင်တန်းသူလေးများက အား ၀ူး.... (ထိုင်းလို)မိုက်ခေါက် ကြိုင်- တဲ့။ နားမလည်ဘူး လုံဖိ တဲ့။ လုံဖိ ကား ကိုယ့်ကိုခေါ်တာပါ။ လုံဖိ ရော နားလည်သလားတဲ့။ မဆိုးပါဘူးလို့ ။

သူတို့ က ထိုင်း လို ရှင်းတာ နားထောင်နေကြ ဆိုတော့ ဟုတ်မှာပေါ့။ ကိုယ်ကတော့ ပိုတောင် ကောင်းသေးတယ် ပြောလိုက်ချင်သေးတယ်။ ဒါပေမယ့်မဆိုးပါဘူး လောက်နဲ့  ရပ်ထားခဲ့ရတယ်။ ဒဲ့ထိုးကြီး ဂျာမန်ဘာသာသင်တာ ဂျာမန်ဆရာက ပိုကောင်းတာပေါ့ လို့  ပြောလိုက်ရင် ဘယ်ကြိုက် လောက်ပါ့မလဲ။ စကားဆင်ခြင်ဖို့ အတွက် ဒါလည်း အတွေ့ ကြုံ တစ်ခန်း။

တစ်ခါတစ်ခါ ဂျာမန်ဆရာက စာကို အမျိုးမျိုးလုပ်ပြီး သင်ပေးပါတယ်။ သူလည်း သူ့ အတွေ့ ကြုံရ ပေါ့။ ဥပမာ သင်တန်းသားကို အမူယာ သရုပ်ဆောင်ခိုင်းတယ်၊ သရုပ်ဆောင်ခိုင်းတဲ့သူကို စကား မပြောခိုင်းပဲ သရုပ်ပေါ်အောင် လုပ်ခိုင်းတယ်။ ကျန်တဲ့သူတွေက ဒါက ဘာပဲ ၊ ညာပဲ တစ်ယောက် တစ်ပေါက်၊ စကားပြောတတ်ကာစ ကလေး ပြောသလို ပြောတော့တာပါပဲ။ ဆရာကတော့ ဂျာမန်လို ပြောထွက် အောင် လေ့ကျင့်ပေးတာပါပဲ။ အဲဒီ လေ့ကျင့်နည်းက ကောင်းတဲ့ အတွေ့ ကြုံတစ်သွင်။

တစ်နေ့ မှာတော့ what ist höflich? what ist unhöflch? ဆိုပြီး ခေါင်းစဉ်တပ် လိုက်ပါ တယ်။ကိုယ်လည်း ဘာလဲ လို့  အင်္ဂလိပ်လို ပြောပြပါလို့  ပြောတော့ polite and impolite . ယဉ်ကျေး တာနဲ့  ရိုင်းပြတာ- တဲ့။

အဲဒီနေ့ က ထူးထူးဆန်းဆန်းပေါ့၊ ကိုယ့်နိုင်ငံ သူ့ နိုင်ငံ ယဉ်ကျေးမှုတွေဟာ မတူဘူးလေ။ အဲဒါကြောင့် ဆရာက ပြောပါတဲ့။ အစဆုံး ပြောတာက ဘယ်လို နှုတ်ဆက်သလဲပေါ့။ သင်တန်းသူ တစ်ဦး ကို မေးပါလေရော။

ဆ၀ါဒိခ။ (ခရပ်) ဆိုပြီး လက်အုပ်ချီပြပါတယ်။ ယောကျာ်းလေးများ က ဆ၀ါဒီးခရပ် -တဲ့။ ဆက်လက်ပြီး အဲဒီ သင်တန်းသူက လက်အုပ်ချီတာနဲ့  ပါတ်သက်ပြီး ရှင်းပြတယ်။ လက်အုပ်က ရင်ဘတ် မှာ ထားရင် အချင်းချင်း ၊ ပါးစပ်နေရာမှာ လက်အုပ်ထားရင် ဆရာ ၊ နှာခေါင်းမှာ လက်အုပ်က ထားရင် မိဘ ဘိုးဘွား ၊ ဘုရား နဲ့ ရဟန်း သံဃာတော်တွေကိုတော့ နဖူးမှာ တင်ထား တာဖြစ်တယ်။ သူက အင်္ဂလိပ်လို ပြောတော့ ကိုယ်လည်း ကောင်းကောင်း သဘောပေါက်သွားလည်း လက်အုပ် အတွေ့ ကြုံ တစ်သင်း။

ကိုယ့်ဘက် ဆရာက လှည့်လာပြီး မြန်မာလည်း အဲ...လိုပဲလားတဲ့ ။ လက်အုပ်ချီတာနဲ့ ပါတ်သက် လို့ ဆရာကမေးတယ်။ အဲ ...ဂွတော့ ကျပြီ။ အမှန်တိုင်းပဲ ဖြေလိုက်ပါတယ်။ အချင်းချင်း နှုတ်ဆက် တာ တွေတော့ လက်အုပ်ချီတာ ရှား တယ်။ ကြီးသူကိုတော့ လက်အုပ်ချီတယ်။ ရတနာသုံးပါး မိဘ ဆရာသမား ကိုတော့ နဖူးပေါ် လက်တင်ပြီး လက်အုပ်ချီတယ် ၊ ရှိခိုးတယ်။ သာမန်ကတော့ မင်္ဂလာ - လောက်ပဲ နှုတ် ဆက်ပါတယ်။ ပြောကောင်း နားထောင်ကောင်းအာင်သာ ပြောလိုက်တာ အရပ် ကတို့ ရေ။

တကယ်တမ်း ကိုယ့်မြန်မာတွေ အတော်များများ မင်္ဂလာလို့တောင် နှုတ်မဆက်ပါဘူး။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင်ပေါ့။ ကျောင်းတွေမှာတော့ ပြောတတ်၊ ဆိုတတ်ကြပါတယ်။ ကျောင်းသား မော်နီတာက အားလုံး..မတ်တပ်ရပ်ဆိုရင် ကျောင်းသား အားလုံး မတ်တပ်ရပ်ကြတယ်။ပြီးတော့ မင်္ဂလာပါ ဆရာကြီး၊ မင်္ဂလာပါ ဆရာမ။

ဆရာ ဆရာမတွေကလည်း မင်္ဂလာပါ တပည့်တို့ ။ ကျောင်းသားကျောင်းသူ အချင်းချင်းကတော့ မင်္ဂလာပါ ကိုယ့်လူ။ သူငယ်ချင်း ပြောတာ မတွေ့ ဖူးသလောက် ခပ်ရှားရှား။ ကိုယ်မတွေ့ဘူးတာ ပြောတာပါ။ (ခုကိုယ်ကတော့ မင်္ဂလာပါ လို့  တစ်ချို့ က ဂျီထော့မှာဖြစ်ဖြစ် ၊ ကိုယ့်ဘလော့လေးထဲ ဖြစ်ဖြစ် နှုတ်ဆက်ကြတာတွေ့ ရင် ပျော်လိုက်တာ။ ဒီစကားလေးကိုလည်း ကျယ်ပြန့်စေချင်တာ အမှန်ပါ။)

နောက်ထပ် ပြောကြတာကလည်း ဟိုတယ်တို့ ၊ မော်တယ်၊ စားသောက်ဆိုင်ကြီးများ နဲ့  လေယာဉ်မောင်မယ်တွေတော့ ဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုလေးတွေ နှုတ်ဆက်တာ။ ပြီးတော့ အဆိုတော်များလည်း မင်္ဂလာပါ( အသံမြင့်မြင့်နဲ့ ) ပြောတာ ဆိုတာ.ရှိကြလေတယ်။

နိုင်ငံတိုင်း ဂွတ်မောနင်း ပဲဖြစ်ဖြစ်၊ ဂုတင် ထတ် ဖြစ်ဖြစ်၊ ဆ၀ါဒီခ ပဲဖြစ်ဖြစ် မိမိစကားကို တွင်တွင်ကျယ်ကျယ် ပြောကြတယ်။ စာတွေထဲမှာတော့ ရှိပါတယ်။ မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာ နေ့လည်ခင်းပါ၊ မင်္ဂလာညနေခင်းပါ -တွေ ပေါ့။ စာထဲကစာ လက်တွေ့ မဟုတ်လေတော့ လက်တွေ့ များက ပိုအရသာရှိတာကို သဘော ပေါက်တာ ကလည်း အတွေ့ ကြုံကလည်း တစ်ပါး။

အင်း...ဂျာမန် ဆရာတို့  ယဉ်ကျေးမှုကတော့ တွေ့ ရင် ဘယ်လို နှုတ်ဆက်တယ် ဆိုတာ ဆရာ နမူနာပြတော့ အတော် ရှင်းသွားတယ်။ မြင်လွယ်တယ်၊ အရှင်းပြ တော်တော် လည်းကောင်း တယ်-လို့  ပြောရလေမလား၊ (ဥပမာဆိုတာ သိလွယ် မြင်လွယ်အောင် ပြရတာ မဟုတ်ပါလား။)

ဆရာ့ ဥပမာက ဒီလိုပါ။ သင်တန်းသူ တစ်ဦးကို ခေါ်လိုက်တယ်။ ခဏလာပါ။ နမူနာ ပြမယ်ပေါ့။ ဟလို၊ ဂုတင်ထ။ ဇီယားဗို့ စ်။ဂရို့ စ် ဂေါ့ဒ် စသဖြင့် ဒေသအလိုက် နှုတ်ဆက်တဲ့ စကားတွေ ပြောပြီး၊ လက်ဆွဲ နှုတ်ဆက်ပြတယ်။ ဒါ့ထက် ရှင်းအောင် ပြသွားတာက ပြွစ်... ပြွစ်... ဆိုပြီး ဟိုဘက် ဒီဘက် ပါးချင်းယှက်ပြီး အနမ်းလေး လုပ်ပြတယ်။ ပြီးမှ ဥပမာ ပြောပြတာနော်တဲ့။ ဥပမာ အပေးခံရတဲ့ သင်တန်းသူက ရပါတယ်၊ ကိစ္စမရှိ ပါဘူးပေါ့။ ပြီးသွားပြီထင် လို့  ပြန်ပြီးထိုင်ပါတယ်။ အဲဒီ နောက် ထပ်လာပါဦး၊ တစ်ချို့ က ဒီလိုတဲ့ ။ ဥပမာ ပြမလို့ နော် တဲ့။ လက်ဖမိုးလေးကို ပြွစ် ပြွစ်(အသံပါ ပါတယ်) ။ အဲလိုလည်း နှုတ်ဆက်ကြတယ်။ ယဉ်ကျေးမှုပါတဲ့ဗျား။ ဒါကလည်း အတွေ့ ကြုံ တမုံ့ ။

ဒါက ခေါင်းစဉ်တပ်ထားတဲ့ အတိုင်း သူ့ ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု တွေကို ပြောပြတာပါ။ ကိုယ့်နိုင်ငံယဉ်ကျေးပြီး သူ့ နိုင်ငံ ရိုင်းပြတာတွေ ပြောကြတာလည်း ရှိသေးတယ်။

ဆက်သေးတာပေါ့။
အားပေး စောင့်မျှော် ဖတ်ရှုကြလေကုန်..

မြတ်ရောင်နီ
(၁၄၊၀၃၊၂၀၁၀)

Read more...

ဘုရားသော်မှ မလွတ်သော ဝိပါတ်တော် (၁၂) ပါး။

(၁) ပဌမ ၀ိပါတ်တော်။

(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့။ ညှိုးနွမ်းရုပ်အင်၊
ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။

(ဖြေ) ကဿဘုရား၊ ထင်ရှားပွင့်သော်၊
ဇောတိပါလ၊ နာမအကျော်၊
ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်း ၀ိပါတ်တော်။

(၂) ဒုတိယ၀ိပါတ်တော်။

(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သယ်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့် ၀ိပါက်ဝန်။

(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊
သေသောက်သမား၊ ဖြစ်ငြားယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊
အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။

(၃) တတိယ ၀ိပါက်တော်။

(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊
ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊
လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊
ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။

(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊
မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊
ရှင်ပစ္စေက ဗုဒ္စမြင်သော်၊
ဒုဿီဘဲ စွပ်စွဲ ၀ဋ်ကြွေးပေါ်။

(၄) စတုတ္ထ ၀ိပါက်တော်။

(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူအများ ယုံမှား ဘယ်တွက်တာ။

(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊
ရသေ့တဦး ဈာန်မြူးကွန့်လာ
ငြူစူစိတ်ဇော၊ မနောဣသာ၊
ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။

(၅) ပဉ္စမ ၀ိပါက်တော်။

(မေး) ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုပ်အသာ၊
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝဋ်ပါ။

(ဖြေ) သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊
ညီကို လှည့်စား ခေါ်သွားသလေ၊
ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊
ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။

(၆) ဆဋ္ဌမ ၀ိပါက်တော်။

(မေး) ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း အလင်း ပြစေချင်။

(ဖြေ) သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။

(၇) သတ္တမ ၀ိပါက်တော်။

(မေး) ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး ခရီးအလယ်၊
ဒေ၀ဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။

(ဖြေ)ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။

(၈) အဋ္ဌမ ၀ိပါက်တော်။

(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့ ကျိန်းဝပ်တော်မူ၊
ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။

(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ် ထိုးသတ် ပြန်တယ်၊
ဓားဝိပါက်၊ အဆက် သူကနွယ်။

(၉) န၀မ ၀ိပါက်တော်။

(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ
ရံဖန်ခါလဲ ခေါင်းခဲပလေ၊
ဝေဒနာဝဋ် မလွတ်တုံချေ၊
ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။

(ဖြေ) ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊
တံငါမျိုးဇာတ်၊ ဖြစ်လတ်လေသော်၊
ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊
ဝမ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။

(၁၀) ဒသမ ၀ိပါက်တော်။

(မေး) ၀ါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊
ဝေရဉ္ဇာတိုင်း သမိုင်းအကျော်၊
မုယောဆွမ်းမို့ ကြမ်းကြမ်း ထော်ထော်၊
ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။

(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊
ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ၊
ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊
ဝစီထွက်၊ ၀ိပါက် တော်တဲ့ ယုံ။

(၁၁) ဧကာဒသမ ၀ိပါက်တော်။

(မေး)အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊
ခါးတော်ကိုက်ခဲ အသဲအသန်၊
ဝေဒနာများ၊ ခံစားရံဖန်၊
ဘယ်အကြောင်း၊ ကံဟောင်းထုတ်လို့ပြန်။

(ဖြေ) လက်ဝှေ့သတ်ကောင်း အလောင်း ဖြစ်သော်၊
ပြိုင်ပွဲဆိုင်ပွဲ နိုင်မြဲ အကျော်၊
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊
အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။

(၁၂) ဒွါဒသမ ၀ိပါက်တော်။

(မေး)ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ရွှေအားမသန်၊
ခွေယိုင်နွဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊
ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။

(ဖြေ) ရောဂါကုစား၊သမားဥာဏ်ကျယ်၊
ရှင်သူဌေးသား ဆေးဝါးကုတယ်၊
ဆေးဖိုး မပေးလို့ ဟိုရှေးဘုန်းကြွယ်၊
ဝမ်းလားဆေး တိုက်ကျွေး ၀ဋ်ဟောင်းလယ်။

သတိပေး ဥယျောဇဉ်

ဝိပါက်ရောက်ရေး ကြောက်သွေးတုန်ဘွယ်၊
ဘုရားသော်လဲ ရှောင်လွှဲမလွယ်၊
တွေ့ကြုံမြဲမို့ တ၀ဲ လယ်လယ်၊
မလွတ်သေး၊ ၀ဋ်ကြွေး ခက်လှတယ်။

ကြင်နာထောက်ထား သနားမြှော်ခေါ်၊
ကုသိုလ်ပွားမှု၊ အားပြုကြနော်၊
နှိပ်စက်ညှဉ်းပန်း သရမ်းပျက်ချော်၊
ရှောင်ကြဉ်ရေး၊ ၀ဋ်ကြွေး စင်ဘို့မြှော်။

အပါဒါန် ။ပါ။ ပ-အုပ်။၃၄၆။


Read more...

အပြန်အလှန်

ကျွန်တော်သည် ၀န်ထမ်းတဦးဖြစ်သည်။ တနေ့တွင် အဖော်ဝန်ထမ်းတဦးနှင့်အတူ ကျေးရွာတရွာသို့ တာဝန်ဖြင့် ခရီးထွက်ခဲ့သည်။ ထိုရွာသို့ ခြေကျင်သွားခဲ့ကြရသည်။ ကျွန်တော်တို့သည် ပဲကြီးနှင့်ဝါများ စိုက်ထားသော စိုက်ခင်းများဘေးရှိ လမ်းပေါ်မှ ဖြတ်လျှောက်သွားကြသည်။ ထိုစဉ် နွားမတကောင်သည် ယာစည်းရိုးကိုတိုး၍ အခင်းထဲသို့ ၀င်စားနေသည်။ နွားကျောင်းသားက သိ၍ လေးခွဖြင့် ပစ်ပြီး အပြင်သို့မောင်းထုတ်သည်။

နွားသည် ယာခင်းပြင်သို့ ထွက်ပြေးသည်။ နွားကျောင်းသားသည် လေးခွဖြင့် ပစ်ရုံဖြင့် အားမရ၊ ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုကာ ၀ါးရင်းတုတ်ဖြင့် လိုက်၍ ပစ်သည်။ နွားမ ကံဆိုးရှာသည်။ သူပစ်လိုက်သော တုတ်တိုသည် နွားမ၏ ဦးခေါင်းထိပ်တည့်တည့်ကို မှန်သွားသည်။ နွားမသည် အော်ကာ မြေသို့ လဲကျသွားသည်။ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ သေဆုံးသွားသည်။ မကြည့်ရက်စရာပင်။

မကြာမီ ကျွန်တော်တို့သည် တာဝန်ကျရာ ရွာသို့ရောက်သွားသည်။ နောက်တနေ့နံနက် ၈-နာရီတွင် အခြားရွာသို့ ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ထိုစဉ် ဆူညံသံများ ကြားရသည်။ လူတစုသည် ၀က်တကောင်နောက်သို့ ပြေးလိုက်၍ ဖမ်းနေကြသည်။ အချို့က ထိုဝက်ကို တုတ်များဖြင့် ပစ်ခတ်ကြသည်။ ထိုအခိုက် လူငယ်တယောက်သည် ရေနွေးကြမ်းသောက်နေရာမှ အိမ်ပေါ်က ဆင်းပြေးလာသည်။ သူလည်း ၀က်ကို ၀ိုင်းကူဖမ်းပေးရန် ဖြစ်သည်။

သို့ရာတွင် သူသည် ၀က်ဖမ်းသူများ အနီးသို့ မရောက်လိုက်။ အိမ်ပေါ်မှ အဆင်းတွင် ၀က်ဖမ်းသူတယောက်က ၀က်ကိုပစ်လိုက်သော ၀ါးရင်းတုတ်တိုတချောင်းက မမျှော်လင့်ဘဲ သူ၏ရင်ဝကို ထိမှန်သွားသည်။
အမယ်လေးဗျ-ဟုဆိုကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ၀က်ဖမ်းသူများသည် သူ့ထံပြေးသွားသည်။ ၀ိုင်းအုံပြုစုကြသည်။ ကျန်းမာရေးဆရာဝန်ကို ပြေးခေါ်ကြသည်။ မကြာပါချေ။ ထိုလူငယ်သည် ၀ါးရင်းတုတ် ရင်ဝထိသော ဒဏ်ဖြင့် သေဆုံးသွားလေသည်။

အံ့သြဖွယ်ကောင်းသည်မှာ ထိုလူငယ်သည် အခြားသူမဟုတ်။ လမ်းခရီး၌ ကျွန်တော်တို့တွေ့ခဲ့ရသည့် နွားကျောင်းသား လူငယ်ဖြစ်သည်။ မနေ့က ထိုနွားကျောင်းသား လူငယ်ပစ်လိုက်သော ၀ါရင်းတုတ် လက်ချက်ဖြင့် နွားမ သေဆုံးခဲ့ရသည်။ ယခုလည်း သူသည် အခြားသူတဦးက ၀က်ကို ပစ်လိုက်သော ၀ါးရင်းတုတ်လက်ချက်ဖြင့် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့သည်။

အကုသိုလ်ကံ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်လှသည်။ ထိုနွားကျောင်းသား လူငယ်သည် မျက်မှောက်ဘ၀တွင် ချက်ချင်းလက်ငင်း ခံလိုက်ရသည်။ သေသည့်နောင်တွင်လည်း မည်သို့ခံရမည်ကို မသိနိုင်ပေ။

( ပေါက်မြေ-မောင်ညိုမင်း)
(မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)


Read more...

ရှင်မရေ-၂ (မောင်ခိုင်မာ) ကဗျာရှည် (၈) ပုဒ် စုစည်းမှု


ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက Post - အသစ် မတင်ဖြစ်တာ အခုထိဆိုတော့ (၃) လနီးပါး အလုပ် မလုပ်ဖြစ်ခဲ့တာလို့ ဆိုရမှာပါ။ ကဗျာဆရာမြောက်များစွာရှိတဲ့အထဲကမှ ဆရာမောင်ခိုင်မာရဲ့ ကဗျာရှည်တွေကို စွဲစွဲလမ်းလမ်း နှစ်သက်မိလေတော့ ဆရာရဲ့လက်ရာ ရှင်မရေ (၂) ကဗျာရှည်(၈)ပုဒ် စုစည်းမှုကို တင်ဆက်ပေး လိုက်ပါတယ်။

နွေလမ်းမှာလေကြမ်းဆင် - ကဗျာရှည်ထဲက - အပိုင်းအစ အချို့ကို ဆွဲထုတ်ကြည့်မိလိုက်တော့ ...

ကိုယ့်ခြံကိုကိုယ်ကာ
စီမံပါမှ တန်ကာကျ။
သူတို့စခန်းလိုပေါ့
တို့လမ်းစဉ် ပျော်ရွှင်မွေ့ရမယ်
ဒါ အရှေ့အာရှ။

ကိုယ့်အိမ်ကို ကိုယ်ရုံ
လုံခြုံပါမှ တော်ရုံကျ။
သူတို့ လှမ်းသလိုပေါ့
တို့လမ်းမှာ ပန်းတွေတွေ့ရမယ်
ဒါ အရှေ့အာရှ။

ကိုယ့်ပန်းကို ကိုယ်ပန်
ပိုလျှံကာမှ တန်ကာကျ။
သူတို့ရောင်းသလိုပေါ့
ကိုယ့်အကြောင်း ကိုယ်ပြန်လေ့လာမှ
ဒါ အရှေ့အာရှ။

အာရှချင်း အတူတူ
အူ ချင်းလည်း မကွဲပြား။
စားတော့လည်း ဒီဆန်
နံ တော့လည်း မကွဲပြား။
သူတို့အာရှမှာဖြင့်
သူတို့အာဟာရတွေနဲ့
သူတို့မာနတွေ စီမံသလိုပေါ့
တို့အာရှမြေမှာလည်း
တို့အာဟာရတွေနဲ့
တို့မာနတွေ စီမံသနဲ့
ဆန်တစ်ပြည် တစ်ရာကျစေတော့

အာရှမှာ တစ်ချို့ဘုံအမြင့်ထက်
ရှင်မရေ တို့ဂုဏ်မြင့်မား ။

အပြည့်အစုံကို ဒီနေရာကနေ DOWNLOAD ပြုလုပ်ပါ။




Read more...

ကျောင်းသားဘ၀ အပိုင်း (၃)

ပူနေးတက္ကသိုလ်ကျောင်းသား (၃)

ဘုရားအလောင်း
မဟာယာနဗုဒ္ဓဘာသာတွင် လူတိုင်းလူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်။ ဘုရား အဖြစ်ဖြင့် သတ္တ၀ါအများကို ကူညီ ချွေချွတ်ကယ်မပြီးမှ နိဗ္ဗာန်သို့ သွားကြမည်။ ဥပမာ မိမိသည်ပင် ဘုရားဖြစ်ချင်သူ ဘုရားအလောင်းတစ်ဦးဖြစ်သည်ဟု သူမက ပြောလာသည်။ ထေရ၀ါဒတွင် မဟာယာန ကဲ့သို့ လူတိုင်းဖြစ်နိုင်ခွင့် ရှိပါသလား။

အမေးရှိ အဖြေရှိ
ထေရ၀ါဒတွင် ဘုရားအဖြစ်သည် လူတိုင်းနှင့် သက်ဆိုင်ပါသည်။ လူတိုင်းဖြစ်ခွင့် ရှိပါသည်။ သို့သော် လူတိုင်းဘုရားဖြစ်ဘို့ မလွယ်ကူပါ။ ဘုရားဖြစ်ဘို့ အဓိက လုပ်ငန်းမှာ ပါရမီပြည့် အောင် ဖြည့်ကျင့်ခြင်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင် ပါရမီတော် ဆယ်ပါးရှိသည် (မဟာ ယာနတွင် ၆ ပါးသာရှိ)။ ၄င်းပါ ရမီတော်များကို ဘ၀ပေါင်းများစွာ(အနည်းဆုံး လေးအသင်္ချေ ယျနှင့် ကမ္ဘာတစ်သိန်း) ဖြည့်ကျင့်ရသည်မည်ဖြစ်သည်။ အကယ်၍ သင် ဘုရားဖြစ်လိုခဲ့သော် ပါရမီတော်များကို ဦးစွာဖြည့်ကျင့်ရမည်ဖြစ်သည်။ ပါရမီမဖြည့်ကျင့်ဘဲ ဘုရားလုံးဝ မဖြစ်နိုင်ပါ ဟု အားပါးတရ ဖြေလိုက်သည်။ သို့သော် ထေရ၀ါဒအနေဖြင့် အမျိုးသမီးများ ဘုရားဖြစ်နိုင် ခွင့် မရှိကြောင်း အချက်ကိုမူ မောင်သုဇနက မျက်ရိပ်ပြသဖြင့် မပြောလိုက်ပေ။

ဗောဓိသုံးမျိုး

ထေရ၀ါဒတွင် နိဗ္ဗာန်သို့ လမ်းသုံးမျိုးဖြင့် သွားရောက်နိုင်သည်။ ၄င်းသုံးမျိုးမှာ-
၁။သာဝကဗောဓိ= တပည့်သာဝကအဖြစ်ဖြင့် သစ္စာလေးပါးကို သိ၍ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။
၂။ ပစ္စေကဗောဓိ=ဘုရားငယ်အဖြစ်ဖြင့် သစ္စာလေးပါးကို သိ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် သည်။
၃။ သမ္မာသမ္ဗောဓိဗောဓိ= သဗ္ဗညုတရွှေဥဏ်ဉာဏ်တော်ပိုင်ရှင် ဘုရားအဖြစ်ဖြင့် သွားရောက် နိုင်သည်။

သာဝကသုံးမျိုး

သာဝကသည်လည်း ၁။ ပကတိသာဝက၊ ၂။ မဟာသာဝက၊ ၃။ အဂ္ဂသာဝကဟု သုံးမျိုး သုံးစားရှိကြောင်း ပြောပြလိုက်သည်။ ယူမီသည် ပြောသမျှကို မျက်စိလေးကလည် ကလည်ဖြင့် နားထောင်နေရှာသည်။ သူမ တစ်ခါဘူးမျှ မကြားသိခဲ့ရဘူးသော ထေရ၀ါဒ၏ ရှင်းလင်းသော လမ်းစဉ်များ။ အော် သနားစရာလေးပါလား။

သွားပါဦးမယ်
စကားပြောသည်မှာ အချိန်အတော်ကြာသွားသည်။ ထို့ကြောင့် ပြန်ပါဦးမည်ဟု နှုတ်ဆက်ပြီး ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ဂျပန်မလေးသည် ယနေ့ သူသိချင်သော အရာများကို သိရ၍ အလွန် အင်မတန် ၀မ်းသာသွားသည်။ ကျေးဇူးလည်း အထူးတင်ပါကြောင်း ထပ်ကာထပ်ကာ ပြောသည်။
လဘက်ရည်ဆိုင်ကအထွက် လမ်းပေါ်အရောက်တွင် နောက်မှ ခေါ်သံကြားသဖြင့် လှည့်ကြည့်ရာ ယူမီဖြစ်နေသည်။ ဒီနေ့ ဖြစ်နိုင်ရင် ငါနေ့လည်စာ ကျွေးပါရစေ တဲ့။ ကျေးဇူး တင်ပါတယ် ယူမီ ငါမဆာဘူးဖြစ်နေလို့ မစားပါရစေနဲ့။ ဒါဆို နောက်တစ်ကြိမ် ကျွေးပါမယ့် အဲဒီကျ မငြင်းပါနဲ့။ ကျေးဇူးပါဘဲ ယူမီ သွားပါဦးမယ်။

အုတ်တံတိုင်း ပေါ်မှာ

လဘက်ရည်ဆိုင်မှထွက်ခဲ့ပြီး တက္ကသိုလ် main building ဆီသို့ လျှောက်လာခဲ့သည်။ အချိန် အားဖြင့် နေ့တစ်နာရီဝန်းကျင်မှာ ရှိမည်။ main building ၀န်းကျင်တွင် ပန်းခြံများကို ဖန်တီးထားသည်။ ကျောင်းသားများ နားနားနေနေ နေထိုင်ရန် ထိုင်ခုံများကို ပြုလုပ်ပေးထား သည်။ ကျောင်းသား ကျောင်းသူများ အေးအေးလူလူထိုင်ရင်း စကားပြောကြသည်။ အချို့ စာကျက်ကြသည်။ ပန်းခြံထဲတွင် စုံတွဲများ ပလူးကြသည်ကို တစ်ခါမျှ မတွေ့စဘူး။

ငါးမိနစ်ခန့်လျှောက်လျှင် main building သို့ရောက်သည်။ ဤနေရာသို့ ရောက်လျှင် main building ၏ တောင်ဘက် သစ်ပင်ကြီးများ အုပ်မိုးထားသော အုတ်တံတိုင်းပေါ် တစ်နေရာ တွင် နားနားနေနေ စာဖတ်ရင်း နေ့ခင်း အချိန်များကို ကုန်လွန်စေခဲ့သည်။ ကုလားကျောင်း သားအချို့ အုတ်တံတိုင်းထက် အိပ်သူအိပ် စာကျက်သူကျက်။ မောင်ကော(သီတဂူစတား) သည်လည်း ဤနေရာသို့လာ၍ စာကျက်တတ်သည်။ တစ်ခါတစ်ခါ သူနှင့်တွေ့၍ စကားလက် ဆုံကျဖြစ်ကြသည်။ အတန်းပြီး ပြန်လာသော မိမိကို သူ့အိပ်ထဲတွင် ထည့်ယူလာသော ဘီစကစ်မုန့်၊ ပုလပ်စတတ်ဘူးထဲ ထည့်ဖျော်လာသော ကော်ဖီအေးများကို တိုက်ကျွေးတတ် သည်။ သူက philosophy ဌာနတွင် ကျောင်းတက်နေသော M.A final ကျောင်းသား ဖြစ်သည်။ ယနေ့ ကျောင်းပိတ်ရက်ဖြစ်၍ထင့် မောင်ကော ပေါ်မလာ။

ထိုင်းရဟန်းတော်
စာဖတ်နေစဉ် ထိုင်းရဟန်းတော် ရောက်လာသည်။ နှုတ်ဆက်စကားဆိုပြီး စကားပြောဖြစ်ကြသည်။ သူသည် မောင်ကော(သီတဂူစတား)နှင့် ဌာနတူ philosophy ကျောင်းသား တစ်ယောက်ပင်။ သို့သော် တက္ကသိုလ်သက်တမ်း ၄-နှစ် ရာသီ Semester-၈ ခု ရှိပြီဖြစ် သော်လည်း ဘာသာရပ် ၂ ခုမျှ သာ အောင်သေးသည်ဟု မောင်ကော ပြောပြ၍ သိရသည်။ အင်္ဂလိပ်စကားပြောကောင်း၏။ သို့သော် စာဘက်တွင် အားနည်းဟန်ရှိ။ ထိုင်းရဟန်းတော် သည် မကြာမီ အတန်းရှိသေးသည်ဟု ပြောပြီး ထွက်သွားသည်။

ကျောင်းသားဆောင်
နေ့ ၃ နာရီလောက်တွင် အဆောင်ဘက်သို့ လျှောက်ခဲ့သည်။ အဆောင်တွင် တရေးတမော နားရဦးမည်။ ပြီးတော့ ဗိုက်ဖြည့်ရဦးမယ်။ အဆောင်တွင် မောင်ကော(သီတဂူစတား) အခန်းသည် မိမိ၏ နားနေခန်း စားသောက်ခန်း။ အဆောင်ရှိ မြန်မာကျောင်းသားများသည် စုပေါင်းချက်ပြုတ်စားကြရာ မောင်ကော(သီတဂူစတား)သည် ဘဏ္ဍာစိုး။ ဆန်ဆီဆား ဟင်း၊ ထမင်းခွက်များသည် မောင်ကော(သီတဂူစတား) အခန်းတွင်းမှာ ရှိသည်။

ညနေခင်း လေညှင်းနှင့်အတူ
မောင်ကော(သီတဂူစတား) အခန်းတွင် စားစရာရှိသည်များကို အနည်းငယ် စားသောက်ပြီး တရေးတမော အိပ်စက်သည်။ စာကြည့်သည်။ မောင်ကော(သီတဂူစတား)နှင့် စာစကား ဆွေးနွေးသည်။ သည်လိုနှင့် ညနေ ချမ်းရောက်လာခဲ့သည်။ ညနေ ၅ ခွဲ၊ ၆း၀၀ လောက်တွင်မှ ပေါရာဏဆန်းဝိ ရပ်ကွက်ရှိ မိမိနေအိမ်သို့ ညနေခင်း လေညှင်းနှင့်အတူ အေးအေးလူလူ လမ်းလျှောက် ပြန်လာခဲ့သည်။

ကောင်းမွန်
(၁၅-၂-၂၀၁၀)


ဟိုင်းကြီးကျွန်း အပိုင်းဆက်များ ဆက်လက်ရှုကြပါရန်



0 comments

Read more...

စိန်စည်ဆရာတော် ပူဇော်ပွဲနှင့် တရားပွဲ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စ၍ ကြွရောက် သီတင်းသုံးလျက်ရှိသော ပြည်တွင်းပြည်ပ မဟာစည်ရိပ်သာများ၏ နာယက၊ အောင်လံမြို့နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဟာစည်သြဝါဒခံ စိန်စည်သာသနာ့ရိပ်သာ၏ ပဓာနနာယက၊ ကမ္မဋ္ဌာနာစရိယ ဓမ္မာစရိယ ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်) စိန်စည်ဆရာတော် ဘဒ္ဒန္တသညောဘာသအား ပူဇော်ပွဲနှင့် တရားပွဲကို ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။
နယူးယောက်မြို့ဝန်းကျင်ရာသီဥတုမှာ သောကြာနေ့ကတည်းက မိုးများရွာသွန်းလျက်ရှိပြီး စနေ၊ တနင်္ဂနွေ နေ့များတိုင်အောင် မိုးသည်း လေထန်မည်ဟု ခန့်မှန်းထားသည့်အတိုင်း မိုးသည်းထန်၍ လေတိုက်နှုန်း ပြင်းသဖြင့် ရာသီဥတု မကောင်းလှပေ။
ကျောင်းနေ သံဃာ သုံးပါးမှာ အခြားဆွမ်းစားတစ်ခုသို့ ကြွရောက်ကြရ၍ ကျောင်း၌ လောကချမ်းသာဆရာတော်နှင့် စိန်စည်ဆရာတော်တို့သာ ရှိ၏။
ပူဇော်ပွဲသို့ လာရောက်ကြသော ဒကာ ဒကာမများ ယူဆောင်လာကြသည့် ဆွမ်းဟင်းများနှင့် အချိုပွဲများမှာ ဆရာတော်နှစ်ပါးအတွက် များစွာ ပိုလျှံနေ၏။







ထိုနေ့ ပူဇော်ပွဲနှင့်တရားပွဲတွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းမှ အတွင်းရေးမှူး ဦးစောဝင်းက စိန်စည်ဆရာတော်အား မေးမြန်းလျှောက်ထားခန်းကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးမည့် အစီအစဉ်တစ်ခုလည်း ပါဝင်၏။
အစီအစဉ်အရ ဆယ်မိနစ်-ဆယ့်ငါးမိနစ်စာ မေးမြန်းလျှောက်ထားခန်းကို နာရီဝက်-လေးဆယ့်ငါးမိနစ်ခန့် (နေ့ခင်း ၁၂း၃၀ နာရီမှ ၁း၀၀ နာရီထိ) အချိန်ယူရန် ခန့်မှန်းထားသော်လည်း မေးမြန်းလျှောက်ထားခန်းမှာ တစ်နာရီခန့် ရှိသွားပြီး ရိုက်ကူးချိန်အပါအဝင် ၂ နာရီခန့် ကြာမြင့်သွား၏။





အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်း၏ စိတ်ဝင်စားဖွယ် အချက်ကျသော မေးခွန်းများကို စိန်စည်ဆရာတော်က ကြားနာရသူတို့ နှစ်ထောင်းအားရ ဝမ်းမြောက်ဖွယ် စိတ်အားတက်ဖွယ် မှတ်သားဖွယ် လိုက်နာဖွယ် ဖြေကြားပေးသွားရာ သာဓုခေါ်ကြရလေသည်။
ဤ မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုမှတ်တမ်းကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ရန် စီစဉ်ထားကြောင်း သိရ၏။
မေးမြန်းလျှောက်ထားခန်းအပြီးတွင် စိန်စည်ဆရာတော်လည်း နာရီဝက်ခန့်မျှသာ အနားယူချိန်ရရှိပြီး မွန်းလွဲ ၃း၀၀ နာရီ၌ လောကချမ်းသာ စနေနေ့တရားပွဲကို ဆက်လက် ဟောကြားရ၏။




ဤ တရားပွဲကိုလည်း ဗွီဒီယိုဖြင့် မှတ်တမ်းတင်ထားရာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာမှ ထုတ်လွှင့်သွားရန်နှင့် မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုနှင့် ပူးတွဲကာ ဒီဗွီဒီချပ်များ ထုတ်လုပ်ရန် တိုက်တွန်းထားကြ၏။
တရားပွဲပြီးသောအခါ တရားနာပရိသတ်များမှာ ဝိပဿနာတရားကို လက်တွေ့ရှုမှတ်လိုကြသူများဖြစ်ရာ ဆယ့်ငါးမိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြရ၏။




လက်တွေ့ တရားရှုမှတ်ပြီးကြ၍ တရားပွဲပြီးသောအခါ လောကချမ်းသာဆရာတော်၊ စိန်စည်ဆရာတော်တို့နှင့် တရားနာပရိတ်သတ်များ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြ၏။





ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိတွင်မူ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြားပို့ချပေးနေသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ (၂၃)ပတ်မြောက် အဘိဓမ္မာသင်ခန်းစာကို ဆရာတော် (အရှင်သီလာနန္ဒာဘိဝံသ)၏ အသံသွင်းသင်တန်းခွေ ဖွင့်ကာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ သင်ယူကြ၏။
သင်တန်းပြီးသောအခါ သင်တန်းသူ သင်တန်းသားများ၏ တောင်းဆိုချက်အတိုင်း စိန်စည်ဆရာတော်မှာ တစ်နေ့ခင်းလုံး ဖြေကြား ဟောကြားထားရမှုများကြောင့် ကောင်းစွာ အပန်းဖြေချိန် မရသေးသော်လည်း သင်တန်းသူ သင်တန်းသားများ၏ အဘိဓမ္မာတရားတော်ကို လေ့လာ သင်ယူလိုမှု၊ မရှင်းလင်းသော အချက်များကို သိနားလည်လိုမှု ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ညနေ ၆း၀၀ နာရီမှ ၇း၀၀ နာရီတိုင်အောင် ရှင်းလင်း သင်ကြားပေး၍ သိလိုမှု မေးခွန်းများကို စိတ်ဝင်စားဖွယ် နားလည် သဘောပေါက်အောင် ရှင်းလင်း ဖြေဆိုပေးသွား၏။




စိန်စည်ဆရာတော်မှာ ၂၀၁၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ စင်ကာပူနိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်မည်ဖြစ်ရာ စိန်စည်ဆရာတော် ကျန်းမာ ချမ်းသာစွာဖြင့် သာသနာ့အကျိုး ဆက်လက် သည်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သကြလေသည်။
0 comments

Read more...

သင်္ကန်းဘယ်ဘက်တင်တာ ဘာ့ကြောင့်လဲ

အမေး။ ။အရှင်ဘုရား…သံဃာတော်များ သင်္ဃန်းကို ဘာကြောင် ဘယ်ဘက်သို့ ရုံကြတာလဲဘု၇ား။ ညာဘက်ရုံရင်ရော ဘာဖြစ်နိုင်ပါသလဲ။ နောက်တစ်ခုက အလှူပြုခြင်းအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ(သို့မဟုတ်) ပစ္စည်းလှူလိုက်ပါတယ်။ အလှူခံတဲ့သူက ထိုပစ္စည်းကို တစ်ခြားသူတစ်ယောက်ကို ပေးလှူလိုက်ပါတယ်။ ဒါဆိုရင် တပည့်တော်မှ ကုသိုလ်နှစ်ခါရနိုင်ပါသလားဘုရား။
တာလေးရှိလို့ပါ။သံဃာတော်များသင်္ဃန်းကိုဘာကြောင့်ဘယ်ဘက်သို့ရုံကြတာလဲဘုရား။ညာဘက်၇ုံရင်ရောာဘာဖြစ်နိုင်ပါသလဲဘုရား။
နောက်တခုက အလှူပြုခြင်းအကြောင်းပါ။တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ သို့မဟုတ် ပစ္စည်း လှူလိုက်ပြီး ထိုသူက တခြားသူတစ်ဦးဦး အားလှူလိုက်ရင် တပည်တော်မှာ ကုသိုလ်နှစ်ခါရနှိင်ပါသလား။
white devil (နေရပ်မရှိ)

အဖြေ။ ။သင်္ကန်းကို ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ရမ်းကြတာနဲ့ပတ်သက်ပြီး စာပေမှာ ရှာကြည့်တဲ့အခါ (ပဌမံ ကေသမဿုံ သြဟာရာပေတွာ ကာသာယာနိ ၀တ္ထာနိ အစ္ဆာဒါပေတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကာရာပေတွာ )လို့ မဟာဝါပါဠိတော်၊ မဟာခန္ဓက၊ ပဗ္ဗဇ္ဇူပသမ္ပဒါကထာ မှာ မိန့်တော်မူ ထားတာတွေ့ရပါတယ်။ ထိုပါဠိထဲက ‘ဧကံသံ ဥတ္တရာသင်္ဂံ’ ကိုကြည့်ရမှာဖြစ်တယ်။ ဒီစကားလုံးဟာ အခြားနေရာတွေမှာလဲ တွေ့ရပါတယ်။ အဓိပ္ပါယ်က ရှင်ပြုတဲ့အခါ ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်ပြီး ဖန်ရည်စွန်းတဲ့သင်္ကန်းကို ဖုံးလွမ်းကာ အပေါ်ရုံသင်္ကန်းကို ပုခုံးတစ်ဖက်မှာ တင်ရမယ် လို့ လာပါတယ်။
ဘယ်ဘက်ပုခုံးမှာတင်ပါလို့တော့ အထူးဝိသေသမပါပါဘူး။ ဒါပေမဲ့ ခေတ်အဆင့်ဆင့်က ဒီလိုပဲ ဘယ်ဘက်ကို တင်လာကြပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာရှိကြတဲ့လူများဟာ အများအားဖြင့် ညာဘက်လက်က သန်တာ များကြပြီး၊ လက်နဲ့ပြုလုပ်တဲ့အခါ အများအားဖြင့် ညာဖက်က ပြုလုပ်ကြတာများကြပါတယ်။ ဒါကြောင့်လဲ သင်္ကန်းရမ်းတဲ့အခါ ညာဖက်လက်ကသင်္ကန်းအစကိုင်ပြီး ဘယ်ဘက်ပုခုံး ပေါ်တင်ကြတာ သဘာဝဖြစ်နေပါတော့တယ်။ ပါဠိတော်ကတော့ ဘာ့ကြောင့် ဘယ်ဘက်ပုခုံးတင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ အထူးမရှိပါဘူး။
တကယ်လို့ ပညာရှင်များ အဋ္ဌကထာတွေမှာ ရှာတွေ့တယ်ဆိုရင် ထပ်မံဖေါ်ပြပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အလှူနဲ့ပတ်သက်ပြီး ကိုယ်လှူလိုက်တဲ့ဒါနအပေါ်မှာ အလှူခံသူက တစ်ခြားတစ်ယောက်ကို ပေးလှူလိုက်တယ်။ဒီလိုပေးလှူလိုက်တဲ့ အကြောင်းကိုလဲ ပထမအလှူရှင်ကသိသွားလို့ ကျေနပ်ဝမ်းမြောက်မှုဖြစ်ရင်တော့ ကုသိုလ်ထပ်ရတယ်။ ဒါပေမဲ့ “ငါကသူ့ကိုသုံးစေချင်လို့ လှူတာ သူကတစ်ခြားသူကို ပေးလိုက်ရကောင်းလား” ဆိုပြီး စိတ်ဆိုးနေမယ်ဆိုရင်တော့ ကုသိုလ်မရနိုင်ပါဘူး။
အမှန်က လှူလိုက်တဲ့ပစ္စည်းကို ရရှိတဲ့သူက အခြားသူအားပေးတာဖြစ်စေ၊မပေးတာဖြစ်စေ အဓိကမဟုတ်ပါဘူး။ ကိုယ်ပြုလိုက် တဲ့ကုသိုလ်အပေါ်မှာပဲ ထပ်ခါတလဲလဲ တွေးပြီး ကြည်နူးဝမ်းမြောက်နေမယ်ဆိုရင် ၀မ်းမြောက်မှုဖြစ်သလောက် ကုသိုလ်ရနေမယ်ဆိုတာပါပဲ၊ အကြိမ်ကြိမ်တွေးရင် အကြိမ်ကြိမ် ကုသိုလ်ရနေမယ်။ ဒါဆိုရင် သဘောရှင်းလောက်ပါပြီ။


Read more...

*မုန်းလို့တော့ မဟုတ်ဘူး(၂) - ဆရာတော်ဦးသုမင်္ဂလ*

မုန်းလို့တော့ မဟုတ်ဘူး ဆိုတော့ ချစ်လို့ပေါ့။ ဤအဖြေကား မှန်သလိုလို ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် ချစ်ကား ချစ်၏၊ ချစ်နည်း မမှန်ဟု ပြောရပေမည်။ ချစ်တတ်သူများ ဖြစ်သွားအောင် တရား သိလိုသော စိတ်ဖြင့် နာယူကြပါဟု မေတ္တာရပ်ခံ လိုပါသည်။



လေးစားစွာဖြင့်
ဖိုးသား

14.03.2010, SUN:, 11:46:41 PM

Read more...

ရတုန်း လှူထားလိုက်... ရုပ်သံ




ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

ရတုန်း လှူထားလိုက်...







တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ


Read more...

မဟာသုညတသုတ်...


မဟာသုညတသုတ်

  • ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊
  • မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊
  • ထိုချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ခြင်းသည်
  • သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါး ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ ချစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ဆရာသည် ''ဤအကျင့်သည် သင်တို့အား အကျိုးစီးပွါး အလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်း အလို့ငှါ ဖြစ်၏'' ဟု တပည့်တို့အား အစဉ် သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ် သနားခြင်းကို အစွဲပြု၍ တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ မနာကြားကုန်၊ နားမထောင်ကုန်၊ သိခြင်းငှါ စိတ်ကို မထားကုန်၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ ကျင့်ကုန်၏။

အာနန္ဒာ ဤသို့လျှင်
တပည့်တို့သည် ဆရာကို မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊
ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။

အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို ချစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန် သနည်း။ အာနန္ဒာ ဆရာသည် ''ဤအကျင့်သည် သင်တို့အား အကျိုးစီးပွါး အလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်း အလို့ငှါ ဖြစ်၏'' ဟု တပည့်တို့အား အစဉ် သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ် သနားခြင်းကို အစွဲပြု၍ တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ နာကြားကုန်၏၊ နားထောင်ကုန်၏၊ သိခြင်းငှါ စိတ်ကို ထားကုန်၏၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ မကျင့်ကုန်။

အာနန္ဒာ ဤသို့လျှင်
ဆရာကို တပည့်တို့သည် ချစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊
မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။

အာနန္ဒာ ထို့ကြောင့် ငါ့ကို ချစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ ထိုမုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

အာနန္ဒာ အိုးထိန်းသည်သည် ခြောက်သွေ့သော အိုးစိမ်းခွက်၊ သို့မဟုတ် မခြောက်တခြောက် အိုးစိမ်းခွက်၌ ကြောင့်ကြ စိုက်သကဲ့သို့ ငါသည် သင်တို့၌ ကြောင့်ကြမစိုက်။

အာနန္ဒာ ငါသည် သင်တို့အား နှိပ်၍ နှိပ်၍ ဟောပြော ဆုံးမအံ့၊

အာနန္ဒာ ငါသည် သင်တို့အား သင်တို့၏ အပြစ်ကို ဖေါ်ထုတ်၍ ဖေါ်ထုတ်၍ ဟောပြော ဆုံးမအံ့၊

ဤသို့ ဟောပြော ဆုံးမအပ်သော် မဂ်ဖိုလ် ဟူသော အနှစ်အသားသည် တည်လတ္တံ့ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ 196


၂ - မဟာသုညတသုတ် - မှ၊ သုညတ၀ဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။
မဟာသုညတသုတ် အစအဆုံး...
ဖိုင်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဆရာ့စကား

မင်းတို့တစ်စု ၊ ငါ့အပြုကြောင့်
စိတ်ခုနေခဲ့ ကြပါလျှင် ။
မင်းတို့အကြား ၊ ငါ့စကားကြောင့်
ထွေပြားနေခဲ့ ကြပါလျှင် ။
ကာလ,ဒေသ ၊ ပုဂ္ဂလဟု
ချိန်ဆထိုက်စွာ ၊ သုံးထိုက်ရာသည့်
ဝါစာ,ကာယ ၊ ဥပါယဉာဏ်
စီမံစွဲသုံး ၊ သူမြတ်ထုံးကို
ထိုထိုဆရာ ၊ သုံးတတ်စွာဟု
ဝမ်းသာဝမ်းမြောက် ၊ ကောင်းကျိုးရောက်၍
ဉာဏ်ထောက်ဆင်ခြင် ၊ နောင်ခါမြင်သော်
အရှင်ဆရာ ၊ ကျေးဇူးပါဟု
ကွယ်ရာမပြောကြလေနှင့် ။ ။
တပည့်များအပေါ် အမုန်းခံ၍ချစ်သော
ဆရာမြတ်များကို ဤကဗျာငယ်ဖြင့် ဂုဏ်ပြု
ပူဇော်ပါ၏ ။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP