* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, March 8, 2010

ရှင်သန်ခွင့် ။



ငါ ရောက်လာတာ ငိုဖို့မဟုတ်ဘူး…၊
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
တစ်ကိုယ်လုံး ခုတ်လှီး,
သွေးချောင်းစီးလည်း ကျေနပ်တယ်…။

အလို…..
သူတို့တစ်တွေ
ကြော့ရှင်းလို့ပါလား...?
ငါ့မှာတော့...
မှန်မကြည့်ရဲတာ ကြာလှပေါ့….။

သွေးတွေလည်း ပေးရဲတယ်...၊
ခန္ဓာနဲ့လည်း ရင်းရဲတယ်.....၊
ကမ္ဘာမြေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီးတာတောင်မှ
ရှင်သန်ခွင့်ထက်
ပို မမျှော်ဘူး….။

မှတ်ချက်။ ။ ပုံပါအပင်သည် စွန်ပလွံပင်ဖြစ်သည်။ ကိုနောတို့ ကျင်လည်ရာ ဗီဟာ(ရ်)နှင့်ယူပီပြည်နယ် များတွင် ထန်းပင်ကဲ့သို့ အရည်ထုတ်ယူသောက်သုံးကြသည်။ သို့သော် စွန်ပလွံကား ပင်စည်ကို အလှီးခံရ သည်။ (ကျွတ် ကျွတ်....ကျွတ်...အဟွတ်)

ကိုနော
၈.၃.၂၀၁၀

Read more...

ဘေးရန်ကင်းပါစေ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ဘေးရန်ကင်းပါစေ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ ဘေးရန်တွေကင်းပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။


0 ရေးသားခဲ့ရန်

Read more...

အသေခံ.C. ဗုံး။


အသေခံ.C. ဗုံး

(၁)
ဘလော့ဂ်ကိုချစ်တယ်..၊
ရူးလောက်အောင်တော့ မဟုတ်ဘူး..၊

(၂)
နမ်းခံချင်လွန်းလို့ မျက်နှာမော့ပေးပြီမှတော့…
နမ်းချင်သလိုနမ်း..၊
ခပ်ဆန်းဆန်းလည်းရတယ်..၊
ခပ်ကြမ်းကြမ်းလည်းရတယ်..၊
ကြိုက်လို့လိုက်မိမှတော့…
ပါးရိုက်သွားလည်း…
ခပ်သဲ့သဲ့လေးငိုနေလိုက်မယ်..၊

(??)
အရှင်မြတ်အာနန္ဒာ အလောင်း ငယ်ပါထုခံရတာလည်း…
ရပ်ကျော်ရွာကျော်ပဲ ဟုတ်ဖူးလား..၊
အတိတ်ဟာ အတုဖြစ်ချင်ဖြစ်မယ်…
အစစ်ဖြစ်ချင်ဖြစ်မယ် ဘာအရေးကြီးလဲ..၊
ပစ္စုပ္ပန်မှာ အစစ်ဖြစ်နေဖို့ အရေးကြီးတယ် ဟုတ်ဖူးလား..၊

(၃)
ငါချမ်းသာတာ မော်ကွန်းသစ်လှူသွားတဲ့…
(c.box) တလုံးတည်းရယ်ပါ..၊

(၄)
မိုင်းထောင်ရလောက်အောင် ၀င်ရိုးစွန်းနိုင်ငံမဟုတ်ဘူး..၊
Nge naing, တို့လို အရင်းမြစ်မရှိတော့…
ICRC,လည်းလာကြည့်မှာ မဟုတ်ဘူး..၊
Dhammaganga, တို့လို ရေစီးမသန်တော့…
NGO, လည်းအကျိုးလာပြုမှာ မဟုတ်ဘူး..၊
သီတဂူစတား တို့လို မကြွယ်ဝတော့…
World mission, လည်း လာကြင်နာမှာ မဟုတ်ဘူး..၊
ကောင်းကင်ကို လို ဓားမထက်တော့…
နေတိုးလည်း လာဖွဲ့မှာ မဟုတ်ဘူး..၊

(၅)
ဒီလောက်ရှင်းပြရက်နဲ့…
အသေခံ ဗုံးလာခွဲသွားရင်လဲ…
ဗုံးအခွံကောက် ရောင်းစားပစ်လိုက်မယ်..။..။..။
(!)
ဘာမှတ်နေလည်း
ဒီကထမင်းဝတာ မဟုတ်ဘူး။ ။ ။
(!!!!!!)
ဗြဲ…………
ဟိုက်!!!..ပုဆိုးပြဲ
အား!!ဟုတ်ဖူး.. သင်္ကန်းပြဲ..ဟဲ..ဟဲ….။
။ ။ ။ ။

(မှတ်ချက်)

မဟုတ်ဘူး
ကျမ်းညွှန်းသိချင်ရင် သွား….

ကိုပိန် မှ.....


Read more...

တန်ဖိုးသိမှ တန်ဖိုးရှိတယ်။

လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။

လောကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီမြီး ဆုံးရှုံးနစ်နာကြမှာပါ။

လောကရဲ့ အမွန်အမြတ်ကို"ရတနာ"လို့ ခေါ်ဆိုပါတယ်။ ရတနာဆိုတာ ပါဠိ စကားပါ။ သူ့ရဲ့ ပင်ရင်းအနက်က " တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရသူကို ကြည်လင်ရွှင်ပျ နှစ်သက်အားရ ကျေနပ်မှုကိုဖြစ်စေ ရစေတတ်သောအရာ"လို့ အဓိပ္ပါယ်ရပါတယ်။

ရတနာဆိုတာ ထိုက်တန်မှ"ရ" ၊ မြတ်နိုးစွာပိုက်ထွေးမှ "မြ" တတ်တာမျိုးပါ။ သူနဲ့ မထိုင်တန်ရင် "လွဲ"တတ်သလို သူ့ကို မြတ်နိုးစွာ မပိုက်ထွေးရင်လည်း "ခွဲ"သွားတတ်ပါတယ်။

ဒါကြောင့် ရတနာနဲ့ ပတ်သက်၇င် သူ့ရဲ့သဘာဝကို သိပြီး သူ့ကို မြတ်နိုးတန်ဖိုး ထားတတ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ရတနာတွေရဲ့ သဘာဝကို…

undefined

(၁) အလေးအမြတ်ပြုအပ် မြတ်နိုးထိုက်တာကြောင့်ရယ်၊

(၂) အဖိုးအနဂ္ဃထိုက်တန်တာကြောင့်ရယ်၊

(၃) အတုမဲ့ ဖြစ်တာကြောင့်ရယ်၊

(၄) တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရဖို့ ခဲယဉ်းတာကြောင့်ရယ်၊

` (၅) အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသုံးအဆောင်ဖြစ်တာကြောင့်ရယ်၊

ဒီအကြောင်းငါးမျိုးကြောင့်သာ အမွန်အမြတ်=ရတနာလို့ ခေါ်ဆိုသတ်မှတ်နိုင်ပါကြောင်းကို ပါဠိစာပေမှာ အနက်အဓိပ္ပါယ်အကျယ် ဖွင့်ဆိုရှင်းပြထားပါတယ်။

ဒီအချက်အလက်တွေကို အသေးစိတ် စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် ရတနာတွေနဲ့ ထိုက်တန်တဲ့ အဖိုးတန် နှလုံးသားတစ်ခု ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မိမိတို့ သန္တာန်မှာ ရတနာနဲ့ ထိုက်တန်တဲ့ ကံ၊ ရတနာရဲ့ တန်ဖိုးမှန်ကို သိနိုင်တဲ့ ဉာဏ် ၊ ရတနာရဲ့ တန်ခိုးအရှိန်အ၀ါကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်တဲံ ၀ီရိယ၊ သုံးပါးစလုံး ပြည့်စုံနိုင်ပါမှ "ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်ထဲမှာသာ တည်နိုင်တယ်" ဆိုတဲ့ စကားဥပမာ လို အမွန်အမြတ်ရတာဟာလည်း ကိုယ့်နှလုံးသားမှာအစဉ်အမြဲ ကိန်းဝပ် စံပယ် တင့်တယ်နိုင်မှာပါ။

လောကမှာ အဖိုးတန် ရတနာ(၂)ပါးရှိပါတယ်။ လောကီရတနာနဲ့ လောကုတ္တရာရတနာပါ။ လူများစုဟာ စိန်၊ ရွှေ၊ငွေစတဲ့ လောကီရတနာတွေကိုသာ ရတနာအဖြစ်နဲ့ သုံးဆောင်တတ်ကြပြီး ဘုရား၊တရား၊သံဃာ လောကုတ္တရာရတနာတွေကိုတော့ အဖိုးတန် ရတနာအနေနဲ့ မသုံးဆောင်တတ်ကြပါဘူး။ ဒီအကြောင်းကို ဆရာသမားတွေက ပုံဥပမာလေးနဲ့ တင်စားပြီး ပြောပြတတ်ပါတယ်။

တစ်ခါတုန်းက ကြက်မကြီးတစ်ကောင်ဟာ အမှိုက်ပုံတစ်ခုမှာ အစာရှာနေပါ တယ်။ အမှိုက်ပုံထဲမှာ စားစရာ ပိုးကောင်၊ မွှားကောင်း ကလေးတွေ ထွက်ပေါ် လာအောင် ခြေထောက်နှစ်ဖက်နှင့် ယက်ပြီးတော့ ရှာနေတာပါ။ အမှိုက်တွေကို ယက်ယင်း၊ ယက်ယင်းနဲ့ အမှိုက်ပုံထဲက နီနီရဲရဲ ပတ္တမြားခဲကြီးတစ်ခု ပေါ်လာပါတယ်။ ဒီအခါ ကြက်မကြီးက ရတနာကို ရတနာမှန် မသိနိုင်တော့ စားစရာမဟုတ်တဲ့ ဒီပတ္တမြားခဲကြီးကို "တယ်ရှုတ်တဲ့ ကျောက်ခဲကြီးပဲ"ဆိုပြီး နံဘေးကို ယက်ထုတ်ပစ် လိုက်ပါတယ်။ ဒီလို ဘေးထုတ်ခံရလို့ ပတ္တမြားခဲကြီးက တန်ဖိုးလျော့သွားမှာ မဟုတ် ပါဘူး။ တန်ဖိုးမှန် မသိတဲ့ ကြက်မကြီးမှာသာ နစ်နာစရာရှိပါတယ်။ ဒီလိုနဲ့ တန်ဖိုးသိတဲ့ လူတစ်ယောက်က အမှိုက်ပုံနံဘေးရောက်လို့ ပတ္တမြားခဲကြီးကို ကောက်ယူသွားပြီး အသုံးချလိုက်တဲ့အခါ တကယ့်သူဌေးကြီးတစ်ဦး ဖြစ်သွားပါတယ်။

အဲဒီ ပုံပမာလိုပဲ၊ ယခုခေတ် လူသားတွေဟာလည်း စား နေ ၀တ်ကိစ္စအတွက် လောကလူဘုံ အမှိုက်ပုံကြီးထဲမျာ လုယက်ပြီးတော့ စီးပွားရှာနေကြရတာပါ။ အဲဒီလို အလုအယက် စီးပွားရှာဖွေရင်းက (သာသနာတော်ထွန်းလင်းတဲ့ ခေတ်အတွင်းမှာ လူလာဖြစ်တော့ ကံကောင်းထောက်မစွာနဲ့ ) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါး တို့ကို တွေ့ကြုံကြရပါတယ်။ ဒီလို တွေ့ကြုံဆုံခွင့် ရကြပေမယ့် မိမိကိုယ်ကိုမိမိ မဟာကံ ထူးရှင်တွေအဖြစ် မမြင်နြိုင်ကြတဲ့ သူတွေက ရတနာကို ရတနာမှန်း မသိနိုင်တော့ "တယ်ရှုတ်တဲ့ ကျော်ကခဲတွေပါ၊ ဒီမှာ မအားသေးဘူး" ဆိုပြီး ဘ၀ထဲကနေ ဘေးကန် ချထားတတ်ကြပါတယ်။

အဲဒီအတွက် ရတာနာသုံးပါးမှာ ဘာမျှမဖြစ်သွားပေမယ့် အဖိုးတန်အခွင့် အရေးနဲ့ လွဲသွားခဲ့ရတဲ့လူတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက်တော့ကိုတော့ အင်မတန်ကြေကွဲ ၀မ်းနဲဖို့ ကောင်းပါတယ်။ ဒီအကြောင်းနဲ့ ဆက်စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင် တယ်။

ဟိုးရှေးရှေးတုန်းက ရွာကြီးတစ်ရွာမှာ ဓမ္မာနန္ဒနဲ့ ဓနာနန္ဒတို့အမည်ရတဲ့ သူငယ်ချင်းနှစ်ဦးရှိခဲ့ဖူးတယ်။ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေပီပီ တစ်ဦးအပေါ် တစ်ဦး အင်မတန်မှ ချစ်ခင်ကြင်နာကြတယ်။ သူငယ်ချင်းနှစ်ဦးဟာ ပုဂ္ဂိုလ်ရေး ခင်မင်မှု အရ နှစ်ဦးသား မကွဲမပြား တစ်သားတည်း ဖြစ်ကြပေမယ့် စိတ်ဓာတ်ရေးရာတော့ ကွဲပြားခြားနာနေကြတယ်။ ဓမ္မာနန္ဒက ရင့်ကျင်မှုအားကောင်းပြီး တရားဓမ္မကို ရှာဖွေလိုတယ်။ ဓနာနန္ဒကတော့ အပျော်အပါးမက်မောပြီး ဥစ္စာဓနကို ရှာဖွေလိုတယ် တဲ့။

ဒီလိုနဲ့ သူတို့သူငယ်ချင်း နှစ်ဦးဟာ အရွယ်ရောက်လာတော့ ဓမ္မာနန္ဒက တရား ရှာမယ်ဆိုပြီး သင်္ကန်းဝတ်နဲ့ တောထွက်သါားတယ်။ ဓနာနန္ဒကလည်း စီးပွားရှာမယ် ဆိုပြီး ကုန်သည်တစ်စုနဲ့ မြို့တက်သွားတယ်။ လောကရဲ့သဘ၀ကလည်း ရှာဖွေတာ ကိုပဲ ရတတ်စမြဲပါ ဒါကြောင့် တရားရှာတဲ့ ဓမ္မာန္ဒဟာ တောထဲမှာ ရဟန္တာအရှင်မြတ် တစ်ပါးနဲ့ တွေ့ပြီး တရားတော်ကို သဘောပေါက်ကာ တစ်ပါးတည်း တောရဆောက် တည်နေတော့တယ်။ (၃-၄)နှစ်လောက်ကြာမှ မြိ့ကို တစ်ခေါက်တစ်ခါပဲ ရောက်တတ် သတဲ့။ ရောက်တော့လည်း အချိန်အကြာကြီး နေလေ့မရှိဘဲ တစ်ရက်လောက် နေပြီး လို့ ကိစ္စပြီးတာနဲ့ တောကိုပဲ ပြန်ကြွလေ့ရှိတယ်။

စီးပွားရှာသွားတဲ့ ဓနာနန္ဒကလည်း မြိုံတော်က သူဌေးကြီးတစ်ဦးထံမှာ တပည့်ခံ ပြီး ကြိုးစား စီးပွားရှာလိုက်တာ(၃-၄)နှစ်နဲ့ သူလည်း သူဌေးကြီးတစ်ဦးဖြစ်လာသတဲ့။ ဒီလိုနဲ့ မြို့ပေါ်က သူငယ်ချင်းနဲ့ တောထဲက သူငယ်ချင်းနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ခွင့်မရဘဲ နေလာလိုက်ကြတာ နှစ်ပေါင်း(၂၀)လောက်ကြာမှာ မထင်မှတ်ဘဲ သူတို့နှစ်ဦးဟာာ ပြန်လည်ဆုံတွေ့ကြသတဲ့။ အဲဒီအချိန်မှာ နှစ်ဦးစလုံးဟာ အသက်(၅၀) ကျော်နေကြပြီပေါ့။

အဲဒါနဲ့ သူဌေးကြီး ဓနာနန္ဒဟာ ငယ်သူငယ်ချင်း ဆရာတော် ဓမ္မာနန္ဒကို ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ကန်တော့ပြီး နေအိမ်ကို ပင့်ဆောင်ခဲ့ပါတယ်။ သူဌေးကြီး နေအိမ်မှာ တစ်ညကျိန်းစက်စေပြီး နေအိမ်မှာ သီတင်းသုံးနေစဉ်အတွင်း ဆရာတော် ဓမ္မာနန္ဒကို ပစ္စည်းလေးပါးနဲ့ လိုသေသေးမရှိ ပြုစုလှူဒါန်းပါတယ်။ ဆရာတော် ဓမ္မာနန္ဒ ကလည်း သူဌေးကြီး ဓနာနန္ဒကို အနုမောဒနာ ပြုတဲ့အနေနဲ့ တရားတစ်ပုဒ်ဟောကြားချီး မြှင့်ခဲ့ပါတယ်။

တရားစောကြားလို့ ပြီးတဲ့အခါ နှုတ်ဆက်စကားပြောတဲ့အနေနဲ့ "ဒါယကာ သူဌေး ကြီး လောကမှာ တာဝန်သိသူဟာ တာဝန်ရှိတယ်။ တန်ဖိုးသိသူဟာ တန်ဖိုးရှိတယ်။ တရားသိသူသဟာ တရားရှိတယ်။ ဒီစကား(၃)ခွန်းကို မမေ့မလျော့ အမြဲတမ်းနှလုံးသွင်း ပြီး ကျင့်ကြံအားထုတ်ပါလေ"လို့ မှာကြားပြီး တောထဲကို ပြန်ကြွသွားပါတယ်။

ဆရာတော် ဓမ္မာနန္ဒ ပြန်ကြွသွားတဲ့အခါ သူဌေးကြီး ဓနာနန္ဒဟာ စဉ်းစားခန်း ၀င်ပြီး ကျန်ရစ်ပါတယ်။ ဆရာတော် မှာကြားထားတဲ့ စကား(၃)ခွန်းမှာ ပထမစကား တစ်ခွန်းဖြစ်တဲ့ "တာဝန်သိသူဟာ တာဝန်ရှိတယ်"ဆိုတဲ့ စကားကတော့ လောကီစကား မို့ သူနားလည်တယ်။ တာဝန်ဝတ္တရားကို သိနားလည်သူဟာ(တာဝန်မဲ့ မနေလိုသော ကြောင့် ) ရောက်ထာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တာမို့ တာဝန် ရှိနေတယ်ဆိုတာ သူသဘောပေါက်ပါတယ်။

ဒါပေမယ့်" တန်ဖိုးသိသူဟာ တန်ဖိုရှိတယ်"ဆိုတဲ့ ဒုတိယစကားကို သူဝေ့လည် လည် ဖြစ်နေတယ်။ ဒါနဲ့ ဒီစကားနားလည်အောင် သူလက်တွေ့စမ်းသပ်မှုတစ်ခု ပြုလပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဌေးကြီးဓနာနန္ဒဟာ မီးခံသေတ္တာထဲက သူပိုင် တဲ့ အဖိုးတန် စိန် ရတနာတစ်ပွင့်ကို ထုတ်ယူလိုက်ပါတယ်။ နောက်ပြီး သူ့လူယုံ တပည့် ကိုလည်း ခေါ်လိုက်ပါတယ်။

လူယုံတပည့် ရောက်လာတဲ့အခါ သူဌေးကြီးက "ကဲ.. မောင်ရင်၊ ဟောဒီ စိန် တစ်ပွင့်ကို ယူသွားပြီးရင် ဈေးထဲမှာ တွေ့တဲ့သူကို ရောင်းကြည့်စမ်း၊ ရောင်းတဲ့အခါ သူပေးနိုင်တဲ့ တန်ဖိုးထက် နည်းနည်းပိုပြီးတော့ တောင်းပါ။ ပြီးရင် ငါ့ထံလာပြီး အကြောင်းပြန်ပြောပါ"လို့ မှာကြားပြီး ဈေးထဲကို လွှတ်လိုက်ပါတယ်။

သူဌေးကြီးရဲ့ လူယုံတပည့်ဟာ ဈေးထဲရောက်သွားတဲ့အခါ အဦးဆုံး ဖရဲသီး ရောင်း နေသူတစ်ဦးကို တွေ့ပါတယ်။ အဲဒါနဲ့ သူ့ထံသွားပြီး စိန်ပွင့်ကိုပြကာ ၀ယ်ယူ မယ်ဆိုရင် ရောင်းလိုကြောင်း ပြောပြပါတယ်။ ဒီအခါ ဖရဲသီးသည်က ယခု လောလော ဆယ်ဝယ်ဖို့ သူ့မှာ ငွေမရှိသေးကြောင်း၊ တကယ်လို့ ဖရဲသီးနဲ့ လဲလှယ် ရမယ်ဆိုရင် ဖရဲသီး(၉)လုံးအထိ ပေးနိုင်ကြောင်း ပြောပါတယ် သူဌေးကြီးရဲ့ လူယုံကလည်း "ကဲ.. ဒါဆိုရင် နောက်ထပ် တစ်လုံးတိုးပြီး ဖရဲသီး (၁၀)လုံးပေးရင် ရောင်းမယ်လို့ ထပ်ပြော ပါတယ်။ အဲဒီအခါ ဖရဲသီးသည်က "ဘာမဟုတ်တဲ့ ဒီကျောက်သေးသေးလေးကို ဖရဲသီး(၉)လုံးပဲပေးနိုင်တယ်။ ရောင်းချင်ရောင်း မရောင်းချင်နေ၊ ဖရဲသီး (၁၀)လုံးတော့ မပေးနိုင်ပဘူးလို့ ပြောပြီး ငြင်းဆိုလိုက်ပါတယ်။

သူဌေးကြီးရဲ့တပည့်လည်း သူ့အရှင်သခင် သူဌေးကြီးထံပြန်လာပြီး ဖရဲသီးသည်နဲ့ ပြောဆိုခဲ့သမျှ ဖြစ်ကြောင်းကုန်စင် အကုန်တင်ပြပါတယ်။ သူဌေးကြီးက ဘာမျှပြန်မ ပြောဘဲ ပြုံးပြုံးကြီးလုပ်ကာ နောက်တစ်ဦးဦးထံ သွားရောင်းဖို့ ဈေးထဲကို နောက်ထပ် စေလွှတ်ပြန်ပါတယ်။

ဒီတစ်ခါတော့ သူဌေးကြီးရဲ့ လူယုံတပည့်ဟာ အ၀တ်အထည်တွေ ရောင်းနေသူ တစ်ဦးထံ ချဉ်းကပ်ပြီး စိန်တစ်ပွင့်ရောင်းလိုကြောင်း ပြောပြပါတယ်။ အထည်သည်က လည်း လောလောဆယ် သူ့မှာ ငွေမရှိသေးကြောင်းနဲ့ အထည်နဲ့ လှဲလှယ်ရမယ်ဆိုရင် အင်္ကျီ(၉)ထည် ပေးနိုင်ကြောင်း ပြောပါတယ်။ သူဌေးကြီးကြီးရဲ့ တပည့်ကလည်း "ကဲ.. ကဲ.. ဒါဆိုရင် နောက်ထပ် အင်္ကျီတစ်ထည်တိုးပြီး အင်္ကျီ(၁၀)ထည်ပေးပါး။ ရောင်း ပါမယ်"လို့ ထပ်ပြောပါတယ်။ အဲဒီအခါ အထည်သည်က "စိတ်မ၀တ်ရလို့ ဘာမျှမဖြစ် ဘူး၊ ဒီအင်္ကျီတွေက တန်ဖိုးကြီးအထည်တွေ၊ ရောင်းချင်ရင်ရောင်း၊ မရောင်းနိုင်ရင်နေ၊ အင်္ကျီကိုတော့ (၁၀)ထည် မပေးနိုင်ပါဘူး"လို့ ပြောပြီး ငြင်းဆိုလိုက်ပြန်ပါတယ်။

သူဌေးကြီးရဲ့ လူယုံတပည့်လည်း ပိုင်ရှင်ဖြစ်တဲ့ သူဌေးကြီးထံ ပြန်လာပြီး အထည် သည်နဲ့ ပြောဆိုခဲ့ရသမျှကို ပြန်လည်တင်ပြပါတယ်။ဒီတစ်ခေါက်လည်း သူဌေးကြီးက ဘမျှ မပြောဆိုဘဲ ရယ်ကျဲကျဲလုပ်ကာ နောက်တစ်ဦးထံ သွားရောင်းဖို့ ဈေးထဲကို ထပ်မံ စေလွှတ်လိုကပါတယ်။

ဒီတစ်ခေါက်တော့ သူဌေးကြီးရဲ့ တပည့်ဟာ ရတနာကုန်သည်တစ်ဦးထံ သွားပြီး ရောင်းပါတယ်။ ရတနာကုန်သည်က စိန်ပွင့်ကို ယူပြီး ကြည့်လိုက်တဲ့အခါ အဖိုးမဖြတ် နိုင်အောင် တန်ဖိုးကြီးတဲ့ စိန်ဖြစ်နေတာကို တွေ့ရပါတယ်ယ။ ဒါကြောင့် သူက သူဌေးကြီး တပည့်ကို "မောင်ရင် ဒီစိန်ဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တဲ့ ရတနာပါ။ ဒီစိန်ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ ဥစ္စာဓန အကျွန်ုပ်ထံမှာ မရှိပါဘူး။ မောင်ရင် ရောင်းလိုတယ်ဆိုပါက အကျွနိုပ်ပိုင်ဆိုင်သမျှ အားလုံးပေးအပ်ပြီး ၀ယ်ယူလိုပါတယ်"လို့ ပြောပါတယ်။

အဲဒါနဲ့ လူယုံတပည့်ဟာ သူဌေးကြီးထံ ပြန်လာပြီး ရတနာကုန်သည် မှာကြား လိုက်တဲ့အတိုင်း ပြောပြပါတယ်။ အဲဒီတော့မှ သူဌေးကြီးကသူ့တပည့်ကို "မောင်ရင် ငါဟာ ဒီ စိန်ကို တကယ်ရောင်းချင်လို့ ခိုင်းတာ မဟုတ်ပါဘူးကွာ၊ ဒီစိန်ရဲ့ တန်ဖိုးကို နဂိုကတည်းက ငါသိပြီးသားပါ။ ဒါပေမယ့် လူတွေဟာ တန်ဖိုးမှန်ကို သိမြင်နိုင်ရဲ့လား ဆိုတာကို သိချင်စိတ်ရှိတာနဲ့ စမ်းသပ်ကြည့်တာပါ"လို့ ပြန်လည် ပြောပြပါတယ်။

အဲဒီအခါမှာ လူယုံတပည့်ဟာ သူဌေးကြီးရဲ့ ရည်ရွယ်ချက်ကို သိနားလည်သွား သလို သူဌေးကြီးကလည်း ငယ်သူငယ်ချင်းဆရာတော် ဓမ္မာနန္ဒမှာကြားခဲ့တဲ့စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်ကို သဘောပေါက်သွားပါတယ်။ "သြော်.. တန်ဖိုးသိသူ ဟာ တန်ဖိုးရှိတယ် ဆိုတာ တယ်မှန်ပါကလား၊ တကယ်တော့ ငါလည်း စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာတွေရဲ့ တန်ဖိုးလောက်ကိုသာ သိမြင်နိုင်တာပါ။ လောကကုတ္တရာ ရတနာတွေရဲ့ တန်ဖိုးကိုတော့ မသိမြင်နိုင်သေးပါဘူး။ ဒါကြောင့်သာ ဆရာတော် ဓမ္မာနန္ဒက "တရားသိသူဟာ တရားရှိတယ်"လို့ မိန့်တော်မူခဲ့တာပေါ့။ ဒီနေ့ကစပြီး ငါဟာ လောကုတ္ဆတရာ ရတနာတွေရဲ့ တန်ဖိုးမှန်ကို သိမြင်နိုင်တဲ့ သူဖြစ်အောင် ကြိုးစားအားထုတ်တော့မယ်"လို့ သန္နိဋ္ဌာန်ချမှတ်လိုက်ပါသတဲ့။

ဒီ ဓမ္မပုံပြင်ကလေးက "ရတနာကို ရတနာလို သဘောထားနိုင်မှ ရတနာရဲ့တန်ဖိုး အပြည့်အ၀ ရတတ်ပုံကို" ဖော်ပြထားလိုတာပါ။ ရတနာတွေကို ထိုက်တန်အောင် မဆက်ဆံနိုင်ရင် ရတနာတွေနဲ့ လွဲရတတ်ပါတယ်။ ရတနာကုန်သည်တွေကတော့ "ရတနာတွေကို တန်ဖိုးမှန်အောင် မဖြတ်တတ်ရင် လာဘ်ကန်တတ်တယ်"လို့ ဆိုပါ တယ်။ ယခုအခါ အမြတ်ဆုံးရတနာသုံးပါနဲ့ တွေ့ကြုံဆုံနေကြပေမယ့် ပုံပြင်ထဲက ဖရဲသီး သည်လို ဖရဲသီး(၉)လုံးလောက်ပဲ တန်တယ်လို့ ထင်ကြသူတွေဟာ အပြင်မှာလည်း တကယ်ရှိပါတယ်။ လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။ လောကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီပြီး ဆုံးရှုံးနစ်နာကြမှာပါ။ ပုထုဇဉ်ဘ၀ရဲ့ အမိုက်အမဲ၊ အလွဲအမှားတွေကြောင့် သံသရာမှာ နစ်နာခဲ့ရတဲ့ ရပိုင်ခွင် အဆုံးအရှုံးတွေဟာ အသင်္ချေအနန္တပါ။

တကယ်တော့ လောကုတ္တရာ ရတနာတွေဆိုတာ ဘုရား၊ ရဟန္တာ အရိယာ သူတော်ကောင်းတွေရဲ့ ရင်တွင်းထွက် ကျောက်မျက်ရတနာ တွေပါ။ ကမ္ဘာတွေ အသင်္ချေချီကာ ဖြစ်တည်လာခဲ့တဲ့ ပါရမီကောင်းမှု အစုစုတွေရဲ့ အဆီအနှစ်သြဇာတွေပါ။ ဒါကြောင့် လောကုတ္တရာရတနာ ဆိုတာ လောကီရတနာတွေနဲ့ မနှိုင်းယှဉ်သာအောင် ကြီးကျယ်မြင့်မြတ်လှပါတယ်။ ဒီ ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးသည်သာ "လောကဓာတ် တစ်ခုလုံးမှာ အမြင့်မြတ်ဆုံးသော မင်္ဂလာ၊ အဖိုးတန်ဆုံးဖြစ်သော ရတနာ၊ အစစ်အမှန်ဆုံးသော ကိုးကွယ်ရာ"လို့ အသိဉာဏ်နဲ့ လက်ခံပြီး သဒ္ဓါတရားနဲ့ မြတ်နိုးယုယစွာ နှလုံးသားမှာ ပိုက်ထွေးထားနိုင်ခြင်းဟာ ပုထုဇဉ်လူသားတစ်ဦး အဖို့တော့ တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

တော်ဝင်နွယ်

Read more...

စွန်းလွန်းဆရာတော်ဘုရား၏ထေရုပတ္တိ အကျယ်


credit to -http://ashinthaw.blogspot.com/2010/01/blog-post_23.html
download via mediafire- http://www.mediafire.com/file/dxduzkwmjmn/25630535-Theruppatti-In-Burmese-1(2).pdf


Theruppatti-In Burmese (1)

Read more...

*တကယ်ပျော်နိုင်လို့လား*

ရဟန်းတော်များအား ဒကာ၊ ဒကာမများ လှူဒါန်းသော လှူဖွယ် ၀တ္ထုတို့ကို သုံးဆောင်၍ စည်းစိမ် ခံနေကြသည်ဟု ပြောသော ညီတော် တိဿမင်းသားအား ဆုံးမရန်အတွက် အသောက မင်းကြီးသည် ညီတော် တိဿ မင်းသားအား ထီးနန်းစည်းစိမ်ကို (၇)ရက် လွှဲအပ်၏။ သို့သော် ညီတော် တိဿ မင်းသားသည် ထီးနန်း စည်းစိမ်၌ သာယာနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် ထီးနန်းစည်းစိမ် (၇)ရက် ပြည့်မြောက်သည့် နေ့ရက်၌ သေဒဏ် ကျခံရမည်ဟု နောင်တော် အသောက မင်းတရားကြီးမှ အမိန့် ချမှတ်ထားသောကြောင့် ဖြစ်၏။


အထက်ပါ အကြောင်းအရာကို ကြည့်လျှင် သေခြင်းတရားကို ဆင်ခြင် ကြည့်ပါက ထီးနန်း စည်းစိမ်၌ပင် သာယာနိုင်ခြင်း မရှိသည်ကို တွေ့မြင်ကြရ၏။

ကျွန်ုပ်တို့သည်လည်း နေ့စဉ်နှင့် အမျှ သားရေး၊ သမီးရေး၊ စီးပွားရေး ကာမဂုဏ် အာရုံ များစွာနှင့်သာ အချိန် ကုန်နေကြ ပေသည်။ “ဘ၀ဆိုတာ ပုခက်နှင့် ခေါင်းကြားပဲ ရှိတယ်” ဟုသာ မြင်နေကြ၍လား၊ ဒါမှမဟုတ် သေခြင်းတရားကို မသိချင်ယောင် ဆောင်နေကြ ၍လား...။ သံသရာတွင် ဆင်းရဲဒုက္ခ မျိုးစုံ ခံစားရမည်ကို မမြင်နိုင်၍သာ တစ်ဘ၀တာ ကာမဂုဏ် စည်းစိမ်များကို မေ့လျော့ ပျော်ရွှင်စွာ ခံစားနေကြခြင်း ဖြစ်ပေသည်။ (ရှေ့နား၌ ချောက်ထဲ ကျမည်ကို မသိသော မျက်ကန်း ခရီးသွားများ ပျော်ရွှင်စွာ သွားလာနေကြ သည်နှင့် တူလှ၏။) လောကီ ကာမဂုဏ် ခံစားရင်းနှင့်သာ သေလွန်ပါက အပါယ်လေးပါး ချောက်ထဲ ကျရောက်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။

သန္တိသုခ အေးငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို မျက်မှောက် မပြုနိုင်သမျှ ကာလပတ်လုံး ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ (မွေးဖွား၊ အို၊ နာ၊ သေ) စူသော ဒုက္ခ သစ္စာများနှင့် သံသရာ ရေလျှင်ကြောဝယ် မြုပ်လိုက်၊ မျောလိုက်နှင့် အစုန်အဆန် ကူးခတ်နေကြရ ဦးပေမည်။ အနိမ့်ဆုံးအဆင့် သောတာပန် အရိယာ ပုဂ္ဂိုလ်ဖြစ်မှ အပါယ်လေးပါးမှ လွတ်ကင်းနိုင်မည် ဖြစ်ပေသည်။

ဒါကြောင့် ကျွန်ုပ်တို့သည်လည်း လောကီ ကာမဂုဏ် အာရုံများ၌သာ အချိန် ကုန်မနေဘဲ သေခြင်းတရားကြီး ရောက်မလာမီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ ဟူသော သူတော်ကောင်း ဥစ္စာ (၇)ပါးကို သံသရာ ရိက္ခာအဖြစ် တတ်နိုင်သမျှ ကြိုးစား စုဆောင်း ထားသင့်ကြ ပေသည်။ အဆုံးစွန် ပြောရသော် ၀ိပဿနာ ဘာဝနာ အလုပ်ကို ကြိုးစား၍ ကိလေသာ မှန်သမျှကို အရိယာမဂ်ဖြင့် ပယ်သတ်ပြီးမှသာ စစ်မှန်သော ပျော်ရွှင် ချမ်းသာမှုမျိုးကို ရနိုင်ကြပေမည်။

ကံချွန်(ပွင့်ဖြူ)Justify Full

Read more...

New Dhamma Video by Ractor Dr. Nandamalabhivamsa

Dear Brothers and Sisters in Dhamma,


We uploaded New Video dhamma talk by Ractor Dr. Nandamalabhivamsa on 3 March 2010.


You can listen Ractor Dr. Nandamalabhivamsa's dhamma talk avideo on the following URL


http://www.dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm

Read more...

ပုခက်လွှဲသောလက်။

ငါတို့ရွာတွင် ၊ ရှုတိုင်းယဉ်သည့်
ပျိုခင်နှမ ၊ ဟန်မူလှတို့
မိဘဆရာ ၊ စကားနာ၍
ဘာသာမျိုးခြား ၊ သူတစ်ပါးနှင့်
ထိမ်းမြားမပြု ၊ စောင့်စည်းမှုသည်
ယခုထက်တိုင် ရှိသတည်း ။

အိုအေအေးအို ၊ သားလူပျိုရယ်
ငိုပါနဲ့ရင်သွေး ၊ မေ့သားလေးဟု
တေးချင်းချိုနွဲ့ ၊ညွှန်းဆိုဖွဲ့ရင်း
ပြောင်းသွဲ့ငြိမ့်ဆွဲ ၊ ပုခက်လွှဲသည့်
အမိလက်တွင် ၊ မြန်ပြည်ခွင်သည်
အစဉ်မှေးစက်နားမြဲတည်း ။

ဘာသာတရား ၊ မယွင်းမှားဖို့
ကြိုးစားကြသူ ၊ များရှင်လူတွင်
မိခင်လောင်းလျာ ၊ လှသူဇာလည်း
ဘာသာအသိ ၊ကောင်းစွာရှိ၍
မိမိရင်သွေး ၊ နောင်ရေးတွေးလျှက်
ငေးချင့်စဖွယ် ၊ ဂုဏ်ငွေပယ်ကာ
ဘာသာမျိုးခြား ၊ပယ်ရှောင်ရှား၍
ယွင်းမှားမမူ ၊ သတိထူသည်
လေးစားဂုဏ်ယူ ထိုက်သတည်း ။

မြေမျို,လူမျို ထိုနှစ်မျိုတွင် မြေမျို၍ လူမျိုးမပျောက်နိုင်သော်လည်း
လူမျိုခံရက လူမျိုးသာမက ဘာသာတရားပါပျောက်ကွယ်နိုင်သည်။
အမျိုးမျိုးအဖုံဖုံ ချော့လုံးမြှောက်လုံးအစုံစုံကို အာရုံမပြု လျစ်လျူရှုကာ
ဘာသာအမျိုးဂုဏ်မညှိုးအောင် စောင့်ရှောက်ကာကွယ်နေကြကုန်သော
မြန်မာ့မိခင်လောင်းလျာတို့အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါ၏။
အနာဂတ် မြန်မာပြည်သည် ပုခက်လွှဲသောလက်များအပေါ်
များစွာတည်မှီနေသည်ဆိုပါက လွန်အံ့မထင်ပါ။



Read more...

စာမူများတောင်းခံအပ်ပါသည်။


“ဓမ္မဒိုင်ဂျက်” ဓမ္မရသစာစု (လစဉ်ထုတ်မဂ္ဂဇင်း)မှ စာမူများတောင်းခံအပ်ပါသည်။

ပြည်တွင်း၊ပြည်ပ မှ စာရေးဆရာ သံဃာတော်အရှင်မြတ်အပေါင်းတို့နှင့် စာရေးဆရာ၊ ဆရာမများ၊ စာပေကလောင်သစ်များထံ လေးစားစွာဖြင့် ဓမ္မရသ ဆောင်းပါး၊ ၀ထ္ထုတို (ဘာသာရေးနှင့်သက်ဆိုင်သောအကြောင်းအရာစာမူများ) ကိုရေးသားချီးမြှင့်ပေးပါရန် စာမူများ တောင်းခံအပ်ပါသည်။

ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း၏ ရည်ရွယ်ချက် ။

ဗုဒ္ဓဘာသာအကြောင်း
ဗုဒ္ဓ၏ ဓမ္မဒေသနာတော်များ
ဗုဒ္ဓဘာသာဝင်များ ကျင့်ကြံပွားများအားထုတ်ရမည့် သီလ၊ သမာဓိ၊ ပညာ၊ ၀ိပသနာတရားတော်များကို ခြေခြေမြစ်မြစ် သိရှိနားလည်ပြီး ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ပီပီပြင်ပြင် ဖြစ်စေချင်ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ ဓမ္မဒေသနာတော်များနှင့် ပွားများရမည့် တရားဘာဝနာ များသည် လောကသံသရာမှာ အဆင့်မြင့်မြင့် အထက်တန်းကျကျ မျက်နှာပန်း လှလှ နေထိုင်ရ၍ မင်္ဂဖိုလ်နိဗ္ဗာန်သို့တိုင် အကျိုးများစေရန် ဦးတည်ရည်ရွယ် ပါသည်။

၂၀၁၀ ခုနှစ်မှစ၍ လစဉ်ပုံမှန်ထုတ်ဝေ ဖြန့်ချိပေးပါမည်။ (၃)လ အတွက်စာမူများအား စာပေစီစစ်ရေးမှ ခွင့်ပြုပြီးဖြစ်ပါသည်။ ပေးပို့သော စာမူများ အားလည်း ဆက်လက်တင်ပြ၍ လစဉ်ဆက်တိုက် ထုတ်ဝေဖြန့်ချိသွားပါမည်။


ဆက်သွယ်ရန်
dhammadigest.mdy@gmail.com

Full Colour
အမှတ်(၄၄၉)၊ ၃၃ လမ်း၊ ၈၁ လမ်း/ ၈၂ လမ်း၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉-၂၀၃၄၈၁၉

ဓမ္မဒိုင်ဂျက် ဓမ္မရသစာစု မဂ္ဂဇင်း

စာတည်းချုပ်
တက္ကသိုလ် တေဇာလင်း
ရတနာဘုံမြင့်စာချကျောင်း
ချမ်းသာကြီးကျောင်းတိုက်
ပွဲကုန်း၊ အောင်မြေသာစံမြို့နယ်
၉၁/၉၂ လမ်းကြား၊ ၂၆ ဘီလမ်း
မန္တလေးမြို့။
ဖုန်း ၀၂-၆၀၇၉၄


ရွှေလမ်းငွေလမ်းဝင်းကြည်
၇-၃-၂၀၁၀ ည(၉း၃၀)နာရီ တင်ပါသည်။

Read more...

စာမေးပွဲ အတွက် အားဆေးတစ်ခွက်

သားတို့၊ သမီးတို့ဟာ အနန္တော အနန္တ ငါးပါးကို ရိုသေလေးစားတဲ့ ကလေးတွေ၊ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကလေးတွေ၊ လူကြီးတွေရဲ့  ဆုံးမစကားကို လေးစားလိုက်နာတဲ့ ကလေးတွေ၊ လိမ္မာယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်နေမယ် ဆိုရင် အမြဲလိုလို ကံကောင်း နေလိမ့်မယ်။
ကောင်းတဲ့ အလုပ်တွေ လုပ်နေကြတာကိုး။ ကံကောင်းကြမှာပေါ့။ ကံကို ယုံပြီး ဆူးပုံထဲဆင်းတာတို့၊ မီးပုံထဲဆင်းတာတို့ အဲဒါတွေတော့ မလုပ်နဲ့လေ။ ဉာဏ်နဲ့ ဆင်ခြင်ရမှာ ပေါ့။
သားတို့၊ သမီးတို့ ပြုလုပ်ခဲ့တဲ့ ကံ တွေဟာ သားတို့၊ သမီးတို့ အနောက်ကို အရိပ်လို လိုက်နေပြီး အကျိုးပေးနေကြတာလေ။ အဲဒါကို ကမ္မသတ္တိ လို့ ခေါ်တာပေါ့။ အဲဒီ မမြင်နိုင်တဲ့ ကမ္မသတ္တိကို ဘုရားနဲ့ ရဟန္တာက လွဲပြီး ဘယ်သူမှ မသိနိုင်ကြဘူးလေ။
သားတို့၊ သမီးတို့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ် ကမ္မသတ္တိ တွေက စာမေးပွဲအခန်းထဲ မှာ မေ့နေတဲ့ စာတွေကို ပြန်သတိရအောင် လုပ်ပေးနိုင်တယ်။
စာမေးပွဲ အခန်းထဲမှာ ကိုယ်ကျက်ထားတဲ့ စာတွေက မေ့နေမယ် ဆိုရင် မစိုးရိမ်နဲ့။ စိုးရိမ်တဲ့ စိတ်တွေကို လျှော့ချပြီး အသက်ကို မှန်မှန်လေး ၀အောင်ရူလိုက်။ ၀င်လေ ထွက်လေကို မှတ်။ ပြီးတော့ စာတွေကို စိတ်ငြိမ်ငြိမ်နဲ့ ပြန်စဉ်းစား။ အဲဒါဆိုရင် မေ့နေတဲ့ စာတွေ ပြန်သတိရလာ လိမ့်မယ်။
အဲဒီ နည်းစနစ်က စာမေးပွဲဖြေတိုင်း ဘုန်းဘုန်း ကျင့်ခဲ့တဲ့နည်းစနစ်ပဲ။
အတန်းထဲမှာ ဆရာ၊ ဆရာမတွေ စာသင်တိုင်း သင်ခန်းစာတွေကို တလေးတစား ဂရုတစိုက်နဲ့ နားထောင်ရမယ်၊ မှတ်သားရမယ်၊ ရေးမှတ်ရမယ်။ မိမိက နားမလည်ရင် မိမိထက် နားလည်မယ့် သူငယ်ချင်းတွေကို မေးမြန်းရမယ်။ ဆရာ၊ ဆရာမတွေကို မေးမြန်းရမယ်။
မိမိနားမလည်တဲ့ သင်ခန်းစာတွေကို မေးမြန်းဖို့အတွက် ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ် တွေကို လုံးဝမရှိစေရဘူး။ မကောင်းမှု အကုသိုလ်တွေကို ပြုလုပ်မှသာ ရှက်တဲ့စိတ်၊ ကြောက် တဲ့စိတ်တွေကို ထားရမှာလေ။
မိမိ နားမလည်တဲ့ သင်ခန်းစာ ပုစ္ဆာတစ်ခုကို နားလည်အောင် ပြုလုပ်လိုက်တာဟာ ပြဿနာတစ်ခု ကို ဖြေရှင်းလိုက်နိုင်တာပဲ။ သင်ခန်းစာတွေ အားလုံးကို နားလည်သွားပြီဆိုရင် ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးပြီပဲ။
တစ်နေ့ပေးတဲ့ စာတွေကို တစ်နေ့ရအောင်လုပ်။ အကြွေးမတင်စေနဲ့။ အကြွေးတင်ရင် ပြန်ဆပ်ရမှာ မဟုတ်လား။ အချိန်ကိုလည်း အလွတ်မပေးနဲ့။ အချိန်က တန်ဖိုးရှိတယ် ဆိုတဲ့စကားထက် အချိန်က အလွန်ဈေးကြီးတယ် ဆိုတဲ့ စကားက ပိုပြီးတော့မှန်လိမ့်မယ်။
ဖြစ်နိုင်မယ်ဆိုရင် အားနေတဲ့အချိန်တိုင်း လွတ်နေတဲ့အချိန်တိုင်းကို သင်ခန်းစာတွေနဲ့ပဲ အသုံးပြုတတ်အောင် လေ့ကျင့်ပါ။ နောက်ဘိတ်ဆုံး ပြောရရင် အိမ်သာတက်တာတောင် မိမိ ကျက်နေတဲ့ ဘာသာရပ်စာအုပ်ကို ယူသွားပြီး အိမ်သာထဲမှာ စာကျက်ပါ။ အချိန်ကို တန်ဘိုး ရှိရှိ အသုံးချတတ်အောင်လို့ပါ။
ကံ သုံးပါးနဲ့ ကိုက်ညီအောင် စာတွေကို လေ့ကျင့်ရတယ်။ ကာယကံဖြစ်အောင် ရေးကျင့်ရမယ်။ ၀စီကံဖြစ်အောင် နှုတ်နဲ့ ရွတ်ဆိုရမယ်။ မနောကံ ဖြစ်အောင် စိတ်နဲ့ ပြန်လည် စဉ်းစားဆင်ခြင်ရမယ်။
အဲဒီ ကံ သုံးပါးကို အချိန်တိုင်း အချိန်တိုင်း အကြိမ်များစွာ အထပ်ထပ် လေ့ကျင့်ပါ။
သားတို့၊ သမီးတို့အများစုက နှုတ်နဲ့ ရွတ်ဆိုကြတာကိုပဲ အားသန်ကြတယ်။ ရေးကျင့်ဖို့ ကျတော့ ပျင်းကြတယ်။ စိတ်နဲ့ ပြန်လည် စဉ်းစားဖို့ကိုလည်း အချိန်မပေးကြဘူး။ အဲဒီ ကံသုံးပါးနဲ့ မညီသ၍ ထူးချွန်သူ မဖြစ်နိုင်သေးဘူး ဆိုတာ သားတို့၊ သမီးတို့ သိထားရမယ်။ ကျောင်းသား အများစုကတော့ နည်းနည်းပဲ အားထုတ်ချင်ပြီး များများတော့ လိုချင်ကြတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူးနော်။
ဘုန်းဘုန်းပြောတဲ့ ကံ သုံးပါးနဲ့သာ ကိုက်ညီအောင် သားတို့၊ သမီးတို့ရဲ့  သင်ခန်းစာ တွေကို ကြိုးစား အားထုတ်ကြမယ် ဆိုရင် သာမန်ထက် ထူးချွန်ကြမယ်ဆိုတာ အသေအချာ ပါပဲ။ အဲဒီနည်းစနစ်ဟာ စာမေးပွဲအတွက် အားဆေးတစ်ခွက်ပါပဲ။ သားတို့၊ သမီးတို့ လက်တွေ့ စမ်းကြည့်ကြပါ.....


Read more...

The attainment of ‘non-action’

2010 March 7
by Cittasamvaro

A slightly technical aspect of Buddhism: Non-Action

One aspect of Zen is the way of ‘non-action’. It is often proposed by Zen masters in opposition to the ‘hinayana’ way of just concentration.

This is an issue in most schools of Buddhism in fact. One set of meditators or masters will say that the usual way of meditation is ‘just concentration’ and that this will never lead to Enlightenment. The idea is that even in concentration of mind you are still creating a particular mind state. And anything that arises will, according to universal law, later cease. So the tranquility of concentrating on a meditation object, is still Samsara, it is still just an activity of the mind.

Hui-neng was the sixth Patriarch of Zen and is famous for segmenting the way of Chinese Zen, and starting a new lineage. He was speaking from an attainment of ‘Buddha-Nature’ which is known in Theravada as the ‘Unconditioned’ or the mind that is freed of all conditions. We might describe it as pure consciousness, or mind without an object (anarammana – see below).

The story goes the fifth Patriarch told his monks to go write a poem expressing the ultimate truth. The lead student Shen Xiu wrote :

The body is the bodhi tree,
The mind is like a clear mirror.
At all times we must strive to polish it.
And must not let the dust collect.

Hui-neng, just a young and uneducated monk from the South of China, responded with this stanza:

Originally there is no tree of enlightenment,
Nor is there a stand with a clear mirror.
From the beginning not one thing exists;
Where, then, is a grain of dust to cling?

Much of his teaching, as reported by his disciples, revolved around non-action. There is nothing to do and nowhere to go. Such teaching is quite common in different forms in Mahayana Buddhism, and juxtaposed with the perennial ‘Straw Man’ of Buddhism, Hinayana (effectively Hinayana and Theravada are the same thing). While Hinayana monks struggle to purify their mind over countless lifetimes, the Mahayana see that the mind is already pure. No wonder then that a couple of days ago a Tibetan monk in Bangkok was describing Hinayana as like ’starlight’ while Mahayana was like ‘moonlight’ and Tibetan Vajrayana was like ’sunlight’.

If the mind is already pure and perfect what is there to do? This is the basis of the teaching of non-action. Letting the mind cease from all activity reveals the inherent Buddha-nature.

Well, instead of buying into the ridiculous ‘Straw Man’ version of Theravada, perhaps it pays to go back to the Theravada suttas. So far as anyone can tell (including Mahayana Buddhists) the Theravada scriptures are the closest to the actual words of the Historical Buddha it is possible to get [in terms of record - of course, a new teacher might come along with something very wise or profound that is close to the historical Buddha's in terms of essence]. What we find is that practically all of the later ‘improvements’ on Buddhism from the Mahayana schools are found in the Pali canaon.

Take ‘non-action’ as an example. The word ‘action’ in the Pali is ‘Kamma’.

What is new kamma? Whatever kamma one does now with the body, with speech or with the intellect – this is called new kamma. And what is the cessation of kamma? Whoever touches the release that comes from the cessation of bodily kamma verbal kamma and mental kamma, that is called the cessation of kamma.

sn 35.145

Here is an explicit statement of the ‘cessation of action’

What we tend to find with some of these great teachers like Hui-neng is that they are teaching from one particular view point. They are teaching one particular way – they way they themselves have progressed and attained in the practise. They set this method up against the ‘common’ method of the day … If you listen too closely with any of these teachers and buy into the superiority over other ’schools’ then you lose the beauty of the 84 000 teachings we find in the Pali canon. All the later teachings have their equivalent in the Pali Suttas. If they don’t, it probably is not Buddhism.

Hui-neng’s description of Enlightenment:

As long as there is a dualistic way of looking at things there is no liberation…. The Buddha nature knows neither decrease nor increase … When it is [caught up in] the passions it is not defiled; when it is meditated upon, it does not thereby become purer. It is neither annihilated nor abiding; it neither comes nor departs, it is neither in the middle nor at either end; it neither dies not is born; it remains the same all the time, unchanged in all changes. As it is never born, it never dies. it is not that we replace death with life, but that the Buddha-nature is always above birth and death … let the mind move on as it is in itself and perform its inexhaustible functions – This is the way to be in accord with mind essence.

Is this something new? It is a spontaneous teaching and in it we can see the roots of Hui-nengs original inspiration to investigate Buddhism; a verse from the Diamond Sutra – “Let your mind flow freely without dwelling on anything“. This was his way of practise and his way of teaching.

Compare the above quote with a typical Pali sutta equivalent:

There is monks that sphere wherein there is neither earth, water, fire, nor air, wherein is neither the sphere of infinity of space, nor the infinity of consciousness, nor that of nothingness, nor that of neither perception nor non-perception. Whereing there is neither this world not a world beyond, nor moon or sun. There monks I declare is no coming, no going, no stopping, no passing away or arising. It is not established [appavattam] it has no object [anārammanam] This indeed is the end of suffering. [Ud 80]

or

This mind monks is luminous, but it is defiled by extraneous defilements. That the uninstructed ordinary man does not understand as it really is. Therefore there is no mind development for him I declare.

This mind monks is luminous and it is released from extraneous defilements. That the instructed noble disciple understands as it is. Therefore there is mind development for him I declare. [A I , 10]

The Pali sutta method of expression is very formulaic, rather than prosaic. It was systematized from the Buddha’s own teachings, and recited. That makes it harder to read sometimes, but working ones way through the suttas reveals a very complete teaching, where all the parts fit together nicely.

And this is where teachers such as Hui-neng fall slightly short. Profound and enlightened they may be. But to teach that you are already enlightened, that there is nothing you can or need to do …. is that a useful teaching? Well, yes, we can make use of it and develop it into a practise. But that practise then, is not non-action. By definition a ‘pracitse’ [Americans spelling of this verb is 'practice'] is not ‘non-aciton’.

You may note other teachers such as Ramana Maharshi, Nisargadatta, or even Eckhart Tolle often talk of the Self, which is evident when ‘non-self’ is understood. They say there is nothing that can be done to attain it. Enlightenment after all is without cause/effect. What action can you possibly do, to attain to non-action?

This is where the Buddha was supreme. He said there actually are ways of practise that can take you to enlightenment. There are certain ways to train the mind. There are certain insights that can lead you to enlightenment. There are certain states that should be developed, even if they are still within Samsara. His vision of the path was complete. And he taught different people in suitable ways … all of which became the so-called ‘84 000 teachings’.

This is why we Theravada Buddhists revere the Pali suttas. This is the origin of all the teachings, and the place where the full scheme fits together. In this set of suttas, we can find the origins of practically all the later teachings. Even though Tibetan Buddhists and other claim that the Buddha taught ’secret’ teachings to just a select few, we can in fact find all these secret teachings in the Pali, albeit in some cases, without signal emphasis. According to the Pali, the Buddha said he had laid out all the teachings in plain view, and held nothing back. Before he died he claimed to have done everything a teacher could possibly do for future generations. There need be no ’secret’ ways, and straw men to beat.



Read more...

အဆောင်မှူးတဲ့လား

ဒီအသံကိုကြားလိုက်ရရင်ပဲ မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးကို လွမ်းမိလိုက်တာ၊ အော် ဒါဟာ ငါ့တပည့်လေးရဲ့အသံပါလားလို့လည်း နှလုံးသားနားမှာ ကပ်ငြိမိပြန်တယ်၊ အော် ငါ့တပည့်တွေ အများစု င့ါကို ဒီလိုခေါ်ခဲ့ကြတာပါလားလို့လည်း စိတ်မျက်စိမှာ အလွမ်းတွေနဲ့ ဝေခဲ့ရပြန်တယ်။

ဒီနေ့တိုင်အောင် ဒီသမုတ်နာမ်လေးကို သုံးနေတာကတော့ ချစ်တပည့် မောင်ပညာပါပဲ၊ တွေ့လိုက်တိုင်း အဆောင်မှူးတဲ့၊ မြန်မာပြည်မှာ ဖြုတ်ချည်း ရုတ်ချည်း ခဏလေး တွေ့လိုက်တော့ လည်း မောင်ပညာက ကိုယ့်ကို အဆောင်မှူးတဲ့၊ ဟော အင်တာနက်မှာ နိုင်ငံရပ်ခြားမှာ တွေ့လိုက်တိုင်းလည်း အဆောင်မှူးတဲ့၊ ကိုယ်ကလည်း အဲဒီအသုံးလေးကို သိပ်မြတ်နိုးတာပဲ၊ ဆရာတော်လို့ခေါ်တာထက် အဲဒီအဆောင်မှူးဆိုတာကို ပိုနှစ်သက်မိတာ တကယ်ပါ။
မိခင်တက္ကသိုလ်ကြီးမှာ မြန်မာစာဌာန၊ နည်းပြအဖြစ်ကို အဆောင်မှူးတာဝန်နဲ့တွဲပြီး ခြောက်နှစ်ကြာ ထမ်းဆောင်ခဲ့ရတဲ့ ကာလလေးကတော့ဖြင့် ကိုယ့်ဘ၀မှာ သာသနာတော်အတွက် အကောင်းဆုံး ဆောင်ရွက်မှုပဲဆိုပါတော့။
ကိုယ်တတ်ထားတဲ့ အင်္ဂလိပ်စာသဒ္ဒါလေးကို တပည့်တွေကို ဝေငှခဲ့တာလည်း တစ်နှစ် နှစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါတစ်လေ နှစ်လ၊ တစ်ခါတစ်ခါ တစ်လခွဲ၊ ကြိုးကြား ကြိုးကြား အင်္ဂလိပ်စာအုပ် အလွယ်လေးများကိုလည်း ကိုယ်လောက်မတတ်သေးတဲ့ ကိုယ့်တပည့်လေးတွေကို သင်ပေးခဲ့။ တပည့်တွေကိုတော့ ချစ်တယ်၊ အစိမ်းအကျက်မထားဘဲ ချစ်တယ်၊ သူတို့တွေကို သိပ်တော်စေချင်တယ်၊ ကိုယ့်ကတော့ ကျောက်ဖျာတစ်ချပ်လိုပါပဲ၊ သူတို့သွေးလို့ ထက်ပြီးရင်း ထက်လေ တက်သွားလေ အောက်ကနေ မော်ကြည့်ရတာ ပျော်မွေ့လေပါပဲ။
သူတို့တွေကို အင်္ဂလိပ်စာသင်ပေးတဲ့အခါများ ကိုယ်တတ်တာက တစ်လခွဲနှစ်လဆို ကုန်ပြီ၊ ရှေ့ဆက်ပြီး ကိုယ့်မှာ သင်ပေးစရာမရှိတော့ဘူး၊ ဟော နောက်နှစ်တွေကျတော့ သူတို့က ကိုယ့်ထက် အင်္ဂလိပ်စာမှာ တော်နေကြ၊ ကိုယ်ကတော့ ပြီးခဲ့တဲ့နှစ်တွေကအတိုင်း အင်္ဂလိပ်သဒ္ဒါလေး ဆက်သင်ပေး၊ တစ်လ နှစ်လဆို ကုန်ပြန်၊ ကိုယ်ကလည်း ထပ်ပြီး မလေ့လာချင်၊ မြန်မာစာလောက် အင်္ဂလိပ်စာကို မချစ်၊ မနှစ်သက်၊ သင်လိုတတ်လိုစိတ်မရှိခဲ့။
ဘာပဲဖြစ်ဖြစ်ပေါ့၊ ကိုယ့်တပည့်လေးတွေ ခုဆို နိုင်ငံအသီးသီးမှာ အင်္ဂလိပ်စာတွေ ဆက် လေ့လာကြလို့၊ သင်ကြလို့၊ တိုးတက်မှုတွေနဲ့ မြင်ရ တွေ့တော့ ရင်ထဲကပီတိက ရင်ထဲမှာတွင် မနေတော့၊ ရင်ဘက်ကြီး အပြင်ထိတက်ခဲ့၊ အဆောင်မှူးတဲ့၊ ကျေနပ်လိုက်တာ၊ အားရလိုက်တာ၊ ပျော်လိုက်တာ၊ ဒီအသံလေးတွေဟာ ကိုယ့်အတွက်တော့ဖြင့် ဘ၀မှာ သာသနာအတွက် အားဆေးပါပဲ။
ချစ်တပည့်က သူတို့နှစ်ပတ်လည် စာစောင်အတွက် ဆောင်းပါးတစ်ပုဒ်ရေးပေးပါလို့ တောင်းပန်ထားတာက ကြာပါပြီ၊ ကိုယ်ကလည်း ရေးပေးပါမယ်ဆိုပြီး စိတ်အားထက်သန်စွာပဲ ၀န်ခံ ကတိပြုခဲ့ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဆောင်မှူး ကိုယ်, သူ့အလုပ်တွေနဲ့သူ ဘာမှမလုပ်ရဘဲ ရှုပ်နေခဲ့၊ ကျမ်းတင်ဘို့အဆင်သင့် ဖြစ်နေခဲ့တာ မြန်မာပြည်မပြန်ခင်ထဲကဆိုတာကို သူတို့လည်း အသိ၊ ခက်တာက ကိုယ်လေ၊ ကိုယ်က ဘာမှအလုပ်မရှိတော့ဘူး ဖိအားတွေ ကင်းနေချိန်ဆို ဘာမှမလုပ်ချင် တော့ဘူး၊ ဆိုပါတော့ ကိုယ့်အကြောင်း စာမေးပွဲနား နီးတဲ့ခါများ စာကျက်ရတာလည်း အရသာရှိရဲ့၊ ၀တ္ထု စာအုပ် မဂ္ဂဇင်းစာအုပ်၊ ကဗျာ ဘာညာ ဖတ်ရတာလည်း အလွန်အရသာရှိ၊ ဆောင်းပါး တိုတိတိုတိ ရေးရတာလည်း လက်က အလွန်တွေ့တတ်၊ အဲ အလုပ်တွေ ဖိအားတွေ မရှိတော့ဘူးဆိုမှဖြင့် ဘာမှမလုပ်ချင်ဘဲနဲ့ အလုပ်များနေ အလုပ်များနေဆိုပြီး အမြဲလိုပြောတတ်တာ ခုထိပဲလေ။
တပည့်က ကိုယ့်အကြိုက်အဆောင်မှူးဆိုတဲ့အသံလေးကို ကိုယ့်ဆီတိုက်ရိုက်သာမကဘဲ ကိုယ့်ရဲ့ အလင်းသစ် (alinnthit.net) လေးထဲ လိုက်ခေါ်တော့ မဖြစ်ချေတော့ဘူး ငါရေးပေးမှ ဖြစ်မယ် ဆိုပြီး မရှိတဲ့အလုပ်ကို အသာထားပြီး ခပ်ပါးပါးလေးတော့ မန်း န.ပ.သ (နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး)ကို လွမ်းပြလိုက်မိပြီပေါ့။
1989-မှာ မန္တလေးနဲ့ ရန်ကုန်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုတွင် ကနဦး ဓမ္မာစရိယဘွဲ့ရပြီးသားများအတွက် သာသနတက္ကသီလမဟာဓမ္မာစရိယ (အမ်-အေ) တန်းကို ဆက်လက် အသစ်မဖွင့်တော့ဘဲ ပထမကြီး အောင်၊ အသက် (၃၀) ၀ါတော် (၁၀) အတွင်း ကျောင်းသားများအတွက် သာသနတက္ကသီလဓမ္မာစရိယ (ဘီ-အေ)တန်းကို စတင်ဖွင့်လစ်ခဲ့၊ အဲဒီနှစ် မှာပဲ ကိုယ်လည်း ဘီအေ ပထမနှစ်ကျောင်းသားဖြစ်ခဲ့၊ မန်း န.ပ.သ ဆိုတာက အရှေ့ဘက်မှာ ရန်ကင်းတောင်၊ အနောက်မြောက်ဘက်မှာက မန္တလေးတောင်၊ အဲဒီနှစ်ခုထဲနဲ့ကို လွမ်းမောဘွယ်အတိ၊ ခုလို ဆောင်းအကုန် နွေအကူး၊ ဆောင်းနဲ့နွေ စက်ကူးမက်ကူးကာလ ရောက်ပြီဆိုမှဖြင့် ရိုးတန်းပြိုင်းနဲ့ မန္တလေးတောင်ကြီးဟာဖြင့် စေတီပုထိုး ခက်ဖွေးဖွေးနဲ့၊ ရွှေကျောင်းကြီးနဲ့ အတုမရှိကျောင်းတော်ကြီး အတွင်းမှာဆို နွေရာသီရဲ့သရုပ်သကန် ဘုရားဖူးတွေ ချွေးစီးစီးနဲ့၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားတို့မှာလည်း ဘုရားဖူးတွေ နွေရာသီကို အန်ခဲလျက်၊ မန္တလေး ကျုံးတော်ကြီး ကတော့ ရှေးမူတွေနဲ့ ခုခေတ်မူ ရောထွေးလျက်။
ဘီအေကို လေးနှစ်၊ အမ်အေကို နှစ်နှစ် ရေးဖြေပြီးခဲ့တဲ့နှစ်မှာ စလို့ အဆောင် (၁၈) အဆောင်မှူးဘ၀နဲ့ မြန်မာစာဌာန၊ နည်းပြဆိုတဲ့တာဝန်နဲ့ ကျောင်းသားတွေကို အုပ်ချုပ်ခဲ့၊ အုပ်ချုပ်ခဲ့ ဆိုတာကလည်း ရဟန်းငယ်တွေအဘို့တော့ ထူးပြီးအုပ်ချုပ်ဘို့ မလိုအပ်ခဲ့ပါဘူး၊ အားလုံး ဗုဒ္ဓ၀ိနည်းတော်မှာ ပထမကြီးဆိုတဲ့ အတန်းကို အဆင့်မြင့်စွာအောင်မြင်ခဲ့ကြသူချည်းမို့ အနေ အထိုင် အစား အသောက် ဘာမှ ပြောဘွယ်၊ ဆုံးမဘွယ်မရှိခဲ့ပါဘူး၊ ၀ိနည်းတော်အတိုင်း နေထိုင်ကြတာမို့ ကိုယ်က သူတို့အရင် လူကြီးဖြစ်တာမို့သာ သူတို့အတွက် လူကြီးလုပ်နေခဲ့ရတာပါ။
အဲဒီ အမိတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့သူကလည်း မြန်မာပြည်မှာ တစ်ဆိုမှ တစ်၊ နံပါတ် ၀မ်း၊ မင်းကွန်းတိပိဋကဓရဆရာတော်ကြီးပေပဲ၊ သာသနာတော်ရဲ့တောင်းဆိုမှု၊ ခေတ်၏ သမိုင်း မှတ်တိုင်တစ်ခုကို လှပစွာစိုက်ထူခဲ့သူကြီးပါပဲ၊ ဆရာတော်ဘုရားကြီး နတ်ရွာမလားခင်အချိန်ထိတော့ တက္ကသိုလ်ကြီးက အမြစ်တွယ် ပင်စည်တွေနဲ့ အေးရိပ်ဆာကြီးတစ်ခုသာ ဖြစ်နေခဲ့၊ ဆရာတော်ဘုရား ကြီး နတ်ရွာလားပြီးတဲ့နောက်ပိုင်းတော့ ခုဆိုရင် အသီးတွေ အပွင့်တွေ ဝေလျက်၊ မြန်မာဗုဒ္ဓသာသနာ တော်ကြီးကို ဆရာတော်ဘုရားကြီး ရည်ရွယ်ရင်းအတိုင်း အနယ်နယ်အရပ်ရပ် ဆက်လက်ဖြန့်ဝေနေခဲ့၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွေမှာလည်း ဆရာတော်ကြီး စိုက်ပျိုးခဲ့သည့် ဤသစ်ပင်ကြီးမှ အသီးများဟာ နေရာတိုင်းမှာ မျိုးစေ့တွေ ပြန့်ပွားစေလျက်။
ချစ်တပည့်ရေ ဒီနေ့ဆိုရင် ကိုယ်သိသလောက် ဒို့တက္ကသိုလ်ကြီးကနေ ကျောင်းပြီးလို့ ဒေါက်တာဘွဲ့တွေ ရသွားတဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားသာသနာပြုတွေ မနည်းတော့ဘူးကွယ့်၊ ကိုယ်နေတဲ့ ခု ဒီဘုံဘေတက္ကသိုလ်ကြီးကပဲ- ဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာအရှင်အာသဘ၊ ဒေါက်တာအရှင်ခေမန္ဒ၊ ဒေါက်တာအရှင်ကိတ္တသာရ လေးပါး ကျောင်းပြီးသွားကြပြီလေ၊ ခုလည်း ဒို့တက္ကသိုလ်က နင်တို့အဆောင်မှူး ငါအပါဝင် အရှင်သီရိန္ဒ၊ အရှင်စန္ဒာဝရ၊ မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်က ဒေါက်တာဘွဲ့ရပြီးတဲ့ အရှင်ပါရမီတို့ ဒေါက်တာဘွဲ့အတွက် အားသွင်ကြိုးပမ်းနေကြတုန်း၊ နောက် တစ်နှစ် နှစ်နှစ်ဆိုရင် ဒေါက်တာဘွဲ့တွေ ရကြဦးမယ်လေ။
ဟော သီရိလင်္ကာနိုင်ငံ ကိုလံဘို၊ ကေလနိယတက္ကသိုလ်ကနေ အရှင်ဝါသနနဲ့ အရှင် ညာဏုတ္တရတို့ဆို အမ်ဖီး (M.Phil) ပြီးခဲ့ကြပါရော့လား၊ ဟော တစ်ခါ ဗာရာဏသီက (B.H.U) မှာလည်း အရှင်သုမင်္ဂလ၊ အရှင်အစ္ဆရိယ၊ ဆန်စကရစ်ကဆို အရှင်အဂ္ဂ၀ံသတို့ ဒေါက်တာဘွဲ့တွေ လုပ်နေကြတယ်၊ အထူးသဖြင့် နင်တို့သိတဲ့ မော်ဒန်ဆိုတဲ့ အရှင်ဝိစိတ္တသာရဟာ ဒေါက်တာဘွဲ့လုပ်ရင်း တိဗတ်တက္ကသိုလ်ကြီးမှာ ဗုဒ္ဓဇင်မှာ ပါမောက္ခလား လုပ်နေလေရဲ့၊ နင်တို့ ထိုင်းနိုင်ငံမှာလည်း သီရိလင်္ကာက အမ်ဖီးပြီးခဲ့တဲ့ ဒို့များရဲ့သူငယ်ချင်းကြီး အရှင်ဝါသ၀ ဒေါက်တာဘွဲ့လုပ်နေတယ်လေ။
မြန်မာပြည်က အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကနေ ဒေါက်တာနောဓိညာဏ၊ ဒေါက်တာအရှင်ပါရမီ၊ ဒေါက်တာအရှင်အာစာရ၊ သူတို့သုံးပါး ဒေါက်တာဘွဲ့တွေရပြီးပြီ၊ နင်တို့ဆရာ တို့တက္ကသိုလ်ကပဲ ဆရာတော်ဦးညာဏိန္ဒ ဒီနှစ်ဒေါက်တာဘွဲ့ရပြန်တယ်။ ဒါက ငါ လက်လှမ်းမီ သလောက်နော်၊ ငါမမီတဲ့ မသိတဲ့နေရာတွေမှာ ကျောင်းတက်နေကြတဲ့သူတွေ အများကြီး ရှိလိမ့်ဦးမယ်လေ၊ ဒါတွေကို ငါက ကြွားနေတယ်တော့ မထင်နဲ့နော်၊ နင်တို့တွေလည်း အဲလိုတွေ ဖြစ်အောင် ကြိုးစားကြစေချင်လို့ပါ။ အမိနိုင်ငံဂုဏ်ဆောင်ရမယ်၊ သာသနာဂုဏ်ကို ပြောင်ဝင်းစေရမယ်၊ မြန်မာဆိုတာ နေရာတိုင်းမှာ ဗုဒ္ဓသာသနာကို ထွန်းပြောစေတယ်ဆိုတာ သိစေချင်လို့ရယ်ပါနော်။
အင်း တကယ်ဆိုတော့ ဒီအသီးအပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီးရဲ့ အမြော်မြင်ကြီးစွာနဲ့စိုက်ပျိုးခဲ့တဲ့ ဒို့များ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့ ပင်စည်ကြီးက သီးပွင့်ခဲ့ သီးပွင့်နေတာတွေပါ။
တကယ်တော့ ဒီအချိန်ဟာ အမိတက္ကသိုလ်ကြီးရဲ့ နှစ်ဝက်စာမွေးပွဲတွေ ဖြေကြဘို့ နီးစပ်လွန်း နေတဲ့ရာသီပါ၊ ဆောင်းကုန်လို့ နွေကူးလာပြီ၊ တောင်လေတွေဝှေ့လာပြီဆိုမှဖြင့် ဒို့များရဲ့ အမိ တက္ကသိုလ်တွင်းမှာ ပါဠိစာပေ အဋ္ဌကထာ ဋီကာသံတွေနဲ့လည်း စည်ဝေနေလျက်၊ သက္ကဋ (ကုလား)သံ တွေကလည်း ကြိုးကြားကြိုးကြား မြည်ဟည်းကြလျက်၊ အင်္ဂလိပ်စာသံတွေကလည်း အသံပီသူ မပီသူ နားဆူအောင် ကြားရလျက်၊ အင်း အဆောင်မှူးပျော်ဝင်ခဲ့တာကတော့- ဤကာလက၊ ချမ်းမြမထန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာဟစ်ကြွေး…စတဲ့ ရှင်အုန်း ညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ရဲ့အသံ၊ တောင်းကိုမဖောက် တောင်ကိုဖောက် စိန်ကျောက်အသွင် သီလ၀ံဆိုတဲ့ အရှင်မဟာရဋ္ဌသာရနဲ့ အရှင်မဟာသီလ၀ံသတို့ရဲ့ ပညာညာဏ်ရည် အနိမ့်အမြင့်…. လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေ၊ တိပိဋကဆရာတော်ဘုရားကြီးရဲ့ မဟာဗုဒ္ဓ၀င်ထဲက အသံတွေကို နေ့ညမပြတ် ကြားနေရပါကောလေ။
ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာရဟန်းတော် ညီနောင်တို့ရေ ဘယ်နေရာရောက် ရောက် ဘယ်တက္ကသိုလ်မှာ ပညာရင်နို့ သောက်စို့စို့၊ အရေးကြီးတာကတော့ ဒို့များဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဟန်းတော်များဟု ရင်တွင်းမှာ စိတ်ထားလျက် လိုချင်တဲ့ ပန်းတိုင်တွေကို အချိန်တိုအတွင်း မှာ ရောက်အောင် လှမ်းကြစေချင်ပါတယ်၊ ညီနောင်တို့ကို ဒို့နိုင်ငံကလည်း အလွန်ကို အလိုရှိနေပါပြီ၊ ဒီနေ့ခေတ်ဟာ ဗုဒ္ဓစာပေကို ရှေးရိုးနည်းတစ်ခုတည်း တတ်ကြရုံနဲ့ မပြည့်စုံတော့ပါဘူး၊ ခေတ်သစ်နည်း ပညာတွေ အထွေထွေနဲ့ မွမ်းမံပြီး၊ အင်္ဂလိပ်စာဆိုတဲ့ လက်နက်ကောင်းကို ကိုင်ဆောင်နိုင်ကြပြီ ဆိုရင်ဖြင့် ဒို့များတိုင်းပြည်ရဲ့ အနယ်နယ်အရပ်ရပ်မှာ သင်တို့ရဲ့ ပစ္စည်းလေးပါး ဒကာ ဒကာမများဟာ သင်တို့ကို မျှော်လင့်တကြီးနဲ့ စောင့်နေကြတယ်ဆိုတာကိုလည်း ရင်ထဲကနေ မဖျောက်ဖျက် မိကြစေ ချင်ပါဘူးနော်။
အရေးကြီးဆုံးကတော့ ကိုယ်ရလာတဲ့ ကိုယ့်ဘွဲ့နဲ့ညီတဲ့ အရည်အသွေးတွေနဲ့ ပြန်လာ နိုင်အောင် ကြိုးစားကြစေချင်ပါတယ်၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဒို့များရဲ့ ကလေးလေးတွေ ခုဆို ဘယ်လိုတွေ ဖြစ်နေကြပါလိမ့်မလဲ၊ ဒို့ သူတို့ကို ဘာတွေ လုပ်ပေးနိုင်မလဲ၊ ဒီလိုလေးတွေလည်း တွေးထားကြဘို့ လို ဦးမယ်ထင်ပ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒို့လုပ်နိုင်တာကို ဒို့လုပ်ကြရမှာပါပဲ၊ ခု အရေးကြီးဆုံးကတော့ တက် ရောက်သင်ကြားနေတဲ့ အတန်းအသီးသီးမှာ အဆင့်မြင့်မြင့်နဲ့ စာမေးပွဲတွေအောင်၊ အသိပညာတွေ တိုး၊ အရည်အချင်းတွေ ပြည့်၊ တစ်နေ့ ….
သင်တို့အားလုံးကို ကမ္ဘာကြီးက စောင့်ကြိုနေပါတယ်လို့….
အရှင်သာဓိန (ခေတ္တ၊ ဘုံဘေတက္ကသိုလ်)
07. 03. 2010

Read more...

မြတ်ရတနာ (ပုံပြတရားတော်)

Saturday, March 06th, 2010 | Author: admin

သူငယ်ချင်းတစ်ယောက်ဆီက..မြတ်ရတနာ ပုံပြတရားစာအုပ်လေးကို ခဏ ငှားဖတ်ခဲ့ပါတယ်။..ဒါနဲ့.အွန်းလိုင်းပေါ်တင်လိုက်ရင် ..အားလုံး..ဖတ်ရှုခွင့်ရရှိစေဖို့..ဒီစာအုပ်လေးကို scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်။..ရုပ်ပုံပန်းချီများ..လယ်တီဆရာတော်ရဲ့..ဘုရားရှိခိုးစာပုဒ်များ.
.ဗုဒ္ဓ၀င်အကြောင်းအရာများပါဝင်ပြီး..နောက်ပိုင်းမှာလည်း..
ရတနာသုံးပါးရဲ့ ဂုဏ်တော်များ ပါဝင်တဲ့အတွက်..ဖတ်ရှုလို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ…

myatyadanar-21

ဒေါင်းလုပ်..
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
သုံးပိုင်းလုံး ဒေါင်းပြီးပါက..ပြန်join ပေးဖို့လိုပါမယ်..

Read more...

ဗိုလ် ရှိရင် ဘာမဆို ဖြစ်နိုင်တယ် တရားပွဲ ကြေငြာခြင်း



အရှင်တေဇောဘာသ (မြင်းခြံ )

တရားပွဲ ကြေငြာခြင်း
ဗောဓိပက္ခိယ ဓမ္မ (၃၇)ပါး မှ
ဗိုလ် (၅)ပါး ကို အစဉ်တိုင်း ဟောကြားသွားမည် ဖြစ်ပါသည်။



၁။သဒ္ဓါ- သဒ္ဓါ၊ ယုံကြည်ခြင်း (၁၁၊၀၁၊၂၀၁၀)(ဟောပြီး)
၂။ဝီရိယ-၀ီရိယ၊လုံလရှိခြင်း (၁၅၊၀၂၊၂၀၁၀)(ဟောပြီး)
၃။သတိ- သတိ၊မမေ့လျော့ခြင်း ( ၀၈၊၀၃၊၂၀၁၀)(ယနေ့ )
၎။သမာဓိ-သမာဓိ၊စူးစိုက်ခြင်း (၁၂၊၀၄၊၂၀၁၀)(မျှော်)
၅။ပညာ- ပညာ၊နားလည်ခြင်း ( ၁၀၊၀၅၊၂၀၁၀)(မျှော်)

တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ




Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge

I. Die fünf geistigen Kräfte (pañca balāni)
1. Vertrauen (saddhā) 11. Januar
2. Willenskraft (viriya) 15. Februar
3. Achtsamkeit (sati) 08. März
4. Sammlung (samādhi) 12. April
5. Wissen oder Einsicht (paññā) 10. Mai

Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။
(အကြိုတစ်ရက်နေ့ တိုင်း သတိပေးခြင်းဖြစ်ပါတယ်။)



မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၀၇၊၀၃၊၂၀၁၀)

Read more...

The 31 Planes of Existence

Free distributional copies of the 31 Planes of Existence
are available at the centre.
Please feel free to come and collect a copy.
0 comment

Read more...

ဖြတ်ထားပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုး...။

စေတောခိလသုတ်- (စိတ်ခိုင်မာခြင်း)

ရဟန်းတို့ စိတ်၏ ဆူးငြောင့် ခလုတ် ငါးမျိုးတို့ကို ပယ်ထားပြီးသော, စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို ဖြတ်ထားပြီးသော မည်သည့် ရဟန်းမဆို ဤသာသနာတော်၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်နိုင်ရာသော အကြောင်းသည် ရှိ၏။ ထိုရဟန်း ပယ်ထားပြီးသော စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ ဟူသည် အဘယ်နည်း။

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ ရဟန်းတို့ မြတ်စွာဘုရား၌ မယုံမှားသော မတွေးတောသော ဆုံးဖြတ်နိုင်သော ရှင်းလင်းသော ရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ် အားထုတ်ခြင်း လွန်စွာ အားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော ရှေးဦးစွာသော စိတ်၏ ဆူးငြောင့် ခလုတ် ဖြစ်၏။

၂...
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော နှစ်ခုမြောက် ဖြစ်သော စိတ်၏ဆူးငြောင့် ခလုတ် ဖြစ်၏။

၃...
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သံဃာ၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော သုံးခုမြောက် ဖြစ်သော စိတ်၏ ဆူးငြောင့် ခလုတ် ဖြစ်၏။

၎...
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အကျင့် သိက္ခာ၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော လေးခုမြောက် ဖြစ်သောစိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

၅...
ရဟန်းတို့ ထိုမှတစ်ပါးလည်း ရဟန်းသည် သီတင်း သုံးဖော်တို့၌ အမျက်မထွက်၊ နှစ်သက်၏၊ စိတ်မနာတတ်၊ ဆူးငြောင့် ခလုတ်သဖွယ် မဖြစ်။ ရဟန်းတို့ သီတင်း သုံးဖော်တို့၌ အမျက် မထွက်သော နှစ်သက်သော စိတ် မနာတတ်သော ဆူးငြောင့် ခလုတ်သဖွယ် မဖြစ်သော ရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ် အားထုတ်ခြင်း လွန်စွာ အားထုတ်ခြင်းငှါ ညွတ်၏။

ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော ငါးခုမြောက် ဖြစ်သော စိတ်၏ ဆူးငြောင့် ခလုတ်ဖြစ်၏။ ဤသည်တို့ကား ထိုရဟန်း ပယ်ထားပြီးသော စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ပေတည်း။ 187


ထိုရဟန်း ဖြတ်ထားပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမ၌ တပ်စွန်းခြင်း 'ရာဂ' ကင်း၏၊ အလိုဆန္ဒ ကင်း၏၊ ချစ်ခြင်း ကင်း၏၊ မွတ်သိပ်ခြင်း ကင်း၏၊ ပူလောင်ခြင်း ကင်း၏၊ တပ်မက်ခြင်း 'တဏှာ' ကင်း၏၊ ရဟန်းတို့ ကာမ၌ တပ်စွန်းခြင်း 'ရာဂ' ကင်းသော အလိုဆန္ဒ ကင်းသော ချစ်ခြင်း ကင်းသော မွတ်သိပ်ခြင်း ကင်းသော ပူလောင်ခြင်း ကင်းသော တပ်မက်ခြင်း 'တဏှာ' ကင်းသော ရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ် အားထုတ်ခြင်း လွန်စွာ အားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ဖြတ်ထားပြီးသော ရှေးဦးစွာသော စိတ်၏ အနှောင်အဖွဲ့
ဖြစ်၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းခြင်း 'ရာဂ' ကင်း၏။ပ။ရုပ်၌ တပ်စွန်းခြင်း 'ရာဂ' ကင်း၏။ပ။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အလျောင်း ချမ်းသာ အစောင်း ချမ်းသာ အအိပ် ချမ်းသာကို အားထုတ်လျက် မနေ။ ရဟန်းတို့ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အလျောင်း ချမ်းသာ, အစောင်း ချမ်းသာ, အအိပ် ချမ်းသာကို အားထုတ်လျက် မနေသော ရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ် အားထုတ်ခြင်း လွန်စွာ အားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ဖြတ်ထားပြီးသော လေးခုမြောက် ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ''ဤအကျင့် သီလဖြင့် သော် လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်သော် လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော် လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်ခြင်းဖြင့်သော် လည်းကောင်း ငါသည် နတ် သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင် အပါအဝင် သော်လည်းဖြစ်ရအံ့'' ဟု နတ် အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်။ ရဟန်းတို့ ''ဤအကျင့် သီလဖြင့် သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့် သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော် လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်ခြင်းဖြင့် သော်လည်းကောင်း ငါသည် နတ် သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင် အပါအဝင် သော်လည်း ဖြစ်ရအံ့'' ဟု နတ် အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်သော ရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ် အားထုတ်ခြင်း လွန်စွာ အားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း ဖြတ်ထားပြီးသော ငါးခုမြောက် ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ဤသည်တို့ကား ထိုရဟန်း ဖြတ်ထားပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ပေတည်း။
ရဟန်းတို့ ဤစိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို ပယ်ထားပြီးသော ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ဖြတ်ထားပြီးသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်နိုင်ရာသော အကြောင်းသည် ရှိ၏။ 188

၆ - စေတောခိလသုတ်၊ မှ၊ သီဟနာဒ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

“လွဲချော်သွားတဲ့ ပွဲတိုင်းကျော်”

တောရွာတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ရွာတိုင်း၌ မင်္ဂလာဆောင်ပွဲဖြစ်စေ၊ အလှူပွဲအမျိုးအမျိုးကိုဖြစ်စေ ဘယ် လိုပွဲမျိုးဖြစ်ဖြစ် အသံချဲ့စက်ထည့်၍ စည်းကား သိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင်နှင့် ကျင်းပလေ့ရှိသည်။ ယနေ့မှာ တော့ ပဲခူးတိုင်း ရေတာရှည်မြို့နယ် အောင်ချမ်းသာရွာတွင် အသံချဲ့စက်ကို အသံကုန်တင်၍ ဖွင့်နေလေပြီ။ အသံ ချဲ့စက်အသံကြားသည်နှင့်တပြိုင်နက် ဘေးနားကရွာတွေကလဲ
“ တချို့ကလဲ အောင်ချမ်းသာရွာမှတော့ ဘာပွဲများရှိသလဲမသိ၊ အလှူပွဲရှိတယ်ထင်တယ်၊ တချို့ကလဲ မင်္ဂလာ ဆောင်ရှိတယ်ထင်တယ်။” ဟု ထင်ကြေးအမျိုးအမျိုးပေးကြသည်။ ဘယ်အကြောင်းကြောင့် အသံချဲ့စက်ဖွင့် သည်ဖြစ်စေ အောင်ချမ်းသာရွာကနေ နှစ်မိုင်လောက်ဝေးသော ရွာတစ်ရွာမှ ကိုဖက်ကြီးသည်ကား အသံချဲ့စက် ဖွင့် သံကြား သည်နှင့် အောင်ချမ်းသာရွာသို့ ထွက်လာခဲ့လေသည်။ သူသည်ကား ပွဲတိုင်းကျော် ဖြစ်လေသည်။ အနီးအနားရွာများမှ အလှူပွဲ မင်္ဂလာဆောင်ပွဲတိုင်း လာရောက်စားသောက်လေ့ရှိသည်။ အနီးအနားရွာများရှိ လူတိုင်းကလဲ သူ့ကို သိကြလေသည်။ တောရွာတို့၏ ဓလေ့ထုံးစံအတိုင်း တခြားရွာမှ လာသူကိုလည်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ကျွေးမွေးလေ့ရှိလေသည်။ သို့သော်လဲ ထိုဓလေ့သည်ကား တချို့ကျေးလက်ဒေသများတွင် ပျောက်ပျက်နေလေပြီ။ ဘယ်ရွာတွေမှာ ထိုဓလေ့ပျောက် သည်ဖြစ်စေ အောင်ချမ်းသာရွာနှင့် အနီးအနားရှိရွာများတွင် မပျောက်သေးပါ။ သို့ဖြစ်၍ ကိုဖက်ကြီးတစ်ယောက်
ထိုရွာသို့ အားပေးရန် ရောက်လာခဲ့ပေသည်။ အိမ်မှ ဇနီးသည် ချက်ပြုတ်ထားသော ချဉ်ပေါင်ဟင်း ပဲပြုတ် ငပိရေ တို့စရာ ဟင်းတို့ကိုပင် ပစ်ထားခဲ့လေသည်။ အောင်ချမ်းသာရွာရောက်သည်နှင့် အသံချဲ့စက်ဖွင့်နေသော အိမ်သို့ တိုက်ရိုက်သွားလေသည်။ ရောက်သည်နှင့်တပြိုင်နက်
“မင်းတို့ ဒီနေ့က ဘာအလှူပွဲလဲ၊ ဘုန်းကြီးဆွမ်းကပ်လား၊ မင်္ဂလာဆောင်လား၊ မွေးနေ့ပွဲလား? စသည်ဖြင့် မေးလေတော့သည်။ထိုအခါ အိမ်ရှင်များနှင့် ရွာသားများက
“ကိုဖက်ကြီးရေ ပြောရမှာတော့ အားနာပါတယ်၊ ဘာပွဲမှ မဟုတ်ဘူး၊ ကျွန်တော်တို့က အသံချဲ့စက် အသစ်ဝယ်လာလို့ စမ်းနေတာဗျ၊”
ဤတွင် ကိုဖက်ကြီးက
“မင်းတို့ကလဲ အသံချဲ့စက်စမ်းရင်လဲ အသံချဲ့စက် စမ်းနေတယ်လို့ အော်ကြအုံးကွ၊ ငါ့မှာတော့ အလှူပွဲရှိတယ် ထင်ပြီးအဝေးကလာရတာ လွယ်တာမဟုတ်ဘူးကွ။” ထိုအခါမှ အနီးအနားရှိ ပုဂ္ဂိုလ်တိုင်းသည် ကိုဖက်ကြီး၏ အဖြစ်ကို ကြည့်ပြီး တခစ်ခစ် မသိမသာ ရယ်ကြလေတော့သည်။
“အော် ပွဲတိုင်းကျော်ကြီး ဒီတစ်ခါတော့ လွဲချော်သွားပြန်ပြီ၊ သနားစရာပင်။ သူ့ခမျာ အဝေးကနေလာရရှာသည်။ ဒါမျိုးလဲ ဖြစ်တတ်ပါပေတယ်။”
0 comments

Read more...

ငါ့လိုရဟန္တာမဟုတ်သေးနှင့်ဥရုဝေလမိတ္တူများ


ထိုအခါ မြတ်စွာဘုရားအား “ဤအချည်းနှီးသော ယောက်ျားအား 'ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊(သို့ရာတွင်) ငါကဲ့သို့ရဟန္တာကား မဟုတ်သည်သာတည်း' ဟု အကြံဖြစ်နေသည်မှာကား ကြာမြင့်လှပေပြီ၊ ငါသည် ဥရုဝေလကဿပရသေ့ကို ထိတ်လန့်စေရပါမူကောင်းလေစွ ”ဟု အကြံဖြစ်တော်မူ၏၊
(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)

(၁)
ဥရုဝေလတောအုပ်လေးဆီသို့ ချဉ်းကပ်မိတိုင်း အသိဉာဏ်အလင်းရှာဖွေရင်း ခြောက်နှစ်တာမှောင်ပိန်းခဲ့ရရှာ သည့် သိဒ္ဓတ္ထအရှင်၏ နေ့ရက်များအတွက် ကိုယ်စားနာကျင်မိတတ်ပါသေးသည်။ တစ်လောကလုံးလင်းဖို့ တစ်ကိုယ်တော် မှောင်ခဲ့ရရှာလေသည့် အရှင့်သားသိဒ္ဓတ္ထ ။ အမှောင်ထဲမှာ ခြေဖျားထောက်ထောက်စမ်းရင်း နောက်ဆုံးတော့ အလင်းတွေ့သွားခဲ့လေသည်။ သည်လိုဆိုတော့လည်း သူက နေရဉ္ဇရာကမ်းမှာ ရပ်ရင်း ဓမ္မပီတိဖြင့် ကြည်နူးမိပြန်သေးသည်။ ဗောဓိညောင်ရွက်လေတိုးသံသည်ပင် သစ္စာဆည်းလည်းသံ ပဲ့တင်နေ တတ်လေသည်ပဲ။

ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ရောက်လေတိုင်း အခါအခွင့်သင့်သည့်အခါ ဗုဒ္ဓဂယာမှ ကီလိုမီတာအနည်းငယ်ကွာ ဝေးသည့် ဥရုဝေလတောအုပ်လေးသို့ ရောက်တတ်မြဲပင်ဖြစ်ပါသည်။ သူ့အတွက်တော့ သိဒ္ဓတ္ထအရှင်၏ သစ္စာအလင်းမတွေ့မီနှင့် သစ္စာအလင်းထွန်းညှိစဉ်ကာလများဖြင့် သမိုင်းအရည်ရွှမ်းသော ဥရုဝေလသည် နေရဉ္ဇရာမြစ်ကမ်းပါးတွင် ကိုက်ဖဲ့ချင်စရာမှဲ့ဝင်းနေတတ်သည်။

တကယ်ဆိုတော့ ဥရုဝေလသည် ရာသီပြောင်းသက္ကရာဇ်တို့၏ တိုက်စားမှုဖြင့် စိမ်းညို့စွပ်စိုမှုတို့ မရှိတော့။ ထီးတည်းကျောက်စရစ်ကုန်းခေါင်ခေါင်များသည်ပင် ဥရုဝေလ၏ စွဲမက်ဖွယ်အာရုံဖြစ်သည်။ မဒမ်သုဇာတာ နို့ဂဏာဆွမ်းကပ်လှူသည့် နေရဉ္ဇရာမြစ်ကမ်းပါးဆီက လှမ်းမျှော် ကြည့်ရသော ဥရုဝေလသည် သူ့ခြေလှမ်း များကို ရှေ့တိုးလာစေရန်ဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။

ဥရုဝေလသည် သူ့အတွက် လောကကို နားလည်စေသော သင်ရိုးများဖြင့် စောင့်နေတတ်လေသည်၊ ဥရုဝေလ တောင်ကုန်းလေးပေါ်တွင် ရပ်ကာ နေရဉ္ဇရာမြစ်နှင့် ဂယာကွင်းပြင်ကျယ်ကြီးကို စီးမိုးကြည့်မိတိုင်း ရသေ့ကြီး တစ်ပါး၏ နေမျိုးဆေးကောက်ကြောင်းများကို သူမြင်နေတတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ရသေ့ကြီး၏ ဟန်ပန်အမူအရာများက အော်ပီကျယ်၏ ကာတွန်းပြကွက်ကို ရှုမှတ်လိုက်ရသလိုမျိုး ပြုံးမိရသေး၏။ “ရဟန်းကြီး ဂေါတမကား တန်ခိုးတော့ ကြီးပါပေ၏၊ငါ့လိုတော့ ရဟန္တာမဟုတ် သေးတကား”တဲ့။ အော် ဖြစ်မှဖြစ်ရလေ၊

သူ၊သူ့ပတ်ဝန်းကျင်နှင့် သူနေထိုင်လျက်ရှိသော ကမ္ဘာမြေ၏ ထောင့်ချိုးကအသက်ရှူသံများသည်လည်း ရသေ့ကြီး၏ စကားကို သံယောင်လိုက်ကာ နောက်ကျကျန်ရစ်ခဲ့တတ်ကြလေသည်ပဲ မဟုတ်လား၊ သည်သို့ ဖြင့်သာ ရထားများတစ်စီး ပြီးတစ်စီးထွက်ခွာသွားခဲ့ကြသည်။ သံသရာဟု အမည်ပေးထားသော ဘူတာရုံအို လေးထဲမှာ သူနှင့်အတူ မနိုင်မနင်းအထုပ်အပိုးများ ကျန်ရစ်တတ်မြဲပင်။ ၀ယ်ယူထားမိသည့် ရထား လက်မှတ်က ရီဖန်းဒ်(Refund)ပြန် ထုတ်ယူလို့ မရနိုင်အောင် ရက်လွန်ပုပ်ဆွေးနေခဲ့ပြီ။

(၂)

ရသေ့ကြီး၏ အမည်အပြည့်အစုံက ဥရုဝေလကဿပဖြစ်သည်၊ ရသေ့ကြီးက ဥရုဝေလတောအုပ်တွင် အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော် ညီနောင်သုံးပါးက သီးခြားစီနေကြသည်။ ဥရုဝေလကဿပက ရသေ့ငါးရာ၊နဒီကဿပက ရသေ့သုံးရာ၊ ဂယာကဿပက ရသေ့နှစ်ရာကို လောကုတ္တရာ အရေးအတွက် ထိန်းကျောင်းပေးနေကြသည်။ ဗုဒ္ဓအရှင်က သစ္စာလေးပါးတရားနှင့် အနတ္တဒေသနာကို ဗာရာဏသီ မိဂဒါဝုန်မှာ ကြေငြာတော်မူပြီးသည်နှင့် နေရာဟောင်းဖြစ်သည့် ဥရုဝေလတောအုပ်လေးဆီ ပြန်လည်ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။

ဥရုဝေလကဿပသည် ဗုဒ္ဓအရှင် ဥရုဝေလတောအုပ်လေးသို့ ကြွလာရခြင်း၏ အဓိကပြစ်မှတ်ဖြစ်သည်။ ဥရုဝေလကဿပရသေ့ကြီးပျော်မွေ့ရာ ရသေ့ငါးရာဖြင့် ပြည့်နေသည့် ကျောင်းသင်္ခန်းများထဲ ဗုဒ္ဓအရှင်အတွက် သီတင်းသုံး နားခိုဖွယ်ရာ နေရာလွတ်မရှိ၊ သို့သော် ဗုဒ္ဓအရှင်က ဥရုဝေလကဿပနှင့် အနီးကပ်နေထိုင်ရန် ပိုင်းဖြတ်တော်မူပြီးဖြစ်သည်။ “နေစရာကျောင်းသင်္ခန်းမရှိရင်လည်း လွတ်နေတဲ့ မီးဖိုချောင်လေးမှာ နေပါရစေ”တဲ့။ သာသနာပြုလမ်းပြရာတွင် နုံချာသောမီးဖိုချောင်လေးသို့လည်း ကျောင်းဝိဟာအမှတ်ဖြင့် ဗုဒ္ဓအရှင် ၀င်ရောက်စံပျော်ရပါလိမ့်မည်။ မီးဖိုချောင်းလေးတွင် ဗုဒ္ဓအရှင်၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းရန် အရင်းအမြစ်က ရှိနေခဲ့ပါသည်။ မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ်ဇုံ...။


ဥရုဝေလကဿပရသေ့ကြီးက မူရင်းစိတ်ကောင်းလေးရှိသော ပုထုဇဉ်။ ဗုဒ္ဓအရှင်ကို တားရှာပါသေးသည်။ သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့သည်။ ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြသေးသည်။ ရသေ့တို့အမြင်တွင် ဗုဒ္ဓအရှင်က သာမန်လူချော လူလှ ရဟန်းကြီးဂေါတမသာဖြစ်သည်။

နံနက်လင်းချိန်မှာတော့ ဗုဒ္ဓအရှင်က တစ်ညတာလုံးဆုံးမယဉ်ကျေးစေပြီးသည့် နဂါးကြီးကို သပိတ်ထဲထည့်ကာ မီးဖိုချောင်လေးမှ ထွက်လာသည်။ ဥရုဝေလအပါအ၀င် ရသေ့အားလုံး အံ့သြပြာဝေသွားသည်။ ဥရုဝေလရင်ထဲတွင် ပုထုဇဉ်သွေးလေး ဆစ်ကနဲ တိုးသွားသည်။ ဗုဒ္ဓကိုတော့ အထင်ကြီးသွားသည်။ သို့သော် အသိအမှတ်ပြုဖို့တော့ ၀န်လေးနေခဲ့၏။ ရသေ့ကြီးက တိတ်တိတ်လေးမှတ်ချက်ချသည်။ ရသေ့ကြီး၏ စကားလေးက ပိဋကတ်ဝင်ဖြစ်သွားသည်။ “ ရဟန်းကြီးကား တန်ခိုးတော့ကြီးပါပေရဲ့၊ သို့ရာတွင် ငါ့လိုတော့ ရဟန္တာမဟုတ်သေး”တဲ့။ မည်သို့ဖြစ်စေ ဥရုဝေလရသေ့ကြီးက ပင်ကိုယ်စိတ်ကောင်းလေး ရှိပါသည်။ ဗုဒ္ဓအရှင် ကိုလည်း လေးစားသွားပါသည်။ သို့နှင့် ဥရုဝေလတောအုပ်ကျောင်းသင်္ခန်းလေးမှာပဲ ဆက်နေဖို့ ဖိတ်ကြားခဲ့သည်။ စားရေးသောက်တာ စီမံပေးပါရစေ တဲ့။

ဗုဒ္ဓအရှင်နှင့် အတူနေထိုင်ခွင့်ရလေလေ ဗုဒ္ဓအကြောင်း ပိုသိရလေလေဖြစ်သည်။ ညစဉ်ညစဉ် နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများဖြင့် ဗုဒ္ဓအရှင်၏ ကျောင်းသင်္ခန်းလေး လင်းပနေတတ်သည်ကို အံ့သြရသည်။ ဗုဒ္ဓအရှင်ထံသို့ စတုမဟာရာဇ်နတ်မင်းကြီးများ၊ သိကြားဗြဟ္မာများကိုယ်တိုင်ပင် လာရောက်ပူဇော်ချဉ်းကပ်ကြသည် ဟု သိရသောအခါ ဗုဒ္ဓအရှင်ကို မလေးစားပဲ မနေနိုင်။ သို့သော် ရသေ့ကြီးက ဆုပ်ကိုင်ထားသော အတွေးနှင့် စကားကိုတော့ လွှတ်မချခဲ့။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေး”။

(၃)

တစ်နေ့မှာတော့ ဥရုဝေလကဿပရသေ့ကြီးအတွက် ဘေးကြပ်နံကြပ်အတွေးကြပ်စေသောဖြစ်စဉ်တစ်ခုက ပေါ်လာသည်။ ရသေ့ကြီးက သာမန်တရားရှာဖွေနေသည့် သစ္စဂဝေသီသက်သက်မဟုတ်၊ အင်္ဂနှင့် မဂဓတိုင်း လုံးအနှံ့ကျော်ကြားသော ဘာသာရေးခေါင်းဆောင်ကြီးလည်း ဖြစ်နေပြန်သည်။ အင်္ဂနှင့် မဂဓတိုင်းလုံးအနှံ့ ပြည်သူပြည်သားများက ရသေ့ကြီးကို စုပေါင်းပူဇော်ကြဖို့ လာရောက်ကြမည်။

ရသေ့ကြီးမှာ အခက်ကြုံရသည်။ ရသေ့ကြီး၏ ကျောင်းသင်္ခန်းပရိဝုဏ်ထဲမှာ ဗုဒ္ဓအရှင် မားမားကြီးရှိနေသည်က ပြဿနာ။ ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် တစ်နေ့ထက်တစ်နေ့ တိုးတိုးမြင်လာရသော အစွမ်းအစများက ပရိသတ်အကြိုက်ဖြစ်သွားနိုင်သည်။ ငါ့ထက် ရဟန်းကြီးကို ပိုပြီး ကြည်ညိုသွားမှဖြင့်.........။ သည်ကြားထဲ ရဟန်းကြီးက တန်းခိုးအစွမ်းတွေ ပြနေမှဖြင့်......။ ပုထုဇဉ်တို့၏ နေ့စဉ်ဘ၀ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သော ကိုယ့်ထက်သာသူကို ပွဲမထုတ်လိုခြင်းဒုက္ခက ပူလောင်နေသည်။ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်း စိတ်ကျဉ်မြောင်းမှုများက ဖိစီးလှသည်။

သို့သော် ရသေ့ကြီးက စိတ်အခြေခံကောင်းသော သူတော်စင်တစ်ပါးဖြစ်နေပြန်သည်။ တိတိပပကြီး ၀ိုင်းပယ်ပစ် လိုက်ရန်လည်း လိပ်ပြာမလုံ။ “ရဟန်းကြီးမရှိရင် သိပ်ကောင်းမှာပဲ ”၊ ရသေ့ကြီးက သည်လိုပဲ တွေးနိုင်သည်။ ထွက်သွားပါ ဟုပြောရန်လည်း ကိုယ်တိုင်က နေထိုင်ဖို့ဖိတ်ကြားထားမိရက်သားဖြစ်နေသော ဧည့်သည်ကို ဆက်ဆံပြုမူရမည့် အမျိုးကောင်းသားတစ်ယောက်၏ ကျင့်ဝတ်မဟုတ်ပြန်။ ဥရုဝေလ ဆွေးသွားသည်။ သို့သော် ခြိမ့်ခြိမ့်သဲကျင်းပဖြစ်ခဲ့သော ဥရုဝေလပူဇော်ပွဲကို ဗုဒ္ဓအရှင်မပါဘဲ ရသေ့ကြီး ကြည်နူးပျော်ရွှင်စွာ ကျင်းပနိုင် ခဲ့ပါသည်။

ရသေ့ကြီး၏ စိတ်အကြံကို သိသော ဗုဒ္ဓအရှင်က ပူဇော်ပွဲမတိုင်မီမှာပင် ကျောင်းသင်္ခန်းလေးမှ ကြိုတင်ထွက်ခွာ သွားခဲ့ပါလေသည်။ ပွဲပြီးမီးသေဖြစ်ချိန်မှ ဗုဒ္ဓအရှင်က ဘာမှမဖြစ်သလို အေးအေးလူလူ ပြန်ကြွလာခဲ့သည်။ ဗုဒ္ဓအရှင်ကို ခရီးဦးကြိုပြုသော ရသေ့ကြီး၏ စကားက သူတို့နေ့စဉ်ဖြတ်သန်းမှုမှာ လောက၀တ်စကားဖြစ် နေခဲ့ပြန်သည်။ နားထောင်ကြည့်ပါဦး၊“ရဟန်းကြီး ယမန်နေ့က အဘယ့်ကြောင့် မလာသနည်း၊ စင်စစ်သော်ကား ကျွန်ုပ်တို့သည် “ ရဟန်းကြီး အဘယ်ကြောင့်မလာသနည်း ” ဟုပင် တွေးမိပါသေး၏။ ရဟန်းကြီးအတွက် ခဲဖွယ် ဘောဇဉ်များချန်ထားပါသေး၏” တဲ့။ သူ ပြုံးမိရပါသည်။ အော် ကြားနေကျစကား တစ်ခါတစ်ရံမှာတော့ ပြောမိရသည့်စကားမျိုးပေပဲ။ ဗုဒ္ဓအရှင်က ရသေ့ကြီး၏ စိတ်အမှန်ကို ပြောပြလိုက်သည့်အခါ “ခက်တော့တာပဲ ငါ့အကြံလည်း သိသကိုး”တဲ့။ သို့သော် လျှော့လို့တော့ မဖြစ်ပါ။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေး” ။

ဗုဒ္ဓအရှင်၏ (၄၅)၀ါသာသနာပြုခရီးလမ်းကြောင်းတွင် ဥရုဝေလရသေ့ကြီး၏ နောက်ဆုံးအချိန်ကို စောင့်မျှော် တော်မူရသည်မှာ လက်ပေါက်အကပ်ဆုံးနှင့် ကာလအရှည်ကြာဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဥရုဝေလ ရသေ့ကြီး အတွက်တော့ အချိန်ပေးရပါလိမ့်မည်။ သည်းခံရပါလိမ့်မည်။ ဥရုဝေလရသေ့ကြီး၏ နောက်မှာ ထောင်နှင့်ချီ သောရသေ့များ၊ အင်္ဂနှင့်မဂဓတိုင်းက အလွှာအသီးသီးက လူများရှိနေသည်။ အဓိကပစ်မှတ်ကို ထိဖို့ အရေးကြီး သည်။ သို့နှင့် ဥရုဝေလ၏ စိတ်နှလုံးတည့်တည့်ကို ဗုဒ္ဓအရှင်က မေတ္တာဖြင့် ချိန်ရွယ်တော်မူခဲ့သည်။

အမှန်တကယ်ပင် ဗုဒ္ဓအရှင်က သည်းခံတော်မူခဲ့သည်။ ဥရုဝေလကဿပရသေ့၏ နှလုံးသားနှင့် အသိဉာဏ် ရင့်မှည့်ချိန်ကို စောင့်ရန်အတွက် တန်ခိုးပြာဋိဟာပေါင်းသုံးထောင့်ငါးရာထက်မက ပြသခဲ့ရသည် ဟု ပိဋကတ် မှတ်တမ်းတွင် ဖော်ပြထား သည်။ သို့သော် ရသေ့ကြီးက လွယ်လွယ်အချိုးမပြောင်းမည့်သူတော့ မဟုတ်ခဲ့ပါ။ ငါ့လို ရဟန္တာမဟုတ်သေး ဟူသော မန္တာန်က ချိုမြိန်ဆဲပင်ဖြစ်ပါသည်။ ခပ်စပ်စပ်လေးပုတ်မှ ထိသွားနိုင်သည့် ပုဂ္ဂိုလ်မှန်းသိတော်မူသည့် ဗုဒ္ဓအရှင်က ပွင့်လင်းစွာမိန့်မြွက်ရတော့သည်။


ထို့နောက်မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို “ ကဿပ သင်ကား ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်နှင့်လည်း ပြည့်စုံသူလည်း မဟုတ်၊သင့်အား ရဟန္တာဖြစ်ရန်သော်လည်းကောင်း၊ အရဟတ္တမဂ်နှင့် ပြည့်စုံရန်သော်လည်းကောင်း ဖြစ်နိုင်သောအကျင့်လည်း မရှိ၊” ဟု မိန့်တော်မူ၏။ ထိုအခါ ဥရုဝေလကဿ ပရသေ့သည် မြတ်စွာဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” ဟု လျှောက်၏။

(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)
အော် ဥရုဝေလကဿပရသေ့ကြီးကတော့ အချိန်မီသွားခဲ့သည်ပဲ။ ပင်ကိုယ်က စိတ်ကောင်း စေတနာကောင်းရှာသော ရသေ့ကြီး...။ စိတ်နှလုံးမှာ ပုထုဇဉ်သွေးလေးက စိုနေတော့ ရိုးရိုးလေး မတွေးတတ်၊ လောကကို လောကအတိုင်းမရှုမြင်တတ်၊ မွေးမြူမိသည့် ဗြဟ္မစိုရ်မှာလည်း ကြောင့်ကြ စိုးရိမ်မှုများက ငြိကပ်နေသေးသည်၊ ခုတော့ ဗြဟ္မစိုရ်ကို ခိုင်ခံ့အောင် တည်ဆောက်ခွင့်ရသွားခဲ့ပြီ။ အရိယာသူမြတ်တို့၏ တုန်လှုပ်ခြင်းကင်းသော လင်းလက်စိုရွှမ်းသော ဗြဟ္မစိုရ်....။

ဘုရားရှင့်ခြေတော်ရင်းမှာ “ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” တဲ့။ ဗုဒ္ဓအရှင်၏ သာသနာပြုခရီး အောင်မြင်ခဲ့ပါသည်။ ဥရုဝေလကဿပရသေ့ကြီး၏ စိတ်နှလုံးတွင် ဓမ္မအရိပ်ထိုးကျသွားသည်နှင့် “ရသေ့ညီ နောင် ရှင်တစ်ထောင်ချွတ်ခန်း” ဆိုသော မှတ်တမ်းကြီးကို ပိဋကတ်ဆရာတို့ ကြည်နူးစွာ ရေးထွင်းနိုင်ခဲ့ကြ သည်။ အင်္ဂတိုင်းနှင့်မဂဓတိုင်းတွင် သာသနာ့အလံတံခွန်များက အေးမြငြိမ်းချမ်းစွာ တလူလူလွင့်နေခဲ့တော့ သည်။


(၄)

ပုထုဇဉ်ရိုးရာတွင် ဗြဟ္မစိုရ်တရားကို အစမ်းသပ်ခံနိုင်သည့်အဆင့်ရောက်အောင် ကြိုးစားရသည်မှာ ခက်ခဲလေ့ ရှိပါသည်။ ဒုက္ခသည်ကို သနားစုတ်သပ်မိတတ်သော်လည်း ကရုဏာတွင် အနှောင်အဖွဲ့ရှိပြန်သည်။ ဒုက္ခသည် လေးကို ဒုက္ခသည်လေး အတိုင်းပဲ သနားစဖွယ်နေစေချင်သည်။ ဒုက္ခသည်များ ရှေ့တိုးမလာရ....။ အောင်မြင် ပျော်ရွှင်သူကို လက်ခုပ်တီးမိပြန်တော့လည်း မုဒိတာမှာ နံရံရှိပြန်သည်။ အကျိုးစီးပွား ထိပါးလာနိုင်သည်ဟု မြင်မိသည်နှင့်
လက်ခုပ်သံက ချက်ချင်းစဲသွားသည်။ လက်ခုပ်တီးလို့ကောင်းရုံမျှသာ အောင်မြင်စေချင်သည်။

တန်းတူ ရည်တူဟု မေတ္တာထားမိပြန်တော့လည်း မေတ္တာတရားက အလျားအနံအလျဉ်ရှိနေပြန်သည်။ ကျော်တက်သွားတာမျိုးတော့ မဖြစ်စေချင်ပြန်ပါ။ “ အတူတူပဲ နေပါကွာ” ဆိုတာမျိုးဖြင့် ဆွဲနှစ်ထားချင်သေး သည်။ သမာသမတ်ကျမှုကို မွေးမြူမိသော်လည်း ဥပေက္ခာ၏ ဦးတည်ချက်များက မျက်နှာလိုက်တတ်ပြန်သည်။ ငါနှင့် ငါ့အသိုင်းအ၀ိုင်းအတွက်ဆိုလျှင် ဥပေက္ခာက ယိမ်းချင်သည်။ အခြားသောသူတို့၏ အရေး အရာခေါင်း စဉ်များအတွက် ဥပေက္ခာက ခပ်စိမ်းစိမ်းဖြစ်နေတတ်ပြန်သည်။ အမည်ခံဗြဟ္မစိုရ်ကိုပဲ နေ့စဉ်မွမ်းမံ နေကြရသည်ပဲလေ။

ဗြဟ္မစိုရ်တရားအကြောင်း ပြောဖြစ်ကြသည့်အခါ ဗုဒ္ဓအရှင်နှင့် ဥရုဝေလကဿပရသေ့ကြီးကို သတိရနေတတ် သည်။ ဗုဒ္ဓအရှင်က ရသေ့ကြီးကို သနားတော်မူသည်၊ ရသေ့ကြီးကလည်း ဗုဒ္ဓအရှင်ကို အထင်ကြီးပါသည်၊ သို့သော် ခပ်ပါးပါးလေးသာ၊ သိမြင်ထားသော ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးများကို ဖော့ပစ်လိုက်ချင်သည်။ အသိအမှတ်ပြုရမှာ ၀န်လေးခဲ့ခြင်းပင် ။ သို့သော် ဗုဒ္ဓအရှင်၏ အစမ်းသပ်ခံမဟာကရုဏာတော်က ဥရုဝေလရ သေ့ကြီး၏ ယိုင်နဲ့သော မုဒိတာကို ခိုင်မတ်သွားအောင် ပဲ့ပြင်ထိန်းကျောင်းနိုင်ခဲ့ သည်။

ရသေ့ကြီးကတော့ အစစ်အမှန်ဗြဟ္မစိုရ်ဆီသို့ ကူးပြောင်းသွားနိုင်ခဲ့သည်။ အစမ်းအသပ်ခံနိုင်သော ဗြဟ္မစိုရ်ဖြင့် ရဲရင့်သွားခဲ့သည်။ ရသေ့ကြီး နောက်မကျခဲ့ပါ။ လွတ်မြောက်ရာလမ်း ဖြူးဖြောင့်သွားသည်။ သို့သော် ဥရုဝေလ ကဿပရသေ့ကြီး၏ ဥရုဝေလတောအုပ်လေးထဲက ပုံရိပ်များက နေ့စဉ်ဘ၀ထောင့်ချိုးအသီးသီးမှာ တွေ့တွေ့ နေရသည်။ ဥရုဝေလမိတ္တူများ.....။ အသိအမှတ်ပြုခြင်းကင်းသော ဆက်ဆံရေးများ....။

ထိုသို့ဖြင့် နွေးထွေးသောမိသားစုထမင်းစားဝိုင်းလေး အေးစက်သွားရသည်၊ နေ့စဉ်ထိုင်နေကျ လက်ဘက်ရည် ဆိုင်လေးဆီ ရောက်မလာတော့သည့်မိတ်ဆွေကို မျှော်နေမိတတ်သည်။ ပြန်ဆုံမယ့်ညနေခင်းဆီမှာ အသည်းကွဲ သီချင်းသာ ဆူညံသွားခဲ့သည်။ စာသင်ခန်းလေးထဲက ပျော်ပျော်လွင်လွင်ရယ်သံများ ဆိတ်သုဉ်းသွားခဲ့သည်။ ပျောက်ဆုံးနေသော နားလည်မှုများ ...တွန့်တိုလွန်းသော အသိအမှတ်ပြုမှုများ
...။

အကြောင်းအရာ အ၀န်းအ၀ိုင်းကြီးလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းကင်းမဲ့မှု၏ အကျိုးဆက်များက ခါးသက် လာတတ်သည်။ စားပွဲဝိုင်းပေါ်မှာ ပွင့်လင်းစေ့စပ်ရမည့်စကားလုံးများက သွေးသံရဲရဲစစ်မြေပြင်ထဲ ယမ်းခိုး ဝေ့သောကျည်ဆံများဖြစ်သွားတတ်သည်။ ကမ္ဘာ့စစ်မီးလျှံများနှင့် အဆက်မပြတ်ငိုသံများ အုံကျင်းဖွဲ့ပေါက်ကွဲ နေသည်။
အသိအမှတ်ပြုဖို့ နှောင့်နှေးခြင်းက အရာရာ နောက်ကျဖို့သာဖြစ်သည်။

ထိုသို့ဖြင့် မိသားစုလေးနွေးထွေးဖို့ အပြုံးတွေ နောက်ကျခဲ့ပါသည်။ ရပ်ရွာမြို့ပြများအေးချမ်းသာယာဖို့ ကမ်းသောလက်တွေ နောက်ကျခဲ့ပါသည်။ တိုင်းနိုင်ငံတည်ထောင်ဖို့ မျက်နှာချင်းဆိုင်စကားဝိုင်းတွေ နောက် ကျခဲ့ပါသည်။ ကမ္ဘာမြေငြိမ်းချမ်းရေးအတွက် သံလွင်ခက်ကို ကိုက်ချီလာသည့် ချိုးဖြူငှက်လေး နောက်ကျခဲ့ပါ သည်။


နောက်ဆုံးတော့ “ကိုယ့်ထက်သာ မနာလို” ဆိုသော စကားလုံးကို လူယဉ်ကျေးတို့ကမ္ဘာမှ ထုတ်ပယ်မပစ် နိုင်သေးသမျှ ဥရုဝေလမိတ္တူများက သူ့ပြတင်းတံခါးမှန်ချပ်များကိုလည်း ထိမှန်ပေါက်ကွဲလာနိုင်ကြောင်း ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်ကရော....။ ဘာပဲဖြစ်ဖြစ် သူ့နှလုံးသားနှင့် သူ့အသက်ရှူသံ တစ်နေရာ ရာတွင် ကပ်ညပ်နေနိုင်သည့် ဥရုဝေလမိတ္တူစများကို ရှာဖွေမီးရှို့ဖျက်ဆီးနိုင်အောင် ကြိုးစားရဦးမည်ပဲ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP