* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, February 10, 2010

ရတနသုတ် ပရိတ်တော်အကျိုး။

ရတနသုတ် ပရိတ်တော်၏ အစွမ်းတန်ခိုးကို ဓမ္မစာစောင်များတွင် မကြာခဏ ဖတ်ဖူးပါသည်။ ရဟန်းတော်များနှင့် လူကြီးသူမများ သြ၀ါဒစကား ပြောကြားရာတွင်လည်း ကြားခဲ့ဖူးပါသည်။ မိမိလုပ်ငန်းများ အဆင်ပြေနေချိန်ဖြစ်၍ အမှတ်တမဲ့ နေခဲ့မိပါသည်။ တကယ်တမ်း အကျပ်အတည်း တွေ့ချိန်တွင် မင်္ဂလာမောင်မယ်ပါ ဆောင်းပါး၌ ရတနသုတ်ကိုဖတ်ရှုရသဖြင့် ထိုသုတ်ကို တနေ့ ကိုးခေါက် ရွတ်မည်ဟု ဆုံးဖြတ်ပြီး ထိထိမိမိ ပီပီပြင်ပြင် ရွတ်ဆိုပွားများခဲ့သည်။ အမှန်တကယ် ကျော်လွှားအောင်မြင်ခဲ့သည့်အတွက် ဓမ္မမိတ်ဆွေများ ယုံကြည်စွာ ရွတ်ဆိုပွားများနိုင်ကြရန် ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ရေးသားတင်ပြပါသည်။

ကျွန်တော်သည် ဌာနဆိုင်ရာ အရာရှိတဦး ဖြစ်သည်။ ရုံးချုပ်နှင့် မိုင်းပေါင်းများစွာ ဝေးကွာသော အထက်မြန်မာပြည် ကန့်ဘလူမြို့နယ်အတွင်း လက်အောက်ငယ်သား ၄၀-ခန့်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပါသည်။

တာဝန်ထမ်းဆောင်ရသည့်ကာလမှာ မတ်လမှ ဇွန်လ၊ အလွန်ပူပြင်းသော ကာလအတွင်း ဖြစ်သည်။ နံနက် ၅-နာရီခွဲခန့် နေထွက်ပြီး ည ၇-နာရီခန့်ထိ နေ၏ အလင်းရောင် ကောင်းစွာရရှိသည်။ နေ့လယ်ခင်း အလွန်ပူပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် တဲများပြိုလဲသည်အထိ လေပြင်းတိုက်ပြီး တခါတရံ မိုးသီးများ ပါလာတတ် သည်။

တနေ့ ည ၁၀-နာရီခွဲခန့် ကျွန်တော်အိပ်ပျော်ခါစတွင် လက်အောက်ငယ်သားတဦး၏ ဖယောင်းတိုင်မီးမှ တဆင့် တဲကြီးတတဲလုံး မီးထဲပါသွားပြီး ဆန်အိတ်တချို့၊ စားသောက်စရာနှင့် ရုံးသုံးပရိဘောဂအနည်းငယ် မီးထဲပါသွားခဲ့ပါသည်။ ထိုငယ်သားကပင် ကာလတန်ဖိုး တသိန်းခန့်တန်သော ဗွီစီဒီပြစက်နှင့် ငွေ ၁၅၀၀၀-ခန့် ခိုးယူထွက်ပြေးသွားသည်။ အနီးကပ် အုပ်ချုပ်နေသူ အထက်အရာရှိကြီးတဦးက ကျွန်တော့်အား အထင်အမြင် လွဲမှားနေချိန်လည်းဖြစ်၍ စိတ်ညစ်ညူးမိပါသည်။

ကျွန်တော်လည်း စိုက်လျော်ရမည့် ငွေကြေးများအတွက် ရတက်မအေးဖြစ်နေရချိန် မင်္ဂလာမောင်မယ်ပါ ဆောင်းပါးကြောင့် ၉-ရက် အဓိဋ္ဌာန်ဝင်၍ ရတနသုတ်ပရိတ်တော်ကို ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ရာ အောက်ပါအတိုင်း အကျိုးထူးများ ရရှိခဲ့ပါသည်။

(၁) ၉-ရက်ပြည်သောနေ့မှာပင် အထက်အရာရှိကြီးက ၄င်း၏ အထင်အမြင် လွဲမှားမှုများ ပြေပျောက်ပြီး အများရှေ့တွင် ထုတ်ဖော်ချီးကျူးခဲ့ပါသည်။
(၂) ဗွီစီဒီ ပြစက် ခိုးယူထွက်ပြေးသော ငယ်သားကိုလည်း လှည်းကူးမြို့အနီးတွင် ပြန်လည်ဖမ်းမိကြောင်း ရုံးချုပ်မှတဆင့် သိရပါသည်။
(၃) မီးထဲပါသွားသော ဆန်အိတ်နှင့် အခြားပစ္စည်းများကိုလည်း အခြားအရာရှိသို့ လွှဲပြောင်းချိန်တွင် စနစ်တကျ အဆင်ပြေပြေ လွှဲပြောင်းနိုင်ခဲ့ပါသည်။
ရတနသုတ်ပရိတ်တော်၏ အစွမ်းတန်ခိုးကို လက်ငင်းတွေ့မြင်ခဲ့ရသဖြင့် ဓမ္မမိတ်ဆွေများ ကြည်ညိုစွာ ရွတ်ဆိုပွားများနိုင်ရန် စေတနာဖြင့် တင်ပြအပ်ပါသည်။
(၀ိစာရ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု အောက်တိုဘာလ)

Read more...

သင့်ကို အလိုရှိသည်မှာ...။









Read more...

ထာဝရ ရာနှုန်းပြည့်လူ။

              ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု)   မပျက်စီးရင် သေတာတောင် ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။
                       (ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)
ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရှိစဉ်က ရန်ကုန် ကျိုက္ကစံမှာ သီတင်း သုံးနေတော်မူတဲ့အချိန်မှာ ဆရာတော် ဘုရားကြီး တည်ထောင်သီတင်းသုံးခဲ့တဲ့  ရွှေကျင်ဂိုဏ်း ပင်ရင်းမူလ မန္တလေးမြို့ အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်ကြီးထဲက  ကျောင်းအချို့ မီးလောင် ပျက်စီး သွားတယ်။ ဒီအကြောင်း ဆရာတော်ဘုရားကြီးထံ လျောက်ထားကြတဲ့အခါ  အထက်ပါ ဆုံးမ သြ၀ါဒကို နှုတ်က မြွတ်ကြားသလို  ဂါထာနဲ့လဲ ရေးဖွဲ့ပြီး တပည့်ရဟန်းများကို ဆုံးမတော် မူခဲ့ ပါတယ်။
undefined
        ဆရာတော်ကြီးအဆုံးအမက ဂါထာ သုံးပုဒ်ရှိပါတယ်။ ဆိုလိုရင်းကတော့ ဘ၀သံသရာ တစ်လျှောက်လုံးမှာ စကြ၀တေးမင်းစည်းစိမ်မျိုးအထိလဲ ရှိခဲ့ဖူးမှာပဲ။ အဲဒီ ဘ၀တွေမှာ ရခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာ (ရုပ်ခန္ဓာ)တွေလဲ ဆုံးရှုံး ပျက်စီးတတ်တဲ့ သဘာဝအတိုင်း ပျက်စီးခဲ့ပြီး  တကယ် တမ်းဘ၀ကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပို့ဆောင်ပေးခဲ့တာက အဲဒီ ၀တ္ထုတွေ မဟုတ်ပါဘူး။  မိမိတို့ ဆည်းပူးခဲ့တဲ့ ပါရမီကောင်းမှု (နာမ်ခန္ဓာစု) ကသာဖြစ်ပါတယ်။  ဒါကြောင့် ရုပ်ခန္ဓာတွေ ဘယ်လိုပဲ ပျက်စီးပါစေ၊ နာမ်ခန္ဓာ ပါရမီကောင်းမှုတွေသာ မပျက်စီးစေနဲ့။  ဒီပုဂ္ဂိုလ် မျိုးကို သေသွားတောင်မှ ပျက်စီးသူလို့ မဆိုနိုင်ဘူးလို့ ဆုံးမခဲ့တာပါ။
        “လူ”ဆိုတာ ရုပ် နာမ် နှစ်ခုတို့ရဲ့ အစုအဝေး ဖြစ်တယ်ဆိုတာကတော့ ကြားဖူးသူ များပါ လိမ့်မယ်။  မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်က တွေ့မြင်နေရတဲ့ ခန္ဓာကိုယ်ကြီးက ရုပ် အစုအဝေးကြီးပါ။ အတွင်းမှာ သိမြင် ခံစား မှတ်သား ကြံစည်တတ်တဲ့  သိမှု အစုအဝေးကို နာမ် ခန္ဓာလို့ ခေါ်ပါတယ်။ ဒီရုပ်တရား နာမ်တရား နှစ်မျိုးလုံး ပြည့်စုံနေခိုက်ကို သက်ရှိ“လူ”လို့ ခေါ်ရ တာပါ။
        လူ့ဘ၀ တစ်ခုရဲ့ ယေဘုယျ ဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ပထမ အရွယ်လို့ ခေါ်တဲ့ လူ့ဘ၀ရောက်ပြီး အနှစ်သုံးဆယ် အရွယ်လောက်အထိဟာ ရုပ်ခန္ဓာရဲ့ ကြီးထွားမှုက အားသာ ပါတယ်။ ဒီအရွယ်မှာ နာမ်ခန္ဓာစုကလဲ ရုပ်ခန္ဓာကြီးထွားမှုနဲ့  ရုပ်ခန္ဓာရဲ့ အထောက်အပံ့ဖြစ်တဲ့  ရုပ်ပိုင်း ဆိုင်ရာ ပစ္စည်းဥစ္စာ တိုးတက်မှုကိုပဲ အဓိက အားသာနေတာ များတတ်ပါတယ်။
        နာမ်ခန္ဓာစုရဲ့ တကယ်တိုးတက်မှု အစစ်ဆိုတာ ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိနဲ့ သဘာဝတရားရဲ့ သဘောအမှန်ကို သိတတ်တဲ့ ပညာတရားများ တိုးတက် ကြီးထွား မှုကိုသာ ခေါ်ရတာပါ။ ရုပ်ပိုင်း ဆိုင်ရာ အထောက်အကူ ဖြစ်တဲ့ လောကီအတက်ပညာ တိုးတက် ကြီးပွားမှုဟာလဲ တကယ် နာမ်ခန္ဓာတိုးတက်မှု အစစ်မဟုတ်သေးပါဘူး။  ဒါကလဲ ဒီအတတ်ပညာတွေနဲ့  ရှာဖွေရရှိထားတဲ့ ပစ္စည်း ဥစ္စာတွေက အရွယ်သုံးပါးမရွေး ချမ်းသာမှုကို ပေးနိုင်စွမ်း မရှိတာနဲ့ သေရွာအထိ ယူဆောင်လို့ မရနိုင်တာကို သဘောပေါက်မှ နားလည် လက်ခံနိုင်မှာပါ။
        ပထမအရွယ်လို့ခေါ်တဲ့ ရုပ်ခန္ဓာ ကြီးထွားတိုးတက်မှု အားသာနေတဲ့ အရွယ်မှာ နာမ်ခန္ဓာ ရဲ့ တကယ်တိုးတက်မှု အစစ်ဖြစ်တဲ့  သီလ၊သမာဓိ၊ပညာတို့က များသော အားဖြင့် အင်အား နည်းပါးတာဟာ လူအများစုကြီးရဲ့ ယေဘုယျဖြစ်စဉ်ကြီးပါ။
        ပထမအရွယ် လွန်လာပြီဆိုရင်တော့ ရုပ်ခန္ဓာရဲ့ သဘာဝကြီးထွားမှုလို့ဆိုရမယ့် မျိုးရိုးဗီဇ ဆိုင်ရာ ရှိသင့် ရှိထိုက်တဲ့  အရပ်အမောင်း ကြီးထွားမှုများက ရပ်ဆိုင်းသွားပါပြီ။ ( သဘာဝလွန် ဖြစ်တဲ့ ၀ဖြိုးတာ၊ ဗိုက်ရွှဲတာမျိုးကတော့ သဘာဝကြီးထွားမှုလို့  မဆိုနိုင်တော့ပါဘူး)  ဒီအရွယ်မှာ ရုပ်တရားနဲ့အတူ  နာမ်တရားစုကလဲ  အင်အားအညီအမျှ တိုးတက် ရင့်ကျက် ကြီးထွားလာဖို့ လိုအပ်ပါတယ်။
        မင်္ဂလာတရားတော်မှာပါတဲ့ အနကုလ=အနှောင့်အယှက်ကင်းရမယ်။ အန၀ဇ္ဇ= အပြစ် ကင်းရမယ်ဆိုတာ ဒီအရွယ်မှာ ရုပ်နာမ်နှစ်ပါး အချိုးအစားညီမျှအောင် သတိပြုရမယ်လို့ ဆိုလို တာပါ။ အနကုလ ဆိုတာက စီးပွားရှာရာမှာ အပျော်အပါး အသောက်အစားဆိုတဲ့ အနှောက် အယှက်တွေ ကင်းစင်ရမယ်လို့ ဆိုတာဖြစ်ပြီး၊ အန၀ဇ္ဇ ဆိုတာ မကောင်းမှု ဒုစရိုက် ကင်းစင်ပြီး  ကိုယ်ကျင့်သီလ အခြေခံတဲ့ စိတ်ဓာတ် ခိုင်မာမှုကို တည်ဆောက်ရမယ်။ သဘာဝရဲ့  မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောကို သတိပြု နားလည် ထားရမယ်လို့ ဆိုလိုပါတယ်။
        ဒုတိယအရွယ်ရဲ့ ထက်ဝက်ကို ကျော်လွန်လာချိန်မှာတော့ ရုပ်တရားစုတို့ဟာ သိသိ သာ သာ လျော့နည်းလာပါပြီ။ ပုံမှန်ကြီးထွားမှု လျော့နည်းလာရုံသာ မကဘူး ပြင်ပအာရုံ ခံစားနိုင်မှု တို့လဲ သိသိသာသာ လျော့နည်းသွားလောက်ပါပြီ။ ဒီအခါမှာ ရုပ်တရားစု ကျဆင်းလာမှုနဲ့အတူ နာမ်တရားစု(စိတ်ဓာတ်)ပါ ကျဆင်းလာမယ်ဆိုရင်တော့ လူဟာ ရာနှုန်းမပြည့်နိုင်တော့ပါဘူး။
        အမှန်တကယ် ဖြစ်သင့်တာကတော့ ရုပ်တရားစုကြီးသိသိသာသာ လျော့နည်းသွား တာကို သတိထား အသိပွားပြီး ဒါဟာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်(ယထာဘူတ) သဘောပဲဆိုတဲ့ အသိအမှန်(ယထာဘူတဉာဏ်)ဖြစ်ပေါ်လာအောင် ကြိုးစား ကြရမှာပါ။
        ဒီအသိဉာဏ် ရဘို့ဆိုတာကလဲ အခြေခံကိုယ်ကျင့် တရားကစပြီး တည်ထောင်ရပါတယ်။ ကိုယ်ကျင့်တရာကို ကောင်းမွန်မှန်ကန်အောင် မတည်ဆောက်နိုင်ရင် အကျင့်ပါ အရှိန်ရနေတဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုတွေက စိတ်ဓါတ်ကို ယိမ်းယိုင်လှုပ်ရှားနေအောင် ဆင်ခြေပေးဆွဲ ဆောင်နေတတ်ပါတယ်။ အဲဒီဆင်ခြေတွေနဲ့ စိတ်ဓါတ် မခိုင်မမာ(သမာဓိမရ) ဖြစ်နေသမျှ သဘာဝအမှန်ကို သိမြင်နိုင်ရေး(ယထာဘူတဉာဏ်၊ ၀ိပဿနာဉာဏ်တို့ဟာလဲ အလှမ်းဝေးနေ ဦးမှာပါ။
ယထာဘူတဉာဏ်နဲ့ ထောက်ကန်ပေးနိုင်ပြီဆိုရင်တော့ ရုပ်ခန္ဓာပျက်စီးမှုကပင် နာမ်ခန္ဓာ( သိမှု အစုအေ၀း) ရင့်သန်မှု အထောက်အကူ ပေးနေပါလိမ့်မယ်။ ရုပ်ခန္ဓာ ယိုယွင်း ပျက်စီးလာတာနှင့် အမျှ နာမ်ခန္ဓာကို တိုးတက်အောင် ကြိုးစားတည်ထောင် နိုင်မယ်ဆိုရင်တော့ လူဟာ အမြဲတမ်း ရာနှုန်းပြည့်နေမှာ မလွဲပါဘူး။
        ပိဋကတ်တော်ထဲမှာပါတဲ့ ကျာ။ကိုက်ခံရတဲ့ ရဟန်းငယ်တစ်ပါး ခြေဖျားကစပြီး ကျားစား ခံရတဲ့အခါ ဒီခံစားမှုအပေါ်မှာ မပြတ်သတိထား အသိပွါးရင်း နောက်ဆုံး ရုပ်ခန္ဓာအဆုံး ပျက်စီး (သေဆုံး)ချိန်မှာ နာမ်ခန္ဓာက ရာနှုန်းကိုကျော်လွန်ပြီး လောကုတ္တရာအသိရဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားရတာဟာ ရုပ်ခန္ဓာ ပျက်စီးမှုကို နာမ် ခန္ဓာတိုးပွါးဖို့ အဖြစ် စနစ်တကျ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနှင့်အညီ အသုံးချသွားတဲ့ သာဓက တစ်ရပ်ပါပဲ။
        နကုလပိတာ နကုလမာတာတို့ကို မြတ်စွာ ဘုရားရှင် ဟောကြားတော်မူတဲ့ “ ခန္ဓာကိုယ် နာသော်လည်း စိတ်မနာစေနဲ့” ဆိုတဲ့ အဆုံးအမ၊ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြား လေ့ရှိတဲ့“ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ နာမ်ခန္ဓာ(အထူးသဖြင့် ဉာဏ်ပညာ)က မသေရာဘက် သွားနေစေရမယ်” ဆိုတဲ့ အဆုံးအမများဟာလဲ ဒီသဘောကို ညွှန်ပြနေတာပါ။
        “ရုပ်ခန္ဓာရဲ့ ယိုယွင်း ပျက်စီးမှုများကို နာမ်ခန္ဓာ(အသိဉာဏ်)ရဲ့ တိုးတက်မှုအတွက် အသိထား အသိပွားအောင် အသုံးချကြ”လို့ ဆိုလိုရင်းပါပဲ။ ဒီလို ရုပ်ဘက်က လျော့နည်းမှုကို နာမ်တရားရဲ့ တိုးတက်မှုနဲ့ အစားထိုးနိုင်သမျှ လူဟာ သေသည်အထိ အမြဲတမ်း“ရာနှုန်းပြည့်” ဖြစ်နေမှာ မလွဲပါဘူး။
        ဒီစာရဲ့ အစမှာပါတဲ့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဆုံးမလိုရင်းကတော့ သေသည်အထိသာမကဘူး။ သံသရာတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ မပျက်စီးဘူးလို့ ဆိုလိုပါတယ်။ မှန်ပါတယ်။ တရားဂုဏ်တော်တွေထဲက “ သြပနေယျိက= အနီးကပ်ဆောင်ယူခြင်း” ဂုဏ်ဆိုတာ ဘ၀သံသရာတစ်လျှောက် အခါအခွင့်ကြုံရင် အကျိုးပေး နိုင်ဖို့ ကမ္မသတ္တိများက အနီးကပ် လိုက်နေသလို မပျောက်မပျက် တည်ရှိနေတယ်လို့ ဆိုလို တာပါ။
        ဘ၀ကို သင်္ချာတွက်နဲ့ တွက်လိုသူတို့အဖို့ကတော့ စားလဒ်များကို ဒီအတိုင်းထားရင် တည်ကိန်းထက်လျော့နေမယ်။
        စားလဒ်ကို စားကိန်းနဲ့မြှောက်ရင် တည်ကိန်းပဲ အလွန်ဆုံးရမယ်။
        စားလဒ်(သို့မဟုတ်) စားကိန်းများကို တည်ကိန်းနဲ့ မြှောက်ပွားရင်တော့ တည်ကိန်းထက် ပိုလွန်တဲ့ အဖြေကို ရနိုင်တယ်လို့ ဆိုရလိမ့်မယ် ထင်ပါတယ်။
        ဘ၀က တည်ကန်း အချိန်က စားကိန်း၊ ရုပ်ခန္ဓာ အိုမင်းမှုများကို စားလဒ်များလို သဘော ထားပြီး တွက်ကြည်ဖို့ပါ။
        သာသနာနဲ့ ကြုံတုန်းမှာ“ ထာဝရ ရာနှုန်းပြည့်လူ အဖြစ်ကို ကျော်လွန်အောင်” သတိထား အသိပွားနိုင်ကြပါစေ။

                                              ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏...

သိဝသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ၌ သိဝနတ်သားသည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ် အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊
အခြား သူမိုက် ထံမှ ပညာကို မရနိုင်။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသောလားရာ သုဂတိဘဝသို့ ရောက်ကုန်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏'' ဟု လျှောက်၏။
ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို
ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော်
အလုံးစုံသော ဆင်းရဲ အပေါင်းမှ 
လွတ်မြောက် နိုင်၏ ဟု မိန့်တော်မူ၏။
102

၁ - သိဝသုတ်၊ နာနာတိတ္ထိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအတွက် ဒုတိယအကြိမ် အလှူရှင်များ ဖိတ်ခေါ်ခြင်း။

အကြောင်းအရာ။ ။စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ၊ (၂၀၁၀ - ၂၀၁၁ )ခုနှစ်အတွက် တစ်နှစ်စာ ဆွမ်းအလှူရှင်မျာကို ဖိတ်ခေါ်ခြင်း။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။
ကျွန်မတို့ မောင်နှမများသည် မြန်မာပြည်တွင်း သံဃာတော်များနဲ့ ကိုရင်လေးများ ဆွမ်းအတွက် အခက်အခဲ မဖြစ်နိုင်ကြစေရန် ရည်ရွယ်ချက် နဲ့အတူ နိုင်ငံခြားရောက် မြန်မာဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများမှ မိမိတို့ စေတနာ သဒ္ဓါတရား ထက်သန်သလောက် ပါဝင်လှူဒါန်းမှုပြုနိုင်ကြစေရန် ရည်ရွယ်ပြီး ဆရာတော်ကြီးများ ကမကထပြု ဖွဲ့စည်းထားသော စစ်ကိုင်းတောင် ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးကို ကျွန်မနဲ့အတူမောင်နှမများမှ နိုင်ငံခြားရောက် စေတနာသဒ္ဓါတရားထက်သန်သော အလှူရှင်များထံမှ အလှူငွေများ ကောက်ခံပြီး ဆွမ်းလောင်းအသင်း အဆင်ပြေအောင်မြင်နိုင်စေရန် ကြိုးစားလုပ်ဆောင်လျှက် ရှိကြပါတယ်ရှင်။

ကျွန်မသည် စစ်ကိုင်းသူ မဟုတ်သလို ၊ စစ်ကိုင်းတောင်ရိုးသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့ပါ။စစ်ကိုင်းတောင်ရိုးမှ ဆရာတော် ဦးကောဝိဒ နှင့်လည်း အရင်က မသိခဲ့ပါ။ဒီလိုအလှူလေးများလုပ်ဆောင်နိုင်ရန် ဘလော့ဂ်တစ်ခုတွင် ဖတ်ဖြစ်၍ သိရှိခဲ့ရပြီး ဘလော့ဂါဆရာကြီး ကိုရန်အောင်နှင့် တိုင်ပင်ကာ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် ကျွန်မတို့ ဘလော့ဂါမောင်နှမများ တတ်နိုင်သလောက် အလှူခံပြီး ဖြည့်ဆည့်ပေးဘို့ စိတ်ကူးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးကို တတ်နိုင်သလောက် ဖြည့်ဆည်းလှူဒါန်းနေကြခြင်းသာ ဖြစ်ပါတယ်ရှင်။

ပထမအကြိမ် (၂၀၀၉- ၂၀၁၀)ခုနှစ်အတွက် အလှူငွေ စာရင်းရှင်းတမ်း ပြုလုပ်ပြီး ဖြစ်ပါ၍ ယခု ဒုတိယအကြိမ်( ၂၀၁၀-၂၀၁၁)ခုနှစ်အတွက် တစ်နှစ်စာ ဆွမ်းအလှူရှင်များကို ပြန်လည်ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ဆွမ်းအလှူအကြောင်းလေးကို မသိသေးသူ အလှူရှင် များသိရလေအောင် ထပ်မံ ပြောပြရမယ်ဆိုရင် ကျွန်မတို့ ဘလော့ဂါ မောင်နှမများ နဲ့ စာဖတ်သူ မောင်နှမများမှ ၂၀၀၉ ခုနှစ် ဇူလိုင်လမှ စပြီး အပတ်စဉ်တနလာင်္နေ့တိုင်းကို စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ဆွမ်းပတ်အဖြစ်သတ်မှတ်ပြီး သံဃာတော် အပါး ၂၅၀ မှ သံဃာတော် နဲ့ ကိုရင်လေးများ အပါး ၅၀၀ ကျော်အထိကို နေ့ဆွမ်းဟင်းများ လောင်းလှူလျှက်ရှိကြပါတယ်ရှင်။တနလာင်္ဆွမ်းပတ်တိုင်းမှာ ဆွမ်းဆန်အလှူရှင်(ကိုဖြိုး+ကိုထက် ၊ ရွှေအိမ်စည် တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေး) နဲ့ ဆီအလှူရှင် ( ဒေါ်ချိုကုန်စုံဆိုင် ၊ရွှေဘို) များရှိနေတာကြောင့် ကျွန်မတို့မှ ဆွမ်းဟင်း အတွက်ကိုသာပဲ ပြည့်စုံလုံလောက်အောင် လောင်းလှူ နေခဲ့ကြခြင်း ဖြစ်ပါတယ်ရှင်။


အလှူရှင်များကို ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ကျွန်မမှ သံဃာတော်များနဲ့ ကိုရင်လေးများကို ဒီနှစ်တော့ အာရုံဆွမ်းပါ တပါတည်း ကပ်လှူနိုင်အောင် စဉ်းစာမိပါတယ်ရှင်။ကျွန်မတို့မှ နေ့ဆွမ်းကိုသာပဲ အဆင်ပြေအောင် စီစဉ်ခဲ့ပေမယ့် အလှူခံကြွလာကြတဲ့ သံဃာတော်များနဲ့ ကိုရင်လေးတွေမှာ စစ်ကိုင်းတောင်ရိုးမှ မြို့ထဲကို ၃၊၄ နာရီကြာအောင် ဆွမ်းခံကြွရတဲ့အတွက် နော်ဝေမှ အလှူရှင်တစ်ဦးက အပတ်စဉ်တနလာင်္နေ့တိုင်းမှာ ကိုရင်နဲ့ သံဃာတော်များအဆင်ပြေစေရန်အတွက် အာရုံဆွမ်းပါ တပါတည်း တာဝန်ယူပြီး ကပ်လှူလျှက်ရှိနေခဲ့တာကြောင့် တနလာင်္နေ့တိုင်းမှာ အာရုံဆွမ်းအတွက် သီးသန့်အလှူထွက်ခံစရာမလိုတော့ပါပဲ သံဃာတော်များနဲ့ ကိုရင်လေးများအတွက် အဆင်ပြေနေခဲ့ရပါတယ်ရှင်။အာရုံဆွမ်းအလှူရှင်ကလည်း ကျွန်မနဲ့ရင်းနှီးခင်မင်နေပြီးတော့ အလှူရှင်မှာ သံဃာတော်များနဲ့ ကိုရင်လေးများအတွက် အဆင်ပြေနိုင်စေရန်သာ စေတနာရှေ့ထားပြီး စီစဉ်ဆောင်ရွက်ပေးနေပေမယ့်လည်း အလှူရှင်မှာလည်း အခက်အခဲတချို့ရှိနေတဲ့အတွက် အာရုံဆွမ်းကိုပါ ကျွန်မတို့မှ တတ်နိုင်သလောက် ပါဝင်လှူဒါန်းသွားနိုင်ဘို့ စီစဉ်ရခြင်း ဖြစ်ပါတယ်ရှင်။

ဒါကြောင့်မို့ မိမိတို့ မွေးနေ့ဆွမ်းအလှူ ၊ မင်္ဂလာဆွမ်းအလှူ နဲ့ အမှတ်တရနေ့ ဆွမ်းအလှူများ ကပ်လှူလိုသူ အလှူရှင်များအနေနဲ့ မိမိတို့ မွေးနေ့ ၊ အမှတ်တရနေ့တွေမှာ သံဃာတော်များကို အဆင်ပြေစွာ ဆွမ်းကပ်နိုင်ရန်အတွက် နေ့ဆွမ်းကို အဓိကထားပြီး လှူဒါန်းစေလိုပါတယ်ရှင်။ဖြစ်နိုင်ကြမယ်ဆိုရင်တော့ (အာရုံဆွမ်း + နေ့ဆွမ်းကို )တပါတည်း ဆက်ကပ်စေလိုပါတယ်ရှင်။ နေ့ဆွမ်းအလှူရှင်သာရှိပြီး အာရုံဆွမ်းအလှူရှင်မရှိတဲ့အလှူရက်တွေမှာတော့ နော်ဝေမှ အလှူရှင်က ကိုရင်လေးများနဲ့ သံဃာတော်များအဆင်ပြေနိုင်စေရန် အာရုံဆွမ်းကို အမြဲဆက်ကပ်လျှက်ရှိနေပါတယ်ရှင်။

ယခု (၂၀၁၀-၂၀၁၁ ခုနှစ်) ဒုတိယ အကြိမ်မှာ အပတ်စဉ် တနလာင်္နေ့တိုင်း အာရုံဆွမ်းအတွက် အလှူငွေ ( ၅၀၀၀၀ ကျပ်)သတ်မှတ်ထားပြီး နဲ့ နေ့ဆွမ်းအတွက် အလှူငွေ(၁၀၀၀၀၀ ကျပ်) သတ်မှတ်ထားပါတယ်ရှင်။

အလှူရှင်များအနေနဲ့ တစ်နှစ်စာ အာရုံဆွမ်းအတွက် ( ၅၀၀၀၀ ကျပ်) ပဲလှူလှူ ၊ နေ့ဆွမ်းအတွက် ( ၁၀၀၀၀၀ ကျပ်)ပဲလှူလှူ ၊ အာရုံဆွမ်း+နေ့ဆွမ်းအတွက် ( ၁၅၀၀၀၀ ကျပ်)ပဲလှူလှူ ၊ပိုလှူချင်ကြတဲ့ အလှူရှင်တွေကိုလည်း ပိုမိုပြီး လှူဒါန်းနိုင်ကြပါစေရန် ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ မိမိတို့ အလှူရှင်တစ်ဦးလျှင်အလှူငွေအတွက် ၅၀၀၀၀ ကျပ် (သို့) ၁၀၀၀၀၀ ကျပ် (သို့)၁၅၀၀၀၀ ကျပ် ထည့်ဝင်ရုံနဲ့ တစ်နှစ်စာ ဆွမ်းအလှူရှင်များ ဖြစ်နိုင်ကြပါတယ်ရှင်။

ကျွန်မတို့မှ တနလာင်္တစ်ပတ်လျှင် (အာရုံဆွမ်း ၅၀၀၀၀ ကျပ်+နေ့ဆွမ်း ၁၀၀၀၀၀ကျပ်= ၁၅၀၀၀၀ ကျပ်) တစ်လခန့်မှန်း ( ၄ ပတ်စာ= ၆၀၀၀၀၀ ကျပ်) ဖြင့် တစ်နှစ်စာ အတွက် အလှူငွေ စုစုပေါင်း ( သိန်း ၇၀ ကျော် ) ရ အောင် အလှူရှင် မောင်နှမများထံမှ အလှူငွေများ စုပေါင်းကောက်ခံပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွက် တစ်နှစ်စာ အာရုံဆွမ်း+နေ့ဆွမ်း အဆင်ပြေစွာ လှူဒါန်းနိုင်အောင် ရည်ရွယ်ထားပါတယ်ရှင်။

ဒါကြောင့်မို့ အာရုံဆွမ်း အတွက် လှူဒါန်းလိုသူ ( ၅၀၀၀၀ ကျပ်)အလှူရှင် ( ၄၈ ဦး) ၊ နေ့ဆွမ်းအတွက် လှူဒါန်းလိုသူ(၁၀၀၀၀၀ ကျပ်) အလှူရှင် ( ၄၈ ဦး) လိုအပ်မှာ ဖြစ်ပါတယ်ရှင်။အာရုံဆွမ်း+နေ့ဆွမ်း အတွက်(၁၅၀၀၀၀ ကျပ်) စုပေါင်းလှူဒါန်းလိုတဲ့ အလှူရှင်များလည်း ရှိလာနိုင်ပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ပထမအကြိမ်အလှူရှင်များစာရင်း

ယခု ဒုတိယအကြိမ် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် ကြိုတင်စာရင်းပေးထားကြတဲ့ အလှူရှင်များကတော့..
၁.Dr.Nyan+၀ါဝါခိုင်မင်းမိသားစု(ဂျပန်)
၂.မိဘများကို အမှူးထား၍ မနွယ်နွယ်သိမ့်(စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၃.Lewis-hmwe (စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၎.မသန္တာဝင်း(စင်္ကာပူ)
၅.Zephyr (စင်္ကာပူ) (တစ်သိန်းကျပ်)
၆.မအေးဇာနွယ် (စင်္ကာပူ)
၇.မေသူခိုင် (စင်္ကာပူ)
၈.ဒေါက်တာမျိုးမင်းသန့်+မမေယမင်းသူ (စင်္ကာပူ)
၉.U Jimmy Soe & family (စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၁၀.မိဘများကို အမှူးထား၍ ခွန်သဒ္ဒါ (ဂျပန်) ( တစ်သိန်း ငါးသောင်းကျပ်)
၁၁.သီတာဇော်မင်း (ဂျပန်)
၁၂.အလှူရှင်တစ်ဦး(နော်ဝေး)
၁၃.မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ)(တစ်သိန်း ငါးသောင်းကျပ်)
၁၄.ဦးမြင့်စိုး+ဒေါ်ခင်ဆွေသိန်း ၊ သမီး-ခင်ကလျာစိုး မိသားစု
၁၅.ကိုဇေယျာလင်း-မခင်ဖြူ (စင်္ကာပူ) ( တစ်သိန်းကျပ်)
၁၆.နှစ်ဖက်သောမိဘများကို အမှူးထား၍ မောင်ဇော်လင်းနိုင်+မဥမ္မာသန့်(စင်္ကာပူ)
၁၇.ဦးကျော်ထွန်း+ဒေါ်ခိုင်စံပယ် မိသားစု ( ကနေဒါ)
၁၈.ဂျပန်ကောင်လေး( ဂျပန်) ယန်း ၅၀၀၀
၁၉.မောင်ယဉ်မင်းငြိမ်း (ဂျပန်) ယ်း ၅၀၀၀
၂၀. မိဘများကို အမှူးထား၍ နန်းမေဇင်အေး (စင်္ကာပူ) ( တစ်သိန်း ငါးသောင်း)

တို့ ဖြစ်ကြပြီး အလှူရှင်များမှ မိမိတို့လှူဒါန်းလိုကြတဲ့ အလှူငွေ ပမာဏများကို ပြန်လည်ဆက်သွယ်ပြီး ပြောပေးကြပါရန် မေတ္တာရပ်ခံ လိုက်ရပါတယ်ရှင်။(၅၀၀၀၀ ကျပ်) ၊ ( ၁၀၀၀၀၀ ကျပ်) ( ၁၅၀၀၀၀ ကျပ်)
အလှူငွေများကို...
၁.၀ါဝါခိုင်မင်း (ဂျပန်)nanwarwarmg2009@gmail.com
၂.ရန်အောင်(ယူအက်စ်အေ) aungyan@gmail.com
၃.ရွာသားလေးဝိုင်တီယူ(စင်္ကာပူ)donationformyanmar@gmail.com

များသို့ စတင်ပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါပြီရှင်။
--------------------------------------------------------------------------
အားလုံးကို လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း



Read more...

ဗုဒ္ဓဘာသာအစစ်

ဗုဒ္ဓဘာသာဝင်များကိုစော်ကားနေသော blog ဆိုဒ်ကို မြန်မာမိသားစုဖိုရမ် www.myanmarfamily.org မှ ဇော်ပိုင်ရဲ (အထူးအသင်းဝင်) ၏ ဆွေးနွေးချက်ကို ပြန်လည်ဝေငှပါသည်။
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ သက်ဆိုင်ရာ ရောင်းရင်းအပေါင်းတို့အားလည်း ကောင်း။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-
တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ် တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါး အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ (သို့) ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်း အရင်ဘ၀ က ဘာတွေဖြစ်။ သိဒ္ဓတ္ထမင်းသား ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။ အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်)။ ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမ ဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ ဇာတ်လမ်းတွေဟာဖြင့် ပုဂ္ဂိုလ်ရေး personal (သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။

မိတ်ဆွေကြီးဟာ သူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး အသိဥာဏ်ပိုင်း စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။
မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီဆင်းတုတစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ (သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။
အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန် ကြော်ငြာ ပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။
တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာဘာလဲ ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ် လုပ်ဆောင်ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ် ကောင်းကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာအောင် ပြုလုပ်တာပါပဲ။
တကယ့် ဗုဒ္ဓဘာသာ မှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာ မလိုသလို၊ ငရဲပြည်နှင့် ခြိမ်းခြောက်ရန် မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြ စ်ပါတယ်။
မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင်ရန် အလုပ် တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄)ဆင့် (သို့)အလုပ်(၄မျိုး) ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင် သွားရပါမယ်။
ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ဝေဖန် ကန့်ကွက် ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့) တကယ့်ဗုဒ္ဓဘာသာကို ထိခိုက်စော်ကားမှု ဖြစ်ပါသည်ဟု ဒီနေရာကပဲ လေးလေးနက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ။
ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့ ၀ါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း - ဇာတ်ကွက်များ - ဇာတ်အိမ်များကိုသာ ၀တ္ထု ဝေဖန်သလို သွားရောက် ကန့်ကွက် ဝေဖန် နေသောကြောင့်ဖြစ်ပါသည်။
သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကား ကန့်ကွက် ဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု စေတီ ပုထိုး မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း) ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်းလဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာ က မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည် ထွန်းလင်းလာချေပြီ။
နိုင်ငံပေါင်း (၇၀) ကျော်တွင် ၀ိပဿနာတရား ရိပ်သာများဖွင့်လျှက် တကယ့်ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံမှ တဆင့် ပြန်လည် သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင် အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည် ထွန်းလင်းနေပါပြီ။
အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ အတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး-နေရာမရွေး-အချိန်မရွေး လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း သိနားလည်လျှက် လိုက်နာ ကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင် ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများကျော်ကြားလာကာ လိုက်နာကျင့်သုံးလျှက်ရှိကြပါပြီ။

ထို့ကြောင့် စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး ကူညီပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည် လျှက် စိတ်မသက် မသာမဖြစ်ကြပဲ ဗုဒ္ဓရဲ့ အဆင့် ၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကားကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့် ၄ ဆင့် (သို့)အလုပ် ၄ မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု သိရှိရန် အကျဉ်းမျှ ဖော်ပြအပ် ပါတယ် ခင်ဗျား-
ပထမအဆင့် (ဒါန) –
ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး တစုံတရာ မျှော်လင့်ချက်မပါ၊ သူတပါး အကျိုးသက်သက်အတွက် စွန့်လွှတ်ပေးကမ်းမှု။ (သို့) မိမိ လောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။
(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့ စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့် များများလှူဟု မကန့်သတ်ခဲ့ပေ။ သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာ သူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း ဆက်လက်လှူဒါန်းပါရန် မိန့်ကြား ထားလေသည် )
ဒုတိယအဆင့် (သီလ)
လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါးတိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း၊ ခိုးယူခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး သားပျိုသမီးပျိုကာမပိုင်ရှိသူများအား လွန်ကျူစော်ကား ဖျက်ဆီးခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများ သောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း။
စသည်တို့ဖြစ်လေသည်။ (သို့) မိမိ ဒေါသ လောဘ အလျှောက် မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
တတိယအဆင့်(သမာဓိဘာဝနာ) -
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသော မေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။ လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်းမြောက်သောစိတ်ထား မုဒိတာ ဖြစ်ပေါ် (ပွားများ) မှု ကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခော စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
တောင်တွေး မြောက်တွေး ဟိုမကောင်းကြံ-ဒီမကောင်းကြံ ဟိုပူဒီပူ ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့်စောင့်ကြည့်ကာ တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင် ခြင်းဖြစ်လေသည်။ (သို့) မနာလိုစိတ်မုန်းတီးစိတ် အပျော်ကြူးချင်သောစိတ် ထောင်လွှားသောစိတ် ပျင်းရိသောစိတ် သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် ပျက်စီးစေလိုသောစိတ် စသည်ဖြင့် မကောင်းသော စိတ် များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)
ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့ တော်တော်လေး ခဲယဉ်း နေတတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ post တစ်ခုမှာ တရားနည်း တစ်ခုကို ၀ိပဿနာအဖြစ် အထင်မှား လျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)
အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူများ နားလည်ဖို့ ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့်တော့ ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့် ရှင်းပြလိုက်ပါသည်။
အမှန်ကို အမှန် အတိုင်း သိနေခြင်း၊ တကယ့် အရှိကို အရှိအတိုင်း သိနေခြင်း၊ လက်ခံ ယုံကြည်နေခြင်း၊ တကယ်မဟုတ်တာကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း၊ တကယ် မရှိတာကို တကယ်မရှိမှန်း နားလည်သဘောပေါက် ဆင်ခြင်နေခြင်းဖြင့် (တနည်းအားဖြင့်)
မမြဲသော တရစပ်ပျက်စီးနေသော အနိစ္စသဘာဝများကို၊ တရစပ် ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲ နေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း၊ အနှစ်မဟုတ်သောသဘော ကျေနပ်သာယာစရာ မဟုတ်သောသဘော ဒုက္ခသဘာဝများကို အနှစ်မဟုတ်သောသဘော ကျေနပ်သာယာစရာ မဟုတ်သောသဘော (ဒုက္ခသစ္စာ)ဟု သိနေခြင်း၊ ငါ ငါ့ဟာ ငါ့စိတ် ငါပိုင် ငါဆိုင် အဖြစ် (တစ်ခုခု အဖြစ်) ရှိမနေမှု မြဲမနေမှု အဖတ်မတင်မှု သဘာဝသက်သက်များကို ငါ ငါ့ဟာ ငါ့စိတ် ငါပိုင် ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု မြဲမနေမှု အဖတ်မတင်မှု သဘာဝသက်သက်များ (အနတ္တ) ဟု လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့် အမှန်တရားကို အမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ်အားဖြင့် (သိနားလည်သွားမှုဖြင့်) ပူလောင်ဆင်းရဲစေသောစိတ်များ၊ မမှန်ကန်သောစိတ်များ (ကိလေသာများ) ကို တစ်စတစ်စ် စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။
နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ် ငြိမ်းချမ်းရာ အစစ် တည်မြဲရာအစစ် အိုနာသေကင်းရာအစစ်ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင်သိရှိမျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်ကြရလေည်။
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကို ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄) ဆင့်ကို နောက်ဆုံး (၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက် နှစ်ဆင့်လုပ်လျှင် နှစ်ဆင့်အလျှောက် သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့် အလျှေက် မိမိနှင့်တကွ မိမိပတ်ဝန်းကျင်မှာပါ ပစ္စုပ္ပန် အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ universal law ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်မှာပါ မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို ဒိဋ္ဌမျက်မြင်တွေ့ရှိ သိရှိနိုင်မည်ဖြစ်ကြောင်း။ မိမိနှလုံးသား ထဲတွင် တကယ့်ဗုဒ္ဓဘာသာအစစ် (ဓမ္မ) ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း၊ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာ မလိုကြောင်း မှာကြားထားလေသည်။
(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို မလုပ်လျှင် မလုပ်သလောက် အကျိုးနည်းပေမည်။ )။
ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့ ဘယ်လောက်ပဲ မှတ်တမ်းတင် ရေးထားရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံး အဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည်ရပ်တည် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ် တည်တံ့အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။
ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး တို့ရဲ့ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုပါသည်။
အထက်ပါ အချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက် ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။
တခြား ပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း - ဇာတ်ကွက် ပုဂ္ဂိုလ်ရေး personal များ (အပေါ်ယံ ဗုဒ္ဓဘာသာ) သမိုင်းများ ကို ငြင်းခုန် ဝေဖန် ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို နောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှ အမှား မကင်းသည့် လူသားများကသာ ဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါ အချက်များကို ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့်လည်းကောင်း (ပြဿနာနှင့် ပျော်မွေ့တတ်သည့် ပုထုဇဉ်လူသားများ အားလုံး) တို့ ဘယ်တော့မှ အဖြေမှန် ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါသည်။
ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့် ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင် ကို တွန်းချလို့ရရင်ရမယ်၊ သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့ မရပါဘူး။
မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကို တော့ လုံးဝ ပြတ်လပ်သွားအောင် ခွာချလို့ မရပါဘူး။
ဗုဒ္ဓကျမ်းစာအုပ်တွေ ကျောင်းတိုက်ကြီးတွေ ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်။
မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ ငါ့ဟာအဖြစ် အထင်မမှားဘဲ အမှန်တရားကို သိနားလည်လျှက် လောဘ ဒေါသများကို စွန့်လွှတ်နေသော စိတ်ထား သဘောထား အေးချမ်းသောစိတ်များ ၀ိပဿနာဥာဏ်များ မဂ်ဥာဏ်ဖိုလ်ဥာဏ်များကို တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲဖျက်ဆီးလို့ မရပါ။
(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်း များကို နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာလုပ်ခဲ့သော်လည်း နိဗ္ဗာန်ကို ရောက်သောသူများရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း ပြောလိုရင်းဖြစ် ပေသည်။)
ဓမ္မ universal law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက် တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)။ သို့သော် အထက်ပါ အဆင့် (၄) ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက် ပြုလုပ်ခဲ့သော အကုသိုလ်၏ တန်ပြန် အကျိုးသက်ရောက်မှု များကို compensate လုပ်နိုင်စွမ်း ချေဖျက်နိုင်စွမ်း ရှိပါတယ်။
(မှတ်ချက်။ ။အမိအဖ(သို့) ရဟန္တာကို သတ်သောကံစသည်ဖြင့် အားကြီးမားလွန်းသော အကုသိုလ်ကံများ ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်အကျိုးသက်ရောက်မှု များကို compensate မလုပ်နိုင်ပါ။ အကုသိုလ်၏ တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက် ခံရလေသည်)။
ထပ်မံသိရှိလိုပါက အောက်ပါဝက်ဆိုဒ်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
www.mindfulness.moethout.com,
www.kodiamond.multiply.com
www.trueanswer.co.cc
www.dhammabooks.co.cc (english language) ပို့စ်ရေးသော ကိုဇော်ပိုင်ရဲအား အထူးကျေးဇူး တင်ပါတယ်။

Read more...

လျှို့ဝှက် သောက (၁၊ ၂)



မနက်ဖြန်ဆိုတဲ့ ကျွန်ုပ်ခုတလော ပါဠိတော်စာပေတွေနဲ့ အင်္ဂလိပ်စာအုပ်ကြီးတွေနဲ့ အလုပ်ရှုပ်နေသည်ပေါ့။ အိပ်ယာဘေးမှာ စာအုပ်ကြီးတွေ ပုံကာအိပ် စာအုပ်ကြီးတွေကို လှန်လောဖတ်ရတဲ့ အရသာကို ခံစားရင်း အေးမြတဲ့ စနိုးဖွေးတွေးကြားကွေးနေတဲ့ ကျွန်ုပ်သည် တက္ကသိုလ်တစ်ခုမှာ စာတမ်းတင်ဖို့ ကုန်ကြမ်းများ ရှာဖွေဖြစ်သည်။ ရှာဖွေရသည့် ပါဠိတော်စာအုပ်များထဲက ဘ၀နဲ့ထပ်တူကျသည့် စာသားလေးတစ်ခုကို လျှို့ဝှက် သောက ခေါင်းစဉ်ဖြင့် တင်ပြပါရစေ။

"မတကာလေ တ၀ ရောဒန္တဿ ပဂ္ဃရိတအဿူနိ စတုန္နံ မဟာသမုဒ္ဒါနံ ဥဒကတော အတိရေက တရာနိ"
သင် မြတ်နိုး တွယ်တာသော သက်ရှိ သက်မဲ့များ ပျက်စီးသွားတဲ့ အခါ သင့်မျက်ဝန်းအစုံမှ စီးဆင်းကျခဲ့သော မျက်ရည်တွေသည် သမုဒ္ဒရာလေးစင်းရှိ ရေများထက် ပိုလို့ပင် များကုန်၏။ (ဓမ္မပဒ) 
အမတ်ကြီး၏ အိမ်တွင် ပါတီပွဲလေး တစ်ခုကျင်းပသည်။ လှပချောမောသော အကမဒီလေးသည် အမတ်ကြီး ငေးမော ယူရလောက်အောင် ကပြနေသည်။ အမတ်ကြီး၏ မျက်ဝန်းအစုံတွင် ကဟန် ဆိုဟန် ပြုံးဟန်များ လှသထက်လှ လာသည်။ ထိုအခိုက် ....

ဝုန်း...ဘုတ်... အကမဒီလေး အရုပ်ကြိုးပြတ် လဲကျသွားသည်။ ထို့နောက် အရှင်..သခင်...မင်းသမီးလေး အသက် မရှိတော့ကြောင်းပါ...
ဘုရင့်အမတ်ကြီးတယောက် မသိမသာ လက်ကိုင်ပ၀ါလေးဖြင့် တောက်ကနဲ့ ရုတ်တရက်ကျလာသည့် မျက်ရည် ပေါက်ကို မျက်လုံးမှိတ်ကာ သုတ်လိုက်သည်။ ညင်သာစွာ မှိတ်လိုက်သော မျက်လုံးအစုံအတွင်း စိတ်အာရုံသည် သွယ်လျလက်ချောင်းများ၏ ကွေးဟန်, ယိမ်းနွဲ့ဟန်ချီသော ကိုယ်ခန္ဓာ၏ လှုပ်ရှားဟန်, ဝှေကနဲ့ ထောင့်ကပ်ကာ ကြည့်လိုက်သော ချစ်စဖွယ် မျက်လုံး, စုံစီစုံညီသော သူမ၏ အမူယာအားလုံးကို တရိပ်ရိပ်ပုံ ဖေါ်နေသည်။


မသိမသာ ရှိုက်ငင်လိုက်သော သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။ "ဤမျှလောက် ချစ်စဖွယ်ဤအလှမ ဒီလေး အဘယ့်ကြောင့် ကခုန်နေရင်း အရုပ်ကြိုးပြတ် ဖြစ်ရတာလဲ" အမတ်ကြီးတွေးတောရင်း နှမြောတသ ယူကြုံးမရဖြစ်နေသည်။ ယခင်က အမတ်ကြီးနှင့် သူမ တကြိမ် တခါမျှ မတွေ့ဘူး မဆုံဘူး။ ဒီည ဒီချိန်တို တောင်း သော ကာလအတွင်းမှာ သူမ၏ အက သူမ၏ အလှပေါ်မှာ မြင်မြင်ချင်း တွယ်တာမိခဲ့ခြင်း မျှဖြစ်သည်။ စက္ခု ပသာဒနှင့် ရူပါရုံတို့ ပေါင်းဆုံမိချိန် စက္ခုဒွါရိကစိတ်တို့သည် လောဘဇောကို ဖြစ်စေခဲ့ပြီ။


အရုပ်ကြိုးပြတ် ပုံလဲနေသော သူ့မခန္ဓာကိုယ်ကို ကြည့်ရင်း အမတ်ကြီး သောကတွေ ပင်လယ်ဝေခဲ့ပြီ။ သူမကို တခဏချင်းတွေ့ တခဏတွင်း သူမကို တွယ်တာမိ တခဏတွင်း သူမကြောင့် သောကတွေ ဖြစ်ရပြီ။ အမတ်ကြီး သောက်ထားသမျှသော အရက်နှင့် ဘီယာတို့သည် သောကကို မလွမ်းမိုးနိုင်ချေ။ ချွေးတဒီဒီး စီးကျကာ အသက် ရှုရသည်မှာ မွန်းကြပ်လာတော့သည်။


မိမိအခန်းသို့ ပင်ပန်းကြီးစွာ ပြန်လာကာ ကုတင်ပေါ် လဲချလိုက်သည်။ ည ၃-နာရီကျော်နေပြီ။ အမတ်ကြီး၏ စိတ်အစဉ်သည် သူမအတွက် ယူကျုံးမရဖြစ်နေသဖြင့် အိပ်စက်ဖို့ ကြိုးစားသော်လည်း မရ။ အိပ်ယာပေါ် လူးလွန့်ကာ သူမပုံရိပ်တွေသာ စဉ်းစားနေမိသည်။ ဘာလို့များ ငါတွယ်တာတဲ့ ချစ်တဲ့သူမှ သေဆုံးသွားရ သလဲ ဒါဟာ တရားသလား တရားသလား လောကကြီးရယ်...မျက်ရည်စတွေ ဒလဟော ခေါင်းအုံးပေါ်သို့ စီးကျလေပြီ။


သောကအရှိန် မပြေသော အမတ်ကြီး၏ စိတ်နှင့်ခန္ဓာသည် ပင်ပန်းနွမ်းနွယ်စွာ မနက်မိုးလင်းခဲ့ရသည်။ သူမ ကြောင့် ခံစားရတဲ့ ငါ့သောကတွေ ပြေပျောက်ဖို့ ငါဘယ်လို ကုစားရမလဲ ဖြေဖျောက်ရမလဲ အမတ်ကြီး စဉ်းစား ရတော့သည်။ ရှည်းလျားသော အတွေးများကြားမှာ အမတ်ကြီး အဖြေတစ်ခုရသည်။ မြတ်စွာဘုရားဆီ သွား ရောက် မှဖြစ်မည်။ မြတ်ဗုဒ္ဓနဲ့ မနေ့ မနက်စောစောပိုင်းက ငါမြို့ထဲသွားစဉ် လမ်းမှာတွေ့ခဲ့တာပဲ။ မြတ်ဗုဒ္ဓ ငါ့ကို မှတ်မိမှာပါ။ မြတ်ဗုဒ္ဓသည်သာ ငါ့ခံစားရတဲ့ သောကအပူတွေကို ငြိမ်းအေးစေနိုင်မယ်...


သောကအပူအရုပ်နှင့် အမတ်ကြီး မြတ်ဗုဒ္ဓရှိရာ ဇေတ၀န်ကျောင်းသို့သွားရောက်ကာ မနေ့ညက ဖြစ်သမျှ အကြောင်းအကုန်အစင် မြတ်ဗုဒ္ဓအား လျှောက်ထားပြီး သူမအပေါ် ခဏတွင်းမြင်မိ၍ တွယ်တာမိသော သံယောဇဉ်ကြောင့် သူမ မရှိတော့သော အချိန်မှာ ခံစားရသော သောက၊ တညလုံး စီးကျလာသော မျက်ရည်တွေကို မည်သို့ မည်ပုံ ရပ်တန့်စေမလဲ နည်းလမ်း ပေးတော်မူပါဘုရားဟု လျှောက်တင်ချိန်တွင်..

မြတ်ဗုဒ္ဓက ...အို ..သန္တတိ အမတ်ကြီး.....
"မတကာလေ တ၀ ရောဒန္တဿ ပဂ္ဃရိတအဿူနိ စတုန္နံ မဟာသမုဒ္ဒါနံ ဥဒကတော အတိရေကတရာနိ"
မြတ်နိုး တွယ်တာသော သက်ရှိ သက်မဲ့များ ပျက်စီးသွားတဲ့ အခါ သင့်မျက်ဝန်းအစုံမှ စီးဆင်းကျခဲ့သော မျက်ရည်တွေဟာသမုဒ္ဒရာလေးစင်းရှိ ရေများထက် ပိုလို့ပင် များကုန်၏ ဟု မိန့်တော်မူလေသည်။


"ငါမြတ်နိုးတဲ့ မင်းသမီးလေး ပျက်ဆီးသွားလို့ စီးကျလာတဲ့ ငါ့မျက်ရေများသည် သမုဒ္ဒရာလေးဆင်းရှိ ရေတွေထက် များတယ်ဆိုပါလား" သန္တတိအမတ်ကြီး အတွေးစများဖြင့် မြတ်စွာဘုရား၏ ရှေ့တွင် ငူငိုင် ခေါင်းစိုက်၍ ထိုင်နေမိတော့သည်။ မွေး သေ နှစ်ခုဖြင့် စွန့်ပစ်ခဲ့သော မြေမြုပ်ခဲ့သော မီးလောင်တိုက်သွင်း ခဲ့သော ခန္ဓာပေါင်းများစွာ ဘ၀ပေါင်းများစွာတိုင်းမှာ မသေခင် ငါမြတ်နိုးသော သက်ရှိ သက်မဲများ ပျက်ဆီးသွားတိုင်း ငါငိုခဲ့တာ ဘယ်နည်း မလဲ...မှန်တာပေါ့ ဟုတ်တာပေါ့။ ဘ၀တိုင်း ကျခဲ့သော ငါ့ မျက်ရည်တွေ စုစည်းလိုက်ရင် သမုဒ္ဒရာလေးစင်းထက် များမယ်ဆိုတာ သေချာသည်ပေါ့။


မြတ်ဗုဒ္ဓပြောသလိုပဲ ဖြစ်မှာ ဖြစ်မှာ...ရှေးရှေးက စွန့်ပစ်ခဲ့သော ဘ၀တွေများလည်းမှာ မျက်ရည်ကျခဲ့ရပြီ၊ ခုလည်း မျက်ရည်တွေ ယိုစီးဆဲ၊ နောက်ထပ် မွေးခြင်း ထပ်ဖြစ်ဦးမယ်ဆိုရင်လည်း .......လည်း... ငါမျက်ရည်ထပ်တလဲ လဲ ကျရဦးမယ်။ သန္တတိအမတ်ကြီးသည် နောက်ထပ်မွေးဖွားခြင်း ပဋိသန္ဓေကို ယူရမှာကြောက်လာသည်။ နောက်တကြိမ် ဖွေးဖွားရမည်ကို တွေးစိတ်ဖြင့် စိုးရွံ့မိလာသည်။

ပဋိသန္ဓေဒုက္ခကို ရှင်းရှင်း မြင်လာလေပြီ။ နောက်ထပ် နောက်ထပ်ဆိုသည့် စကားလုံး၏ နောက်ကွယ်မှာ တွေးလိုက်တိုင်း ကြက်သီး မွေးညှင်းများ ထလာသည်။
 

မွေးဖွားလာသော သတ္တ၀ါတိုင်း မျက်ရည်ကျဖူးသည်။ နောင်လည်း မျက်ရည်စို့ဦးမည်။ ယခုလည်း ရှိုက်သံများနဲ့ အတူ မျက်ရည်စများ ဖယ်ရှားနေဆဲပဲမဟုတ်လား။ သတ္တ၀ါသည် တွယ်တာတတ်သည်။ သံယောဇဉ် ဖြစ်တတ် သည်။ တတြ တတြာဘိနန္ဒိနီ- မိမိရောက်တဲ့ နေရာတိုင်း၊ မိမိနဲ့ စပ်နွယ်သော သက်ရှိ သက်မဲ့ပေါ်မှာ ခင်တွယ် ကြတယ်ဟု မြတ်ဗုဒ္ဓ မိန့်ဖူးသည်။

အခုတော့ ငါဟာ နာရီအပိုင်းအဆ လေးအတွင်းမှာ အကမဒီလေးပေါ်မှာ မြင်မြင်ချင်း ခင်တွယ်မိတဲ့အတွက် သူမ သေသွားတဲ့ အခါ အခုလို သောကတွေဖြစ် ပရိဒေ၀တွေ ဖြစ်ခဲ့ရတာပါလား။ သောက-၀မ်းနည်းခြင်း ကြောင့်၊ ပရိဒေ၀- မျက်ရည်ကျရတာပါလား။ ဒီသောကဟာ ငါ့ရင်တွင်းမှာ တံငြောင့်သဖွယ် စူးဝင်နေပြီ။

သန္ဆတိအမတ်ကြီး အချိန်ကြာကြာ အတွေးသံသရာလည်နေလေသည်။ အတွေးနယ်က မဆုံးသေး...အမတ်ကြီး ဆက်တွေးမိသည်။ မင်းသမီးလေးရဲ့အပြုံး၊ ထောင့်ကပ်ကာ စောင်းကြည့်လိုက်သော သူ့မျက်အဆံလေးက ငါ့နှလုံးသားထဲကို အချစ်မြားတွေ တစ်စင်းပြီးတစ်စင်း ပစ်ထည့်နေပါလားလို့ တွေးမိသမျှ တကယ်တော့ သောက ဆူးငြောင့်တွေ ပစ်လွင့်လိုက်တာပါလားလို့ နားလည်လာတော့သည်။

အင်း...အင်း ငါခံစားနေရတဲ့ မင်းသမီးလေး ပေးတဲ့ သောကရဲ့လျှို့ဝှက်ချက်က ဘာလဲ???? အမတ်ကြီးသည် ဖြေးညှင်းစွာ ဦးခေါင်းရမ်းလျက် မြတ်ဗုဒ္ဓအား မေးလျှောက်ထားဖို့ အားယူစဉ်........

မြတ်ဗုဒ္ဓသည် ....ချစ်သား သန္တတိ....................သင်ချစ်သား ခံစားနေရတဲ့ သောက၏ အကြောင်း လျှို့ဝှက်ချက်သည် .............. (မျှော် .......လျှို့ဝှက် သောက (၃) သို့)


Read more...

Anatta: what is anatta and how is it being in our daily life?

One of the first stumbling blocks that Westerners often encounter when they learn about Buddhism is the teaching on Anatta, often translated as no-self. This teaching is a stumbling block for two reasons. 

http://wisdom.buddhistdoor.com/anatta/files/42/kassapa/white-lotus-2.jpg
First, the idea of there being no self doesn't fit well with other Buddhist teachings, such as the doctrine of Karma and rebirth: If there's no self, what experiences the results of Karma and takes rebirth? Second, it doesn't fit well with the predominate Judeo-Christian background, which assumes the existence of an eternal soul or self as a basic presupposition: If there's no self, what's the purpose of a spiritual life? Many books try to answer these questions, but if you look at the Pali Canon -- the earliest extant record of the Buddha's teachings -- you won't find them addressed at all. 

In fact, the one place where the Buddha was asked point-blank whether or not there was a self, he refused to answer. When later asked why, he said that to hold either that there is a self or that there is no self is to fall into extreme forms of wrong view that make the path of Buddhist practice impossible (Samyutta Nikaya XLIV.10). Thus the question should be put aside. To understand what his silence on this question says about the meaning of Anatta, we first have to look at his teachings on how questions should be asked and answered, and how to interpret his answers. 
http://farm1.static.flickr.com/150/348654046_6378f0aea5.jpg 
The Buddha divided all questions into four classes:

  • Those that deserve a categorical (straight yes or no) answer.
  • Those that deserve an analytical answer, defining and qualifying the terms of the question.
  • Those that deserve a counter-question, putting the ball back in the questioner's court.
  • Those that deserve to be put aside.

The last class of question consists of those that don't lead to the end of suffering and stress. The first duty of a teacher, when asked a question, is to figure out which class the question belongs to, and then to respond in the appropriate way. You don't, for example, say yes or no to a question that should be put aside. If you are the person asking the question and you get an answer, you should then determine how far the answer should be interpreted. The Buddha said that there are two types of people who misrepresent him:

  • Those who draw inferences from statements that shouldn't have inferences drawn from them.
  • Those who don't draw inferences from those that should.

These are the basic ground rules for interpreting the Buddha's teachings, but if we look at the way most writers treat the Anatta doctrine, we find these ground rules ignored. Some writers try to qualify the no-self interpretation by saying that the Buddha denied the existence of an eternal self or a separate self, but this is to give an analytical answer to a question that the Buddha showed should be put aside. 
http://www.anatta.co.id/image/topheaderkiri.jpg
Others try to draw inferences from the few statements in the discourse that seem to imply that there is no self, but it seems safe to assume that if one forces those statements to give an answer to a question that should be put aside, one is drawing inferences where they shouldn't be drawn. 

So, instead of answering "no" to the question of whether or not there is a self -- interconnected or separate, eternal or not -- the Buddha felt that the question was misguided to begin with. Why? No matter how you define the line between "self" and "other," the notion of self involves an element of self-identification and clinging, and thus suffering and stress. 

This holds as much for an interconnected self, which recognizes no "other," as it does for a separate self. If one identifies with all of nature, one is pained by every felled tree. It also holds for an entirely "other" universe, in which the sense of alienation and futility would become so debilitating as to make the quest for happiness -- one's own or that of others -- impossible. For these reasons, the Buddha advised paying no attention to such questions as "Do I exist?" or "Don't I exist?" for however you answer them, they lead to suffering and stress. 
http://www.lifevesting.com/blog/wp-content/uploads/2009/02/broken-home.jpg
To avoid the suffering implicit in questions of "self" and "other," he offered an alternative way of dividing up experience: the four Noble Truths of stress, its cause, its cessation, and the path to its cessation.

Rather than viewing these truths as pertaining to SELF or OTHER, he said, one should recognize them simply for what they are, in and of themselves, as they are directly experienced, and then perform the duty appropriate to each.

Stress should be comprehended, its cause abandoned, its cessation realized, and the path to its cessation developed. These duties form the context in which the Anatta doctrine is best understood. If you develop the path of virtue, concentration, and discernment to a state of calm well-being and use that calm state to look at experience in terms of the Noble Truths, the questions that occur to the mind are not "Is there a self? What is my self?" but rather "Am I suffering stress because I'm holding onto this particular phenomenon? Is it really me, myself, or mine? If it's stressful but not really me or mine, why hold on?"
 http://lh5.ggpht.com/_tAtVZwYdCeA/SFdqUG3Z2iI/AAAAAAAAAv8/FZU8vkCNCrg/S73R7078.jpg
These last questions merit straightforward answers, as they then help you to comprehend stress and to chip away at the attachment and clinging -- the residual sense of self-identification -- that cause it, until ultimately all traces of self-identification are gone and all that's left is limitless freedom. 
 http://www.buddha.sg/gif/update/dhamma.jpg
In this sense, the Anatta teaching is not a doctrine of no-self, but a not-self strategy for shedding suffering by letting go of its cause, leading to the highest, undying happiness. At that point, questions of self, no-self, and not-self fall aside. Once there's the experience of such total freedom, where would there be any concern about what's experiencing it, or whether or not it's a self?

Read more...

မီးသင့်မျက်လုံး

ငါ့မျက်လုံးသည်
အပြုံးဟန်ထား ၊ လောဘများဖြင့်
ငုံထားမတတ် ကြည့်ဖူးသည် ။

ငါ့မျက်လုံးသည်
အမုန်းမာန်ပွါး ၊ ဒေါသများဖြင့်
ဝါးစားမတတ် ကြည့်ဖူးသည် ။

ငါ့မျက်လုံးသည်
သစ်တုံးအလား ၊ မောဟများဖြင့်
ဝေဝါးမတတ် ကြည့်ဖူးသည် ။

ငါစွဲ,သူစွဲ ၊ ထင်တလွဲဖြင့်
ဉာဏ်မွဲသောခါ ၊ မြင်မြင်ရာကို
မလိုဒေါသ ၊ လိုလောဘနှင့်
မောဟဖိဖုံး ၊ ကြည့်ကြည့်တုန်းတွင်
မျက်လုံးမီးလောင် ခဲ့လေသည် ။

(စက္ခုဒွါရ၌ လောဘမီး ၊ ဒေါသမီး ၊ မောဟမီးတို့
တောက်လောင်ပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ယခင်က ဆိုဒ်တစ်ခု၌လည်း ဤကဗျာကို တင်ခဲ့ဖူးပါ၏။)




Read more...

ပုဏ္ဏိကာထေရီ အပိုင်း(၁၊ ၂၊ ၃)


ဆီးနှင်း မိုးပေါက်လည်း မိုးလောက်ပြင်းထန်သော ဆောင်းလယ်ကာလ၏ တစ်နံနက်ပေတည်း။ လေပြေ ကလေးကလည်း တသွေးသွေးနှင့် ချမ်းအေးသူတို့ကို ပို၍ ခိုက်ခိုက်တုန်အောင် ကျီစယ်နေလေသည်။ သစ်ပင်များသည် နှင်းရည်ရွှဲသော ရွက်လက် ကိုင်းခက်များနှင့် ညွတ်ကွေးနေချေသည်။ နေခြည်သည် နှင်းထုကို မဖောက်နိုင်သဖြင့် မရောက်လာလေသလား။ နေခြည်မလာသေး၍ပင် နှင်းထု ဤမျှ သိပ်သည်း နေလေသလား မသိပေ။
သာဝတ္ထိ တစ်မြို့လုံးမှာလည်း ချမ်းစီးလွန်းသော ဆောင်းနံနက် အောက်ဝယ် ကွေးနေဟန် တူပေသည်။ ထင်း ရွက်ရောင်းသူများ၊ ထင်းလှည်းများ၊ လမ်းလျှောက်ဈေးသည် အနည်းငယ်နှင့် အိပ်ရာထဲတွင် ကွေး မနေ နိုင်သူများသာ ပြေးလွှားလှုပ်ရှား နေကြသည်။ မသွား မဖြစ်၍ အိပ်ရာထဲမှ ထလာကြရပေမင့် သူတို့မှာ လည်း ပါးစပ်မှ အငွေ့တထောင်းထောင်းနှင့် ချမ်းတုန်နေကြလေသည်။
ဇေတဝန်ကျောင်း ဒါယကာ သူဌေးကြီး အနာထပိဏ်၏ ခြံကြီးဝင်းကြီးထဲတွင်လည်း နှင်းမှုန်များသည် ဝေနေ၏။ လေလာလျှင် နှင်းမှုန်များ ပြေးလွှားနေကြသည်။ စောစောစီးစီး မထလျှင် မဖြစ်သော တာဝန်ရှိ သည့် ကျေးကျွန် များသာလျှင် လှုပ်ရှား နိုးကြားကြပေသည်။ အမှိုက်လှဲရန် တာဝန်ကျသူများသည် အမှိုက် ကို စုပုံကာ မီးရှို့ကြ၏။ ဤမီးဖိုဘေးဝယ် ကလေးမြေးငယ်များ ဝန်းရံနေကြသည်။ လယ်ယာ လုပ်ငန်းခွင်သို့ သွားရန် တာဝန်ကျသူများ၏ နွားငေါက်သံ၊ နွားမောင်းသံ၊ ဆန်ဖွပ်သံ၊ မောင်းထောင်းသံ၊ ရက်ကန်းခတ်သံ၊ ဝါကြိတ်သံ၊ နွားစာစဉ်းသံများသည် ကြေးစည်သံနှင့် ယှဉ်ပြိုင်ကာ လွင့်ပျံ့နေလေ၏။
ဤသို့ အသံများစွာ စည်ဝေနေသော ခြံဝင်းကြီးထဲမှ မိန်းကလေး တစ်ယောက်သည် ရေအိုးကို ခါးစောင်း တင်လျက် ထွက်လာ၏။ မလုံလဲသော အဝတ်ဖြင့် နှင်းမှုန်ကြားသို့ ထွက်လာရသောကြောင့် မေးတဆတ် ဆတ် တုန်နေ၏။ အသက် ရှူထုတ်လိုက်တိုင်း နှာဝတွင် အငွေ့များ ထောင်းထောင်းထ သွား၏။ မိန်းကလေး သည် အချမ်းပြေစေရန် မြစ်ဆိပ်သို့ အပြေးသွားသည်။ မိန်းကလေးမှာ ဖြစ်နိုင်လျှင် အိပ်ရာထဲတွင် ကွေးနေ ချင်၏။ အနွေးဓာတ်ကောင်းသော မီးဖိုဘေးတွင် ထိုင်နေချင်၏။ သို့ရာတွင် အရုဏ် တက်သည်မှစ၍ အသံ ဆိုးဖြင့် ထွက်ပေါ်လာသော အစေခံမှူးများ၏ ဆဲဆိုငေါက်ငမ်းသံ၊ ကြိမ်ကို လေထဲဖြတ်ရိုက်၍ ခြိမ်းခြောက်သံ တို့သည် မိန်းကလေးအား ရေဆိပ်သို့ အတင်း တွန်းမောင်း လွှတ်ခဲ့ပေသည်။ 
မိန်းကလေးမှာ ဆဲဆိုမည်စိုး၍သာ ချမ်းစီးသော ရေဆိပ်သို့ ဆင်းလာရ၏။ အစေခံမှူး၏ ကြိမ်ကို ကြောက်၍ သာ ရေခပ်ရန် ထွက်လာရ၏။ အမှန်အားဖြင့် မလာချင်ပေ။ တစ်ကိုယ်လုံးသာမက ရင်ထဲ အသည်းထဲကပါ ချမ်းတုန်သော ဤအချိန်ဝယ် သူသည် နွေးထွေးရာ နေရာကို ရှာလိုပေသည်။
မိမိကိုယ်တိုင်က ဤနှယ် နွေးထွေးရာကို တောင့်တလျက် အခြားသူများလည်း မိမိနည်းတူပင် ရှိလိမ့်မည် ထင်နေခဲ့သော မိန်းကလေးသည် ရေဆိပ်သို့ ရောက်သောအခါ မယုံနိုင်စရာ အံ့သြဖွယ် မြင်ကွင်းကို တွေ့ရလေ၏။ မိန်းကလေး မြင်ရသော အရာမှာ ပုဏ္ဏားတစ်ယောက် ဖြစ်သည်။ 
နှင်းမှုန်များ ဝေ့ဝဲအုပ်ဆိုင်းလျက် အငွေ့ တထောင်းထောင်း ထနေသော မြစ်ရေထဲတွင် ရေချိုးနေခြင်းကား မဟုတ်။ အုန်းဆီ အမဲဆီများ ကျောက်ခဲတမျှ မာကျောအောင် ခဲသော ဤအချိန်တွင် ရေသည် အလွန် အေးစက်နေ၏။ လေ တဖြူးဖြူးလည်း တိုက်နေ၏။ ထိုအထဲတွင် ရေချိုးရသဖြင့် ပုဏ္ဏားမှာ မေးချင်ခိုက် ဒူးချင်းရိုက်လျက် တဆတ်ဆတ် တုန်နေသည်။
"ပုဏ္ဏားကြီး ဘာဖြစ်လို့ ရေချိုးတာလဲဟင်၊ ကျွန်မမှာတော့ အစေခံမှူးက ဆဲမှာ၊ ရိုက်မှာ၊ ကြောက်လို့ ဒီရေဆိပ်ကို ဆင်းပြီး ရေခပ်ရတယ်။ ပုဏ္ဏားကြီးကကော ဘယ်သူ့ကို ကြောက်လို့ ဒီရေဆိပ်မှာ ဆင်းပြီး ရေချိုးရတာလဲ။ ဘယ်သူက ဆဲမယ် ပြောလို့များ ခိုက်ခိုက်တုန်တဲ့ ဒုက္ခကို ခံနေရတာလဲရှင်” မိန်းကလေး၏ မအောင့်နိုင် မအင်းနိုင် ကောက်ကာ ငင်ကာ မေးလိုက်သံကို ကြားရလျှင် ပုဏ္ဏားမှာ မျက်လုံးပြူး၍ ကြည့်မိ၏။ “ဟဲ့ မိန်းကလေး၊ နင် မသိဘူးလားဟဲ့။ မဟုတ်တာ လုပ်မိရင် ရေချိုး ရေစိမ်ပြီး ရရှိတဲ့ ကောင်းမှု ကိုသိုလ်နဲ့ အဲ့ဒီ မကောင်းမှုကို ပိတ်ပင်ရတယ်ဟ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ဟယ်။ မဟုတ်တာ လုပ်မိရင် ရေချိုးရတယ်၊ ရေစိမ်ရတယ်။ ရေစိမ်တဲ့ ရေချိုးတဲ့ အတွက် ကုသိုလ် အများကြီးရတယ်” မိဖရိုးရာ အစဉ်အလာအားဖြင့် ရေချိုး ရေစိမ်ခဲ့သော ပုဏ္ဏားသည် ရေချိုး ရေစိမ်ခြင်း၏ အကျိုးကို ရှင်းပြ၏။ 
သောတ္ထိယ ပုဏ္ဏားကြီးကသာ ရေခပ်သော မိန်းကလေးကို တလေးတစားဖြင့် ကျေးဇူးတင်နေသော်လည်း ထိုမိန်းကလေး နည်းတူ ရေခပ်ဆင်းလာကြသော အခြား အစေခံများမှာမူ တစ်မျိုးမြင်နေကြသည်။
“ဒီကောင်မလေး ပုဏ္ဏားကြီးကို မနူးနပ်နဲ့ ပေါက်ကရတွေ သွားပြောနေတယ်။ ဒုက္ခပဲ၊ ပုဏ္ဏားကြီး လာတိုင်ရင် တို့ခေါင်းပေါ် မကျအောင် အခုကတည်းက ‘ခေါင်း’ ကို တိုင်ထားမှပဲ” ထို့ကြောင့် သူတို့သည် အစေခံမှူးကို သွားရောက် တိုင်တမ်းထားကြ၏။ အစေခံမှူးမှာလည်း မျက်လုံးပြူးရပေပြီ။ ဗြာဟ္မဏနှင့် အစေအပါးမှာ အဆင့်အတန်း ကွာလွန်းသဖြင့် သောတ္ထိယ ပုဏ္ဏားသည် အစေခံမှူးထံ လာမည် မဟုတ်၊ အနာထပိဏ် သူဌေးကြီးထံ သွား၍ တိုင်တမ်းလိမ့်မည်။ ထိုအခါတွင် မိမိတာဝန် မရှိစေရန် ယခုကပင် သွားရောက် တိုင်တမ်းထားလေမှ ဟု သဘောရသဖြင့် သူဌေးကြီးထံ သွားရောက် သတင်းပို့၏။
“သူဌေးကြီး ခင်ဗျား၊ ကျွန်တော် ကြီးမှူးရတဲ့ အစုထဲက မိန်းကလေး တစ်ယောက်ဟာ ရေခပ်ခိုင်းလိုက်တာ ကောင်းကောင်း မခပ်ဘဲ ရေချိုးနေတဲ့ သောတ္ထိယ ပုဏ္ဏားကြီးကို မလေးမခန့် သွားပြောသတဲ့ ခင်ဗျား။ မျက်ကွယ်မှာ ဖြစ်တာမို့ ကျွန်တော်လဲ မတားဆီးနိုင်ပါဘူး။ အဲဒါ သူဌေးကြီး သိအောင်….”
“ဘယ်သူလဲကွယ့်”
“ပုဏ္ဏိကာပါ ခင်ဗျာ”
“အင်း အင်း၊ ဘာတွေ သွားပြောသတဲ့လဲ”
“ကျုပ်တို့မှာ ရိုက်မှာ ဆဲမှာ ကြောက်လို့ ချမ်းချမ်းစီးစီးနဲ့ မြစ်ဆိပ်ကို လာရတာ၊ တော့်မှာကော ဘယ်သူ့ကို ကြောက်လို့ ခိုက်ခိုက်တုန် အချမ်းခံပြီး ရေချိုးနေရတာလဲ၊ သွားမေးပါသတဲ့ ခင်ဗျား”
“ဟုတ်လား၊ အေး ပြောပါဦး”
သူဌေးကြီးမှာ ဗုဒ္ဓမြတ်စွာ၏ ကျောင်းဒါယကာသာ မဟုတ်သေး၊ သောတာပန်လည်း ဖြစ်သောကြောင့် ပုဏ္ဏိကာ မေးပုံကို သဘောကျသွား၏။ ထို့ကြောင့် ထပ်မံ သိရလို သိရငြား သိချင် ကြားချင်သောကြောင့် မေးခြင်း ဖြစ်၏။
“ပုဏ္ဏားကြီးက မကောင်းမှုတွေ ရေထဲမျောသွားအောင် ရေချိုးတယ်၊ ရေစိမ်တယ် ဖြေတော့ ပုဏ္ဏိကာက ဒီလိုဆိုရင် ရေသတ္တဝါတွေ နတ်ပြည် ရောက်ကုန်မှာပဲနော်လို့ မရိုမသေ ပြောပါသတဲ့”
“ဒီကောင်မလေး ရေ ဆက်မခပ်စေနဲ့၊ ငါ့ဆီ လွှတ်လိုက်”
အစေအပါးမှူးသည် သူဌေးကြီးရှေ့မှ ခပ်ကုပ်ကုပ်ကလေး ထွက်လာပြီး၊ ပုဏ္ဏိကာ ပြန်အလာကို စောင့်နေ၏။ အခြားသော အိမ်ဖော်များမှာလည်း အစေအပါးမှူး၏ မျက်နှာထားကို မြင်ကာမျှဖြင့် ‘ပုဏ္ဏကာတော့ ဒုက္ခပဲ’ ဟု တွေးနေကြ၏။
“ညည်းတော့ သေဖို့သာ ပြင်ပေတော့”
“ငါတို့ရဲ့ ခေါင်းက သူဌေးကြီးကို သွားတိုင်ထားလို့ ညည်းကို သူဌေးကြီး ခေါ်နေပြီ၊ ကျောကို သားရေပြားနဲ့ အုပ်ထားပေတော့”
ရေခပ်ပြန်လာသော ပုဏ္ဏိကာအား ရေခပ်သွားသူများက သတင်းသတိပေးကြ၏။ ပုဏ္ဏိကာမူ “အို…. ဟုတ်တာ လုပ်တဲ့လူဟာ ဘာကိုမှ မကြောက်ဘူး” ဟု ပြန်နှုတ်လှန်ထိုးကာ ဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။
“ဟဲ့ သပေါက်မ”
အစေအပါးမှူး၏ အသံက မာန်လှ၏။ ထန်လှ၏။ ပုဏ္ဏိကာအား ညက်ညက်ကြေအောင် ဝါးပစ်ချင်နေ၏။ အသံခက်ထန်သလို မျက်နှာထားမှာလည်း ဒေါသ ဖုံးနေ၏။
“နင့်ကို သူဌေးကြီး ခေါ်နေတယ်၊ ရေအိုးကို ထားခဲ့၊ အခု မြန်မြန်လာ”
“ဘာဖြစ်လို့လဲ ဟင်”
“သေသွားချင်သလား၊ စကားမများနဲ့၊ လိုက်မှာ လိုက်ခဲ့”
ပုဏ္ဏိကာအား မြေပြင်တွင် ဒရွတ်တိုက် မဆွဲရုံမျှသာ အတင်းဆွဲခေါ်သွား၏။ သူဌေးကြီး စောင့်နေသော အဆောင်တံခါးဝ အရောက်တွင် ကြမ်းတမ်းစွာ တွန်းလွှတ် လိုက်ကာ “ပုဏ္ဏိကာဆိုတာ သူပါပဲ သူဌေးမင်း” ဟု သတင်းပေး၏။
“အေး အေး ထားခဲ့”
ပုဏ္ဏိကာမှာ အစေအပါးမှူးကိုပင် သေမတတ် ကြောက်ရရာ သူဌေးကြီးကိုကား ပြောစရာ မရှိတော့ချေ။ ရိုသေစွာဖြင့် ခေါင်းငုံ့ကာ ကြုံ့ကြုံ့ထိုင်၏။ သို့သော် ခါးဝတ်လုံချည်မှာ တိုနံ့လွန်းသဖြင့် ဒူးကို မဖုံးမိ။ ဤ မဖုံးမိသော လုံချည်စကိုပင် အတင်းဆွဲချကာ ဒူးကိုဖုံးရန် ကြိုးစားနေလေသည်။
“ရေချိုးနေတဲ့ သောတ္ထိယ ပုဏ္ဏားကြီးကို မိန်းကလေးက မရိုမသေ သွားပြောတယ် ဆိုပါလားကွယ့်”
သူဌေးကြီး၏ အသံတွင်ကား ခက်ထန်မှု ကင်း၏။ ဒေါသလည်း မရှိ။
“ကျွန်မ၊ ကျွန်မ မရိုမသေ မပြောမိပါဘူး အရှင်”
“မရိုမသေ မဟုတ်ရင် ဘယ်လို စကားတွေ ပြောမိသလဲ၊ ကြောက်စရာ မလိုဘူး၊ အမှန်အတိုင်း ပြောဆို လုပ်ကိုင်ရာမှာ ဘာမှ ကြောက်စရာ မလိုဘူး၊ ပြောစမ်း”
“ကျွန်မတို့မှာ ကြောက်လို့ ရေဆိပ်ကို လာရတယ်၊ ပုဏ္ဏားကြီးကကော ဘယ်သူ့ကို ကြောက်လို့ ချမ်းချမ်းစီးစီးနဲ့ ရေဆိပ်လာပြီး ရေချိုးရတာလဲ မေးတော့ မကောင်းမှုတွေ ရေမျှောတာလို့ ဖြေပါတယ်။ ဒါကြောင့် ဒီလိုဆိုရင် ရေထဲမှာ အမြဲနေတဲ့ ရေသတ္တဝါတွေ နတ်ပြည် ရောက်ကုန်တော့မှာပဲ၊ သူတစ်ပါး အသက်ကို သတ်တဲ့ မုဆိုး တံငါနဲ့ လူသတ်သမားတွေလဲ ရေဆင်းချိုးလိုက်ရင် အ,ကုသိုလ် ကင်းတော့မှာပဲလို့ ပြောမိပါတယ် အရှင်”
“မှန်လိုက်လေကွယ်၊ ကဲ ကဲ ဆက်ပြောပါဦး”
“ရေထဲ ဆင်းစိမ်လို့ မကောင်းမှုကံဟာ ရေထဲပါသွားရိုးမှန်ရင် ကောင်းမှုကံတွေလဲ ရေထဲပါကုန်မှာပေါ့၊ မကောင်းမှုကံကြောင့် ဆင်းရဲ မဖြစ်ချင်ရင် မကောင်းတာ မလုပ်နဲ့၊ ကောင်းတာလုပ်ပေါ့”
“တော်ပါပေတယ် မိန်းကလေး၊ မှန်ပါပေတယ်”
အနာထပိဏ် သူဌေးသည် ပုဏ္ဏိကာအား လှိုက်လှဲစွာ ချီးမွမ်း၍ ဆက်လက်နားထောင်သည်။ သောတ္ထိယ ပုဏ္ဏား ပြန်ပြောသမျှ မိမိပြောခဲ့သမျှနှင့် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပုဏ္ဏိကာက ပြန်ပြောင်း တင်ပြသည်။
“လိမ္မာပါပေတယ်၊ ပညာရှိပါပေတယ် သမီး။ မိန်းကလေးဟာ ကနေ့က စပြီး ကျွန် မဟုတ်တော့ဘူး။ ထင်းခွေ၊ ရေခပ်၊ ဆန်ဖွပ်၊ မောင်းထောင်း၊ နွားချေးကျုံး၊ မြင်းချေးကျုံး၊ အိုကွယ် ဘာမှ မလုပ်နဲ့တော့”
သူဌေးသည် ဒူးမျှပင် မဖုံးနိုင်သော ပုဏ္ဏိကာ အတွက် ဝတ်ကောင်း စားလှများ ထုတ်ပေးသည်။
“ပုဏ္ဏိကာဟာ ကျွန်မဟုတ်ဘူး၊ ငါ့သမီး ဖြစ်သွားပြီ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး ရတနာသုံးပါးကို သဘောကျ ဆည်းကပ်ပေတော့။ သီတင်းသီလကို အတားအဆီးမရှိ ကျင့်သုံးပေတော့”
ထိုသတင်းကို ကြားရသော အစေအပါးများမှာ ပုဏ္ဏိကာနှင့် ထပ်တူထပ်မျှ ဝမ်းမြောက်ကြရလေသည်။
ပုဏ္ဏိကာ ကျွန်အဖြစ်မှ လွတ်မြောက်သလို သောတ္ထိယ ပုဏ္ဏားမှာလည်း အယူမှား၏ ကျေးကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ပေ၏။ သူသည် ပုဏ္ဏိကာထံမှ အလင်းရောင်ကို မြင်ရပြီးနောက် သတိသံဝေဂ ရကာ သာသနာတော်၌ ရဟန်းပြုပြီး ကမ္မဌာန်း တရားကို အားထုတ်သည့် အတွက် ရဟန္တာ ဖြစ်လာပေသည်။
“ငါဟာ ရှေးတုန်းက ဗြာဟ္မဏ မျိုးဖြစ်ခဲ့ပေမယ့် ယခုမှ မြင့်မြတ်တဲ့ ဗြာဟ္မဏ အစစ်ဖြစ်ပေတော့တယ်။ ရေချိုး ပုဏ္ဏား ဖြစ်ခဲ့ပေမယ့် မဂ်တရား ဖိုလ်တရား ရေစင်နဲ့ ချိုးလို့ အခုမှပဲ တကယ် သန့်ရှင်း စင်ကြယ်တော့တယ်”
သောတ္ထိယ ရဟန္တာအား ဤနှယ် ဝမ်းမြောက် ဝမ်းသာ ဆိုမြည်ရအောင် အမှန်လမ်းသို့ ပို့ပေးခဲ့သော ပုဏ္ဏိကာမှာလည်း စင်စစ်အားဖြင့် ပြာဖုံးလွှမ်း ခံနေရသော မီးခဲ တစ်ခဲမျှသာ ဖြစ်ပေ၏။

ပုဏ္ဏိကာသည် ဘဝပေါင်းများစွာက ဆည်းပူးခဲ့သော ကောင်းမြတ်သည့် ပညာ၊ ကောင်းမြတ်သည့် ပါရမီ ကုသိုလ် အင်အား များစွာ ရှိပြီးသူ ဖြစ်ပေသည်။
ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ ဟူသော မြတ်စွာဘုရား ခြောက်ဆူတို့၏ သာသနာတော်တွင်းဝယ်၊ ပုဏ္ဏိကာသည် ခြောက်ဘဝလုံးလုံး ဘိက္ခုနီ လုပ်ခဲ့ဖူးသည်။ ထိုဘိက္ခုနီ ဘဝများ တွင် သီလဖြင့် ပြည့်စုံသည်။ ဣနြေ္ဒကို ထိန်းသိမ်း စောင့်ရှောက်သည်။ ပဋကတ်သုံးပုံကို ကျေညက် နိုင်နင်း သည်။ ဗဟုသုတ အကြားအသိ ကြွယ်ဝသည်။ မသိလျှင် သိအောင် ဆွေးနွေးမေးမြန်းသည်။ တရား တော်ကို နာကြားသည်။
ထို့ကြောင့် ပုဏ္ဏိကာ အလောင်း ဘိက္ခုနီသည် လူပရိသတ်တို့အား ကောင်းစွာ တရားဟောနိုင်သည်။ တရားဟော ကောင်းသည်ဟုလည်း ထင်ရှားကာ ကိုးကွယ်ကြည်ညိုသူ ပေါများလေသည်။ ယင်းသို့ စာပေ ပရိယတ္တိ ဂုဏ်ရှိ၍ ပိဋကတ်ကျမ်းတို့၌ အလွန် တတ်ကျွမ်း အစွမ်းသတ္တိ အလွန်ရှိသဖြင့် ဗဟုသုတ ပညာ ဂုဏ် ပြည့်စုံသည့်အတွက် အခြံအရံ ပေါများလာသည်။ ထင်ရှားကျော်စောလာသည်။
ပုထုဇဉ်မျှသာ ဖြစ်သော ထိုဘိက္ခုနီသည် ယင်းတို့၌ သာယာ၍ မောက်ကြွားဝင့်ဝါစိတ် ဝင်လာသည်။ ငါနှင့်ငါ သာ နှိုင်းစရာဟု ဘဝင်မြင့်လာသည်။ မာနတက်လာသည်။ တစ်ပြိုင်နက်ပင် သီတင်းသုံးဖော် ရဟန်း မိန်းမ များကို အထင်သေးလာသည်။ ရိုသေထိုက်သူကို မရိုမသေ မထီလေးစား ပြုလာသည်။ ငယ်ရွယ်သူနှင့် တန်းတူများကို မတူမတန် သဘောထားလာသည်။
ယခု နောက်ဆုံးဘဝသို့ ကျရောက်သောအခါ ထိုဘိက္ခုနီသည် တရားဟောပြောခြင်း စသော ကောင်းမှု ကုသိုလ်များကြောင့် လူအဖြစ်ကိုကား ရပါ၏။ သို့သော် ပညာဂုဏ် မောက်ကာ ရဟန်းမိန်းမများအား မလေး မခန့် ပြုမိသော အကုသိုလ်ကံကြောင့် အိုးခွက် ဆေးကြော ထိန်းသိမ်းရသော အစေအပါး၏သမီး ဖြစ်လာ ရပေ၏။
ထို အစေအပါး သမီး မိန်းကလေးကို မမွေးမီ အခြား အစေအပါးများမှ ကလေးများ မွေးဖွားခဲ့ရာ ကိုးဆယ့်ကိုး ယောက် ရှိ၏။ ထိုမိန်းကလေးကား ရာပြည့် မိန်းကလေး ဖြစ်သဖြင့် “ပုဏ္ဏိကာ” ဟု အမည်ပေး၏။ ပုဏ္ဏိကာ ကို ရာပြည့် အထိမ်းအမှတ် အဖြစ် အစေအပါး ဘဝမှ တော်လှန်စေသော်လည်း အစေအပါး အဖြစ်မှ မလွတ် မြောက်ပေ။ သောတ္ထိယ ပုဏ္ဏားကို တရားပြသောအခါကျမှသာ အမှန် လွတ်မြောက်လေ၏။
သို့ရာတွင် ပုဏ္ဏိကာသည် သူဌေးသမီးအဖြစ် ကောင်းမွန်စွာ နေရခြင်းတွင် သာယာခုံမင်၍ မနေပေ။ အကုသိုလ်ကံများ မှေးမှိန်လာချိန်တွင် ဘဝများစွာက ဆည်းပူးသိုလှောင် ထားခဲ့သော ပါရမီ အင်အားများ လည်း လှုပ်ရှားလာသဖြင့် အနာထပိဏ် သူဌေးကြီးထံတွင် ခွင့်တောင်းကာ ရဟန်းပြုလေ၏။
ပုဏ္ဏိကာ ဘိက္ခုနီသည် ရဟန်းပြုပြီး မကြာမြင့်မီပင် ရဟန္တာ ဖြစ်တော်မူတော့သည်။ အဘိညာဉ် ခြောက်ပါး ပဋိသမ္ဘိဒါ လေးပါးဖြင့် ပြည့်စုံတော်မူသည်။ တန်ခိုးလည်း ကြီး၏။ တရားဟောပြောမှုလည်း ကောင်း၏။ ထို့ကြောင့် ပုဏ္ဏိကာထေရီ ဟူ၍ ထင်ရှားတော်မူ၏။

Read more...

အတိတ်တစ်ချိန်က အိမ်မက်များ(၁) (ရှင်ရာဟုလာ)


ပုလဲရောင်တူ၊ ဆဒ္ဒန်ဖြူကား၊ မြိုင်ငူတောဝယ်၊ သန္ဓေယူ၏။
လူတော်လူစွမ်း၊လူထိပ်တန်းကား၊မြို့နန်းရှိရာ၊ တောကလာ၏ ။      
မရောက်တာကြာပြီဖြစ်သောမိမိဇာတိရွာကလေးကို လွန်ခဲ့တဲ့နှစ်ကခေတ္တရောက်ခဲ့ပါတယ်၊အုန်းပင်၊သရက်
ပင်၊မကျည်းပင်လေးတွေအုပ်ဆိုင်းနေတဲမိမိဇာတိချက်ကြွေအိမ်ယာမြေနှင့်ရွာကလေးဟာမပြောင်းလဲ ပဲ
တည်တံ့ဆဲပါ။ရှေးခေတ်သူကြီးသူဌေးနေခဲ့တဲ့ရွာဖြစ်လိုရွာကြီးလိုအမည်ရထားတဲ့ရွာလေ:မှာအသက်သုံး
နှစ်ခွဲမျှသာရှိသေးတဲ့မိမိဟာဘုန်းကြီးကျောင်းသားလုပ်ချင်တယ်ပူဆာလွန်းတာကြောင့်၊အိမ်ကအဘိုးကမုန်.
တစ်ပွဲနှင့်ကျောင်းကိုလိုက်ပို့တာမြင်ယောင်မိပါသေးတယ်။မိမိတိုရွာမှာရှေးတုန်းကဘုန်းကြီးကျောင်းမရှိ ခဲ့
သေးပါဘူး။နားမူးတွေဆိုတဲ့ရွာလေးနဲ့ပေါင်းပြီးနှစ်ရွာတစ်ကျောင်းပေါင်းပြီးကိုးကွယ်လာခဲ့ကြပါတယ်။မိမိကို
မွေးပြီးတဲနှစ်လောက်မှာပဲရွာသူရွာသားများစုပေါင်းကာသီးသန့်ဘုန်းကြီးကျောင်းထူထောင်ကြပါတယ်။
ပထမပုံးဆရာတော်ကအရှင်အရိယ၀ံသလို့ဘွဲ့အမည်ရပါတယ်။ထိုအခါတွင်အဘိုးကဘုန်းကြီးကျောင်း
သားလုပ်ချင်သောမိမိအားဆရာတော်ဆီမှာအပ်နှံခဲ့ပါတယ်။အခုခေတ်ဆိုရင်တော့စင်င်္ကာပူက (nusery)
ကျောင်းတက်သလိုပါပဲ။မိမိငယ်ငယ်တုန်းကအများသူတွေစကားပြောတတ်တဲ့အရွယ်တောင်စကားမပြော
သေးတဲ့အတွက်၊အမေကစိတ်ပူလွန်းလိုဗေဒင်ဆရာ၊နက္ခတ်ဆရာတွေဆီမှာသွားပြီးမေးလိုက်ယတြာချေ
လိုက်နဲ့အမျိုးစုံလုပ်ခဲ့ရပါသေးတယ်။အရွယ်လွန်မှစကားအနည်းငယ်ပြောလာပါတယ် ။မိမိကပူဆာလွန်းလို့
သာအဘိုးကလိုက်ပို.ပေးခြင်းဖြစ်ပေမဲ့မိမိအသက်အရွယ်ကအလွန်ငယ်သေးတာကြောင့်ဆရာတော်ခမျာ
မိမိကိုရေတောင်ချိုးပေးခဲ့ရပါတယ်။အသက်သုံးနှစ်ကျော်လောက်မှာအနီးအနား ရွာကဆရာတော်တစ်ပါးပျံ
တော်မူ၍ဘုန်းကြီးပျံပွဲမှာစွပ်ကျယ်လေးဝတ်ပြီးဓါးမောက်ကလေးတစ်ချောင်းနှင့်ကစားနေတဲ့မိမိကိုအမေ
လာပြီးခေါ်ယူသွားခဲ့တယ်။ကလေးဘ၀အပူအပင်ကင်းတဲ့ဘ၀လေးမို.ထိမှတ်မိဆဲပါပဲ။အဲဒီရွာမှာနေတုန်းက
မောင်နှမနှစ်ယောက်ပဲရှိသေးတော့မိဘတွေအလုပ်သွားရင် မိမိတို့မောင်နှမကိုထမင်းချိုင့်ကလေးနှင့်အဖွား
တစ်ဦးဆီမှာအပ်ထားလေ့ရှိပါတယ်။အဖွားနာမည်ကဒေါ်အေးစိန်မတဲ့။နောက်တော့အဖွားခမျာဆင်းဆင်းရဲရဲ
ကွယ်လွန်သွားခဲ့သည်ဟုသာကြားခဲ့ရပါတယ်။မိမိအိမ်ကအဖွား(အဘိုးရဲ့ အမေ)ကဒေါ်မေနီခိုင်တဲ့။ မိမိကို
အမြဲမုန့်ကျွေးတဲ့အဖွားဟာခြံထဲမှာဟင်းသီဟင်းရွက်တွေစိုက်ပျိုးရင်းနဲ့ဦးနှောက်သွေးကြောပြတ်ပြီးအိမ်
ရောက်တာနဲ့မကြာခင်ကွယ်လွန်သွားခဲ့ပါတယ်။မိမိကိုချစ်တဲ့အဘိုးဦကွန် (အဖေရဲ့အဖေ)လည်းရုပ်တရက်
ကင်ဆာရောဂါဖြစ်လာလို့၁၃၃၉ခုသီတင်းကျွတ်လဆုတ်၎ရက်နေ့ကွယ်လွန်သွားခဲ့ပြန်ပါတယ်။မိမိတို့မောင်
နှမနှစ်ယောက်လူမမယ်ပေမဲ့စာရွက်ကလေးမှာကမ္ဗည်းတင်ခဲ့ကြပါတယ်။အမှန်ကကမ္ဗည်းမတင်ဘဲနှင်
မိမိကမှတ်မိတတ်ပါတယ်။အမေနဲတူတာပေါ့။အမေကမွေးသက္ကရဇ်လေးတွေကိုစိတ်ထဲမှာပဲသိမ်းထားလေ့
ရှိပါတယ်၊ယခုတောင်ဥက္ကလာမှာရှိတဲ့ညီမမြင့်မြင့်ဝေကိုဖွားပြီးတဲ့နောက်အမေဖက်ကအဘိုးအဖွားများရှိရာ
ရွေရွာကိုပြောင်းလာခဲ့ကြပါတယ်၊မိမိအသက်ကသုံးနှစ်ကျော်ညီမမွေးကင်းစအရွယ်မှာမိမိတို့အိမ်ကနေခဲ့တဲ့
အခန်းလေးကိုစွန့်ခွါခဲ့ရတဲ့ခံစားချက်လေးကိုသတိရပါသေးတယ်။အိမ်ပြောင်းတော့စောစောပြောင်းတာ
ကောင်းတယ်ဆိုလို့မိမိတိုမိသားစုလူတွေမနိုးခင်ပြောင်းရွှေ့လာခဲ့ကြပါတယ်။အဲဒီရွာရောက်တော့သူငယ်ချင်း
အသစ်တွေနဲ့ရွာရိုးတစ်လျှောက်ပြေးလွှားကစားလေ့ရှိတဲ့မိမိဟာ ဒူးကွဲခြေသဲကွာခဏခဏဖြစ်ခဲ့ဖူးပါတယ်။
နောက်နှစ်တွေမှာကျောင်းတက်ရင်းသူများနည်းတူဘုန်းကြီးကျောင်းမှာသွားနေခဲ့ပြန်ပါတယ်။ညနေတိုင်း
အိမ်ပြန်ပြီးမိဘများကိုလာတွေ့ရပါတယ်။အရွယ်ငယ်သေးတော့ဆရာတော်ကကျောင်းမှာအိပ်ခွင့်မပေးသေး
ပါ။နောက်ပိုင်းမှကျောင်းမှာအိပ်ခွင့်ရခဲ့ပါတယ်။မိမိဟာအဖေရဲ့အမေဖြစ်သူအဖွားဒေါ်စောသာဦးဆီကိုမကြာ
မကြာပြန်သွားလေ့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့အဖွားက မိမိကိုလိုလေသေးမရှိအောင်ပြုစုပေးလို့ပါပဲ။
မိမိဇာတ်ပွဲများသွားချင်ရင်လည်းမငြိုမငြင်လိုက်ပို့ပေးပါတယ်။ထိုမိမိအဖွားသည်လွန်းခဲ့သော(၈)နှစ်ခန့်က
ကွယ်လွန်သွားခဲ့ပါ တယ်။ အဲဒီအချိန်ကမိမိတို့ရွာမှာ မူလတန်းဆရာကဦးညိမ်းဖေ၊ဆရာမကြီးကသူ့ဇနီး
ဒေါ်ခင်ညွန့်တဲ့။သူတို့ဇနီးမောင်နှံကမိမိတို့အမေငယ်ရွယ်စဉ်ကပင်မိမိတို့ရွာမှာတာဝန်ယူခဲ့ကြတာ၊ဆယ်စုနှစ်
၃-ခုလောက်ထိရှိပါလိမ့်မယ်။အမေမူလတန်းတုန်းက သင်ခဲ့တဲ့ဆရာကြီးတို့ဇနီမောင်နှံဟာသားတို့ခေတ်
ရောက်တဲ့အထိရွာမှာပဲရှိသေးတယ်။နောက်ပိုင်းမှာတော့သက်ပြည့်ပင်စင်ယူသွားကြပါတယ်၊ပြီးရင်ဆရာကြိး
ဦးတင်ညွန့်၊ဆရာကြိးဦးကျန်အောင်တို့လက်ထက်မှာမိမိတို့မူလတန်းအောင်ပြီးအလယ်တန်းကျောင်းရောက်
သွားခဲ့ပါတယ်၊အဲဒီတုန်းကဆရာကြီးရဲ့ဇနီးသည်ဆရာမတာဝန်ကျရာထိန်တွေရွာကသူငယ်ချင်းတွေဖြစ်တဲ့
ခင်မာရီ၊ခင်သန်းနုမခင်ရွှေခင်သန်းမြင့်စသည့်သူငယ်ချင်းများနှင့်ယခုထိအဆက်အသွယ် ရှနေသေးတယ်၊
နှစ်တွေကတော့ကြခဲပါရောလား။မိမိငယ်စဉ်ကအန္တရယ်တွေများစွာကြုံခဲဖူးပါတယ၊၊အမေပြောပြလို့သိခဲ့တာ
တွေလဲရှိတယ်၊ မိမိမှတ်မိတာလေးတွေ ရှိနေတာကတော့တစ်နေ့မှာရွာကနွားအုပ်ကြီးပြေးလာကာမိမိကို
ကျော်ခွပြီးသွားခဲ့ကတယ်တစ်ကောင်သာနင်းရင်တော့အဲဒီနေ့မှာပဲသေလောက်တယ်။တစ်ခါမှာလည်းအိမ်
ရှေ့ခြံထဲမှာနေဆာလှုံနေစဉ်မွေဟောက်ကြီးတစ်ကောင်ထွက်လာပြီးပါးပျည်းကြီဖြန့်ကာမိမိအနားမှာဝဲကာ
ဝဲကာဖြစ်နေတော့အမေ့မှာလန့်ပြီးအော် လိုက်ရတာ။မွေဟောက်ကြီးကမိမိကိုမပေါက်ပဲကြွက်ခေါင်းထဲဝင်
သွားတယ်လိုသိရပါတယ်။တစ်ခါမှာလည်းမောင်ဝင်းနိုင်ဆိုတဲ့အမတို့အတန်းကကောင်းလေးတစ်ယောက်
နှင့်ရွာနားကရေကန်ကိုရေချိုးဘို့လာခဲ့ကြတယ်၊သူကကန်ရေမချိုးခင်အင်းမှာရေကူးရအောင်ဆိုလို့ရေဆင်း
ကူးကြတယ်။မိမိကရေကူးမသင်ရသေး တော့သူကရေတိမ်မှာနေဖို့မိမိကိုသတိပေးတယ်။ဒါပေမဲ့ရေကူး
ဆော့ရင်းနဲ့ဘဲရေနက်ရာအပိုင်းရောက်သွားတော့မိမိလည်းပေါ်မလာတော့ပေ။မောင်ဝင်းနိုင်ကမိမိကိုရှာ
မတွေ့တောဒီကောင်''အင်းရေချိုးပြီးပြန်သွား လို့မကောင်းဘူးကန်ရေချိုးဖို့ပြန်ခေါ်လိုက်မယ်ဆိုပြီး”အင်းက
တက်သွားတယ်။အဲဒီအချိန်မှာသူစဉ်းစားမိလို့တော်သေးတာပေါ့။ရေနစ်နေလားမသိဘူးလို့။ပြန်လာကြည့်တဲ့
အခါမိမိသေခါနီးပြန်ပေါ်လာတုန်းဆံပင် လေးတွေရေထဲမှာမြင်တော့အမြန်ပြေးဆင်းလာပြီးမိမိကိုပွေ့ချီကာ
အင်းအနီးကန်စင်းရိုးပေါ်မှာချကာသတိရအောင်ပြုစုပေးတော့မှ၊မိမိကသူကိုမလွှတ်ပဲတင်းကြပ်အောင်ဖက်
ထားမိပါတော့တယ်၊တစ်ခါမှာမကျည်းပင်ပေါ်တက်တော(၁၀)ပေလောက်အမြင့်ကမကျည်းကိုင်းနဲ့ပြုတ်ကျ
ဖူးသေးတယ်။နောက်မှသတိပြန်ရလာတယ်။ညီလေးပါလိုတော်သေးတာပေါ့။မဟုတ်ရင်တစ်ယောက်တည်း
သေရင်သေနေမှာ။ (to becontinued)          

Read more...

နှစ်ပတ်လည် အလှူပွဲ အတူနွဲကြရအောင်...။

ဒေဂူးမြို့၊စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ကျောင်းတော် ကြီး၏ အလှူဒကာ၊ဒကာမများ စုပေါင်း၍ မြန်မာနိုင်ငံ၊ သုခရိပ်မြုံဂေဟာရှိ HIV/AIDS ရောဂါဝေဒနာ ခံစား နေကြရသော ခလေးငယ် ၄၉ ယောက်အတွက် လိုအပ်နေသည့် ဆေးဝါး၊ အစားအသောက်၊ ပညာ သင်ကြားရေး အစရှိသော ကဏ္ဍ များတွင် ထောက်ပံ့လှူဒါန်း သွားကြမည်ဖြစ်ပါသည်။



သုခရိပ်မြုံ ဂေဟာ
သို့ဖြစ်ပါ၍ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအကိုမောင်နှမ အပေါင်း စုပေါင်းပါဝင် ကုသိုလ်ပြုနိုင်ရေး နိုးဆော်လိုက်ပါသည်။

ကျောင်းတော်ကြီး တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၁၄-၂-၂၀၁၀(တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့၊ စိတ္တသုခကျောင်းတော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အလှူငွေများကို အောက်ပါအတိုင်း ဆက်သွယ် လှူဒါန်း နိုင်ကြပါသည်-

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဖုန်း-၀၅၃ ၂၉၅ ၉၂၂၀ )
ဆရာတော် ဦးဝိစိတ္တ.......................(ဖုန်း-၀၁၀ ၆၈၇၂ ၃၈၅၆)
ကိုရွှန်းဝင့်နွယ်..............................(ဖုန်း ၀၁၀ ၅၁၃၂ ၅၂၉၉ )
ကိုမင်းနိုင်...................................(ဖုန်း ၀၁၁ ၉၆၈၈ ၀၄၂၂ )
ကိုဘုန်းနိုင်..................................(ဖုန်း ၀၁၀ ၇၂၅၂ ၁၆၇၆ )
ကိုလင်းထိန်ဝင်း........................... (ဖုန်း ၀၁၀ ၄၃၄၅ ၁၉၈၀ )
Bank account ...........................농협 150088-56-143035
ကာတွန်းဆရာ စိုးသော်တာမှ ကလေးငယ်များကို ကာတွန်းပုံရေးဆွဲပြနေပုံ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP