* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, March 13, 2010

တန်ခူးလွန်မယ့် သင်္ကြန်


အတာတန်ခူးက
သူ့လမှာ ဒီနှစ်သင်္ကြန်မဲ့သွားလို့
နှစ်ကုန်အောင်အလွမ်းသည်(သယ်)လိမ့်မယ်တဲ့။

ပန်းပိတောက်က
မိုးမမိဘဲနဲ့တော့
ဟန်ဆောင်အပြုံးနဲ့
နှာမစေးတတ်ဘူးတဲ့။
မင်းလက်သီးပြင်းပြင်းတွေ
ငါ့ပါးလျှလျှကို မထိမချင်း
ရွှေအိုရောင်တွေနဲ့
“အား” လို့ ငါမအော်ချင်ဘူး။

(ဆန္ဒစောသူတို့ရဲ့)
ရှိသမျှရေတွေ
ရေလောင်းပြီး ပွင့်စေချင်တာ
အားနာပေမယ့်
သေတောင် မပွင့်ပေးဘူး။
မိုးမျှော်တာ ရေမျှော်တာမဟုတ်
ငါ့သိက္ခာ ငါ့မူကိုတော့
ဆုပ်ထားတဲ့လက်သီးအတိုင်း
နေဝင်သွားလည်း နောင်တမရဘူး။

သစ္စာမဲ့သူလို့ ထင်ချင်လည်းထင်ကြ
ပန်းမပွင့်လည်း
နာမည်ပျောက်မသွားဘူး။

လလွန်သွားပေမယ့်
မိုးမိတဲ့နေ့
သင်္ကြန်အမီတော့ နှာစေးပါ့ရစေ။

Read more...

မသေပါနဲ့ဦး...(၁)




ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

မသေပါနဲ့ဦး...(၁)







တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

ဓမ္မဂင်္ဂါအိုင်ဒိုးလ်

ငါ့မျက်နှာကို
ငါတည့်တည့်ကြည့်

ဆိုင်မွန်ကိုဝဲလ်နဲ့တူလာသတဲ့လား
ငါ့ကိုယ်ငါတော့
ဖွဖွလေး

ပြီးတော့
လေ ပိုတိုက်ဖို့လိုတယ်
ဂါဒီနဲ့ အဲလင်ကိုပါဆွဲခေါ်လာခဲ့..
ပြောရိုးပြောစဉ်ဂျက်ခ်ဆင်လို ငတိကြီးတွေလည်း
လိုအပ်ချက်ပဲ

ဟုတ်ပြီ
အဆင်သင့်ဖြစ်ရင်
ဆောရီးတွေ တပွေ့တပိုက်နဲ့
လက်ခုပ်သံတွေပေါ်
ငါ
ရဲရဲပဲ ချော်ကျပစ်လိုက်တယ်။
ဓမ္မဂင်္ဂါ(၁၃-၃-၂၀၁၀)

မှတ်စု-ဆိုင်မွန် ကိုဝဲလ် (Simon Cowell) အမေရိကန်အိုင်ဒိုလ် (American Idol)၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒိုင်လူကြီး။ အယ်လင် (Ellen DeGeneres.)ဂါဒီ( Kara DioGuardi) ဂျက်ခ်ဆင်(Randy Jackson)

Read more...

အခုမှ ရောက်တဲ့ ငါ။

ဒီကဗျာဟာ အသစ်မဟုတ်ဘူး
ဇာတ်ကွက်ကလည်း အဆန်းမဟုတ်ဘူး
လောကမှာ အသစ်အဆန်းဆိုတာ ဘာမှ မရှိဘူးလေ...။

ဟဲ ဟဲ ကိုယ်ကတော့ လူသစ်လေးပေါ့...၊
ကိုယ်နဲ့အတူ လောကကြီးလည်း
အတွေ့အကြုံအသစ်တွေတိုးပွားနေလေရဲ့....၊
အဖြစ်အပျက်တွေ ဘယ်လောက်ဟောင်းဟောင်း
ကိုယ်က အခုမှ သိရတာ.....။

[၃.၂၀၁၀-ထုတ် ဟတ်စ်မဂ္ဂဇင်းမှ ပူဇာခိတ်လန် ၏ မယ် နယီး ဟူန် ကို ပြန်ဆိုပါသည်။]

ကိုနော
(၁၃.၃.၂၀၁၀)


Read more...

ကွန်ရက်ထဲမှ ပင့်ကူသေတစ်ကောင်...



Read more...

ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်...

အနုမာနသုတ်

ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်...

''အလိုဆိုး ရှိသော အလိုဆိုးတို့၏ အလိုသို့ လိုက်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း အလိုဆိုး ရှိငြားအံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် အလိုဆိုး ရှိသူ မဖြစ်အံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''မိမိကိုယ်ကို မြှင့်တင် တတ်သော သူတစ်ပါးကို ရှုတ်ချ တတ်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း မိမိကိုယ်ကို မြှင့်တင်ငြားအံ့၊ သူတစ်ပါးကို ရှုတ်ချ ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မိမိကိုယ်ကို မြှင့်တင် တတ်သူ မဖြစ်အံ့၊ သူတစ်ပါးကို ရှုတ်ချ တတ်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''အမျက် ထွက်တတ်သော အမျက် အလွှမ်းမိုးခံရသော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း အမျက်ထွက် ငြားအံ့၊ အမျက် အလွှမ်းမိုး ခံရငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက် အလွှမ်းမိုး ခံရသူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''အမျက် ထွက်တတ်သော အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့တတ်သော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း အမျက်ထွက် ငြားအံ့၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် ''ငါသည် အမျက် ထွက်သူ မဖြစ်အံ့၊ အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုးဖွဲသူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''အမျက် ထွက်တတ်သော အမျက် ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီးသော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း အမျက်ထွက် ငြားအံ့၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီး ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသောရဟန်းသည် ''ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီးသူ မဖြစ်အံ့'' ဟု ဤသို့ စိတ်ကို ဖြစ်စေရမည်။

''အမျက် ထွက်တတ်သော အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုတတ်သော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း အမျက်ထွက် ငြားအံ့၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် အမျက် ထွက်သူ မဖြစ်အံ့၊ အမျက်နှင့် နီးစပ်သော စကားကို မမြွက်ဆိုအံ့'' ဟု ဤသို့ စိတ်ကို ဖြစ်စေရမည်။

''စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် မပြုအံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းသော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် စောဒကက စောဒနာသော် စောဒကကို မကြိမ်းမောင်းအံ့'' ဟု ဤသို့ စိတ်ကို ဖြစ်စေရမည်။

''စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်တင်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်တင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်မတင်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''စောဒကက စောဒနာသော် စကား တစ်မျိုးဖြင့် စကား တစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်သော၊ အမျက် ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား ပြုတတ်သော ဤပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် စကား တစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်း ငြားအံ့၊ စကားကို အပသို့ လွှဲဖယ် ငြားအံ့၊ အမျက် ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား ပြုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။

ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် စောဒကက စောဒနာသော် စကား တစ်မျိုးဖြင့် စကားတစ်မျိုးကို မဖုံးလွှမ်းအံ့၊ စကားကို အပသို့ မလွှဲဖယ်အံ့၊ အမျက် ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား မပြုအံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိတို့ကို ပြေလည်အောင် မဖြေဆို နိုင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ်ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုအံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''ဂုဏ်ကျေးဇူးကို ချေဖျက် တတ်သော ဂုဏ်ပြိုင် တတ်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း ဂုဏ်ကျေးဇူးကို ချေဖျက် ငြားအံ့၊ ဂုဏ်ပြိုင် ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် ဂုဏ်ကျေးဇူးကို ချေဖျက်သူ မဖြစ်အံ့၊ ဂုဏ်ပြိုင်သူ မဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''မနာလို တတ်သော ဝန်တို တတ်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း မနာလို ငြားအံ့၊ ဝန်တို ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် နာလိုသူ ဖြစ်အံ့၊ ဝန်မတိုသူ ဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''စဉ်းလဲ တတ်သော လှည့်ပတ် တတ်သော ပုဂ္ဂိုလ်ကို ငါမချစ် မနှစ်သက်၊ ငါလည်း စဉ်းလဲငြားအံ့၊ လှည့်ပတ် ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မစဉ်းလဲသူ ဖြစ်အံ့၊ မလှည့်ပတ်သူ ဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''ခက်ထန်သော အလွန် မောက်မာသော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း ခက်ထန်ငြားအံ့၊ အလွန် မောက်မာ ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ်ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မခက်ထန်သူ ဖြစ်အံ့၊ အလွန် မမောက်မာသူ ဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။

''မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ် နိုင်သော ပုဂ္ဂိုလ်ကို ငါ မချစ် မနှစ်သက်၊ ငါလည်း မိမိအယူကို စွဲလမ်း ငြားအံ့၊ မြဲမြံစွာ ယူငြားအံ့၊ မစွန့်လွှတ် နိုင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည် မဟုတ်'' ဟု နှိုင်းယှဉ် ရမည်။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် ''ငါသည် မိမိအယူကို မစွဲလမ်းသူ မြဲမြံစွာ မယူသူ စွန့်လွှတ်နိုင်သူ ဖြစ်အံ့'' ဟု စိတ်ကို ဖြစ်စေရမည်။ 183


၅ - အနုမာနသုတ် - မှ၊ သီဟနာဒ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဘယ်သူ.... လူဆိုးလဲ။

12 Mar, 2010 | Written by Mg Ogga | under Story

လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘ၀ကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဥာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။

ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။

တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး ရောက်လာပါတယ်။ ဒီအခါ အလုပ်သမားက သူ့ဘ၀ဆင်းရဲ နုံချာပုံတွေ၊ အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ရပေမဲ့ မ၀ရေစာ စားရပြီး သူဌေးက ဖိနိုပ်ပုံတေါကို ဒီပညာရှိကိုပြောပြလေ၏။ ပညာရှိကြီးက အလုပ်သမားသူဆင်းရဲ ရဲ့ စကားတွေ နားထောင်ပေးတယ် နောက်ပြီး `တစ်နေ့တော့ အခြေအနေ ကောင်းလာမှာပေါ့ကွာ´ လို့ပြောပြီး ထွက်သွားလေတယ်။

နောက်တစ်နေ့ အစေခံအလုပ်သမားရဲ့အိမ်ကို လူမိုက်တစ်ယောက် လာလည်လေတယ်။ ဒီအလုပ်သမား သူ့ဘ၀ဆင်းရဲ နုံချာပုံတွေ၊ အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ရပေမဲ့ မ၀ရေစာ စားရပြီး သူဌေးက ဖိနိုပ်ပုံတွေကို ကိုပြောပြတယ်။ `၀တ်တော့လည်း မြင်တဲ့အတိုင်းပဲ အစုပ်စုပ်အပြတ်ပြတ် နေတော့လည်း ကြည့်လေ ၁၀ပေပတ်လည် တဲထဲမှာ ကျပ်ကျပ်တည်းတည်းနေရတာ ၀င်ပေါက်တံခါးကလည်း ကျဉ်းကျဉ်းလေး´

လူမိုက်က `ဟုတ်လား ခင်ဗျားရဲ့ သူဌေးက အတော်လူမဆန်တာပဲ ဒီအတိုင်း ငုံမခံနဲ့လေ တုံပြန်ရမယ်´ (ထိုအချိန်က ILO မပေါ်သေးဟုမှတ် ဤကားစကားချပ်)

သူဆင်းရဲက ဆက်ပြောသည် `ပြတင်းပေါက်ဆိုလည်း တစ်ပေါက်မှမရှိ အိမ်ထဲမှာမှောင်ပြီး မွန်းကျပ်လွန်းတယ် ဘ၀ကြီးကိုက ဆိုးပါတယ်ဗျာတဲ့´

ဒီအခါ လူမိုက်က အနားမှာ တွေ့တဲ့ တူရွှင်းတစ်ချောင်းကိုကိုင်ပြီး `ဒါကတော့ မခက်ပါဘူးဗျာ´ဆိုပြီး ရွှံနံရံတစ်နေရာကို တူရွှင်းနဲ့ တူးဆွ ဖောက်လေတော့သည်။ ဒါပေမယ့် ပြတင်းပေါက်လေးပေါက် ဖောက်မပြီးခင် အစေခံအလုပ်သမားက `လာကြပါအုံးဗျို့ လူတစ်ယောက် သူဌေးမင်းက ကျွန်တော်ကို နေခွင့်ပေးထားတဲ့ အိမ်ကိုဖျက်ပစ်နေပါတယ်´ လို့ အော်ဟစ်အကူအညီတောင်းလေသည်။

ဒီအခါမှာ သူဌေးတပည့်တွေ ရောက်လာပြီး လူမိုက်ကို ၀ိုင်းဝန်းထိုးကြိတ် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ဒီနောက်သူဌေးကြီးကိုယ်တိုင် ရောက်လာပြီး ဆင်းရဲသားအစေခံလေးက သူဆီလူမိုက်တစ်ယောက် ရောက်လာပြီး သူ့အိမ်ကို ပျက်စီးလို့ သူဌေးတအည့်တွေကို အကူအညီတောင်းရခြင်းဖြစ်ပါ ဟု သံတော်ဦးတင် အစီရင်ခံလေသည်။

ထိုအချိန်မှာ သူဌေးကြီး နှုတ်ခမ်းလေးတွန့်ရုံပြုံး၍ အစေခံ ဆင်ရဲသားကို `မင်းတော်တယ်လို့´ ပြောလေသည်။

နောက်တစ်နေ့ မနက်မှာ ပညာရှိဆိုသူဟာ သူဆင်းရဲ ရဲ့ အိမ်ရှေ့ ရောက်လာပါတယ်။ ဒီအခါမှာ သူဆင်းရဲ က `ခင်ဗျားက ပညာရှိကြီးကို ပညာရှိပီသပါတယ်ဗျာ ခင်ဗျားပြောတဲ့အတိုင်း အခြေအနေ ကောင်းလာ မယ်ဆိုတာလေ အဲဒါ ဟုတ်တယ်သိလား မနေ့က သူဌေးက ကျွန်တော်ကို မင်းတော်တယ်လို့ ချီးမွမ်းသွားတယ်ဗျ´။

လူမိုက် ခမျာတော့ အင်း………………….

p.s: ကျွန်တော်နှင့် အတူ မိုက်ဖော်မိုက်ဖက်များအတွက် ဂုဏ်ပြုရေးသားပါသည်။



Read more...

အသက်ရှင်စဉ် စိတ်ဖြစ်ပုံ (၂)

တဒါရုံစိတ်

ဝီထိစိတ်တစ်ခုထဲမှာ ဇောစိတ်တွေ ဖြစ်ပြီးတဲ့နောက် တဒါရုံစိတ် (၂)ကြိမ် ဖြစ်တယ်။
ဇောစိတ်ရဲ့အဆုံးမှာ ဘဝင်စိတ် ဖြစ်ထိုက်ပေမယ့် မဖြစ်သေးဘဲ တဒါရုံစိတ် ဆက်ဖြစ်တယ်။
ဥပမာ - လှေသင်္ဘောတွေ ရေဆန်ကို မောင်းတဲ့အခါ အောက်အကြေကို စီးနေတဲ့ ရေအယဉ်ဟာ လှေသင်္ဘောတွေရဲ့ နောက်ကို အချိန်အနည်းငယ် ဆန်တက်ပြီး လိုက်ပါသွားသလို ဇောစိတ်ရဲ့အဆုံးမှာ ဘဝင်စိတ် မဖြစ်သေးဘဲ တဒါရုံစိတ် (၂)ကြိမ် ဖြစ်တယ်။
နှစ်ခုမြောက် တဒါရုံစိတ် ချုပ်ပျောက်တဲ့အခါ ဝီထိစိတ်အစဉ်တစ်ခုဟာ ပြီးဆုံးသွားတယ်။
အဲဒီနောက်တော့ ဘဝင်စိတ်အစဉ် ဆက်ပြီး ဖြစ်တယ်။

ဇောစိတ်က ယူပြီးဖြစ်တဲ့ အာရုံကို ထပ်မံပြီး ယူတဲ့စိတ်ကို “တဒါရုံစိတ်”လို့ ခေါ်တယ်။
မဟာဝိပါက်စိတ် (၈)ခုနဲ့ သန္တီရဏစိတ် (၃)ခု တို့က တဒါရုံရဲ့ လုပ်ငန်းကိစ္စကို ဆောင်ရွက်တယ်။

ကာမဘုံမှာ ဖြစ်တဲ့ သတ္တဝါတွေမှာ အတိမဟန္တာရုံဝီထိစိတ်နဲ့ ဝိဘူတာရုံဝီထိစိတ်တွေ ဖြစ်တဲ့အခါ ကာမဇောရဲ့ အဆုံးမှာသာ တဒါရုံစိတ် ဖြစ်နိုင်တယ်။

ရဟန္တာမှာ တဒါရုံစိတ် ဖြစ်,မဖြစ်

ရဟန္တာရဲ့ ကြိယာဇောစိတ်နောက်မှာ တဒါရုံစိတ်ဖြစ်တယ်ဆိုတဲ့ အယူအဆကို မူလဋီကာဆရာက သဘောမကျဘူး။
ဥပမာ - အရှိန်နဲ့ ဆန်တက်တဲ့ လှေရဲ့နောက်မှာ ရေအယဉ်အနည်းငယ် ဆန်တက်လိုက်ပါသလို ကုသိုလ်ဇော အကုသိုလ်ဇောစိတ်တွေရဲ့ အရှိန်အဟုန်နောက် တဒါရုံစိတ် လိုက်ဖြစ်တာဟာ သဘာဝကျတယ်။ ဒါပေမယ့် ငြိမ်ငြိမ်သက်သက် မျောနေတဲ့ ဖက်ရွက်ရဲ့နောက် ရေအယဉ် မလိုက်ပါသလို အလွန်ငြိမ်သက်မှုသဘောရှိတဲ့ ကြိယာဇောတွေရဲ့နောက်မှာ တဒါရုံစိတ် လိုက်ပြီး ဖြစ်တယ်ဆိုတာ သဘာဝမကျဘူးလို့ ယူဆတယ်။
ပဋ္ဌာန်းဒေသနာမှာ ကုသိုလ်ဇော အကုသိုလ်ဇောတွေရဲ့နောက်မှာ တဒါရုံစိတ်ကို ဟောပြီး ကြိယာဇောရဲ့နောက် တဒါရုံမဟောတာကို သာဓကအနေနဲ့ ထောက်ပြတယ်။

ဝီထိစိတ်ဖြစ်ပုံ ဥပမာ

ဝီထိစိတ်ဖြစ်ပုံကို အလွယ်တကူ နားလည်သဘောပေါက်အောင် သရက်ပင်အောက်မှာ အိပ်ပျော်နေသူရဲ့ သရက်သီး ကြွေကျတဲ့အခါ အဲဒီအိပ်ပျော်နေသူရဲ့ လှုပ်ရှားပုံတွေကို ဒီလို နှိုင်းယှဉ်ပြထားတယ်။

၁။ ဝီထိစိတ် မဖြစ်မီ ဘဝင်စိတ်ဖြစ်နေနှင့်တာဟာ လူတစ်ယောက် သရက်ပင်အောက်မှာ ခေါင်းကို ခြုံပြီး အိပ်ပျော်နေတာနဲ့ တူတယ်။
၂။ မျက်စိအကြည်ဓာတ် (ပသာဒ)မှာ အာရုံထိခိုက်လာတာဟာ သရက်သီး ကြွေကျတာနဲ့ တူတယ်။
၃။ သရက်သီးကြွေကျသံကြောင့် မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်တာဟာ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒတို့ရဲ့ လုပ်ငန်းနဲ့ တူတယ်။
၎။ ဘဝင်စိတ်အစဉ် ပြတ်ပြီး အာဝဇ္ဇန်းစိတ် ဖြစ်ပေးလာတာဟာ သရက်သီးကြွေကျတဲ့အသံကြောင့် အိပ်ပျော်နေရာက နိုးတာနဲ့ တူတယ်။
၅။ မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ဖြစ်ပြီး ရုပ်အဆင်းကို မြင်တာဟာ ခေါင်းမြီးခြုံကို ဖွင့်ပြီးကြည့်တာနဲ့ တူတယ်။
၆။ ရုပ်အဆင်းအာရုံကို လက်ခံသလို (သမ္ပဋိစ္ဆိုင်းစိတ်)ဖြစ်တာဟာ သရက်သီးကို လှမ်းယူတာနဲ့ တူတယ်။
၇။ ခံယူပြီးတဲ့အာရုံကို ကောင်းသလား, မကောင်းဘူးလားလို့ စုံစမ်းမှု (သန္တီရဏစိတ်)ပြုတာဟာ သရက်သီး မှည့်,မမှည့် သိဖို့ လက်နဲ့ စမ်းသပ်ကြည့်တာနဲ့ တူတယ်။
၈။ ကောင်းတယ်, မကောင်းဘူးလို့ ဆုံးဖြတ်တာ (ဝုဋ္ဌောစိတ်)ဟာ သရက်သီး မှည့်တယ်, မမှည့်ဘူးလို့ သိတာနဲ့ တူတယ်။
၉။ မြင်ရတဲ့အဆင်းအာရုံကို ခံစားခြင်း (ဇောစိတ်)ဟာ သရက်သီးကို အရသာခံပြီး ဝါးစားနေတာနဲ့ တူတယ်။
၁၀။ ဇောစိတ်က ခံစားပြီးတဲ့ အာရုံကို ထပ်ခံစားနေတာ (တဒါရုံ)ဟာ ဝါးပြီးတာကို မျိုချတာ, အရသာစွဲကျန်နေတာတွေနဲ့ တူတယ်။
၁၁။ တဒါရုံစိတ်ရဲ့နောက်မှာ ဘဝင်စိတ်ဆက်ဖြစ်တာဟာ ပြန်အိပ်ပျော်တာနဲ့ တူတယ်။

မျက်စိစသည်တွင် အာရုံထင်လာခြင်း

ဝီထိစိတ်ရဲ့အာရုံဖြစ်လောက်အောင်, ငြိမ်သက်နေတဲ့ ဘဝင်စိတ်ကို လှုပ်ရှားစေနိုင်လောက်အောင် သက်ဆိုင်ရာ ဒွါရနဲ့ သက်ဆိုင်ရာ အာရုံတို့ စပ်မိ ဟပ်မိ ဓာတ်ထိခိုက်မိတာကို အာရုံထင်ခြင်းသို့ ရောက်တယ်လို့ ဆိုလိုတယ်။

အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ဆိုတဲ့ အာရုံငါးပါးတို့ မျက်စိ, နား, နှာ, လျှာ, ကိုယ်တွေမှာ ထင်လာဖို့ အာရုံနဲ့ ဒွါရတို့ ရှိနေရုံနဲ့ မထင်နိုင်ပါဘူး။
ရုပ်အဆင်းကို မြင်ဖို့ အလင်းရောင်လိုတယ်။ အသံကို ကြားဖို့ အပေါက်အကြား လိုတယ်။ အနံ့ရဖို့ လေအထောက်အပံ့ လိုတယ်။ အရသာဓာတ်ရဖို့ အရည်အထောက်အပံ့ လိုတယ်။ အတွေ့အထိကို သိရှိခံစားနိုင်ဖို့ ပထဝီဆိုတဲ့ အမာဓာတ် လိုတယ်။

ဆင်ခြင်တယ်, နှလုံးသွင်းတယ်, အာရုံပြုတယ်လို့ ပြောရတဲ့ (အာဝဇ္ဇန်းစိတ်)ကတော့ အာရုံယူပြီးမှ ဖြစ်ရတဲ့ မြင်သိစိတ်, ကြားသိစိတ်, နံသိစိတ်, အရသာခံစိတ်, ထိသိစိတ်တွေ (ဝိညာဉ်ငါးပါး) ဖြစ်ခြင်းရဲ့ အကြောင်းအရာတွေမှာ ပါဝင်တယ်။

ရုပ်အဆင်း စတဲ့ အာရုံငါးပါးတို့ မျက်စိ, နား စတဲ့ ဒွါရတွေမှာ ထင်လာတဲ့အခါ အဆင်းနဲ့မျက်စိ ထိခိုက်လျှင် ထိခိုက်ချင်း ရုပ်အဆင်းကို မျက်စိထဲမှာ မမြင်နိုင်သေးဘူး။
ရုပ်ရဲ့သဘောဟာ ဥပါဒ်, ဌီ, ဘင် (ဖြစ်, တည်, ပျက်)ဆိုတဲ့ ဖြစ်စဉ်ထဲက တည်ဆဲအခိုက်အတန့်မှာသာ အားအကောင်းဆုံး ဖြစ်တယ်။ ဒါ့ကြောင့် အားအကောင်းဆုံးဖြစ်တဲ့ ရုပ်အဆင်းဟာ အကြည်လင်ဆုံးဖြစ်တဲ့ မျက်စိမှာ ထင်တဲ့အခါမှာပင် အနည်းဆုံး စိတ္တက္ခဏတစ်ချက် လွန်အပြီး တည်ဆဲ (ဌီ) အခိုက်အတန့်ရောက်မှ ထင်မြင်နိုင်တယ်။

မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ကို ဖြစ်စေတဲ့ မျက်စိ, အဆင်းအာရုံ, အလင်းရောင်ဆိုတဲ့ အချက်တွေထဲက တစ်ခုခုအားနည်းရင် စိတ္တက္ခဏ (၂)ချက်ကနေ (၁၅)ချက် လွန်ပြီးတဲ့နောက် (ဌီ)အခိုက်အတန့် ရောက်ပြီး အတ်ာကြာမှ ရုပ်အဆင်းကို မြင်နိုင်တယ်။

ဝီထိစိတ်အစဉ်အတန်းတစ်ခုထဲမှာ ပဉ္စဒွါရာဝဇ္ဇန်းကနေ တဒါရုံအထိ ဖြစ်တဲ့ စိတ်သေး, စိတ်မွှားကလေးတွေဟာ ထင်လာတဲ့ လတ်တလော (ပစ္စုပ္ပန်) ရုပ်အဆင်းကိုပဲ အာရုံပြုတယ်။

မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်)ဟာ မျက်စိအကြည်ဓာတ်ကို မှီပြီး ဖြစ်တယ်။ ဘဝင်စိတ်နဲ့ ကျန်တဲ့ စိတ်တွေကတော့ ဟဒယဝတ္ထုရုပ်ကို မှီပြီး ဖြစ်တယ်။

ဒွါရနဲ့ အာရုံ

အပေါက်, အဝကို ပါဠိလို “ဒွါရ”လို့ ခေါ်တယ်။
တံခါးပေါက် မရှိရင် အိမ်ထဲကို လူမဝင်နိုင်ဘူး။ ဒီလိုပဲ အိမ်နဲ့တူတဲ့ ခန္ဓာကိုယ်မှာလည်း တံခါးပေါက်နဲ့တူတဲ့ မျက်စိအကြည်ဓာတ်, နားအကြည်ဓာတ်, နှာခေါင်းအကြည်ဓာတ်, လျှာအကြည်ဓာတ်, ကိုယ်အကြည်ဓာတ်တွေ မရှိရင် မြင်သိစိတ်, ကြားသိစိတ်, နံသိစိတ်, အရသာသိစိတ်, ထိသိစိတ်တွေအတွက် ဝီထိစိတ်အစဉ်တွေ မဖြစ်နိုင်ဘူး။

တံခါးပေါက်ဟာ လူတွေရဲ့ ဝင်ရောက်ရာဖြစ်သလို မျက်စိအကြည်ဓာတ်စသည်တို့ဟာလည်း မြင်သိစိတ်စသည်တို့ရဲ့ ဖြစ်ပေါ်လာကြောင်း (ဝင်လာသလို) ဖြစ်တယ်။ ဒါကြောင့် -
မျက်စိရဲ့အကြည်ဓာတ် (စက္ခပသာဒ)ကို စက္ခုဒွါရ၊
နားရဲ့အကြည်ဓာတ် (သောတပသာဒ)ကို သောတဒွါရ၊
နှာခေါင်းရဲ့အကြည်ဓာတ် (ဃာနပသာဒ)ကို ဃာနဒွါရ၊
လျှာရဲ့အကြည်ဓာတ် (ဇိဝှါပသာဒ)ကို ဇိဝှါဒွါရ၊
ကိုယ်ရဲ့အကြည်ဓာတ် (ကာယပသာဒ)ကို ကာယဒွါရ လို့ ခေါ်တယ်။

ဘဝင်စိတ်မှာ အာရုံတစ်ခုခု ထင်လာရင် အဲဒီအာရုံကို ယူပြီး ကြံသိစိတ်ဖြစ်ရလို့ “ဘဝင်စိတ်”ကိုပဲ “မနောဒွါရ”လို့ ခေါ်ရတယ်။
ဘဝင်ရဲ့ကိစ္စကို ဆောင်ရွက်တဲ့ စိတ်တွေကတော့ - ဥပေက္ခာသန္တီရဏစိတ် (၂)ခု၊ မဟာဝိပါက်စိတ် (၈)ခု၊ ရူပါဝစရဝိပါက်စိတ် (၅)ခု၊ အရူပါဝစရဝိပါက်စိတ် (၄)ခု၊ စုစုပေါင်း စိတ် (၁၉)မျိုး ဖြစ်တယ်။

မိမိကိုယ်တိုင် ဒွါရဖြစ်နေလို့ အဲဒီစိတ်တွေဟာ ဝီထိစိတ်အစဉ်မှာ မပါဝင်ကြဘူး။
ဒါကြောင့် သူတို့ကို “ဝီထိမုတ်စိတ်”လို့လည်း ခေါ်ရတယ်။

မျက်စိအကြည်ဓာတ်ကို မှီပြီး -
၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (၁)၊
၂။ စက္ခုဝိညာဉ်စိတ် (၂)၊
၃။ သမ္ပဋိစ္ဆိုင်းစိတ် (၂)၊
၎။ သန္တီရဏစိတ် (၃)၊
၅။ ဝုဋ္ဌောစိတ် (၁)၊
၆။ ကာမဇောစိတ် (၂၉)၊
၇။ တဒါရုံစိတ် (=မဟာဝိပါက်စိတ်ရှစ်ခု)
စုစုပေါင်း စိတ် (၄၆)ခု ဖြစ်တယ်။

အဲဒီစိတ်တွေဖြစ်တဲ့အခါမှာလည်း အာရုံ, ပုဂ္ဂိုလ်, ဘုံဌာန, နှလုံးသွင်းမှု စတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး ထိုက်သင့်သလို ဖြစ်တယ်။

နားအကြည်ဓာတ်စသည်တို့ကို မှီပြီးတော့လည်း မိမိတို့ဆိုင်ရာ သောတဝိညာဉ်စိတ်စသည်နဲ့အတူ အထက်ပါအတိုင်း စိတ် (၄၆)ခု ဖြစ်တယ်။

ဘဝင်စိတ်ကို မှီပြီးတော့ -
၁။ မနောဒွါရာဝဇ္ဇန်းစိတ်၊
၂။ ဇောစိတ် (၅၅)ခု၊
၃။ တဒါရုံစိတ် (၁၁)ခု၊
စုစုပေါင်း စိတ် (၆၇)ခု ဖြစ်တယ်။

ဒွါရဝိမုတ်စိတ်

၁။ ဘဝတစ်ခုရဲ့ အစဦးစိတ် (ပဋိသန္ဓေစိတ်)၊
၂။ ဘဝကို ဆက်လက် ရှင်သန်နေစေရန် အထောက်အပံ့ပေးထားတဲ့ ဘဝရဲ့အစိတ်အပိုင်းဖြစ်တဲ့စိတ် (ဘဝင်စိတ်)၊
၃။ ဘဝတစ်ခုရဲ့ နောက်ဆုံးစိတ် (စုတိစိတ်)တွေဟာ သူတို့ကိစ္စကို သူတို့ဆောင်ရွက်နေခိုက် ဘယ်ဒွါရမှာမှ မဖြစ်ကြလို့ ဒွါရမှအလွတ်ဖြစ်တဲ့ (ဒွါရဝိမုတ်)စိတ်တွေ ဖြစ်ကြတယ်။

မဟဂ္ဂုတ်ဝိပါက်စိတ် (ရူပါဝိပါက်စိတ် ငါးခု + အရူပဝိပါက်စိတ် လေးခု)ဟာလည်း ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စမှတပါး အခြားကိစ္စကို မဆောင်ရွက်နိုင်လို့ အမြဲ ဒွါရမှလွတ်တဲ့ စိတ်တွေ ဖြစ်တယ်။

အာရုံ

မွေ့လျော်ဖွယ်ရာကောင်းတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်တယ်။
ဥပမာ - ဥယျာဉ် ပန်းမာလ်တွေဟာ လူတွေရဲ့ မွေ့လျော်ရာဖြစ်သလို အဆင်း, အသံ, အနံ့, အရသာ အစရှိတဲ့ အရာတွေဟာလည်း စိတ်, စေတသိက်တရားတွေရဲ့ မွေ့လျော်ရာ ဖြစ်တယ်။
ဒါကြောင့် အဆင်း, အသံစတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်ရတယ်။

ရုပ်အဆင်း, အသံစတဲ့ အရာတွေဟာ “ဆွဲကိုင်အပ်တဲ့သဘော ရှိတယ်”။
ဥပမာ - မသန်မစွမ်းသူတွေဟာ တောင်ဝှေး, ကြိုးတန်းစတဲ့ အရာတွေကို ကိုင်ပြီးမှ ထနိုင် ထိုင်နိုင်ကြသလိုပဲ စိတ် စေတသိက်တွေဟာလည်း အဆင်းစတဲ့ အရာတွေကို အစွဲပြုပြီးမှ ဖြစ်ကြရတယ်။
ဒါကြောင့် အဆင်း, အသံစတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်ရတယ်။

အာရုံ (၆)မျိုး ရှိတယ်။
၁။ ရုပ်အဆင်းကို “ရူပါရုံ”၊
၂။ အသံကို “သဒ္ဒါရုံ”၊
၃။ အနံ့ကို “ဂန္ဓာရုံ”၊
၎။ အဆီသြဇာ အရသာကို “ရသာရုံ”၊
၅။ အတွေ့အထိကို “ဖောဋ္ဌဗ္ဗာရုံ” လို့ ခေါ်တယ်။
၆။ “ဓမ္မာရုံ”ဆိုတဲ့ သဘောတရားထဲမှာတော့ - (၁) စိတ်၊ (၂) စေတသိက်၊ (၃) ပသာဒရုပ်၊ (၄) သုခုမရုပ်၊ (၅) နိဗ္ဗာန်၊ (၆) ပညတ် လို့ ခြောက်မျိုး ရှိတယ်။
အဲဒီထဲက ‘ပသာဒရုပ်’ဆိုတာ မျက်စိအကြည်ဓာတ်၊ နားအကြည်ဓာတ်၊ နှာခေါင်းအကြည်ဓာတ်၊ လျှာအကြည်ဓာတ်၊ ကိုယ်အကြည်ဓာတ်ဆိုတဲ့ ရုပ်တွေ ဖြစ်တယ်။

‘သုခုမရုပ်’ဆိုတာ -
၁။ ရေဓာတ် (အာပေါဓာတ်)၊
၂။ အမဓာတ် (ဣတ္ထိဘာဝရုပ်)၊
၃။ အဖိုဓာတ် (ပုရိသဘာဝရုပ်)၊
၎။ နှလုံးသွေး (ဟဒယဝတ္ထုရုပ်)၊
၅။ အသက်ဓာတ် (ဇီဝိတရုပ်)၊
၆။ အဆီအစေးဓာတ် (အာဟာရဇရုပ်)၊
၇။ အကြားအပေါက်ဓာတ် (ပရိစ္ဆေဒရုပ်)၊
၈။ ကိုယ်အမူအရာ (ကာယဝိညတ်ရုပ်)၊
၉။ နှုတ်အမူအရာ (ဝစီဝိညတ်ရုပ်)၊
၁၀။ ရုပ်ခန္ဓာရဲ့ ပေါ့ပါးမှု (လဟုတာရုပ်)၊
၁၁။ ရုပ်ခန္ဓာရဲ့ နူးညံ့မှု (မုဒုတာရုပ်)၊
၁၂။ ရုပ်ခန္ဓာရဲ့ ဖျတ်ဖျတ်လတ်လတ်ရှိမှု, အဆင်ပြေမှု (ကမ္မညတာရုပ်)၊
၁၃။ စတင်ဖြစ်ခြင်းသဘော (ဥပစယရုပ်)၊
၁၄။ နောက်ထပ်ဆက်ပြီး ဖြစ်ခြင်းသဘော (သန္တတိရုပ်)၊
၁၅။ ရင့်ရော်ခြင်း, အိုမင်းခြင်းသဘော (ဇရတာရုပ်)၊
၁၆။ ပျက်စီးခြင်းသဘော (အနိစ္စတာရုပ်) တို့ ဖြစ်တယ်။

ခြောက်ဒွါရမှာ ဖြစ်တဲ့ ဝီထိစိတ်ပုံစံများ

ဝီထိစိတ်တစ်ခုမှာ ပါတဲ့ စိတ်သေးစိတ်မွှား အရေအတွက်အပေါ် မူတည်ပြီး ဖြစ်တဲ့ ဝီထိစိတ်တွေဟာ -

၁။ အတိမဟန္တာရုံဝီထိ၊
၂။ မဟန္တာရုံဝီထိ၊
၃။ ပရိတ္တာရုံဝီထိ၊
၎။ အတိပရိတ္တာရုံဝီထိ၊
၅။ ဝိဘူတာရုံဝီထိ၊
၆။ အဝိဘူတာရုံဝီထိ လို့ ခြောက်မျိုး ကွဲပြားသွားတယ်။

အတိမဟန္တာရုံဝီထိစိတ်ပုံစံ

အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› တဒါရုံ ---› တဒါရုံ”

အဆင်းအာရုံနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံတာက စပြီး အတီတဘဝင် (၁)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာတယ်။
ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု စေ့တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဒုတိယတဒါရုံစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “အတိမဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

မဟန္တာရုံဝီထိစိတ်

ရုပ်အဆင်းကို မြင်ခြင်းရဲ့ အကြောင်းသုံးခုမှာ ရုပ်အဆင်းကဖြစ်စေ, မျက်စိအကြည်ဓာတ်ကဖြစ်စေ, အလင်းရောင်ကဖြစ်စေ သိပ်ပြီး အားမကောင်းလို့ ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးနောက် စိတ္တက္ခဏ (၂)ချက် သို့မဟုတ် (၃)ချက်ခန့်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာတယ်။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက် စေ့လို့ ရုပ်သက်တမ်းတစ်ခု စေ့တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ခုနစ်ကြိမ်မြောက် ဇောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
တဒါရုံ (၂)ကြိမ် ဖြစ်လောက်အောင် ရုပ်ရဲ့သက်တမ်းဟာ တည်နေဖို့ မစွမ်းနိုင်တော့ဘဲ ဇောစိတ်ရဲ့ အဆုံးမှာပဲ ချုပ်ပျောက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

မဟန္တာရုံဝီထိစိတ်ပုံစံ (၂)မျိုး

အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော” ---› ဘဝင် ---›

ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးတဲ့နောက် အတီတဘဝင်စိတ် (၂)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်တယ်။
ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, ဘဝင်တစ်ကြိမ် ဖြစ်ပြီးနောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပထမ မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော”

ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးတဲ့နောက် အတီတဘဝင်စိတ် (၃)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်တယ်။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ခုနစ်ခုမြောက် ဇောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျောက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဒုတိယ မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

ပရိတ္တာရုံဝီထိ

မျက်စိရဲ့ အားနည်းမှု, ရုပ်အဆင်းရဲ့ သေးငယ်မှုန်မွှားမှု, အလင်းရောင်ရဲ့ အားနည်းမှုဆိုတဲ့ အချက်တွေထဲမှာ နှစ်ခုသော်လည်းကောင်း သုံးခုသော်လည်းကောင်း ဖြစ်နေတဲ့အတွက် အဆင်းကို မြင်လိုက်ရသလိုလို, အသံကို ကြားလိုက်ရသလိုလို ဖြစ်တတ်တယ်။
အဲဒီအခါမှာ ဖြစ်တဲ့ ဝီထိစိတ်အစဉ်မှာ ဇော (၇)ကြိမ် ဖြစ်လောက်အောင် ရုပ်သက်တမ်းဟာ တည်နေဖို့ မစွမ်းနိုင်တော့ဘဲ ဝုဋ္ဌော (၂)ကြိမ်, (၃)ကြိမ်ဖြစ်အပြီး ဘဝင်စိတ်ရဲ့ အဆုံးမှာ စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်ရဲ့သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်တယ်။

ပရိတ္တာရုံဝီထိစိတ် (၆)မျိုး

၁။ စိတ္တက္ခဏ (၄)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ စတုတ္ထဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပထမ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင် ---› ဘဝင် ---› ဘဝင်”

၂။ စိတ္တက္ခဏ (၅)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ တတိယ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်တယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဒုတိယ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင် ---› ဘဝင်”

၃။ စိတ္တက္ခဏ (၆)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ဒုတိယဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “တတိယ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင်”

၎။ စိတ္တက္ခဏ (၇)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ပထမဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “စတုတ္ထ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင်”

၅။ စိတ္တက္ခဏ (၈)ချက်လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ တတိယ ဝုဋ္ဌောစိတ်၏ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပဉ္စမ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော”

၆။ စိတ္တက္ခဏ (၉)ချက်လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ဒုတိယ ဝုဋ္ဌောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဆဋ္ဌမ ပရိတ္တာရုံဝီထိစိတ”လို့ ခေါ်တယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော”


အတိပရိတ္တာရုံဝီထိ

မျက်စိအကြည်ဓာတ်မှာ အဆင်းထင်လာပေမယ့် မျက်စိအကြည်ဓာတ်စသည်တို့ရဲ့ အလွန်အားနည်းခြင်း စတဲ့ အကြောင်းတွေကြောင့် ဝုဋ္ဌော (၂)ကြိမ်အထိ ရုပ်တွေရဲ့ သက်တမ်းဟာ မတည်နိုင်တော့ဘဲ အလွန်နီးကပ်တဲ့ ချုပ်ပျက်ခြင်းရှိတဲ့ အာရုံကို “အတိပရိတ္တာရုံဝီထိ”လို့ ခေါ်ရတယ်။
ဝီထိစိတ် မဖြစ်ဘဲ ဘဝင်စိတ်လှုပ်ရုံပဲ လှုပ်တဲ့အတွက် ဒီဝီထိကို “မောဃဝါရ”လို့လည်း ခေါ်ရတယ်။

အတိပရိတ္တာရုံဝီထိစိတ် ပုံစံများ

၁။ ဘဝင် (၁၀)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာပြီး ပဉ္စမမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ပထမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၀)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၅)ကြိမ်”

၂။ ဘဝင် (၁၁)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး စတုတ္ထမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ဒုတိယ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၁)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၄)ကြိမ်”

၃။ ဘဝင် (၁၂)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး တတိယမြောက်ဘဝင်နဲ့အတူ ထိုအာရု့တို့ ချုပ်ပျက်ခြင်းရှိတဲ့ တတိယ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၂)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၃)ကြိမ်”

၎။ ဘဝင် (၁၃)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာပြီး ဒုတိယမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ စတုတ္ထ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၃)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၂)ကြိမ်”

၅။ ဘဝင် (၁၄)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး ပထမဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ပဉ္စမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၄)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၁)ကြိမ်”

၆။ ဘဝင် (၁၅)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး ဘဝင်္ဂစလနနဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ဆဋ္ဌမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၅)ကြိမ် ---› ဘဝင်္ဂစလန (၂)ကြိမ်”

ဖော်ပြပြီးခဲ့တဲ့ ဝီထိပုံစံတွေဟာ မျက်စိ (စက္ခုဒွါရ)အတွက် ဖြစ်တယ်။
နား (သောတဒွါရ)၊ နှာခေါင်း (ဃာနဒွါရ)၊ လျှာ (ဇိဝှါဒွါရ)၊ ကိုယ် (ကာယဒွါရ)တွေမှာ ဝီထိစိတ်ဖြစ်တဲ့အခါမှာလည်း ဒီပုံစံတွေအတိုင်း ဖြစ်တယ်ဆိုတာ မှတ်ရမယ်။


ဒွါရငါးခုမှာ ဖြစ်တဲ့စိတ်

ဒွါရနဲ့ အာရုံတို့ တိုက်ဆိုင်တဲ့အခါ သက်ဆိုင်ရာ ဒွါရအလိုက် -

၁။ ဝီထိစိတ် (၇)မျိုး (ပဉ္စဒွါရာဝဇ္ဇန်း၊ သက်ဆိုင်ရာ ဝိညာဉ်စိတ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ)
၂။ ဖြစ်တဲ့ စိတ်အကြိမ်အရေအတွက် (၁၄)ကြိမ် (ပဉ္စဒွါရာဝဇ္ဇန်း၊ သက်ဆိုင်ရာ ဝိညာဉ်စိတ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ‘၇’၊ တဒါရုံ ‘၂’)
၃။ ကာမစိတ် (၅၄)ခုတို့ ဖြစ်ကြတယ်။


အမိဝမ်းထဲရှိစဉ် ဖြစ်နိုင်တဲ့ ဝီထိစိတ်များ

မျက်စိအကြည်ဓာတ်၊ ရုပ်အဆင်း၊ အလင်းရောင်ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံမှ မျက်စိနဲ့ဆိုင်တဲ့ ဝီထိစိတ်ဖြစ်နိုင်တယ်။
အမိဝမ်းထဲမှာ အလင်းရောင် မရှိတဲ့အတွက် မျက်စိနဲ့ဆိုင်တဲ့ ဝီထိစိတ် မဖြစ်နိုင်ဘူး။

နားအကြည်ဓာတ်နဲ့ ပြည့်စုံတဲ့အခါ သန္ဓေသားရဲ့နားနဲ့ကပ်နေတဲ့ မိခင်ရဲ့ဝမ်းပိုက်ရှိ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်မိတာကတဆင့် အသံအာရုံကို ရနိုင်တဲ့အတွက် နားနဲ့ဆိုင်တဲ့ ဝီထိစိတ်တွေ ဖြစ်နိုင်တယ်။

အမိဝမ်းထဲမှာ အသက်ရှူ မဖြစ်နိုင်လို့ နာခေါင်းနဲ့ဆိုင်တဲ့ ဝီထိစိတ်တွေ မဖြစ်နိုင်ဘူး။

လျှာအကြည်ဓာတ်နဲ့ ပြည့်စုံတဲ့အခါ သန္ဓေသားရဲ့ခံတွင်းမှာရှိတဲ့ အရည်နဲ့ ထိတွေ့ပြီး လျှာနဲ့ဆိုင်တဲ့ ဝီထိစိတ် ဖြစ်နိုင်တယ်။

အမိဝမ်းထဲမှာ ထိခိုက်စရာတွေ ရှိနေပြီးဖြစ်လို့ ကိုယ်နဲ့ဆိုင်တဲ့ ဝီထိစိတ် ဖြစ်နိုင်တယ်။


မနောဒွါရဝီထိစိတ်

မနောဒွါရဆိုတာ “ဘဝင်စိတ်”ပါပဲ။ ဒိ မနောဒွါရဝီထိစိတ်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်တဲ့ စိတ်၊ စေတသိက်၊ ရုပ်တရား၊ နိဗ္ဗာန်၊ ပညတ်တွေ ထင်နိုင်ပါတယ်။
မနောဒွါရဝီထိစိတ်ကို ဝိဘူတာရုံနဲ့ အဝိဘူတာရုံလို့ (၂)မျိုး ခွဲခြားနိုင်တယ်။

ဝိဘူတာရုံ မနောဒွါရဝီထိစိတ်

ထင်ရှားတဲ့ အာရုံတစ်ခုခု စိတ်မှာ ထင်လာတဲ့အခါ -
ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ဇော (၇)ကြိမ် ---› တဒါရုံ (၂)ကြိမ် ဖြစ်ပြီး ဘဝင်စိတ် ဖြစ်ထိုက်သမျှ ဖြစ်တဲ့ ဝီထိစိတ်ကို “ဝိဘူတာရုံ မနောဒွါရဝီထိစိတ်”လို့ ခေါ်တယ်။

အဝိဘူတာရုံ မနောဒွါရဝီထိစိတ်

မထင်ရှားတဲ့ အာရုံတစ်ခုခု စိတ်မှာထင်လာတဲ့အခါ -
ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ဇော (၇)ကြိမ် ဖြစ်ပြီး ဘဝင်စိတ် ဖြစ်ထိုက်သမျှ ဖြစ်တဲ့ ဝီထိစိတ်ကို “အဝိဘူတာရုံ မနောဒွါရဝီထိစိတ်”လို့ ခေါ်တယ်။

မနောဒွါရဝီထိစိတ်မှာ -
ဝီထိစိတ် အမျိုးအစား (၃)ပါး (မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ)
စိတ်အရေအတွက် (၁၀)ပါး (မနောဒွါရာဝဇ္ဇန်း၊ ဇော ‘၇’၊ တဒါရုံ ‘၂’)

အကျယ်အားဖြင့် စက္ခုစတဲ့ ဝိညာဉ်စိတ် (၁၀)ပါး + မနောဓာတ် သုံးခု (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်းစိတ် ၂) မပါဝင်တဲ့ ကာမစိတ် (၄၁)ခုတို့ ဖြစ်တယ်။


မနောဓာတ် (သိရုံမျှသာဖြစ်တဲ့ ဓာတ်)

ပဉ္စဒွါရာဝဇ္ဇန်းဟာ အာရုံအသစ်တစ်ခုကို ရှေးဦးစွာ တစ်ကြိမ်ပဲ ယူတယ်။ နောက်ပြီး သူများနောက်မှ အာရုံကို ယူတယ်။ ဒါကြောင့် အကြိမ်များစွာ အာရုံကို ယူတဲ့ စိတ်တွေလောက် အင်အား မရှိဘူး။
ဒါ့အပြင် မှီရာဝတ္ထုချင်းမတူတဲ့ ပဉ္စဝိညာဉ်စိတ်ကို နောက်ကနေပြီး ကျေးဇူးပြုရတဲ့အတွက် မှီရာဝတ္ထုချင်းတူတဲ့ စိတ်ကို ကျေးဇူးပြုရသလောက် မသက်သာဘူး။

သမ္ပဋိစ္ဆိုင်းစိတ်ကလည်း မှီရာဝတ္ထုချင်း မတူတဲ့ ပဉ္စဝိညာဉ်က နောက်ကနေပြီး ကျေးဇူးအပြုခံရလို့ အားမရှိဘူး။

ဒါကြောင့် ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်းနှစ်ပါးကို “မနောဓာတ်”လို့ ခေါ်ရတယ်။
ဝီထိစိတ်တစ်ခုတည်းမှာ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ နောက်မှ စက္ခုဝိညာဉ်စိတ် ဖြစ်ရတယ်။
စက္ခုဝိညာဉ်စိတ်ရဲ့ နောက်မှ သမ္ပဋိစ္ဆိုင်း ဖြစ်ရတယ်။
ဒါကို နောက်ကနေ ကျေးဇူးပြုတယ်လို့ ခေါ်တယ်။

ပဉ္စဝိညာဏဓာတ်

စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ် ဆိုတဲ့ ဝိညာဉ်တွေကို “ပဉ္စဝိညာဉ်ဓာတ်”လို့ ခေါ်တယ်။
အဲဒီ ဓာတ်တွေဟာ သူတို့မှီပြီးဖြစ်တဲ့ ဝတ္ထုရုပ်တွေအပေါ်မှာ တိုက်ရိုက် ထင်လာတဲ့ အာရုံကို အလွယ်တကူ ယူရုံသာ ဖြစ်လို့ မနောဓာတ်ထက် သိမှုအား ပိုပြီး ကောင်းတယ်။

မနောဝိညာဏဓာတ်

မနောဆိုတဲ့ စကားက “သိခြင်း”လို့ အဓိပ္ပာယ်ထွက်ပြီး ဝိညာဏဆိုတဲ့ စကားက “အထူးသိခြင်း”လို့ အဓိပ္ပာယ်ရတယ်။
စကားနှစ်လုံးကို ပေါင်းလိုက်တော့ “အများကြီးသိ၊ အထူးသိ”လို့ အဓိပ္ပာယ်ရတယ်။

သန္တီရဏစိတ် (၃)ပါး၊ မဟာဝိပါက်စိတ် (၈)ပါး၊ ဒေါသမူစိတ် (၂)ပါး၊ သောတပတ္တိမဂ်စိတ်၊ ဟသိတုပ္ပါဒ်စိတ်၊ ရူပါဝစရစိတ် (၁၅)ပါးတို့ဟာ “မနောဝိညာဏဓာတ်” ဖြစ်တယ်။

အဲဒီစိတ်တွေဟာ မနောဓာတ်နဲ့ ပဉ္စဝိညာဏဓာတ်တွေလို အာရုံအသစ်ကို ရှေးဦးစွာ ထွက်မယူရဘူး။
ဒါ့အပြင် မှီရာတူတဲ့ ရှေးစိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာကို ခံရပြီး မှီရာတူတဲ့ နောက်စိတ်ကို အနန္တရသတ္တိနဲ့ ကျေးဇူးပြုပေးရတာဖြစ်လို့ အာရုံကိုသိတဲ့အခါမှာ အခြားစိတ်တွေထက် ထိထိမိမိ ရှိတယ်။
ဒါကြောင့် အဲဒီစိတ်တွေကို မနောဝိညာဏဓာတ် (အများကြီးသိ၊ အထူးသိ)လို့ ခေါ်ရတယ်။

စိတ်တွင် အာရုံထင်လာခြင်း အကြောင်းများ

၁။ အာရုံတစ်ခုခုကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးလို့ပဲ ဖြစ်ဖြစ်၊ သူတပါးပြောတာကို ကြားဖူးလို့ပဲ ဖြစ်ဖြစ်၊ အဲဒီ အာရုံကို ပြန်ဆင်ခြင်တဲ့အခါ ဘဝင်စိတ် (မနောဒွါရ)မှာ အဲဒီအာရုံထင်လာတယ်။ ဒါ့အပြင် မတွေ့ဖူး မကြားဖူးသေးတဲ့ အာရုံတွေကိုလည်း တွေ့ဖူး ကြားဖူးတဲ့ အာရုံတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲထင်လာနိုင်တယ်။

၂။ မြင်ဖူးတာ ကြားဖူးတာ မဟုတ်ပေမယ့် ကိုယ်ကြိုက်နှစ်သက်တဲ့ အာရုံတွေဟာ ကိုယ့်ရဲ့နှစ်သက်မှုကြောင့် စိတ်ထဲထင်လာနိုင်တယ်။

၃။ အာရုံတစ်ခုခုကို ဉာဏ်နဲ့ ကြံစည်ကြည့်ရင်လည်း အဲဒီအာရုံဟာ စိတ်ထဲထင်လာနိုင်တယ်။

၎။ ကံအဟုန်ရဲ့အစွမ်းကြောင့်၊ ဒါမှမဟုတ် တန်ခိုးရှင်နဲ့ နတ်တွေရဲ့ ဖန်ဆင်းပြသမှုကြောင့်၊ ဒါမှမဟုတ် သွေး သည်းခြေ သလိပ် စတဲ့ ဓာတ်တွေ ဖောက်ပြန်မှုကြောင့် အာရုံတစ်ခုခုဟာ စိတ်ထဲ ထင်လာနိုင်တယ်။

စိတ်ဟာ အာရုံတစ်ခုခုနဲ့ ကင်းပြီး မနေနိုင်ဘူး။
အာရုံကို အဆင်သင့် မရရင် စိတ်ဟာ အာရုံတစ်ခုကို မတွေ့တွေ့အောင် ရှာတယ်။
ဒီလို ရှာတဲ့အခါမှာ ဝိတက် (ကြံစည်မှု)၊ စေတနာ (စေ့ဆော်မှု)၊ မနသိကာရ (နှလုံးသွင်းမှု)တွေဟာ စိတ်ရဲ့ အရေးပါတဲ့ အဖော်တွေ ဖြစ်တယ်။
စိတ်က လိုချင်တဲ့ အာရုံကို ရှာနေတုန်း မဆိုင်တဲ့အာရုံ၊ ဆင်တူရိုးမှားအာရုံတွေကိုလည်း တွေ့ရတတ်သေးတယ်။
ဒီလို တွေ့တာဟာ စိတ်က ရှာဖွေတာဖြစ်လို့ စိတ်ရဲ့အစွမ်း ဖြစ်တယ်။

အာရုံတစ်ခုခုကို ရှာဖွေရာမှာ စိတ်က အာရုံရှိရာကို ရောက်အောင် သွားတာလည်း မဟုတ်ဘူး။
အာရုံကို မိမိဆီရောက်အောင် ဆွဲယူတာလည်း မဟုတ်ဘူး။
ပြောခဲ့တဲ့ အကြောင်းတွေကြောင့် ဘဝင်စိတ်မှာ အာရုံအမျိုးမျိုး ထင်လာအောင် ကြံဆောင်စိတ်ကူးနိုင်တာဟာ ဝိတက်၊ စေတနာ၊ မနသိကာရဆိုတဲ့ အဖော်စေတသိက်တွေကြောင့်ပဲ ဖြစ်တယ်။

ဒီအထိ လေ့လာပြီးခဲ့တာတွေကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင် သေခါနီးအချိန်၊ ဘဝသစ်ကို စတင်တဲ့အချိန်၊ အသက်ရှင်သန်နေချိန် ဖြစ်ပေါ်တဲ့ စိတ်အခြေအနေအကြောင်းတွေ ဖြစ်တယ်။

+++++
0 comments

Read more...

*သာသနာသုံးရပ်*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

သာသနာဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမပါဘဲ သာသနာ သုံးရပ်ရှိတဲ့အနက်က-
(၁) ပရိယတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားဓမ္မ စာပေကျမ်းဂန်များကို ကျတ်မှတ် သင်အံ့ ပို့ချတဲ့လုပ်ငန်း ဖြစ်ပါတယ်။ သိရမယ့် (စာပေကျမ်းဂန်သင်ကြားမှု။)
(၂) ပဋ္ဋိပတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်များအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (ကမ္မဋ္ဌာန်းဘာဝနာအားထုတ်မှု)။
(၃) ပဋ္ဋိဝေဓသာသနာ- ဆိုတာ ယခုလို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တဲ့အတိုင်း ဒီတရားဓမ္မတွေအ ပေါ် ယောဂီတို့ဥာဏ်ရောက်ပြီး ထိုးထွင်းသိတဲ့သဘောဖြစ်ပါတယ်။ (မဂ်ဖိုလ်နိဗ္ဗာန်တရားကိုသိမှု၊ ရမှု)
ဒီသာသနာသုံးရပ်ကို ဆရာတော်ဘုရားကြီးက ဥပမာနဲ့တကွ ရှင်းလင်းပြထားပါသေးတယ်။
(၁) ပရိယတ္တိ သာသနာဆိုတာ ကန်ပေါင်ကြီးနဲ့တူတယ်။
(၂) ပဋ္ဋိပတ္တိ သာသနာဆိုတာ ရေနဲ့တူတယ်။
(၃) ပဋ္ဋိဝေဒ သာသနာဆိုတာ ကြာရိုး၊ ကြာစွယ်နဲ့တူတယ်။
ကန်ပေါင်ခံမှ ရေတည်တံ့မယ် ရေတည်မှကြာပေါက်နိုင်သလို ပရိယတ္တိ အခြေခံရှိမှ ပဋ္ဋိပတ်ကျင့်စဉ် မှန်ကန် မယ်။ ပဋ္ဋိပတ်ကျင့်စဉ် မှန်ပါမှ ပဋ္ဋိဝေဓဆိုတဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ရနိုင်တယ်လို့ သဘောပေါက်ထား ရပါမယ်။ ဒါကြောင့် သာသနာတော်သုံးရပ်စလုံးတိုးတက်ထွန်းကားပြန့်ပွားအောင်ကြိုးစားကြဖို့ အထူးလိုအပ် လှပါတယ်။
မိုးကုတ်ယောဂီလက်စွဲအမှတ်(၁)
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကျန်းမာချမ်းသာကြပါစေ။



Read more...

Decline Of Indian Buddhism (2)

အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၂)
Prof. K.T.S Sarao,
Department of Buddhist Studies,
University of Delhi.
Though it cannot be denied that many corrupt practices had become widely prevalent in the Buddhist Samgha, it is highly improbable that they led to its decline. As a matter of fact corrupt practices in a religion seem to affect its well-being. Thus, it would be difficult to understand as to how the ownership of land, servants, granaries, and precious metals by monasteries could have caused the decline of Buddhism even if the Buddha had advocated otherwise.
ဗုဒ္ဓဘာသာ ရဟန်းတော်များတွင် အကျင့်စာရိတ္တပျက်ပြားလာမှုများသည် များစွာ ဖြစ်လာသည်ကို ငြင်းဆို၍ မရနိုင်သော်လည်း ဤရဟန်းတော်များသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာဖို့ ဦးတည်လာသည်မှာ အကြီးအကျယ်တော့ ဖြစ်လာနိုင်ဖွယ် မရှိသေးပေ။ အမှန်တကယ်တော့ ဘာသာတရား တစ်ခုတွင် အကျင့်စာရိတ္တပျက်ပြားလာခြင်းသည် ဘာသာတရား၏ ကောင်းမွန်ခြင်းကို ထိခိုက်စေနိုင်သည်။ ထိုကြောင့် နားလည်ဖို့ ခက်ခဲနိုင်တာက လယ်မြေများ၊ အလုပ်သမားများ၊ စပါးကျီများနှင့် အဖိုးတန်သော ကျောက်မျက်များကို ဘုန်းကြီးကျောင်းများမှ ပိုင်ဆိုင်နိုင်ကြောင်း ဗုဒ္ဓက ခွင့်ပြုခဲ့လျှင်တောင်မှ ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
Moreover, laxity in discipline of religious life was not unique to Buddhism alone. It also existed in the other contemporary religious communities. Many religious trusts, temples, and shrines of today are not exactly paragons of good moral behavior. But they still continue to thrive. Besides, moral laxity may have corrupted the Buddhist Samgha at certain times and places. ထို့အပြင် ဘာသာတရား နယ်ပယ်၏ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုသည် ဗုဒ္ဓဘာသာ တစ်ခုတည်းတွင်သာ မဟုတ်ပေ။ အခြားသော ခတ်ပြိုင် ဘာသာရေးအဖွဲ့အစည်းများတွင်လည်း ရှိပေသည်။ များစွာသော ယနေ့ခေတ် ဘာသာရေး ယုံကြည်မှုများ၊ ဘုရားရှိခိုးကျောင်းများနှင့် ဘာသာရေး နေရာများသည် ကောင်းမွန်သော ကိုယ်ကျင့်သိက္ခာ၏ အတိအကျ စံနမူထားလောက်အောင် မဟုတ်ပေ။ သို့သော် သူတို့သည် ဆက်လက်၍ ရှင်သန် ရပ်တည်နေကြသေးသည်။ ထို့အပြင် ကိုယ်ကျင့်တရား ယိုယွင်းလာမှုသည် အချို့သော အချိန်နှင့် နေရာများတွင် ဗုဒ္ဓသံဃာ့ အဖွဲ့အစည်းကို ထိခိုက်စေလာလိမ့်မည်။

The Samgha had never turned into an institution in disgrace and there is no well-documented evidence to prove that Buddhism was abandoned by its followers just because it had become a corrupt religion. Moreover, if moral and ethical degeneracy were the cause of the decline of Buddhism, it would not have survived as long as it did because many of the examples of corrupt bhikkhus and bhikkhunis are from an early period.
ရဟန်းများသည် အကြည်ညိုပျက်အောင် ဓလေ့တစ်ခုကို မပြောင်းပေ။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများက ဗုဒ္ဓဘာသာကို စွန့်လွှတ်ကြောင်း သက်သေပြရန် ခိုင်လုံသော အထောက်အထား သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းသည် ပျက်စီးခဲ့သော ဘာသာရေး ဖြစ်ခဲ့ပြီးလေပြီ။ ထို့အပြင် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များ ဆုတ်ယုတ်လာခြင်းသည် ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်စေခဲ့သည် ဆိုလျှင် အချိန်အတော်ကြာအောင်တော့ ဆက်လက် တည်ရှိနေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ စာရိတ္တပျက်ပြားသော ဘိက္ခုနှင့် ဘိက္ခုနီများသည် အစောပိုင်း ကာလကတည်းကပင် ရှိပေသည်။
It has been claimed by G. Verardi and others that there is sufficient evidence to prove that the brahmanas mostly despised the Buddhists and their animosity, though not persistent and sustained broke out in a frenzy from time to time till Buddhism was overpowered and wiped out from the land of its origin. Verardi has even pointed out that religious tolerance was alien to pre-British India and he claims to have laid bare sufficient evidence of the destruction of monasteries by the brahmanas and the creation by them of special militias aimed at intimidating the Buddhist monks and the laity.
G. Verardi နှင့် အခြားသော လူများက ပြောဆိုကြသည်မှာ ဗြဟ္မဏများသည် ဗုဒ္ဓဘာသာဝင်များကို မလိုမုန်းတီးမှုနှင့် စက်ဆုပ်ရွံရှာခြင်းအား သက်သေပြရန် ခိုင်လုံသော အထောက်အထားဖြစ်သည်။ မကြာခဏဆိုသလို ဗုဒ္ဓဘာသာကို တာရှည်မတည်တံ့နိုင်အောင် ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာကို လွှမ်းမိုးလာပြီး ဗုဒ္ဓဘာသာ၏ မူလနယ်မြေမှ ရှင်းထုတ်ပစ်လိုက်သည်။ Verardi က ထောက်ပြခဲ့တာကတော့ ဘာသာရေးဆိုင်ရာ သည်းခံမှုသည် အင်္ဂလိပ်မတိုင်မီ အိန္ဒိယနှင့် ဖီလာဆန့်ကျင် ဖြစ်ခဲ့သည်။ ဗြဟ္မဏများက ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၏ လုံလောက်သော သက်သေ အထောက်အထားများကို ပြောခဲ့သည်။ ကြီးမားသော လက်နက်ကိုင် အဖွဲ့များဖြင့် ဗုဒ္ဓရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။
Attack on Angulimala by a frenzied mob, the murders of Moggallana and Aryadeva, anti-Buddhist crusades of Kumarila Bhatta and Samkara, and an attempt by brahmanas not only to burn the pavilion where Xuanzang was to be honoured by king Harsavardhana but also to kill pro-Buddhist Harsavardhana himself, are given as important instances in support of such a hypothesis. A bhikkhu in yellow robes was an ill omen.
လူဆိုးများက Angulimala ကို တိုက်ခိုက်ခြင်း၊ Moggallana နှင့် Aryadeva တို့ကို သတ်ရန် ကျူးလွန်ခြင်း၊ kumarila Bhatta နှင့် Samkara ၏ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး စစ်ပွဲများ ထိုနောက် ဘုရင် harsavardhana က Xuanzang ကို ဂုဏ်ပြုခဲ့သော နေရာကို မီးရှို့ခဲ့ရုံသာမက ဗုဒ္ဓဘာသာကို ထောက်ခံအားပေးခဲ့သော harsavardhana ကိုသတ်ရန် ဗြဟ္မဏများက ကြိုးစားခြင်း စသည်တို့သည် အရေးကြီးသော နမူနာများ အဖြစ် ဤအဆိုများကို ထောက်ခံလျှက် ဖော်ပြထားသည်။ အ၀ါရောင်သင်္ကန်းဖြင့် ဘိက္ခုကိုလည်း မကောင်းသောနိမိတ်အဖြစ် မှတ်ယူထားသည်။
There is no doubt that there were occasions when Buddhist monks were held in ridicule. But stray examples quoted in support of Brahmanical enmity and persecution certainly do not warrant that Brahmanical-Hinduism had turned itself on Buddhism lock, stock, and barrel. The wrangles between the followers of the Buddha and the followers of various sects of Brahmanical-Hinduism appear more like internal petty altercations within a religious system rather than frenzied communal riots.
ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို နှိပ်ကွပ် ကန့်သတ်တဲ့ အခါကာလ ရှိခဲ့တယ် ဆိုတာ သံသယ ပွားနေစရာ မလိုပေ။ သို့သော် ဗြဟ္မဏများ၏ မလိုမုန်းတီးမှုနှင့် နှိပ်စက်မှုကို ထောက်ခံထားတဲ့ အချို့သော ဥပမာတွေကတော့ ခိုင်လုံမှု မရှိပေ။ ဗြဟ္မဏဟိန္ဒူများသည် သဗ္ဗရနံပေါင်း တစ်ခုမကျန်အောင်ပင် ဗုဒ္ဓဘာသာအပေါ် လှည့်လာတော့သည်။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများနှင့် ဗြဟ္မဏဟိန္ဒူဂိုဏ်း အမျိုးမျိုးတို့၏ သက်ဝင်ယုံကြည်သူများ ကြားတွင် ငြင်းခုံမှုများသည် ရုတ်ရုတ်သဲသဲ အုပ်စုလိုက် အဓိကရုဏ်းများ ဖြစ်မည့်အစား ဘာသာရေး စနစ်တစ်ခုအတွင်းတွင် အတွင်းရေး အသေးအဖွဲ ငြင်းခုံမှုများကဲ့သို ဖြစ်ပေါ်လာသည်။
The Brahmanical hostility appears to have been altogether at a different level. The malevolence appears to have been directed primarily at the monastic movement and to some extent at the comparative opulence of the monasteries. Early Buddhist sources do not refer to any persecution nor do they betray any feelings of mutual animosity contiguous to a holy war. The Buddha made respectful reference to brahmanas who observed their vows. He was critical of only sham brahmanas, i.e., those brahmanas who claimed to be brahmanas merely on the basis of birth. In fact, he classed the worthy samanas with the brahmanas.
ဗြဟ္မဏများ၏ ရန်လိုမှုသည် မတူညီတဲ့ အဆင့်တွေမှာ အတူတကွ ဖြစ်ပေါ်လာကြသည်။ ယုတ်မာဆိုးသွမ်းမှုသည် ဘုန်းကြီးကျောင်းများ အတက်အကျမှာ အဓိက ရည်ညွှန်းဖို့နှင့် ဘုန်းကြီးကျောင်များ၏ နှိုင်းယှဉ်လေ့လာမှု အများပြားမှာ အချို့သော အတိုင်းအတာကို ဖြစ်ပေါ်စေသည်။ အစောပိုင်း ဗုဒ္ဓဘာသာသာ အထောက်အထားများသည် မည်သည့် ဖိစီးနှိပ်စက်မှုမျိုးကိုမျှ မရည်ညွှန်းပါ။ ဘာသာရေး စစ်ပွဲတစ်ခုကို နီးစပ်နေသော အပြန်အလှန် မုန်းတီးမှု၏ မည်သည့်ခံယူချက်မျိုးကိုမျှ သူတို့သည် လုပ်ပြလိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓသည် ဗြဟ္မဏများ၏ ခံယူချက်များကို လိုက်နာသော ဗြဟ္မဏများကို လေးလေးစားစား ပြောဆိုခြင်းကို ပြုလုပ်သည်။ သူသည် အယောင်အဆောင် ဗြဟ္မဏများကို ဆန်းစစ်ဝေဖန်သည်။ ဆိုလိုသည်မှာ မွေးဖွားရာ မျိုးရိုးဇာတ်ကို အခြေခံထားသော ဗြဟ္မဏများဖြစ်သည်ဟု အခိုင်အမာပြောဆိုသော ဗြဟ္မဏများကို ဆိုလိုသည်။ တကယ်တော့ သူသည် လေးစားထိုက်သော သမဏများကို ဗြဟ္မဏများနှင့် အဆင့်အတန်း ခွဲခြားခဲ့ပါသည်။
To the Brahmanical-Hindu followers Buddhism was a mere sect within their religious system and, from their point of view, the bickering between the two must be seen as an internal affair. The murder of Moggallana was an individual act of crime. Similarly, the assault on Angulimala had no religious motive behind it. Though some aspects of the philosophy of Buddhism, especially its atheism and their dress or shaven-heads, may have often been the subjects of bitter ridicule, it is not possible to find reliable evidence of any spirit of fanatical fury or hatred in the sources.
ဗြဟ္မဏဟိန္ဒူများ အတွက်ကတော့ ဗုဒ္ဓဘာသာသည် သူတို့၏ ဘာသာရေး အဖွဲ့အစည်းတွင် ဂိုဏ်းတစ်ခု အနေမျှသာ ဖြစ်သည်။ သူတို့၏ အမြင်ကတော့ ဘာသာရေး နှစ်ခုကြားတွင် ငြင်းခုံခြင်းကို အတွင်းရေး အငြင်းအခုံတစ်ခု အဖြစ် မြင်ပေသည်။ အရှင်မဟာမောဂ္ဂလန်ကို လုပ်ကြံကြသော လူသတ်သမားများသည် ရာဇ၀တ်မှု၏ တစ်သီးတစ်ခြား အမှုဖြစ်သည်။ ထိုနည်းတူစွာပင် အင်္ဂုလိမာလ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည်လည်း နောက်ကွယ်တွင် ဘာသာရေး ရည်ရွယ်ချက် မရှိပေ။ ဗုဒ္ဓဘာသာ အတွေးအခေါ်၏ အချို့သော အယူအဆများ ရှိသော်လည်း အထူးသဖြင့် ၄င်း၏ ဖန်ဆင်းရှင် အယူဝါဒနှင့် သူတို့ရဲ့ အ၀တ်အစား သို့မဟုတ် ဦးခေါင်းဆံပင် ပယ်ခြင်းတို့သည် ခါးသည်းသော အကြောင်းအရာအဖြစ် မကြာခဏ ရှိကောင်းရှိနိုင်သည်။ ဒါဟာ အယူသီးသော ဒေါသ သို့မဟုတ် အကြောင်းအရာထဲက အမုန်းတရားတို့၏ စိတ်ဓာတ်ကို စိတ်ချရသော အထောက်အထားကို ရှာဖို့ မဖြစ်နိုင်ပေ။
Indian history does not bear out the fact of a continued and organized persecution as the state policy of any ruling dynasty so as to exterminate an established religion. On the other hand, even from purely epigraphical evidence one can make out numerous instances of tolerance of Buddhism by Brahmanical-Hindu rulers or of reverence to Brahmanical-Hindu deities by Buddhists.
အိန္ဒိယ သမိုင်းကြောင်းသည် တည်ထောင်ထားသော ဘာသာရေး တစ်ခုကို မျိုးပြုန်းစေရန် အုပ်ချုပ်သူ ဘုရင်မင်းဆက်၏ မူဝါဒအဖြစ် ဆက်လက်၍ စီစဉ် နှိပ်ကွပ်မှုတစ်ခု၏ အချက်အလက်ကို မဖော်ပြပါ။ အခြားတစ်ဖက်မှာလည်း သေချာစွာ ကမ္ပည်းထိုးထားသော အထောက်အထားမှကြည့်လျှင် တစ်စုံတစ်ယောက်သည် ဗြဟ္မဏဟိန္ဒူ အုပ်ချုပ်သူများက ဗုဒ္ဓဘာသာ၏ သည်းခံခြင်း သို့မဟုတ် ဗုဒ္ဓဘာသာဝင်များက ဗြဟ္မဏဟိန္ဒူတို့၏ နတ်ဘုရားများကို လေးစားခြင်း တို့၏ များစွာသော ဥပမာများကို ဖြည့်သွင်းခြင်း ပြုလုပ်နိုင်သည်။ (ဆက်ရန်.....)

Read more...

“တိုက်သစ်တက် ဆွမ်းကပ်ချင်းလို့ပါဘုရား”

ဤအဖြစ်အပျက်သည်ကား မိမိသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မစာသင်တိုက်တွင် သီတင်းသုံးစဉ်က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်ကလေးဖြစ်သည်။ မိမိတို့၏ ကျောင်းတိုက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သော ရပ်ကွက်ကျောင်းတိုက် တစ်တိုက်ပင်ဖြစ်ပေသည်။ သို့ဖြစ်သဖြင့် သာရေး နာရေးရှိလျှင် ရပ်ကွက်အတွင်းမှ ဒါယကာ ဒါယိကာမများသည် ကျောင်းတိုက်ကို လာရောက်၍ သံဃာ တော်များကို ပင့်လေ့ရှိသည်။ စနေနေ့ တစ်ရက်က ဖြစ်သည်။ ထိုနေ့က ညနေခင်း ငါးနာရီလောက်တွင် ဒါယိကာမတစ်ဦးသည် သူ့မ၏ မွေးနေ့ပွဲအတွက် သံဃာငါးပါးပင့်ရန် ကျောင်းသို့ ရောက်ရှိလာလေသည်။ မိမိနှင့်တွေ့သဖြင့် ပင့်ဖိတ်မှုကို လက်ခံထားလိုက်သည်။ ထိုဒါယိကာမကြီးထံမှလည်း လိပ်စာအတိအကျ တောင်းထားလိုက်သည်။ ထို့နောက် မိမိထက် အသက်သိက္ခာကြီးသော မထေရ်ကြီးထံ သွားရောက်သတင်းပို့ လိုက်သည်။ မထေရ်ကြီးက
“ဦးဇ၀နရေ ဆွမ်းကပ်က ငါးပါးဆိုရင် အရှင်ဘုရားရယ် တပည့်တော်ရယ် ကျန်စာသင်သား သံဃာသုံးပါးရယ် ခေါ်ပြီး မနက်ကြွကြတာပေါ့ဘုရား။”ဟု မိန့်ကြားလေသည်။ ခေတ္တခဏကြာ တခြားဝိလာသ ဟုအမည်ရသော စာချဘုန်းကြီးတစ်ပါသည်လည်း ရောက်ရှိလာပြီး
“ဆရာတော်! ဒါယကာတစ်ဦးက သူ့အိမ်ရဲ့ တိုက်သစ်တက်ပွဲမှာ သံဃာငါးပါးပင့်သွားတယ်၊ တနင်္ဂနွေနေ့ မနက် ငါးနာရီတဲ့၊ တိုက်သစ်တက်မို့ တရားဟော ကောင်းတဲ့ ကိုယ်တော်ကြွပေးပါဘုရားလို့လဲ လျှောက်သွားတယ်၊ ပြီးတော့ ဆွေမ်း ဆွမ်းဟင်း ထည့်ဘို့ ကျောင်းက စတီငါးဆင့်ဂျိုင့်တစ်လုံး သပိတ်တစ်လုံး သင်္ကန်ငါးစုံ ထည့်ပေး လိုက်တယ်။ မနက်မှ သင်္ကန်းငါးစုံဖိုးကို ကပ်မယ်တဲ့ဘုရား။” ဟုလျှောက်ထားလေသည်။ ဤတွင် မထေရ်ကြီးမှ ပစ္စည်းတွေ ပေးလိုက်တာ မင်းက သူတို့ကို သိလို့လား။” မေးလေသည်။ ထိုအခါ စာချဘုန်းကြီးလေးဝိလာသမှ
“ကျောင်းမှာ ဆွမ်းချက်နေတဲ့ ဒါယိကာမကြီး ဒေါ်စန်းသားလဲ ပါတယ်ဆရာတော်။” ဟု ပြန်လည်လျှောက်ထား သောအခါ
“အေး အေး အသိပါရင်တော့အရေးမကြီးပါဘူး၊ ခုခေတ်က လူလိမ်တွေပေါလို့ ညာသွားမှာစိုးရိမ်လို့ပါ၊ ထို့နောက် မထေရ်ကြီးသည် မိမိဘက်လှည့်ကာ
“ဦးဇ၀နရေ မနက်ဖြန်ဆွမ်းစားက နှစ်ပွဲဆိုတော့ အရင်လာပင့်တဲ့ပွဲကို အရှင်ဘုရားက ဦးဆောင်ပြီးကြွသွားလိုက်၊ နောက်ပွဲ ကိုတော့ တပည့်တော်က ဦးဆောင်ကြွမှဖြစ်မယ်။” ဟု စီမံလေသည်။ နောက်နေ့ မနက် တနင်္ဂနွေနေ့ နံနက်စောစော မိမိတို့၏ အဖွဲ့သည် မွေးနေ့ရှင် ဒါယကာမကြီးအိမ်မှ ပင့်သော ပုဂ္ဂိုလ်လာရောက်သဖြင့် လိုက်သွားကြသည်။ မိမိတို့အဖွဲ့သည် ဆွမ်းစား တရားဟော ရေစက်ချပြီးနောက် (ရ) နာရီခန့်လောက်တွင် ပြန်ကြွလာ ကြသည်။ မထေရ်ကြီးဦးစီးသော အဖွဲ့သည်ကား သင်္ကန်းရုံလျှက် ဆွမ်းစားလာပင့်မည့် ဒါယကာကို စောင့်နေကြသည်။ “မေ့နေ၍ လာမပင့်တာဖြစ်မယ်ထင်တယ်”ဟု ယူဆပြီး ပေးထားသောလိပ်စာအတိုင်း လိုက် သွားကြသည်။ သိပ်မကြာလိုက်ပါ မထေရ်ကြီးတို့အဖွဲ့ ပြန်ကြွလာကြသည်။ ထိုအခါ မိမိက
“ဆရာတော် ဘယ်လိုဖြစ်တာလဲ၊ ဆွမ်းစားက မြန်လှချည့်လား။” ဟု စပ်စုလေသည်။ ဤတွင် ဆရာတော်က
“ပေးထားတဲ့ လိပ်စာအတိုင်းလိုက်သွားတာ၊ အိမ်လဲရှာမတွေ့ခဲ့ဘူး၊ ဒကာလဲ မတွေ့ခဲ့ဘူး၊ ဟိုလက်ခံတဲ့ ၀ိလာသ အသုံးမကျလို့ ဖြစ်ရတာ၊ ဆွမ်းမစားရတာ အရေးမကြီးဘူး၊ ကျောင်းရှိတဲ့ ပစ္စည်းတွေက ပါသွားပြီး။”ဟု ဒေါနှင့် မောနှင့် ပြောကာ ဆရာတော်သည် သူ့အဆောင်ဘက်ဆီသို့ ကြွသွားလေတော့သတည်း။
“အော် ရပ်ကွက်ထဲလဲ လိမ်စရာ လူမရှိလောက်အောင် မွဲကုန်ပြီထင်ရဲ့ ဘုန်းကြီးကျောင်းဘက်သို့ပင် လှည့်လာကြလေပြီ၊ သတိထားမှ တန်ကာကျချေတော့မည်။ မိမိဆရာတော်၏ အဖြစ်သည်ကား “ဖွတ်မရ ဓါးမအဆုံး” ဖြစ်လေတော့သည်။
လူတို့သည် ငတ်လာသည့်အခါ ပုဂ္ဂိုလ်မရွေးတော့ပေ တစ်နည်းနည်းဖြင့် လိမ်ကြတော့သည်။ တစ်နေ့ မိမိသည် ကျောင်းကြီး၏ အောက်ထပ် စာကြည့်နေစဉ် ဒါယကာတစ်ယောက်ရောက်လာသည်။ မိမိအား လာရောက် ၀ပ်ချလေသည်။ထို့ကြောင့် မိမိက
“ဒကာတော် ဘာကိစ္စရှိလို့လဲ” မေးသောအခါ
ဒကာတော်က
“ဆရာတော်နှင့် တွေ့ချင်လို့ပါဘုရား”
“ဘာကိစ္စရှိလို့လဲ ဒကာကြီး၊ ဆရာတော်မရှိဘူး၊ တော်တော်တန်တန်ကိစ္စလောက်တော့ ဦးဇင်းကို လျှောက်လဲ ရပါတယ်ဒကာကြီး”
“တပည့်တော်လျှောက်ရမှာလဲ ရှက်ပါတယ်ဘုရား၊ တပည့်တော်တောင်းစားတဲ့လူစားမျိုလဲ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ဟင်္သာတကို သွားရမှာ လမ်းစရိတ်မရှိလို့ အဲဒါကျောင်းထိုင်ဆရာတော်ဆီကို စရိတ် စွန့်ခိုင်းမလို့ပါ ဘု၇ား၊”
“ဟင်္သာတစရိတ်က ဘယ်လောက်ရှိလဲ ဒကာကြီး”
“တစ်ထောင်လောက်ဆိုရင် ရပါတယ်ဘုရား”
“ဆရာတော်လဲ မရှိဘူး ဒကာကြီး၊ ဦးဇင်းတတ်နိုင်သလောက် ငါးရာစွန့်လိုက်မယ်၊ အဲဒါနဲ့သာ သွားပေတော့ ဒကာကြီး။”ဟုပြောကာ ငါးရာစွန့်ကြဲလိုက်လေသည်။ ဒကာကြီးသည် ငါးရာကို လက်ခံပြီးနောက် မိမိအား ပြားပြားဝပ် ရှိခိုးကာ
“အရှင်ဘုရားရဲ့ ဥပဓိရုပ်အသွင်အပြင်ကြည့်ရတာ နောင်အခါ ဘုန်းကြီးမယ့်ရုပ်မျိုးဘဲဘုရား။”ဟု မြှောက်သွား လိုက် ပြန်သည်။ မိမိကလည်း စိတ်အတွင်းမှ
“ဒကာတော်ရေ ဦးဇင်းက အ၇င်က ဘုန်းကြီးတစ်ပါးလို အမြှောက်မကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါး ဆိုတာ ကိုတော့ သိစေချင်တယ် ဒကာကြီး”ဟု ပြောလိုက်မိသည်။
ဤအကြောင်းနှင့်စပ်သဖြင့် ရှေးက အမြှောက်မကြိုက်တတ်သော ဘုန်းကြီးတစ်ပါးရှိသည်။ ထိုဘုန်းကြီးကို ဘယ် ပုဂ္ဂိုလ်ကမှ မြှောက်ပင့်မပြောရဲပေ၊ အကြောင်းသော်ကား သူသည် အမြှောက်မကြိုက်တတ်သော ကြောင့်ပေ တည်း။ သို့သော် တစ်နေ့ ဒကာတစ်ယောက်ရောက်လာကာ
“တပည့်တော်ဘုန်းကြီးတွေ တော်တော်များများတွေ့ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းဘဲဘုရား၊ အမြှောက်မကြိုက်တတ်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးဘဲ တွေ့ဘူးသေးတယ်ဘုရား”ဟုလျှောက်သော အခါ ဆရာတော်က
“ဟုတ်တာပေါ့ ဒကာရ၊”ဟုလက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာထောက်ခံလေသတည်း။
0 comments

Read more...

သံသရာထွက် ဖြတ်ပိုင်းလက်မှတ်။



သံသရာထွက် ဖြတ်ပိုင်းလက်မှတ်

ငါ..အရာရာဘ၀ဇာတ်စုံနဲ့ ပါဝင်ခဲ့ပြီ..
နေဖို့ထက် သေဖို့ကနီး
တစ်ရက်ပြီး တစ်ရက်
ပြက္ခဒိန်က လမှနှစ်တွေပြောင်း
အိုချင်းဆိုး၊ နာချင်းဆိုး အချက်ပေး
နာရီသံချောင်းတွေက ရင်ထဲမှာ ဘလောင်ဆူထိုးနေပြီ်…။

အသက်တစ်ရာမနေရ
အမှုတစ်ရာ တွေ့ရမည်တဲ့
ပြုလုပ်တော့ တစ်ဦးတည်း
ဝိုင်းစားကြတော့ အများ
သံသရာအ၀ိုင်းပြေးပွဲမှာ တစ်ဦးတည်း
ကြွေးဆပ်ပြီး ခေါင်းပြောင်းခံနေရတာက ငါ…ငါ…။

တော်ပါပြီ….ငါကို ခ၀ါချ
ကမ္ဘာကြီးပျက်မဲ့သတင်းထက်
ကိုယ့်ခန္ဓာကိုယ်ကိုသတိထား စူးစူးစိုက်စိုက်နဲ့
ရုပ်၊နာမ်နှစ်ပါးကို ဥာဏ်နဲ့ကြည့်
ဆရာတော်ဘုရားကြီများဟောကြားတဲ့
အသိတရား အရှိတရားဖြစ်၊ပျက်တွေကို
ခန္ဓာဥာဏ်ရောက် တကယ်သဘောပေါက်ဖို့
ယနေ့ကစလို့ တစ်နေ့(၂)နာရီ
မပျက်၊မကွက် တရားထိုင်ပါတော့မည်……။

ကိုဖိုးသား ပေးထားသော မြစိမ်းတောင်ဆရာတော်ဘုရားကြီး၏ တရားတော်များအား ဤကဗျာဖြင့် ပူဇော်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၂)ရက် ညနေ(၄)နာရီ ရေးသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP