* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, February 18, 2010

ဒီလိုဆိုရင်….။

သီရိလင်္ကာကို ပြန်ရောက်ပြီး ဘယ်မှမရောက်ဖြစ်ဘူး၊ ဒီနေ့တော့ နာရီဝက်သာသာ ကားမောင်းရတဲ့ ကနိစေရကျောင်းကို ဒါနေးသွားရတယ်၊ သီရိလင်္ကာယဉ်ကျေးမှုအရ ဆွမ်းစားကို ဒါနေးလို့ခေါ်တာပါ၊
တနင်္ဂနွေနေ့ဖြစ်တာမို့ ကျောင်းထဲမှာ လူတွေစည်ကားနေတယ်၊ အထူးသဖြင့် တကျောင်းလုံး ကလေးငယ်တွေ အပြည့်ပါပဲ၊ သစ်ပင်အောက်မှာ ဇရပ်တွေပေါ်မှာ ခန်းမဆောင်တွေထဲမှာ ကလေးငယ်တွေကို တွေ့ရတယ်၊ ကလေးငယ်တွေကို ချစ်တတ်သူပီပီ သူတို့နဲ့ စကားပြောပြီး ဓာတ်ပုံရိုက်ခဲ့တယ်၊





သူတို့လေးတွေရဲ့ အသိစိတ်မှာ စနေ တနင်္ဂနွေနေ့ရောက်ရင် ဘုန်းတော်ကြီးကျောင်းတွေကိုသွားရမယ်ဆိုတဲ့ အသိလေးတွေ ကိုယ်စီရှိနေကြတယ်၊ ကျောင်းရောက်ရင် ဗုဒ္ဓ၀င် ဇာတ်နိပါတ် ယဉ်ကျေးမှုစတာတွေ သင်ယူရတာကိုလဲ ပျော်နေပုံရတယ်၊သူတို့မျက်နှာကတွေကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်၊ပြုံးလို့ ရွှင်လို့ တက်ကြွလို့။

တကယ့်ကို အတုယူလောက်တဲ့ မျိုးဆက်သစ်တွေကို အမွေပေးပုံပါပဲ၊ သီရိလင်္ကာတစ်နိုင်ငံလုံး အရွယ်ရောက်တဲ့ကလေးမှန်ရင် ဘုန်းတော်ကြီးမှာ ဘုရားစာ သင်ယူကြရတဲ့ အလေ့အထက အရှိန်တော်တော်ရနေပါပြီ၊ ဘာတွေသင်ပေးနေတာလဲ မေးကြည့်တော့ ဒီဃာဝါယေ၀ မဟန္တာ စတဲ့ မေတ္တာသုတ်အကြောင်း သင်နေတာပါတဲ့..ဘာတွေသင်ခဲ့ပြီးပြီလဲလို့ မေးကြည့်တော့ ဗုဒ္ဓ၀င် ဇာတ်နိပါတ်နဲ့ ဗုဒ္ဓဘာသာသမိုင်းတွေသင်ခဲ့ပြီးပါပြီတဲ့၊

အမိမြန်မာပြည်မှာတော့ စာသင် စာချတဲ့ ကိုရင် ဦးဇင်းတွေတောင် ဗုဒ္ဓ၀င်ဆိုတာကို သီးသန့် မသင်ယူခဲ့ရပါဘူး၊ ကိုယ်သိချင်လို့ ကိုယ်တိုင်ပြန်လေ့လာရတဲ့ အနေအထားမှာ ရှိပါတယ်။ အတန်းခွဲတွေအများကြီးမှာ ဆရာ ဆရာမတွေက စေတနာဝန်ထမ်းလုပ်ပြီး သင်ပေးနေကြတာပါ၊ အမျိုး ဘာသာ သာသနာကိုချစ်တယ်လို့ ပါးစပ်ကပဲ အော်နေမယ့်အစား လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ စနစ်တကျရေးဆွဲထားတဲ့ ဘာသာရေးအမွေပေးမှုတွေ လုပ်သင့်နေပြီဆိုတဲ့ စိတ်ကူးတွေလဲ တဖွားဖွား ပေါ်နေမိတယ်၊

ရွှေပြည်ကြီးမှာလဲ ကလေးငယ်များအတွက် ဓမ္မစကူးလ်သင်တန်းကျောင်းတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ဖွင့်ပေးရမယ်၊ ဓမ္မစကူးလ်ကျောင်းတွေ အတွက် သင်ရိုးညွှန်းတမ်းတွေကို ဗဟိုအဖွဲ့အစည်းက စနစ်တကျရေးဆွဲရမယ်၊ ဓမ္မာစရိယ အကြီးတန်းအောင်လက်မှတ်ရထားတဲ့ သံဃာတွေ လမ်းမပျောက်ဖို့အတွက် ဓမ္မစကူးလ်ကျောင်းတွေမှာ ဆရာအဖြစ်ခန့်ထားရမယ်၊

ငါးနှစ်ကနေ ဆယ့်ခြောက်နှစ်အထိ ကလေးငယ်တွေအတွက် သီးသန့်သင်ရိုးညွှန်းတမ်းတွေလုပ်ရမယ်၊ ဆယ့်ခြောက်နှစ်ကနေ အသက်လေးဆယ်အရွယ် လူကြီးတွေအတွက် သင်ရိုးညွှန်းတမ်းတစ်ခု လုပ်ပေးမယ်၊ လေးဆယ်ကနေ လေးဆယ်ကျော် လူကြီးတွေကို ဆရာအဖြစ်ပြန်ခန့်အပ်ပြီး သူတို့တတွေအတွက် အဆင့်မြင့် ဗုဒ္ဓစာပေတွေသင်ပေးမယ်၊

သံဃာတော်များအတွက် တောင်တန်းသာသနာပြုစင်တာတွေ ပြည်ပသာသနာပြုစင်တာတွေဖွင့်ပေးရမယ်၊ပရဟိတလုပ်ချင်တဲ့ သံဃာတော်များအတွက် management သင်တန်းတွေပေးမယ်၊ Public Relationship လုပ်တဲ့အခါမှာ ပြောတတ် ဟောတတ်အောင် စနစ်တကျသင်ပေးတဲ့ သင်တန်းကျောင်းတွေလဲ ထပ်ဖွင့်ပေးရအုံးမယ်၊

နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့ Sangha University တွေကို ထပ်ဖွင့်မယ်၊ သာသနာနောက်ပိုင်းမှာ သေချာပေါက်ပေါ်လာမယ့် သာသနာဖျက်များကို ကာကွယ်ဖို့ ဓမ္မ၀ါဒီ သံဃာအဖွဲ့အစည်းကို စနစ်တကျဖွဲ့စည်းထားမယ်၊(သူငယ်ချင်းတစ်ပါးပြောတာလေးကို သတိရမိတယ်။ ကိုယ့်လူရေ နောက်ပိုင်းမှာ စတန့်ထွင် ဓမ္မကထိကတွေက အနိစ္စ ဒုက္ခ အနတ္တကို ပြောင်းပြန်လုပ်ပြီး နိစ္စ သုခ အတ္တလို့ ဟောလာကြအုံးမယ်တဲ့. သတိပြုစရာ ကောင်းလေစွ)

အဲလိုအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမယ့် သာသနာချစ်တဲ့ ဒကာ ဒကာမတွေကိုလဲ ထပ်ဖွဲ့စည်းရမယ်၊ သာသနာအရေးဆောင်ရွက်တဲ့အခါ ငွေကလဲ ရှိအုံးမှ ကိုး၊ ငွေရှိမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တာကလား၊ ဟုတ်တယ်လေ ကျန်းမာပါစေ ချမ်းသာပါစေလို့ ပါးစပ်မေတ္တာပဲ ပို့နေလို့မှ မလုံလောက်တာ၊လက်တွေ့ကျကျ အကူအညီပေးရင်း ဒုက္ခရောက်သူတွေကို ကယ်တင်ရမယ်၊

နောက်ထပ် ထူးထူးခြားခြား သင်တန်းလေးတစ်ခု လုပ်ချင်သေးတယ်၊ မုဒိတာပွားပုံသင်တန်းပါ၊ အောင်အောင်မြင်မြင် ကြိုးစားဆောင်ရွက်သူတွေကို မနှောင့်ယှက်ဘဲ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တတ်အောင် မုဒိတာသင်တန်းတွေလဲပေးရမယ်၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်လို မဟုတ်တာလုပ်တဲ့သူတွေကို ဆွဲထုတ်ရဲတဲ့ ရဲရင့်တဲ့ သံဃာတွေကို ၀ိုင်းရံထားစေမယ်၊ ဒါမှ သာသနာရောင်ဝါလင်းပါတယ်လို့ ပြောနေကြ ဆိုနေကြအသံတွေကို လက်တွေ့နဲ့ ပေါင်းစပ်နိုင်မယ် မဟုတ်လား။

ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးဆိုရင် ကောင်းမလားလို့ဆိုတဲ့ ပို့စ်ကိုဆွေးနွေးရင်း ဒီနေ့ဓမ္မစကူးလ်သွားရင်းပေါ်လာတဲ့ အတွေးလေးတွေကိုချရေးကြည့်တာပါ၊ ဒီလိုလေးတွေဆိုရင် ကောင်းမယ်ထင်ပါရဲ့ပေါ့၊တကယ်တော့လဲ စိတ်ကူးယဉ်ဆိုတာ လက်တွေ့ဘ၀နဲ့တော့ ကွာနေတတ်ပါတယ်၊အေဘရာလင်ကွန်းပြောတဲ့ လုပ်နိုင်ပါတယ်မပြောနဲ့ လုပ်ပြလိုက်ပါဆိုတဲ့ စကားကလဲ နားထဲက မထွက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်ထင်ရဲ့။



ဓမ္မစကူးလ်သင်တန်းပြီးတော့ သီရိလင်္ကာ ကလေးငယ်တွေ စုပေါင်းတန်းစီပြီး ရွတ်ဆိုသွားတာက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပါတဲ့။( မော်ဒန်အလိုအရတော့ တိဋ္ဌတု စိရံ ဗုဒ္ဓသာသနံ ပါ။ )


Read more...

ကိုးကွယ်ရာမှာရွေးချယ်ပါ..။



“ကြည်ညိုရာမှာ များသံဃာ.. ကိုးကွယ်ရာမှာရွေးချယ်ပါ” ဆိုတဲ့စကားလေးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် အရေးကြီးတဲ့ ဆုံးမစကားလေးပါပဲ။ ယခုခေတ်အချိန်အခါမှာ တရားအားထုတ်တဲ့ ယောဂီတွေ များလာသလို.. တရားရိပ်သာတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမတွေကိုလည်း ရဟန်းသံဃာများရော.. လူပုဂ္ဂိုလ်များပါ.. ဖြန့်ဝေပေးနေကြတဲ့သူတွေလည်း များစွာ ပေါ်ထွက်လာပါတယ်။ အကောင်းဘက်မှ စဉ်းစားရင် အင်မတန်မှ ၀မ်းသာကြည်နူးဖို့ ကောင်းသလို.. တစ်ဖက်မှ စဉ်းစားကြည့်ပြန်ရင်လည်း အင်မတန်မှ အလေးဂရုပြုဖို့ ကောင်းပါတယ်။ “ကုန်ရှုံးတော့တစ်ခေါက်.. လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်.. ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်” ဆိုတဲ့ စကားလေးကလည်း တရားအားထုတ်မယ့် ယောဂီတွေအတွက် အမြဲနှလုံးသွင်းထားသင့်တဲ့ စကားလေးပါ။ ကျန်တဲ့အရာတွေ အရွေးမှားရင်တော့ တစ်ဘ၀စာထက်ပိုပြီး မဆုံးရှုံးနိုင်ပေမယ့် ဆရာရွေးမှားရင်တော့ဖြင့် တစ်သံသရာလုံးပါ ဆုံးရှုံးသွားနိုင်မယ့် အဖြစ်မျိုးပါ..။ ဒါမို့လို့လည်း ဂရုပြုဖို့ကောင်းတယ်ဆိုတဲ့ စကားလေးကို သုံးလိုက်ရတာပါ။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆရာရွေးမမှားဖို့ဟာ အဓိကအကျဆုံးအချက်ပါ။ အရိယာရဲ့အဆင့်နိမ့်ဆုံးဖြစ်တဲ့ သောတာပန်ဖြစ်ရေးမှာ “သူတော်သူမြတ် ဆည်းကပ်မှန်စွာ၊ သူမြတ်တရား နာကြားသေချာ၊ သင့်အောင်စိတ်ထား တရားကျင့်ရာ၊ သောတာစစ် ဖြစ်ဖို့ကြောင်းလေးဖြာ” ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးမရှိပါတယ်။ အဲ့အဆုံးမထဲမှာ သူတော်သူမြတ် ဆည်းကပ်မှန်စွာဆိုတဲ့ စကားလေးကို အရင်ဆုံး ဗုဒ္ဓက ဆုံးမသြ၀ါဒ ပေးထားပါတယ်။ သူတော်သူမြတ်ဆည်းကပ်မှန်ဖို့ ဘယ်လောက်ထိ အရေးတကြီးလိုအပ်တယ်ဆိုတဲ့ အချက်လေးပါပဲ..။ ဆရာမှားပြီး တရားမှားရင် တစ်သံသရာလုံးမှားသွားမယ့် အဖြစ်မျိုးကို ဗုဒ္ဓကကြိုပြီးသိတော်မူတဲ့ အတွက်ပါပဲ။ ယခုအချိန်ခါမှာ မိမိကိုယ်တွေ့၊ ဆရာ့ကိုယ်တွေ့ဆိုပြီး ကိုယ့်ကိုယ်တွေ့တွေနဲ့ ကိုယ်မှန်တယ်ထင်ရာကို ဆွဲကိုင်ပြီး ဟောပြောနေကြတာတွေ ရှိပါတယ်။ ဟောတရားတွေရဲ့ အမှားအမှန်ကို ဆုံးဖြတ်ပိုင်းခြားနိုင်မယ့် ဗုဒ္ဓရဲ့ကိုယ်တွေ့ကျတော့ ပျောက်နေကြပါတယ်။ ဗုဒ္ဓကိုယ်တွေ့ဆိုတာကတော့ ဗုဒ္ဓကိုယ်တိုင် ဟောပြဆုံးမခဲ့တဲ့ အဆုံးမတွေကို မပြင်၊ မဖျက်၊ မဖြည့်စွက်ပဲနဲ့ အမှန်အတိုင်း လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ပိဋိကတ်(၃)ပုံဆိုတဲ့ ပိဋိကတ်တော်တွေပါပဲ။ ခုကျတော့ ဗုဒ္ဓကိုယ်တွေ့တွေ ပျောက်နေပြီး ငါ့ကိုယ်တွေ့.. ဆရာကိုယ်တွေ့တွေ များလာတာဟာဖြင့် အင်မတန် ရင်လေးစရာပါ။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့အားနည်းချက်ဟာ သဒ္ဓါများပြားပြီး ပညာပါးတဲ့ အချက်ပါပဲ။ “သဒ္ဓါများပြား ပညာပါး အလွဲကြည်ညို၏” ဆိုတဲ့ ဆုံးမစကားလည်းရှိပါတယ်။ ယုံကြည်မှုတွေများပြားပြီး ဝေဖန်ဆန်းစစ်နိုင်တဲ့ ပညာဥာဏ်မရှိရင် မှန်၏ မမှန်၏.. တော်၏ မတော်၏ဆိုတာ မစဉ်းစားတော့ပဲ အလွဲလွဲအမှားမှား ကြည်ညိုတတ်ပါတယ်။ အလွဲကြည်ညိုမှုတွေကြောင့်ပဲ.. ဘာသာရေးကို အသုံးချကာ.. သာသနာပြုတယ် ပြုတယ်နဲ့.. နတ်တွေ ဘိုးတော်တွေ လူလိမ်တွေ များသထက်များလာပြီး အဓမ္မ၀ါဒီတွေကို ထောက်ခံအားပေးတဲ့သူတွေ ရှိလာရတာပါ။ ကိုယ်ယုံကြည်ရာတစ်ခုနဲ့တင် ဇွတ်ကြိတ်မှိတ်ပြီး ယုံလို့မရပါဘူး။ မှားတယ် မှန်တယ်ဆိုတာကို ကွဲပြားခြားနားစွာ သိရှိရဖို့ဆိုရင်.. ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒါမှ အမှန်တရားကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်မှာပါ။ ခုတော့ အမှန်ကိုအမှန်အတိုင်း မဝေဖန် မဆန်းစစ်ကြပဲ.. ထင်ပေါ်ကျော်ကြားလူသိများခြင်း၊ ကိုးကွယ်သူများပြားခြင်း၊ တိုက်တာအဆောက်အဦး များပြားခြင်း၊ နိုင်ငံခြားထွက် သာသနာပြုနိုင်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးတွေ များပြားခြင်းဆိုတဲ့ အချက်တွေနဲ့တိုင်းပြီး ကိုးကွယ်တတ်ကြပါတယ်။ ဘုရားရှင်ရဲ့ ပိဋိကတ်တော်ပါ အမှန်တရားတွေနဲ့မတိုင်းပဲ.. ဒီအချက်တွေနဲ့ တိုင်းရင်ဖြင့် မှားပြီးရင်း မှားကြပေဦးမှာပါပဲ။

သူတော်ကောင်းဆရာဟုတ်မဟုတ် ဆန်းစစ်နည်းကို ဗုဒ္ဓက ကောသလမင်းကြီးကို ဟောတော်မူခဲ့ဘူးပါတယ်။ ဘုရားရှင်က မည်သူ့ကိုမဆို သူတော်ကောင်းဟုတ်မဟုတ် သိရှိနိုင်ရန် အချက်သုံးချက်နဲ့ တိုင်းပြီးဆုံးဖြတ်ဖို့ ကောသလမင်းကြီးကို ဆုံးမခဲ့ဘူးပါတယ်။ အဲ့ဒါတွေကတော့.. (၁) အကြာကြီး ပေါင်းကြည့်ရမည်၊ (၂) ဝေဖန်ဆန်းစစ်ရမည်၊ (၃) ဝေဖန်ဆန်းစစ်နိုင်သော ပညာရှိရမည် ဆိုတဲ့အချက်တွေပါပဲ။ မှန်ပါပေ၏.. ခဏပေါင်းသော် အကြောင်းမသိနိုင်သလို.. အပေါ်ယံကြည့်ရင်လည်း ဟန်ဆောင်ကောင်းပါက အလွယ်တကူ မသိနိုင်ပါဘူး။ ဒီတော့ ဝေဖန်ဆန်းစစ်နိုင်တဲ့ ပညာဥာဏ်ရှိဖို့ဟာ အဓိကကျပြီပေါ့။ ဝေဖန်ဆန်းစစ်ဖို့ဆိုရင် မြတ်ဗုဒ္ဓက သတ္တတအင်္ဂုတ္တိုရ် ပါဠိတော်မှာ ဆရာကောင်းရဲ့ အဂါင်္လက္ခဏာတွေကို ဟောပြဆုံးမထားပါတယ်။ အဲ့ဒါတွေကတော့ (၁) ရိုသေထိုက်သောဂုဏ်(၄)ပါး ရှိရမည်၊ (၂) ချစ်ခင်ထိုက်သောဂုဏ်(၄)ပါး ရှိရမည်၊ (၃) ချီးမွမ်းထိုက်သောဂုဏ်(၄)ပါး ရှိရမည် (၄) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုများကို ဆုံးမနိုင်ရမည်၊ (၅) မိမိမေးသမျှကို ဖြေဆိုနိုင်ရမည်၊ (၆) နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ရမည်၊ (၇) အကျိုးနည်းသော အလုပ်များကိုတားမြစ်၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ရမည်၊ ဆိုတဲ့ အချက်တွေပါပဲ။

အဲ့ဒီ့အချက် (၇)ချက်မှာ ပထမဆုံးသုံးချက်ဟာ အတူတူပင်ဖြစ်ပါတယ်။ ယင်းတို့မှာ (၁) ဒါန- လောဘမကြီးပဲ ပေးကမ်းစွန့်ကြဲနိုင်သူ ဖြစ်ရမည်၊ (၂) ဝေယျဝဇ္ဇ- ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ဖွယ်စကား ရှိရမည်၊ (၃) အတ္တစရိယာ- တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်၊ (၄) သမာနတ္တတာ- မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ ကျန်တဲ့အချက်(၄)ချက်ကတော့ ဆရာကောင်း လက္ခာဏာတွေရဲ့ အဓိကအချက်တွေပါပဲ။ ဆရာကောင်းကို ချဉ်းကပ်တယ်ဆိုတာ.. မိမိကိုဆုံးမပြုပြင်ပေးဖို့.. မိမိနားမလည်နိုင်သည့် သစ္စာအလင်းရစေမည့် မေးခွန်းမျိုးတွေကို ပြန်လည်ဖြေကြားပြီး သံသရာမှ လွတ်မြောက်ဖို့အတွက်ပါပဲ။ မြတ်ဗုဒ္ဓဟာ တရားဦးဓမ္မစင်္ကြာ ဟောကြားတဲ့အခါမှာ အမှားတွေကိုထောက်ပြပြီး အမှန်ကို ပြင်ပေးခဲ့တာပါ။ နောက်.. အနတ္တလက္ခဏာသုတ် ဟောတဲ့အခါမှာလည်း အမေးအဖြေတွေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးကို ဟောကြားသွားတာဟာဖြင့် ဆရာကောင်းရဲ့ အချက်လက်တွေကို ထောက်ပြသွားသလားတောင် အောက်မေ့ရပါတယ်။ ဒီလိုအမေး အဖြေတွေ ရှင်းလင်းမှုကြောင့်လည်း ပဉ္စ၀ဂ္ဂီငါးဦးလုံး သစ္စာအလင်းတွေ ရှာဖွေတွေ့ရှိခဲ့ရတာပါ။ ဒီတော့.. သစ္စာဥာဏ်အလင်းတွေ ရချင်ရင်ဖြင့်.. ဆရာကောင်းကို ရှာဖွေတဲ့နေရာမှာ ဝေဖန်ပိုင်းခြား စီစစ်နိုင်တဲ့ ဥာဏ်ပညာတွေ ရှိပါစေလို့လည်း အထူးအလေးနက် ပြောလိုပါတယ်။

စ်ခဏတာ အသုံးပြုမယ့် ရေအိုးတောင်မှ ရေလုံရဲ့လား၊ အပဲ့ပါသလား၊ အေးမယ့်အမျိုးအစား ဟုတ်ရဲ့လားလို့ ရွေးချယ်ရသေးတာပါပဲ.. တစ်ဘ၀ တစ်သံသရာလုံးကောင်းဖို့အတွက် ဆိုရင်တော့ဖြင့် မည်သူ့မျက်နှာမှမကြည့်ပဲ ဘုရားရဲ့အဆုံးမနဲ့သာ တိုက်ဆိုင်စစ်ဆေးပြီး ကိုးကွယ်သင့် ပါပေတယ်”(အရှင်ဇ၀န)။ ခုတော့ဖြင့် တစ်ဘ၀သံသရာလုံးအတွက် ကိုးကွယ်ရမယ့် ဆရာကို ပေါ့ပေါ့လေးပဲ ကိုယ့်အမှန်နဲ့ မှန်တယ်ထင်ပြီး ကိုးကွယ်ကြပါတယ်။ ဘုရားနည်းဟုတ်လား မဟုတ်လားလည်း မဆန်းစစ်ကြတော့ပါဘူး။ ဘုရားနည်းပျောက်ပြီး လုပ်ချင်သလိုတွေ လုပ်နေရင်ဖြင့် ကိုးကွယ်ဆည်းကပ်တဲ့သူတွေအတွက် ရင်လေးစရာပါပဲ။ ပိဋိကတ်တော်ဆိုတဲ့ ဘုရားနည်းတွေကို ဘေးပုံချပြီး ငါ့ဆရာနည်း ကိုယ်တွေ့နည်းတွေနဲ့ လုပ်ချင်ရာ လုပ်ကြရင်ဖြင့် သံသရာမှမလွတ်ပဲ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ထပ်လွဲကြရပေအုံးမှာပါပဲ။ ဒါမို့လို့လည်း လယ်တီဆရာတော်ကြီးက.. “နဖူးစွန်းနှင့် ဒူးပွန်းခံကာ၊ ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊ ငရဲအပါယ်၊ အမြစ်တွယ်၊ ၀ဋ်နွယ်ရှည်လျားရာ” ဆိုပြီးဆုံးမပေးခဲ့တာပါ..။ ဓမ္မမိတ်ဆွေအပေါင်း ဆရာကောင်းကိုရှာဖွေချဉ်းကပ်ပြီး သစ္စာဥာဏ်အလင်းတွေ ထွန်းလင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ရေးသားလိုက်ရပါတယ်..။

ဆရာတော်အရှင်ဇ၀နရဲ့ ဆရာကောင်းကိုရှာဖွေခြင်းဆိုတဲ့ စာအုပ်လေးကိုလည်း ဗဟုသုတရရှိစေပြီး စီစစ်ကိုးကွယ် ရွေးချယ်နိုင်ပါစေခြင်းအလို့ငှာ တင်ပေးလိုက်ပါတယ်..။ ဒေါင်းလုပ် (စာအုပ်ပုံအားကလစ်နှိပ်လိုက်ပါ) ယူသွားနိုင်ပါတယ်.. ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..။



Read more...

ကမ္ဘာဦးဝေစု။


ကမ္ဘာဦးညနေခင်းတွေဆီ
နောက်ပြန်လှည့်ပြီး
မြက်ရိုင်းတောမှာ
ငါထွက်ရပ်မိတယ်

နေနဲ့လ
သွားလမ်းမှာ

ချိန်းဆိုချက်မရှိတာ
ပေါ့ပါးလို့
ကြယ်တွေ စားတဲ့ညစာ
ကဗျာမဟုတ်သေးရင်
ဆက်ရွတ်မယ်



မျက်နှာချင်းဆိုင်စရာ
အမှားတွေမရှိတော့လည်း

အေးချမ်းလို့

ဟေး...
ပဲ့တင်သံတွေက
ငါ့အရောင်ပါပဲ

ဧကစာရီလား တဲ့
ငါဟာ ခွဲထွက်သူမဟုတ်ဘူး

အထီးကျန်သူလား တဲ့
ငါဟာ အစွန့်ပယ်ခံမဟုတ်ဘူး

ကမ္ဘာပြုမိုးရွာပြီးစ
အစိမ်းအတိုင်းပဲ အပြုံးတွေ
ဝေစုမခွဲခင်အထိ
ပင်လယ်မရှိ
တောင်တန်းမရှိ
ပင်လယ်ထဲက တောင်တန်းယောင်ယောင်ကျွန်းများမရှိ

သစ်တစ်ပင်အဖြစ်စိုက်ပျိုးကြည့်တယ်
ငှက်တစ်ကောင်အဖြစ်ပျံသန်းတယ်
ငါးတစ်ကောင်အဖြစ်ငုတ်လျှိုးတယ်
အားလုံးဟာ လှတယ်

ငါ့နာမည်မရေးထွင်းမိဖို့
စိတ်တင်းလိုက်ခါမှ
ကမ္ဘာဦးက ပိုပြီး အရောင်စိုသွားတယ်
သီချင်းစာသားတွေ ပြောင်းပြီး မဆိုမချင်း.....။
Align Center


Read more...

Chainless (Harmony Of Head And Heart By Moe Hein)

Forward

Throughout the history of our literature, Myanmar poetry has borne a high tradition, forming a prominent part of it. However, not much of Myanmar poetry has extended beyond the country's frontiers. The reason is obvious. Seldom has a Myanmar poet attempted to render into English his original work in Myanmar. Incidentally, a few Myanmar nationals have done so a compatriot's poem in the native language. Much less has a Myanmar ventured to express his poetic ideas in English, a gateway to the wide world.

Now, a Myanmar national's poem in English has found its way to claiming the attention of the international literary observers. He is none other than Moe Hein, an offspring of Journal Kyaw U Chit Maung and Journal Kyaw Ma Ma Lay, literary luminaries of their time. He has inherited his father's features, seriousness and equanimity, patriotism and literary bent. Compared to his parents, he is virtually a blossom in the dust.

Moe Hein's poem "Head and Heart" has been published in the Anthology of Poems titled "The Nearness Of Day" by the National Library of Poetry, Maryland, U.S.A,. It is also included in the eleven best poems recorded as "Sound of Poetry" on tape.

The poem "Head and Heart" reminds me of a poem in "Bodhicaryavatara" composed in Sanskrit by an AD-7 Buddhist philosopher and poet Santideva, and also of a passage under "Buddha, His Life and Teachings" by Paul Carus (1852-1929).

The paraphrase of the Sanskrit poem is as follows:

I will be a refuge to the destitute; a caravan to lonely travellers; a ferryboat or a bridge to those wanting to cross the river;
a lamp to those in darkness; bed and board to the homeless; a minion to those needing attendant; thus will I be of service to all beings.

The following is the passge penned by Paul Carus:

There is balm for the wounded, and there is bread for the hungry. There is water for the thirsty, and there is hope for the despairing. There is light for those in darkness, and there is inexhaustible blessing for the upright.

Heal your wounds, you wounded, and eat your fill, you hungry. Rest, you weary, and you who are thirsty quench your thirst. Look up to the light, you who sit in darkness, be full of good cheer, you who are forlorn.

Not unlike the above mentioned two excerpts, Moe Hein's "Head and Heart" (See page -34) is, indeed, a lovely lotus blooming out of the pond-bed of Buddhistic thoughts.

It is ardently hoped that Moe Hein's "Harmony of Head and Heart", a collection of his English poems, will bridge the two realms of poetry -- Myanmar and the rest of the world.

Paragu
29.1.99

*****************************

CHAINLESS



Love me


not in a way that chains you to me


by passion, pity or obligation.




What I am


will not always be as time and age


are chipping me away.




What I have


is not forever mine as I may leave them


or they may leave me under any


circumstances.




What I do


can't always be to your liking


and may even be against your wishes.




So dear


if you wish love me in a way


you would love a young child.




Nothing more nothing less


just a pure love called "Metta"




If so


your heart will not flutter


your head will be at ease.




A love


free from bondage.



(From Poems On Sentiments)


Read more...

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၂)…

အခြေခံ ၀ိပဿနာ အလုပ်ကို အားထုတ်လို သူများအတွက် နေ့စဉ်လှုပ်ရှားနေရင်း လှုပ်ရှားမှုများမှ တရားရအောင် အားထုတ်နည်းလေးကို တင်ပြပေးခဲ့ပါတယ်။ တစ်ချို့ကတော့ အချိန်ယူပြီး တစ်နေ့တစ်ကြိမ်လောက် ဖြစ်ဖြစ် ကိုယ့်နေရာလေးမှာကိုယ် ထိုင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ အဲလို ထိုင်ပြီး အားထုတ်တာကိုပဲ ပိုပြီးအားရသူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နာရီဝက် တစ်နာရီစသဖြင့် အချိန်ယူကာ ကြိုးစားမှတ်လေ့ရှိပါတယ်။ တရားအားထုတ်တဲ့အခါ သမာဓိကို တစ်ဆက်တည်းကျအောင် အားထုတ်နိုင်မှ ကောင်းပေမယ့် အချိန်မရတဲ့အတွက် ရတဲ့အချိန်ကိုယူပြီး ကြိုးစားအားထုတ်တဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလိုသူတွေအတွက် နည်းမှန်လမ်းမှန် ဖြစ်စေဖို့၊ အားထုတ်ချိန်မှာ ဖြစ်တတ်တာလေးတွေကို သိထားဖို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ပြီး တင်ပြပေးဖြစ်ပါတယ်။

ထိုင်ပြီး တရားမှတ်တဲ့ ယောဂီများအတွက် အဖြစ်များတာတွေက စိတ်မတည်ငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်တာ၊ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံဖြစ်တာ၊ အိပ်ငိုက်တတ်တာ၊ ဟိုနာဒီနာ ဟိုယားဒီယားဖြစ်တာ စတာတွေပါ။ အာနာပါနကို အခြေခံပြီး စမှတ်ပေမယ့် သမာဓိ မရှိဘဲဖြစ်နေတော့ စမှတ်ကာစမှာပဲ စိတ်က လွတ်လွတ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေလေးကို တစ်ချက်နှစ်ချက်လောက်ပဲ မှတ်ရသေးတယ် စိတ်ကအပြင်ရောက်နေပါတယ်။ အပြင်အတွေးတွေ၊ စိတ်ကူးတွေနောက်ကို ပါပါသွားတတ်ပါတယ်။ ပိုဆိုးတာက ရှေ့မှာလုပ်ရမယ့်၊ လုပ်ဖို့ရည်ရွယ်ထားတဲ့ အလုပ်တွေ၊ အစီအစဉ်တွေရှိနေရင် တရားထိုင်ပြီဆိုတာနဲ့ အဲဒါတွေက အရင်ပေါ်လာတော့တာပါ။ တရားထိုင်ရင်း အဲဒီအစီအစဉ်တွေ၊ အလုပ်တွေကို စိတ်ကူးပြီး လိုက်လုပ်နေဖြစ်တာပါ။ ဒါဟာ တရားထိုင်တဲ့အထိ ဒီလုပ်စရာတွေ၊ အစီအစဉ်တွေကို ယူလာလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားစထိုင်တော့မယ်ဆိုရင် မထိုင်ခင် အတိတ်ကဟာတွေရော နောင်လာမယ့် အစီအစဉ်တွေပါ အားလုံးကို တရားထိုင်တဲ့အခိုက်မှာ မေ့နိုင်အောင် ကြိုးစားခိုင်းတာ ဖြစ်ပါတယ်။ တစ်ချို့ ရိပ်သာကြီးတွေမှာဆို တရားစခန်းဝင်နေတဲ့ ယောဂီတွေကို အဲဒီကာလမှာ စာအုပ်တောင် ဖတ်မခိုင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ဖတ်ထားတဲ့အခါ တရားထိုင်ပြီဆို အဲဒီ စာအုပ်ထဲက အကြောင်းအရာတွေပဲ ခေါင်းထဲမှာရောက်လာပြီး စိတ်ကူးတွေ၊ အတွေးတွေ ဖြစ်ဖြစ်နေတတ်လို့ပါ။ အကောင်းဆုံးက တရားစထိုင်ပြီဆိုကတည်းက ကိုယ့်စိတ်ကို အဓိဋ္ဌာန်လေးနဲ့ ဒီထိုင်တဲ့ အခိုက်လေးမှာတော့ အတတ်နိုင်ဆုံး မလွတ်အောင်မှတ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးခဲ့တာတွေနဲ့ မရောက်လာသေးတာတွေကို အားလုံးလစ်လျူရှုပြီး လက်ရှိအခိုက်အတန့်ကိုပဲ သတိကပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

ဝိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ပြီး ရှုမှတ်တာလို့ ဆိုပေမယ့် စပြီးတရားအားထုတ်တဲ့ ယောဂီများအတွက်တော့ ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီး ရှုမှတ်နိုင်ဖို့ မလွယ်လှပါဘူး။ သတိမနိုင်သေးလို့ သမာဓိ မခိုင်သေးတဲ့အခါ ပေါ်သမျှ၊ ဖြစ်သမျှ အာရုံတွေကို တိုက်ရိုက်လိုက်ပြီး သိနိုင်မှတ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလို အချိန်မှာ ယောဂီများအနေနဲ့ သမာဓိနဲ့ ၀ီရိယကို ညီမျှအောင် သတိနဲ့ ကြိုးစားထိန်းပေးရပါတယ်။ သမာဓိ အားနည်းလို့ စိတ်မတည်ငြိမ်သေးရင် ၀ီရိယကို အားစိုက်ပေးရပါတယ်။ စိတ်လွတ်တာနဲ့ ပြန်ဖမ်းပြန်မှတ်၊ အတွေးတွေ၊ စိတ်ကူးတွေ ၀င်နေတယ်ဆိုတာကို သိတာနဲ့ အမှတ်အာရုံကို ပြန်ယူပြန်မှတ်တဲ့ လုံ့လပြုမှု အကျင့်ကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပြုလုပ်ပေးရပါတယ်။ သမာဓိအားနည်းချိန်မှာ ၀ီရိယ အားကောင်းနေဖို့ လိုပါတယ်။ တစ်ခါတစ်လေကျတော့ တရားရလိုတဲ့ စိတ်ကအားကြီးပြီး မရရအောင် ကြိုးကြိုးစားစား အချိန်ပြည့် လုံ့လပြုပေမယ့် တည်ငြိမ်မှု မရှိတဲ့အတွက် တရားမှတ်ဖို့ ခက်နေတတ်ပြန်ပါတယ်။ သမာဓိမရှိဘဲ ၀ိရိယ အားကောင်းနေပြန်ရင်လည်း စိတ်အစဉ်ဟာ ပြန့်ကျဲနေတတ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ ၀ီရိယဟာ စိတ်အစဉ်ကို ကစဉ်ကလျား၊ ယောက်ယက်ခပ်စေပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့အခါ သမာဓိမရှိသေးတဲ့အချိန် ၀ီရိယကိုအားပြုကာ သမာဓိရဖို့် ကြိုးစားရင်း သမာဓိနဲ့ဝီရိယကို ညီမျှအောင် သတိနဲ့ထိန်းပြီး အားထုတ်ကြည့်ကြဖို့ လိုပါတယ်။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှအရာတွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက်မှတ်ပေးနိုင်ရင် ဒီနည်းတွေနဲ့ အမည်တပ်စရာတောင် လိုမယ်မထင်ပါဘူး။ စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက်ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်းမှတ်ပေးနေရုံပါပဲ။ စာပေအတိုင်း အမည်တွေ လိုက်တပ်နေစရာ မလိုပါဘူး။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ တရားအားထုတ်တဲ့ ယောဂီတွေမှာ ထွက်သက်ဝင်သက်လို့ခေါ်တဲ့ အာနာပါနကို အခြေခံထား မှတ်နေတဲ့အခါ ကာယာနုပဿနာ၊ နောက်ပေါ်ရာပေါ်ရာကို ပြောင်းပြောင်းမှတ်တဲ့အခါ ဝေဒနာပေါ်လို့ ခံစားမှုကိုမှတ်ရင် ဝေဒနာနုပဿနာ၊ စိတ်ကူးအကြံအစီ စတာတွေကို လိုက်မှတ်ရင် စိတ္တာနုပဿနာတွေ ဖြစ်နေပါတယ်။ နောက်ပိုင်း သမာဓိအားကောင်းလာချိန်၊ ဉာဏ်အစဉ် မြင့်လာချိန်မှာတော့ သဘောတရားကိုမှတ်တဲ့ ဓမ္မာနုပဿနာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သတိတရား လက်ကိုင်ထားပြီး ပေါ်သမျှကိုသာ မလွတ်အောင် လိုက်သိလိုက်မှတ်နေရင် ပြီးတာပါပဲ။

ဒီနေရာမှာ အဓိကပင်တိုင်ထား မှတ်ပေးရမှာကတော့ အာနာပါနပဲ ဖြစ်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်မှာ တစ်ခြားအာရုံတွေ မပေါ်သေးရင် ထွက်သက်ဝင်သက်ကိုပဲ အလေးထား မှတ်နေရုံပါပဲ။ ဒီလိုမှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာမှာ ယားယံတာ၊ ပူတာအေးတာ၊ နာတာကျင်တာ၊ ကိုက်တာခဲတာ စတာတွေ ပေါ်လာရင် အာနပါန မှတ်နေတဲ့ အမှတ်အာရုံကို အဲဒီဝေဒနာမှာ ပြောင်းပြီး မှတ်ပေးဖို့လိုပါတယ်။ ဝေဒနာလို့ ဆိုတဲ့အတွက် ခံစားမှုမှန်သမျှကို လိုက်ပြီး မှတ်ရပါမယ်။ တရားမှတ်နေတုန်း ကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အဲဒီဝေဒနာကို မှတ်ပေးသိပေးနေရမှာ ဖြစ်သလို မကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အလိုက်သင့် လိုက်သိလိုက်မှတ်ပေးနေရပါတယ်။ ဒါကို မဟာသတိပဋ္ဌာန သုတ်မှာ မြတ်ဗုဒ္ဓက “ရဟန်းတို့… ရဟန်း(ယောဂီ)သည် သုခဝေဒနာ (ချမ်းသာသောခံစားမှု)ကို ခံစားလျင်လည်း သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ကို ခံစားလျင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။ အဒုက္ခမသုခဝေဒနာ (ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော ခံစားမှု)ကို ခံစားလျင်လည်း အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို“ ခံစားသည်ဟု သိ၏။”လို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်တော်မူပါတယ်။

အထက်ပါ ဒေသနာအဖွင့်အတိုင်း ယောဂီပုဂ္ဂိုလ်များဟာ အလွယ်တကူ နားလည်ပြီး မှတ်နိုင်ပါတယ်။ တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လိုဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိပေးရပါမယ်။ ထွက်သက်ဝင်သက်ကို မှတ်နေရင်း ခန္ဓာကိုယ်တစ်နေရာရာမှာ ယားယံလာတဲ့အခါ အဲဒီယားယံတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် လိုက်သိနေနိုင်အောင် ကြိုးစားမှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီးယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုးလျော့လျော့ သူဖြစ်နေတဲ့အတိုင်းပဲ လိုက်သိနေနိုင်အောင် ကြိုးစားရပါမယ်။ သီးခံနိုင်သလောက် သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။ အထူးသဖြင့် မကောင်းတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ထင်တတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာမရှိသေးရင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သီးမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ သူ့ကိုလစ်လျူရှုကာ ထွက်သက်ဝင်သက်ကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်သက်ဝင်သက်ကို ပြန်မှတ်နိုင်ပါတယ်။ ထွက်သက်ဝင်သက် မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တစ်ခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေါ့ပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း လိုက်မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက်မတက်နိုင်၊ ဉာဏ်စဉ်အဆင့် မတက်နိုင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကောင်းကောင်းဆိုးဆိုး ဘယ်လိုခံစားမှုမျိုးမဆို သတိကပ်ကာ လိုက်မှတ်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

နောက် တရားအားထုတ်စ ယောဂီများမှာ ဖြစ်တတ်တဲ့ အထိန်းရအခက်ဆုံး တစ်ခုက စိတ်အမျိုးမျိုး ဖြစ်ပျက်နေမှုပဲ ဖြစ်ပါတယ်။ သမာဓိ ကောင်းကောင်းမတည်သေးတဲ့ အချိန်မှာ စိတ်မှာ အာရုံအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကောင်းတဲ့အတွေး စိတ်ကူးတွေ ပေါ်တတ်သလို မကောင်းတဲ့ အတွေးစိတ်ကူးတွေလည်း ဖြစ်တတ်ပါတယ်။ ကာမရာစိတ်တွေ ဖြစ်တတ်သလို ဒေါသစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို မသိဘဲ အာရုံနောက်ကို လိုက်သွားမိရင် တရားအားထုတ်နေရင်းနဲ့ပဲ ကိလေသာတွေ ဖြစ်နေတတ်ပါတယ်။ သတိမပါရင် ရာဂစိတ်အတွေးတွေ ဖြစ်နေတတ်ပါတယ်။ အဲဒီလို တရားအားထုတ်ရင်း ကာမရာဂစိတ်ဖြစ်တာကို မသိဘဲ အာရုံအစွဲနောက် လိုက်မိသွားလို့ နောက်ဆုံး သုတ်လွတ်တဲ့အထိ ဖြစ်ဖူးတဲ့အကြောင်း အသိယောဂီလေး တစ်ယောက်က လျှောက်ဖူးပါတယ်။ ဒါဟာ စိတ်မှာ ဖြစ်တဲ့ ရာဂစိတ်အတွေး စိတ်ကူးကို သတိမကပ်ဖြစ်ကာ မသိလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ သဘောပါ။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် သိအောင်ကြိုးစားဖို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စိတ္တာနုပဿနာနဲ့ ပတ်သက်လို့ “ရဟန်းတို့… ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွဖြစ်သော စိတ်ဟု သိ၏။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။ ဒေါသနှင့်တကွသော စိတ်ကိုလည်း ဒေါသနှင့် တကွဖြစ်သော စိတ်ဟု သိ၏။ ဒေါသကင်းသောစိတ်ကိုလည်း ဒေါသကင်းသောစိတ်ဟု သိ၏။ ထို့အတူ မောဟနှင့်တကွသော စိတ်၊ မောဟကင်းသောစိတ်၊ ကျုံ့သော(သံခိတ္တ)စိတ်၊ ပျံ့သော(၀ိက္ခိတ္တ)စိတ်၊ မဟဂ္ဂုတ် (ရူပအရူပ)စိတ်၊ အမဟဂ္ဂုတ် (ကာမာဝစရ)စိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတ (တည်ကြည်သော)စိတ်၊ အသမာဟိတ (မတည်ကြည်သော)စိတ်၊ ၀ိမုတ္တ (လွတ်မြောက်သော)စိတ်၊ အ၀ိမုတ္တ (မလွတ်မြောက်သော)စိတ် တို့ကိုလည်း ယင်း၏ ဖြစ်ပေါ်နေသည့် သဘောအတိုင်း သိ၏။”လို့ စိတ်နဲ့ပတ်သက်တဲ့ မှတ်ရမယ့်နည်းကို ဟောပြပေးတော်မူပါတယ်။

ဒီဟောကြားချက်အရ တရားအားထုတ်နေချိန် စိတ်မှာ ဘယ်လိုအတွေးစိတ်မျိုး၊ စိတ်ကူးစိတ်မျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ အဲဒီစိတ်အစဉ်ကို ဖြစ်တာနဲ့ သိလိုက်ရင် ရှေ့ဆက်မဖြစ်တော့ပါဘူး။ မသိလို့ အဲဒီစိတ်ရဲ့ စွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ ဆိုကြပါစို့ တရားအားထုတ်ရင်း သတိလွတ်ပြီး ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီရာဂစိတ်ဖြစ်တာကို သိလိုက်တဲ့အခါ ဒီရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုးသွားပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုခုက သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ဆိုခြင်းဖြစ်ပါတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းလှတဲ့အတွက် ဒီဖြစ်ပျက်နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့် အတွေးစိတ်ကူးတွေကို ကြိုတင်သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနက်တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒီလို စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်တွေကိုပါ ဖြစ်ခိုက်ပေါ်ခိုက်မှာ အလိုက်သင့် လိုက်သိပေးနေတာကိုပဲ စိတ္တာနုပဿနာလို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာစသဖြင့် အသီးအသီး သတ်မှတ်ထားတဲ့ အားထုတ်မှုတွေဟာ အာနာပါနကို အခြေခံထား မှတ်နေရင်း စိတ်နဲ့ခန္ဓာကိုယ်မှာ ပေါ်သမျှအာရုံတွေကို လိုက်သိလိုက်မှတ်ပေးရုံနဲ့တင် အလိုလို ဘုရားအလိုကျ အားထုတ်ပြီးသား ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ အာနာပါနကို အလိုက်သင့် လိုက်မှတ်ပေးနေတဲ့ အချိန်မှာ ကာယာနုပဿနာ ဖြစ်နေပြီး၊ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ကောင်းဆိုးနှစ်ပါး ဝေဒနာများကို အရှိအတိုင်း ခံစားခိုက်မှာ အလိုက်သင့် လိုက်သိမှတ်ပေးနေချိန်မှာ ဝေဒနာနုပဿနာ ဖြစ်နေကာ စိတ်မှာဖြစ်ပေါ်တတ်တဲ့ အတွေးစိတ်ကူး အကြံအစီစတာတွေကို ရှေ့စိတ်နောက်စိတ် မလွတ်အောင် မှတ်သိပေးနေချိန်မှာ စိတ္တာနုပဿနာဖြစ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်ခိုက်ပေါ်ခိုက် ဖြစ်စဲပေါ်စဲမှာ သိအောင်လုပ်လိုက်တဲ့ အချက်တစ်ခုတည်းရဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီများဟာ ဘာနည်းဘယ်နည်း စတဲ့အမည် နာမတွေနောက် လိုက်မနေကြဘဲ သမာဓိ၊ ၀ိရီယကို မျှတညီညွတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင်သာ ကြိုးစားမှတ်နေကြဖို့ပဲ လိုပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read more...

မခံနိုင်စိတ်နဲ့ မခံချင်စိတ်။

စင်္ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ပါ ဆိုတာနဲ့ သွားပြီး နားထောင်လိုက်ပါတယ်။

သူ့နားမှာ အကုသိုလ်တွေများနေလို့တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်း စိတ်တယ်၊ ဒါနဲ့တောင် စာမေးပွဲ ဖြေတဲ့အခါ သူနဲ့အတူ ဖြေသူတွေက ဂုဏ်ထူးတွေ နဲ့အောင်ကြပြီး သူ့မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။

ဒါကြောင့် ဂေဇက်ကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ၊ ပုတီးတွေကလည်း ဘာမှ မစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်၊ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာ ကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။

undefined

အဲဒါကြောင့် သူ့မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာ မရသလို ဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်ရှည်ကြီးနဲ့ ရောပြီး လျှောက်ထားနေပါတော့တယ်။

မိမိက “ဒီမှာ - အခုမင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး ၊ ဒီကပြောမှာ ကို သေသေချာချာ နားထောင်ဦး၊ ပြီးတော့ မေးတာကိုလဲ ဖြေးဖြေး စဉ်းစားပြီးမှ ဖြေနော်၊ မင်းပြောသွားတဲ့ အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်းစိပ်တယ်လို့ပဲ ပြောတယ်၊ စာကို အေးအေး ဆေးဆေး ကြည့်တယ်လို့ မပါဘူးနော်။

အေး…စားမေးပွဲက သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲ ဟုတ်ပုံမရဘူးကွ၊ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုး ဖြစ်မယ်၊ ဟုတ်တယ်မို့လား၊ မင်းက ပြဋ္ဌာန်းတဲ့ ဘာသာရပ်ကိုတော့ မကြိုးစားဘဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ၊ ဒါဟာ ဘယ်သူအပြစ် လဲ ဆိုတာကို မင်း စဉ်းစားကြည့်ရင် သိမှာပါ။

မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်၊ ဟုတ်လား….၊

ငါ…ပြောမယ်နော် စဉ်းစားပြီးနားထောင်ဦး၊ သက်သတ်လွတ်တို့ ပုတီးတို့.. အေး.. မင်းတို့ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ၊ အမှန်ကတော့ ဘုရားဂုဏ်ကို အာရုံပြုတာပါ၊ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေ ကြတာ၊ သက်သတ်လွတ် ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ “ စားသူနည်းရင် သေတာနည်းပါစေ”ဆိုပြီး သူတို့အကျိုးကို ရှေးရှု ရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ ကိုယ်ကျိုးဖြစ်၊ စီးပွားဖြစ် ရှောင် တယ်ဆိုရင်တော့ မင်းစေတနာကိုက မှန်မှမမှန်ဘဲဟာ၊ ဘာအကျိုးထူးမှာလဲ ကွာ။

ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော် ၊ အေး..မင်းတို့ ဘုရားကို တကယ် ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက် သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့၊ ဒုက္ခလွတ်မြောက် ရေးအတွက် အားကိုးဖို့သာ ဖြစ်တယ်၊ မန်းမှုတ် ကယ်တင် ခိုင်းဖို့မဟုတ်ဘူး၊ အဲဒါ မြဲမြဲ မှတ်ထားရမယ်။

ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက် မေ့ပြီး ရိုသေလေးစားမှု ပြုတာပဲ၊ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဉာဏ်မီသလောက် နှလုံးသွင်း အာရုံပြု ကြည်ညိုရတာပေါ့။

ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ဆိုတာ ကိုယ်ကြုံတွေ့ရတဲ့ ဒုက္ခ တွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်း တွေကို သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်၊ ဒုက္ခတွေက လွတ် မြောက်အောင် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။

တို့ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင် ဘုရားမဟုတ်ဘူး၊ လမ်းညွှန် နည်းပြ ဘုရားသာဖြစ်တယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္ထာဒေ၀ မနုဿာနံ = နတ်လူတို့ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာ ဖြစ်တော်မူပါပေ၏” ဆိုတာ ပါသားပဲ။

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလဲ ဓမ္မပဒ (၂၇၆)မှာ…

“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာ ဘုရားတို့ဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။

မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကိုမငဲ့ဘဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရ်ငတော့ ဘုရားရှင်ကို ရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုး မဟုတ်ဘူး၊ ကိုယ်က အပင်ပန်း မခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာ တွေရအောင် အလုပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။

ဒါကလဲ တို့ဗုဒ္ဓဘာသာဝင်တွေ အတော်များများ မှားလေ့ရှိတဲ့ အမှားကြီး ပါပဲ၊ အန္တရာယ်ကင်းအောင်၊ ရာထူးဂုဏ်သိန် တိုးတက်အောင်၊ စီးပွားဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ်၊ ပုတီးစိပ်တယ်ဆိုတာ သေချာ စဉ်းစားကြည့်လေ၊ ကိုယ်လိုချင်တာ တွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုး စားချင်တဲ့ ဖြတ်လမ်းက အချောင်ရချင်လို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေ တဲ့ သဘောပဲ မဟုတ်ဘူးလား။

ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး၊ ဖြတ်လမ်းကနေ ပေါချောင် ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ၊ ငါပြောတာ ကြမ်းလွန်းတယ် ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သတ်လွတ်စားတာနဲ့ ပုတီးစိပ်တယ် ဆိုတဲ့ အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။

အေး… မင်းက “ ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသား ကြည်ညို လို့ပါ”ဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။

မင်း.. နောက်ဆို မြဲမြဲ မှတ်ထားနော်၊ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါ၊ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့၊ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိ တတ်တယ်၊ မင်းမှာ အခုကြုံရတာဟာ အဲဒီ ပြဿနာပဲ။

သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်လုပ်ကြလို့ အူကြောင်ကြောင် ဖြစ်သွားကြသူတွေ ဆိုတာ အဲဒီလို မျှော်လင့်ချက်နဲ့ လုပ်သူ တွေပေါ့။

ယုံကြည်ချက် ခံယူချက်နဲ့သာ လုပ်မယ်ဆိုရင် တို့ဘုရားအလောင်းဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ စကားတော်ကို အခိုင်အမာ ယုံကြည်ခံယူပြီး ကတည်း က ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာလို့ နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ အရိုးပေါ် အရေသာ ကျန်တဲ့အထိ ခြောက်နှစ်ကြီးများ တောင် အပြင်းအထိန်ကြိုးစားစ အားထုတ်ခဲ့ပေမယ့် ရူးဖို့နေနေသာသာ ကြောက်ရွံ့တဲ့စိတ် နောက်တွန့်တဲ့စိတ်ကလေးတောင် တစ်ချက်မှ မဖြစ်ခဲ့ ပါဘူး တဲ့၊ အဲဒါ စဉ်းစားကြည့်ပေါ့ကွာ။

ပြီးတော့ ခုနမင်းပြောတဲ့ စကားထဲမှာ “မခံချင်စိတ်တွေဖြစ်လို့ တနေ့လုံး ဘယ်သူနဲံမှ အတွေ့မခံဘဲ အိပ်ရာထဲမှာ ငိုနေရတယ်”လို့ ပြောတယ်နော်၊ အဲဒါ လည်း သေသေ ချာချာ စဉ်းစားဖို့လိုတဲ့ ကိစ္စပဲကွ၊ လူတော်တော်များများဟာ “ရှက်နေတာနဲ့ ရှက်တတ်တာ၊ နာနေတာနဲ့ နာတတ်တာ၊ မခံနိုင်စိတ်နဲ့ မခံ ချင်စိတ်” ဆိုတာတွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြဘူးနဲ့တူတယ်၊ မင်းလည်း အခုဖြစ်တာ ဘာစိတ်လဲ ဆိုတာ ကိုယ့်ဟာကိုယ် သဘောပေါက်ပုံ မရဘူး၊ မှတ်ထား.. အခုမင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ မခံချင်စိတ်တွေ မဟုတ်ဘူး မခံနိုင်စိတ်တွေ ဖြစ်နေတာ… ကြားလား၊ အေး… ဒါဆိုရင် မခံနိုင် စိတ်နဲ့ မခံချင်စိတ်ကို မင်း ကွဲကွဲပြားပြား သဘောပေါက်သွားအောင် အခု ငါဖတ်လက်စဖြစ်တဲံ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့ရဲ့ အဓိပတိ နာယကဆရာတော်“ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ” ရဲ့ စိန်ရတု အထိမ်းအမှတ် သြ၀ါဒ တရားတော်များထဲက လူငယ်နှစ်ယောက်အကြောင်းကို ပြောပြမယ်၊ သေသေ ချာချာ နားထောင်နော်။

လူငယ်နှစ်ယောက်မှာ တစ်ယောက်က မောင်ဌေးလွင်တဲ့၊ သူက လူဝတ်နဲ့ ( ဦးသူတော် ဘ၀တုန်းက) ပထမငယ်တန်း ၀င်ဖြေတာ စာမေးပွဲ ကျလို့ တစ်ရက် နှစ်ရက် ဆက်ပြီး ငိုနေခဲ့တယ်တဲ့။

နောက်တစ်ယောက်က မောင်ခင်တဲ့၊ သူကတော့ သာသနာ့ဘောင်ဝင်ပြီး လို့ ရဟန်းဖြစ်စ ရောက်တဲ့အခါ အငယ်တန်၊ အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော် အထိ အောင်ပြီးပြီ၊ သူလည်း မြန်မာပြည် ပရိယတ္တိစာမေးပွဲ လောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာ ကျတယ်၊ ကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားတဲ့ပြီး “ဦးဇင်းး..ဒကာကြီးတို့ အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်၊ ဒီနှစ်ကျချင် ကျပါစေ၊ နောက်နှစ်မှာ တော့ ဒကာကြီးတို့ရဲ့ စာမေးပွဲ စာသင်တန်းမှာ ဦးဇင်း ပထမ ရလိမ့်မယ်”ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့သတဲ့။

အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်က နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။ အဲဒီနောက်တစ်နှစ်မှာ စာချ တန်းဆိုတာကို ဖြေတော့လည်း သကျသီဟ စာမေးပွဲတလျှောက်မှာ တစ်ခါမျှ မကြုံဘူးသေးတဲ့ ”စာသင်တန်း၊ စာချတန်း ဆက်တိုက်နှစ်ချင်းပေါက် သုံးကျမ်းပြီး အဖြစ်နဲ့အောင်တယ်၊ ဒီဦးဇင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုကြောင့် အသင်းလူကြီး တွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး ရိုးရိုးစာချဘွဲ မျိုးပေးလို့တော့ မတော်ဘူး၊ ဂုဏ်ထူးနဲ့ ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီး ပေးသင့်တယ် ဆိုပြီး “၀ဋံသကာ” ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရတယ်တဲ့။ မြန်မာလိုကတော့ “ဦးဆောက်ပန်း” လို့ ခေါ်တာပေါ့၊ အထွတ်အမြတ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဲဒီ ဦးဇင်းငယ်ဆိုတာ နောက်တော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသလို့ ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင် ဆရာတော်ကြီးဖြစ်လာတာပေါ့။

စောစောကပြောတဲ့ မောင်ဌေးလွင်ဆိုတာလည်း နောက်တော့ ဆရာ သမားများက ဖျောင်းဖျသွန်သင်တဲ့အတိုင်း မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ် လိုက် နိုင်ပါတယ်၊ သာသနာတော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အဲဒီ ဦးဇင်း ငယ်လည်း သကျသီဟ စာမေးပွဲကြီးမှာ စာသင်တန်း စာချတန်းတွေ အောင်မြင် သွားရုံမကဘူး၊ ကျန်းဂန်တွေ အများကြီးပြုစုခဲ့လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို သက်တော်-၀ါတော် အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဘာသာဋီကာကျန်းပြုအကျော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆိုတာ ဖြစ်လာတာပေါ့၊ ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ “တစ်ဘ၀သံသရာ” ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်မှာ အဲဒီအကြောင်းတွေကို ထည့်ရေးထားပါသတဲ့၊ ဒီလောက်ဆိုရင် မခံနိုင်စိတ်နဲ့ မခံချင်စိတ်နတို့ရဲ့ ခြားနားချက်တွေကို မင်း ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။

မခဲနိုင်စိတ်ရှိသူက မခံနိုင်ဘူးဆိုပြီး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အတွက် အချိန်ပြုန်း လူနုံးနဲံ ကျက်သရေတုံး နေမယ်၊ ဘာမှကောင်းကျိုး မပြီးဘူး၊ “နေမင်းကြီး ၀င်သွားလို့ သင်ထိုင်ငိုနေလျှင် လမင်းကြီးနဲ့လဲ သင်လွဲအုံးမှာပါ”ပဲ ဆိုတဲ့ စာဆိုကြီးတဂိုးရဲ့ ကဗျာလေးလိုပေါ့၊ မခံချင်စိတ်ရှိသူက နောက်တစ်ခါ ဒီလိုမျိုး မခံစားရအောင်ဆိုပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ကြိုးစားတယ်၊ အဲဒီတော့ သူ့မှာ ကောင်းကျိုး ချမ်းသာတွေ ကျက်သရေမင်္ဂလာတွေ တိုး သည်ထက် တိုးလာတာပေါ့။

မင်းကိုယ်မင်း ပြန်မေးကြည့်ပေါ့ကွာ “ ကျက်သရေတုံးနေချင်တာလား၊ ကျက်သရေ တိုးနေချင်တာလား”ဆိုတော့ အဲဒီကလေးက “ကျက်သရေ တိုးနေချင်တာပါ”တဲ့ ၊ အေး.. ဒီလိုဆိုရင် မခံနိုင်စိတ်တွေကို ဖယ်ရှားပစ်လိုက်ပြီး မခံချင်စိတ်ကို မွေးပါ လို့ ပြောလိုက်ပါတယ်။

မှန်ပါ…. အဲဒီလို ဖြစ်အောင် ကြိုးစားပါမယ်၊ ကတိပြုပါတယ်ဘုရား လို့ ပြန်ပြောပါတယ်၊ အေး… ရည်မှန်းချက်တို့ ကတိစကားတို့ဆိုတာ လုပ်ဆောင် ချက်နဲ့ သက်သေပြမှ ယုံကြည်အားကိုး လေးစားထိုက်သူ ဖြစ်မယ်နော်”ဆိုတော့ သူက နည်းနည်းရယ်သံပါပြီး မှန်ပါ.. စိတ်ချပါ ဘုရားလို့ ကတိထပ်ပေးပါတယ်။

ပြီးတော့ နည်းနည်းထပ်ပြောဦးမယ်၊ မင်းရဲ့ ရည်မှန်းချက်တွေထဲမှာ စာမေး ပွဲ အောင်ဖို့ ၊ အလုပ်အကိုင်တွေ ရပြီး စည်းစိမ်ဥစ္စာတွေနဲ့ ပျှော်မွေ့နေဖို့လောင် တင် ရပ်မနေနဲ့ဦး၊ လူဖြစ်ကျိုးနပ်တဲ့ ကျက်သရေဆိုတာ အလုပ်အကိုင်တွေ ရာထူးတွေ စည်းစိမ်တွေကို ဆိုလိုတာမဟုတ်ဘူး၊ တကယ့် ကျက်သရေအစစ် ဆိုတာ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ၊ လေးစားထိုက်သူဖြစ်အောင် လောကအကျိုး ဓမ္မအကျိုးတွေကိုလဲ စွမ်းနိုင်သမျှ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်တဲ့ ဂုဏ်သိက္ခာကို ခေါ်တာ၊ မင်းလည်း ဘာပဲ လုပ်လုပ် ရာထူးတိုးဖို့ စီးပွားဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို အဓိကမထားဘဲ ဂုဏ်သိက္ခာရှိဖို့ ကျက်သရေရှိဖို့ ဆိုတာကို အဓိကထားရမယ်နော်”လို့ ပြောလိုက်တော့ လုံးဝ စိတ်ချပါဘုရား လို့ တော့ ပြောတာပဲ။ လုံးဝ တင် ရပ်မနေဘဲ စိတ်ချရသူများ ဖြစ်ကြပါစေလို့သာ ဆုတောင်းလိုက်ရပါတော့တယ်။

ယုံကြည် လေးစား အားကိုး ထိုက်တဲ့ ကျက်သရေရှင်များ ဖြစ်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

( ၈ ) အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း။

အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတရပ်ဖြစ်သည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစုစောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေသည်။

တနေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ ဆိုက်ကပ်သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက်နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။

သီဟိုဠ် (သီရိလင်္ကာ) မင်းလည်း သဲမိုးရွာသောကပ်မှ လွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကိုခေါ်၍ မေးမြန်းသည်။ သမားဖြူ သမားညိုတို့က -အရှင်မင်းကြီး ဤသဲမိုးရွာသောကပ်သည် အလွန်ထူးခြားသော သစ္စာကို ပြုလျှင် ပျောက်ပါလိမ့်မည်-ဟူ၍ လျှောက်တင်ကြသည်။

အဘယ်သစ္စာကို အဘယ်သူအား ပြုစေရမည်နည်း-ဟူ၍ မင်းက မေးမြန်း၏။
အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသောသူကို သစ္စာပြုစေရပါမည်-ဟူ၍ သမားဖြူ၊ သမားညိုတို့ကို လျှောက်၏။

မင်းကလည်း-အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေ-ဟူ၍ အမိန့်တော်ရှိ၏။
မှူးမတ်တို့လည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တပြည်လုံးတွင် တယောက်မျှ မရှိ။ အခက်တွေ့နေကြသည်။

ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်သည် သင်္ဘောထက်ကနေ၍ အို-အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူတည်း-ဟု လှမ်းအော်ပြောသည်။
မှူးမတ်တို့လည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက-ထိုသူကိုခေါ်၍ သစ္စာဆိုစေလော့-ဟူ၍ မိန့်တော်မူလိုက်သည်။

မှူးမတ်တို့သည် လုလင်ထံသွား၍ သူတို့၏ဒုက္ခကို ပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက်အောင် သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။
ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်လည်း သင်္ဘောဦးသို့တက်ပြီးလျှင် -ငါသည် လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖနှစ်ပါးတို့၏ ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့် အမိအဖနှစ်ပါးတို့ကို မငတ်မမွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ်ကဲ့သို့၎င်း၊ သိကြားမင်း၊ ဗြဟ္မာမင်းကဲ့သို့၎င်း၊ အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူ မှန်ပါသည်။ ဤသစ္စာအတိုင်း မှန်ပါက ဤသဲမိုးသည် ချက်ချင်းရပ်ပါစေသတည်း။ ဤသဲမိုး ရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တ၀ါအားလုံး ချမ်းသာကြပါစေသတည်း-ဟူ၍ သစ္စာပြုသည်။

ထိုသို့ သစ္စာပြုသော ခဏမှာပင် သဲမိုးသည် ရပ်လေ၏။ အားလုံး ချမ်းသာရာ ရကြလေသည်။
ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့် ပူဇော်ကြသည်။ လုလင်သည် ထိုပစ္စည်းတို့ကို သင်္ဘောငါးစင်းဖြင့်တင်၍ အိမ်သို့ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်းပြောပြကာ ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။ သူတို့ ၃-ဦးသည် ဒါနကောင်းမှု စသည်များကို ပြု၍ ချမ်းမြေ့စွာ နေထိုင်သွားကြသည်။ စုတေသောအခါ နတ်ပြည်သို့ လားကြလေသတည်း။
အကိုး။ ။ မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း (၁၉၂၀-ပြည့်နှစ်)

( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဇွန်လ)


Read more...

တရားစခန်း ပိတ်ပွဲအခမ်းအနား (ဇယမင်္ဂလာ ကျောင်းတိုက်) ပါရမီရှင်များ

အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
ဟောပြလို့ ထားခဲ့တာက--
*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
ဟန္ဒ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်
ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်
ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌
သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..
အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
ဝယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့, မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို…
တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်
အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။
----------------------------------------
မေတ္တာနိသာကရော လောကေသမ္မာ ဘာတု သုခံကရော
မေတ္တာသီ တလရံသီဟိ သုခန္တု ဖုသိတာပဇာ.

လောကေ– သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌
မေတ္တာနိသာကရော – မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သမ္မာ – သတ္တ၀ါတတွေ အေးမြစေဖို့ အသရေ ရွှန်းကာ ကောင်းမွန်စွာဖြင့်
သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခုချမ်းသာကိုပြုလျှက်
ဘာတု – ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း
(မေတ္တာသီတလရံသီဟိ – မေတ္တာဖွေးလျှ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့် / သည်)၂ ၄င်း
ဖုသိတာ – ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် တွေ့ထိအပ်ကုန်သော
ပဇာ – ကမ္ဘာခေတ်ဘွေ အထွေတွေ၌ တည်နေများစွာသတ္တ၀ါတို့သည်
သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါ စေကုန်တော့သတည်း။

Read more...

Quotes

True religion is real living; living with all one's soul, with all one's goodness and righteousness.
Albert Einstein:

Only a life lived for others is a life worthwhile.
Alice Walker

Expect nothing, live frugally on surprise.
Baruch Spinoza

What everyone wants from life is continuous and genuine happiness.
Bertrand Russell

The good life is inspired by love and guided by knowledge.
Buddha:
If we could see the miracle of a single flower clearly, our whole life would change.
Carl Sandburg

Life is like an onion: You peel it off one layer at a time, and sometimes you weep.
Chinese proverb

When you have only two pennies left in the world, buy a loaf of bread with one, and a lily with the other.
Franklin P. Jones
Credit: mmcyber
Credit: mmcyber

နှမြှောတသ


ညကအဖြစ်အပျက်ကတော့ ပြောမပြောချင်ဘူး၊ ပွဲက မထင်မှတ်ဘဲ ကြမ်းသွားတယ်။
မကြမ်းခံနိုင်ရိုးလား၊ မင်းပေါင်းကစုံတယ်လေ။
အဲဒီလက်ဖက်ရည်ဆိုင်ကလည်း နတ်ကိုကြီးတယ်။
တစ်ပတ်တစ်ခေါက်လောက်ကိုမှ မရောက်ရရင် နေလို့ထိုင်လို့ကို မကောင်းတာ။
တခြား ဗာဟီရကိစ္စနဲ့ မြို့ထဲထွက်လည်း အဲဒီ လက်ဖက်ရည်ဆိင်လေးကိုတော့ ၀င်ဖြစ်အောင် ၀င်တယ်။
အပေါင်းအသင်းတွေ ရေးဖေါ်ရေးဘက်တွေနဲ့ ပေါကကရလေးဆယ်ပြောပြီးမှ အိမ်ပြန်တယ်။
အကြောင်းအပေါင်းသင့်ရင်တော့ ၄၂လမ်းလည်းရောက်ရဲ့။ ပုဇွန်တောင်လည်းရောက်ရဲ့။
........... ရောက်ရဲ့။
မနေ့ကတော့ ၁၂နာရီလောက်တည်းက အဖွဲ့တွေရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြတယ်။
အဦးဆုံးရောက်လာသူက မဂ္ဂဇင်းတစ်စောင်ကို တာဝန်ခံထုတ်ဝေနေတဲ့ အယ်ဒီတာ။
အပေါင်းအသင်း အင်မတန်မင်တဲ့လူ။ အဖော်ကောင်းလို့ကတော့ ဘာကိုမှ ငြင်းရကောင်းမှန်းမသိတဲ့လူ။ လူကသာ ဆံပင်တွင်မက မျက်ခုံးမွေးပါဖြူနေတာ။
တရားလေးထိုင်လို့ ဘုရားလေးသွားလို့ ရှိမလားမှတ်တယ်။
အသက်မှ အားမနာ အရက်ဆိုရှေ့ဆုံးက။ အရက်ဆိုတဲ့ အသံသာကြားပစေ ကိစ္စအားလုံးကို မေ့တဲ့လူ။
နောက်တစ်အောင့်လောက်ကြာတော့ အောင်မောင်းရောက်လာတယ်။
သူလည်းအခုတစ်လော စီးပွားရေးမဂ္ဂဇင်းတစ်စောင်မှာ ဟိုဟာသည်ဟာ ရေးရင်း
လည်ပင်းမှာ ဆွဲကြိုး တ၀င်းဝင်းနဲ့ ဖြစ်နေတဲ့သူ။
သူကလည်း အရက်ဆို ဘီယာထက် မပိုတဲ့သူ။ ဘီအီးဆို ပက်စီလေးနဲ့မှ မျိုကျတဲ့သူ။
ခုတော့လည်း ဘီအီးရော တောရော ကော်နီရော စုံနေပါပြီ။
သူကရောက်ရောက်ချင်း ပွဲဖြစ်မယ်ဆိုရင် ငွေတစ်ရာမတည် ရင်းနှီးမယ်လို့ တရားဝင် ကြေညာလာတယ်။
ဟော လာပြန်ပြီ နောက်တစ်ယောက်။
လွယ်အိတ်ကိုဒူးဆစ်အောက် ရောက်နေသလို ဆံပင်က ဂုတ်အောက်ရောက်နေတဲ့ထုတ်ဝေသူ ကိုကြင်။ သူကလည်း လူပုသလောက် သောက်ကြောရှည်တဲ့လူ။
သူကလည်း ဒီလူအုပ်ကို မြင်ကတည်းက ဟီဟိ ဟီဟိ ဖြစ်နေပြီ။
ချိန်းထားရင် လွဲချင်လွဲဦးမယ်။ ပန်းချီဆရာရယ်လို့ မပြောရဘူး၊
ကြော့ကြော့ကော့ကော့လေးနေတတ်တဲ့ ပန်းချီဆရာ မြိုင်မောင်ကျော်ကလည်း
စက၊်ကြီးချိုင်းကြားညှပ်ပြီး ကျုပ်တို့ဝိုင်းကို ရောက်လာတယ်။
သူကလည်း တစ်ပက် တစ်ပက်နဲ့ ခနွဲနဲ့ပက်ရမဲ့သူ၊ သူခုတော့ အရက်ကို အဓိဌာန်ထားတယ် ပြောတယ်။ တစ်ညနေမှာ သုံးဆိုင်ထက်ပိုမပြောင်းတော့ဘူးလို့ အဓိဌာန်ထားတယ် ကြားတယ်။
ကဲ ... ဒါလောက်လူစုံနေမှတော့ ဘာပြောစရာလိုသေးလဲ၊
တစ်ယောက်မေး တစ်ယောက်ငေါ့လိုက်ကြရုံနဲ့ အထာကပေါက်နေပြီ။
နေညိုရင် ရွှေဘိုကို လွမ်းတယ်လို့ တစ်ယောက်က ညည်းရုံရှိသေး
ခြေလှမ်းတွေက ဦးတည်နေပြီ။ အရက်ဆိုင်ကို ...။
ဒီတစ်ခါတော့ အများသဘောတူညီမှုအရ ဆိုင်ပြောင်းကြမယ်။
ဘယ့်နှယ် တစ်ခါလာ အရက်ဖြူ၊ တစ်ခါလာ အရောင်မပါတဲ့အရက်။
တစ်ခါတစ်လေတော့လည်း အရက်ကို အရောင်လေးဘာလေးနဲ့ သောက်ချင်တာပေါ့။
တစ်ခါလာ ကန်စွန်းရွက်။ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဗိုက်တွေ ဓါတ်မှန်ရိုက်ကြည့်ရင် ကန်စွန်းခင်းကြီးတွေ့လိမ့်မယ်ထင်တယ်။
အောင်မောင်းကလည်း ရန်ပုံငွေအဖြစ် ငွေတစ်ရာ မ တည်မယ်လို့ ပြောထြားပြီးပြီ။
ကျုပ်မှာလည်း မဂ္ဂဇင်းတိုက်က ထုတ်လာတဲ့ ၀တ္ထုတို စာမူခလေးက ပူပူနွေးနွေးလေးရယ် .....
မိန်းမ မသိအောင် ပေးထားတဲ့စာမူမို့ ဒီစာမူခက ကျုပ်ကြိုက်သလို လုပ်ခွင့်လည်း ရှိနေပြန်တယ်။
ထုတ်ဝေသူကိုကြင်ကလည်း ပါတာသာထုတ်၊ လိုတာသူစိုက်မယ်လို့ ရေလျှံတဲ့လေသံနဲ့
အခြေအနေကို ဖန်တီးနေပြန်တယ်။ မြိုင်မောင်ကျော် ကလည်း ဘယ်ငြင်းမှာတုန်း။ ဟဲဟဲ .. ဟဲဟဲနဲ့။
အဖုံးတစ်ဖုံး နှစ်ထောင်သုံးထောင် ပက်ခနဲရနေသူပဲ။
သူကလည်း ရာသီဥတုက တို့ဘက်မှာရှိတယ် လုပ်နေပြီ။ ဆိုပါတော့ ....။
ဒီလိုနဲ့ ကျုပ်တို့ ငရဲလားမဲ့အဖွဲ့ ဆူးလေဘုရားလမ်းက စားသောက်ဆိုင်တစ်ဆိုင်ကို ချီတက်လာတယ်။
ဝိုင်းမိတယ်ဆိုရင်ပဲ ရမ်တစ်လုံး၊ ၀က်နံရိုးကြော်တစ်ပွဲ၊ ငါးရှဥ့်ခြောက်စပ်တစ်ပွဲ မှာလိုက်တယ်။ စားသောက်ဆိုင် ထုံးစံအတိုင်း အမြည်းအရင် အရက်နဲ့ ဆော်ဒါ၊ ရေခဲတို့က ရောက်လာတယ်။
အရက်မြင်ရင် ဟက်ဟက် ဟက်ဟက် ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ပုလင်းယူပြီး လှုပ်ကြည့်တယ်။
အလင်းရောင်မှာ ထောင်ပြီး အမြုပ်ကို ကြည့်တယ်။ အရောင်ကို ကြည့်တယ်။
ပုလင်းအဖုံးကို စိန်ပွဲစားများ စိန်ကြည့်သလို ကြည့်တယ်။
အမှန်တော့ ဒီလိုလုပ်ကြည့်လို့လည်း ဘာသိနိုင်တာ မဟုတ်ပါဘူး။
အထင်ကြီးအောင် လူတတ်ကြီးလုပ်ပြီး ပုလင်းကို လှုပ်လိုက်ခါလိုက်
လုပ်နေပေမဲ့ စစ်တယ် မစစ်ဘူး သူလည်း ပြောနိုင်တာမဟုတ်ဘူး။
ပုလင်းအဖုံးကို လှည့်ဖွင့်တယ်။ မရဘူး။ အောင်မောင်းကလည်း ငတ်လှပြီ။
ပေးစမ်းပါဆိုပြီး သူ့လက်ကြမ်းကြီးနဲ့လှည့်ဖွင့်တယ်။ မရဘူး။
နောက်ဆုံး စားပွဲထိုးကောင်းလေးက နောက်ဖေးယူသွားပြီး ဓါးပါးလေးနဲ့ ကလော်ဖွင့်မှ ပွင့်တော့တယ်။
ပုလင်းပွင့်သွားတော့ နွားငတ်ရေကျ ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ဖန်ခွက်ထဲ
လက်တစ်လုံးထည့်ပြီး ကောက်မော့ကြည့်တယ်။
အားကျမခံ အောင်မောင်းကလည်း ဖန်ခွက်ထဲ လက်နှစ်လုံးထည့်ပြိး ရေခဲနဲ့ ဆော်ဒါ အချိုးကျ ရောစပ်တယ်။ ကိုခင်မောင်မိတ်က ဖန်ခွက်ကို စားပွဲပေါ်ပြန်ချပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့
အရက်ကို စူးစမ်းနေတယ်။ ဘယ်နှယ်လဲဆိုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်တော့
အင်း ... မဆိုးပါဘူးတဲ့။
အောင်မောင်းကလည်း ဖန်ခွက်ထဲက အရက်ကို နှစ်စုပ်လောက်စုပ်ပြီး
အင်းနည်းနည်းတော့ ပျော့တယ်ထင်တယ်တဲ့။
သူတို့အဖြေတွေ အားမရတော့ ကျုပ်လည်း ကျုပ်တို့ ရှေ့က ကျေးဇူးရှင် အသောက်သင်ဆရာတွေ
လုပ်သလို ပုလင်းထဲကို လက်ညှိုးထည့်ပြိးတော့ နှုတ်ခမ်းကို ဆွတ်ကြည့်တယ်။
ဘယ်လိုလဲဆိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ စစ်သလား မသိဘူးကွဆိုတဲ့ မရေမရာ
အဖြေကြီးပဲ ပေးနိုင်တယ်။ ဟုတ်တယ်။ ကျုပ်တို့ လျှာတွေလည်း ပျက်နေပြီနဲ့တူတယ်။
အဖြူသောက်လိုက် အနီသောက်လိုက် စစ်တာသောက်လိုက် မစစ်တာသောက်လိုက်ဆိုတော့
လျှာ ပြဒါးတိုင်က မမှန်ချင်တော့ဘူး။
သြော် .. လောက။ ငွေရှာရ မလွယ်သလို ငွေသုံးရတာလည်း စိတ်ညစ်စရာပါလား။
နောက်ဆုံးတော့ ထွက်လာတဲ့ အသံက တစ်သံတည်း။ ကိုင်းချ။ မသေပြီးရောတဲ့။
မစစ်ဘူးထင်လို့သာ တော်တော့တယ်။ တစ်ခွက်ပြီစတစ်ခွက်။ တစ်လုံးပြီး တစ်လုံး။
စစ်တယ်လို့များ ယုံယုံကြည်ကြည်နဲ့ သောက်လိုက်ရရင် ကျုပ်ထင်တယ် အင်းလျားကန်ထဲက ရေတွေဟာ
အရက်စစ်စစ်တွေပါလို့ တစ်ယောက်ယောက်ကများ တာဝန်ခံရင်
ကုန်အောင်သောက်မယ့် သူကောင့်သားတွေ။
..................
အရက်စစ်မစစ် ညကမသိပေမယ့် ခုတော့ ကောင်းကောင်းသိနေပြီ။ ကိုက်လိုက်တဲ့ခေါင်း။
တစစ်စစ်နဲ့ ဇက်ကြောတွေကလည်း ဘာထိုးသလဲမမေးနဲ့။ သံချောင်းနဲ့ထိုးထားသလား အောက်မေ့ရတယ်။
ငတ်လိုက်တဲ့ရေ။ ဘယ်လောက်သောက်သောက် သဲပူထဲ ရေသွန်လိုက်သလိုပဲ။
အိပ်ရာထဲမှာ မှိန်းနေချင်သေးပေမယ့် တစ်ဘက်ခန်းက ရေဒီယိုက ၈နာရီသတင်းလာနေပြီ. မဆုံးနိုင်တဲ့
နံနက်ချိန်ခါ တေးသံသာကတော့ မီးဖိုချောင်ထဲမှာ ပျံ့လွင့်နေတုန်း။
တကတဲတော် အပြင်မှ မထွက်လိုက်နဲ့၊ ထွက်ရင် မျိုဆို့လာပြီ။
၈နာရီထိုးပြီ ခုထိအိပ်ရာက မထသေးဘူး။ ကြီးပွားဦးတော့မှာပဲ။
သူ့လုပ်စာနဲ့သာ လူလုပ်ရရင် ကျုပ်တို့ သားအမိတတွေ ဟင်း ပြောမပြောလိုက်ချင်ဘူး။ ရေးတဲ့စာကနည်းနည်း သူ့စာရေးဆရာအစုတ်ပလုတ်တွေနဲ့ သောက်တာကများများ။
ပြောလိုက်ရင် ငါ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မချုပ်ချယ်နဲ့လေး ဘာလေးနဲ့
ဒီမှာဖြင့် အိမ်ဆိုင်က တစ်ဘက် ချက်ရပြုတ်ရတာက တစ်ဘက် တစ်စက်မှ မသိတတ်တဲ့လူ။
တစ်စက်မှ အကြင်နာတရားမရှိတဲ့လူ။ လာပလေ့စေဦး သူ့စာရေးဆရာတွေ၊
လာရင် ဆဲကို လွှတ်ဦးမယ်။
အင်း မဖြစ်ချေဘူး။ ထမှ။ စောစောစီးစီး ပွစိပွစိနဲ့ မင်္ဂလာကို မရှိဘူး။
စာရေးဆရာ အရက်သောက်တာများ သူ့လက်ထက်ကျမှ အဆန်းလုပ်လို့။
ကမန်းကတန်း မျက်နှာသစ်ပြီး သူနဲ့ ဝေးရာမှာ ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ ပြောပလေ့စေ။
မိန်းမဆိုတဲ့ သတ္တ၀ါက အဲသလို စူပွစူပွလုပ်ရမှ အိပ်ပျော်စားဝင်တဲ့အမျိုး။ မောရင်ရပ်သွားလိမ့်မယ်။
ဒီမှာ ကိုအ၀ှာ။ အိပ်ရထ လဒမှိုင် မှိုင်မနေနဲ့။ အိမ်ကျက်သရေမရှိဘူး။
မီးဖိုထဲမှာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ရှိတယ်။ စားပြီး ဆိုင် ခဏကြည့်ထားဦး။
ကျုပ် မင်္ဂလာဈေးထဲ သွားပြီး ဆိုင်အတွက် လိုတာလေးတွေ ၀ယ်ရဥိးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်ဆို တဲ့အသံလည်းကြညးရော
ကျုပ်ရဲ့ ငိုက်နေတဲ့ ခေါင်းက ဆတ်ခနဲ မော့လာတယ်။
ဘယ့်နှယ် ဟိုနေ့ကမှ ကျုပ် ဘားပလက်အကြီးတစ်လုံး ၁၈၀ကျပ်နဲ့ ၀ယ်ပေးခဲ့တာ။ ခု ကုန်ပြီဆိုတော့ ....
ကျုပ်သမီးနို့ညှာ ၀က်သက်ပေါကတပြီးကတည်းက အရမ်းပိန်လာတာ။
ဆရာဝန်က အားဆေးဝယ်တိုက်ပါဆိုလို့ ကျုပ်ဟိုနေ့ကမှ ဘားပလက်တစ်ပုလင်းဝယ်လာခဲ့တာ။
မင်းဘားပလက်က ကုန်တာ မြန်လှချည်လား။ တစ်နေ့ကမှ ငါဝယ်လာတဲ့ ဥစ္စာ...
ကုန်တာမဟုတ်ဘူးတော်ရေ ရှင့်ဥစ္စာ အတုကြီး နားလည်းလား။
ကျုပ်ဆရာဝန်ကို ပြကြည့်ပြီးပြီ။ အတုကြီးတဲ့။ ဆက်မတိုက်နဲ့တဲ့။
ဆက်တိုက်ရင် ကလေး ဒုတ်ခရောက်မယ်တဲ့။
အဲဒါ မင်္ဂလာဈေးက ဆိုင်နံပါတ် ရေးပေးလိုက်တယ်။ အဲဒီမှာ ၀ယ်တဲ့ စစ်တယ်တဲ့။
ဖူး .... လူတွေ လူတွေ တယ်လည်း ရက်စက်ကြပါလား။
ကျုပ်တို့လို ငါးပါးသီလ မလုံတဲ့ ယမကာ လုလင်တွေအတွက် အရက်တုတယ်ဆိုတာ ထားပါတော့။ အပြစ်မဲ့တဲ့ ကလေးတွေခမျာ။ လောဘ၊ဒေါသ၊ မောဟ အတ္တ တယ်လည်း ကြိးကြပါလား ။
စာနာစိတ် ခေါင်းပါးလှချည်လား။
အဖေက အရက်အတုသောက်
သမီးက ဘားပလက်အတုသောက်။
ဝဋ် လို့ပဲ သေဘာထားကြစို့ သမီးရေ ...။
ကဲကဲ မင်းသွားစရာရှိသါား။ ငါဆိုင်ကြည့်ထားလိုက်မယ်။
ထိုင်ခဲလှတဲ့ ဆိုင်လေးမှာ ထိုင်ရင်း ချိုချဉ်၊ မုန့်ထုပ်၊ အချိုမှုန့်၊ ဆပ်ပြာ စုံစီနဖာတွေကို ငေးမောကြည့်နေမိတယ်၊ တအောင့်လောက်ရှိတော့ မညစ်မသစ် စီဝိုင်စီ ၀မ်းဆက်နဲ့ ပိုက်ဆံအိတ် ချိုင်းကြားညှပ်ပြိး ယိုးဒယား လက်ဆွဲခြင်းဆွဲ ထွက်သွားတဲ့ မိန်းမကို ကြည့်ပြီး ....
အင်း သူ့ကြောင့် ငါတို့ မိသားစု အူစိုနေတာပါကလား လို့ တွေးမိသေးတယ်။
ကိုရင်တွေ ဆွမ်းခံပြန်ချိန်လောက်မှာ ကျုပ်မိန်းမ ဈေးကပြန်လာတယ်။
လက်ဆွဲခြင်းထဲမှာလည်း ဘာမှ ပါလာတာ မတွေ့ဘူး။ မျက်စိမျက်နှာလည်း ပျက်လို့။
ဘာမှ မပြောဘဲ အခန်းထဲ တန်းဝင်သွားတယ်။ တော်တော်နဲ့ ပြန်မထွက်လာဘူး။
အင်း တစ်ခုခုတော့ တစ်ခုခုပဲ ဆိုပြီး ကျုပ်လည်း အခန်းထဲလိုက်သွားတယ်။ ဟောဗျ။
ဒူးကလေးတုပ်ပြီး တရှုံရှုံ့ ငိုနေလေရဲ့။ ကျုပ်မြင်တော့ ရှိုက်သံက ပိုကျယ်လာတယ်။ ကျုပ်လည်းအံအားတသင့် ကြည့်နေပြီးမှ ....
မင်းဘာဖြစ်လို့လဲ ပြောစမ်းငါ့ကို။ ဘာလို့ငိုနေတာလဲ ပြောစမ်းပါ။
အဲဒီတော့မှ တဟီးဟီးနဲ့ ငိုပါလေရော။ ရော ခက်ပြီ။ ဘယ်သူကများ စော်ကားလိုက်ပါလိမ့်။ ဒီအရွယ်ကြီးကျမှ ဒီမီးယပ်ပိန် မီးယပ်ခြောက်ကို ဘယ်သူကမှ လိုက်စာမပေးတန်ကောင်းပါဘူး။
မသကာ ဘတ်စ်ကားပေါ်မှာ လူယုတ်မာနဲ့တွေ့လို့ ...။
ပြောစမ်းပါ။ မင်း ဘယ်သူက စော်ကားလိုက်သလဲ။ ငါ့ပြောစမ်း။
ပုဆိုးကို တိုတိုပြင်ဝတ်ပြီး ခပ်ဆတ်ဆတ် မေးတော့မှ ....
အဟင့် ဟင့် ဟင့်။ ဘယ်သူကမှ စော်ကားတာ မဟုတ်ပါဘူး။ ကျွန်မ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့။
သြော် ... ဒါများကွာ။ ဒါလောက် ငိုနေရတယလို့။
ရန်ကုန်မှာနေပြီး ဘတ်စ်ကား မှီခိုရတဲ့ လူအဖို့ တစ်ခါမဟုတ် တစ်ခါတော့ ခံရစမြဲပါကွ။ ဒါမဆန်းပါဘူး။
ကဲ ..ကဲ... ငိုမနေနဲ့တိတ် တိတ်။ ဒါနဲ့ ပိုက်ဆံ က ဘယ်လောက်များလို့တုန်း ....
တစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်။
ဟင်.... တစ်ထောင်။ တစ်ထောင်။
ငိုမယ်ဆိုရင်လည်း ငိုချင်စရာပေါ့လေ။
ကျုပ်တို့ မိသာစုမျိုးမှာ တစ်ထောင်ဆိုတဲ့ငွေဟာ နည်းတဲ့ငွေမှ မဟုတ်တာ။ သူကပိုနှမြောရှာပေမပေါ့။ သူရှာတဲ့ပိုက်ဆံကိုး။ တစ်မတ်မြတ် တစ်မတ် ငါးမူးမြတ် ငါးမူးနဲ့ ခြစ်ခြုတ် စုရတဲ့ ပိုက်ဆံမဟုတ်လား။ ဒီတစ်ထောင်ပြန်ရဖို့ စုပါလေဦး။ ကျုပ်လဲ နှမြောတာပါပဲ။
ဝတ္ထုတို သုံးလေးပုဒ်ရေးမှ ငွေတစ်ထောင်လောက်ရတာ။
ဒါနဲ့ နေပါဥိး မင်းက ဘယ်မှာ အနှိုက်ခံရတာတုန်း ... နှိုက်တုန်းကမင်းမသိဘူးလား.။
နှိုက်တုန်းကသာသိရင် အဲဒီကောင် ပါးရှစ်စိတ်ကွဲသွားသေးတယ်။ မသိလို့သာပေါ့။
ရှိက်သံစဲပြီး ဒေါသသံက ကဲလာပြီ။
ကျွန်မလည်း အိမ်ကထွက်ကတည်းက ပိုက်ဆံအိတ်ကို သတိထားတာပဲ။ ကားကလည်းချောင်တယ်။ နေရာရတာနဲ့ ၀င်ထိုင်ပြိး ပိုက်ဆံအိတ်ကို ဆွဲခြင်းထဲထည့် လက်ကိုင်ကိုင်းနှစ်ခု ပူးကိုင်ပြီး
ပေါင်ပေါ်တင်လိုက်လာတာ။ ဆင်းရမဲ့မှတ်တိုင်ရောက်တော့ လူက ကျပ်နေပြီ။
ကျွန်မလဲ တိုးဝှေ့ဆင်းရင်းနဲ့ ဈေးဝယ်မလို့ ကြည့်လိုက်တော့မှ ပိုက်ဆံအိတ် မရှိမှန်းသိတာ။
အဆင်းမှာ အနှိုက်ခံရတာနေမှာပေါ့။
မင်းကားနံပါတ် မမှတ်မိဘူးလား ...
ရှင်ဟာလေ။ ကျွန်မက ဘာကိစ္စ ကားနံပါတ်မှတ်နေရမှာတုန်း။
ဈေးထဲရောက်မှ ခါးပိုက်နှိုက်ခံရမှန်း သိတာပါလို့ပြောနေ ...
အင်း ဒါလည်းဟုတ်တာပဲ။ ကျုပ်လဲ လျှာကြောဆက်မရှည်ဝံ့တော့ဘူး။ အဲတစ်ခုတော့ရှိတယ်။
ပြန်ရလို ရငြားပေါ့လေ။ ကျုပ်စဉ်းစားမိတာက ....
အဲ အဲ ငါတစ်ခုစဉ်းစားမိတာက မင်းလှသန်းကို သိတယ်မဟုတ်လား။
မနှစ်ကတုန်းကတောင် ပုဆိုးတစ်ထည်နဲ့ လာကန်တော့သွားတဲ့ ငါ့တပည့်ဖြစ်ခဲ့ဘူးတဲ့ လှသန်းလေကွာ။ ဒီကောင်က လူဆိုးထိန်းဆိုလား ..နယ်ထိန်းဆိုလား။
အဲဒီကောင်ကို အကျိုးအကြောင်းပြောပြီး နည်းနည်းအကူအညီ တောင်းကြည့်ပါလား...
မိန်းမမျက်စောင်းက ၀င်းခနဲ။ သူသာ နဂါးဆိုရင် ကျုပ် ပြာဖြစ်လောက်ပြီ။
အကူအညီရလို ရငြားပေါ့ကွာ ....မသိမသာ လေပြေထိုးကြည့်တယ်။
သူထားတဲ့ နှုတ်ခမ်းက မကျချင်သေးဘူး။
ရောက်ခဲ့ပါပြီတော်.. ရောက်ခဲ့ပါပြီ။
ဖြစ်ဖြစ်ချင်း ကျွန်မလဲ သတိရတာနဲ့ ရှင့်တပည့်ကျော်ဆီ ရောက်ခဲ့ပါပြီ။
ဟေ....ဟုတ်လား။ လှသန်းက ဘာပြောလဲ ပြန်ရမယ်ပြောလား
ဒီနေရာမှာ ကျုပ်မိန်းမကို အရမ်းအထင်ကြီးသွားပြီ။ သူမို့ သတိရတတ်ပလေ။
ရှင့်တပည့်ကျော်လှသန်းက ဘာပြောလဲဆိုတော့ သူလဲ အတတ်နိုင်ဆုံး စုံစမ်းပေးပါ့မယ်တဲ့။
ပြန်ရဖို့တော့ သိပ်မသေချာဘူးတဲ့။ ဟိုတုန်းကနဲ့ မတူဘူးတဲ့။
ဟိုတုန်းက ခါးပိုက်နှိုက်ခံရတဲ့ အချိန်၊ အနှိုက်ခံရတဲ့ လက်စလက်နကို ကြည့်ပြီး ဒါ ဘယ်သူ့
လက်ချက်ဆိုတာ တန်းသိတယ်တဲ့။ အဲဒီကောင်သွားကုပ်လိုက်ရုံပဲ။
ဒါမှမဟုတ် သူ့ခေါင်းဆောင်ကို သွားဖမ်းလိုက်ရုံနဲ့ အနှိုက်ခံရတဲ့ ပိုက်ဆံ ပြန်ရတာများတယ်တဲ့။
အခုတော့ ....
အခုတော့ ဘာဖြစ်သလဲကွ။ အခုလည်း အဲလိုလုပ်ပေါ့
သြော် ..ရှင်ပြောတော့လွယ်တယ်။ သူပြောတလဲ ဆက်နားထောင်ဦးမှပေါ့။
ခုတော့ သိပ်မလွယ်ဘူးတဲ့။ ခုခေတ် ခါးပိုက်နှိုက်တွေကလည်း သိပ်စည်းကမ်းရှိတာ မဟုတ်ဘူးတဲ့။
သူ့နယ် ကိုယ့်နယ် သိပ်ခွဲတော့တာ မဟုတ်ဘူးတဲ့။ နှိုက်ချင်တဲ့နေရာ နှိုက်နေကြတာတဲ့။
ပြသနာက ခါးပိုက်နှိုက်ခံရတိုင်းလဲ ခါးပိုက်နှိုက် လက်ချက်ချည်းလို့ ထင်မနေနဲ့တဲ့။
ဘာကွ... ခါးပိုက်နှိုက်ခံရတိုင်း ခါးပိုက်နှိုက် လက်ချက်မဟုတ်လို့ သူ့မအေ.... တယ်....ငါ
သြော်... သူပြောတာလဲ ဆုံးအောင်နားထောင်ပါဦး။
တစ်သက်လုံး ခါးပိုက်နှိုက်လုပ်စားတဲ့ ခါးပိုက်နှိုက် စစ်စစ်တွေရဲ့ ရာဇ၀င်ကိုသူတို့သိတယ်တဲ့။
ခုဟာက တစ်ခါတစ်ရံမှာ ခါးပိုက်နှိုက်စစ်စစ်တွေရဲ့ လက်ချက်မဟုတ်ပဲ ကြုံရင်ကြုံသလို မတတ်သာလွန်းလို့
လွယ်တယ်ဆိုပြီး ကြံမိကြံရာ ကြံတတ်ကြတဲ့ ခါးပိုက်နှိုက်အတုတွေကလဲ .....
တော်....တော်.....တော်တော့ကွာ
ကျုပ်ဆက်ပြီး နားမထောင်ချင်တော့ဘူး။ ဘာမှလည်း မပြောချင်တော့ဘူး။
ကျုပ်တို့မိသားစုအတွက် အရေးပါလှတဲ့ ဆုံးရှုံးသွားတဲ့ ငွေတစ်ထောင်ထက် အဆများစွာ
တန်ဖိုးကြီးပြီး ဘာမှန်းမသိတဲ့ အရာတစ်ခု ဆုံးရှုံးသွားတယ်လို့ ရင်ထဲမှာ ခံစားနေရတာက
တနုံ့နုံ့နဲ့ အခံရဆိုးလှတယ်။
သာထက်အောင်
(From Foreverfriend)




Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP