* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 11, 2010

စိတ်တူ ကိုယ်တူ။

အဲ့ဒီ နေ့လည်ခင်းပေါ့
မျက်နှာစုံညီနဲ့ တွေ့ခဲ့ခြင်းပါ။
အပူတွေလည်း မပါ
အယူတွေလည်း မပါ
ဘယ်လောက် ခမ်းခမ်းနားနားရှိသလဲဆိုတာ
ရင်ဘတ်တွေကို ဇစ်ဆွဲပြီး
ဖွင့်ကြည့်စရာ မလိုဘူး
မျက်နှာချင်းဆိုင် အပြစ်ပြောလို့ရတဲ့
ရင်းနှီးမှုများ။

အသေအချာပါပဲ
နောက်နေ့လည်း ဒီရင်ဘတ်နဲ့
ဒီခံစားမှုပဲဆိုတာ။
သူသူကိုယ်ကိုယ်တော့
သူ့ရင်ဘတ် ကိုယ်ဖတ်
ကိုယ့်ရင်ဘတ် သူဖတ်
ရှိခဲ့ဖူးမှာပါ။
အစွန်းအထင်းတွေနဲ့အတူ
ဘာပြောမှာလဲ
ရင်ဘတ်ကို ရင်ဘတ်နဲ့ ဖတ်ခဲ့မယ်ဆိုရင်ပေါ့။

ရင်ဘတ်တွေ ငါ့ရင်ဘတ်မှာ နားခိုဖို့
မတောင်းဆိုဘူး
ရိုးရိုးသားသားနဲ့
ရင်ဘတ်ချင်း နားခိုတတ်ဖို့ပါပဲ။
အဝေးကြီး မဟုတ်ပါဘူး
နီးနီးလေး ရှိနေတတ်မယ်ဆိုရင်ပေါ့။

တကယ်ပဲ
တယုတယ လွမ်းတယ်။


ရည်ညွန်း။ ။ ရင်ဘတ်ချင်း နီးတတ်လွန်းတဲ့ သူငယ်ချင်းများသို့

Read more...

ပညာရှိတို့သည်...

ဗန္ဓနသုတ်

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏


ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင့်၊ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သောသူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ် ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင်၊့ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သော သူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏'' ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည်
ထိုအကြောင်းကိုသိ၍
ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏

''သံဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ သစ်သားဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နားတောင်းတို့၌ လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌ လည်းကောင်း အလွန်အမင်း တက်မက်နှစ်သက်သည် ဖြစ်၍ အကြင် ငဲ့ကွက်ခြင်းသည် ရှိ၏။ အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ 121

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏ ဟု ရွတ်ဆိုတော်မူ၏။


၁ဝ - ဗန္ဓနသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဒါလေးပြောချင်လို့... ရုပ်သံ

ဦးသုမင်္ဂလ (ဒယ်အိုး)

ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မဟာစည်ရိပ်သာတွင် ဟောကြားတော်မူသော

ဒါလေးပြောချင်လို့...

သာသနာတော်နှစ် ၂၅၅၃ တော်သလင်း လဆန်း ၄-ရက် 23.8.2009


video




video



တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

အိန္ဒိယနိုင်ငံနှင့်ဗုဒ္ဓဘာသာ

Read more...

“မြတ်ဗုဒ္ဓ၏ ဓမ္မအနှစ်ချုပ်ကို ဟောပြတော်မူပါ”

မိမိသည် ပြီးခဲ့တဲ့ သီတင်းကျွတ်လက မိဘနှစ်ပါး ဆရာသမားများ ဆွေမျိုးများ ဓမ္မမိတ်ဆွေများနှင့် တွေ့ရန်အ လို့ငှာ မြန်မာပြည်သို့ ပြန်ကြွသွားခဲ့သည်။ မြန်မာပြည်မရောက်တာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခေါက် တော့ တော်တော် ကြာကြာနေလိုက်အုံးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်လည်း ကြာကြာမနေ လိုက်ရပါ၊ စင်္ကာပူမှာ သာသနာပြုနေတဲ့ သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ဦးဝိစိတ္တမှ စင်္ကာပူကြွရန် ဖိတ်မန်တက ပြုလာသည့် အတွက် စင်္ကာပူဘက်လှမ်းခဲ့ရပြန်သည်။ စင်္ကာပူမှာနေစဉ် ဆမ်ဘာဝမ်းဘက်က သူငယ်ချင်းများ ဖြစ်ကြတဲ့ ဆရာတော်ဦးဣန္ဒာစရိယ ဦးပဏ္ဍ၀ ဦးသုနန္ဒတို့ရဲ့ကျောင်းဘက်သွားနေလိုက်။ ဆရာတော်ဦးဝိစိတ္တ ကျောင်းနေ လိုက်နဲ့ တစ်လသည်ကား ဘယ်လိုပြည့်လို့ ပြည့်သွားမှန်းမသိလိုက်ပါ။ သူငယ်ချင်းများကလဲ မတွေ့တာကြာ ပြီဖြစ်တဲ့အတွက် သူတို့နဲ့ ကြာကြာနေစေချင်ကြသည်။ သို့ဖြစ်သည့်အတွက် နှစ်လလောက်တော့ နေလိုက်မယ် လို့ ဆုံးဖြတ်ချက်ချထားသည်။ သို့သော် နောက်တစ်ကြိမ် ဗီဇာအလျှောက် စင်္ကာပူအစိုး၏ ငြင်းပယ် ခြင်းကို ခံခဲရသည့်အတွက် အိန္ဒိယကို ပြန်လှမ်းကြွခဲ့ရပြန်သည်။ နောက်ဆုံးတော့ ဒီဘူတာဘဲ ပြန်လည်ဆိုက်ကပ်ရတော့တာပါဘဲ၊ သို့ဖြစ်သဖြင့် စင်္ကာပူမှ မနက်(၇)ခုနှစ်နာရီးထွက်သော လေယာဉ်ဖြင့် မွန်ဘိုင်းသို့ ခရီးဆက်ခဲ့ရပြန်သည်။ မွန်ဘိုင်း (ဘုံဘေ)လေဆိပ်ဆိုက်တော့ မိမိစဉ်းစာမိသည်ကား
“အကယ်၍ imigration ဌာနကို ဖြတ်မယ်ဆိုလျှင် လူကြီးတွေထိုင်တဲ့ နေရာကို သွားတန်းလို့မဖြစ်ဘူး၊ သူတို့က ရစ်ချင်တယ်၊ လူငယ်ထိုင်တဲ့ နေရာမှာဘဲ တန်းမယ်”လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကံအားလျှော်စွာဘဲ လူငယ် တစ်ယောက်ကို အဝေးက မြင်လိုက်သည်။ သို့ဖြစ်၍ ထိုလူငယ်ထိုင်တဲ့ နေရာကို သွားတန်းလိုက်သည်။ လူငယ်သည် မိမိကို စစ်ဆေးသင့်တာများကို စစ်ဆေးပြီးနောက် မိမိအကြောင်း ဗုဒ္ဓဘာသာအကြောင်းများကို မေးလာလေသည်။ နောက်ဆုံး သူသည်
“မြတ်ဗုဒ္ဓရဲ့ ဓမ္မကို အကျဉ်းချုပ်ကလေး ရှင်းပြခဲ့ပါအုံးဘုရား”ဟု တောင်းဆိုလာသဖြင့် မိမိသည်
“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ဆိုတဲ့ ဂါထာဟာ မြတ်ဗုဒ္ဓ၏ တရားတော်တွေကို အနှစ်ချုပ်ထားတဲ့ ဂါထာဖြစ်တယ်။ အဓိပ္ပာယ်ကတော့
(၁) မကောင်းတာကို မပြုလုပ်နဲ့၊
(၂) ကောင်းတာကို ပြုလုပ်ပါ၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ ဒီတရားဟာ မြတ်စွာဘုရားတိုင်းရဲ့ အဆုံးအမပါဘ၊ဲ ဒါဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ အနှစ် ချုပ်ဘဲဖြစ်တယ် သူငယ်ချင်း ”ဟု ရှင်းပြကာ ထွက်ခွါလာခဲ့ပေသည်။ ထိုဒကာလေးသည်လည်း ပီတိ အပြည့်ဖြင့် ကျန်ခဲ့လေတော့သည်။ ဤနေရာတွင် မေးစရာအကြောင်းရှိလာသည်။ အရှင်ဘုရား (၁)နံပါတ်အရ မကောင်းမှု ဆိုတာ ဘာတွေကို ဆိုလိုတာလဲ ဘုရားဟု ဓမ္မအသိဥာဏ်နည်းသော ပုဂ္ဂိုလ်တစ်ဦးက မေးကောင်း မေးလာနိုင်သည်။ ထိုအမေးကို အနည်းငယ်ရှင်းပြပေအံ့။
မကောင်းမှုဟူသည် အကုသိုလ်တရားများကို ဆိုလိုသည်။ ထိုအကုသိုလ်တရားများသည်ကား
(၁) သူများအသက်ကို သတ်ခြင်း၊
(၂) သူများဥစ္စာကို ခိုးခြင်း၊
(၃) ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်ခြင်း၊ ဤသုံးပါးကို ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)သုံးပါးဟုခေါ် သည်။
(၄)မမှန်သော စကားကို ပြောဆိုခြင်း၊
(၅)သူတစ်ပါးကို သွေးကွဲအောင် ကုန်းတိုက်ခြင်း၊
(၆) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
(၇) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်သော စကားကို ပြောဆိုခြင်း၊ ဤလေးပါကို ၀စီကံ(နှုတ်ဖြင့် ပြောဆိုခြင်း) လေးပါးဟုခေါ်သည်။
(၈) သူတစ်ပါးကြီးပွားသည်ကို ငြူစူခြင်း၊ မနာလိုဖြစ်ခြင်း၊
(၉) သူတစ်ပါးကို ပျက်စီးအောင်ပြုလုပ်ခြင်း
(၁၀)အယူမှားခြင်း။ ဤသုံးပါးကိုတော့ မနောကံ(စိတ်ဖြင့် ကြံစည်ခြင်း) သုံးပါးဟုခေါ်သည်။ ပေါင်း ဤတရား (၁၀)ပါးကို အကုသလကမ္မပထတရား(၁၀)ပါးဟု ခေါ်ဆိုပါသည်။ လူသားတိုင်းသည် ထိုတရား ဆယ်ပါးကို မလွဲ မသွေ ရှောင်ကြဉ်ရမည်ဖြစ်ပေသည်။ ယနေ့ ကမ္ဘာကြီးကို ကြည့်မည်ဆိုလျှင် ထိုတရားဆယ်ပါးကို ရှောင်ကြဉ်ရန် လျစ်လျှူရှုနေကြသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက် နေကြသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကကြီးငြိမ်းချမ်းစေရန်အလို့ ငြိမ်းချမ်းရေးတရားများကို ကိုယ်တော်တိုင် ရှာဖွေဖော်ထုတ်ဟောကြားတော်မူခဲ့ပေသည်။ လိုက်နာရှောင်ကြဉ်ရန်သည်ကား မိမိတို့၏ တာဝန်သာ ဖြစ်ပါပေသတည်း။
(ဆက်ရန် ) ပုံပြင်တစ်ပုဒ် ဓမ္မဆောင်းပါး တစ်ပုဒ် အလှည့်ကျ တင်ပြသွား ပေအံ့။

Read more...

သဗ္ဗညုတဉာဏ်တော်စွမ်းအား (ကျက်မှတ် ပူဇော်ဖွယ်)

Wednesday, March 10th, 2010 | Author: admin

ဒီနေ့ ဆရာတော်ဦးကောသလ္လ ရဲ့ ၂၀၀၆ ခုနှစ်က.ဟောထားတဲ့.ပဋ္ဌာန်းတရားတော်ကို နာဖြစ်ပါတယ်..
မှတ်သားစရာတွေ ရလိုက်ပါတယ်..ဒါနဲ့..
ဆရာတော်ကြီး..အရှင်ဇနကာဘိဝံသ ရဲ့..အခြေပြုပဋ္ဌာန်း အီးဘွတ်လေးကို ခဏလောက် ဖွင့်ကြည့်ဖြစ်လိုက်တယ်..
အဲစာအုပ်ထဲက..စာပိုဒ်လေး တခုက.အရမ်းကို ထိမိပြီး..ကြည်ညိုဖွယ်ကောင်းတဲ့အတွက်..ဘလော့ဘ်ပေါ်ကို..
ချက်ချင်းပဲတင်ချင်စိတ်ဖြစ်သွားတယ်..
အဲစာပိုဒ်လေးက..မြတ်ဗုဒ္ဓ ရဲ့..သဗ္ဗညုတဉာဏ်တော်ကြီးကို ပူဇော်ထားတာပါ..ဖတ်ကြည့်လိုက်ရုံနဲ့တင်..
ဘုရားရှင်ကို ကြည်ညိုစိတ်တွေ တိုးပွားနိုင်တဲ့အတွက်ကြောင့်…မဖတ်မိဖူးတဲ့သူများ..ဖတ်ဖြစ်သွားအောင်..
ပြန်ရေးလိုက်တာပါ..
ကျက်မှတ်ထားစရာလည်းကောင်းသလို..ဘုရားရှိခိုးတဲ့အခါ..ထည့်သွင်းပြီး..မြတ်ဗုဒ္ဓကို.. ပူဇော်မယ်ဆိုရင်..
နေ့တိုင်း ကြည်ညိုစိတ်တွေတိုးပွားနိုင်ပါတယ်…

သဗ္ဗညုတဉာဏ်တော်စွမ်းအား “ပူဇော်”
  1. သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်,
    အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
  2. သိသည့်တရား, အများအပြား၌, ဟောထား
    စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်,
    အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
  3. ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒ စရိုက်,
    သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်,
    သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
  4. သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများဝေနေ,
    ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်,
    ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်,
    စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင်
    ငါတို့ဘုရားတည်း။

စာ၃၃-အခြေပြုပဋ္ဌာန်း- အရှင်ဇနကာဘိဝံသ

အရှေ့က..ကျွန်တော်ရဲ့ ပို့စ်မှာလည်း ဘုရားရှင်သဗ္ဗညုဉာဏ်တော်စွမ်းအား သုံးပါးကို ရေးထားခဲ့ပါသေးတယ်..
အခု စာပိုဒ်လေးယှဉ်ကြည့်ခြင်းအားဖြင့် ပိုပြီး မှတ်ရလွယ်သွားပါလိမ့်မယ်။

Read more...

ဂျာမဏီမြေပေါ်က ခြေလှမ်းများ (၁၂)

စပ်ရာ စပ်ရာ ကွစိ ကွစိ

အပိုင်း ( က)


ဟို...အတိတ်ဆီတုံးက ကြားဖူးခဲ့တာ။ သူများအကြောင်းတော့ မပြောတတ်ပါ...စပ်မိ စပ်ရာ ကွိစ ကွစ...တဲ့။(သီချင်း) သီချင်းထဲမှာတော့ ...တော့ မပြောတတ်ပါ လို့  ပြောထားပေမယ့် သူများ အကြောင်း နဲ့ ပါတ်သက်ပြီး ဆိုထားသလိုပဲ...။ ဘာလဲတော့မသိ ။ အဟိ။ ကွိစ ကွစ- တဲ့။

ကိုယ်ကတော့ ပြောလိုက်ချင်ပါတယ်။ ကိုယ်အကြောင်းကိုပဲ ပြောချင်တယ်။ စပ်ရာ စပ်ရာ ကွစိ ကွစိ။

စနေနေ့ ဓမ္မသင်တန်းမှာ သင်ပေးတဲ့သုတ်ကတော့ ဗောဓိရာဇကုမာရ သုတ်။ အရင်တစ်ပါတ်က မပြီးသေးတဲ့ သုတ်ပါ။ အရင်တစ်ပါတ်ကတော့ သင်ရင်းနဲ့ လွယ်ကူသော အကျင့် လျဉ်သော အသိ ဉာဏ် ဆိုပြီး အတွေးပေါ်ခဲ့တဲ့အတိုင်း ဆောင်းပါးတစ်ပုဒ်ရေးဖြစ် သွားတယ်။

ခုလည်း စာသင်ရင်းနဲ့ ပေါ့။ ဗောဓိသတ္တ ဘုရားလောင်းဟာ ဦးရာမရဲ့ သား ဆရာကြီး ဥဒက ရသေ့ထံ တရားရှာဖွေခဲ့ရာ ကာလာမနွယ်ဖွား ဆရာကြီး အာဠာရထံ သင်သလိုပဲ တတ်မြောက်တာ က လွယ်လင့်တကူ ဈာန်အကျင့် တရားကို ရရှိသွားပါတယ်။ အာဠာရ ဆရာကြီးရဲ့  အကျင့် လမ်းစဉ် က အရူပဘုံ တတိယဘုံ ဖြစ်တဲ့ အာကိဉ္စညာယတန ဘုံစံရမယ်။ နောက်ထပ်တွေ့ တဲ့ ဆရာကြီး ဥဒက လမ်းစဉ်ကတော့ နေ၀သညာနာသညာယတန ဘုံကိုစံစားရမယ်။ အရူပစတုတ္ထဘုံ။ အမြင့်ဆုံးဘုံပေါ့။

ဒီလိုပြောလိုက်ရင် တို့  မြန်မာတွေပဲ ဗဟုသုတရှိသူတို့ သာ နားလည်မှာပေါ့။ ဓမ္မဗဟုသုတ အပါးမ၀ သေးတဲ့သူတို့ ကျ ဒီက လူတွေကို ပြောသလို ရှင်းပြရပါလိမ့်မယ်။

ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ အဆိုရှိတဲ့အတိုင်းပဲ ဘုံက (၃၁)ဘုံ ရှိပါတယ်။ အဲဒါတွေက အပါယ်လေးဘုံ- ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်။
ကာမသုဂတိ ခုနှစ်ဘုံ-၁။ လူ့ ဘုံ၊ နတ်ဘုံ ခြောက်ဘုံ ၁။ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၀သ၀တ္တိ။
ရူပ ဆယ့်ခြောက်ဘုံ-ဗြဟ္မပါရိသဇ္ဇာ၊ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊( ပဌမဈာန်သုံးဘုံ)။
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ ( ဒုတိယဈာန်သုံးဘုံ)။ ပရိတ္တသုဘာ၊အပ္ပမာဏသုဘာ၊သုဘကဏှာ (တတိယဈာန်သုံးဘုံ)။
ဝေဟပ္ဖလာ၊ အသညသတ်ဘုံနှင့် သုဒ္ဓါဝါသ ငါးဘုံ ( စတုတ္ထဈာန်ဘုံ)။
သုဒ္ဓါဝါသငါးဘုံဆိုတာ အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာဘုံ။
အရူပလေးဘုံ= အာကာသာနဉ္စာယတန၊ ၀ိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေ၀သညာနာ သညာယတန ဘုံတို့ဖြစ် ပါ တယ်။


သူတို့ ကိုတော့ ဒီလောက် အကျယ်ကြီး မပြောဘူး၊ သုံးဆယ့်တစ်ဘုံ ဆိုတာ အပါယ်လေး ဘုံရယ် ၊ လူ့ ဘုံရယ်၊ ပြီးတော့ နတ်ဘုံကခြောက်ဘုံ၊ ရူပဘုံ ဆယ်ခြောက်ဘုံ၊ အရူပလေးဘုံလို့  ပြောလိုက်တာပါ။

ဘုံဆိုတာ ဘူမိပါဠိကလာတာပါ။ ဒီနေရာမှာ နေရာအရပ်ကို ဘူမိ-ဘုံ လို့  ဆိုရမှာပါ။ ဘူမိဆိုပြီး မြေကြီး လို့ မှတ်မှာစိုးရတယ်လေ။ ဘူမိဗေဒ၊ ဇလဗေဒ ဆိုတဲ့ ဘာသာရပ်တွေက လူများအဖို့ နားယဉ် ပြီးသားကို။

ခုဒီလို ပြောလိုက်တော့ အရူပဘုံ ဆိုတာ အရူပ ဗြဟ္မာတို့  နေရာ အရပ်ဒေသ ဆိုတာ သိသွားပြီပေါ့။
ဘုရားမပွင့်မီ နှင့် ပွင့်ဆဲ ကာလမှာ ဒီဗြဟ္မာကိုပဲ ဖြစ်ချင်ကြတာပါ။ ဗြဟ္မာကိုလည်း အားကိုးတယ်။ အားကိုးကြတဲ့အတိုင်းလည်း ရှိခိုးရိုသေကြတာပေါ့။ ဗြဟ္မာတို့ သက်တမ်းဟာ ကမ္ဘာနဲ့  ချည်ပြီး ရှည် လျားပါတယ်။

ဒါကြောင့်လည်း လူတိုင်းက ဗြဟ္မာ ဖြစ်ချင်ကြတာလည်းပါတယ်။ ခုဆရာကြီးတို့  ကျင့်တာလည်း ဗြဟ္မာ ဖြစ်ကြောင်း လမ်းစဉ်တွေပါပဲ။မြတ်စွာဘုရားကတော့ မိဘတွေကို ဗြဟ္မာနှင့်တင်စားထားတာ ရှိတယ် ဆိုတာ ရှင်းပြခဲ့တယ်။ အင်္ဂုတ္တရနိကာယ် တိကနိပါတ်မှာပေါ့။ ဗြဟ္မာဆိုတာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ဗြဟ္မစိုရ်တရား ရှိလို့  ၊ ဗြဟ္မစိုရ်တရားပွါးများနေလို့ ဗြဟ္မာခေါ်တာပါ။

အဲလိုပဲ မိဘဆိုတာလည်း သားသမီး အပေါ်မှာ ၀မ်းမှာလွယ်ကတည်းက မေတ္တာ ရှိပြီးသား။ သားသမီး ဒုက္ခရောက်မှာစိုးပြီးသား။ သားသမီး ဒုက္ခရောက်တာ မြင်လည်း သနားစိတ် အပြည့်ရှိပြီးသား။ သားသမီးကြီးပွါးတာ မြင်ရလျင်လည်း ပျော်တပြုံးပြုံး မော်မဆုံး နိုင်တဲ့ မုဒိတာ တင်းပြည့်ကျပ်ပြည့်။ လျစ်လျု ရှုရမည့် အချိန်ရောက်တော့လည်း သူ့ ကြင်ဖော်နဲ့ သူ ရှိပါစေ၊ နေနိုင်ကြပါပီလေ ဆိုတဲ့ ဥပေက္ခာ ထားကြတယ် လို့  ရှင်းပြပါတယ်။

ဒီနေရာမှာ နှိုင်းယှဉ်ပြခဲ့ပါတယ် ။ ဗုဒ္ဓဘာသာ ဖြစ်တဲ့ မြန်မာ ထိုင်း သီရိလင်္ကာ နိုင်ငံတို့ နဲ့  အနောက် နိင်ငံများကိုပေါ့။ မြန်မာနိုင်ငံလို့ ချည်း ပြောလို့ က မဖြစ်ဘူး။ သင်တန်းသားက ထိုင်းပါနေတော့ အစုံထည့်ပြောလိုက်တာပေါ့။ သတိထားရတယ်ဗျို့ ၊ မြန်မာ မြန်မာ လို့ ချည်းသာ ပြောရင် တပည့် တော်မတို့ နိုင်ငံလည်း ဒီတိုင်းပဲလို့  ထပြောရင် ခက်မယ်။ (မြန်မာလိုတွေးကြည့်တာပါ)။ ခုတော့ သူနိုင်ငံပါသွားတော့ ခေါင်း တဆတ်ဆတ်ပေါ့။

ယှဉ်ပြီး ရှင်းပြတာက ဒီလိုပါ။ မာဃ ပူဇာ ဒေး က ခဏနားချိန် လူတွေနဲ့ လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။ တရားသဘော ပြောရင်း လောကီရေးရာတွေပါ ပါသွားတယ်ပေါ့။ လောကီရေးရာဆိုတာက ဒကာက ဒီလို စပြောတယ်။ သူမှာ သမီး အသက် (၁၇)နှစ်ရှိပြီ။ သူ ကျောင်းထားပေးနေတာပေါ့။ နောက်တစ်နှစ်ဆိုရင် လွှတ်လို့  ရပြီတဲ့လေ။

( ၁၈ ) နှစ်ကျော်ရင် သား သမီး စိတ်ကြိုက် လွတ်လပ်စွာ နေလို့ ရတယ်။ ယောကျာ်းပျိုမှ
မဟုတ်ဘူး၊ မိန်းမပျိုလေးလည်း ကိုယ့်တိုက်ခန်းနဲ့ ကိုယ်ခွဲနေလို့ ရတယ်။ ခွဲနေကြတာလည်း ရှိတယ်။
ဟုတ်လားပေါ့။မသိသလိုလို နဲ့  စိတ်ဝင်စားစွားနားထောင်ခဲ့တယ်။

ကိုယ်တို့ နိုင်ငံမှာတော့ အဲလို မဟုတ်ဘူး။ သား သမီးတင် မကဘူး၊ မြေး မြစ် တွေထိ လွှတ်မထား ဘူး။ တီ၊ တွတ် ၊ ကျွတ် ၊ကျွတ်ဆက် ထိ မိဘတွေက အသက်ရှင် မယ်ဆိုရင် စောင့်ရှောက်အုံးမှာလို့ တောင်ပြောလိုက်ချင်သေးတယ်။ (မြေးရဲ့ သားသမီးသည် မြစ်၊ မြစ်ရဲ့ သားသမီးသည် တီ၊ တီ.. တွတ်..ကျွတ်..ကျွတ်ဆတ် လို့  အဆင့်ဆင့်ရေတွက်ပါ )။ မြန်မာတွေရဲ့  နွေးထွေးမှု မေတ္တာ ကြီးမာ တာကို တအားကြီးကို ထည့်ကြွား ချင်လိုက်တာ။ နဲနဲလေးလောက်ပဲ အမှန်တိုင်းပြောခဲ့တယ်။ ကြွားတာက ပိုပြောခြင်း တစ်မျိုးပဲလေ။ အမှန်တိုင်းပဲ ကောင်းတာပေါ့နော်..။ ဟုတ်ဘူးလား။

တကယ်တော့ မြန်မာတွေ သားသမီးကို စိတ်ချလက်ချ လျစ်လျု ရှုတာ က မဆိုစလောက် လျစ်လျု တာပါ။ အေးပေါ့လေ။ တစ်မျိုးစီတော့ ကောင်းမှာပါ။ အားနည်းချက် အားသာချက် ရှိမှာပါလို့ ။ ဘာလို့  ဒကာက အဲလို လျစ်လျူရှုရတာလည်း သူ့ ကို မေးကြည့်တော့ ( I ) အိုင် တုန်းကလည်း ဒီလိုဘဲ မိဘတွေက လွှတ်လိုက်တာ။ လွတ်လပ်ခွင့်ပေးလိုက်တာ။ အေးပေါ့လေ လောက်ပဲ ပြန်ပြော လိုက်ပါတယ်။

ဒါတော့ ထည့်ပြောလိုက်တယ်။ ကြီးလာရင် လူကြီးတွေဟာ အထည်းကျန်တယ်။ အဲဒီအခါ သားသမီးတွေ လိုလာတယ်။ မိဘဖြစ်သူထဲက ယောကျာ်းက ပထမသေမယ်။ ဒါမှ မဟုတ် မိန်းမက ပထမ သေရင်ကွာ တစ်ယောက်ထဲ ဘယ်လို လုပ်ပါ့မလဲပေါ့။ သူကတော့ ညိမ်သွားတယ်။ ကျောင်းလည်း ရောက်ခါနီးနေတာနဲ့  ပြောလက်စ စကား ပြတ်သွားတယ်။

အဲဒီအကြောင်းကို စာသင်တုန်း ထည့်ပြောပြလိုက်တယ်။ ဒါပေမယ့် အဲဒီနေ့  စာသင်တာက မပြီး သေး... နောက်ထပ် စပ်ရာ စပ်ရာ ကွစိ ကွစိ များ ရှိပါသေးတယ်။ အချိန် ဆင်းရဲနေလို့  ဒီလောက်နဲ့ ပဲ ရပ်နားလိုက်ပါအုံးမယ်။

နောက်ထပ် စပ်ရာစပ်ရာ ကွစိ ကွစိ များ အားပေး စောင့်မျှော် ဖတ်ရှုကြလေကုန်။

မှတ်ချက်။ ။ကွစိ ဆိုသည်မှာ အချို့ ။ တစ်ချို့ လို့ မြန်မာလို ဆိုလိုပါတယ်။ ဒီလိုဆိုတော့ စပ်ရာ စပ်ရာ ကွစိ ကွစိ ။ ပါဠိ နဲ့  မြန်မာ ရောသမ မွှေထားတာပါ။

မြတ်ရောင်နီ
(၀၉၊၀၃၊၂၀၁၀)

Read more...

INTRODUCTION TO INSIGHT MEDITATION 11

COMPANY AND ROUTINE

Meditating with a few friends at regular times can be a great support towards constancy of practice and development of wisdom. The solitary meditator eventually faces diminishing will-power, as there's often something else to do that seems more important (or more interesting) than watching the breath. Regular group meditation for an agreed-upon duration keeps the participants going, regardless of their flux of moods. (The investigation of these shifts of disposition often yields important insights, but on our own we can find it difficult to persevere with them.) As well as seeing the personal benefits, you can reflect that your efforts are helping others to keep practicing.


(to be continued....)

INTRODUCTION TO INSIGHT MEDITATION (FROM 1 TO 10)



Read more...

ကိုယ်ပိုင်ဝယ်ထားတဲ့ လောကီ


ထိုင်လက်စမပျက်ရုံလေးပဲ
ဒါပေမယ့်
စွဲလမ်းတယ်။

ဆက်ထိုင်ဦးမလားတဲ့။

လွယ်လွယ်ပဲ
ခေါင်းခါမိသေး။

ဓမ္မဂင်္ဂါ
၁၀-၃-၂၀၁၀ ညနေ

Read more...

This is a Happy Moment

First retreat

April 13 – 17, 2010

at Nakorn Nayok – Wangree Resort

Family retreat for 6 – 14 year olds (must be accompanied by an adult)

Adults 4200 THB, Children 2000 THB

Monastics go free! (so good time to get ordained!)

Followed by:

Second retreat

May 1-3

at Nakorn Nayok

Buisness Retreat

Cost 12 000 THB

Click here to link to more information in Thai and English

Read more...

တပေါင်းလပြည့် အမှတ်တရများ



တပေါင်းလပြည့်နေ့
သီတဂူဆရာတော်ကြီး၏ သက်တော် (၇၃) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်၊ မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြသည်။ ကျောင်းအမ တစ်ယောက်ရဲ့ ကောင်းမှုကြောင့် ဓာတ်ပုံအချို့ ရရှိပါသည်။

အပြုံးပန်းနှင့် တပည့်သားသမီးတွေအား နုတ်ဆက်





ပေးဝေခြင်းဖြင့် သာသနာပြု (Ministry)





သီတဂူမိသားစု အထက်အောက် မြန်မာ ပေါင်းစု ကောင်းမှုပြုတဲ့ပွဲ






စစ်ကိုင်းက အပြန် ဟိုင်းကြီးကျွန်းကို ခရီးဆက်ခဲ့ကြပါတယ်၊ ဆရာတော်ကြီးဦးဆောင်ကာ တပည့်ဒကာဒကာမများသည် ထိုကျွန်းမှာ နာဂစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော စေတီဘုရား ပုထိုးများနှင့် စာသင်ကျောင်းများ ပြုပြင်ပြီး ရေစက်ချ အလှူပွဲများ ခန်းနားစွာပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို လိုက်ပါသွားရနေရသဖြင့် ဓာတ်ပုံပို့မှုများ နောက်ကျနေပါသည်။


ဓာတ်ပုံများ ပေးပို့သော အစ်မ စပယ်အား အထူးကျေးဇူးတင်ပါသည်။
သီတဂူစတား
၁၀-၃-၂၀၁၀



Read more...

လူငယ်များကို ဦးစားပေးသော ဗုဒ္ဓ၀ါဒ

ဗုဒ္ဓ၀ါဒ ဟူသည် လူငယ်များကို ဥိးစားပေးသောဝါဒ၊
လူငယ်များကို နေရာပေးသော ၀ါဒပင် ဖြစ်ပေသည်။
မြတ်စွာဘုရားသည် တရားဟောတော်မူရာ၌ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန်တို့ကို
လက်ျာလက်ဝဲရံ၍ ရှေ့ဆုံးတန်းမှာ နေရာပေးတော်မူပါသည်။
ဒုတိယတန်း၌မူ အညာသိကောဏ္ဍည မထေရ်ကြီးက မြတ်စွာဘုရား၏ နောက်တည့်တည့်မှ
ထိုင်ရပြီး ထိုမထေရ်ကြီး၏ လက်ဝဲလက်ျာ၌ သံဃာတော်များ နေရာယူကြရပေသည်။
သက်တော်ရ မထေရ်ကြီးကို နောက်မှာထားပြီး အဂ္ဂသာဝက နှစ်ပါးကို ရှေ့ဆုံးတန်းမှာ ၀န်းရံထား
ခြင်းသည် အရည်အချင်းရှိသော လူငယ်များအပေါ်ထားရှိသော ဗုဒ္ဓ၏ စိတ်နေသဘောထားကို
ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။
ဤသာဓက ကို ကြည့်ရှူ့၍ ဗုဒ္ဓ၀ါဒ သည် လူငယ်များကို ဦးစားပေးသော ၀ါဒ ဖြစ်ကြောင်း
သိသာထင်ရှား လှပေသည်။

လူငယ်များသည် သွက်လက်သည်၊ ထက်မြက်သည်၊ ရိုးသားသည်၊ ကြိုးစားသည်၊ နိုးကြားသည်၊
တိုးပွါးသည်၊ သစ္စာကို မြတ်နိုးသည်၊ ဓမ္မကို မြတ်နိုးသည်၊
သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာတို့၌ လူငယ်နှင့် လူကြီး လုံးဝမတူညီပေ။
လူငယ်များသည် လူကြီးများထက် ဣနြေ္ဒသိက္ခာနှင့် ကိုယ်ကျင့်တရားဘက်က အားနည်းသူများ
ရှိကောင်းရှိပေလိမ့်မည်။ သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာ၌ကား လူကြီးများက
လူငယ်များကို လုံးဝမမှီနိုင်၊ လုံးဝမယှဉ်နိုင်ပါပေ။

ထိုလူငယ်များ သစ္စာလမ်းမပေါ်၌ မားမားမတ်မတ် ရပ်တည်နိုင်ရန်၊ ဓမ္မလမ်းကြောင်းအတိုင်း
ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန် အကောင်းဆုံးသော နည်းလမ်းမှာ ရေဆန်ကို
လှော်ခတ်ပြခြင်းပင် ဖြစ်ပါသည်။ ရေဆန်ကို လှော်ခတ်ရာ၌ သတိရှိရသည်၊ ၀ိရိယရှိရသည်၊
အားမာန်သတ္တိတို့ အပြည့်အ၀ရှိရသည်။ စိတ်ဓာတ်ကြံ့ခိုင်ရသည်၊ ဇွဲကြီးရသည်၊ အကြံဥာဏ်
ကောင်းရသည်၊ သို့မှသာ လိုရာခရီးသို့ အရောက်တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ဗုဒ္ဓ၀ါဒ အရ သာသနာပြုခြင်းဆိုသည်မှာ ရေဆန်ကို လှော်ခတ်ခြင်းပင် ဖြစ်သည်။
ရေဆန်ကို လှော်ခတ်ခြင်းဟူသည် လောကရေစီးကြောင်းအတိုင်း လိုက်ပါမသွားဘဲ
ဗုဒ္ဓမျက်နှာကိုသာ ကြည့်ရှူ့၍ အလုပ်လုပ်ရခြင်း ဖြစ်ပေ၏။
လောကရေစီးကြောင်းဆိုသည်မှာ လာဘသက္ကာယ သိလောကကြောင့် အဂတိတရား လိုက်စားခြင်း၊
ဘုရားမျက်နှာမကြည့်ဘဲ အများမျက်နှာကိုသာ ကြည့်ရှူ့ခြင်း၊
ဓမ္မ ကို မျက်ကွယ်ပြုခြင်းပင် ဖြစ်ပေသည်။
သာသနာတော်ကြီး ရေရှည်တည်တံ့လိုပါလျှင် လောကရေစီးကြောင်းကို ပြောင်းပြန်ကူးခတ်
နိုင်ရပေလိမ့်မည်။ ထိုသို့ ပြောင်းပြန်ကူးရန် စွမ်းနိုင်သူများမှာ
လူငယ်များပင် ဖြစ်ပေသည်။

လောကရေစီးကြောင်းကို ပြောင်းပြန်လှော်ခတ်ခြင်းနှင့် ပတ်သက်၍ ဦးဇင်းတို့ ငယ်စဉ်က
ပညာသင်ရာကြားခဲ့သော မစိုးရိမ်တိုက်သစ်ရှိ မဟာနာယက ဆရာတော် ဦးရာဇဓမ္မာဘိဝံသ
အမြဲကျင့်သုံးပြီး အမြဲသြ၀ါဒပေးလေ့ရှိသည့် ဆောင်ပုဒ်လေး တခုရှိပေသည်။
ထိုဆောင်ပုဒ်မှာ “ မင်းတို့လိမ္မာဖို့ ငါမိုက်ပြမည်” ဟူ၍ ဖြစ်ပါသည်။
ထိုဆောင်ပုဒ်အတိုင်းပင် ဆရာတော် ဦးရာဇဓမ္မ သည် တပည့်များကို အုပ်ချုပ်ရာ၌ ခပ်မာမာ
ခပ်တင်းတင်း အုပ်ချုပ်လေ့ရှိပါ၏။ ထိုသို့ စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ်သော်လည်း
တပည့်များက ဆရာတော်၏ စိတ်နေသဘောထားနှင့် စေတနာအရင်းခံကို သိထားပြီး
ဖြစ်သောကြောင့် ဆရာတော်အား ချစ်ကြောက်ရိုသေသောအားဖြင့် ကြည်ညိုလေးစား
အားထားကြသည်ကို တွေရှိရပေသည်။

သို့ဖြစ်၍ အနာဂတ်သာသနာကို သန့်ရှင်းဝင်းပစွာ မြင်လိုပါလျှင် အမိုက်ခံပြီး စောင့်ရှောက်မည့်
လူငယ်များ အစဉ်မပြတ် မွေးဖွါးနိုင်ဖို့ အရေးတကြီး လိုအပ်လှပေ၏။
ဘာသာ သာသနာကို ထိပါးလာလျှင် မခံချင်သော၊ ဓမ္မကို အစွန်းအထင်း မခံလိုသော၊
ဓမ္မနယ်မြေကို တစ်လက်မမျှ အပွန်းပဲ မခံနိုင်သော သွက်လက်ထက်မြက်သည့်
လူငယ်များ ပေါ်ပေါက်လာဖို့ လိုအပ်လှပေ၏။

သို့သော် လူငယ်များ သတိထားရမည်မှာ “၀ိဇ္ဖာ”ဆိုသည့် လေးစားလောက်သည့် အရည်အချင်း
ရှိရမည်။ “စရဏ” ဆိုသည့် ကိုယ်ကျင့်တရား၊ ၀ိရိယတရားနှင့် ဣနြေ္ဒသိက္ခာပြည်စုံရပေမည်။
သို့မှသာ အနာဂတ်သာသနာကို ပုခုံးပြောင်း၍ ထမ်းဆောင်နိုင်ပေလိမ့်မည်။
သို့မဟုတ်လျှင်မူ လူငယ်များ၏ ဓမ္မကို မြတ်နိုးသည့်စိတ်၊ သစ္စာကို မြတ်နိုးသည့်စိတ်နှင့်
အားမာန်သတ္တိတို့သည် တိမ်မြုတ်ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအခါ မျှော်လင့်ချက်မရှိတော့သည့် မျိုးဆက်ကြီးနှင့် ထူးမခြားနားပင်
လောကရေစီးကြောင်းပေါ်တွင် အရှက်မဲ့စွာ မျောပါရလေတော့မည်။
ထိုသို့ဆိုလျှင် သာသနာသည် အဘယ်သို့ ရေရှည်တည်တန့် နိုင်ပါတော့မည်နည်း။
ထိုကြောင့် လူငယ်များကို ၀ိဇ္ဖာနှင့် ပြည့်စုံဖို့၊ စရဏ နှင့် ပြည့်စုံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါ၏။

Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/



Read more...

သုဇာတာထေရီ

0005052Kph0.jpg

သာကေတမြို့၌ သုဇာတာ အမည်ရှိသော သူဌေးသမီးသည် အရွယ်ရောက်လျှင် အမျိုးတူသော သူဌေးသားနှင့် ရကာ လင့်အိမ်သို့ လိုက်ပြီး ချမ်းသာစွာ နေရ၏။ တစ်နေ့သ၌ ဥယျာဉ်သို့ သွား၍ များစွာသော အခြံအရံတို့ဖြင့် ခြံရံလျက် အဝတ်တန်ဆာ နံ့သာ ပန်းပန် လိမ်းကျံ ပြုပြင် တန်ဆာဆင်ကာ ဥယျာဉ်ကစားလေသည်။

သုဇာတာသည် ဥယျာဉ်ကစားပြီး ပြန်လာသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ‘အဉ္စနဝန’ ကျောင်းတော်သို့ ဝင်၍ မြတ်စွာဘုရားအား ဖူးမြော် ကန်တော့ရသည်။ မြတ်စွာဘုရားသည် အဝတ်တန်ဆာ နံ့သာ ပန်းမန် လိမ်းကျံပြုပြင် တန်ဆာ ဆင်၍ လာသော ထို သူဌေးသမီး၏ ပါရမီဉာဏ် ရင့်ပြီးသည်ကို သိတော်မူပေသည်။

ထို့ကြောင့် ဒါနကထာ အစရှိသော အနုပုဗ္ဗီကထာ ဒေသနာကို ဟောကြားတော်မူပြီး၍ ကလ္လစိတ္တ ဖြစ်သောအခါ သာမုက္ကံသိ ကိုယ်တော်မှ ထုတ်အပ်သော ဓမ္မဒေသနာဖြင့် သစ္စာလေးပါးကို ပြတော်မူ၏။

သုဇာတာသည် ပါရမီဉာဏ် ထက်သန် ရင့်မာခြင်းကြောင့် လည်းကောင်း၊ မြတ်စွာဘုရား၏ တရားဟောပြမှု ကောင်းမွန်တော်မူခြင်းကြောင့် လည်းကောင်း၊ နံ့သာ လိမ်းကျံ ပြုပြင် တန်ဆာဆင်လျက်နှင့် မြတ်စွာဘုရား အပါးဝယ် ထိုင်နေစဉ်ပင် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာ ဖြစ်သွားလေတော့သည်။

စိတ်မှာကား ရဟန္တာ၊ အဝတ်မှာကား လူမိန်းမ အဝတ်ကို ဝတ်လျက်ပင်လျှင် ဆင်သော တန်ဆာတို့ ဆင်မြဲဆင်၍ မြတ်စွာဘုရားကို ရှိခိုးပြီး အိမ်သို့ ပြန်လာသည်။ ထို့နောက် လင်ယောင်္ကျားထံတွင် လည်းကောင်း၊ မိဘတို့ထံတွင် လည်းကောင်း ဝတ္တရား ရှိသည့်အတိုင်း ခွင့်တောင်း၍ မြတ်စွာဘုရား၏ အာဏာတော်ဖြင့် ဘိက္ခုနီ ကျောင်းတိုက်သို့ သွားကာ ရဟန်း ပြုလေသည်။ ဤကား ထေရီမ အထူးတည်း။

☺ပြီးပါပြီရှင်...။



Read more...

သာသနာပြုအတွေ့အကြုံ

စာရေးသူသည် ကမ္ဗောဒီးယားကျောင်း၌ ၂-နှစ်ကျော် နေလာခဲ့ရာ စားဝတ် နေရေး၊ ကိုယ့် ပညာ လေ့လာရေး စသည်နှင့် ပတ်သက်၍ ကိုယ် စိတ် ချမ်းသာမှု၊ ကျေနပ်မှု အြ့ပည့်အ၀ ရှိခဲ့သည်၊

ကမ္ဗောဒီးယားဆရာတော်နှင့် ပတ်သက်၍ စာရေးသူ သတိထားမိသည့် ထူးခြားချက်တစ်ခုမှာ“ အင်း.. အင်း.. အင်း. ဟူသော အသံတစ်ခုဖြစ် သည်၊ ဆရာတော်သည် လူများစည်းကားသည့် ဘာသာရေးပွဲ လမ်းသဘင်ကျင်းပချိန် အတွင်းဝယ် အင်း.. အင်း.. အင်.. ဟူသော အသံကို အကြိမ်များစွာ ပြုလေ့ရှိ၏၊ စာရေးသူသည် ဆရာတော်၏ “အင်း”ဟူသောအသံကို ပထမက သတိမထားမိပေ။ လူတိုင်း၌ အလေ့အထတစ်ခု ရှိတတ်ရာ သာမန်အလေ့ အထတစ်ခုဟု ထင်မိသည်။

ဘာသာရေး ပွဲလမ်းသဘင် ရှိသည့်အခါတွင် လူငယ် လူလတ် လူကြီး ပို၍စုံလင် ၏၊ ထို့ပြင် အဆင့်အတန်း မညီသည့် လူငယ် လူကြီးများနှင့် နိုင်ငံအသီးသီးမှ ထေရ၀ါဒ ရဟန်းတော် ကြီးငယ်များသည်လည်း ရောက်လာတွေ့ဆုံကြ၍ စကား အမျိုးမျိုး ယဉ် ကျေးမှု အဖုံဖုံဖြင့် နှုတ်ဆက်ကြ အရိုအသေပြုကြ၏။

သက်ကြီးရွယ်အို တချို့တို့သည် “ ကမ္ဗောဒီးယားယဉ်ကျေး မှု”အတိုင်း (ရှေးမြန်မာ့ဇာတ်သဘင်မှ မင်းသားများ ၀တ်စုံ ဆန်ဆန်) လုံချီ ခါးတောင်းကြိုက်ပုံကို ကျား-မ ပုံတူဝတ်ဆင်ကြပြီး လူလတ်ပိုင်း အမျိုးသမီးများသည် (မြန်မာအမျိုးသမီးများ ကဲ့သို့) လုံချီကိုသာ ၀တ်ဆင်ကြသည်၊

လူငယ်လေးများဒသည် ဂျင်းဘောင်းဘီ ကိုယ် စီနှင့် ဆံပင်ပုံစံသာ အနည်းငယ် ကွဲ ပြား၏။
ကမ္ဗောဒီယားအမျိုးသမီးငယ်များသည် ဆံပင်ပုံစံ အမျိုးမျိုး၊ မျက်ခုံးရောင် အသွယ်သွယ်၊ ဂါဝန်ရှည် အလီလီ၊ အထူအပါး စကတ် အစားစား၊ ဆံပင်ရောင် အရောရော၊ အသားရောင် နှုတ်ခမ်းရောင် လက်သည်းရောင် တပြောင်ပြောင် ဖြင့် မျိုးစုံအောင် “ အမေရိကန်ယဉ်ကျေးမှု”ကို တိတိပပ ခံယူထားကြ၏၊ သူတို့သည် ခမယ်စကားကို ထမင်းစား ရေသောက်လောက်သာ ပြော၍ အင်္ဂလိပ်စကားကိုသာ မိခင်ဘာသာစကားပမာ အသုံးများများ ပြုကြ၏။
ပွဲလမ်းသဘင်များသို့ ဘာသာရေးခေါင်းဆောင်များက ဖိတ်ခေါ်၍ လာကြ သော်လည်း ရဟန်းတော်များကို ဆွမ်းကပ်ပြီး ပြန်ကြသူသာ များသည်၊ တစ်ချိုံလည်း ငါးပါးသီယူ ပရိတ်နာပြီဒမှ ပြန်ကြသည်၊ ဆရာတော်ဘုရားကြီး ဘာသာရေး တရားများ ဟောကြားချိန်ဝယ် သူတို့တတွေ အပြင်ရောက်နေကြပြီး ဤသို့သော အခြေအနေ အရပ်ရပ်ကြောင့် ကရုဏာရှင် ဆရာတော်ဘုရား၏ နှုတ်တော်မှ အင်း ဟူသော အသံ ကိုသာ မကြာမကြာ ပြုမိခြင်း ဖြစ်ဟန်တူပေသည်။
စိတ်တော်၌ သိုသိပ်ထားရခြင်း များ လွန်း လာ၍သာ နှုတ်တော်မှ အသံထွက်လာရဟန်ပင်၊ ရဟန်းတော်များ၏ မြိုသိပ်မှု သည် သည်းခံမှုကို အခြေခံထားရ၍ အင်း… လောက်သာ ဆိုနိုင်ရှာမည် ဖြစ်၏။
ထိုပရိတ်သတ်ထဲတွင် အချို့လူငယ်များသည် ဆွေမျိုးနှင့် ဝေးကွာနေသူများ၊ တချို့က မိဘဆွေမျိုး မရှိသူများ ဖြစ်၍ (နှစ်သစ်ကူးပွဲမှာ သူများတွေ အလွန်ပျော်ရွှင်သ လောက်)ဆွေမျိုးမိဘမဲ့သူတို့ခမျာ ချုံးပွဲချ၍ ငိုကြရ၏။ သူတို့သည် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ၌ ချမ်ချမ်းသာသာ နေရသော်လည်း ကိုယ့်နိုင်ငံနှင့် ဆွေမျိုးကို လွမ်း ဆွတ် လာသောအခါ မည်သို့သော ပျှော်စရာကိုမျှ စိတ်မ၀င်စားနိုင်ဘဲ ဘ၀အရသာ ကို ရှာမရဖြစ်ကာ ဟောခန်းအပြင်ဘက်တွင် ဟစ်အော်၍ ငိုချလိုက်ခြင်းပင်။
အထက်ပါ မြင်ကွင်းကျယ် လူကြီးများ၏ ၀တ်စားဆင်ယင်ပုံနှင့် စိတ်နေသဘော ထား ခံယူချက်များသည်လည်း မှန်ကန်၏၊ လူငယ်များ၏ ပြုမူပုံနှင့် ခံယူချက်များသည် လည်း သဘာဝနှင့် မဆန့်ကျင်လှပေ၊ ခေါင်းဆောင်ဆရာတော်သည် အပြည်ပြည်ဆိုင် ရာ ဘာသာရေး ဗဟုသုတရှိသူဖြစ်၍ နီးစပ်ရာ ဒကာ ဒကာမများအား သူ့ဆန္ဒအရ ဗုဒ္ဓဘာသာ ပီပီပြင်ပြင် ဖြစ်စေချင်သည်မှာလည်း အမှန်ပင်၊ သို့သော် အလှမ်းဝေး ကွာလှသည့် ဒကာ ဒကာမများအား ဆရာတော်တစ်ပါးတည်းနှင့် နှံ့စပ် အောင် သာသနာမပြုနိုင်သဖြင့် တစ်ခြားဘာသာသို့ ပြောင်းသွားသူများလည်းရှိနြေိ
ပန်၏။
မိခင်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ဘာသာရေး ပွဲလမ်းသဘင် အတွင်းမှာ ပင် မထိန်းသိမ်းနိုင်တော့သည်ကို တွေ့ရသောအခါဝယ် ဆရာတော်တစ်ပါးတည်း မည်မျှ အပင်ပန်းခံ၍ ဟောစေကာမူ မလွယ်ကူနိုင်သည်ကို မြင်လာ၍ အင်း ဟု ငြီးညူ မိဟန်တူပေသည်။
ယင်းသည် အင်း သည်လည်း ကုသိုလ်ရေးအတွက်ဖြစ်၍ သက္ကပဥှသုတ္တန်လာ သေ၀ိတဗ္ဗ- ဒေါမနဿမျိုးသာ ဖြစ်နိုင်ပေသည်၊ မည်သို့သော အခြေအနေ ရှိစေကာမူ သာသနာ့ဝန်ထမ်း ပီပီ ရှေ့ဆက် တရားဟောရန် တာဝန်တခုသည်ကား ဆက်လက် တည်ရှိလျှက်ပင်၊ “အာဂတော ဘာရော အ၀ဿံ ၀ဟိတဗ္ဗော”“ဟူသကဲံသို့ ကိုယ်ကျရာ တာဝန်ကို ထမ်းဆောင်နိုင်ရန်သာ စိတ်အားကိုယ်အား တင်ထားရပြီး သူများတွေ လိုက်နာသည်ဖြစ်စေ ၊ မလိုက်နာသည်ဖြစ်စေ တာဝန်အရ ရှေ့ဆက်၍သာ ဟောရ တော့၏။

“ရာဂဒေါသ လွမ်းမိုးနေသူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ၊
“ အ၀ိဇ္ဇာမှောင်ထုဖြင့် ဖုံးလွှမ်းလျက် ရာဂဖြင့် တပ်စွဲနေသူတို့သည် သိမ်မွေ့ နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခံသော(သံသရာ့)အဆန်တရားကို မြင်ကြမည်မဟုတ် ချေ”ဟု ဘုရားရှင် ဆက်ဆက်တို့ပင် အကြံဖြစ်ပေါ်ခဲံဖူးသည် မဟုတ်ပါလော။
(ဒီ-၁၊၃၂၊ သုတ်မဟာဝါ-ပြန်၊၁၄)
အမေရိကန်ပြည်ထောင်စုသို့ အမြဲ လာရောက်နေ ထိုင်သူတိုင်း၏ အခြေအနေ သည် ကမ္ဗောဒီးယား များကဲ့သို့ပင် တပုံစံတည်း အမေရိကန်ယဉ်ကျေးမှုကို ခံယူသူ ချည်းသာ ဖြစ်ပေသည်၊ အခွင့်အရေဒးတူ ခံစားခွင့်ရှိလျှင် ချစ်ခင်မှုရှိ၏၊ အချင်းချင်း ချစ်ခင်လျှင် ရောနှောနိုင်၏၊ လူ-ချင်းရောနှောလျှင် ယဉ်ကျေးမှုကို လက်ခံနိုင်သည်ပင်။ ကလေးများ က ကျောင်းတွင် ပိုမို ရောနှောကြသောကြောင့် မိဘနှင့် သားမီးသည်ပင် အစားအစာချင်း မတူတော့ဘဲ ငယ်ရွယ်သူများက အမေရိကန်အစာကို ပိုမို ကြိုက်ကြပြီး နေထိုင် ဆက်သွယ်ရေး စသည်မှာလည်း “ထိုနည်းလည်းကောင်း ထိုနည်းလည်း ကောင်း” ဟူသော မြန်မာ သီချင်းကဲ့သို့ အတိုချုပ်သဘော ပေါက်နိုင်ပေ၏။
စာရေးသူအနေဖြင့် သတိပေးလိုသည်မှာ မိမိ ဘာသာရေးး လူမျိုးရေး တိုင်းပြည် ရေးနှင့် ယဉ်ကျေးမှုကို တကယ် နှစ်သက် ခင်တွယ်ပါလျှင် အောင့်အီးသည်းခံကြပါ၊ ကိုယ့်တိုင်းပြည်အတွင်းမှ အပြီးပိုင် ခွဲခွားသွားရန် စိတ်မကူးကြပါလင့်၊ ပညာရေး စီးပွား ရေးတို့ကို လေ့လာလိုသူများအဖို့ နှစ်ကာလ အပိုင်း အခြားဖြင့်သာ မိခင်နိုင်ငံမှ ခွဲခွါ သင့်ပါ၏၊ အကယ်၍ အမေကျော် ဒွေးတော်လွမ်းခဲ့ပါလျှင် ထိုသည့် မိသားစုများသည် “ထိုနည်းလည်းကောင်း”ဖြစ်ပါလိမ့်မည်။

ဤဖြစ်ရပ်မှန်များ၏ အကြောင်းရင်းမှာ “ရောမရောက်လျင် ရောမမြို့သားလိုကျင့် ရမည်”ဟူသကဲ့သို့၎င်း၊ “ လူဟူသည် ပတ်ဝန်းကျင် ဆိုင်းပမာ တီးပေးသည့် ကကြိုး ကွက် နှင့်အညီ ကနေရသူသာ ဖြစ်သည်” ဟူသကဲ့သို့၎င်း။ နီးစပ်ရာ ပတ်ဝန်း ကျင်ကို မတော်လှန်နိုင်သောကြောင့် ဖြစ်ပသည်၊ ယင်းသို့သော အခြေအနေကို မြင်၍ နိုင်ငံခြား ရောက် ထိုင်းဒကာ ဒကာများသည်“ ဘာသာရေး လူမှုရေးရောသည့် အဖွဲ့များ” ဖွဲ့စည်း၍ ဘုန်းကြီးကျောင်းများ ထူထောင်ကြ၏၊ ထိုင်းစာသင်ခြင်း၊ ဘုရားဝတ် တက်ခြင်း၊ တရား နာယူခြင်းများဖြင့် သူတို့ယဉ်ကျေးမှုကို တိုင်းတပါး၌ ထိန်းသိမ်း ထားကြ၏။

သူတို့နှင့် နီးစပ်ရာ တိုင်းရင်းသားများကိုလည်း ဆွဲဆောင်ခေါ်ယူလာကြ၏၊ ကမ္ဗောဒီယား၊ လာအို၊ သီရိလင်္ကာ၊ ဗီယက်နမ်နှင့် တခြားလူမျိုးများသည်လည်း လူမျိုးစု အလိုက် ဖွဲ့စည်း၍ ကျောင်းကန်များ ထူထောင်ကြသည်။
ထူးခြားသည်မှာ တိဗက်ကျောင်းအဖွဲ့မှ တိဗက်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုး ကွယ်ကြသကဲ့သို့ သီဟိုဠ်များကလည်း သီဟိုဠ်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုးကွယ် ကြ၏။ အမေရိကန်ပြည်ဖွား ဂျပန်များသည် အင်္ဂလိပ်စကာေးပြာသူများဖြစ်၍ အင်္ဂလိပ် စကားပြောသည့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတိုင်းကို ပင့်နိုင်သော်လည်း ဂျပန်တွင် ရဟန်း ဖြစ်လာပြီး ဂျပန်ယဉ်ကျေးမှုကို ကျွမ်းကျင်သည့် ဂျပန်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုး ကွယ်ကြ၏၊ လာအို ကမ္ဗောဒီးယား ထိုင်းနှင့် မြန်မာ များမှာလည်း ထိုနည်းလည်း ကောင်းပင်၊ ကိုယ့် အမျိုးသား ရဟန်းကိုသာ ပင့်ဆောင် ကိုးကွယ်ကြ၏၊ ယဉ်ကျေးမှု.. ယဉ်ကျေးမှု ။

ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံအချို့ဝယ် ထောပန် ပျားရည် ဒိန်ခဲ စသည့် အစား ကောင်း များ မရှိကြ၍ ထိုနိုင်ငံရှိ လူများသည် အစားအစာကောင်းကို ပေါပေါများများ မစားနိုင်ကြသဖြင့် အာဟာရ ချို့တဲ့သည့် ရောဂါများ စွဲကပ်ကြသည်၊ အမေရိကန်နိုင်ငံ စသော ချမ်းသာသည့် နိုင်ငံများဝယ် နွားနို့အမျိုးမျိုး၊ နို့မှုန်အသွယ်သွယ် ထောပတ် အလီလီ ပျားရ်အတန်တန် ဒိန်ခဲအစားအစား ချောကလက်အဖုံဖုံ အလွန့်အလွန် စုံသ ကဲ့သို့ ထိုနိုင်ငံရှိ လူများကလည်း လွယ်လွယ်ရ၍ လွယ်လွယ်စားကြသဖြင့် သွေးကြော ပိတ်ရောဂါ အမျိုးမျိုးနှင့် ၀လွန်းသည့်ရောဂါများ စွဲကပ်ကြသည်၊

ထိုကြောင့် ချမ်းသာပြီး နိုင်ငံများ လူများသည် ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း မျက်စိရှေ့မှောက် ရောက် နေသည့် နို့ထွက်ပစ္စည်းများကို မြင်ရုံသာမြင်ရ မကြင်ရ မောင့်မှာ” ဟူသကဲ့သို့ ရှောင် ထားကြရသည်။
ဤသို့လျှင် ဆင်းရဲသောနိုင်၌ နေသူ များမှာ ရှားပါး၍ မစားရသကဲ့သို့ ချမ်းသာ သည့် နိုင်ငံ၌ နေသူများမှာလည်း ရှောင်ထားရ၍ မစားရပြန်သဖြင့် စိတ်တောင့်တ သလောက် မစားရ တာချင်းမှာ တူနေပေသည်။
ချမ်းသာသော နိုင်ငံများ၌ ရုပ်မြင်သံကြား အမျိုးမျိုး အသံဖမ်းစက် အစားစား ပေါ များသလောက် အိမ်တိုင်းစေ့လောက် ၀ယ်ယူထားသည်ကို တွေ့နိုင်ပါ၏ သို့သော် တခြား ရုပ်ဝတ္ထုများက အသစ်သစ်တိုးတက်လျက် ပေါ်နေပြန်သဖြင့် ထိုထို ရုပ်ဝတ္ထု ပစ္စည်းများကို ၀ယ်ဖို့အတွက် နေကုန်နေခမ်း အလုပ်ခွင်မှာ နေကြရသဖြင့် စိတ်တိုင်းကျ ၀ယ်ထားသည့် ဇိမ်ခံပစ္စည်းများကို စိတ်ရှိသလောက် ဇိမ်ခံသုံးစွဲဘို့ အချိန် များများပေး၍ မသုံးနိုင်သည့် အချက်မှာလည်း တူလျက်ပင် ရှိနေပြန်သည်။

ချမ်းသာသည့် နိုင်ငံများဝယ် ငွေချေးသည့် ဘဏ်တိုက်ကြီး-ငယ်များ၏ အကူညီ ဖြင့်“အကြွေးရရင် ဆင်ကိုတောင် ၀ယ်စီးမယ်”ဟူသော စကားပုံကဲ့သို့ပင် လူအများ သည်ပင် ပစ္စည်းကြီး-ငယ် တို့ကို အကြွေးဝယ်သုံးကြသဖြင့် အကြွေးဆပ်နိုင်အောင် မနား မအားရအောင် ပြေးလွှား၍ အလုပ်လုပ်ကြရ၏။ ဆင်းရဲသည့် နိုင်ငံသားများ သည် လည်း လုပ်အားခ နည်းပါးကြသဖြင့် စားဝတ်နေရေး ပြေလည်အောင် နေ့မအား ည မ အားဘဲ တကုပ်ကုပ် လုပ်ကြရ၏၊ ထို့ကြောင့် မည်သူက မည့်သည့်နိုင်ငံကို ဘယ်လို ပင် ချမ်းသာ ဆင်းရဲခွဲခြားနေသော်လည်း စိတ်မအားကိုယ်မနားရဘဲ လုပ်ကြရခြင်းကား တူနေပြန်တော့သည်။
ကမ္ဘောဒီယား နိုင်ငံရှိ အုပ်ချုပ်သူများသည် အမြင်အမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုးဆွဲ၍ မိမိတို့ ရည်မှန်းသည့် အကောင်းဆုံးအဆင့်သို့ ရောက်စေရန် အုပ်ချုပ်နည်း အုပ်ချပ်ဟန် ကွဲပြားကြသော်လည်း ပြည်သူပြည်သားများက အုပ်ချုပ်သူများကို ဝေဖန်ကြရမှာလည်း တူနေပြန်သည်။ (တစ်ခါတစ်ရံ မိသားစုချင်းပင် ဝေဖန်သည်မဟုတ်လော။)

ဤအထက်ပါ တူနေသည့် အချက်များစသည် အခြား အကြောင်း အမျိုးမျိုး ကြောင့် မဟုတ်ေပ။ “ ရလေလိုလေ အိုတစ္ဆေ၊ လူ့အကြိုက်နတ်မလိုက်နိုင်” ဟူသော စကားပုံကဲ့သို့ သံသရာ ကိုချဲ့တန်သော တဏှာ၏ မူရင်း သဘာဝ ဆာလောင်မှု လက္ခဏာ ကြောင့်အပင် ဖြစ်ပေသည်၊ ဘုရားရှင်ကမူ“သန္တုဋ္ဌီ ပရမံ ဓနံ- ရောင့်ရဲ တင်းတိမ် လူ့စည်းစိမ်” ဟူ၍ မင်္ဂလသုတ္တန်၌ ဟောထားသည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်သည့် ကမ္ဘာအရပ်ရပ်မှ လူများသည် ဘာသာရေးအဖွဲ့ အသီးသီး ထူထောင်၍ အစ္စလာမ်ဘာသာကို မူတည်၍ တွေးခေါ် ဆောင်ရွက်သည်၊ သို့သော် အမေရိကန်နိုင်ငံ၌ အမျိုးသမီး တယောက်ကိုသာ လက်ထပ်ထားနိုင်သဖြင့် ဥပဒေကို ဆန့်ကျင့်ရဲသူမှာ မရှိသလောက် နည်းပါး၏။

အမေရိကရောက်သူများသည် မိမိတို့ အသင်းပိုင် ဘုရားရှိခိုးကျောင်းများကို မိမိ နိုင်ငံမှ ယဉ်ကျေးမှုပါဝင်သော ပုံစံဖြင့် ဖန်တီးနိုင်ရန် စိတ်ကူးကြ၊ ကြိုးစားကြသကဲ့သို့ ဘာသာရေးပွဲများ၌ တိုင်းရင်းသား ၀တ်စုံများကို ၀တ်၍ ဂုဏ်ယူကြ ခြင်းမှာလည်း တူကြပြန်၏၊ သီဟိုဠ်တွေက ဆာရီဖြင့် ရှိုးထုတ်သကဲ့သို့ လူနီမျိုးများကလည်း ငှက် တောင်မျိုးစုံကို တပ်ဆင်၍ ဂုဏ်ယူဝတ်စားကြ၏၊ သို့သော် “မြန်မာပုဆိုး”မျိုးကိုမူ ၀တ်တူ အလွန်နည်းးပါးပါပေသည်၊ အမေရိကန်များက ပုဆိုးဝတ်သူကို မြင်ရလျှင် “နှုတ်ခမ်းမွေးနှင့် စကပ်ရှည်ဝတ်သူ”ဟု ထင်ကြ ပြောကြ ရေးကြသည်။

အခါကြီးရက်ကြီး တရားပွဲများတွင် မိမိတို့နိုင်ငံ ယဉ်ကျေးးမှုကို အခြေခံထား၍ အခမ်းအနားကို စီစဉ်ကြသကဲ့သို့ မိမိတို့၏ တိုင်းရင်းသား ဘာသာ အသီးသီးဖြင့် တရား ဟောပြောခြင်းမှာလည်း တူနေပြန်သည်၊ လူကြီးများက မိမိတို့တိုင်းရင်းသား ဘာသာ စကားကို လေးစားသကဲ့သို့ အမေရိကန်အစိုးရကလည်း အားပေးသည်၊ ထိန်းသိမ်း သည်၊ သို့သော် လူငယ်များသည်ကား အင်္ဂလိပ်စကားကိုသာ မိခင်ဘာသာစကားအဖြစ် အသုံးပြုကြပေသည်။
ယင်းသို့လျှင် နိုင်ငံခြား တိုင်းပြည်ပေါက် မိမိတို့၏ ရင်သွေးများကို မိမိတို့၏ တိုင်း ရင်းသား စာပေ (မိခင်စာပေ) သင်ပေးဖို့ ဘာသာရေးအဖွဲ့ တိုင်းက စီစဉ်ကြသော်လည်း ကလေးများက အမေရိကန်ယဉ်ကျေးမှုနှင့် စာပေကိုသာ လက်ခံထားကြခြင်းမှာလည်း တူနေပြန်၏ အသင်း၏ အမှုဆောင်များသည် (နိုင်ငံခြားစာပေနှင့် စကားတတ်ကျွမ်းပါ သော်လည်း) မိမိတို့၏ မိခင်ဘာသာဖြင့် စည်းဝေး ဆုံးဖြတ်၍ ကြေငြာချက်ထုတ်ကြ သကဲ့သို့ မိမိတို့နိုင်ငံရှိ မိမိတို့စွဲလမ်းရာ ဂိုဏ်းဂဏမှ ရဟန်းတော်များကိုသာ ပင့်ဆောင် ရန် ကြိုးစားခြင်းလည်း တူနေပြန်၏။

မှတ်ချက်။ အခွင့်သင့်ပါက ဆက်လက်ဖော်ပြပါမည်။

အရှင်ကေလာသ(၀ါရှင်တန်ဒေစီ) ရေးသားသည်။ အီးမေးလ်မှ လက်ခံရရှိသည်ကို ပြန်လည်ဖော်ပြသည်။

Read more...

More foreigners study Abhidhamma Buddhism in Myanmar

Xinhua News, March 9, 2010

YANGON, Myanmar -- More foreigners are studying Abhidhamma Buddhism at the International Institute of Abhidhamma ( IIA) in Myanmar after the religion-related English language course was introduced, sources with the institution said on Tuesday.

Nearly three dozens of trainees from Vietnam, Thailand, India, Cambodia, Laos, Bangaladesh, the United States, France and Denmark are attending the IIA, up from last year, the sources said.

The IIA, established in June 2007, was admitted as an associate member of the Association of Theravada Buddhist Universities in March last year.

Myanmar is a country with a majority of its population (about 80 percent) believing in Buddhism. It is estimated that there are over 420,000 monks and over 60,000 nuns within nine sects in Myanmar which have been unified at different levels under the leadership of the government's religious committee.

For nearly 1,000 years, the country has kept Theravada (Little vehicle) Buddhism pure and intact. Buddhist scripture learning centers and other monastic education schools were set up here long ago.

There are five Theravada Buddhist universities and institutes in Myanmar.

Read more...

တတိယ သင်္ဂါယနာ နိဒါန်း... မောင်အံ့-ဘုံဘေ























Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP