* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, February 14, 2010

ပညာတော်သင်ကြေးများ ဆက်ကပ်လှူဒါန်း။



၁၄ ရက်၊ တနင်္ဂနွေနေ့ အုံးယိုင်။

အုံးယိုင် စစ်ဆန်ဖန် ငါးသေတ္တာစက်ရုံ နှင့် ကြာဇံစက်ရုံ မြန်မာမိသားစုများမှ အလှူတော်ငွေ ၇၅၀၀ ဘတ်။
အုံးယိုင် ကိုတင်ကို နှင့်သူငယ်ချင်းများမှ အလှူုတော်ငွေ ၄၀၈၅ ဘတ် တိတိကို၊

မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (ထိုင်းနိုင်ငံ) သို့ ဆက်ကပ်လှူဒါန်းရာ အလှူတော်ငွေများကို ကော်မတီဝင်သံဃာတော်များမှ လက်ခံရယူပြီး၊



ဂုဏ်ပြုမှတ်တမ်းလွှာများအား ဘဏ္ဍာရေးမှူဆရာတော် ဦးသုန္ဒရ မှ ပြန်လည်ပေးအပ်ကြောင်း သိရှိရပါသည်။
| | 0 comments

Read more...

Meditation Class at Clementi Temple (Jayamangal Buddhist Vihara)


ပရမတ်နဲ့ ပညတ်
ပရမတ္ထ အကြောင်းကို ပြောမယ်ဆိုရင် ပညတ်ကိုသိထားမှ အဆင်ပြေနိုင်ပါတယ်။
လောကုတ္တရာအကြောင်းကို သိခြင်ရင် လောကီအကြောင်းကို နားလည်ရပါမယ် လောကုတ္တရာဆိုတာ လောကလွန်မြောက်တဲ့တရားပါ လောကကို လွန်မြောက်ချင်ရင် လောကီကို ဖြတ်သန်းသွားရပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးကလဲ ပညတ်ကိုလဲမပယ်နဲ့ ပရမတ်ကိုလဲမကွယ်စေနဲ့ ပညတ်ကိုသိပါစေ ပရမတ်နဲ့ရောတော့မရောစေနဲ့ လို့ ဆုံးမထားပါတယ်။ ပညတ်ကို ရှင်းလင်းအောင် သိထားပြီး တရားနှလုံးသွင်းရင် ပရမတ်ကို သွင်းရပါတယ်။ ဒါကြောင့် ပညတ်ဆိုတာ ဘာလဲ ပရမတ်ဆိုတာဘာလဲ သိဖို့ မှတ်သားဖူးသမျှထဲက အနည်းငယ်ကို တင်ပြပါတယ်….။

ပညတ် အဟုတ်မရှိသော်လည်း အဟုတ်တကယ် ရှိသလို၊ လောကသင်္ကေတအမှတ်ဖြင့် ခေါ်ဝေါ်နေကြတဲ့ သဘောဟာ ပညတ်ဖြစ်ပါတယ်။ လူမျိုးအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အမည်နာမများဟာ လိမ်လည်လှည့်ပတ်ခြင်း မဟုတ်လို့ မုသာဝါးဒ မဖြစ် အကုသိုလ်ကျူးလွန်ရာည်း မရောက်ပါဘူး လောကီအလိုက်မှန်ကန်နေခြင်းကြောင့် သမုတိသစ္စာ သတ်မှတ်ထားသောအမှန်တရားဖြစ်ပါတယ်။ ပညတ်ဆိုတဲ့ သမုတိသစ္စာနယ်မှာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ၊ အတ္တ၊ ဇီဝ ခွေး၊ကြောင်၊ ကြက်၊ ငှက် စသဖြင့် ခေါ်ဆို သုံးစွဲကြပါတယ်။ လူမှာဆိုရင်လဲ ခေါင်း၊ ခြေ၊ လက် ဆိုပြီ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အနေနဲ့လည်း ခေါ်ကြပါတယ်။ အသုံးအဆောင် ပစ္စည်းမှာဆိုရင်လဲ ကား၊ အိမ်၊ စသဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ဘယ်လောက်ပဲ အမည်တွေသတ်မှတ်ပေမယ့်၊ အဟုတ်အမှန်ရှိတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဥပမာ လူကိုဆိုရင်တောင်မှ လူမျိုးအလိုက် အခေါ်အဝေါ်မတူညီကြပါဘူး ဆိုင်ရာလူမျိုးနားလည်အောင် သတ်မှတ်ထားတဲ့ ဝေါဟာရနဲ့သာလျှင် ခေါ်ဆိုကြပါတယ်။ တစ်ခြားပစ္စည်းများ ဤကဲ့သိုသာလျှင် ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မအရ အမှန်စင်စစ် အရှိတရားက ခန္ဓာငါးပါးဖြစ်တဲ့ ရုပ်နာမ်အစုသာလျှင် ဖြစ်ပါတယ်။ ရုပ်နာမ်တရားစုဟာ ခဏမစဲ တသဲသဲ အဟောင်းအသစ် ပြောင်းလဲ ချုပ်ပျောက်ပြိး အစားထိုးနေကြပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သတ္တ၀ါဖြစ်ဖြစ်၊ ဘယ်တိရိစ္ဆာန်ဖြစ်ဖြစ်၊ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ အားလုံးဟာ ရုပ်နာမ်အစုက မလွတ်ပါဘူး အားလုံးဟာ ခန္ဓာငါးပါးထဲမှာပဲ အကျုံးဝင်နေပါတယ်။ ဒါကြောင့် ပရမတ်ဆိုတာကတော့ '' ၀ိဇ္ဇာမာနေန ပရမောအတ္တော ပရမတ္တော'' လို့ ဆရာကြီးများရဲ့ ၀ိဂြိုလ်အရ အဟုတ်ရှိ၊ တကယ်ရှိ အမှန်ရှိခြင်းကြောင့် မြတ်သည်ဟုဆိုရတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော '' ပရမော ဥတ္တမော အ၀ိပရိတောအတ္တော ပရမတ္တော'' လို့ ဋီကာကျော်ဆရာများ၏ အလိုအရ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ မဖောက်မပြန်မြတ်သော သဘောရှိခြင်းကြောင့် ပရမတ်လို့ ခေါ်ပါတယ် ဒီလို မဖောက်မပြန် မှန်တဲ့ သဘောရှိလို့ ပရမတ္ထသစ္စာ မပြောင်းလဲသော အမှန်တရားလို့ ခေါ်ပါတယ်။


ပရမတ် (၄) မျိုးရှိပါတယ်

၁။ စိတ် ဆိုတဲ့ အာရုံကို ကြံတတ်၊ သိတတ်သောသဘော။

၂။ စေသသိက် ဆိုတဲ့ စိတ်နှင့်အတူတကွ ယှဉ်ဖော်ယှဉ်ဖက်၊ ဖြစ်လျှင်အတူတူ ပျက်လျှင် အတူတူပျက်တဲ့သဘော။

၃။ ရုပ်ဆိုတဲ့ အပူ၊ အအေးကြောင့် အခြေအနေဖောက်ပြန် ပြောင်းလဲမူ့ရှိတတ်သော သဘောမျိုး၊ အာရုံကိုကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိပါ။

၎။ နိဗ္ဗာန် ဆိုတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်းသဘော၊ နိဗ္ဗာန်မှာ ဘုံနန်းပြသာဒ်မရှိ၊ စိတ်၊ စေသသိတ်၊ ရုပ်တွေမရှိ တစ်နည်း ဆိုရရင် ခန္ဓာငါးပါးမရှိ၊ ခန္ဓာငါးပါးမရှိခြင်းကြောင့် ''ဝေဒယိတသုခ'' ဆိုတဲ့ ခံစားမူ့မရှိ '' သန္တိသုခ'' ဆိုတဲ့ ငြိမ်းချမ်းမူ့သာ ရှိပါတယ်။


ခန္ဓာငါးပါးမှာလဲ သင်္ခတ၊ အသင်္ခတ ပရမတ် (၂)မျိုး ရှိပါတယ်


။ သင်္ခတပရမတ်

သင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ အကြောင်းလေးပါးတို့ရဲ့ ပြုပြင်စီမံမူ့မှ မလွတ်ကင်းသေးသော ရုပ်တရား၊ နာမ်တရားတို့ကို ဆိုလိုပါတယ် တစ်နည်းဆိုရသော် ခန္ဓာငါးပါးဖြစ်ပါတယ် သင်္ခတနယ်အတွင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိပါတယ် ဖြစ်မူ့နဲ့ ပျက်မူ့ပဲ ရှိတယ်။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ မရှိပါ ဒါကြောင့် မြတ်စွာဘုရားရှင်က ရုပ်နာမ်ဆိုတဲ့ လောကကို သုညတ (သို့) သုည လို့ ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်မှာ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်

ရှင်အာနန္ဒာ အမေး ။ ။ ''သုညလောကော သညောလောကာတိ ဘန္တေ ၀ုစ္စတိ ကိတ္တတော နခေါဘန္တေ သုညော လောကောတိ ၀ုစ္စတိ'' ရုပ်နာမ် ၂ ပါးဆိုတဲ့ လောကကြီးကို သုညတ(၀ါ)သုညလို့ ဟောတော်မူပါတယ်။ ဘယ်လို အကြောင်းကြေူာင့် သုညတ(၀ါ) သုညလို့ အရှင်ဘုရားဟောတော်မူပါသလဲ။

ဗုဒ္ဓအဖြေ ။ ။ ''ယသ္မာစခေါ အာနန္ဒာ သုညမိဒံအတ္တေန ၀ါ အတ္တနိယေန ၀ါ တသ္မာ သညော လောကောတိ ၀ုစ္စတိ'' ချစ်သား အာနန္ဒာ ရုပ်ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ လိပ်ပြာ၊ မရှိပါဘူး။ အတ္တမရှိတဲ့ အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သော ပစ္စည်း မဟုတ် ဒါကြောင့် ရုပ်နာမ်ဆိုတဲ့ လောကကြီးကို သုညတ (၀ါ) သုညလို့ ငါဘုရား ဟောတော်မူတယ်။ `

ဒါကြောင့် ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်တကယ် ရှိတဲ့ဘဘောမျိုးမဟုတ်ဘူး တကယ်အမှန်ရှိတာ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် နှစ်မျိုးသာ ဖြစ်တယ် ဒါကို ထပ်ချုံ့လိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးပဲ ရပါတယ် ဒီလက္ခဏာရေး သုံးပါးကိုပဲ ထပ်ချုံ့မယ်ဆိုရင် ဖြစ်မူ့နဲ့ ပျက်မူ့ နှစ်ပါးပဲရပါတယ်။ ဒီဖြစ်ပျက်ကို ထပ်ချုံ့မယ်ဆိုရင် သုညတ ဆိုတဲ့ သုည တစ်လုံးပဲ ရပါတယ်။


။အသင်္ခတပရမတ်

အသင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ အကြောင်းတရား ၄ ပါးတို့ရဲ့ ပြုပြင်စီရင်မူ့ ကင်းလွတ်ပြီး ရုပ်တရား၊ နာမ်တရား ခန္ဓာငါးပါး၊ အကြွင်းမဲ့ ချူပ်ငြိမ်းမူ့ ရုတ်သိမ်းသွားတဲ့ သဘောဖြစ်ပါတယ်။ ဒီခန္ဓာငါးပါး ချုပ်ငြိမ်း ရုတ်သိမ်းသွားတဲ့အတွက် ဖြစ်မူ့ ပျက်မူ့မရှိ ခံစားမူ့ ဝေဒယိတသုခမျိုးလည်းမရှိ အေးချမ်းမူ့ သန္တိသုခ သာ ရှိပါတယ်။ ထိုအေးချမ်းမူ့ သန္တိသခု အမြဲရှိခြင်းကြောင့် နိဗ္ဗာန်လို့ ဆိုရပါတယ် ထိုငြိမ်းချမ်းမူ့ သန္တိသုခ ရှိသော်လည်းပဲ ခံစားတဲ့ ပရိနိဗ္ဗူ ပုဂ္ဂိုလ်ဟူ၍မရှိ အနတ္တ သာဖြစ်ပါတယ် ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုပါတယ် တစ်နည်းအားဖြင့် အသင်္ခတနယ်မှာ သုည တစ်လုံးသာဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုညတစ်လုံး၊ အသင်္ခတနယ်မှာ သုညတစ်လုံး ပေါင်းသုည နှစ်လုံးပေါ်လာအောင် ညဏ်ရောက်ရင် ၀ိပဿနာ ကိစ္စ ပေါက်မြောက်ပြီလို့ ဆိုနိုင်ပါတယ်.....


အရိယာ ၀ိဇ္ဇာ နှင့် လောကီဝိဇ္ဇာ....။


အရိယာဝိဇ္ဇာနဲ့၊ အခြားသော ၀ိဇ္ဇာလှိုင်းများကို ရောထွေးမသွားစေရန် မှတ်သားထားသော တစ်ချို့တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ပါတယ်။

ဝိဇ္ဇာပရိယာယ်ကို လယ်တီဆရာတော် ဘုရားကြီးက အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာ၊ ၀ိဇ္ဇာ၊ အမောဟ ဆိုပြီးခြောက်မျိုးပြထားပါတယ်။ ဒါက တရား အနေနဲ့ ပြောထားတာပါ။ အဲ့ဒီ အသိတရား၊ အလိမ္မာတရား၊ ညဏ်ပညာတရားရှိသူကို ၀ိဇ္ဇာပုဂ္ဂိုလ်၊ ၀ိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။ လယ်တီဆရာတော် ဘုရားကြီးက ဗေဒ ၀ိဇ္ဇာ၊ ဗေဒင်ဝိဇ္ဇာ၊ မန္တ၀ိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊ လောကီယ ၀ိဇ္ဇာ၊ အရိယ ၀ိဇ္ဇာဆိုပြီး ငါးမျိုးပြထားပါတယ်။

၁။ သာမဗေဒင် အစရှိတဲ့ ဗေဒင်လေးမျိုးကို တတ်ကျွမ်းသူကို ဝေဒ၀ိဇ္ဇာ၊ ဗေဒင် ၀ိဇ္ဇာလို့ ခေါ်ပါတယ်။

၂။ ဝေဒကျမ်း(ဗေဒင်ကျမ်း) မှတစ်ပါးသော ဂါထာမန္တရားကျမ်း၊ ဆေးကျမ်း၊ နှုတ်မူ့ပညာ၊ လက်မူ့ပညာ စသော ပညာရပ်များကို တတ်ကျွမ်းသူကို မန္တာန်ဝိဇ္ဇာမိုရ် လို့ခေါ်ပါတယ်။

၃။ ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ ဟူ၍ ၀ိဇ္ဇာဓရကျမ်းများမှ လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အကာသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်၊ သကြား၊တို့ရဲ့ အဘိညာဉ်တန်ုခိးတို့နှင့် အလားတူ တတ်စွမ်းနိုင်သော ၀ိဇ္ဇာမျိုးဟူသမျှကို ဂန္ဓာရီဝိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။ ဒီဂန္ဓာရီ ၀ိဇ္ဇာလိုင်းကို လိုက်သောသူများသည် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော သစ်ပင်စောင့်နတ်၊ မြေစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ တို့ကိုလည်းကောင်း၊ မန္တရား၊ အင်းအိုင် မျိုးတို့ကို အုပ်စိုးသော ၀ိဇ္ဇာဒေ၀နတ်တို့ကို လည်ကောင်း ၊ သိုက်သမိုင်းဝင် ဆေးပင်မျိုး၊ ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသော သြသဓိဒေ၀ နတ်တို့ကိုလည်ကောင်း ရင်ဝယ်သားကဲ့သို့ ချစ်ခင် ကျွမ်းဝင် လေးမြတ်အောင် မိတ်ဆွေဖွဲ့နိုင်ပါမှ ထမြောက်အောင်မြင်ပါတယ်။ အဲ့ဒီ ဂန္ဓာရီလိုင်း အောင်မြင်သွားရင်လဲ နတ်တို့၏ ကမ္မ၀ိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွမ်းမိုးနိုင်သော ၀ိဇ္ဇာမယိဒ္ဓိတန်ခိုးမျိုးဖြစ်ခဲ့၍ နတ်တို့မနာလို ရှိတတ်ပါတယ် မနာလိုရှိတတ်တဲ့အတွက် အသက်အန္တရာယ်၊ ဆေးဝါး၏ အန္တရယ် ဖြစ်တတ်ပါတယ်။ ခုသာသာနာတော်မှာ ထင်းရှာတဲ့ ပိလိန္ဒ၀စ္ဆထေရ်ဟာ စူဋ္ဌာဂန္ဓရီ ၀ိဇ္ဇာမိုရ်ဖြစ်ပါတယ် အဲ့ဒီ ၀ိဇ္ဇာမျိုးဟာ မဟာဂန္ဓရီဝိဇ္ဇာခေါ်တဲ့ ဘုရား၊ ရဟန္တများနှင့် ဆုံတဲ့အခါ် သူတို့ရဲ့ တန်ခိုးများပြယ်သွားပါတယ် အဲ့ဒါကြောင့် ဘုရားရှင်ထံ ချဉ်းကပ် ရဟန်းပြုတဲ့အခါမှာ ရဟန္တာအရှင် ပိလိန္ဒ၀စ္ဆလို့ ကျော်ကြားပါတယ် ။ လောက၌ ဂန္တာရီဝိဇ္ဇာမိုရ်ဆိုတာ ရှိပါတယ် တန်ခိုးကြီးပါတယ်၊ လူသားပင်ဖြစ်ပါတယ်၊ လူပြည်မှာပဲ နေပါတယ် ဘုံသီးခြားမရှိပါဘူး၊ ထွက်ရပ်မပေါက်ပါဘူး။ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မြတ်စွာဘုရားနှင့် ဘုရားတပည့်သာဝက မဟာဂန္ဓာရီဝိဇ္ဇာများလောက် တန်ခိုးအစွမ်းမထက်ပါဘူး။

နောက်ပြီး ၀ိဇ္ဇာညစ်များလဲ ရှိပါသေးတယ်။ ဇဋိလသူဌေးကြီးရဲ့ အဖေဟာ စူဋ္ဌဂန္ဓာရီဝိဇ္ဇာဖြစ်ပါတယ် သူဌေးသမီးနဲ့ပေါင်းဖော်ပြီး ပစ်ထားရမှ မွေးဖွားကာ မွေးဖွားကာ အတိတ်ကံအားလျောစွာ ဇဋိလ သူဌေးလို့ ဖြစ်လာပါတယ် ၀ိဇ္ဇာမလို့ ဖြစ်တာမဟုတ်ပါ။ တာနောယက္ခဆိုတဲ့ ဘီလူးကြီးလဲ လူသားဇနီးကို ရွှေကြုတ်ထဲ ထည့်ပြီး ၀မ်းထဲမျိုထားတာကို ၀ိဇ္ဇာမိုရ် ကြာခိုပါတယ် နောက်ထက်ဝိဇ္ဇာမိုရ် တစ်ဦးဆိုရင် ဗာရာဏသီမင်းရဲ့ မိဖုရားကို ပြစ်မှားခဲ့ဖူးပါတယ်။ ယခုခေတ် လူပြောများကြတဲ့ ၀ိဇ္ဇာလိုင်းဆိုတာကတော့ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းဖြစ်ပါတယ် အမှန်အကန်ထက် အတုတွေများပါတယ်၊ လမ်းစဉ်အတိအကျမသိပါ၊ ရမ်းနေကြတာများပါတယ်။

၎။ ဒီစူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းထက် သာတာက လောကီယ၀ိဇ္ဇာဖြစ်ပါတယ် ဒီဝိဇ္ဇာတွေဟာ သာသနာပ အခါမှာလည်း သရဘင်္ဂအစရှိတဲ့ ရသေ့ဆရာကြီးတွေဟာ ကသိုဏ်းဈာန်တို့ကို ရပြီး နိုင်နှင်းပြီးနောက် အားထုတ်လို့ရအပ်တဲ့ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ ကုဒ္ဓိ၀ိဓ အဘိညာ၊ နတ်မျက်စိနဲ့တူတဲ့ ဒိဗ္ဗစက္ခု အဘိညာ၊ နတ်နားနဲ့တူတဲ့ ဒိဗ္ဗသောတ အဘိညာ၊ သူတစ်ပါး စိတ်ကို သိတဲ့ စေတောပရိယ အဘိညာ၊ နေခဲ့ပြီတဲ့ ခန္ဓာကို ပြန်သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ စသဖြင့် အဘိညာတို့ကို လောကိယ၀ိဇ္ဇာလို့ ခေါ်ပါတယ် ယခုခေတ်လူပြောနေသော ၀ိဇ္ဇာလှိုင်းဆိုသည်မှာ ဒီလှိုင်းမျိုးမဟုတ်ပါ။ ဒီလောကိယ၀ိဇ္ဇာလိုင်းကတော့ လိုင်းကောင်းဖြစ်ပါတယ်။ ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတို့နှင့်လည်း ဆက်ဆံပါတယ် ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတို့ ရအပ်၊ ရောက်အပ်သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါးတို့မှာ အကြုံဝင်ပါတယ်။ သာသနာပ အခါ၌ အလောင်းတော်များသည် ဒီလောကီယ ၀ိဇ္ဇာလိုင်းကို လိုက်ကြပြိး သာသနာပ သာသနာတွင်း နှစ်ဌာန၌ လိုက်နိုင်တဲ့ လိုင်းဖြစ်ပါတယ်။

၅။ သာသနာတွင်း အခါမှာမူ ဒီလောကီယ၀ိဇ္ဇာလိုင်းကို မလိုက်ကြတော့ပဲ အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်ကြပါတယ်။ အရိယ၀ိဇ္ဇာလိုင်းဆိုတာ အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ဖြစ်ပါတယ်၊ စတုသစ္စာညဏ်လေးပါးကို ဆိုလိုခြင်းဖြစ်ပါသည်။ လိုက်စားသင့်သောလိုင်းဖြစ်ပြီး ဒီအရိယာဝိဇ္ဇာလိုင်းဟာ ဗုဒ္ဓသာသနာတော် အတွင်း၌သာ ထမြောက်ပေါက်ရောက်နိုင်အောင် ကြံဆောင်နိုင်ပါတယ်။ ဗုဒ္ဓသာသနာပ၌တွင်မူ ပစ္စေက ဗုဒ္ဓအရှင်မြတ်တို့ကို ချန်ထားပြီး လူ၊ နတ်၊ ဗြဟ္မာတို့ ထမြောက်အောင် ကြံဆောင်အားထုတ်နိုင်သော အခွင့်အလမ်းမရှိပါဘူး။ ယခုကြုံတွေ့နေရသော သာသနာတော် ငါးထောင်ဆိုတဲ့ ခေတ်သမယသည် အရိယ၀ိဇ္ဇာတို့၏ ခေတ်သမယချည်း ဖြစ်ပါတယ်။ ဒီအရိယ၀ိဇ္ဇာလိုင်းကို ထမြောက်အောင်အားထုတ်နိုင်သူသာလျှင် ဘုရာကို ဖူးမြော်ရသော ဗုဒ္ဓသာသနာတော်ကို တွေ့ကြုံရသောသူ လို့ဆိုထိုက်ပါတယ်။

အချုပ်ကိုပြောရမယ်ဆိုရင် ၀ိဇ္ဇာငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးလုံးဟာ လူ့ဘုံမှာရှိပါတယ်၊ လူသာများပင် ဖြစ်ပါတယ်။ ဒီဝိဇ္ဇာလိုင်း ငါးမျိုးအနက် ဝေဒ၀ိဇ္ဇာလိုင်းကို အသက်မွေးဝမ်းကြောင်း အဖြစ် လိုက်ကြပါတယ်။ မန္တယ၀ိဇ္ဇာ (သို့) မန္တာန်ဝိဇ္ဇာလိုင်းနှင့် ဂန္ဓာရီဝိဇ္ဇာလိုင်း (သို့) စူဋ္ဌာဂန္ဓာရီဝိဇ္ဇာလိုင်းကို အချို့က နိဗ္ဗာန်အမြန်ရောက်တဲ့ လိုင်းဟု ထင်ပြီး လိုက်ကြပါတယ်။ မဟုတ်ပါ။ မှားပါသည် မလိုက်သင့်ပါ။ လောကီယ၀ိဇ္ဇာလိုင်းသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝက တို့နှင့်ဆက်ဆံသောလိုင်းဖြစ်ပါတယ် လိုက်သင့်သောလိုင်းဖြစ်ပါတယ် သို့သော် ဗုဒ္ဓသာသနာတော်တွင်း၌ သူထက်အရေးကြီးသော သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်သော အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်စားသင့်ဆုံးဖြစ်ပါတယ်။


Read more...

Life

Life is not about existing but about living to the fullest. Everyday we learn, grow, adopt new ideas and give meaning to our existence.
Learning is a continuous process: Education changes our thinking and lifestyle. Your knowledge defines your personality. As you acquire more knowledge, you tend to become more balanced and have more command over your life.
Live a healthy life: A healthy mind resides in a healthy body. The condition of our body has a serious impact on our lifestyle. We need to nourish our body. Balanced diet, regular exercise and good sleep are the primary requisites of a healthy body.
Spend time with your loved ones: Without family and friends, it would not have been worth living. We believe in sharing our thoughts. We love to nurture our relationships. It is the emotional bond with our loved ones that take us a mile ahead.
Do what you believe in: Apart from the daily chores, engaging in an activity of your choice brings happiness and satisfaction. Whether you want to give a spiritual touch to your life or want to take part in an adventurous sport, by the end of the day it should bring smile to your face. Doing something you strongly believe in to bring out the best in you.
Be at the summit of what you do: If we put our best foot forward, we are bound to excel in what we do. Develop a niche for yourself. Consistency at work will take you a long way.
Value resources: Value the resources that you have earned over the years. Do not let the materialistic world over rule you. The worth of your life is not defined by what you earn but how you earn. Manage your resources intelligently and save money for the rainy days.
Be self – dependent: With all your limbs active, do not live a crippled life. Believe in yourself and go ahead in life. Self dependence brings freedom and satisfaction.
Build a home not a house: The home is the place where you can “be yourself”. The home is the place where we feel at ease. The home binds the family together and defines the integrity of the house.
Be honest: Honesty can buy peace of mind. Life is simpler for an honest person.
Respect everyone: One can earn respect only when one learns to respect others. Irrespective of age, sex, and ethnicity everyone should be respected equally.
Try something out of the box: Life is full of experiments. Instead of living a monotonous life, it is always better to try new things. Share your interesting experiences with your loved ones. Real life experiences are the most effective ways of learning practical lessons.
Be responsible for your actions: Your actions will reflect your personality. Taking ownership of your actions will make you feel proud and responsible.
Live up to your promise: Going by the marketing jargon, if you under sell your services and deliver quality output, it will act as “customer delight” but if your flowery selling pitch is not at par with your quality of service, you fail to match your customer’s expectations. Realize your potential and promise accordingly.
It is wise to spend less energy on talking and more energy on listening: Wise men are good listeners. They speak quality and deliver nothing but the best.
Do not be a jack of all trades and master of none: Multitasking can be good, provided you know your domain of expertise. Your involvement in diverse streams will not take you to your goal. Focus on what you can specialize. Being best in a domain is much better than being a mediocre in all fields.
Convert your weakness to your strength: If your life is restricted because of physical disability, use all your resources to discover your area of strength. Ray Charles Robinson was a world famous singer, who did not stop chasing his dreams because of his blindness.
Special moments add joy to our lives: We cherish and treasure the special moments in our lives. The compassionate touch of a friend, the affectionate words of a mother, and the smile of an innocent child can bring us joy.
Follow your dreams: If you intend to make it big, define your path to reach the goal.
Be prepared for the unexpected: Often we come across unexpected situations in life. Flexibility and adaptability can make life simpler for you.
Live in the present: We cannot live in the past or predict future. The present is in our hands. So we need to value every moment of our lives.
(from facebook friend Panpira Nopubol)

0 comments:



Read more...

ပျော်ရွှင်စရာအစစ် ဘယ်လိုရှာမလဲ?

ကြိုက်နှစ်သက်မိတဲ့ စာတမ်းလေးပါ။ ရဟန်း၊ ရှင်၊ လူတွေ ဘယ်အချိန် အပျော်ရှာမယ်၊ ဘယ်အချိန်လောက်ဆိုရင်တော့.. ပြီးပြည့်စုံပြီး ပျော်ရလောက်ပြီလို့ဆိုပြီး.. စိတ်ကူးယဉ် အိပ်မက်လေးများ မက်လေ့ရှိကြပါတယ်။ တကယ်ဖြစ်လာကြရဲ့လား? ဘယ်အချိန်ဟာ အပျော်ဆုံးလဲ? ပျော်စရာအချိန်ကို ဘယ်လို ရှာမလဲ? ဖတ်ဖို့ မှတ်ဖို့... စဉ်းစားဖို့ကောင်းတဲ့ စာတမ်းလေးပါ။

We convince ourselves that life will be better once we are married, have a baby, then another.
ကျွန်တော်တို့သည် အိမ်ထောင်ပြုလိုက်လျှင် ပိုမိုပျော်ရွှင်လိမ့်မည် အထင်နှင့် အိမ်ထောင်ပြုလိုက်ကြသည်၊ ကလေးတစ်ယောက်ရသည်၊ နောက်ထပ်တစ်ယောက်ရသည်။

Then we get frustrated because our children are not old enough, and that all will be well when they are older.
တစ်ခါ ကလေးများ အရွယ်မရောက်အချင်း စိတ်ပူပန်ရပြန်သည်၊ အရွယ်မြန်မြန်ရောက်ကြမှ ကောင်းမည်ဟု တွေးမိပြန်သည်။

Then we are frustrated because they reach adolescence and we must deal with them. Surely

we’ll be happier when they grow out of the teen years.
တစ်ခါ သူတို့လေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ပြောရဆိုရ ဆုံးမရ ခက်လာသဖြင့်

စိတ်ညစ်ရပြန် သည်။ မြန်မြန် ကြီးစိတ်ဝင်ပါတော့ဟု ဆုတောင်းရပြီး ထိုသို့ဖြစ်မှသာ စိတ်ချမ်းသာရသည်။

We tell ourselves our life will be better when our spouse gets his/her act together, when we have a nicer car, when we can take a vacation, when we finally retire.
ကိုယ့်ချင်းကိုယ့်ချင်း လင်မယားချင်းကြပြန်တော့လည်း ဒိုးတူဘောင်ဘက် စိတ်ဓါတ်လည်း ရှိပါဦးမှ စိတ်ချမ်း သာရ သည်။ လင်ရော မယားပါ အငြိမ်းစားယူပြီးချိန်မှာ ကားလေးတစ်စီးရှိဖို့၊ ဟိုနား ဒီနား ခရီးလေးသွားနိုင်ဖို့ မအိုခင်က လင်ကိုယ်မယားဖက် ရုန်းရပြန်သည်။

The truth is that there is no better time to be happy than right now. If not, then when? Your life will always be full of challenges. It is better to admit as much and to decide to be happy in spite of it all.
တကယ်ပြောရရင်တော့ ပျော်ရွှင်ဖို့အတွက် အခုထက်ကောင်းတဲ့ အချိန်မရှိပါ။ အခု မပျော်ဘူးဆိုရင် ဘယ်အချိန်ကျမှ ပျော်မလဲ...စဉ်းစားကြည့်ပါ။ ဘ၀ဆိုတာ စိန်ခေါ်မှုတွေ အမြဲပြည့်နေတာပါ။ ဒါကြောင့် အခုပဲ ပျော်အောင်နေပါ။

For the longest time, it seemed that life was about to start. Real life. But there was always some obstacle along the way, an ordeal to get through, some work to be finished, some time to be given, a bill to be paid. Then life would start. I finally came to understand that those obstacles were life.
ဘ၀ဆိုတာ နေဖို့ဟု ထင်ခဲ့ကြသည်၊ တကယ်တော့ လုပ်ရကိုင်ရ၊ ရှာရဖွေရနှင့် အချိန်ကုန်သည်။ အချိန်ကုန် နေတာပင် ဘ၀ဖြစ်တော့သည်ကိုးဟု အခုမှ သဘောပိုင်ပိုင်ပေါက်တော့သည်။

That point of view helped me see that there isn’t any road to happiness. Happiness IS theroad.
ဆိုတော့ ဘ၀မှာ ပျော်ရွှင်ဖို့ဆိုတာ ဘာနည်းမှ တကယ်မရှိပါ၊ ပျော်အောင်နေတတ်တဲ့စိတ်ကသာ ပျော်ရွှင်စေတာပါ။

So, enjoy every moment. Stop waiting for school to end, for a return to school, to lose ten pounds, to gain ten pounds, for work to begin, to get married, for Friday evening, for Sunday morning, waiting for a new car, for your mortgage to be paid off, for spring, for summer, for fall, for winter, for the first or the fifteenth of the month, for your song to be played on the radio, to die, to be reborn… before deciding to be happy.
အချုပ်ပြောရရင်တော့ဗျာ အခုပဲ ပျော်အောင်နေကြပါ။ နောက်မှလို့ မလုပ်ပါနဲ့တော့။ ကျောင်းမပိတ်သေးလို့၊ ကျောင်းဝင်ခွင့် မရသေးလို့၊ ပိန်အောင် အရင်လုပ်မယ်၊ ၀အောင် အရင်လုပ်မယ်၊ ရည်းစားလေး ရှာမယ်၊ မိန်းမ ယူမယ်၊ ယောက်ျားရှာမယ်၊ သောကြာညနေမှ၊ တနင်္ဂနွေ မနက်မှ၊ ကားသစ်ရမှ၊ အကြွေးကျေမှ၊ နွေဦးရောက်မှ၊ ဆောင်းဦး ပေါက်မှ၊ မင်္ဂလာနှစ်ပတ်လည်ကျမှ၊ ကိုယ့်တောင်းထားတဲ့ သီချင်းလေး ရေဒီယိုက လွှင့်တော့မှ စတဲ့ အချိန်တစ်ခုခု ရောက်မှ၊ အခြေအနေ တစ်ခုခုဖြစ်ထွန်းမှ ဆိုတာတွေ လုပ်မနေပါနဲ့တော့၊ မသေခင်လေး... ဘ၀မကူးခင်လေး အတွင်းမှာ ရသမျှ အခိုက်အတန့်လေးတိုင်းကို ပျော်အောင်နေကြပါ။

Happiness is a voyage, not a destination.There is no better time to be happy than… NOW!Live and enjoy the moment.
ပျော်ရွှင်မှုဆိုတာ အဆုံးသတ်မဟုတ်ပါဘူး၊ အစပါ...ဒါကြောင့် အခုပဲ စလိုက်ပါ။ အခုစရင် အခုပဲ ပျော်ရွှင်ကြမှာပါ။

-Author unknown
ရေးသူ အမည်မသိ။

Source: (မူရင်းနေရာလေးက ဒီကပါ)

ပြီးပါပြီိ ခင်ဗျာ၊ သိသလောက်ကျင့်နိုင်ကြပါစေ...



Read more...

မိုးညို ၀ိနိစ္ဆယ အမှတ် ၂...

စောဒနာ သောဓနာ ၀ိနိစ္ဆယ...






















Read more...

သန်လျင် ဘုရားကုန်း သဘာဝ ရိပ်သာ


Read more...

*ဗုဒ္ဓဘာသာ ဆိုတာ ဘာကိုခေါ်ပါသလဲဘုရား*

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင်
မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါ ဘု
ရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆို
ကြပါတယ်ဘုရား။"
"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်
နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"
"အံမလေး၊အမေးသာပြောရတယ်၊အဖြေတွေကလည်းစုံလို့ပါလား၊ဘုန်းကြီးကဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"
"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာ
တော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"
"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"
"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"
"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"
"ဘာဖြစ်လို့ပါလဲ ဘုရား"
"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့တွဲ
ခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ရောနှောသွားမှာ စိုးလို့ပါ၊အဲ
ဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိ
ဟာ အချုပ်ပါပဲ။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"
"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊အဲဒီပါဠိကိုမြန်မာမပြန်ဘရှစ်လုံးဘွဲ့နဲ့ပြန်ကြည့်
ရအောင်ပါ။"
အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကိုခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "
"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကိုကောက်ရ
သလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးကဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"
"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"
"ကမ္ဘာ့ဘာသာဝင်များက သူတို့နားလည်သလိုသူတို့ ဘာသာများနဲ့ တန်းတူထားပြီးသူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာ
ပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"
"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-
လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"
"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကိုခေါ်ပါ
တယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်းဟုတ်ရဲ့
လား"
"မဟုတ်ပါဘုရား"
"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကိုခေါ်ပါ
တယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ဘာသာရေးဆိုတာထာဝရဘုရား၊အတ္တဝိညာဏ်၊ကောင်း
ကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။
ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"
"မှန်ပါဘုရား"
"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာ
သနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓ
ကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ဗုဒ္ဓသာသနာကဆုတောင်းသက်
သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ခေါ်ရပါ
တယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ဆုတောင်း
မှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"
"မှန်ပါဘုရား"
"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်
ဓမ္မကိုရှာဖွေပြီး ကိုယ်တိုင်ဗုဒ္ဓဖြစ်မှဗုဒ္ဓအဖြစ်ရောက်ပုံလမ်းစဉ်ကျင့်စဉ်တွေပဲဟောခဲ့ပါတယ်၊ဆုတောင်း
ဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သောဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိ
တရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ဗုဒ္ဓသာသနာကကိုယ်အကျိုး
ကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓ
ကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေး လမ်းညွှန်အဖြစ်နဲ့ အားထား ယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"
"မှန်ပါဘုရား"
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ဘာသာရေးမှာဘာသာဘုရားအတွက်လုပ်ပေး
ရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကလမ်းညွှန်တဲ့ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေကလိုက်နာကျင့်ကြံရသူတွေ
ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"
"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့
ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။
ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"
"ရှင်းပါပြီ ဘုရား"
အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
(ဓမ္မဒူတ အရှင်ပညာဇောတ)
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]
**************************************************************************
ကျွန်တော်သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ Forward mail ကိုပြန်ပြီးမျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

လက်တစ်ဖက်တော့ စင်ကြယ်ပါစေ။

သီလပညာဆိုတာ လက်နှစ်ဖက်နဲ့တူတယ်၊ တစ်ဘက်က စင်ကြယ်ရင် ကျန်တစ်ဘက်ကို စင်ကြယ်အောင် ဆေးကြောပေးနိုင်တယ်၊ ဒါကြောင့် သီလနဲ့ ပညာဟာ အမြတ်ဆုံး တရားများဖြစ်လို့ လောကကျက်သရေဆောင် တရားများ ဖြစ်တယ်လို့ မြတ်စွာဘုရားက သောဏဒဏ္ဍပုဏ္ဏားကြီးရဲ့ အဆိုကို အတည်ပြု ပြော့ပြတဲ့အခါ ပရိတ်သတ်အားလုံးက ဘာမှ ထပ်မပြောနိုင်ဘဲ ငြိမ်ကျသွားပေမယ့် ဘယ်လိုလုပ် ဆေးကြော ပေးတယ်ဆိုတာကိုတော့ သဘောမပေါက်နိုင် ကြဘဲ ဖြစ်နေတယ်။ တစ်ချို့ကလည်း ဒါကို ရှင်းရှင်းလင်းလင်း သိလိုစိတ်ဖြစ်လာ ကြပါတယ်။

ဒီဆန္ဒနဲ့ ပတ်သက်လို့တော့ အဋ္ဌကထာဆရာတော်ကြီးက ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း သာဓက လေးတွေနဲ့ ထပ်ပြီး ရှင်းပြပါတယ်။

မဂ်ဖိုလ်မရသေးသော်လည်း နှစ်လရှည်ကြာ သီလကို စင်ကြယ်အောင် စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်များဟာ သေရာ ညောင်စောင်း လဲလျောင်းနေရတဲ့ အခါ မှာပင် မဂ်ပညာ ဖိုလ်ပညာ အဖြစ်ရောက်အောင် ပညာကို စင်ကြယ် မြင့်တက် စေနိုင်စွမ်း ရှိကြပါတယ်။

“ ကန္ဒရသာလ”လို့ခေါ်တဲ့ အရပ်မှာ ၀ါတော် ၆၀၊ သက်တော် ရှယ်ဆယ် ကျော်ရှိတဲ့ မထေရ်ကြီးဟာ အရွယ်နဲ့ ထပ်တူ ရောဂါပါ ကြီးရင့်တဲ့အတွက် သေ ရာ ညောင်စောင်းမှာ လဲလျောင်းရင်း ညဉ်းညူနေပါတယ်။

မထေရ်ကြီးကို ကြည်ညိုရင်းရှိတဲ့ ရှင်ဘုရင်က ကန်တော့ရှိခိုးဖို့ လာတဲ့အခါ ညဉ်းညူသံကို ကြားရတော့ အထင်သေးပြီး ရှိမခိုးဘဲ ပြန်လှည့်သွားတယ်။ ဒါကို သိတဲ့ လူမမာစောင့် သာမဏေက ဆရာတော်ရဲ့ ညဉ်းညူမှုဟာ တပည်တွေကို ပါ အရှက်ရစေ ပါတယ်ဆိုပြီး ဖြစ်ကြောင်းစုံကို လျှောက်ထားတဲ့အခါ ငါ့ကို ခေတ္တ မျှ အချိန်ပေးပါဆိုတဲ့ သဘောနဲ့ လက်ကာပြပြီး တရားကို နှလုံးသွင်းပါတယ်။

ဆရာတော်ကြီးက ပထမဆုံး သူရဟန်းအဖြစ်နဲ့ နေခဲ့တဲ့ နှစ်ပေါင်း ၆၀ ကာလ တစ်လျှောက် သူကျင့်သုံးဆောက်တည်ခဲ့တဲ့ သီလကို ပြန်ပြီး သုံးသပ် ကြည့်လိုက်တယ်။ ဒီလောက်ရှည်လျားလှတဲ့ ရဟန်းဘ၀တစ်လျှောက်မှာ ပညာ ရှိတို့ ကဲ့ရဲ့ဖွယ်ရာ အသေးအမွှားကလေးကိုပင် ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းမရှိဘဲ သီလစင်ကြယ် သန့်ရှင်းတာကို သိရတဲ့ အခါမှာတော့ မထေရ်မြတ်ကြီးရဲ့ သန္တာန် မှာ အပြစ်ကင်းခြင်းဆိုတဲ့ ချမ်းသာကို အခြေခံပြီး ကျေနပ်ကြည်နူးမှု (ပီတိပါမောဇ္ဇ)ကို ရရှိသွားပါတယ်။

စိတ်ဆိုတာ တစ်ကြိမ်မှာ အာရုံတစ်ခုကိုသာ ယူနိုင်စွမ်းရှိပြီး တစ်မျိုး သာဖြစ်တတ်တဲ့ ဓမ္မသဘာဝအတိုင်း သီလကို အာရုံပြုနေချိန်မှာ ခံစားနေ ရတဲ့ ဝေဒနာကို အာရုံမပြုမိတော့ပါဘူး၊ ဒါကြောင့် သီလကို အာရုံပြုပြီး ကျေနပ် ကြည်နူးတဲ့ စိတ်ကလေးချည်း ဆက်တိုက်ဖြစ်နေတဲ့ အခါမှာ ဝေဒနာကြောင့် ဖြစ်တဲ့ မကျေမနပ်ခံစားမှုနဲ့ ယှဉ်တွဲတဲ့ ညည်းညူးစိတ်များလည်း မဖြစ်တော့လို့ ညည်းညူးသံ စဲသွားပါတယ်။

မထေရ်မြတ်ကြီးဒက သီလစင်ကြယ်မှုကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ပီတိစိတ်အစဉ်ကိုပဲ သတိနဲ့ စူးစိုက်ပြီး သုံးသပ်ဆင်ခြင်တဲ့အခါ ဘယ်စိတ်မှ အမြဲ မတည်ပဲ ဒယ်အိုးထဲထည့်ပြီး လှော်ထားတဲ့ နှမ်းတွေဟာ တဖျစ်ဖျစ် မြည်ပြီး အသံပျောက်သွားသလို ဖြစ်ပြီးသမျှတွေဟာပျောက်ပျောက် သွားတဲ့ အနိစ္စ လက္ခဏာတွေ၊ မခိုင်မြဲတဲ့ အတွက်ကြောင့်ပဲ အမြဲကျေနပ်စရာ ဘာမျှ မရှိတဲ့ ဒုက္ခသဘောတွေ၊ ကိုယ်ထင်သလို ကိုယ်တောင်းတသလို ဖြစ်မလာတဲ့ အနတ္တ သဘောတွေအထိ ထိုးထွင်းသိမြင်တဲ့ ၀ိပဿနာဉာဏ်တွေက စလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့်တွေ မြင့်တက်ပြီး အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ် ရောက်တော်မူသွားပါတယ်။ သီလစင်ကြယ်ရင် ပညာကို သန်ွှ့စင်အောင် (ကိသောအညစ်အကြေးကင်းအောင်) ဆေးကြောပေးတယ်ဆိုတာ ဒီသဘော ကိုပြောတာပါ။)

မထေရ်ကြီး ရဟန္တာအဖြစ် ရောက်ရှိတော်မူတာကို သိလို့ လာရောက် ကန် တော့တဲ့ ရှင်ဘုရင်ကြီးက တပည့်တော် အခုလာရောက် ရှိခိုးတာဟာ အရှင်မြတ် ရဲ့ ရဟန္တာဂုဏ်တော်ကို အာရုံပြုပြီး ရှိခိုးတာမဟုတ်ပါဘူးဘုရား၊ အရှင်ဘုရား နှစ်ပေါင်း ခြောက်ဆယ်တိုင်တိုင် ကျိုးပေါက် ညစ်နွမ်းခြင်း မရှိအောင် စောင့်ထိန်း ခဲ့တဲ့ သီလဂုဏ်ကို အာရုံပြုပြီး ရှိခိုးတာပါဘုရားလို့ လျှောက်ထားရင်း မိကျောင်း များလို ရှိခိုးကန်တော့ ပါတယ်တဲ့ ။

ရှင်ဘုရင်ကြီး ဒီလို ၀န်ခံလျောက်ထားပြီး ရှိခိုးပုံကို အလေးအနက်တွေးပြီး အတူယူသင့်ပါတယ်၊ ဟုတ်ပါတယ်.. ရှင်ဘုရင်ကြီး ပြစ်မှားမိတာက ရဟန္တာ အဖြစ်ကို ပြစ်မှားမိတာမှ မဟုတ်ဘဲ၊ ပုထုဇဉ်ဘ၀မှာ စင်ကြယ်အောင် စောင့် ထိန်းထားတဲ့ သီလဂုဏ်ကို မသိမမြင်လို့ ပြစ်မှားမိခဲ့တာကိုး၊ ဒါကြောင့် သူပြစ် မှားမိခဲ့တဲ့ ဂုဏ်ကို အာရုံပြုပြီး ကန်တော့တောင်းပန်တာပါ။

ဥဂ္ဂဋိတညူ ခေါ် အကျဉ်းလောက်ဟောပြရုံနဲ့ အကျယ်ကို ဝေဘန်နိုင်စွမ်း ရှိတဲ့ ပညာရှိသူတို့မှာတော့ ထက်မြတ်တဲ့ ပညာစွမ်းအားနဲ့ သီလကို စင်ကြယ်စေ နိုင်ပါတယ်၊ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ သန္တတိအမတ်ကြီးပါပဲ။

သန္တတိအမတ်ကြီးဆိုတာ ကောသလမင်းကြီးရဲ့ စစ်ဘက် လက်ထောက် အမတ်ကြီးပါပဲ၊ ပုန်ကန်ခြားနားတဲ့ နယ်ပယ်တစ်ခုကို သန္တတိအမတ်ကြီးရဲ့ စီမံ ကွပ်ကဲမှုနဲ့ အောင်မြင်တဲ့အခါ ဘုရင်ကြီးက ထီးနန်းစည်းစိမ်(၇)ရက် ခံစားခွင့်ပြု ပါတယ်၊ ရှင်ဘုရင် (၇)ရက် လုပ်ခွင့်ပြုတယ် ဆိုပါတော့။

အမတ်ကြီးက ရှင်ဘုရင်ဖြစ်တုန်း ရသမျှ အခွင့်အရေးကို အပြည့်အ၀ သုံး လိုက်မယ်ဆိုပြီး သူ့အပေါင်းအသင်းတွေရော နိုင်ငံအတွင်းမှာ ကျော်ကြားတဲ့ ကချေသည် အကျော်အမော်တွေကော အားလုံးခေါ်ပြီး သောက်ပွဲ စားပွဲ ပျော်ပွဲ ကြီးကို ၇ ရက်လုံးလုံး ပြုလုပ်တယ်။ သူ့အတွက်လည်းစပယါရှယ် မော်ဒယ် ကချေသည် လေးတစ်ယောက်ခေါ်ပြီး က ဆို စားသောက်ရင်း နေ့မအား ည မအား ပျော်ပါးသတဲ့။

ခနှစ်ရက် ပြည့်တဲ့အခါမှာတော့ အအိပ်ပျက်၊ အစားပျက်နဲ့ နေ့စဉ်ရက် ဆက် ကဆို ဖော်ဖြေရတဲ့ ကချေသည်ကလေး သီဆိုကခုန်ရင်းက အရုပ်ကြိုး ပြတ် ပုံကျပြီး အမတ်ကြီး ရင်ခွင်ထဲမှာ အသက်ပျောက်သွားပါလေရော။

မထင်မှတ်ဘဲ ဗြုံးကနဲသေပွဲကြုံရပုံကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါ သောက အပူတွေ တစ်ကိုယ်လုံး လောင်မြိုက်သွားလို့ ခုနှစ်ရက်လုံးလုံး သောက် ထားတဲ့ သေအရက်တွေတောင် ငွေ့ပျံ့ကုန်ပြီး မူးတာတွေ ဘယ်ရောက်ကုန်မှန်း တောင် မသိနိုင်တော့ဘူး ဖြစ်သွားသတဲ့။

ဒီသောကကို ဘုရားရှင်ကလွဲလို့ ဘယ်သူမှ မကုစားနိုင်ဘူးဆိုတာ သတိရပြီး နောက်လိုက် ဗိုလ်ပါ ပရိသတ်များနဲ့အတူ ဘုရားရှင်ထံမှောက် ရောက်သွားတဲ့ အခါမှာတော့ ဖြစ်ကြောင်းကုန်စင်သိရတဲ့ ဘုရားရှင်က ရှည်လျား လှတဲ့ သံသရာ တစ်လျောက်မှာ ဒီလို ချစ်ခင်ရသူတွေရဲ့ သေဆုံးရခြင်းကို အကြောင်းပြုပြီး ကျခဲ့ ရတဲ့ မျက်ရည်တွေဟာ စုဆောင်းထားနိုင်မယ်ဆိုရင် သမုဒ္ဒရာ လေးစင်းထဲက ရေတွေထက်တောင် များခဲ့လှပြီလို့ အစချီပြီး….

အမတ်ကြီး… ရှေ့က ကြုံတွေ့ခဲ့ရသမျှတွေဟာ အခု မရှိတော့ဘူး၊ ဒါဟာ သင်္ခါရတရားတို့ရဲ့ သဘောဓမ္မတာပဲ၊ ဒီအတိတ် သင်္ခါရတွေကို အောက်မေ့ပြီး ဖြစ်နေတဲ့ စွဲလမ်းမှု ပူပင်မှု တွေကိုလည်း စွန့်ပယ်လိုက်တော့။

မရောက်လာသေးတဲ့ သင်္ခါရတွေ အတွက် ကြိုတွေးပြီး နှိပ်စက်နေတဲ့ ကိလေသာတွေကိုလည်း မဖြစ်ပေါ်စေနဲ့။

အခုရောက်ဆဲ ပစ္စပ္ပန် ခန္ဓာကြီးကလည်း ခဏမစဲ တသဲသဲ ဖောက်ပြန် နေတာမို့ ငါပဲ.. သူပဲ လို့ အစွဲ အယူ မမှားစေနဲ့။

အဲဒီလို နှလုံးသွင်းနေလိုက်ရင် သင့်မှာ လောင်ကျွမ်းနေတဲ့ ကိလေသာမီး တွေ ငြိမ်းသွားမယ်လို့ အဓိပ္ပါယ်ရတဲ့ တရားစကားကို ဟောကြားလိုက်တဲ့အခါ ဉာဏ်ပညာအလွန် ထက်မြတ်တဲ့ ပုဂ္ဂိုလ်ပီပီ အခုလိုနှလုံးသွင်း ဆင်ခြင်ရင်း ဖြစ်ပေါ် လာတဲ့ အသိတရားက သီလသိက္ခာကိုပါ စင်ကြယ်အောင် သုတ်သင် ပေးလိုက်လို့ သိက္ခာသုံးပါးလုံး ပြည့်စုံကာ မင်းမြောက်တန်ဆာတွေ ၀တ်ဆင် ထားရင်းကပဲ ရဟန္တာဖြစ်သွားပါတော့တယ်။

သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ အတိအကျ ပြောရရင်တော့ မင်းမြောက်တန်ဆာတွေ ၀တ်ဆင်ရင်းကပဲ ရဟန္တာဖြစ်သွားတာပါ၊ အရဟတ္တဖိုလ် အဆင့်ဆိုတဲ့ ဂုဏ်ကြီးဟာ ဓမ္မနယ်ပယ်မှာ အကြီးဆုံး ဂုဏ်ကြီးပဲ ဖြစ်ပါတယ်။

ဂုဏ်နဲ့ ဒြပ်နဲ့ ထပ်မိမှခံနိုင်တယ် ဆိုတာ အခြားဂုဏ်နဲ့ ဒြပ်တွေမှာ မှန်ချင်မှ မှန်မှာဖြစ်ပေမယ့် အရဟတ္တဖိုလ်ဆိုတဲ့ ဂုဏ်အတွက်တော့ ရဟန်းအဖြစ်ဆိုတဲ့ သဏ္ဍာန်ဒြပ် ရှိမှသာ ရေရှည်ဆက်တည်နိုင်ပါတယ်၊ လူဝတ်ကြောင် အဖြစ်နဲ့ ကတော့ နောက်တစ်နေ့ အရုဏ်မတက်မီ အချိန် အထိသာ ဆက်တည်နိုင်တာ မျိုးပါ။

သန္တတိအမတ်ကြီးဟာ ရဟန်းဝတ်ဒြပ်မရှိတာရယ်၊ သူ့ရဲ့ အသက်အပိုင်း အခြားကလဲ ဒီနေ့ပဲကုန်ဆုံးတော့မှာ ရယ်တို့ကြောင့် ရဟန်းအဖြစ်ကို မရနိုင် တော့ပဲ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်ပြုရမှာပါ၊ ဒါကို သန္တတိအမတ်ကြီး ကိုယ်တိုင် လည်းသိလို့ ဘုရားရှင်ကို လျှောက်ထားပါတယ်။

ဒီအတိုင်းသာ ပရိနိဗ္ဗာန်ပြုသွားခဲံ့ရင် မနေ့ကအထိ ခုနှစ်ရက်လုံးလုံး မူးရူး နေတဲ့ အမတ်ကြီးက အခုပဲ ဘုရားရှင်ထံမှာ တနားနာ အခုပဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတယ်ဆိုတာ မသိသူတွေက မယုံနိုင်တဲ့အတွက် ပြစ်မှားကြလိမ့်မယ်။

ဒီလို ပြစ်မှားမိသူများဟာလည်း အရိယာ ကို ပြစ်မှားတဲ့ အန္တရာယ်ကြီး ကျရောက်ပြီး မဂ်ဖိုလ်ရနိုင်ခွင့် ပိတ်ပင် သွားနိုင်တယ်၊ ဒါကြောင့် အားလုံးသိသာ အောင် တန်ခိုးပြာဋိဟာပြဖို့ ဘုရားရှင်က တိုက်တွန်းခွင့်ပြုတော်မူလို့ ထန်းတစ် ဆင့် ကနေ ထန်းခုနှစ်ဆင့်အထိ ခုနှစ်ကြိမ်တိုင်တိုင် ကောင်းကင်ကို ပျံတက် လိုက် ဘုရားရှင် ခြေတော်ကို ဦးခိုက်လိုက်နဲ့ ရှိခိုးကန်တော့ပြီးမှ ပရိနိဗ္ဗာန် ပြု သွားပါတယ်။

ဒါက ထက်မြက်တဲ့ ပညာကြောင့် သီလပါ စင်ကြယ်သွားတဲ့ သာဓကပါ။ ဒါကြောင့် သီလနဲ့ ပညာဟာ လက်နှစ်ဘက်နဲ့တူတယ်။ တစ်ဘက်သန့်စင်ရင် ကျန်တစ်ဘက်ကို သန့်စင်စေပြီး အမြင့်ဆုံး ကျက်သရေအထိ တိုးတက်စေတယ် လို့ ဆိုရတာ ပါပဲ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)



Read more...

ချစ်သူများအတွက် လက်ဆောင်။

မသီတာက “အောင်မြင်စွာ ခွဲထွက်ခြင်း”လို့ ကြွေးကြော်ပြီး ဘလော့ဂ်တစ်ခုနဲ့ ထားပစ်ခဲ့ ပါတယ်။ နိုင်ငံရေးအသင်းအဖွဲ့တွေ ကွဲကြ, ဘာသာရေးဂိုဏ်းဂဏတွေ ကွဲကြ, သီချင်းဆိုတဲ့ အဖွဲ့တွေလည်း ကွဲကြတဲ့ခေတ်ကြီးမှာ ချစ်ကြည်ရေးတရားဟောဖို့ စဉ်းစားနေတဲ့ ကျွန်တော်လည်း အားလျော့ သွားသလိုပါပဲ။ ဘာသာရေးစာတွေ အဖတ်များတော့ တွေးလိုက်သမျှက ဘာသာရေးနဲ့မလွတ်သလို ဖြစ်နေတတ်ပါတယ်။ အခုလည်း ဘုရားရှင်လက်ထက်က ကောသမ္ဗီပြည်မှာ ရဟန်းတော်တွေ အချင်းများပြီး အုပ်စုကွဲကြစဉ်ဟောခဲ့တဲ့ သာရဏီယတရား ၆-ပါးကို လှမ်းသတိရမိပါတယ်။

သာရဏီယတရားဆိုတာက တစ်ဦးနဲ့ တစ်ဦး ခိုက်ရန်မဖြစ်ပဲ ချစ်ကြည်မှု, လေးစားမှု, စည်းလုံး ညီညွတ်မှုကို ဖြစ်စေဖို့အတွက် အမြဲမပြတ်အောက်မေ့ထိုက်တဲ့ တရား ၆-ပါးကိုဆိုလိုပါတယ်။

(၁) တစ်ဦးကို တစ်ဦး ရှေ့မှာဖြစ်စေ, ကွယ်ရာမှာဖြစ်စေ ကာယကံမေတ္တာထားရမယ်။
(၂) ၀စီကံမေတ္တာ ထားရမယ်။
(၃) မနောကံမေတ္တာထားရမယ်။
(၄) ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲရမယ်။
(၅) ကိုယ်ကျင့်သီလ တူညီအောင်ကျင့်ရမယ်။
(၆) ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း အမြင်တူမျှရမယ်ဆိုတဲ့ အချက် ၆-ချက်ပါ။

ရဟန်းတော်တွေအတွက် နောက်ဆုံးအချက်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အမြင်တူညီဖို့ဆိုတဲ့ အချက်က အလွန်အရေးကြီးပါတယ်။ သံဃာ့အဖွဲ့အစည်းကို “ဒိဋ္ဌိသီလသာမည” အမြင်တူ, အကျင့်တူတဲ့ အဖွဲ့အစည်းလို့ တင်စား ခေါ်ဝေါ်လေ့ရှိပါတယ်။ လောကီနယ်မှာတော့ လူတစ်ဦးနဲ့တစ်ဦး အကျင့်စရိုက်တူ, အမြင်တူတဲ့ သူတွေဖြစ်ဖို့ ခက်ပါတယ်။ သို့သော်လည်း အနည်းဆုံး တစ်ဦးကို တစ်ဦး ချစ်ခင်ရင်းနှီးမှုရှေ့ထားပြီး, အကျိုးတူ မျှဝေခံစားဖို့တော့လိုပါတယ်။ ဒါမှသာ မတူကွဲပြားတဲ့ အမြင်တွေရှိနေခဲ့ရင်တောင် တစ်ဦးကို တစ်ဦး နားလည်ခွင့်လွှတ်ပြီး အတူယှဉ်တွဲ နေနိုင်ကြမှာပါ။ အိမ်ယာထူထောင်ကြမယ့် ချစ်သူတွေ, လင်မယားတွေဆိုရင်တော့ ဒီထက်မက အကျင့်စရိုက်တူအောင်, အမြင်တူအောင်ကျင့်ကြဖို့လိုပါတယ်။ ချစ်သူများ အသွင်တူ, အမြင်တူ၍ ချစ်ကြည်ဖြူနိုင်ကြပါစေ။

Read more...

ရဇ္ဇုသုတ်- ကြိုး...

သာဝတ္ထိနိဒါန်း
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။

ရဟန်းတို့ ဥပမာသော်ကား အားကြီးသော ယောက်ျားသည် ခိုင်လှစွာသော သားမြီးကြိုးဖြင့် ခြေသလုံး (မြင်းခေါင်း) ကို ရစ်ပတ်လျက် ပွတ်တိုက်ရာ၏၊ ထိုသားမြီးကြိုးသည် အရေပါးကို ဖြတ်ရာ၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်ရာ၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်ရာ၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီး၍
ရိုးတွင်း ခြင်ဆီကို ထိလျက် တည်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။ 178

၉ - ရဇ္ဇုသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, February 12, 2010

Read more...

ထိပ်ဖျားသို့ ရောက်စေလို။

အတိတ်ဖြစ်ရပ် ၊ ပြန်သုံးသပ်၍
ကြေနပ်နေသူ ၊ ပူဆွေးသူ
သည်လိုလူမျိုး မဖြစ်စေလို ။

အနာဂတ်တွင် ၊ သည်လိုထင်ဟု
ပျော်ရွှင်နေသူ ၊ ကြိုဆွေးသူ
သည်လိုလူမျိုး မဖြစ်စေလို ။

အတိတ်ဖြစ်ရပ် ၊ ပြန်သုံးသပ်၍
လစ်လပ်သည်ကို ဖြည့်စေလို၏ ။

အနာဂတ်တွင် ၊ ပန်းတိုင်မြင်၍
အားတင်ပိုမို လှမ်းစေလို၏ ။

အတိတ်ကိုသုံးသပ်--
အနာဂတ်ကိုမြော်မြင်---
ပစ္စုပ္ပန်တွင် ဖြည့်ဆည်း----
အားယူလို့ လှမ်းပြီးလျှင်-----

ကံတင်သည့်လူသား--
ဉာဏ်ရွှင်သည့်လူသား---
ဇွဲမင်သည့် လူသား-------
ထိပ်ဖျားသို့ ရောက်စေလို---။ ။

(အတိတ်ဖြစ်ရပ်ကို ပြန်တွေးခြင်းဖြင့် ဝမ်းမြောက်/ပူဆွေးနေကြမည်ထက်
လပ်ဟာခဲ့သည်များကိုသာ ပြန်လည်ဖြည့်ဆည်းနိုင်အောင် ကြိုးစားသင့်ကြပါ၏။
မရောက်လာသေးသောအနာဂတ်အတွက် ကြိုတင် ဝမ်းမြောက်/ပူဆွေးနေကြမည်ထက်
ပန်းတိုင်တစ်ခု သတ်မှတ်ပြီးလျှင် မရောက်အရောက်သာ လှမ်းလျှောက်သင့်ကြပါ၏။
ကံလည်းကူပံ့ /ဉာဏ်လည်းကွန့်တတ်သူများအဖို့ရာမှာ ဇွဲရှိရှိဖြင့်သာလျှောက်လှမ်းကြပါလျှင်--)

Read more...

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ။

(၁)

ပြုံးမိသည်တည့် ပြုံးမိသည်၊
မလေးမောင် သည်ယနေ့ ပြုံးမွေ့မိသည် ဟုသာ ဥဒါန်းကျူးခဲ့မိလေသည်တကား။ ကဗျာက၀ိ ဆရာဇော်ဂျီ ညှိခဲ့သော ကာရံအရှိကိုပင် ပြန်လည်တုပကာ တို့ထိမိခြင်းပေတည်း ။ အမှန်စင်စစ် ဆရာဇော်ဂျီ၏ ကာရံတွင် သွေးစက် စွန်း၏။ မျက်ရည်မြစ် စီး၏။ သောကသောင် ထွန်း၏။ ရာဇ၀င်မြက်ခင်းစိမ်းတို့၏ ဗျာပါဒတောအုပ်ဖြင့် မျှော်လင့်ချက် ရှုပ်ထွေးခဲ့သော နေ့ကို ဖွဲ့သောမဟာကဗျာအပိုင်းအစများပါပေ။

ဆရာဇော်ဂျီက “ဆွေးမိသည်တည့် ဆွေးမိသည်၊ မလေးမောင် သည်ယနေ့ဆွေးမြေ့မိသည်”တဲ့။ သို့သော် သူကား ဤသို့မဟုတ်ပြီ၊ “ပြုံးမိသည်တည့် ပြုံးမိသည်၊ မလေးမောင် သည်ယနေ့ ပြုံးမွေ့ မိသည် ဟု ပုဂ္ဂလိကအရေးအရာကို ကာရံလေးမြားတွင် တင်၍ လူမြင်သူမြင် ပစ်လွှတ်မိတော့သည်။ ဘလော့ပို့စ်အသစ်ရေးရန်မဖြစ်နိုင်တော့လောက်အောင် အလုပ်များသည်ဟု သူ့ကိုယ်သူ ထင်မြင် စေသည်အထိ လှည့်ဖြားခဲ့လေသော ယခုလိုနေ့ရက်များတွင် သူရေးခဲ့ပြီးသော ဘလော့ပို့စ်အဟောင်း များကိုတော့ ဟိုဟိုဒီဒီ စောင်းငဲ့ကလစ်မိချေသေး၏။ ဤကား ဘလော့ဂါ တစ်ဦး၏ နိကန္တိ၊ ဤကား ဘလော့ဂါတစ်ဦး၏ အင်နားရှား၊ ဤကား ဘလော့ဂါတစ်ဦး၏ ချင်ခြင်း ဖြစ်ပေတော့သတတ်။
ထိုအချိန်မှာပင် သူ၏ချစ်လှစွာသောမိတ်ဆွေကြီး၏ ကွန်မင့်တော်ကြီးကို ဖတ်ရခြင်းဖြစ်တော့၏။
Ashin Acara. said...

တစ်ချိန်ချိန်မှာ Post တွေကို လုံးချင်းထုတ်နိုင်ရင် Autobiography ဆိုတဲ့ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ ဖြစ်လာမယ်။
:)

ထိပေစွ။ မိပေစွ။ ပြောတတ်ပါပေစွ။ သူ့ရင်ဘတ်တည့်တည့်သို့ တရိရိငြိစေသော စကားလုံးတော်များပါ ပေတည်း။ သူကား အပျော်တစ်ဝက် အရိတစ်ဝက်ဖြင့် အိပ်ရေးမပျက်အောင် ကြိုးစားယူရသောညကို ဖြတ်သန်းရတော့မည်မှန်းသိလိုက်ရတော့၏။ သူအနေဖြင့် ပို့စ်အထူးကို နယူးဖြစ်အောင် ဖန်တီးရတော့မည် တည်း။

စေတနာအဖြူထည်သက်သက်ကြီးဖြင့် ကွန်မင့်ရေးကာ မထိတထိ ရိလေ့ရှိသော အရှင်ကား သူ့အား အမြဲတမ်း ပင် မတိမ်းမစောင်းအောင် စကားလုံးများဖြင့် ထိန်းကျောင်းပေးလေ့ရှိသူဖြစ်၏။

သာသနာ့တက္ကသိုလ် နေ့ရက်များတွင်အရှင်ကား တပည့်ခန့်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက်၊
(သူက အတ်တ် အင် ဆိုင်းယင့်စ်(Arts and Science) ခေါ် ၀ိဇ္ဇာသိပ္ပ တတ်ကောင်းစွများကို သင်ပေးပါဟု ပူဆာကာ ဆရာခန့်သောကြောင့် ဆရာတပည့်တော်ခဲ့ကြ၏။ သို့သော် သုံးရက်မျှသာ သက်တမ်းရှည်သော ထိုသင်တန်းကို နှစ်ဦးသဘောညီစွာ ဖျက်သိမ်းခဲ့ကြ၏။အပျင်းထူ ဤသူစာမတတ်ဟူလိုသော်တွင် သူလည်းရှော် ခဲ့ဖူးညံခဲ့ဖူးပါ၏တကား )

ထေရ၀ါဒတက္ကသိုလ်နေ့ရက်များတွင်တော့ တရားဝင်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက် အတူဖြတ်သန်းခဲ့ ရဖူး၏။(သူက မဟာတန်းကျောင်းသား အရှင်ကား တက္ကသိုလ်နည်းပြရဟန်းဖြစ်၍ တရားဝင်ဆရာတပည့် ဖြစ်ခဲ့ပြန်၏)အရှင်၏ တက္ကသိုလ်အဆောင်အခန်းတွင် ထင်တိုင်းမွှေသည်ကို သည်းခံခဲ့သော ဆရာလည်း ဟုတ်၏၊ မိတ်ဆွေ လည်း မည်ပေ၏။ သို့ဖြစ်ရကား အရေးအရာ အခွင့်သာတိုင်း သူ့အား စိတ်အယားပြေအောင် သာသာနှင့်နာနာ နှက်တတ်ပါပေသည်။ စကားလုံးများနှင့် နှလုံးသားခေါင်းကို ခွပ်ကနဲမည်အောင် ခေါက် တတ်ပါပေသည်။

လွန်ခဲ့သော ၂၀၀၆ လွန်နှစ်များတွင်တော့
သူက တက်လက်စမဟာတန်းကို ကျောခိုင်းကာ မဇ္ဈိမသို့ ထွက်ခွာစဉ် အရှင်ကား ပါရဂူကျမ်းတော်ကြီးကို ခဲတံတပြင်ပြင်နှင့် အသော့နှင်ရေးသားကျန်ခဲ့လေသတည်း။
(၂)

ဤရက်ပိုင်းတွင် သူက ဓမ္မဂင်္ဂါမည်သော ဘလော့တော်ကြီးတွင် ဟူးဟူးငြားငြား ကြိုးစားရေးသမျှသောပို့စ် မှန်သမျှကို သူ့ပုဂ္ဂလိက အရေးအရာ (အကြွားအ၀ါ)ဟု ထင်စကောင်းသော အရာတို့ဖြင့် တန်ဆာဆင်လေ့ရှိ သည်တည့်။ပရိယာယ်ဖြင့်တစ်ဖုံ တိုက်ရိုက်က တစ်မျိုး မရိုးနိုင်သော စကားတို့ဖြင့် သူသည် အရတော်သောသူ တစ်ဦးကဲ့သို့ ဖြစ်အောင် ရေးလေ့ ရှိခဲ့ချေသည်တကား။
ဤသည်ပင်လျှင် အရှင့်အတွက် ကွန်မင့်ရေးကွက်ရခဲ့ယောင်ယောင်တည်း။
လွန်ခဲ့သောနှစ်က သူနှင့်အရှင်ကို သီဟပူရတိုင်းနိုင်ငံ ဗုဒ္ဓ၀ိဟာရတစ်ခုတွင် လက်တွဲသာသနာပြုရေးအတွက် မိတ်ဆွေကျောင်းထိုင်ဆရာတော်၏ ဖိတ်ခေါ်ခြင်းခံခဲ့ကြရ၏။ အရှင်ကား ပါရဂူပူပူနွေးနွေး၊ သူက မဟာဝိဇ္ဇာ ခပ်အေးအေး။ သို့သော် သူနှင့် သီဟပူရလွဲခဲ့၏။ အရှင်နှင့်လည်း ကွဲခဲ့၏။ ကမ္ဘာ့စီးပွားပျက်ကပ် ကိန္နရာ ချောင်းခြားတွင် အလွမ်းစကားသာ ဆိုခဲ့ရလေပြီကော။ အရှင်ကမူ ယခုအခါ သီဟပူရသာသနာ့စာမျက်နှာကြီး ကို လှန်လှောလျက်ရှိချေပြီ။

သူကား ပုတီးမစိတ်ဟန်ရှိခဲ့တကား။ သို့သော် သူ စိတ်မပျက်၊သူ ဇွဲမလျှော့။ သူ့ကိုယ်သူ ချော့ခဲ့၏။ သီဟပူရတွင် နှစ်လတာမျှနေထိုင်ခဲ့စဉ်အတွင်း သီဟပူရတိုင်းသားတိုင်းသူအချို့အား အဘိဓမ္မာသင်တန်းလေး မစို့မပို့ အင်္ဂလိပ်စာမခို့တရို့ဖြင့် သင်ကြားပေးခဲ့ရသည်ကို “သီဟပူရတွင် အဘိဓမ္မာတစ်ခေတ်ဆန်းပြီ”ဟု ရွာဆွေ မျိုးရပ်ဆွေမျိုးများအား တရားပွဲမှန်သမျှ လူစုစုရှိရာတွင် သွင်သွင်စီးအောင် ပြောဟောလေတော့၏။

သီဟပူရမှ အောင်မြင်စွာ ဆုတ်ခွာရန်ပြင်ဆင်ချိန် ကံကောင်းထောက်မစွာပင် သီတဂူဆရာတော်၏ ဘုန်းရိပ်ကံရိပ်ကို ခိုခွင့်ရရန်အကြောင်းနိဒါန်းပျိုးသတည်း။ သီတဂူဆရာတော်၏ မွေးနေ့အခါသမယတွင် ကျင်းပမည့် ထေရ၀ါဒတက္ကသိုလ်များညီလာခံသို့ တက်ရောက်ရန် မဇ္ဈိမဒေသရောက်ရွှေပြည်သား ရဟန်းတော်ဆယ်ပါးတွင် ထည့်သွင်းရွေးချယ်လိုက်ကြောင်းနှင့် စာတမ်းတစ်စောင်တင်သွင်း ဖတ်ကြားရ မည်ဖြစ်ကြောင်း မဇ္ဈိမဒေသရဟန်းတော်များအဖွဲ့မှ အကြောင်းကြားစာရောက်လာလေတော့၏။

အမှန်စင်စစ် ထိုအချိန်သည် မဇ္ဈိမဒေသ၏ ၀ိရွှဝိဒျာလယ်(၀ိဿဝိဇ္ဇာလယ)ခေါ် တက္ကသိုလ်ကြီးများ၏ စာစစ်ချိန်ပေတည်း။ ရဟန်းတော်အများစုကား စာစုခြင်း၊ စာကျက်ခြင်းတို့ဖြင့် မအားမလပ်ရှိကြလေ၏။ သို့အတွက် စာမေးပွဲမရှိသည့် ပါရဂူဘွဲ့အတွက် ကျမ်းပြုနေသူများ။ ကျမ်းတင်ရန်စောင့်နေသူများကို အထူးအလေးထားရွေးချယ်ခဲ့ကြလေ၏။ ဆယ်ပါးပြည့်ရန်တစ်ပါးအလိုတွင် လူစုစုမြင်လျှင် အခမ်းအနားမှူး ယောင်ယောင် စာဟောဆရာယောင်ယောင်လုပ်တတ်ပေသော သူ့အား စာရင်းသွင်းကာ သီတဂူ ညီလာခံကိုယ်စားလှယ်အဖြစ် ရေးထွင်းလိုက်ကြပါပေသည်။ စာမေးပွဲများသာ မရှိခဲ့သော် သူ့ထက် ပိုမိုထူးချွန်သောရဟန်းတော်တစ်ပါးပါးကို ရွေးချယ်ခွင့်ရချိမ့်မည်တည်း။

ဖြတ် ညှပ်ကပ်အနုပညာသည်တို့နည်းနာကို အခါခါလေ့ကျက်ဖူးသော သူ့အတွက် စာတမ်းတစ်စောင် ရေးခြင်းဟူသည် မလွယ်သည့်တိုင် မခက်ဖြစ်ပေ၏။ဘုတ်အုပ်ထူထူကြီးထဲမှ တစ်ပိုဒ်၊ဘုတ်အုပ်သေး သေးလေးများမှ သုံးပိုဒ်စသည် ကူးယူခြင်း၊တုပရေးချခြင်းတို့ကို အား သန်ကြိုးပမ်းလေသော် ပါဠိစာပေ ဆိုင်ရာ စာတမ်း ကြီး တစ်စောင် ချောမောစွာ ဖြစ်သောဟူ၏။ သူကိုယ်တိုင်ကူး သူကိုယ်တိုင် စာစီ ရသောကြောင့် သူ့မူပိုင်အစစ်စာတမ်းကြီးပါပေတည်း။

သို့တစေ နောက်လာနောက်သား အင်္ဂလိသပညာဗေဒဆိုင်ရာသုတေသီငနဲလေးများအတွက်မူ အခက် ကြုံဖွယ်ပါပေတည်း။ တစ်ပိုဒ်နှင့်တစ်ပိုဒ်လေယူလေသိမ်းမတူ စကားလုံးအချို့ကလည်း အသံဝဲ သမို့ “ဤစာတမ်းကြီးသည် တစ်ဦးတစ်ယောက်တည်းရေးခြင်းမျိုးမဟုတ်ဘဲ ပညာရှင်အများ စုပေါင်းရေး သားထားဟန်တူပေသည်။ အံ့သြဖွယ်ကောင်းသည်မှာ ရှေးခေတ်ပညာရှင်တို့၏ သဘောထား ကြီးမြတ်မှု ပင်ဖြစ်၏။ ပညာရှင်ကြီးတို့၏ အရေးအသား ပါဒတစ်ခုပြောင်းလဲတိုင်း ထောင့်မကျိုးသော အင်္ဂလိသ ဘာသာကို ၀င်ရောက်စွက်ဖက်ရေးသားတတ်သူကို လစ်လျူးရှုနိုင်ခြင်းပေတည်း” ဟု မှတ်ချက်ပြုကြအံ့ ထင်သည်။

အမှန်တကယ်ပင် သူသည် သီတဂူညီလာခံကြီးတွင် ကိုယ်စားလှယ်တော်ရဟန်းတစ်ပါးအဖြစ် တက်ရောက်ခဲ့ ပါလေ၏။ သူ့ကိုယ်ပိုင်သတင်းရပ်ကွက်ကျဉ်းကျဉ်းလေးတွင်မူ သီတဂူညီလာခံကြီးတက်ရောက်ရန် ဓမ္မဂင်္ဂါ သီဟပူရမှ ပိုးသားလေကြောင်းဖြင့် ကြွလာပြီ ဟု အုတ်အုတ်ကျက်ကျက်ဖြစ်နှင့်သတည်း။ သီတဂူညီလာခံ နေ့ရက်များတွင် သူသည် ဆရာတော်အရှင်ဇနကာဘိဝံသ၏ ရုပ်ပုံရှင်ကျင့်ဝတ်ကျမ်းစာမှ ကိုရင်လေးများ ၀တ်ရုံကြသကဲ့သို့ သင်္ကန်းတော်ကြီးကို သပ်ရပ်သေချာစွာ ၀တ်ရုံ၏။ သူ့အမည်ရေးထိုးထားသော ကဒ်ပြား လေးကို လည်တွင်ဆွဲ၏။ သူ့အတွက် ကောင်းကွက်မှာ သူတက်ရောက်ခဲ့သောတက္ကသိုလ်ကြီးနှစ်ခုမှ ပုဂ္ဂိုလ်ကြီး ငယ်တို့ တက်ရောက်ကြ ခြင်းပေတည်း။

ထိုပုဂ္ဂိုလ်ကြီးငယ်တို့၏ အမြင်တွင် သူကား ညီလာခံကိုယ်စားလှယ်တော်ကြီးအဖြစ်၊ ပါဠိစာပေဆိုင်ရာ စာတမ်းတော်ကြီးကို ဖတ်ကြားမည့် သုတဂဝေသီပညာသည်ကြီးအဖြစ် ထင်မှတ်ဖွယ်ရာ ဟန်ရေးပြခဲ့ လေသည်တကား။“ငါတို့များ၏ တက္ကသိုလ်ရင်နှစ်သည်းချာ ဓမ္မဂင်္ဂါသည် နှယ်နှယ်နှင်နှင်မဟုတ်၊ သီတဂူ ဆရာတော်ကိုယ်တိုင်ကပင် တကူးတကဖိတ်ရသော ပုဂ္ဂိုလ်ပေတကား” ဟု တက္ကသိုလ်စာသင်သားတို့အား တဆင့်စကား ၀င့်ဝင့်ကြွားကာ ပြောကြားကြလေသည်ဟု နောက်များတွင် သတင်းရရှိ၏။ ဟုတ်ပေ၏ ။ သီတဂူဆရာတော်ကြီးကား ဖိတ်စာမှန်သမျှတွင် ကိုယ်တော်တိုင်လက်မှတ်ရေးထိုးခဲ့လေသည်သာတည်း။

သူကား ကံကောင်းပြီးရင်း ကံကောင်း၏။ ကျော်ပြီးရင်း ကျော်၏။ လှော်ပြီးရင် လှော်ရလေသည်တည့်။ မဇ္ဈိမကိုယ်စားလှယ်ဆယ်ပါးကို အကြောင်းအရာဘာသာရပ်အလိုက် ဆက်ခ်ရှင်ခွဲ ပင်နယ်လ်ခွဲကာ ဆွေးနွေးရာ ဌာနများခွဲလိုက်လေသော် သူတစ်ပါးတည်းပင် ထီးတည်းကြီးဖြစ်စွာ လွန်စွာမှ ခမ်းနားကြီးကျယ်လှသော သန္တိမဟာ ဘွဲ့နှင်းခန်းမကြီးတွင် သူ၏ မှတ်တမ်းဝင်စာတမ်းတော်ကြီးကို ဖတ်ကြားခွင့်ရသတည်း။ သူစာတမ်းတော်ကြီးကို ဖတ်ကြားနေခိုက် ကင်မရာမင်းများကား စုပြုံတိုးကာဓါတ်ပုံတဖျတ်ဖျတ်ရိုက်ကြ၏။ မှတ်တမ်းတင်ဗွီဒီယိုကင်မရာကြီးများကား ဟိုမှသည်မှ ချိန်ရွယ်ကာ အနီးအဝေး စိတ်ကြိုက်မြင်ကွင်းရွေးကြလေ၏။

သူ့ပုံတော်ကြီးကား ဘွဲ့နှင်းခန်းမနံရံများနှင့် ဘွဲ့နှင်းမျက်နှာစာတွင်တပ်ဆင်ထားသည့် အယ်စီဒီဖန်သား ပြင်ကြီးများတွင် ထင်းထင်း ကြီးပေါ်လွင်ခဲ့ လေသည်တကား။ သူကလည်း ဗြိတိန်ဝန်ကြီးချုပ်ဂေါဒွန်ဘရောင်းနှယ် နားရွက်ကားကား ဟန်များများလုပ်လေတော့၏။ သို့သော် ကင်မရာများကား အရည်အသွေးမမီ။ စာတမ်း ဖတ်ပြီးချိန်တွင် မေးခွန်းများမေးရန် လက်ညှိုးထောင်ကြသောခဏ နှလုံးသွေးနှင့် ရောထွေးစီးဆင်းသော ချွေးစက်များကိုမူ ပေါ်လွင်အောင် မရိုက်နိုင်ကြလေဟန်ရှိဘိ၏။ မည်သို့ဖြစ်စေ သီတဂူညီလာခံကြီးကား ချောမောစွာ ပြီးဆုံးခဲ့လေပြီ။

ဇေယျပူရ(စစ်ကိုင်း)နယ်အတွင်း မှီတင်းနေထိုင်ကြသော မွေးသမိခင်မွေးသဖခင်တို့ရှိရာ ရွာလေးသို့ လော်ကယ်ရထားတစ်တန်၊ ဘတ်စ်ကားတစ်ဖုံ ခြေလျင်တစ်သွယ် သုံးမယ်မျှသော ခရီးလမ်းကြောင်းဖြင့် အပြင်းနှင်ခဲ့ရလေ၏။ သူ၏ ပရိက္ခရာအစုတွင် လက်ပ်တော့ပ်ကွန်ပြူတာတစ်လုံးသည် ရပ်နီးရပ်ဝေး ရွာသူရွာသားအပေါင်းကို တရုံးရုံးစုဝေးစေသော ပရိက္ခရာပေတည်း။

Read more...

Buddhist Concept of Friendship!!!

Some critics have a tendency to label Buddhism as a religion with supra-mundane goals, devoid of the concept of love and friendship for living in this world. But the Tripitaka furnishes us with ample evidence to prove that the Buddha considered living in harmony and friendship without disputes (Samagga Sammodamana avivadamana) an important human relationship based on love.


Metta or Loving Kindness envelopes much more than mere love. Etymologically the word Metta means the nature of a friend - (mittassa sabhavo). In other words, a friendly spirit which is edified, not only on love, but on loving kindness. In modern parlance, the word "love" has rather a cheap connotation, but Metta when taken in its real perspective encapsulates all the noble human feelings a person could shower on another." Metta (loving kindness), Karuna (compassion), Muditha (altruistic joy) and Upeksha (equanimity), which are known as Satara Brahma Vihara or the Four Noble patterns of behaviour form the very sheet anchor of Buddhist friendly, ethical conduct. The spirit of love and friendship promulgated by these, cover a much wider spectrum than mere love, which is supposed to be lacking in Buddhism.

It is mentioned in Samyutta Nikaya that once Ven. Ananda approached the Buddha and remarked that "half of the dispensation is based on friendship, companionship and association with the good." to which the Buddha replied " Ven. Ananda, do not say so. Not half, but man's entire life is established on friendship, companionship and association with the good."

The friendly disposition among the Bhikkus towards each other was so admirable and imitable that King Ajatasattu who was not so well disposed towards Buddhism had remarked according to Samananaphala Sutta of the Digha Nikaya that "the monks lived in unity talking to each other with mutual friendliness ..... mixing with each other like milk and water and seeing each other with pleasing eyes." (Nirodha Ki Dhuta annamannam Piya Cakkhuhi Sampassamana) and had even gone further and said, "How nice it would be if my son Udayabhadda too could possess these friendly qualities."

Again, it occurs in Majjhima Nikaya that once the Buddha questioned Ven. Anuruddha how the Bhikkhus were getting along with each other, and the Venerable replied thus, "Lord, we have diverse bodies but assuredly only one mind." (Na na hi kho pan a bhante kayam ekam ca kho manne cittam).


Read more...

ဘာသာရေး ပြဿနာ ( ၄ )

( ဘဒ္ဒန္တ ဝါယမသာရ ဖြေသည် )

(မေး) (အရူပဗြဟ္မာနှင့် အသညသတ်ဗြဟ္မာ)
အရှင်ဘုရား၊ (၁) ရပ်ပြစ်ရှစ်ပါးထဲတွင် အရူပဗြဟ္မာ ပါဝင်သည်ဟု တထစ်ချမှတ်သားရန် သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။( ကိုဟန်ဝင်း-အင်းစိန်မြို့နယ်)
(၂) အရူပဗြဟ္မာများသည် ရုပ်မရှိသော်လည်း နာမ်ရှိသောကြောင့် ဘုရားနှင့် သံဃာတော်များကို မမြင်ရသဖြင့် တရားဓမ္မ နာနိုင်-မနာနိုင်၊ မဂ်ဖိုလ် ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။( ဦးတင်ဦး-တောင်ငူ)

(ဖြေ)
ရပ်ပြစ်ရှစ်ပါးခေါ် အပြစ်သင့်နေသော (အခွင့်အရေးဆုံးရှုံးနေသော) အက္ခဏ ၈-မျိုး ရှိသည်။ ယင်းတို့မှာ-
၁။ ငရဲဘုံ၌ ဖြစ်သောသူ။
၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ။
၃။ ပြိတ္တာဘုံ၌ ဖြစ်သောသူ။
၎။ အသညသတ်ဘုံ (အရူပဘုံတို့၌ ဖြစ်သောသူ)
၅။ ပစ္စန္တရစ်ခေါ် သာသနာမရှိသောအရပ်၌ ဖြစ်သောသူ။
၆။ မိစ္ဆာဒိဋ္ဌိဖြစ်နေသူ။
၇။ သုဂတိအဟိတ် ပဋိသန္ဓေ နေခဲ့သူ။ (သို့) လူစဉ်မမီသူ။
၈။ တိဟိတ်ပဋိသန္ဓေဖြင့် ဘုရားရှင်တို့ မပွင့်ပေါ်သော ကမ္ဘာ၌ ဖြစ်သောသူတို့ ဖြစ်ပါသည်။

၎င်း ၈-မျိုးအနက် နံပါတ် ၄-တွင် အင်္ဂုတ္တရနိကာယ် အသညသတ်နှင့် အရူပဗြဟ္မာ ၂-မျိုးလုံးကို ယူပါသည်။ အရူပဘုံသား အားလုံး မျက်စိ၊ နား မရှိ၍ ဘုရားဖူး၊ တရားနာခြင်း မပြုနိုင်ပါ။

အရူပဘုံ၌ဖြစ်သော တိဟိတ်ပုထုဇဉ်သည် အရူပဘုံ၌ မဂ်ဖိုလ်ရနိုင်ရန် အခွင့်မရှိ။ ရုပ်လုံးဝ မရှိ၍ မျက်စိ နား မရှိ၊ တရား မနာနိုင်၊ ဘုရား မဖူးနိုင်ပါ။ တခြားဘုံမှ မဂ်ဖိုလ်ရပြီး၍ အရူပဘုံသို့ ရောာက်လာကြသော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်များမှာမူ မိမိတို့ ရရှိပြီးသော တရားများကို ဆင်ခြင်ပွားများ၍ အထက်မဂ်ဖိုလ်နိဗ္ဗာန်များသို့ ရောက်ရှိနိုင်ပါသည်။ အရူပဘုံ၌ဖြစ်သော တိဟိတ်ပုထုဇဉ်မှာကား ရပ်ပြစ်ရှစ်ပါးထဲတွင် ပါဝင်သောကြောင့် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါ။ (ဒီ-ဋ္ဌ ၂၂၉)။
*********************************************************************************

(မေး) (ရဟန်းမိန်းမ)
အရှင်ဘုရား၊ ဘုရားလက်ထက်တော်တွင် မိန်းမရဟန်းများ ရှိခဲ့ပြီး ယခုခေတ်တွင် မိန်းမရဟန်း မရှိတော့ပါ။ သီလရှင်တွေသာ ရှိနေပါသည်။ ဘာကြောင့် ဆိုသည်ကို ရှင်းပြတော်မူပါဘုရား။
(ဦးအုံးသောင်-ဇေယျဝတီမြို့)

(ဖြေ)
ဘိက္ခုနီ သာသနာ ကွယ်ရခြင်းမှာ အောက်ပါတို့ကြောင့် ဖြစ်ပါသည်။
၁။ သိက္ခာပုဒ်များ ကျပ်တည်းခြင်း (များပြားခြင်း)။ ဘိက္ခုက ၂၂၇-သာရှိပြီး ဘိက္ခုနီက ၃၃၁-ရှိ၍ စောင့်ထိန်းဖို့ ခဲယဉ်းခြင်း၊ ဘိက္ခုနီအဖြစ်မှ လျှောကျဖို့ လွယ်ကူခြင်း၊ ဂရုဓမ် ၈-ပါးဖြင့် စည်းကမ်း တင်းတင်းကြပ်ကြပ် သတ်မှတ်ထားခြင်း။
၂။ ဘိက္ခုနီသံဃာ၌ တကြိမ်၊ ဘိက္ခုသံဃာ၌ တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ရဟန်းခံမှ ရဟန်းမ အဖြစ်သို့ ရောက်နိုင်ခြင်း။
၃။ ဘိက္ခုနီလုပ်လိုသူများ ရဟန်းမခံမီ ၂-နှစ် ကြိုတင်၍ တရား ၆-မျိုးကို ကျင့်ရခြင်း။
၎။ ဘိက္ခုသံဃာနှင့် ဒကာ ဒကာမအပေါင်းတို့၏ အားပေးချီးမြှောက်မှု နည်းခြင်း။
၅။ ခေတ်ဆိုး အကြိမ်ကြိမ် ကြုံရခြင်း။ သီဟိုဠ်ခေတ်တွင် ကျေးကုလားတို့နှင့်၎င်း၊ စဏ္ဍာလတိဿ၊ ဗြဟ္မဏတိဿ၊ သူပုန်တို့နှင့်၎င်း၊ သီဟိုဠ်ဘုရင်တို့ အကြိမ်ကြိမ် စစ်ခင်းကြရခြင်း၊ ရောဂါဘယကပ်ဘေး အကြိမ်ကြိမ်ကြုံရခြင်း၊ မိုးခေါင်ရေရှား အစာရှားပါးခြင်းတို့ကြောင့် ရဟန်းတော်များပင် ပြေးလွှား ပုန်းရှောင်ကာ နေရခြင်း၊ ရဟန်းတော်များ အစာမစားရဘဲ ဝမ်းဗိုက်ပေါ် သဲများတင်၍ ပိဋကတ်တော်များ မပျောက်ရအောင် ခဲယဉ်းစွာ အသက်ရှင်၍ စောင့်ရှောက်ခဲ့ရခြင်းတို့ကြောင့် ရဟန်းများပင် ရပ်တည်ရေး မလွယ်ဘဲ ရှိခဲ့သည်။

သိမ်မွေ့ကျပ်တည်းလှသော ရဟန်းမများမှာ ဆက်လက်ရပ်တည်ရန် မလွယ်တော့ပါ။သီဟိုဠ်သာသနာ နောက်ပိုင်း သာသနာနှစ် ၅ဝဝ-ကျော်အချိန်တွင် ပျောက်ကွယ်ခဲ့ရသည်။ ထိုအကြောင်းကို ဘဒ္ဒန္တတိလောကသာရ ဆရာတော်ကြီးရေးသည့် ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း တွင် အကျယ်တဝင့် ဖော်ပြထားပါသည်။ အကျယ်ကိုသိလိုပါက ၄င်းစာအုပ်ကို လေ့လာရန် ဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် ၈-ပါးသီလ၊ ၁ဝ-ပါးသီလဖြင့် ထိန်းသိမ်းကြသော သီလရှင်များကိုသာ ကြည်ညိုခွင့်ရကြ ပါသည်။
*********************************************************************************

(မေး) (ထီးဖြူ ထားသင့်-မထားသင့်)
အရှင်ဘုရား၊ ဘုရားတပည့်တော်၏ နေအိမ်ရှိ ဘုရားခန်းတွင် ဘုရားမျိုးစုံ ၂၅-ဆူကျော် ရှိပါသည်။ ကိုးကွယ်ထားပါသည်။ နေ့စဉ် ဆွမ်းဟင်းခွက်မျိုးစုံ ၉-ပွဲ၊ အချို့မုန့်၊ လက်ဖက်ရည်များဖြင့် ဆက်ကပ်ပူဇော်ပါသည်။
လွန်ခဲ့သော ၂-နှစ်ခန့်က မန္တလေးမှ ဆရာကြီးတယောက် ရောက်လာပြီး အိမ်မှာ ထီးဖြူမထားရ စသည်ဖြင့် ပြောဆို တားမြစ်ပါသည်။ သင့်-မသင့် ဖြေကြားတော်မူပါဘုရား။
(ဦးမျိုး-စမ်းချောင်း)

(ဖြေ)
ပူဇော်ရာတွင် ခမ်းခမ်းနားနား တင့်တင့်တယ်တယ် ပူဇော်နိုင်လေလေ အကျိုးကြီးလေလေ ဖြစ်ပါသည်။ ကျောက်ဆင်းတု ရုပ်ပွားတော်ကို အိမ်မှာ မကိုးကွယ်ရ၊ ထီးဖြူမထားရ စသော အယူအဆများမှာ ပိဋကတ်တော်လာ ဓမ္မရေးရာ အယူအဆများ မဟုတ်ပါ။ မိမိတို့သန်ရာ အမျိုးမျိုး ပြောဆိုကြခြင်းသာ ဖြစ်သည်။ ယင်းတို့ကို အဆိုအရ မဟုတ်ဘဲ ဘုရားပူဇော်ရာ၌ တင့်တယ်၊ ခမ်းနား၊ သပ္ပါယ်ဖွယ်ရာ ဖြစ်လေ၊ ပို၍ ကြည်ညို သဒ္ဓါပွားနိုင်စရာ၊ ကုသိုလ်တိုးပွားနိုင်စရာ ဖြစ်လေ ဖြစ်ပါသည်။ စိတ်ချယုံကြည်စွာ အစွမ်းရှိသလောက် ပူဇော်ကြရန် ဖြစ်ပါသည်။
*********************************************************************************

(မေး) (ရှိခိုးသင့် ရှိမခိုးသင့်)
အရှင်ဘုရား၊ (၁) တပည့်တော်သည် ငယ်ရွယ်သူ တူ-တူမများ၊ တပည့်တပန်းများက မေးသော်လည်း တပည့်တော် မဖြေနိုင်သောကိစ္စတခု ရှိနေပါသည်။
လူပုဂ္ဂိုလ်သည် မိမိထက် အသက်ငယ်ရွယ်သူ သီလရှင်များကို ရှိခိုးဦးချနိုင်-ဦးမချနိုင်၊ သီလရှင်သည် မိမိထက် အသက်ကြီးသော လူပုဂ္ဂိုလ် (ဥပမာ-မိဘ၊ ဦးကြီး၊ ဘကြီး၊ ဆရာသမား) ကို ရှိခိုး ဦးချနိုင်-ဦးမချနိုင် ဖြစ်ပါသည်။ ဆရာတော်ဘုရားက မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါ။

(၂) နောက်တခု တပည့်တော် သိလိုသောအချက်တချက်မှာ-ရသေ့၊ ရသေ့မတို့သည် ရှစ်ပါးသီလ မထိန်းသိမ်းဘဲ ငါးပါးသီလအဆင့်ဖြင့် နေနိုင်-မနေနိုင်ကိုလည်း ဖြေကြားပေးတော်မူပါ။
(ဦးမောင်ဦး-မီးရထားဆေးပေးခန်း တောင်ငူ)

(ဖြေ)
သီလရှင်များကို ရှိခိုးသင့်-မသင့်ကို ၂ဝဝ၃-ခု စကတ်ငဘာလထုတ်တွင် ဖြေဆိုပြီးဖြစ်ပါသည်။
ရသေ့-ရသေ့မ (ပရိဗိုဇ်မ) များသည် လူနှင့်မတူသော ဖန်ရည်စွန်းသော အဝတ်ကိုဝတ်သော ပုဂ္ဂိုလ်များဖြစ်၍ လူတို့၏ ဂရုဓမ္မနိစ္စသီလ ဖြစ်သော ၅-ပါးသီလနှင့် မတူသော သမဏ ပဗ္ဗဇ္ဇ သီလမျိုးဖြစ်သော ၁ဝ-ပါးသီလကို စောင့်ထိန်းကြမှသာ အသွင်ထူးသလို သီလအကျင့်လည်း ထူးခြားပါမည်။ ၁ဝ-ပါးသီလ ဆောက်တည်ကြကြောင်းကို ဒီပဝံသပါဠိ ၈၁-ဂါထာ၌ ဖော်ပြထားကြောင်း သိရသည်။

၁ဝ-ပါးသီလ မစောင့်ထိန်းနိုင်ပါက အနည်းဆုံး ၈-ပါးသီလမျှကို စောင့်ထိန်းမှသာ အသွင်တော်နှင့် အကျင့် သင့်လျော်ညီညွတ်ပါလိမ့်မည်။
********************************************************************************

(မေး) ( ဗုဒ္ဓကိစ္စငါးမျိုး)
အရှင်ဘုရား၊ သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၄၅-ဝါပတ်လုံး ကမ္ဘာသူကမ္ဘာသား သတ္တဝါများအတွက် တနေ့တာတွင် မည်မျှလောက် အပင်ပန်းခံတော်မူခဲ့ပါသနည်း။
နောက်တခုမှာ တပည့်တော်တို့ အထက်အညာမြေမှာ ဘုန်းကြီးဖြစ်စေ၊ သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင်ကို ဖြစ်စေ၊ ရှိခိုးကန်တော့မည်ဆိုလျှင် တဘက် (ပဝါ) စသည်တို့ ပခုံးပေါ်တင်၍ ရှိခိုးကြပါသည်။ ထိုကဲ့သို့ ရှိခိုးခြင်းသည် အဘယ်အကျိုးရှိပါသနည်း။ သိလိုလှပါသည်ဘုရား။
(ရှင်ဥတ္တမ-ပျော်ဘွယ်)

(ဖြေ)
ဘုရားရှင်သည် နေ့စဉ် ဗုဒ္ဓကိစ္စကြီး ၅-မျိုးကို မနားမနေ ကြိုးပမ်းတော်မူပါသည်။ ကိစ္စ ၅-မျိုးကို ပိုင်းခြားသော်-
(၁) ပုရေဘတ္တကိစ္စ-(ဆွမ်းမစားမီကိစ္စ)=နံနက်စောစော မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ခေတ္တ တိတ်ဆိတ်ငြိမ်သက်သော နေရာမှာနေ၏။ ထို့နောက် သင်္ကန်း သပိတ်ပြင်ကာ ရံခါတပါးတည်း၊ ရံခါ သံဃာအများနှင့်၊ ရံခါ တန်ခိုးပြာဋိဟာ အမျိုးမျိုးပြ၍ ရံခါတန်ခိုးဖြင့် မကြွဘဲ ရိုးရိုးကြွတော်မူပါသည်။ ဆွမ်းခံတော်မူခြင်းဖြင့် ဆွမ်းလောင်းလှူသူများအား သရဏဂုံတည်သူ၊ ငါးပါးသီလတည်သူများနှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအရိယာ ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်စေပါသည်။

(၂) ပစ္ဆာဘတ္တကိစ္စ-(ဆွမ်းစားပြီးကိစ္စ)=ဆွမ်းစားအပြီး ဂန္ဓကုဋိသို့ အဝင် ခြေဆေးခုံ၌ ရပ်၍ ရဟန်းတို့အား နေ့စဉ် ဒုလ္လဘတရား ၅-ပါးကို ဟောပြီး ကမ္မဋ္ဌာန်းအမျိုးမျိုး ပေးတော်မူသည်။ ထို့နောက် ဂန္ဓကုဋိသို့ ဝင်၍ ခေတ္တအနားယူသည်။ အနားယူပြီး လောကကြီးကို ကြည့်ရှုတော်မူကာ ကျွတ်ထိုက်မည့် ပုဂ္ဂိုလ်များကို သွာရောက် ချေချွတ်တော်မူခြင်း၊ ရွာနိဂုံး၊ မြို့၊ တိုင်းအသီးသီးတို့ ကြွရောက်တရားဟောတော်မူခြင်း ကိစ္စတို့ကို တနေ့လုံး ဆောင်ရွက်တော်မူပါသည်။

(၃) ပုရိမယာမကိစ္စ-(ညဥ့်ဦးယံကိစ္စ)=၆-နာရီမှ ၁ဝ-နာရီ ညဥ့်ဦးယံတွင် ရေချိုးပြီး ကျောင်းတော်သို့ ရောက်လာကြသော ရဟန်းအပေါင်းတို့အား တရားဟောခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း၊ မေးသမျှ ပုစ္ဆာအပေါင်းတို့ကို ဖြေဆိုတော်မူခြင်းဖြင့် ညဥ့်ဦးယံကို ကုန်ဆုံးစေပါသည်။

(၄) မဇ္ဈိမယာမကိစ္စ-(ညဥ့်လယ်ယံကိစ္စ)=၁ဝ-နာရီမှ ၂-နာရီ ညဥ့်လယ်ယံတွင် စကြာဝဠာတိုက်တသောင်းမှ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား တရားဟောခြင်း၊ မေးသမျှပုစ္ဆာတို့ကို ဖြေကြားခြင်း ပြုတော်မူပါသည်။

(၅) ပစ္ဆိမယာမကိစ္စ-(မိုးသောက်ယံကိစ္စ)=နံက် ၂-နာရီမှ ၆-နာရီ မိုးသောက်ယံကို ဘုရားရှင်သည် သုံးပုံ-ပုံ၍ ပထမတပုံတွင် တနေ့တညတာ ခန္ဓာကိုယ်၏ ညောင်းညာမှုကို ပယ်ဖျောက်နိုင်ရန် စင်္ကြံ ကြွတော်မူသည်။
ဒုတိယတပုံတွင် (တနာရီကျော်ကျော်မျှ) အနားယူ ကျိန်းစက်တော်မူသည်။
တတိယ နောက်ဆုံးတပုံတွင် တနေ့တာ ကယ်ချွတ်တော်မူရည့် သတ္တဝါတို့ကို ကြည့်ရှုတော်မူသည်။
ထို့နောက် နောက်တရက်တာ ပုရေဘတ္တကိစ္စသို့ ပြန်ရောက်ကာ သတ္တဝါများအတွက် မနားမနေ ကြိုးပမ်းတော်မူပါသည်။ နေ့စဉ် ဘုရားရှင်၏ အိပ်ချိန်မှာ (၁) နာရီ ကျော်ကျော်မျှသာ ရှိပါသည်။

ဘုရားရှင်လက်ထက်၌ ရဟန်းတော်များသည် ဘုရားရှင်ကို၎င်း၊ မထေရ်ကြီးများကို၎င်း ရှိခိုးပူဇော်ရာတွင် လက်ဝဲတဖက် ပုခုံးထက်၌ သင်္ကန်းကိုတင်၍ (လက်ဝဲပုခုံးနှင့် လက်ဝဲလက်ကို သင်္ကန်းဖြင့် ဖုံးလွှမ်း၍) ရှိခိုးပူဇော်ကြကြောင်း ပိဋကတ်စာပေတွင် ပါရှိသည်။

လူပုဂ္ဂိုလ်တို့ ဘုရားရှင်ကို ရှိခိုးပူဇော်ရာ၌ ဗြဟ္မာယုပုဏ္ဏားကြီးသည် ဘုရားရှင်ကို ရှိခိုးပူဇော်ရာတွင် ရဟန်းတော်များနည်းတူ လက်ဝဲတဖက် ပခုံးထက်၌ အဝတ်ပဝါတင်၍ ရှိခိုးပူဇော်ကြောင်း လာရှိပါသည်။ (ဗုဒ္ဓဘာသာဝင် အဆက်ဆက်တို့သည်) ဘုရားလက်ထက်က ဗြဟ္မာယုပုဏ္ဏားတို့ ကဲ့သို့ လိုက်နာကျင့်သုံးခဲ့ဟန် တူကြောင်း ယူဆရပါသည်။

တဘက် (ပဝါ) တင်၍ ရှိခိုးခြင်းဖြင့် ရှိခိုးပူဇော်ရခြင်း အကျိုးအပြင်၊ သက္ကစ္စ၊ ဂရုဂါရဝ တရားကို ပို၍ ပီပြင်ထင်ရှားစွာ ဖော်ပြရာ ရောက်ပါသည်။

( မြတ်မင်္ဂလာ ၂ဝဝ၃-ခု ဒီဇင်္ဘာလ)


Read more...

စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်း(၂)


မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသောတရာတော်..

ကိုကျော်ဇေလှ http://www.dhammaknowledge.co.cc/ , http://www.myautoosayadaw.com/ , http://www.dhammaknowledge.com/ မှ ဓမ္မဒါန ရေးသားပူဇော်သည်။

ကိုဖိုးသား ပေးပို့ထားသောမေးလ်အား တဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်


ဆင်းရဲခံမှ ချမ်းသာရ

သာသနာ ၀န်ထမ်း ရှင်ရဟန်းဘ၀ ဆိုတာခက်တယ် ဒကာ၊ ဒကာမတွေ
(တင်ပါ့ဘုရား)
ကိုယ့်အိမ်ရာကိုယ့်ရာမှာ နေခံစဉ်တုန်းကတော့ ညီအစ်ကို မောင်နှမတွေ၊
မိဘတွေ၊ မိသားစုတွေက ကိုယ့်အပေၞ အလိုလိုက်အကြိုက်ဆောင်ကြတယ်။ စားချင်သမျှ
ကျွေးကြတယ်။အစစ အရာရာပေါ့။ သာသနာဝန်ထမ်းရှင်ရဟန်းဘ၀လည်းရောက်ရော၊
အပူစားချင်ပြန်တော့လည်းပဲ အအေးချည်းပဲ စားရတယ်။ဒါကိုလည်း
အများကြီးသည်းခံခဲ့ရတယ်။ ဘုန်းကံတွေ မရှိသေးခင်တော့ အစစအရာရာ
ပိုပြီးဆင်းရဲတာပေါ့။ လူတွေလည်း အသိအကျွမ်း မရှိသေးဘူး။ ဒီတော့ဖြစ်သလိုပဲ
စားရတယ်။ဖြစ်သလိုပဲ ၀တ်ရတယ်။ဖြစ်သလိုပဲနေရတယ်။ ဟုတ်လား
(တင်ပါ့ဘုရား)
အဲဒီလောကဓံတွေကိုလည်းပဲ သည်းခံရပါတယ်။ ဒီထက်မက ပြောပြဖို.မတတ်နိုင်တဲ့
စွန်.စားခြင်း ကြီးငယ်တွေ အများကြီးရှိပါသေးတယ်နော်။ဒကာ၊
ဒကာမတွေစွန်.စားခြင်းသည် မည်သည့်ပုဂ္ဂိုလ်မဆို
စွန်.နိုင်တဲ့ပုဂ္ဂိုလ်များအတွက် စွမ်းတယ်လို.ပြောတယ်။ဒါကြောင့်
စွန်.စားရတယ်။ တရားတွေအားထုတ်တဲ့အခါမှာလည်း စွန်.စားရတယ်။တရားတွေ
တိုးတက်ဖို. ကိုယ့်အတွက် အဓိကပန်းတိုင်ထားရတယ်။ထွက်လာတဲ့ နေမင်းကြီး
ပြန်မ၀င်ခင် ငါ့အတွက် ကြီးမားသော အခွင့်ကောင်းကြီးတစ်ခု ဖြစ်စေရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်မျိုး မိမိကိုယ်ကို ချတတ်ရမယ်နော်
(တင်ပါ့ဘုရား)
ပရိယတ္တိ ၀ိသာရဒ ဂုဏ်တွေနဲ.လည်းပဲ ပြည့်စုံဖို. လိုအပ်တယ်။ ပဋိပတ္တိ ၀ိသာရဒ
ဂုဏ်တွေလည်း ပြည့်စုံနေဖို. လိုအပ်တယ်။ ပရိယတ်၊ ပဋိပတ်
ကျွမ်းကျွမ်းကျင်ကျင်ရှိဖို. လိုအပ်တယ်။ဒါလေးတွေ ဒီလိုပေၞလာရင်
ဒီလိုမှတ်ရမယ်။ဒီလို ကျင့်သုံးရမယ်ဆိုတဲ့ ကြိုတင်ပြီး စွမ်းအားလေးတွေကို
စုစည်းထားတတ်ရတယ်။
(တင်ပါ့ဘုရား)
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ မေတ္တာလက်နက် ကိုင်ဆောင်ရပါတယ်။ ဒါကို
လက်နက်ကောင်းလို. ခေၞတယ်။ အရန်ကမ္မဋ္ဌာန်းပေါ့။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို.
လိုအပ်တယ်နော်
(တင်ပါ့ဘုရား)
ဝိပဿနာ တစ်ခုတည်းကို အားထုတ်တတ်ရုံနဲ. မပြီးသေးဘူး။ သမာထစွမ်းးအားတွေလည်း
လိုအပ်ရင် လိုအပ်သလို ထည့်ပေးရတယ်။ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဟောဒီ
ယခုလို ရိပ်သာမှာ လာအားထုတ်တာကတော့ ဘာအန္တရယ်မှ မရှိဘူးနော်။
ဘုန်းကြီးတို. အရန်သင့် ဆောက်လုပ်ပေးထားတဲ့နေရာမှာ လာရောက်ပြီးတော့
ရှေးဘုန်းရှေးကံရှိတဲ့ သံဃာတော်တွေက ကြိုးစားပမ်းစား ပြုလုပ်ထားတဲ့
အဆောက်အဦးတွေ၊ နေရာထိုင်ခင်းတွေ၊ စားစရာတွေ စသည်ဖြင့် ရုပ်ပြသာသနာပြု
အဆောက်အဦးတွေ တည်ထောင်ထားခြင်းကြောင့် ဒကာ၊ ဒကာမတွေအတွက် လိုအပ်သေးမရှိ
အဆင်သင့် ဖြစ်မနေဘူးလား
(ဖြစ်နေပါတယ်ဘုရား)
ဘုန်းကြီးများ ဒီနေရာကို ရောက်ခါစတုန်းက ဒီနေရာမှာ ဘာမှမရှိခဲ့ပါဘူး။
ဘာမှမရှိတဲ့ ၀ါးကျောင်းလေး တစ်ဆောင်သာရှိတယ်။ အဲဒါကနေပြီးတော့
သာသနာပြုလုပ်ငန်းကြီးကို စတင်ပြီးတော့ သမထ၊ ၀ိပဿနာ နှစ်ရပ်တို.ကို
လက်ကိုင်ထားပြီး ကြိုးစားလာခဲ့ရပါတယ်
(တင်ပါဘုရား)
စွန်.စွန်.စားစားပေါ့နော်။ အဲသလို စွန်.စားပြီးတော့ မိမိသန္တာန်မှာ
ဒါနအလုပ်တွေ၊ သီလအလုပ်တွေ၊ သမထအလုပ်တွေ၊ ၀ိပဿနာအလုပ်တွေ အဲသလို
အင်္ဂါရပ်တွေနဲ. ပြည့်စုံတဲ့ တရားထူးတရားမြတ် ကုသိုလ်စွမ်းအားလေးတွေကို
ပြုဖန်များလာတော့မှ အခုလို ဖြစ်လာခဲ့တာပါ
(တင်ပါ့ဘုရား)
အလိုလို ဖြစ်လာတာလား၊ စွန်.စားလိုလား
(စွန်.စားလို.ပါ ဘုရား)
ဒကာ၊ ဒကာမတွေ ယခုလို အားပါးတရ တရားနာနိုင်တာလေးဟာလည်း စွမ်းအားတစ်ခုပါပဲ
(တင်ပါ့ဘုရား)
ဦးစွာပထမ ဘုန်းကြီးတို. ရိပ်သာ စဖွင့်စဉ်တုန်းကဆိုရင်
သာမန်လောက်ပါပဲ။ဟော့ဒီ ဓမ္မရုံက ၀ါးလေးကာပြီး အုန်းမိုးထားတာနော်။
ကြမ်းတောင်မခင်း ရပါဘူး။မြေကြီးပေၞမှာပဲ ထိုင်ရတယ်နော်။
(တင်ပါ့ဘုရား)
ပြီးတော့မှ ဒကာ၊ ဒကာမတွေ ၀ိုင်းလှူကြလို. အခင်းလေးဖြစ်လာတယ်။
အကာမရှိသေးဘူး။ဖျာကြီးတွေ၊ ၀ါးထရံတွေကာပြီး ထားရတယ်။တဖြည်းဖြည်း
မြို.သူမြို.သား နယ်သူနယ်သား ဒကာဒကာမများ စွမ်းဆောင်မှုကြောင့်
ယခုလို ချမ်းသာစွာ နေထိုင်လာကြတယ်နော်။
(တင်ပါ့ဘုရား)
အရင်တုန်းက မီးဆိုရင်လည်း ဖယောင်းတိုင်လေးထွန်းပြီး
အားထုတ်ခဲ့ရတယ်။အခုဆိုရင်တော့ လျှပ်စစ်မီးတွေနဲ. ပြည့်ပြည့်စုံစုံ
ဖြစ်လာတယ်။ဟုတ်လား
(တင်ပါ့ဘုရား)
အဲသလို ဆင်းရဲခြင်းရဲ. နောက်ကွယ်မှာ ဘာရှိသလဲ
(ချမ်းသာခြင်းပါဘုရား)
ဘယ်သူမပိုင် ဘုံဆိုင်မှတ်ကြ
ချမ်းသာခြင်းရှိပါတယ်။ စွန်.စားရင်ကြိုးစားရင် အောင်မြင်မှုရတယ်ဆိုတာကို
ဒကာ၊ဒကာတွေကို သိစေချင်လိုပါ
(တင်ပါ့ဘုရား)
မည်သည့်ပုဂ္ဂိုလ်မဆို ကြိုးစားရင် ဘာမဆို မဖြစ်နိုင်ဘူးလား
(ဖြစ်နိုင်ပါတယ်ဘုရား)
မလုပ်ရင်တော့ မဖြစ်ဘူးပေါ့။တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။ဒါဆိုရင်
တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာတွေဟာ အထင်ကြီးစရာလားဆိုရင်
မဟုတ်ပါဘူး။ဘုန်းကြီးတို.က ကိုယ့်ကိုယ်ကိုယ်လည်း အထင်ကြီးစရာ ဘာမှ
မရှိပါဘူး။ဟောဒီ ကျောင်းတိုက်တွေဟာလည်းပဲ ဘုန်းကြီးများနဲ.
ဘာမှမဆိုင်ပါဘူး။ဒါဟာ သာသနာပြု နေရာဋ္ဌာနလေး တစ်ခုအဖြစ် ဘုန်းကြီးတို.က
ဖန်တီးပေးတဲ့သဘောသက်သက်ပါ။ ဟုတ်ပြီလား
(တင်ပါ့ဘုရား)
ဒီကျောင်းတိုက် အဆောက်အအုံနေရာဋ္ဌာနတွေနဲ. ပတ်သက်လို. ဘုန်းကြီးတို.
နည်းနည်းလေးမှ ငဲ့ကွက်မှုမရှိပါဘူး။ တွယ်တာလို. လည်းမရပါဘူး။
ဘာဖြစ်လို.လဲမေးတော့ မည်သည့်အရာမဆို မြဲမြံခြင်း မရှိဘူးဆိုတာ
ကြိုတင်ပြင်ဆင် သဘောပေါက်ထားတယ်။ အရာမှန်သမျှတွေဟာ ရုပ်လောကဖြစ်ဖြစ်၊
နာမ်လောကဖြစ်ဖြစ် မည်သည့်ပုဂ္ဂိုလ်မဆို ရုပ်နာမ်လောက မှန်သမျှတို.ဟာ
မြဲမြံခြင်းမရှိ၊ ခိုင်ခံ့ခြင်းမရှိ၊ တည်မြဲခြင်းမရှိဘူး။ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
မိမိရုပ်နာမ်လောကတောင်မှ မြဲမြံခြင်းလည်းမရှိ၊ တည်မြဲခြင်းလည်းမရှိ၊
ခိုင်ခံ့ခြင်းလည်းမရှိဆိုရင် ခန္ဓာကိုယ်အကြောင်းရင်ကိုစွဲပြီး
ဖြစ်ပေၞလာသော ခန္ဓာပွားတွေ။ ရုပ်ပွားတွေ နာမ်ပွားတွေဟာလည်းပဲ
နိစ္စလောကမရှိဘူး။
အနိစ္စလောကတာဖြစ်ပါတယ်။ ဘာတဲ့လဲ
(အနိစ္စလောကပါဘုရား)
သုခလောကလား၊ ဒုက္ခလောကလား
(ဒုက္ခလောကပါဘုရား)
အတ္တလောကလား၊ အနတ္တလောကလား
(အနတ္တလောကပါဘုရား)
အနတ္တလောကကြီးပါ။ အဲသလို အနိစ္စလို. မြင်ဖို.လိုတယ်။ ခန္ဓာကိုယ်မှာရှိနေတဲ့
အနိစ္စကိုအနိစ္စလိုမြင်မယ်။ဒုက္ခကို ဒုက္ခလို.မြင်မယ်။ အနတ္တကို
အနတ္တလို.မြင်ရမယ်
(တင်ပါ့ဘုရား)

ဆင်ခြင်တွေးဆ သင်္ခါရ

အရှိကို အရှိအတိုင်း မြင်ရမယ်နော်။အပိုမမြင်ရဘူး။အပိုမြင်အောင် မကြိုးစားရဘူး။
(တင်ပါ့ဘုရား)
သဘောပေါက်တယ်နော်။အနိစ္စဆိုတဲ့ သဘောအပေၞမှာ ဥာဏ်ကလေးနဲ. သိရုံလောက်သာ
သိဖို.လိုတယ်။အနိစ္စလက္ခဏာ ဥာဏ်ကလေးတွေ ပေၞလွင်နေဖို. အနိစ္စလက္ခဏာ ဖုဿနဥာဏ်၊
အနိစ္စကိုမြင်တဲ့ သဘော၊ အနိစ္စရဲ. လက္ခဏာဓာတ်ကလေးကို တွေ.ထိတဲ့သဘော၊
အနိစ္စလက္ခဏာ ထိုက်တဲ့သဘော ဟုတ်လား
(တင်ပါ့ဘုရား)
မမြဲတဲ့ အမူအယာ၊ အဲဒီမမြဲတဲ့အမူအယာရဲ. ပြောင်းလဲနေတဲ့သဘော၊
ပြောင်းလဲနေတဲ့လက္ခဏာ၊ ဟုတ်လား။ပြောင်းလဲနေတဲ့ တစ်နေရာနဲ. တစ်နေရာ
မတူတာလေးတွေ ပြောင်းလဲနေတဲ့သဘောကို လက္ခဏာလိုခေၞတယ်။
အဲဒီမမြဲမှုသဘောလေးကို ဥာဏ်နဲ.လှမ်းပြီးတွေ.နေတာ အရသာပေၞလွင်နေတယ်။
အဲဒီမမြဲတဲ့သဘော၊ အဲဒီဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် လက္ခဏာကို
ဥာဏ်နဲ.လှမ်းပြီးတော့မြင်နေတယ်။တွေ.ထိနေတယ်။ အဲဒီ
တွေ.ထိတဲ့ဥာဏ်သည် ဖုဿနသဘော။ဥာဏ်နဲ.တွေ.ထိနေတယ်။ ခန္ဓာရဲ.ပြောင်းလဲမှုလက္ခဏာ
ဓာတ်ကလေးတွေကို ဥာဏ်လေးနဲ.လှမ်းပြီး တစ်မှတ်ချင်း၊ တစ်မှတ်ချင်း
လှမ်းတွေ.နေတယ်။ အဲဒါကို အနိစ္စလက္ခဏာ ဖုဿန။
အဲဒါလေးကို မြင်ရင်း မြင်ရင်း၊ မှတ်ရင်း မှတ်ရင်းနဲ. ဖျတ်ဆိုရင် အနိစ္စတွေ
ချုပ်ပျောက်သွားတာက လက္ခဏဥာဏ်၊ အဲဒီဥာဏ်က မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ကူးသွားတာနော်
(တင်ပါ့ဘုရား)
ဒါကြောင့် ဒကာ၊ဒကာမတွေက ခန္ဓာကိုယ်ကြီးရဲ. အနိစ္စကိုသာမြင်အောင်ကြည့်
(တင်ပါ့ဘုရား)

ခန္ဓာကိုယ် ဘယ်နေရာပဲကြည့်ကြည့် ဆံပင်၊ ဆံချောင်းလေးက အစ
ဟိုခြေဖျားထိကြည့်၊ တစ်ကိုယ်လုံးမှာ အနိစ္စကလွဲလို. တခြားမရှိဘူးနော်
(တင်ပါ့ဘုရား)
နိစ္စရှိသလား၊ မြဲတာရှိရဲ.လား
(မရှိပါဘုရား)
မြဲတဲ့နေရာလေး ဘယ်နားမှာ တစ်ခုရှိနေလေသလဲလို. အပ်ဖျားလေးနဲ.
ထောက်ထောက်ပြီး ရှာဘိသကဲ့သို. တစ်ကိုယ်လုံးမှာ ဥာဏ်တည်းဟူသော
အပ်ဖျားလောက်နဲ. ထောက်ထောက်ပြီးတော့ကြည့်ရင် မြဲမြံခြင်းလောက
ရှိ၊မရှိ
(မရှိပါဘုရား)
ချမ်းသာခြင်း ဘ၀ ရှိ၊ မရှိ
(မရှိပါဘုရား)
ခိုင်မြဲခြင်းလောကကြီး ရှိ၊ မရှိ
(မရှိပါဘုရား)

သတိ ပညာမွေးမြူပါ

ဒါလေးတွေကို ကွင်းကွင်းကွက်ကွက် မြင်အောင်ကြည့်၊ မရှိတာမြင်ရင်
အဲဒီပုဂ္ဂိုလ် လမ်းမပေၞရောက်သွားပြီ ဟုတ်လား
(တင်ပါ့ဘုရား)
သြော်..အနိစ္စ လက္ခဏာဓာတ် ကလေးတွေမြင်သွားပြီဆိုရင် ၀ိပဿနာလမ်းမပေၞ
ရောက်သွားပြီ။ဒီထက် ပိုမသိချင်နဲ.
(တင်ပါ့ဘုရား)
ဒကာ၊ ဒကာမတွေက အလုပ်လုပ်ရင် သိချင်တဲ့စိတ်က ရှေ.ကနေ ရောက်နေတယ်။အလုပ်က
နောက်က၊ ရချင်တာလေးက ရှေ.က ဖြစ်ပါ့မလား
(မဖြစ်ပါဘုရား)
ဆန္ဓတွေက သိပ်စေနေတယ် ဟုတ်လား။စိတ်ဆန္ဓတွေက သိပ်စောနေတော့ ရချင်တဲ့စိတ်တွေ
လွန်ကဲနေရင်လည်း တရားက ရပ်နေတတ်တယ်နော်
(တင်ပါ့)
လွန်ကဲမှု လုံးဝ မရှိပြန်တော့လည်းပဲ ရလိုတဲ့စိတ် လုံးဝ မရှိပြန်ရင်လည်း
လျော့ရဲနေတတ်ပြန်တယ်။ တရားသဖြင့် လိုချင်စိတ်တော့ရှိရမယ်။
အလွန်လည်းမပြင်းထန်ရဘူး။လျော့လည်း မလျော့ရပါဘူး။ တင်းလည်းမတင်းရပါ
ဘူး ဟုတ်လား
(တင်ပါ့ဘုရား)
ခပ်မှန်မှန်လေးနဲ. တစ်ချိန်ချိန်မှာ ငါရောက်အောင်သွားမယ် ဒီလိုမျိုး
ရှိရမယ်။သွားတဲ့အခါမှာလည်း မမောအောင် သွားရမယ်နော်။တောင်ကြီးပေၞ
တက်လို.ရှိရင် အပြေးတက်ရင် ဘာဖြစ်တယ်
(မောပါတယ်ဘုရား)

အမောဆို.ပြီးတော့ မသွားနိုင်တော့ဘူး။ရင်တွေတုန်လာတယ်။ အဲသလို
တအားမောပမ်းနေပြန်တော့လည်း ရှေ.ဆက်သွားရတာ အဆင်မပြေတော့ဘူး။ဒါကြောင့်
သတိနဲ.ဥာဏ် ယှဉ်တွဲပြီး ခပ်မှန်မှန် လေးကြိုးစားပြီးသွား
မယ်ဆိုရင် တောင်ပေၞကို မရောက်နိုင်ဘူးလား
(ရောက်နိုင်ပါတယ်ဘုရား)
ဘာလို.ရောက်နိုင်တယ်လဲဆိုရင် ကြိုးစားပြီး သတိ၊၀ီရိယ၊ ဥာဏ်တွေနဲ.
ချိန်ပြီး သွားလို. ရောက်တယ်နော်။ဒါဆိုရင် တောင်အောက်ကနေပြီးတော့
လူတစ်ယောက်က တောင်ပေၞမော့ကြည့်ပြီးတော့ တောင်ပေၞရောက်
ချင်လိုက်တာလို. အောက်ကအော်ငိုနေရုံနဲ. တောင်ပေၞရောက်ပါ့မလား
(မရောက်နိုင်ပါဘုရား)
ဘာဖြစ်လို. မရောက်တာလဲဆိုရင် ရောက်အောင်မှ မသွားဘဲ။မသွာလို. မရောက်တာပါ ဟုတ်လား
(တင်ပါ့ဘုရား)
ဒါကြောင့် သွားပြန်တော့လည်းပဲ မပြင်းထန်ရဘူး။
(တင်ပါ့ဘုရား)
အရာရာမှာ သတိ၊ ဥာဏ်ရှိရတယ်။ ဒီဘုရား သာသနာကြီးရဲ. အဓိကဆောင်ပုဒ်ဟာ
သတိ၊ပညာ လိုရင်းသာ တည်းလို.ဆိုတဲ့ သတိ၊ပညာ သာသနာပဲ
(တင်ပါ့)


ဆုံးမ စကား မလေးစား

အဲဒီ သတိနဲ.ပညာ ဖြစ်ဖို.အတွက်သာ သမာဓိတွေကို ၀ီရိယတွေနဲ.
သဒ္ဓါတရားဆိုတဲ့လက်နက်တွေသုံးပြီး ထူထောင်ရတာ မဟုတ်လား။
(တင်ပါ့ဘုရား)
အေး....ခုနက ဥပမာထဲက ဒုတိယ လူကိုကြည့်လိုက်ပါဦး။လှချင်လိုက်တာ၊
သူများလှလို. လှချင်တယ်။ကိုယ့်မှာက သတိ နဲ.အသိဥာဏ်ကအားနည်းတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာကျင့်သုံးရမယ်ဆိုတဲ့
စကား နားထောင်တတ်တဲ့ ဥာဏ်မပါဘူး။ပညာကို ရှေ.တန်းမတင်ဘဲ လောဘကိုသာ
ရှေ.တန်းတင်ထားတယ်။လောဘနဲ.ဆက်စပ်တဲ့ ၀ီရိယကိုပဲထားတယ်။ ခြင်္သေ့ကြီးက
ခုနစ်ပတ်ပဲ ပတ်ရမယ်လို.ပြောပေမယ့် နားထောင်
ရဲ.လား
(မထောင်ပါဘုရား)
နားမထောင်ဘဲနဲ. ကိုယ်လုပ်ချင်သလို မလုပ်ဘူးလား
(လုပ်ပါတယ်ဘုရား)
လုပ်လိုက်တဲ့အခါကျတော့ သူက ပိုပြီးတော့ လှလာတာလား၊ အမြီးပေါက်တာလား
(အမြီးပေါက်ပါတယ်ဘုရား)
ကောင်းတာလား၊ဆိုးတာလား
(ဆိုးတာပါဘုရား)
အဲသလို ဆိုးပြီး ဆင်းရဲခြင်းဖြစ်သွားတာကို ဆန်းစစ်ကြည့်လိုရှိရင်
ဆရာ.စကား နားထောင်လို.လား၊ မထောင်လို.လား
(နားမထောင်လိုပါဘုရား)
နားမထောင်တဲ့အပြင် သူများထက်ပိုလှအောင် လောဘတက်လာလို.နော်။သူ.ရဲ. လောဘက
ဝိသမလောဘ ဖြစ်သွားတယ်။ရိုးရိုးလောဘက ကိစ္စမရှိသေးဘူး။ ၀ိသမလောဘဆိုရင်တော့
ဘ၀ပျက်စီးရတယ်နော်
(တင်ပါ့ဘုရား)
ကဲ.....ဒုတိယလူဟာ ခုနစ်ပတ်နဲ. မရပ်ဘဲ လောဘစိတ်နဲ. ရှစ်ပတ်လည်းပတ်လိုက်ရော
ခန္ဓာကိုယ် ဘာဖြစ်သွားတာတဲ့လဲ
(အမြီးထွက်သွားပါတယ်ဘုရား)
အမြီးထွက်လာတော့ ဘ၀ပျက်စီးမသွားဘူးလား
(ပျက်သွားပါတယ်ဘုရား)
ပျက်စီးသွားရှာတယ်နော်။အေးဒါကြောင့် ဒကာ၊ဒကာတွေ အမြီးမထွက်စေနဲ.၊ ရှင်းရဲ.လား
(တင်ပါ့ဘုရား)


မလျှော့တဲ့ဇွဲ အားမာန်ခဲ

အမြီးထွက်အောင်တော့ မလုပ်ပါနဲ.။ ပုံမှန်လုပ်ပါနော် မှန်မှန်လေးပေါ့။
အမြီးထွက်တယ်ဆိုတော့ အတ္တလွန်ကဲတဲ့ သဘော။တချို.ပုဂ္ဂိုလ်တွေက
တရားအားထုတ်တယ် ဆိုရင်ဇွဲသိပ်ကောင်းတယ်။ လုပ်ရင်းလုပ်ရင်းနဲ.
ဇွဲတွေ သိပ်တင်းလိုက်တော့ တင်းရင်း တင်းရင်းနဲ. ဇွဲက ဒိုင်းဆိုရင်
အောက်ကိုပြန်ပြုတ်ကျတယ်။ပြန်တင်ဖို. စွမ်းအားကလည်း မရှိတော့ဘဲနဲ.
အင်း...ငါလည်း တရားတော့ တော်တော်ထိုင်ပြီးပြီ၊ တော်တော်လည်း ကြီးစား
ပြီးပြီ၊ သူများတွေထက်တောင် ပိုထိုင်သေးတယ်။ဒါပေမဲ့
တရားလည်းမရလိုက်ဘူး။အိပ်ပြန်ပါတာပဲ ကောင်းတာပဲဆိုပြီးတော့
ကျသွားတဲ့ဇွဲအပေၞ ပြန်မတင်နိုင်ဘဲ အိမ်မပြန်ရဘူးလား။
(ပြန်ရပါတယ်ဘုရား)
ဒါဟာ ၀ီရိယတွေလွန်ကဲပြီး ၀ီရိယနောက်က ဥာဏ်မလိုက်နိုင်တဲ့အခါမျိုးမှာ
စိတ်တွေပျံ.လွင့်ကုန်တယ်။ ၀ီရိယနဲ. သမာဓိမမျှတရင် စိတ်တွေ
ပျံ.လွင့်ကုန်ပြီးတော့ သမာဓိမတည်ကြည်ဘဲ ကုသိုလ်အာရုံနဲ.
မပျော်နိုင်တော့ဘူး
ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
ဒါကြောင့် အရာရာမှာ မျှတရတယ်လို. ပြောတာပါ။ အရေးကြီးလို. ပြောတာပါ။
တရားအားထုတ်တဲ့အခါမှာ သမာဓိနဲ. ၀ီရိယဟာ မျှတရတယ်။သဒ္ဓနဲ.ပညာဟာလည်း
မျှတရတယ် ညီမျှရတယ်။တန်းတူဖြစ်နေရတယ်။အရည်
အချင်း တူရတယ်။ ယောဂီဟာ အဲဒီတရားလေးတစ်ခုကို သတိနဲ. ချင့်ချိန်တတ်ရတယ်။
သတိတစ်ခုသာမက ပိုသွားတယ်လို. မရှိပါဘဲနဲ. ကျန်တဲ့ သမာဓိဆိုတာလည်း
လွန်ကဲတတ်ပါတယ်။သဒ္ဓါဆိုတာလည်း လွန်ကဲတတ်
တယ်။ဝီရိယ လည်းလွန်ကဲတတ်တယ်။ပညာဆိုတာ လည်းလွန်ကဲတတ်တယ်။ဒါကြောင့်
တစ်ခုခုလွန်ကဲပြီဆိုရင် သတိနဲ.ပြန်ပြီးတော့ ကုသိုလ်စွမ်းအားတွေဖြစ်အောင်
ထူထောင်ရတယ် ဟုတ်လား
(တင်ပါ့ဘုရား)
ခုနကပြောသလို ကုသိုလ်အာရုံနဲ. မပျော်နိုင်တော့ဘူးဆိုရင်
အိမ်ပြန်ချင်လာလို. ပြန်ပြီဆိုကတည်းက အားထုတ်ရင် ဆက်တိုးတက်မယ့်
တရားအာရုံတွေ မဆုံးရှုံးရဘူးလား
(ဆုံးရှုံးပါတယ်ဘုရား)
ဒီနေရာရောက်ပြီး တရားအားထုတ်ဖို. အခွင့်အရေးဆိုတာ လွယ်ပါ့မလား
(မလွယ်ပါဘုရား)
စောင်းကြိုးပမာ ကျင့်သုံးပါ
အဘက်ဘက်က အကြောင်းတိုက်ဆိုင်ဖို. တော်တော်ကြိုးစားပြီးမှ ရောက်လာကြတာပါ။
အိုးပစ်၊ အိမ်ပစ်၊ မိသားစုတွေ၊ စီးပွားရေးတွေ ခဏပစ်ခဲ့ပြီးတော့မှ အားလုံး
ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးက အစ အစစပြည့်စုံမှ
ရောက်လာနိုင်တဲ့ နေရာလေးမှာ ဖျတ်ခနဲ ပေၞလာတဲ့ အိမ်ပြန်ချင်တဲ့
စိတ်တစ်ချက်နဲ. ပြန်ရမှာလား။ဒါမှမဟုတ် ဒီစိတ်ကလေးရဲ. မမြဲတဲ့သဘောကို
သတိဥာဏ်နဲ. အကဲခတ်ပြီး သတိနဲ. သိမ်းဆည်းရမှာလား
(သတိနဲ. သိမ်းဆည်းရမှာပါဘုရား)
ဒီပေၞတဲ့စိတ်ကတော့ တစ်ချိန်လုံး မြဲနေရဲ.လား
(မမြဲပါဘုရား)
ဒီမမြဲတဲ့သဘောကို အကဲခတ်ထားရင် ဒီအိမ်ပြန်ချင်တဲ့စိတ်ဟာလည်း
ခဏပါပဲ။ချုပ်ပျောက်ရတာပါပဲ ဟုတ်လား
(တင်ပါ့ဘုရား)
ဘာစိတ်ကလေးပဲပေၞပေၞ သတိနဲ.ကပ် ဥာဏ်ကလေးနဲ.မှတ်လိုက်ရင် ဘာလေးပေၞပေၞ
ချုပ်ပျောက်မနေဘူးလား
(ချုပ်ပျောက်နေပါတယ်ဘုရား)
ဒီလိုသာ သတိ၊ ဥာဏ်မဦးစီးပါပဲနဲ. ကုသိုလ်စွမ်းအားတွေကို
မထူထောင်နိုင်ဘူးဆိုရင် ဘာနဲ.တူလာသလဲဆိုတော့ နတ်ပြည်မှာ နတ်သား၊
နတ်သမီးတွေ မသေခင် ပုံစံတွေ ပြောင်းလဲလာကြတယ်လေ။တစ်သက်လုံးမှာ
ဘယ်တော့မှာ မပျင်းခဲ့တဲ့ နတ်သားနတ်သမီးတွေဟာ မသေခင်စုတိစိတ်မကျမီ
(၇)ရက်လောက်မှာ ပျင်းလာသတဲ့။ အ၀တ်တွေ အထည်တွေဟာဘယ်တော့ မှ မနွမ်းပေမယ့်
စုတိစိတ်ကျခါနီးမှာ နွမ်းလာတယ်တဲ့။ဟုတ်လား
(တင်ပါ့ဘုရား)
ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ပြောင်းလဲမှု မရှိခဲ့ပေမယ့် စုတိစိတ်ကျခါနီးမှာ
အိုးမင်းရင့်ရော်ပြီး ပြောင်းလဲရှာတယ်တဲ့။နန္ဒ၀န်ဥယျာဉ်ထဲမှာ
အလွန်.အလွန်မွေ.လျော်ခဲ့ပေမယ့် အဲဒီဥယျာဉ်ထဲမှာ သွားရောက်ပြီး
မပျော်ချင်တော့ဘူး။ စိတ်ဓာတ်တွေ ကျဆင်းသွားရှာတယ်။ခုနစ်ရက်ပြည့်တဲ့နေ.
စုတိစိတ်ကျပြီးတော့ ဒေါမနဿစိတ်နဲ.များ စုတိစိတ်ကျလို.ရှိရင်
ငရဲဒယ်အိုးထဲကို တစ်ခါတည်း ဆင်းရတာပဲနော်။
(တင်ပါ့ဘုရား)
ဒါကြောင့်ဘ၀ဆိုတာ ငှက်ခါးပျံ သလိုပဲ ဒကာ၊ဒကာမတွေ။ တစ်ခါတစ်ရံ မှာ
ဘ၀အဆင့်မြင့်နေတယ်။တစ်ခါတစ်ရံမှာ ဘ၀အောက်တန်း ကျနေပြန်တယ်။ဘ၀ဆိုတာဟာ
မခိုင်မြဲဘူးနော်။ ဘာဖြစ်လို. မခိုင်မြဲတာလည်းဆိုရင်
မိမိသန္တာန်မှာခိုင်နိုင် မြဲနိုင်တဲ့ တရားဓာတ်တွေ
မရှိသေးလို.။ခုပဲကြည့်လေ တရားမှတ်ရင်းနဲ. ၀ီရိယတွေ လွန်ကဲ၊
ပညာမလိုက်နိုင်တော့ ကုသိုလ်အာရုံနဲ. မပျော်တော့ပါပဲနဲ. အကုသိုလ်အာရုံနဲ.
ပျော်ချင်လာတယ်။
(တင်ပါ့ဘုရား)
ဒါဟာ မခိုင်မြဲလို.ပဲ။ခိုင်မြဲတဲ့စိတ် မိမိသန္တာန်မှာ မရှိသေးလို.ပဲ။
(တင်ပါ့ဘုရား)
ဒါကြောင့် လွန်ကဲသော ၀ီရိယလည်း မရှိရအောင်၊ သတိနဲ.
စောင့်ရှောက်ရမယ်။လွန်ကဲသော သဒ္ဓါလည်း မဖြစ်စေရဘူး။လွန်ကဲသော သမာဓိ၊
လွန်ကဲသောပညာတွေဖြစ်နေမယ်ဆိုရင် ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်မှာ
မဟုတ်ပါဘူး၊ မရောက်ပါဘူး။
(တင်ပါ့ဘုရား)
ပညာလွန်ကဲရင်လည်း ကောက်ကျစ်တတ်တယ်နော်။ဥာဏ်လွန်ကဲရင်
ကိုယ့်ကိုယ်ကိုယ်လည်း ကောက်ကျစ်တတ်သလို၊ သူတစ်ပါးကိုလည်း
ကောက်ကျစ်တတ်တယ်နော်။
(တင်ပါ့)
အတွေးတွေ လမ်းချော်နေတတ်တယ်။ အသိတွေများပြီး လမ်းချော်နေတတ်တယ်။
ကိုယ့်ကိုယ်ကိုယ် အတွေးတွေနဲ. အထင်ကြီးနေတတ်တယ်နော်။ဒါဟာ မဂ်ပဲ။ငါ
မဂ်ရပြီ စသည်ဖြင့် အတွေးတွေချော်ပြီးတော့ အတွေးတွေ
နဲ.ပဲ စိတ်ကူးယဉ်နေတတ်တယ်။ကိုယ့်ကိုယ်ကိုယ် တရားအမှတ်ကလေးတွေ
ကောင်းသွားလို. မှတ်စိတ်နဲ. အာရုံနဲ. ကိုက်နေရင်း တစ်ခါတစ်ရံ ဖျတ်ခနဲ
ထိန မိဒ္ဓ အစားထိုးဝင်သွားတာလေးကို မဂ်လို. ထင်သွားတယ်။ ငါ
သောတာပန်တည်ပြီ။ငါတရား ရထားပြီလို.
တွေးနေရော့။ကဲ......အဲသလိုအထင်ကြီးသွားပြီဆိုရင် အဲဒါ ပညာလွန်ကဲနေတာ
(တင်ပါ့ဘုရား)
ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်နဲ. ဝေးသွားပြီဟုတ်လား။
နားလည်တယ်နော်။ဒါကြောင့် တရားမှတ်တဲ့ပုဂ္ဂိုလ်ဟာ သဒ္ဓါနဲ.
ပညာမျှတဖို.လိုအပ်တယ်။ဝီရိယနဲ .သမာဓိမျှတဖို. လိုအပ်တယ်။သတိကတော့
ဘယ်တော့မှ ပိုတယ်မရှိဘူး။
အလိုပဲရှိနေတယ်နော်။
(တင်ပါ့ဘုရား)
ဝီရိယနဲ. သမာဓိ၊ သဒ္ခါနဲ.ပညာ မျှတဖို.အတွက် သတိသည် လိုရင်းပဲ။သတိကပဲ
အမြဲတမ်း ထိန်းပေးရတယ်။ဒါကြောင့် ယောဂီများကို ခဏခဏ ပြောနေတယ်။
ယောဂီများသတိထားကြ။ အရာရာတိုင်းမှာ သတိနဲ.ဆောင်ပြီး
ထားကြ။ အမှတ်တွေ လွဲနေတယ် သတိထားကြလို. သတိကို ရှေ.တန်းတင်ပြီး
ဘုန်းကြီးများ ခဏခဏပြောနေတယ်။လိုအပ်လို. ပြောနေတာနော်။ဘာဖြစ်လို. သတိကို
အထူးအားဖြင့် ပြောနေရသလဲဆိုရင် ဥာဏ်ကိုလည်း
ဒီသတိကပဲ ထိန်းရတယ်ဟုတ်လား
(တင်ပါ့ဘုရား)
သဒ္ဓါကိုလည်းသတိကပဲ ထိန်းပေးရတယ်။ဝီရိယကိုလည်း သတိကပဲ
ထိန်းပေးရတယ်။သမာဓိကိုလည်း ဒီသတိကပဲ ထိန်းပေးရတယ်ဟုတ်လား
(တင်ပါ့ဘုရား)
သမာဓိလွန်ရင် ဘာဖြစ်တတ်သလဲဆိုရင် အိပ်ငိုက်လာတတ်တယ်။သမာဓိလွန်ရင်
သတိကင်းတော့ အပ္ပမာဒနေရာမှာ ပမာဒက အစားထိုးလိုက်ခြင်းကြောင့်
အိပ်ငိုက်ပြီး မြောနေတတ်တယ် မဟုတ်လား
(တင်ပါ့ဘုရား)
အဲဒီပုဂ္ဂိုလ်ရဲ. သန္တာန်မှာ သတိဖျတ်ခနဲ ကင်းတာနဲ. တရားမှတ်တာလား။ မတရားမှတ်တာလား
(မတရားမှတ်တာပါဘုရား)
ဟုတ်တယ် လွဲနေတယ်ပေါ့။နားလည်တယ်နော်
(တင်ပါ့)
အမှတ်သတိ ကင်းတဲ့စိတ်ဟာ မကောင်းတဲ့ဘ၀ကို ပို.ပေးတတ်တယ်။ဒါကြောင့်
သတိရှိပေးရတယ်နော်။သတိထားပေးရတယ်နော်။ သတိနဲ.ဥာဏ်နဲ. ဥာဏ်နဲ.
သတိနဲ.နော်။ယှဉ်တွဲထားရတယ် ဟုတ်လား
(တင်ပါ့ဘုရား)
အဲသလို တွဲတွဲပြီး ကြည့်လိုရှိရင် သန္တာန်ထဲမှာ အမှားပျောက်ပြီး
အမှန်ရောက်နိုင်တယ်နော်
(တင်ပါ့ဘုရား)

အစွန်.တတ်မှ အနေမြတ်

ကဲ..ဟုတ်ပြီ ဒကာ၊ဒကာမတို.။ ခုနလေးက ပြောခဲ့တဲ့ သာဓကလေးပြန်
ကောက်ကြစို.။ဒီ ဒုတိယအမျိုးသားသည်သွားတော့သွားတယ်နော်။
သွားပင်သွားငြားသော်လည်း သူကလိုချင်စိတ်က ကောက်ကျစ်တယ်။ပြန်
ကောက်ကြည့်ဦး။သူကလှချင်တယ်နော်။ လှချင်လို. ခြင်္သေ့ကြီးက ပြောမယ်ဆိုတာ
သိလို.သွားတာ။တကယ်အသက်စွန်.ရဲလို. သွားတာဟုတ်ရဲ.လား
(မဟုတ်ပါဘုရား)
မောင်ရုပ်ဆိုးကျတော့ တကယ့်ကို သေလည်းမထူး၊ ရှင်လည်းမထူးဘူးဆိုပြီး
တကယ့်ကို စွန်.စားပြီးတော့ကို သွားတာ။ ငါ့အတွက် လောကမှာနေလို.
ဘာထူးဦးမှာလဲဆိုတဲ့စိတ်နဲ. တကယ့်ကို စွန်.စွန်.စားစား ၀ီရိယနဲ.သွားတာ။
ဟို..ဒုတိယလူနဲ. ၀ီရိယချင်းတူရဲ.လား
(မတူပါဘုရား)
ဟို..ဒုတိယလူက တကယ်စွန်.စားတာ ဟုတ်ရဲ.လား
(မဟုတ်ပါဘုရား)
ဒုတိယလူက လောဘနဲ.သွားတာနော်။ သွားကတည်းကိုက လှချင်လို. လောဘနဲ.သွားတာ ဟုတ်ကဲ့လား
(တင်ပါ့ဘုရား)
ရချင်၊ လိုချင်တဲ့စိတ်က ရှေ.ကရောက်နေတယ်။လိုချင်တဲ့စိတ်က
ရှေ.တန်းကိုပြေးနေတယ်။ ရှေ.တန်းပြေးတော့ ကပြီးပတ်ပြရတော့လည်း ရှေ.တန်းက
လောဘနဲ.ပိုလှချင်နေပြန်တော့ ပြောစကား နားထောင်ရဲ.လား။
(မထောင်ပါဘုရား)
နားမထောင်တော့ ရည်မှန်းချက်ပြည့်ရဲ.လား
(မပြည့်ပါဘုရား)
အောင်မြင်မှုကောရရဲ.လား
(မရပါဘုရား)
လွန်ကဲတာကိုး။ကဲ........ဒါကြောင့်မို.လို. ကမ္မဋ္ဌာန်အားထုတ်တဲ့ဟောဂီများဟာ
ပထမလူလိုပဲ စွန်.စွန်.စားစားဆောင်ရွက်တက်ရမယ်။ဆရာသမားဆိုတဲ့ ခြင်္သေ့ရဲ.
ပြောပြတဲ့ စကားအတိုင်း မျှမျှတတ၊ စကားလည်း တစ်သဝေမတိမ်း နားထောင်တတ်ရမယ်။
သူသည်ခုနစ်ပတ်ဆိုရင် ရှေ.ကိုနည်းနည်းလေးမှ မကျော်ပါဘဲနဲ.
ခုနစ်ပတ်ပြည့်တာနဲ. စိတ်တွေလည်း လှုပ်ရှားမှုမရှိပါပဲနဲ. ငြိမ်သက်စွာပဲ
ခြင်္သေ့ကြီးရှေ.မှာရပ်လိုက်တဲ့အတွက်ကြောင့် ဘ၀မှာ သူလိုချင်တဲ့
ငြိမ်းအေးတဲ့ အောင်မြင်မှု မရဘူးလား
(ရပါတယ်ဘုရား)


ကိုဖိုးသား ပေးပို့ထားသောမေးလ်အား တဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဖေဖော်ဝါရီလ(၁၃)ရက်၊ည(၉)နာရီတွင် ကူးယူတင်ပြပေး၏။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP