* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 29, 2010

တပို့တွဲလပြည့်နေ့ တရားအစီအစဉ်



Read more...

ဆက်လက် လျှောက်လှမ်းရပေအုံးမည်

ဆက်လက် လျှောက်လှမ်းရပေအုံးမည်

ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားရင်းဖြင့် ဘာသာရပ်ကြီး (၁၂)ခုတွင် တခုအပါအ၀င်ဖြစ်သည့် Technique of Higher Education ဘာသာရပ်ကို သင်ယူခွင့်ရခဲ့၏။
သင်ကြားသူကား ထိုင်းနိုင်ငံမှ ဆရာမလေး (Miss Doungkamon Tongkanaraksa)။ (ဆရာမလေးဆိုသည်မှာလည်း မိမိအသက်နှင့် နှိုင်းယှဉ်၍ ခေါ်ဝေါ်ခြင်းမျှသာ) အသက်က ခန့်မှန်းချေ (၃၅)၊ အိမ်ထောင် မရှိသေးသည့် အပျိုကြီး။ စကော့တလန်တွင် ဘွဲ့လွန်များ ထပ်တက်ခဲ့၊ ထပ်ယူလာခဲ့သည်ဟု သိခွင့်ရခဲ့၏။


တနေ့တွင် စာရေးသူတို့ ကျောင်းသားများအတွက် Assignment ရေးဖို့နှင့် Presentation လုပ်ဖို့ တာဝန်ကျလာ၏။ ခေါင်းစဉ်က My Goal (ကျနော့် ရည်မှန်းချက်ပန်းတိုင်)။
ထိုခေါင်းစဉ်အောက်တွင် အဆင့်သုံးဆင့် ချပေးထား၏။
၁။ ယခု ဘ၀ရည်းမှန်းချက်ပန်းတိုင်၊
၂။ နောင် ဘ၀ရည်မှန်းချက်ပန်းတိုင်၊
၃။ သံသရာ ရည်းမှန်းချက်ပန်းတိုင်။
မိမိ အမှန်တကယ် ရည်ရွယ်ရာ ပန်းတိုင်များကိုသာ မိမိကိုယ်တိုင် ရေးဖို့နှင့်ပြောဖို့ တခါတည်း မှာထားလိုက်၏။
မဖြစ်မနေ လုပ်ရတော့မည့် အလုပ်အတွက် ပြောဖို့ထက်ရေးဖို့ကို အရင်စဉ်းစားရ၏။ ရေးဖို့ထက် အရင်တွေးဖို့ စဉ်းစားရပြန်၏။ ယခုဘ၀အတွက် မိမိရည်မှန်းချက်ပန်းတိုင်က ဘာလဲ? ဆိုသည်ကို မေးလိုက်တော့ (မိမိကိုယ်မိမိ) အဖြေက မသေချာ မရေရာ။ မိမိ ဖြစ်ချင်သည်များကို အဓိက ထားပြီး စဉ်းစားမိ၏။
လောလောဆယ် မိမိ ဖြစ်ချင်နေသည်က စာရေးချင်သည်။ စာဖတ်ချင်သည်။ စာသင်ချင်သည်။ မိမိ လိုချင်သည့် ဗဟုသုတများကို ရှာဖွေ ချင်သည်။ ကိုယ်သိသမျှ တတ်သမျှကို ပြန်လည် မျှဝေချင်သည်။ ဒီလောက်ပင်။
ဒီအထဲမှာမှ စာဖတ်ရသည်ကို ပို၍ ၀ါသနာပါသည်။
၁၇ နှစ် မှ ၂၄ နှစ် ၀န်းကျင် အချိန်ထိ ဖတ်သမျှ စာပေများကို ဆွေးနွေးချင်သည်။ တိုင်ပင်ချင်သည်။ ဖြစ်သင့်သည်များကို သုံးသပ် ဝေဖန်ချင်သည်။ ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ ဝေဖန်ခဲ့ဖူးသည်။ အဲဒါတွေက ရည်ရွယ်ပန်းတိုင်လား။ ၂၄ နှစ် ကျော်လာပြန်တော့ ပရဟိတလုပ်ငန်းဖြစ်သည့် သူငယ်တန်းမှ အစပြုကာ တက္ကသိုလ်ဝင်တန်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှ ဆရာ ဆရာမများကို စာပေပညာရပ်များ၊ ကွန်ပျူတာသင်တန်းများ၊ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများ မိမိ စေတနာ ၀ါသနာနှင့် ရည်ရွယ်ချက်ပန်းတိုင်များအလျောက် သင်ကြားပေးခဲ့ရပြန်ပါသည်။
ခုချိန်များရောက်ပြန်တော့ စာများကိုတော့ ပို၍ ဖတ်ဖြစ်သည်။ သို့သော် မဆွေးနွေးချင်၊ မတိုင်ပင်ချင်၊ မဝေဖန်ချင်တော့။ မိမိသိနေသည့် အသိအပေါ်မှာသာ တွေးတော စဉ်းစားနေမိသည်။ ဒါတွေကရော ရည်ရွယ်ချက်ပါလား။ မသေချာ မရေရာ။
ဤသို့ တွေးရင်း ငေးရင်း ရေးရင်းဖြင့် Assignment တင်ရမည့်အချိန်နှင့် Presentation လုပ်ရမည့် အချိန်ကို ရောက်လာခဲ့၏။ မိမိကား အဆင့်သုံးဆင့်တွင် တဆင့်မျှကိုတောင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်။ မရေးသားနိုင်ခဲ့။
သို့သော် . . .
ဒီဘ၀ ရည်မှန်းချက် ပန်းတိုင်အတွက် လက်ရှိဘ၀မှာပင် ရည်မှန်းချက် ပန်းတိုင်တွေက အသက်အရွယ်အလိုက် အမျိုးမျိုးပြောင်းနေရကြောင်း၊ ငယ်ငယ်က ဖြစ်ချင်သည့်အရာများ ခုချိန်များမှာ မဖြစ်ချင်တော့ကြောင်း၊ ဒီဘ၀ရည်မှန်းချက်တွင် ငြိမ်းချမ်းစွာ စာဖတ်ခြင်း၊ စာရေးခြင်း၊ စာသင်ခြင်းတို့နှင့်သာ ဘ၀ကိုကုန်ဆုံးချင်ပြီး သေချာသည်ကတော့ အပါယ်လေးပါးမှ အပြီးတိုင် ငြိမ်းချင်သည်က အဓိကရည်ရွယ်ချက် ပန်းတိုင်ဖြစ်ပါကြောင်း ပြေပြေလည်လည် ပြောကြားခဲ့ရ၏။
Presentation လုပ်သည့်အချိန်တွင်လည်း အဆင့် (၂) နှင့် (၃) မပါဝင်ခဲ့။ ဤအချိန်တွင် ဆရာမလေးနှင့် ကွိုင်တော့၏။ ဆရာမလေးက နောင်ဘ၀ ရည်းမှန်းချက် ပန်းတိုင်ကို တဆက်တည်း ပြောခိုင်းသည်။ မိမိ မပြောနိုင်ခဲ့။
နောင်ဘ၀ ရည်းမှန်းချက်ပန်းတိုင်အတွက် ဆရာမလေး၏ မေခွန်းကို ဖြေဆိုနိုင်စွမ်းမရှိခဲ့။ အဖြေမရှိကြောင်း ပြောခဲ့သော်လည်း အနောက်နိုင်ငံတွင် စာသင်ခဲ့သူများပီပီ အကြောင်းပြချက်ကို မဖြစ်မနေ တောင်းခံခဲ့၏။
ဆရာမလေးကို ဖြေရှင်းချက်တော့ ပေးမှ ရပေတော့မည်။
သည်လိုဆိုပြန်တော့လည်း အဖြေကိုရှာကြည့်သည်။ နောင်ဘ၀ရည်မှန်းချက် ပန်းတိုင်က ဘာလဲ။ မသိ။ မိမိ ဘာမှ မသိ။ ဘာမှ မရှိ။ မသိ မရှိတာကို အကြောင်းပြချက် တောင်းပြန်သည်။
ခက်လိုက်သည် ဖြစ်ခြင်း။ လောလောဆယ်တော့ သူ့တပည့် ဖြစ်နေရသည်က တကြောင်း၊ နိုင်ငံစုံ ကျောင်းသား အများရှေ့မှာ ဖြစ်ပြန်တော့လည်း ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်ဆရာကို သိက္ခာ မကျစေချင်သည့် ရည်ရွယ်ချက်ကြောင့် အဖြေပေးခဲ့မိပါသည်။
မြတ်ဗုဒ္ဓဟောကြားသည့် တရားတော်များတွင် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ အခိုင်အမာ ရှိပြီးသားဖြစ်၏။ မြတ်ဗုဒ္ဓ၏ ပိဋကတ် သုံးသွယ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကလည်း မျက်မြင်ထင်ရှားရှိနေသည်ပင်။ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်၏ ဂုဏ်သတ္တိထူးတွင် အကာလိကော ဆိုသည့် ပါဠိက ဓမ္မ၏ ခိုင်မာကြောင်း၊ နောင်ဘ၀ ရည်မှန်းချက်ပန်းတိုင် ရှိ မရှိ ဆိုသည်ကို သေချာစေကြောင်း ရှင်းပြရ၏။
အကာလိကော ဆိုသည်မှာ အချိန်အခါ မရွေး အကျိုးပေးသည့် မြတ်ဗုဒ္ဓတရားတော်၏ ဂုဏ်သတ္တိထူးဖြစ်၏။ မိမိ၏ ပါရမီကို စိတ်၊ ဆန္ဒ၊ ၀ီရိယ၊ ပညာတို့နှင့် ပေါင်းစပ်လိုက်ပါက ချက်ချင်းလည်း တရားထူးရနိုင်သလို၊ တစ်ရက်၊ နှစ်ရက်၊ ခုနစ်ရက်၊ ဘယ်အချိန်အတွင်းမှာ မဆို တရားနိုင်ကြောင်း အတိအလင်း မြတ်ဗုဒ္ဓက ဟောကြား ထားပြီးသားဖြစ်သည့် အတွက် နောင်ဘ၀ နှင့် သံသရာရည်ရွယ်ချက်ပန်းတိုင်တို့ အဓိကအားဖြင့် မထားရှိပါကြောင်း ဖြေကြားခဲ့ရသည်။
သို့သော်လည်း ဆရာမလေးက သူမ ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသည့်အတွက်ကြောင့် မကျေနပ်နိုင်သော်လည်း သူမကိုယ်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာဖြစ်နေသည့် အတွက်ကြောင့် လက်ခံထားလိုက်၏။
မိမိ ရေးသားခဲ့သော အထက်ပါအကြောင်းအရာများကို ပြန်လည် ကောက်ချက်ချရပါလျှင် မြန်မာနိုင်ငံမှာ ရှိစဉ်တုန်းက စာအုပ်ဆိုင်သို့သွား ပိုက်ဆံပေး၍ စာအုပ်ငှါး။ စာကြည့်တိုက်သို့သွား မနိုင်တနိုင် စာအုပ်များကို ငှါးခဲ့ရ သယ်ခဲ့ရ၏။ စာဖတ်၊ စာရေး၊ စာသင်ခဲ့ရ၏။ အင်တာနက်မှ စာပေ ရေးသားခြင်း၊ စာဖတ်ခြင်းများ မပါဝင်ခဲ့။ ယခု ထိုင်းနိုင်ငံတွင် အင်တာနက်ကို စိတ်ရှိတိုင်း သုံးခွင့်ရသောအခါ ဘာကိုပဲ လိုချင်လိုချင် အချိန်မရွေး ရှာ၍ ဖတ်နိုင်သည်။ မီးမပျက်သည့်အတွက် အချိန်မရွေး စာရေး၍ ရနိုင်သည်။ မိမိရေးသည့် စာများကို အချိန်မရွေး နိုင်ငံတကာရှိ စာဖတ်ပရိသတ်များသို့ တင်ပြ ပေးပို့နိုင်သည်။
နိုင်ငံတကာရှိ စာပေပညာရှင်များနှင့် ဆုံဆည်းခွင့်ရပြန်သည်။ မိမိရေးသားထားသည့် စာများကို စုစည်း၍ ဘလော့ဂ်လုပ်ထားနိုင်သည် ဆိုပြန်တော့လည်း ပျော်လို့ ရွှင်လို့မဆုံး။ ဒီဘ၀ရည်မှန်းချက်က ပိုမို ခိုင်မာလာသလိုပင်။ ထို့အတွက်လည်း ဘလော့လုပ်ပေးသူ ညီမတော် မယမင်း၊ ပြင်ဆင်ပေးသူ သူငယ်ချင်း အရှင်နန္ဒောဘာသ (မဟာချူလာ)၊ ဥယျာဉ်မှူး (အမည်မသိ)၊ စာပေရေးသားရန် အခွင့်အလမ်း ပေးခဲ့သော ကိုဝိမုတ္တိ၊ ညီငယ် မောင်ဖိုးသား (ပြည့်စုံအောင်)၊ တို့အား အမှတ်တရ ကျေးဇူးတင်ရပြန်သည်။
အင်တာနက်ဆိုသည်ကို ကိုင်ဖူးသည်က တနှစ်မပြည့်သေး။ ဒီလိုအချိန်မှာ အင်တာနက် ဗဟုသုတ ဘာမှ မရှိ ။ သို့သော် စိန်နားကပ်ရောင်ကြောင့် အထိုက်အလျောက်တော့ ပါးပြောင်ပေအုံးတော့မည်။ မိမိတင်ထားသည်က ဘလော့ဂ်စပေါ့။ သို့သော် မိခင်နိုင်ငံက ဖတ်ခွင့် သိခွင့် မရရှာ။ အမှန်အတိုင်း ပြောရလျင် သိခွင့် ဖတ်ခွင့် ရဖို့လည်း မကြိုးစားမိ။ ကြိုးစားနိုင်လောက်သည့် အရည်အသွေးလည်း မိမိမှာ မရှိ။ ဘလော့ဂ်စပေါ့နှင့်ပင် ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။
(၂၈၊ ၁၊ ၂၀၁၀) ည ၁၁းနာရီ ၄၈ မိနစ် တွင် အွန်လိုင်းမိတ်ဆွေ နော်ဝေနိုင်ငံမှ (မ) မြကြေးမုံ က မည်သူ့ပယောဂမှ မပါဘဲ သူမစေတနာ သက်သက်ဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ကကြိုးတွေနှင့် တခါတည်း အပြီး ပြင်ဆင်ခဲ့ပြီး ဒိုမိန်း လှူဒါန်းလိုကြောင်း ပြောကြားခဲ့၏။ ပြီးလျှင် (၂၉၊ ၁၊ ၂၀၁၀) ည ၁၂ နာရီ မိနစ်တွင် တခါတည်း လုပ်ဆောင်ပေးခဲ၏။ ယနေ့ တော့ နံနက် လေးနာရီ မိနစ်သုံးဆယ် အထိ အရုဏ်မိုးသောက် အလင်းပေါက်သွားခဲ့ရပြန်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ဘ၀တွင် အခြေအနေ အချိန်အခါနှင့် ပတ်သက်ပြီး ရည်မှန်းချက် ပန်းတိုင်များ အမျိုးမျိုး ပြောင်းလဲနေတတ်ကြ၏။ လယ်တီဆရာတော်ဘုရားကြီး၏ ငယ်ငယ်က သင်ခဲ့ရသည့် မိုက်မလင်းနိုင်ဘု ကဗျာတွင် ပါဝင်သည့် စာသားများလိုပင် အခွင့်အခါကောင်းကို ကောင်းကောင်း အသုံးချဖို့သာ အရေးကြီးပါသည်။ ဘယ်ဘ၀နှင့် နေသည်ပင်ဖြစ်စေ မိမိဘ၀ အခြေအနေမှန်ကို သုံးသပ်ပြီး သဘာဝသဘောတရားအတိုင်း ဒီဘ၀ကိုတော့ဖြင့် မဖြစ်မနေ ဆက်လက်လျှောက်လှမ်းရပေအုံးမည် . . . .



Read more...

ဝက်မျက်နှာ

သူကရမုခပေတ


ကိုယ်ဖြင့် စောင့်စည်း၍
နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့်
ကွယ်လွန်သောအခါ ရွှေအဆင်းနှင့်တူသော ကိုယ်
ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ

သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အသျှင်နာရဒက မေး၏။

အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့်မူကား မစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့်အတိုင်း ကိုယ်မှာ ရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု ပြိတ္တာက ဖြေဆို၏။

၂ - သူကရမုခပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

စမ္ပေယျနဂါးမင်းအကျင့်...

စမ္ပေယျနာဂစရိယ၊ (စမ္ပေယျနဂါးမင်းအကျင့်)


ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊
ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည် ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင် အကြင်အဆင်းကို ကြံစည်၏၊ ငါသည် ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဉ်လိုက်လျက် ကြံစည်သော အဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်၏။

ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှ ဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ 'ဖွဲပြာ ကဲ့သို့' ဖရိုဖရဲ ကြဲသော်လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။
20-25
၃ - စမ္ပေယျနာဂစရိယ၊ ဟတ္ထိနာဂ၀ဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏...

ဗြဟ္မ (မြတ်သောအကျင့်)

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့...
''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။

ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။

အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊ 'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63

၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒသုတ်

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရား ဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် မမြဲ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် အဆုံးရှိ၏ ဟူသည်ကိုလည်း။ပ။ ပေါဋ္ဌပါဒ လောကသည် အဆုံးမရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ ထို(ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ အသက်သည့် တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ရှိ၏ ဟူသည် ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်း မရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း)မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏။

ပေါဋ္ဌပါဒ အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရားတို့ဟု ငါသည် ဟောကြားဖော်ပြသနည်း။

ထို တရားတို့သည်...

အကျိုးစီးပွားနှင့် မစပ်ကုန်၊
လောကုတ္တရာ တရားနှင့် မစပ်ကုန်၊
အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊
ငြီးငွေ့ ရန်အလို့ငှါ မဖြစ်ကုန်၊
တပ်မက်ခြင်း ကင်းရန်အလို့ငှါ မဖြစ်ကုန်၊
ဝဋ်ဆင်းရဲ ချုပ်ရန်အလို့ငှါ မဖြစ်ကုန်၊
ကိလေသာ ငြိမ်းရန်အလို့ငှါ မဖြစ်ကုန်၊
ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်ကုန်၊
သစ္စာလေးပါးကို သိရန်အလို့ငှါ မဖြစ်ကုန်၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ မဖြစ်ကုန်၊
ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ ဟု ငါသည် ဟောကြား ဖော်ပြပေ၏။

ပေါဋ္ဌပါဒသုတ်၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဘယ်သူပြိုင်လို့ သာပါတော့နိုင်...

အရှင်ဝံသပါလာလင်္ကာရ
အဋ္ဌမမြောက် တိပိဋကဓရ တိပိဋကကောဝိဒ
တိပိဋကဓမ္မွဘဏ္ဍာဂါရိက
မြင်းမူဆရာတော် ဘဒ္ဒန္တ ၀ံသပါလာလင်္ကာရ

ဘယ်သူပြိုင်လို့ သာပါတော့နိုင်... 1.25.2010



Read more...

အပိုင်းအစများ (၂)

ကိုယ့်ခြံလုံဘို့အရေးကြီးတယ်

တစ်ယောက်က ပြောတယ်၊ ခင်ဗျားနွား ကျုပ်ခြံထဲဝင်လာတယ်တဲ့၊ တစ်ယောက်က ပြန်ပြောတယ် ကျုပ်နွားခြံထဲက ညကထွက်သွားတယ်တဲ့၊ ဘာကြောင့်တုန်း…

ကိုယ့်ခြံထဲ တခြားနွားဝင်တာပဲဖြစ်ဖြစ်၊ ကိုယ့်နွားက သူများခြံထဲ ၀င်တာပဲပဲဖြစ် အကြောင်းရင်းက ကိုယ့်ခြံက မလုံလို့ပဲ၊ ဒီတော့ သူများမ၀င်စေချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်နွား သူများခြံထဲ မရောက်စေချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်ခြံကို လုံအောင်လုပ်ရပါ့မယ်၊ စကားလုံးကတော့ ရိုင်းပေတယ်ပေါ့၊ ဒါပေမယ့် ဒါဟာ အမှန်တရားပါပဲ…

အတ္တာဟိ အတ္တနော နာထော

ဒီစကားကိုတော့ မြန်မာလူမျိုးအတော်များများ အသုံးပြုကြတဲ့ ဓမ္မပဒက ဗုဒ္ဓစကားပါ၊ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့၊ ကိုယ်ကောင်းဘို့ပဲ အရေးကြီးတယ်၊ ကိုယ်လုပ်သမျှ ကိုယ်ဖြစ်သမျှ ကိုယ့်ဘ၀ဟာ ကိုယ်ရဲ့ဖန်တီးမှုအောက်ကပါပေါ့၊ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် ကိုယ်ဖြစ် ကိုယ်ခံပေါ့၊ မှန်ပါတယ်၊ ဒါပေမယ့်….

ဒို့က တစ်ဦးတည်းနေကြတာမဟုတ်ဘူးဆိုတာကိုတော့ ထည့်တွက်ရမယ်ပေါ့၊ အဖွဲ့အစည်း ဆိုရှယ်ထဲမှာနေကြတယ်ဆိုတာကို နှလုံးသွင်းရမယ်၊ မိသားစုတစ်ခုလေးကိုပဲ ကြည့်ပေါ့၊ မိဘနှစ်ဦး ဟာ အဲဒီမိသားစုမှာတော့ ခေါင်းဆောင်တွေပေါ့၊ အဖေနဲ့ အမေကိုအရင်ကြည့်၊ အဖေကလည်း ငါ့ဟာ ငါကောင်းရင်ပြီးတာပဲ၊ သားသမီး ဇနီးမယားတို့ ကြိုက်သလိုသာနေ၊ ကြိုက်သလိုသာ လုပ်ကြ၊ ငါ ဘာမှ ပြောမှာမဟုတ်ဘူး၊ ဘသူကောင်းကောင်း မကောင်းကောင်း ငါကောင်းရင်ပြီးရော၊ ဒီလိုပါပဲ အမေက လည်း ကိုယ့်ဟာကိုပဲ ကောင်းအောင်နေမယ်၊ သားသမီး လင်သား ကောင်းကောင်းဆိုးဆိုး၊ ငါနဲ့မဆိုင် ကိုယ်ဖြစ်ကိုယ်ခံကြ၊ အဲဒီလိုနေမယ်ဆိုရင် ဒီမိသားစုဆိုတဲ့အဖွဲ့စည်းလေးဟာ ဘယ်တော့မှ တိုးတက်မှာ ကောင်းလာမှာ မဟုတ်ပါဘူး၊ မိဘဆိုတာ သားသမီးကို သွင်သင်ပြသ ဆိုဆုံးမရပါမယ်၊ လမ်းကောင်းကို ညွှန်တတ်ရပါမယ်၊ ဒါမှ ဒီမိသားစု တိုးတက်မှာပါ။

ဒီထက်ကြီးရင်တော့ ရပ်ကွက်လူကြီး၊ မြို့နယ်လူကြီး၊ တိုင်းနဲ့ပြည်နယ်လူကြီး၊ နိုင်ငံလူကြီး… လူကြီးတွေဟာ ကိုယ်ကောင်းနေရုံနဲ့မပြီးပါဘူး၊ အောက်လက်တွေ အားလုံးကောင်းအောင် ညွှန်ပြရပါမယ်၊ ပြောခဲ့တဲ့ အတ္တာဟိ အတ္တနော နာထော-ဆိုတာက တရားအလုပ်အားထုတ်တဲ့ အခါမှာ ပိုပြီးအသုံးပြုရတာ မှန်ပါတယ်၊ တရားဆိုတာ ဘသူကမှ ကိုယ့်ကိုကူပြီး လုပ်ပေးလို့မရပါဘူး၊ ကိုယ့်အတွက် ကိုယ်တရားရဘို့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရပါတယ်၊ သံသရာခရီးအတွက် အလုပ် ကောင်းတွေဟာလည်း ကိုယ်ကိုယ်တိုင်ပဲ အားထုတ်ရပါတယ်၊ အဲဒီကောင်းကံ ဆိုးကံတွေဟာ ကိုယ့်သံသရာခရီးအတွက်တော့ ကိုယ့်ရိက္ခာတွေပါပဲ၊ ဒါပေမယ့် ဆိုရှယ် အဖွဲ့စည်းထဲမှာတော့ အထူးသဖြင့် ခေါင်းဆောင်တွေဟာ ကိုယ်ကောင်းသလို အောက်လက်တွေလည်း ကောင်းအောင် လုပ်ရမှာပါ။

ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့…

ဆရာ၊ လူကြီး၊ ခေါင်းဆောင် အတော်များများ အသုံးပြုတတ်တဲ့စကားတစ်ခုပါ၊ ဟုတ်သလိုလို ရှိပေမယ့် မဟုတ်ပါဘူး၊ မမှန်ပါဘူး၊ မကောင်းပါဘူး၊ ငါပြောသလိုလုပ်စေချင်ရင် ပထမ ကိုယ်ကိုယ်တိုင် က ကိုယ်ပြောသလို လုပ်နေရပါမယ်၊ ဒါမှာ အပြောခံရတဲ့သူက စိတ်ပါလက်ပါ လိုက်လုပ်မှာပါ၊ ကိုယ်က မကောင်းတာတွေလုပ်ပြီး သူများကိုတော့ ဒီလိုလုပ်၊ ဒီလိုနေ၊ ဒီလိုထိုင်ပြောရင်ဖြင့် မြတ်စွာဘုရားပြော တဲ့ ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ- ပြောတဲ့တိုင်းလုပ်၊ လုပ်တဲ့တိုင်း ပြော-ဆိုတာနဲ့ ဆန့်ကျင်နေပါလိမ့်မယ်၊ အောင်မြင်မှာလည်း မဟုတ်ပါဘူး၊ အောင်မြင်ချင်ရင် ဘုရားစကားအတိုင်း ပြောသလိုလုပ်ပြီး လုပ်တဲ့တိုင်း ပြောရမှာပါ၊ ဒါဆို အောင်မြင်ကြမှာပါ။

ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး

ငယ်ငယ်တုန်းက ဒီသီချင်းကို အခါခါ ဟစ်ခဲ့ဘူးပါတယ်၊ ကလေးဘ၀ပေါ့၊ ကိုယ့်ခေတ်က သီချင်းကိုး၊ ဘာပြောမှန်းမသိဘဲနဲ့ကို ဟစ်လို့ကောင်းနေခဲ့တာ၊ ခုတော့ ဆင်ခြင် စဉ်းစား သုံးသပ် တတ်လာခါ… ဒီစကားလေးက လုံးဝမှန်နေတယ်ဆိုတာကိုသိခဲ့ရ၊ သိလာရ၊ သိနေရ၊ ဟုတ်တာပေါ့ ထိုင်နေလို့ကတော့ ဘာမှဖြစ်မလာပါဘူး၊ ထပ်ပြောကြည့်ဦးမယ် အိပ်နေ ငိုက်နေလို့တော့လည်း ဘာမှ ဖြစ်မလာပါဘူး၊ ဖြစ်ချင်လာပြီဆိုရင်တော့ လုပ်ရတော့မယ်ပေါ့၊ အရာရာဟာ ကံပါလို့များ ကံကိုချည်း လွှဲချနေလို့ကတော့ ထိုင်ရင်းသေ၊ ငိုက်ရင်း အိပ်ရင်း သေသွားဘို့သာ ရှိတော့တာပေါ့၊ လျှောက်ရမယ်၊ လှမ်းရမယ်၊ သွားရမယ်၊ ရောက်လိုတဲ့နေရာ ရလိုတဲ့အလုပ်၊ မသွား မလုပ်ဘဲနဲ့ကတော့ ဘာမှဖြစ်လာ မှာမဟုတ်၊ ပြောကြပါတယ် တစ်ချို့များ ဘာမှမလုပ်ဘဲထိုင်နေရင်းနဲ့ကို ငွေတွေက သောက်သောက်လဲ ၀င်နေတယ်တဲ့၊ အဲဒါက သူ့ကို ထိုင်နေတာကိုပဲမြင်ကြလို့ပါ၊ သူလုပ်ခဲ့တာတွေ လုပ်နေတာတွေကို မသိလို့ပါ၊ သူအဲလို ငွေတွေသောက်သောက်လဲရအောင် လုပ်ထားခဲ့လို့ပေါ့၊ လုပ်နေလို့ပေါ့ ဘာမှမလုပ်ဘဲနဲ့ အောင်မြင်မှုတွေဟာ သူ့ဟာသူ ခြေထောက်ပေါက်ပြီး ဘယ်သူ့ဆီမှ ရောက်မလာ တတ်ပါဘူး၊ ဒီတော့ ထိုင်နေလို့ကတော့ ဘာမှဖြစ်မလာပါဘူးပေါ့…

ကံယုံ ဆူးပုံနင်း

ကံကိုယုံပြီး ဆူးပုံနင်းမယ်ဆိုရင်တော့ ဆူးက စူးတတ်တဲ့အမျိုးမို့စူးမှာပဲလေ၊ အသိရှိတဲ့လူ တစ်ယောက်မို့ ဆူးမစူးအောင် ဖိနပ်စီးပြီး နင်းရတယ်၊ ဖိနပ်တောင်မှပဲ တော်ရုံဘိနပ်ဆိုရင် ဆူးက ပေါက်ပြီး စူးနိုင်တယ်၊ ဆူးရှိတဲ့နေရာသွားရင် ဆူးကိုနိုင်တဲ့ဖိနပ်စီးရတယ်၊ ကံဆိုတာက အားလုံးကို မြင်ရတာမှမဟုတ်တာ၊ အတိတ်ကံကို ကိုယ်ကမမြင်နိုင်လေတော့ ပစ္စုပ္ပန်ကံဆိုတဲ့ ဖိနပ်လေးစီးပြီး လျှောက်မှ လိုရာခရီးကို ဘေးကင်းကင်းနဲ့ ရောက်နိုင်တယ်၊ ဒီတော့ ကံကကိုချည်း အပြစ်ပုံမချမိဘို့ အရေးကြီးတယ်၊ ကံကိုတော့ ယုံရမယ်ပေါ့၊ ဒါပေမယ့် ကံယုံပြီး ဆူးပုံတော့ မနင်းကြစေချင်ပါဘူး၊ ဆူးပုံ နင်းချင်ရင် ဖိနပ်စီးပါ။

ဒီတစ်ခါ ရှုံးရင် နောက်တစ်ခါနိုင်အောင် ကြိုးစားပါ

စာမေးပွဲလေး တစ်ခါကျရှုံးတာကို ဘ၀တစ်ခုလုံး ဆုံးရှုံးသွားရတဲ့အထိတော့ မခံစားကြစေချင် ဘူး၊ စာမေးပွဲဆိုတာ ကျတာရယ်၊ ရှုံးတာရယ် နှစ်ခုပဲရှိတာကိုး၊ မကြိုးစားရင်တော့ များများရှုံးမယ်၊ ကြိုးစားပါလျက်နဲ့ ရှုံးတယ်ဆိုရင်တော့ နောက်တစ်ခါ အောင်ဘို့သေချာပါတယ်၊ အဲ… ရှုံးလာတဲ့ခါမှာ အဲဒီအရှုံးကြီးကို ရင်ဝယ်မှာပိုက်ပြီး အချိန်ကုန်မခံပါနဲ့၊ အဲဒီအရှုံးကို ရင်ဝယ်ပိုက်ထားတာဟာ ထမင်း သိုး ဟင်းသိုးထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာစဉ်လျှောက်နေတာနဲ့တူတယ်၊ ကိုယ်လည်း စားလို့မရဘူး၊ ခွေးဝက်တိရစ္ဆာန်တွေ စားဘို့လည်း ပစ်မချရက်ဘူး၊ ဒီလိုနေနေလို့ကတော့ အချိန်တွေကို ဖြုန်းတီး တာနဲ့ တူတူပါပဲ၊ တစ်ခါရှုံးရင် နောက်တစ်ခါ နိုင်အောင်ကြိုးစားပါ၊ လုပ်ပါ၊ နိုင်မှာပါ၊ အောင်မှာပါ၊ ဒီလိုပါပဲ၊ ဘ၀မှာ အောင်မြင်မှုတွေချည်း ရနေကြတာမဟုတ်ပါဘူး၊ အောင်မြင်မှု ဆိုတာရှိသလို ကျရှုံးခြင်းဆိုတာတွေကလည်း ရှိနေမှာပါ၊ ဒါကြောင့် ဘုရားက ဟောတာပေါ့-

လာဘော, အလာဘော၊ ယသော, အယသော၊ နိန္ဒံ, ပသန္နံ၊ သုခံ, ဒုက္ခံ တဲ့- ဆိုလိုတာက ရခြင်း, မရခြင်း၊ အခြံရံများခြင်း, အခြံရံမများခြင်း၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်းတဲ့၊ နေရာတိုင်းမှာ အဖြူနဲ့အမဲ နှစ်ခုစီချည်း လောကဓံတရားကို ဟောကြားထားခဲ့တာပေါ့။

ဒီတော့ နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါ၊ အောင်တဲ့အခါ ရှိသလို ကျတဲ့အခါလည်း ရှိပေမပေါ့၊ အောင်တာကို နိုင်တာကို အပြုံးနဲ့ရင်ဆိုင်နိုင်သလို ကျတာ ရှုံးတာကိုလည်း သည်းခံနိုင်တဲ့ စွမ်းအားရှိရပါမယ်။

ခွေးလိုမကျင့်နဲ့ ဒေါင်းလိုကျင့်…

ငယ်ငယ်က ရွာဦးကျောင်းဆရာတော်က ခဏခဏဆုံးမတယ်၊ ငါတပည့် မင်းခွေးလို မကျင့်နဲ့ကွ ဒေါင်းလိုကျင့်တဲ့၊ ခွေးလေးတွေဟာ ငယ်ငယ်က အလွန်ချစ်စရာကောင်းတယ်ကွ၊ ကြီးလာ တော့ ချစ်စရာမကောင်းတော့ဘူးတဲ့၊ ဒေါင်းကျတော့တစ်မျိုး၊ ငယ်ငယ် အမွှေးအတောင် မစုံခင်မှာ ကြည့်ရအလွန်ဆိုးတယ်၊ အမွှေးလေးတွေက ကွက်တိကွက်ကြား၊ ဟိုတစ်စ ဒီတစ်စ၊ အတောင်ပံ မှာကလည်း မပြည့်မစုံ အမွှေးလေးတွေကြောင့် မလှမပ အတော်အကြည့်ရဆိုးတယ်၊ ဟော ဒေါင်းလေး တွေ အတောင်စုံ အမွှေးစုံလာတဲ့ခါ အတောင်ကို ဖြန့်လိုက်တိုင်း သိပ်လှတာပဲ။

ဒီလိုပါပဲ၊ ဒို့တွေလည်း ကြီးလာတဲ့အခါတိုင်း အသိပညာတွေ တိုးလေ တိုးလာလေ ဘ၀ဟာ လှသထက်လှလာလေပါပဲ၊ လူသာကြီးပြီး စိတ်ဓာတ်မကြီးလာတဲ့အခါများတော့ ခွေးလိုပါပဲ၊ မလှ လာဘူး၊ ရုပ်ကပိုဆိုးလာတယ်၊ ကြီးလေ ဆိုးလေ ကြီးလေ ဆိုးလေပါပဲ၊ အဲဒီခါ ဆရာတော်က ဆက်ပြောတယ် သံပုရာသီးများ ကြီးလေ ချဉ်လေကွတဲ့။

ဘ၀မမေ့နဲ့

ဘ၀မေ့တဲ့သူဟာ တက်နေတဲ့အဆင့်ကနေ ခဏလေးနဲ့လျှောကျတတ်တယ်၊ ကြားဘူးကြမှာ ပေါ့၊ ဇီးသီးသည် မဗျိုင်းအကြောင်း… မဗျိုင်းက ဟိုး ငယ်ငယ်က တောသူ၊ ရှင်ဘုရင်နဲ့ညားးပြီး ရှင်ဘုရင် ကတော် မိဖုရားဖြစ်လာတဲ့အခါ တောသားဆွေမျိုးတစ်ယောက် မဗျိုင်းကြိုက်ခဲ့ဘူးတဲ့ ဇီးသီးကို အမြတ်တနိုးလာရောက် ဆက်သ-တယ်၊ ရှင်ဘုရင်ကတော်မဗျိုင်းက အဲဒါ ဘာသီးတုန်းတဲ့၊ ဘ၀မေ့တတ်ပုံပေါ့၊ အဲဒီခါ ရှင်ဘုရင်က ဘ၀မေ့ရမလားဆိုပြီး နန်းတော်ကနေနှင်ချလိုက်တယ်။

ကိုယ့်မွေးတဲ့အရပ်၊ ကိုယ့် မိဘမောင်ဘွား ဆွေမျိုးသားချင်းတွေကို ကိုယ်ကြီးပွားလာတဲ့အခါ ညာတကာနဉ္စသင်္ဂဟော-ဆွေမျိုးတွေကို ချီးမြောက်ခြင်းဟာ မင်္ဂလာတစ်ပါးဆိုတာနဲ့ ညီအောင်ကျင့်သုံး ကြစေချင်ပါတယ်၊ ဒါမှ မင်္ဂလာညီပြီး ထပ်ခါ ထပ်ခါ မင်္ဂလာတွေ ဆင့်ပွားလာမှာပါ၊ ကြီးပွားသထက် ပိုပို ကြီးပွားလာပါလိမ့်မယ်၊ ကိုယ်ကြီးပွားလာတဲ့အခါ ကိုယ့်ရဲ့မွေးရပ်မြေကို အကျိုးပြုကြစေချင်ပါတယ်၊ မေ့ မနေကြပါနဲ့၊ ဘ၀ကိုမမေ့ပါနဲ့။

25. 01. 2010



Read more...

အဘိဓမ္မာ အပိုင်း ၂။ အခန်း ၁၁၊ (ဒေါသ-ဣဿာ)

ယနေ့.. အဘိဓမ္မာတရားက... ဒေါသ=ခက်ထန်ကြမ်းတမ်းခြင်းသဘောတရား။ ဒီတရားသဘောကလည်း လူ့ပတ်ဝန်းကျင်မှာ မြန်မာစကားလို ဖြစ်နေတော့ အထူးရှင်းပြနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ စာပေအရ နဲနဲပြောပြရရင် သူ့ရဲ့ သဘောသည် မြွေပွေး၊ မြွေဟောက်ကို တုတ်ဖြင့် ပုတ်ခတ်သောအခါ ရှူးကနဲ အသံထွက်လာပြီး ပါးပြင်းထောက်လာသကဲ့သို့... မိမိတို့တစ်ထွေ ကိုယ်မနှစ်သက်ဖွယ် အာရုံတခုခုနှင့် တိုက်ဆိုင်မိသောအခါ မျက်နှာစသည့် အမူအရာများ ပြောင်းလာကာ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းတဲ့ အသွင်းဖြစ်လာခြင်းသည် ဒေါသရဲ့ သဘောပဲ ဖြစ်ပါတယ်။
ဆရာတော်တချို့ပြောလေ့၊ ဆုံးမလေ့ရှိတာက “ဒေါသထွက်လာတဲ့အခါ မိမိတို့ မျက်နှာသည် လူ့အသွင်ကနေ ဘီလူးအသွင် ပြောင်းသွားတယ်”ဆိုပဲ။ အဲဒီအချိန် ကိုယ့်ကိုယ်ကို မှန်မကြည့်ရဲအောင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါသထွက်နေတဲ့အခါ မှန်ကြည့်တဲ့သူ တစ်ယောက်မှ မရှိတာ ဖြစ်မယ်ထင်တယ်။ လောကမှာ ဒေါသဖြစ်တဲ့အခါမှာလည်း မှန်ကြည့်ကြမယ်ဆိုရင်... ဒေါသ အပူတရားတွေ ကင်းငြိမ်းသွားမယ်ထင်တယ်။ ကမ္ဘာ့နေရာ တော်တော်များများမှာ ဖြစ်နေတဲ့ စစ်ပွဲတွေလည်း ငြိမ်းသွားမယ်ထင်တယ်။
ဒေါသနှင့်ပတ်လို့ နောက်မှတ်သားစရာက လူတွေ အသက်တိုတဲ့ အကြောင်းတွေထဲမှာလည်း ဒီဒေါသတရား တစ်ပါးပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုတော့... “စိတ်ထောင်းတော့ ကိုယ်ကျေ”ဆိုတဲ့ ဆိုရိုးစကား မိမိတို့ တစ်တွေ ကြားဘူးမယ် ထင်ပါတယ်။ ဆိုလိုတာက မိမိတို့ခန္ဓာကိုယ် တည်ဆောက်ပုံသည် အချင်းချင်း ဆက်စပ်နေတာပါ၊ အိမ်တစ်အိမ် တည်ဆောက်ထားပုံနှင့် အတူတူပါပဲ။ ဒေါသစိတ် ဖြစ်နေတဲ့အခါမှာ ရုပ်ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်နေတတ်ပါတယ်။

သွေးကြောတွေကလည်း ခတ်ထန်လာပါတယ်။ သွေးဆူတယ်ပေါ့။ ဒေါသမီးတစ်စကြောင့် သူနဲ့ ဆက်စပ်တဲ့ အရာမှန်သမျှ အပူကူးစက်တဲ့ သဘောပါ။ လောကမှာ အိမ်တစ်အိမ်မီးလောင်တဲ့ အခါ အနီးအပါးက အိမ်များကိုပါ ကူးစက်ခံရသလို ဒေါသထွက်လာတဲ့ အခါ သူနဲ့ဆက်စပ်တဲ့ နာမ်တရား+ ရုပ်တရားအကုန် အပူမီးကူးစက်ကာ လောင်မြိုက်ပါတယ်။
ဒါကြောင့် ဒေါသကြီးတဲ့သူသည် ရုပ်ခန္ဓာအိုလွယ်တယ်၊ ကျလွယ်ပါတယ်။ လူမုန်းလည်း များတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ ဒေါသကြီးတဲ့ သူရှိရင် လေ့လာကြည့်လိုက်ပါ... ဗုဒ္ဓအဘိဓမ္မာသဘောက မှန်/ မမှန်လက်တွေ့ သိရအောင်။
ဒီတရားရဲ့ ဆန့်ကျင်ဘက်တရားဖြစ်တဲ့ အဒေါသ (မေတ္တာ)တရား ကိန်းအောင်နေတဲ့ ပုဂ္ဂိုလ်များကျတော့ အေးချမ်းတယ်၊ သူ့မျက်နှာလေးမြင်လိုက်ရရင်လည်း အေးချမ်းတဲ့ အအေးဓာတ်ကူးစက်ကာ မြင်ရသူများ (သို့မဟုတ်) ပတ်ဝန်းကျင်မှာပါ အေးချမ်းသွားတယ်။ သူ့ကို မြင်ရတာ ရုပ်မလှစေဦးတော့ အေးချမ်းပြီး ကျက်သရေလည်း ရှိတယ်။ မေတ္တာဓာတ်အားကြီးတဲ့ တချို့ဆရာတော်ကြီးတွေ (သို့မဟုတ်) လူတချို့ကို မြင်ဘူးမှာပါ။
ဒီဒေါသကြောင့် တချို့နတ်များဆို ဒေါသထွက်လျှင် အသက်ပါ ဆုံးတတ်တဲ့ နတ်များ ရှိပါတယ်။ ဒီအကြောင်း သုတ္တပိဋက၊ သီလက္ခန်၊ ဗြဟ္မဇာလသုတ်မှာ အထင်အရှား ပြထားပါတယ်။ လောကမှာ သဘာဝမီးဖျက်လျှင် ပျက်စီးရသလို ဤဒေါသမီးဖျက်လျှင် (သို့မဟုတ်) လောင်လျှင်လည်း အသက်ပါ ဆုံးနိုင်လောက်အောင် အပူအား ပြင်းတယ်ဆိုတဲ့ သဘောပါ။ ဒေါသသဘော ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။

နောက်တစ်ပါးက ဣဿာ (ဒီလိုဖတ်ပါ-- အိတ်သာ)။ သူ့သဘောတရားက ကိုယ်နဲ့မဆိုင်တဲ့ သူတပါးပစ္စည်း၊ ဂုဏ်စသည် အပေါ်မှာ ငြူစူ၊ နှမြောတဲ့ သဘောပါ။ ဒီတရားသဘောကို သိသာအောင် ပြောပြရမည်ဆိုလျှင် “ရှေးရှေးဘ၀ ကုသိုလ်ကောင်းမှုကြောင့် ယခုဘ၀မှာ ပညာ၊ ဥစ္စာစည်းစိမ်၊ ဂုဏ်ကျက်သရေ တိုးတက် နေသူများကို မြင်ရ, ကြားရသည်ရှိသော် ၀မ်းမမြောက်နိုင်ဘဲ မျက်နှာမဲ့ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူလျှက် စောင်းမြောင်း ပြောဆိုမှုများ, “ကိုယ့်ထက်သာ မနာလို”

ဆိုသည့်အတိုင်း ကိုယ့်ထက်သာသူ၏ ဂုဏ်သတင်းကို မကြားလို နားမထောင်လိုမှု, နောက်တခါ လူ့ပတ်ဝန်းကျင်မှာ ပြောလေ့ရှိကြတဲ့ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့, သည်လိုယုန်တော့ ချုံတိုင်း ရှိရဲ့”ဟု ပြောကာ သူတစ်ပါးအလှဂုဏ်စသည် အပေါ်မှာ ငြူစူမှုများ ဖြစ်ကာ ကဲ့ရဲ့ရှုတ်ချမူများသည် ဒီဣဿာတရား၏ သဘောအဓိပ္ပါယ်များပင် ဖြစ်ပါတယ်။
လူ့ပတ်ဝန်းကျင်မှာ... ချစ်ခြင်း+မုန်းချင်းအားကြီးတယ် ဆိုတာကလည်း အခြေခံတာက ဒီ“ဣဿာ”တရားပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူ အပေါ်မှာ သူတစ်ပါးနှင့် မဆက်စပ်စေချင်တာ... မိမိတစ်ဦးတည်းပဲ အပိုင်းစိုးမိုးထားချင်တာ... Control-လုပ်ထားချင်တာ၊ မိမိခင်မင်၊ ချစ်တဲ့သူကို သူတစ်ပါးနဲ့ စကားတောင် မပြောစေချင်တဲ့ သဘောများသည်လည်း ဒီ“ဣဿာ”ရဲ့ သဘောတွေပါပဲ။ အိမ်ထောင်ရှင်တွေဆို “ဣဿာ=ငြူစူးခြင်း”၏ သဘောက ပိုပေါ်လွင်မယ် ထင်ပါတယ်။ လူတွေမှ “ဣဿာတရား” ရှိတာ မဟုတ်ပါဘူး။ အနာဂါမ်အဆင့်အထိ မဖြစ်သေးတဲ့ ရဟန်း၊ ရှင်၊ လူတို့သန္တာန်မှာ ငြူစူမှုသဘော ဖြစ်ပါတယ်။
ချစ်ကြ+မုန်းကြတယ်ဆိုတာကလည်း မြစ်ဖျားခံတာက ဒီ“ဣဿာ”တရားပါပဲ။ ကိုယ်ထိန်းချုပ်ချင်သလို မရတော့... ပြောစကားနားမထောင်ဘူးဆိုပြီး.. သူတစ်ပါးအပေါ် ငြူစူခြင်းဟူသော လွမ်းမိုးမှု မရှိတော့ အမုန်းစကားက စတင်ဖြစ်ပွားတော့တာပါပဲ။

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောထားတဲ့ တရားထဲမှာ မှတ်သားဖွယ် တရားတစ်ပုဒ်ရှိပါတယ် “ချစ်ခြင်း မုန်းခြင်း ဘယ်ကစ? “ဣဿာ+မစ္ဆရိယ=ငြူစူ+၀န်တိုမှုက”စတယ်ဆိုပြီး။ မိမိတို့ မုန်းကြ+ချစ်ကြ ဘူးတဲ့ သူတိုင်းပါပဲ။ မိဘ၊ ဆရာတပည့်စသည်အားဖြင့်... ချစ်ကြတဲ့အခါ... မုန်းကြတဲ့အခါ ဆင်ချင်ကြည့်လိုက်ပါ... ဗုဒ္ဓအဘိဓမ္မာသဘောအရ စာသိသည် တကယ်လက်တွေ့ ဟုတ်/ မဟုတ် သိနိုင်ပါလိမ့်မယ်။
မိမိတို့တစ်တွေ အမှန်တကယ် ဆင်ချင်ကြည့်ရမည့် ကိုယ့်ကိုယ်ကို မဆင်ချင်၊ မကြည့်ဘဲ သူတစ်ပါး စည်းစိမ်၊ ဂုဏ်စသည်အပေါ်မှာ ကြည့်ပြီး အကုသိုလ်ဖြစ်စေတဲ့ တရားတစ်ပါး ပါပဲ။
ဒီလောက်ဆို “ဣဿာ=သူတစ်ပါးပစ္စည်းစသည်အပေါ် ငြူစူခြင်း” သဘောအဓိပ္ပါယ် နားလည်မယ်လို့ ထင်ပါတယ်။ မနက်ဖန်မှာ မိမိစည်းစိမ်းအပေါ်မှာ ၀န်တိုမှုသဘော “မစ္ဆရိယ”ကို စသည်ကို ဆက်လက်ပြောပြပေးပါမည်။
ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်ပါအုန်းမယ်။

Read more...

ဘဝ၏ သဘာဝ သို့တည်းမဟုတ် သုည

Monday, January 25, 2010

ဘဝ…ပြောတော့လွယ်သည်၊ တကယ်တွေးကြည့်က တကယ်ပင် ခက်ခဲနက်နဲသော ဘဝ။

လူမမည်ခလေးဘဝမှ အစပြုကာ သေဆုံးသည့်တိုင်အောင် အကျွန်ုပ်တို့သည်၊ လူသားများပီပီ ရေကြည်ရာ မြက်နုရာကို သွားကြ၊ ခင်မင်ရာ ရင်းနှီးရာကို ရှာကြ၊ တွေ့ကြ ဆုံကြ ခင်မင်ကြ ထို့နောက် ပြန်လည် ကွဲကွာ သွားကြပြန်၏၊

သုညက စခဲ့ကြသော ကျွန်ုပ်တို့ ဘဝသည် နောက်ဆုံးတွင် သုညဖြင့် ပြန်လည် အဆုံးသတ်ရလေ၏၊ လူတစ်ယောက်နှင့် တစ်ယောက်သည် တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ တွေ့ကြ ဆုံကြ၍၊ အကြောင်း တစ်ခုခုဖြင့် စတင်သိကျွမ်းခဲ့ကြလေ၏၊

ထိုသူနစ်ယောက်သည် နောက်ထပ် အကြောင်းအရာ တစ်ခုခုဖြင့် နောက်တစ်ကြိမ် တွေ့ဆုံကြကာ ထို့ထက်ပိုမို ရင်းနှီခဲ့ရပြန်လေ၏၊ ဤသို့ဖြင် တစ်စထက်တစ်စ ရင်းနှီကာ မိတ်ဆွေ သူငယ်ချင်းများ သဖွယ် ဖြစ်သွားကြပြီး ပြောမနာ ဆိုမနာ အရင်းနှီးဆုံးများ အဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိရပြန်သည်။

သူတို့နစ်ဦးသည် ပြောမနာ ဆိုမနာ ဘဝများမှ မထင်မှတ်သော အကြောင်းအရာ တစ်ခုခုဖြင့်၎င်း၊ မိမိ၏ အလိုမကျမူလေးများမှ အစပြုကာ၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမူများဖြင့်၎င်း၊ တစ်ယောက်တစ်နေရာစီ ရောက်မှန်းမသိ ရောက်ရှိသွားကာ လမ်းခွဲကြရပြန်လေသည်။ ဤသို့လျှင် သုညက စခဲ့သော ဘဝသည် နောက်ဆုံး သုညသို့ပြန်လည် ရောက်ရှိသွားရလေတော့၏။

သုညဖြင့်စတင်ခဲ့သော အကျွန်ုပ်သည်လည်း မည်သည့်ရက် မည်သည့်အချိန်တွင် မည်ကဲ့သို့ အကြောင်း အရာမျိုးဖြင့် သုညဖြစ်ရအုံမည် ဆိုသည်ကို စောင့်မျှော်ရင်း………………။

လူသားပီပီ ရေကြည်ရာ မြက်နုရာ ခင်မင်ရာ ရင်းနှီးရာများကို ဆက်လက်ရှာဖွေ နေပါအုံးမည်။

လူသဘာဝ လူ့လောက အကြောင်းများကို အတွေ့အကြုံရှိရှိ ပြောဆိုလမ်းညွန် ဆိုဆုံးမပေးနေသော အကျွန်ုပ်၏ မိတ်ဆွေနှင့် ဆွေးနွေးခန်းများကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။



Read more...

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရသူများ

Wednesday, January 27, 2010

အလုပ်တစ်ခုမှာ တစ်ယောက်က သူခင်တဲ့သူ၊ သူ အားကိုးနေရတဲ့သူကို အလုပ်မပြောင်းနဲ့နော် နင်မရှိရင် ငါတို့မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ ပြောတဲ့သူက သာတဲ့နေရာ ရတော့ ပြောင်းသွားတယ်။

နောက် လင်နဲ့မယား၊ မိန်းမက ကွဲမယ် ကွာမယ်ပြောနေတယ်၊ ယောက်ျားက တကယ် ကွာလိုက်တော့ မိန်းမ ကျန်ခဲ့တယ်။

ကျောင်းတက်တဲ့ ကျောင်းသူနှစ်ယောက် နင်ကျောင်းမပြောင်းနဲ့နော် တဲ့၊ သူ့သူငယ်ချင်းကို တဖွဖွပြောတယ်၊ ပြောတဲ့သူကပဲ အရင် နောက်တစ်ကျောင်းပြောင်းသွားတယ်။

မိဘက ငါမရှိရင် နင်တို့ ခွေးဖြစ်မယ်နော်၊ ငါမရှိမှ ငါ့အကြောင်း သိမယ်ပြောတယ် သေသွားရတာပဲ။

တစ်ယောက်ကို မှီမယ်လို့ တွေးရင် ကိုယ်မှီမယ့်သူက ခွဲခွာခြင်း မတည်မြဲခြင်း သဘောတရားတွေက အမြဲစိုးမိုးလို့နေတယ် ဒါတွေက ဘုရားဟောလည်း ဟုတ်တယ် ကိုယ်ရှာဖွေရင်လည်း တွေ့မှာပဲ၊ ဒါဟာသဘာဝတရားပဲ သဘာဝထဲမှာပဲ နေကြရအောင်၊။

အမှန်တရားဟာ ခါးတယ် ရင်ဆိုင်ဖို့ ခက်တယ်၊ ရင်ဆိုင်ကြရတယ် ရှောင်လို့မရဘူး၊
အရက်သောက်တဲ့သူဟာ အရက်ကို ချိုလို့ သောက်တာလားမေးကြည့် အဲလိုပဲ၊ လက်မခံချင်ပဲ တွန့်နေမယ့်အစား လက်ခံလိုက်တာက ကြိုက်လိုက်တာက ကိုယ့်အတွက်သက်သာတယ်။
အော် … သဘာဝတရားတွေပဲကိုး။

အထက်ပါ ပြောဆိုမှူများကို လက်မခံချင်သကဲ့သို့ရှိပေလိမ်မည်။ အကျွန်ုကိုယ်တိုင်းလည်း လက်မခံချင်ပေ၊ အဘယ်ကြောင့် လက်မခံချင်သနည်းဟု၊ စစ်ဆေးကြည့်သော် ဤကဲ့သို့ ခွဲခွါရမည်ကို ကြောက်သောကြောင့်ဟု ဖြေရပေလိမ့်မည်။

မှန်ပေသည် လူတိုင်းလူတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၊ အားကိုးအားထား ပြုရသူများနဲ့ ၊ မခွဲခွါလိုကြပေ။ သို့သော် အနှစ်တရာ မကြာသော အလွန်တိုတောင့်လှသော ကာလအတွင်းဝယ် မလွဲမသွေ ခွဲခွါကြရမည်ဖြစ်၏။

သူမရှိလျှင် မဖြစ်ဟု အားကိုးအားထား ပြုနေခဲ့ရသူများသည်၎င်း၊ ငါမရှိလျှင် မဖြစ်ဟု အထင်ကြီးနေခဲ့သူများသည်၎င်း၊ မည်၍ မည်မျှ မျက်ကွယ်ပြုသွားကြလေသနည်း ဟူသည်မှာ ရေတွက်၍ မကုန်နိုင်တော့ပေ။

ငါမရှိလျှင် လုံးဝမဖြစ်ဟု ထင်မိခဲ့သော ပြင်သစ်ဧကရစ် နပိုလီယံ ဘိုနာပတ်သည်၎င်း၊ အမေရိကန်သမ္မတ အေပရာဟင်လင်ကွန်းသည်၎င်း၊ သဲကန္တာရမြေခွေးဟု တင်စားခံခဲ့ရသော စစ်သူကြီးရွှမ်းမဲ သည်၎င်း၊ မဟာမိတ်တပ်တို့၏ ဦးစီးဦးဆောင် စစ်သူကြီးမောင့်ဂိုမာရီသည်၎င်း၊ ထိုကဲ့သို့သော အားကောင်းမောင်းသန် ယောက်ျားကြီးများသည်၎င်း၊ အသီးသိး မျက်ကွယ်ပြုသွား ခဲ့ကြလေပြီ။ သို့သော်= သူတို့မရှိတော့သော်လည်း ဖြစ်နေကြသည်သာ။

အမှန်မှာမူ= အားကြီးသူတို့အပေါ် အားကိုးတတ်သော အားငယ်သူ တို့၏ အယူအဆသည်၎င်း၊ အားငယ်သူတို့အား အားကိုးမှူကို ပေးတတ်သော အားကြီးသူတို့၏ အယူအဆသည်၎င်း၊ မိမိတို့၏ စွဲလမ်းမှုတည်းဟူသော ဥပါဒါန်သာဖြစ်လေသည်။

အချုပ်အားဖြင်ဆိုရပါမူ။ ။ အားကြီးသူကို အားကိုးနေရ ခြင်းဟုဆိုအပ်သော ဒုက္ခ၊ အားငယ်သူကို စိတ်မချခြင်းဟု ဆိုအပ်သော ဒုက္ခ၊ စသည် စည် ဒုက္ခအဖုံဖုံတို့သည်၊ တစ်ပါးသူတို့အပေါ် မိမိ၏ စွဲလမ်းမှူ ဥပါဒါန်ကြောင့် ဒုက္ခရောက်နေကြခြင်းသာလျှင် ဖြစ်လေ၏။

အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

မိတ်ဆွေတစ်ဦး၏ ပြောပြခြင်းများအား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။



Read more...

ကိုယ်လိုချင်တာ သူ့ကိုပေး...လိုချင်တာတွေ ရမယ်လေ...


တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက

ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ
ဟောကြားတော်မူသော

ကိုယ်လိုချင်တာ သူ့ကိုသာ ပေးသာပေးလိုက်ပါ...
၁.၂၄.၂ဝ၁ဝ




အသံ...

ရုပ်သံဖိုင်အကြီး ယူလိုပါလျှင်...
Print this post


Read more...

သာသနာ့အကျိုးဆောင် ကိုယ့်အကျိုးအောင်...


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
မြင်းမူဆရာတော် ဘဒ္ဒန္တ ဝံသပါလာလင်္ကာရ
ဟောကြားတော်မူသော


သာသနာ့အကျိုးဆောင် ကိုယ့်အကျိုးအောင်
၁.၂၄.၂ဝ၁ဝ

အသံ...
Print this post


Read more...

ဘုရားကျောင်းဝန်းထဲ ဖိနပ်စီးမိသော်... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၆-မှ...

ဘုရားကျောင်းဝန်းထဲ ဖိနပ်စီးမိသော်...








Print this post


Read more...

သူတော်ကောင်းနှင့် သူယုတ်မာ

1 Votes
Quantcast

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သူယုတ်မာတို့၏ အခြေခံသဘောကို လည်းကောင်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောကို လည်းကောင်း၊ ဤသို့ဟော ကြားတော်မူ၏။

ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ၊ ရဟန်းတို့၊ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။

ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသော သူ့ကျေးဇူးကိုသိ၏၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိ၏၊ ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။

ကောလိတ၊ သမစိတ္တ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်



Read more...

INTRODUCTION TO INSIGHT MEDITATION 8

CONTEMPLATING YOUR PRACTICE

These meditation exercises all serve to establish awareness of things as they are. By bringing your mind fully onto experiences, you will notice more clearly the state of the mind itself — for example, whether you are being lazy or over-eager in your practice. With a little honest appraisal, it becomes evident that the quality of the meditation practice depends, not on the exercise being used, but on what you are putting into it. Reflecting in this way, you will gain deeper insight into your personality and habits.

There are some useful points to bear in mind whenever you meditate. Consider whether you are beginning afresh each time — or even better, with each breath or footstep. If you don't practise with an open mind, you may find yourself trying to recreate a past insight, or unwilling to learn from your mistakes. Is there the right balance of energy whereby you are doing all that you can without being over-forceful? Are you keeping in touch with what is actually happening in your mind, or using a technique in a dull, mechanical way? As for concentration, it's good to check whether you are putting aside concerns that are not immediate, or letting yourself meander in thoughts and moods. Or, are you trying to repress feelings without acknowledging them and responding wisely?

Proper concentration is that which unifies the heart and mind. Reflecting in this way encourages you to develop a skillful approach. And of course reflection will show you more than how to meditate: it will give you the clarity to understand yourself.

Remember, until you've developed some skill and ease with meditation, it's best to use a meditation object, such as the breath, as a focus for awareness and as an antidote for the overwhelming nature of the mind's distractions. Even so, whatever your length of experience with the practice, it is always helpful to return to awareness of the breath or body. Developing this ability to begin again leads to stability and ease. With a balanced practice, you realise more and more the way the body and mind are, and see how to live with greater freedom and harmony. This is the purpose and the fruit of Insight Meditation.


(to be continued....)

INTRODUCTION TO INSIGHT MEDITATION (FROM 1 TO 7)



Read more...

Decline of Indian Buddhism (1)

Decline Of Indian Buddhism (1)
အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁)

Prof. K.T.S Sarao
Department of Buddhist Studies
University of Delhi

It is not possible to give a continuous account of the history of the decline of Buddhism in India. The reason for this is the paucity of archaeological and epigraphical material as well as the near silence of indigenous texts on the subject. But just because there is not much evidence available on the subject does not mean that Buddhism had completely disappeared from the plains of India.
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ သမိုင်းကြောင်း ဖြစ်စဉ်တစ်ခုကို ထုတ်ဖော်ရန် ဖြစ်နိုင်ဖို့ရာ ခဲယဉ်းပေသည်။ ဤဖြစ်စဉ်အတွက် အကြောင်းပြချက်သည် ရှေးဟောင်း သုတေသနဆိုင်ရာနှင့် ကမ္မည်းထိုးထားသော အကြောင်းအရာများ ရှားပါးမှု၊ ထိုနောက် အကြောင်းအရာအပေါ်တွင် ဒေသဆိုင်ရာ စာပေများ အတော်အတန် မတွေ့ရှိရမှုတို့ကြောင့် ဖြစ်ပေသည်။ သို့သော် အကြောင်းအရာအပေါ် ရရှိနိုင်သော သက်သေအထောက်အထား မရှိခြင်း အကြောင်းသည် အိန္ဒိယနယ်မြေမှ ဗုဒ္ဓဘာသာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
In fact, stray instances from here and there give an indication of the uninterrupted, though low key, survival of Buddhism into modern times. For instance, Buddhist monks from India are known to have travelled to Tibet and China in the fourteenth century and the census records of India for the your 1911 mention as many as 1833 persons in Orissa as Buddhists. Thus, it may not be altogether correct to use expressions such as ‘disappearance’ or ‘extinction’ for Indian Buddhism.

အမှန်အားဖြင့် နေရာအနှံ့အပြား ဖြစ်နေသော အကြောင်းအရာများသည် နည်းပါးသော အချက်အလက် ဖြစ်သော်လည်း မျက်မှောက်ခေတ်သို့ ဗုဒ္ဓဘာသာ တောက်လျှောက် ဆက်လက် ရှင်သန်နိုင်ရေး၏ အရိပ်လက္ခဏာကို ပေးသည်။ သာဓကအားဖြင့် အိန္ဒိယ ဗုဒ္ဓရဟန်းတော်များသည် ဆယ့်လေးရာစုတွင် တိဗက်နှင့် တရုတ်ဆီသို့ ခရီးထွက်ခွာကြသည်။ ၁၉၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းများသည် Orissa ပြည်နယ်၌ ဗုဒ္ဓဘာသာဦးရေ ၁၈၃၃ ဦး ရှိကြောင်း ဖော်ပြထားပေသည်။ ထို့ကြောင့် အိန္ဒိယဗုဒ္ဓဘသာသာကို “ပျောက်ကွယ်သွားခြင်း” သို့မဟုတ် “တိမ်ကောသွားခြင်း” ကဲ့သို့ ဖော်ပြချက်မျိုးကို အသုံးပြုဖို့ရာတွင် အားလုံး မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။
The process of the decline of Buddhism in India was neither uniform in terms of time nor was it consistent in the manner of its decline. Historical information about the condition of Buddhism in different parts of India happens to be so scattered and discontinuous that it is almost impossible to prepare a complete picture of any given period. On the whole, no period can be delimited as marking the commencement of a general decline of Buddhism all over India. While one could see Buddhism flourishing at one place, one could see it in decline at the same time at another place.
အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း ဖြစ်စဉ်သည် အချိန်အားဖြင့် တူညီမှု မရှိနိုင်သလို ၄င်းကျဆုံးမှု၏ ပုံပန်းသဏ္ဍာန်တွင်လည်း တစ်သမတ်တည်း မကျနိုင်ပေ။ အိန္ဒိယနိုင်ငံ၏ မတူညီသောဒေသများ၌ ဗုဒ္ဓဘာသာ အခြေအနေနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ သတင်းအချက်အလက်သည် သတ်မှတ်ထားသော အချိန်ကာလ၏ ပြည့်စုံသော အသွင်သဏ္ဍာန်ကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်လောက်အောင် အလွန် ပြန့်ကျဲနေပြီး ဆက်စပ်မှုမရှိ ဖြစ်နေသည်။ အားလုံးခြုံကြည့်လျှင် အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးတွင် ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ အစပြုခြင်းကို လေ့လာမှတ်သားရာတွင် အချိန်ကာလကို ဘောင်ခတ်ထား၍ မရနိုင်ပေ။ တစ်နေရာတွင် ဗုဒ္ဓဘာသာ ထွန်းကားနေသည်ကို တွေ့နေစဉ်တွင် တစ်ခြားတစ်နေရာ၌ တစ်ချိန်တည်းတွင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်နေသည်ကို တွေ့နိုင်သည်။
For instance, when some well-endowed Buddhist monasteries existed under the Pālas in eastern India, Buddhism had already met its worst fate in north western India. However, on the whole, there appears to be some consensus amongst scholars that Buddhism seems to have fallen into a state of complete disarray and collapsed rather quickly and comprehensively towards the end of the twelfth century.
သာဓကအားဖြင့် အရည်အသွေး ပြည့်စုံသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ချို့ အရှေ့ အိန္ဒိယတွင် တည်ရှိနေသောအခါ ဗုဒ္ဓဘာသာသည် အနောက်မြောက် အိန္ဒိယတွင် အဆိုးဝါးဆုံး ကံကြမ္မာနှင့် ကြုံတွေ့နေခဲ့ရသည်။ သို့သော်လည်း ခြုံကြည့်လိုက်လျှင် ဆယ့်နှစ်ရာစု နှောင်းပိုင်းဆီသို့ အတော်အတန် လျှင်မြန်စွာ ကစဥ့်ကလျားနှင့် အပြီးအပြတ် ယိုယွင်းလာသော အခြေအနေ အဖြစ်သို့ ဗုဒ္ဓဘာသာသည် ကျရောက်နိုင်ခဲ့သည် ဆိုသည်မှာ ပညာရှင်များအကြား သဘောတူညီမှု ရှိလာသည်။
It has been suggested by scholars such as R.C. Mitra and K.W. Morgan that corruption and moral decay was the root cause of the decline of Buddhism. An examination of the vast Buddhist as well as non-Buddhist textual material spanning the entire period of the history of Indian Buddhism indicates that there were many men and women who had joined the Saṃgha under circumstances of compulsion. The Saṃgha is said to have abounded with people who were perversely self-willed and unbearably quarrelsome. For instance, the Theragāthā speaks of monks who were cheats, frauds, false witnesses, and unscrupulous.
ပညာရှင် R.C. Mitra နှင် K.W. Morgan တို့သည် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းလာခြင်းက ဗုဒ္ဓဘာသာကျဆုံးခြင်း၏ အဓိက ဇစ်မြစ်ဖြစ်သည် ဟု အဆိုပြုကြသည်။ အိန္ဒိယဗုဒ္ဓဘာသာ သမိုင်းကြောင်း တစ်ခုလုံးရှိ စာပေအချက်အလက် ကာလသက်တမ်းတွင် များစွာသော ဗုဒ္ဓဘာသာဝင်ရော ဗုဒ္ဓဘာသာမဟုတ်သူတို့၏ စိစစ်မှုသည် တိုက်တွန်းလှို့ဆော်မှု အခြေအနေအောက်တွင် သံဃာ့ အဖွဲ့အစည်းသို့ ၀င်ရောက်လာကြသော အမျိုးသားများနှင့် အမျိုးသမီးများကို ရည်ညွှန်းပေသည်။ ပေကတ်ကတ်နှင့် ထင်ရာစိုင်းတတ်ပြီး သည်းခံမှုမရှိ ရန်လိုတတ်သော ပုဂ္ဂိုလ်များနှင့်အတူ ပေါများလာသည်ဟု သံဃာ့အဖွဲ့အစည်းကို ပြောနိုင်သည်။ သာဓကအားဖြင့် ထေရဂါထာတွင် လိမ်လည်သော၊ မရိုးသားသော၊ ဟန်ဆောင်ထားမှုနှင့် မသမာသော ရဟန်းများအကြောင်းကို ပြောသည်။
There is sufficient evidence to show that there were monks who did not fully cooperate with the Buddha during his life time, and with his chief disciples like Mahākasspa, Upāli, and Ānanda, after his death. The Jātakas acknowledge that many undesirable characters entered the Saṃgha because they found living easier inside the Saṃgha than on the outside. Such undesirable and irresponsible elements were clearly not expected to live up to the ideals set by the Buddha.
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ဗုဒ္ဓနှင့်အတူ အပြည့်အ၀ ပူပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခဲ့သည်။ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်ဥပါလိနှင့် အရှင်အာနန္ဒာတို့နှင့် အတူတကွလည်း ပူးပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခြင်းသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာရန် လုံလောက်သော အထောက်အထားများ ဖြစ်ခဲ့သည်။ ဇာတကစာပေများမှ အသိအမှတ် ပြုထားသည်မှာ မကောင်းသော အကျင့်စရိုက်ရှိသည့် ပုဂ္ဂိုလ်များ သံဃာ့အဖွဲ့အစည်းသို့ ၀င်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အပြင်လောကမှာထက် သံဃာ့လောကတွင် လွယ်ကူစွာ အသက်မွေးမှုကို ရှာဖွေကြသည်။ ထိုကဲ့သို့ မကောင်းသော အကျင့်စရိုက်များနှင့် တာဝန်မသိသော သူများက ဗုဒ္ဓ တည်ထောင်ထားသော စံနမူနာကောင်းကို ကိုက်ညီအောင် နေထိုင်ဖို့ လုံးဝ မလိုလားပါ။
It was perhaps in response to the existence of such undesirable elements in the Saṃgha that the Buddha was compelled to enact rules banning their entry. But such rules did not necessarily keep unwanted elements from making way into the Saṃgha. Laxity in the Saṃgha seems to have grown to the extent that monks in large numbers were pocketing individual or community wealth and engaging in several other indiscretions.
ထိုသူတို့ ၀င်ရောက်ခြင်းကို တားမြစ်ထားသော စည်းမျဉ်းစည်းကမ်း ဥပဒေကို ထုတ်ပြန်ဖို့ ဗုဒ္ဓကို တောင်းဆိုခြင်းသည် သံဃာထုအတွင်း ထိုပုဂ္ဂိုလ်များ ရှိနေခြင်းကို တုန့်ပြန်ဖို့ ဖြစ်နိုင်ခြေရှိခဲ့သည်။ သို့သော် ထိုစည်းမျဉ်း ဥပဒေတို့သည် သံဃာထုအတွင်း ၀င်ရောက်လာသော မလိုလားအပ်သည့် ပုဂ္ဂိုလ်များအတွက် သေချာပေါက် မထိန်းနိုင်ခဲ့ပါ။ သံဃာ့အဖွဲ့အစည်း လျော့ရဲလာမှုသည် အတိုင်းအတာတစ်ခုကို ကြီးထွားလာပုံပေါ်သည်။ ၄င်းမှာ များစွာသော ရဟန်းများသည် ပုဂ္ဂလိက သို့မဟုတ် အဖွဲ့အစည်း ခိုင်မာမှုကို လှစ်လျူရှုခြင်းနှင့် အခြားသော စည်းကမ်းများစွာ မစောင့်ထိန်းခြင်းတွင် ပါဝင်လာခြင်းများ ဖြစ်လာခဲ့သည်။
Chinese pilgrims Faxian, Ijing and Xuanzang make references to the feudal character of the Buddhist Saṃgha which owned movable and immovable property in substantial quantities. It had become quite normal for Buddhist vihāras to own servants, cattle, land, granaries, and villages for the purpose of maintaining their residents. There is evidence to show that some of the prominent vihāras had become so influential that they began to issue their own seals and coins.
တရုတ်လူမျိုး ဘုရားဖူးခရီးသွားများ ဖြစ်ကြသော Faxian, Ijing နဲ့ Xuanzang တို့ ရည်ညွှန်းပြောဆိုပုံမှာ ကောာင်းမွန်သော အရည်အသွေးရှိသည် ရွေ့လျားနိုင်သော ပစ္စည်းနှင့် မရွေ့လျားနိုင်သော ပစ္စည်းကို ပိုင်ဆိုင်လာသော ဗုဒ္ဓဘာသာရဟန်း၏ ပဒေသရာဇ် စနစ် လက္ခဏာပင် ဖြစ်သည်။ ၄င်းသည် အစေခံများ၊ ကျွဲနွားများ၊ လယ်မြေများ၊ စပါးကျီများနှင့် သူတို့၏ နေထိုင်သူများ နေနိုင်ရန်အတွက် ရည်ရွယ်ထားသော ကျေးရွာများကို ပိုင်ဆိုင်ရန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွက် ပုံမှန်အနေအထား ဖြစ်လာခဲ့ပေသည်။ သက်သေပြစရာ အထောက်အထားတစ်ခုမှာ အရေးပါသာ ဘုန်းကြီးကျောင်းများသည် သူတို့၏ ကိုယ်ပိုင် တံဆိပ်တုံးများနှင့် ဒင်္ဂါးများကို ထုတ်လုပ်လာကြခြင်းဖြင့် သြဇာတိက္ကမ ရှိလာကြတော့သည်။ (ဆက်ရန်.....)


Read more...

အမှန်ကို မယုံတာ ဉာဏ်အဆင့် နိမ့်နေလို့ပဲ

… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။
အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။

ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။
အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။


သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂)

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။
ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။

ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ နတ်တစ်ဦးက မြတ်စွာဘုရားထံ သူ့ထင်မြင်ချက်ကို လျှောက်ထား တင်ပြတဲ့ ဂါထာပါပဲ။
နတ်တစ်ဦးဆိုပေမယ့် သဂါထာဝဂ္ဂသံယုတ် ပဌမသုတ်၌ ဖွင့်ပြပုံအရ ကမ္ဘာနှင့်ချီပြီး အသက်တမ်း အလွန်ရှည်တဲ့ ဗြဟ္မာနတ်သာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဗြဟ္မာတစ်ဦးအနေနဲ့ပဲ ဒီမှာ အနက် အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။

သတ္တိယာ - လှံမကြီးဖြင့်၊
သြမဋ္ဌော ဝိယ - ရင်ဝ၌ အထိုးခံသောသူကဲ့သို့၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏။

ရင်ဝ၌ လှံနဲ့ အထိုးခံရတဲ့ ပုဂ္ဂိုလ်မှာ ဘာအရေးကြီးသလဲဆိုရင် စူးဝင်နေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
စီးပွားရေး သားရေးသမီးရေး အစရှိတဲ့ ဒိပြင်ကိစ္စတွေက ဘယ်လိုပင် အရေးကြီးပါတယ်ဆိုပေမယ့် အဲဒါတွေကို နောက်မှ လုပ်ရင် ဖြစ်တယ်။

အရေးအကြီးဆုံးကတော့ စူးနေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
ဒါက သုတ်သုတ်လျင်စွာ အားထုတ်ဖို့ရာအတွက် ဥပမာတစ်ခုပဲ။
နောက်ဥပမာတစ်ခုကတော့ -

မတ္ထကေ - ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ - မီးလောင်ခံရသောသူကဲ့သို့၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။

ခေါင်းက ဆံပင်တွေကို မီးလောင်နေတဲ့သူမှာ ဘာအရေးကြီးသလဲဆိုရင် အဲဒီခေါင်းက ဆံပင် လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ဟာ အရေးကြီးတယ်။

ဒိပြင်ကိစ္စတွေကတော့ နောက်မှ လုပ်ရင် ဖြစ်တယ်။ ခေါင်းမှာ လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ရာက အရေးအကြီးဆုံးပဲ။
ဒါက ဒုတိယ ဥပမာပဲ။

ဒါကြောင့် -

သတ္တိယာ - လှံမကြီးဖြင့်၊
သြမဋ္ဌော ဝိယ - ရင်ဝ၌ အထိုးအစိုက် ခံရသော သူကဲ့သို့လည်းကောင်း၊
မတ္ထကေ - ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ - မီးအလောင်ခံရသော သူကဲ့သို့လည်းကောင်း၊
ကာမရာဂပ္ပဟာနာယ - ကာမရာဂကို သမထဈာန်တရားဖြင့် ပယ်ရှားရန် အလို့ငှာ၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊
သတော - အမှတ်ရလျက်၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။


အမှန်ကို မယုံတာ ဉာဏ်အဆင့်နိမ့်နေလို့ပဲ

ဗြဟ္မာကြီးတစ်ဦးက သူ့အမြင်နဲ့ မြတ်စွာဘုရားထံ တင်ပြ လျှောက်ထားတဲ့ ဂါထာပါပဲ။

နတ်တို့ ဗြဟ္မာတို့ ဆိုတာကို တချို့က သူတို့ကိုယ်တိုင် မတွေ့ဖူးတဲ့အတွက် မယုံကြည်နိုင်ဘဲ ရှိနေတတ်ကြပါတယ်။

အဲဒါဟာ နတ်တွေ ဗြဟ္မာတွေကို မြင်နိုင်တဲ့ဉာဏ် မရှိကြလို့၊ အသိအမြင် အဆင့်အတန်း နိမ့်နေကြလို့ပါပဲ။

သူတို့ကတော့ သူတို့ဟာသူတို့ စဉ်းစား ဆင်ခြင်ဉာဏ် အဆင့်မြင့်နေလို့ မယုံကြည်တာလို့ ဆိုကောင်းဆိုကြပေလိမ့်မယ်။

ဒါပေမယ့် အမှန်အားဖြင့်တော့ အနောက်နိုင်ငံမှာ လေယာဉ်ပျံပေါ်ခါစတုန်းက အရှေ့နိုင်ငံက လူအချို့ မယုံကြည်တာမျိုးပါပဲ။
ယခုနေအခါမှာ လကမ္ဘာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာ မယုံကြည်ကြတာနဲ့လည်း တူပါတယ်။

နတ်တွေ ဗြဟ္မာတွေဆိုတာ မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဟုတ်မှန်ကြောင်း အဘိညာဉ်ရပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်များက ထောက်ခံထားလျက် ရှိနေတာပဲ။
မြတ်စွာဘုရားက အဲဒီနတ်တွေ ဗြဟ္မာတွေထက် မြင့်မြတ်သိမ်မွေ့တဲ့ တရားတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဉာဏ်ထူးရှိတဲ့ ရဟန္တာအရှင်မြတ်တွေက သူတို့၏ ကိုယ်တွေ့အနေဖြင့် ထောက်ခံထားတာပဲ။ အဲဒီတော့ နတ်တွေ ဗြဟ္မာတွေလောက်တောင် မမြင်မသိနိုင်လို့ မယုံကြည်ကြတာဟာ အသိဉာဏ် အဆင့်အတန်း နိမ့်နေသေးလို့ပါပဲ။


သိပ္ပံဆရာတွေ၏ အတွေ့လိုပင် ယုံသင့်ပါသည်

ဗြဟ္မာဆိုတာ ကာမဂုဏ်ကို တပ်မက်မှု ကာမရာဂ ကင်းတယ်။ ကမ္ဘာနဲ့ ချီပြီး အသက်ရှည်တယ်။
လူတွေ နတ်တွေဆိုတဲ့ ကာမဘုံသား သတ္တဝါတွေကတော့ အသက်တိုတယ်။ မကြာခဏ သေ,သေသွားကြရတယ်။
လူဆိုရင် ဘုရားလက်ထက်တော် ကာလတုန်းက ပုံမှန် အနှစ်တစ်ရာ အသက်တမ်း ရှိတယ်။ အနှစ်တစ်ရာ မပြည့်ခင် သေတဲ့သူလည်း ရှိတယ်။ အနှစ်တစ်ရာက ကျော်လွန်ပြီး တစ်ရာ့လေးငါးခြောက်ဆယ်အထိ အသက်ရှည်သူလည်း ရှိခဲ့တယ်။
အဲဒီထက် ရှေးကျတဲ့ ခေတ်တွေတုန်းကတော့ အသက်နှစ်ရာ သုံးရာ စသည် ပိုပြီး အသက်ရှည်ခဲ့ကြတာလည်း ရှိကြောင်း ကျမ်းဂန်များမှာ ပြဆိုထားတာ ရှိတယ်။ ဒါပေမယ့် လူ့လောက အသက်ဆိုတာ တယ်မရှည်လှပါဘူး။

အထက် နတ်ပြည်လောကတွေမှာ နတ်တွေက လူ့ထက် များစွာ သာလွန်ပြီး အသက်ရှည်ကြတယ်။ အဲဒါကို သာမန်လူတွေက မသိကြဘူး။
သိတော်မူကြတဲ့ ဘုရား ရဟန္တာအရှင်မြတ်တွေက ဟောကြားထားတဲ့အတိုင်း မှတ်ယူကြရတယ်။

ဥပမာအားဖြင့် ယခုခေတ်မှာ သိပ္ပံပညာတွေက တိုးတက်နေတယ်။ သိပ္ပံပညာတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေက ကမ္ဘာလောကအကြောင်းကို အမျိုးမျိုး စူးစမ်း စမ်းသပ်ကြည့်ကြတယ်။
အခြားလူတွေကတော့ ကိုယ်တိုင် မတွေ့မသိရပေမယ့် သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိထားတဲ့ အချက်တွေကို သူတို့ ပြောပြတဲ့အတိုင်းပင် မှတ်ရတယ်။

နေ အစရှိသော ဂြိုဟ်တွေ၏ အတိုင်းအထွာ ပမာဏတွေ၊ ကမ္ဘာမြေကြီး၏ အတိုင်းအထွာ ပမာဏတွေ၊ နေနှင့် အကွာအဝေး ပမာဏတွေ၊ အဲဒီဂြိုဟ်တွေအားလုံး လည်နေပုံတွေ၊ အခြား နေစကြာဝဠာတွေ ဒီလိုဟာတွေကို သိပ္ပံပညာရှင်တွေက သူတို့နည်းဖြင့် တွက်ချက် တိုင်းတာပြီး ပြထားကြတယ်။

အဲဒါတွေကို ကိုယ်တိုင် မတွေ့မသိရပေမယ့် သူတို့ ပြောပြတဲ့အတိုင်းပဲ အများက ယုံကြည် သိမှတ်နေကြရတယ်။

ဘာကြောင့် ဒီလို ယုံကြည်ရသလဲဆိုတော့ မိမိတို့ကိုယ်တိုင်က သူတို့လို မသိရပေမယ့် သင့်လျော်သော ဆင်ခြင်ဉာဏ်ရှိတဲ့အတွက် ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ကြရတာပါပဲ။

အဲဒါလိုပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားက ကိုယ်တိုင် တွေ့သိမြင်ပြီးမှ ဟောထားတဲ့ နတ်ဗြဟ္မာ လောက အကြောင်းတွေကိုလည်း ဘုရားဟောတော်မူတဲ့အတိုင်း ယုံကြည်သင့်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က မသိနိုင်ပေမယ့် သင့်လျော်တဲ့ ဆင်ခြင်ဉာဏ်ဖြင့် ယုံကြည်ထိုက်တဲ့အတွက် ဟောတော်မူတဲ့အတိုင်း ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ရတာပါပဲ။

ကိုယ်တိုင်တွေ့ပြီး သိချင်ရင်တော့ သိနိုင်အောင် အားထုတ်နည်းတွေလည်း ရှိပါတယ်။
အဲဒီနည်းတွေဖြင့် ဈာန်အဘိညာဉ်တွေကို ရအောင် အားထုတ်လို့ ပြည့်စုံရင် အဘိညာဉ်ဖြင့် ကိုယ်တိုင်ပင် သိမြင်နိုင်ပါတယ်။
အဲဒီလို သိနိုင်တဲ့ နည်းတွေ ရှိပါလျက်နဲ့ အဲဒါတွေကို အားမထုတ်ဘဲ ကိုယ်က မသိတာနဲ့ မယုံဘူးဆိုရင် အဲဒါကတော့ နေရာမကျဘူး။


အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နှိုင်းရင် ရိုင်းသည်

တချို့က ဒီလို ပြောကြတယ်။ “ကိုယ်တိုင် မတွေ့ရင် မယုံနိုင်ဘူး”တဲ့။
အဲဒါဟာ ကိုယ်က မသိတာကို သူများလည်း မသိဘူးလို့ ထင်မှတ်ပြီး ပြောတာပဲ။

ကိုယ်နှင့်နှိုင်း မရိုင်းဘူးဆိုတာ အဆင့်အတန်းတူတဲ့သူ အချင်းချင်းမှာသာ မှန်တယ်။
အဆင့်အတန်း မတူတဲ့သူနဲ့ တန်းတူပြုပြီး နှိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲ။

ဥပမာထုတ်ပြမယ်။
ဂဏန်းသင်္ချာကို မသင်ကြားဘူး မလေ့လာဘူးတဲ့ လူက ဂဏန်းသင်္ချာဘက်မှာ ပါရဂူမြောက် တတ်သိနေတဲ့ လူကို … ‘ငါလိုပါပဲ၊ ဂဏန်းတွက်ရာမှာ ငါ့ထက် ပိုပြီး မတတ် မသိပါဘူး’လို့ တန်းတူပြုပြီး နှိုင်းယှဉ်ရင် အများကြီး လွဲမှားသွားမယ် မဟုတ်ပါလား။
ဒါလိုပါပဲ … လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်က မသိတာနဲ့ ဟောတဲ့ ပုဂ္ဂိုလ်ကို မိမိနဲ့ တန်းတူပြုပြီး မယုံကြည်ဘဲနေရင် အများကြီး လွဲမှားသွားပါတယ်။

ဒါကြောင့် မြတ်စွာဘုရား ဟောထားတဲ့အတိုင်း နတ်တွေ ဗြဟ္မာတွေ ရှိတယ်ဆိုတာ မိမိကိုယ်တိုင်တွေ့အားဖြင့် မသိပေမယ့် မြတ်စွာဘုရားက သိမြင်ပြီး ဟောထားတာပဲလို့ ယုံကြည် မှတ်သားရပါတယ်။
အဲဒီ နတ် ဗြဟ္မာတွေထက် မြင့်မြတ်တဲ့ တရားတွေကို ဟောထားတာလည်း ရှိပါသေးတယ်။

တကယ်သိချင်ရင် အဲဒီဟောထားတဲ့ဟာတွေကို ကိုယ်တိုင် သိနိုင်အောင် လေ့လာဖို့ လိုပါတယ်။
လေ့လာရင် သိလည်း သိနိုင်ပါတယ်။

မြတ်စွာဘုရားတရားတော်က ကိုယ်တိုင် တွေ့မြင်နိုင်တဲ့ တရားတော် ဖြစ်ပါတယ်။
ဒါကြောင့် သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချ ကိုယ်တိုင် တွေ့မြင်နိုငသော တရားတော်မြတ်ပဲလို့ ဒီလိုလည်း ချီးကျူးပြီး ဟောထားပါတယ်။


+++++
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “တက္ကသိုလ်ဝိပဿနာတရားတော်” မှ

Read more...

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီ လေးဆူ

ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး၊ နေ့ချင်းဖူး၏၊
လှူသည့်ကုသိုလ်၊ မပိုတူ၏၊
တောင်းဆိုစကား၊ မမှားတူ၏၊
သီလငါးချက်၊ မပျက်လုံ၏၊
ထိုသည့်သူအား၊ မကြာချက်ချင်း၊
လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း။

အထက်ပါစာပိုဒ်မှာ အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်ဖြစ်သည်ဟု အစဉ်အလာ ဆိုရိုးရှိပါသည်။ ယခုအခါ ပုဂံဘုရားဖူးများသည် အထက်ပါ ဆိုရိုးစကားအတိုင်း ပုဂံတ၀ိုက်ရှိ စွယ်တော်စေတီလေးဆူကို ကြိုးစား၍ နေ့ချင်းဖူးမြော်လေ့ရှိကြပါသည်။ စွယ်တော်စေတီလေးဆူမှာ -
၁။ ရွှေစည်းခုံ စေတီတော်
၂။ တန့်ကြည့်တောင် စေတီတော်
၃။ လောကနန္ဒာ စေတီတော်
၎။ တုရင်တောင် စေတီတော် တို့ဖြစ်သည်။

(ရွှေစည်းခုံစေတီတော်)
အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄-နှစ်မြောက် သက္ကရာဇ် ၃၉၃-ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ တမန်စေလွှတ်၍ စွယ်တော်ပွားကို ပင့်ဆောင်စေသည်။ သီဟိုဠ် (သီရိလင်္ကာ) မင်း ဓာတုသေနသည် မြတ်စွာဘုရား၏ စွယ်တော်ပွားကို ပေးအပ်ခဲ့သည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံမြို့ အရှေ့မြောက်အရပ်တွင် စွယ်တော်ကို ဌာပနာ၍ ရွှေစည်းခုံစေတီတော်ကို တည်တော်မူသည်။ စေတီတော် မပြီးမီ မင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆-ခုနှစ်တွင် ထီးနန်းဆက်ခံသော သားတော် ကျန်စစ်သားမင်းကြီးက ဆက်၍ တည်တော်မူရာ သက္ကရာဇ် ၄၅၂-ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

(တန့်ကြည့်တောင် စေတီတော်)
ပုဂံမြို့တဖက်ကမ်း တန့်ကြည့်တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူစဉ် ရပ်တန့်၍ ကြည်ရှုတော်မူရာ တောင်ထိပ်ဖြစ်သောကြောင့် တန့်ကြည့်တောင်ဟု အမည်တွင်ခဲ့သည်။ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့ရာတွင် တန့်ကြည့်တောင်ထိပ်၌ စေတီတော်တဆူ တည်ခဲ့သည်။

ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ မိန့်ကြားချက်အရ သီဟိုဠ် (သီရိလင်္ကာ)မှ ရသော စွယ်တော်ပွားတဆူကို ထိုစေတီတွင် ဌာပနာ၍ ပြုပြင်တည်ထားတော်မူခဲ့ခြင်း ဖြစ်သည်။

( လောကနန္ဒာ စေတီတော်)
ပုဂံမြို့တောင်ဘက် ဧရာဝတီ မြစ်ကမ်းနားထိပ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘော ဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေတီတော်တွင် သက္ကရာဇ် ၅၆၉-ပါသော ကျောက်စာတချပ် အခိုင်အမာ တွေ့ရှိရသည်။

(တုရင်တော် စေတီတော် )
ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်ပွားတဆူကို သက္ကရာဇ် ၃၉၃-ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားတော်မူခြင်း ဖြစ်သည်။

( မောင်ရွှန်းသစ်)


Read more...

တစ်ကယ် လိုချင်တာဘာလဲ ( ဦးဇောတိက)

မနက်ပိုင်း အေးချမ်းနေတုန်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိတုန်း အခုတလော ခဏ ခဏ စဉ်းစားမိနေတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောမယ်။

အခုတလောစဉ်းစားတာ မဟုတ်ပါဘူး၊ ဒီအကြောင်းအရာကို စဉ်းစားထားတာ တော်တော်ကြာပြီ။ နှစ်ပေါင်းတော်တော်ကြာပြီ။ ငယ်ငယ်ကတည်းက စဉ်းစားတာပဲ။ ငယ်ငယ်ကတည်းက စဉ်းစားထားခဲ့လို့လည်း တဖြည်းဖြည်းနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ပိုသဘောပေါက်ခဲ့လို့ ဘ၀ရဲ့ ဦးတည်ချက်တွေ သဘောထားတွေ မှန်ခဲ့တာ။ အသက်ကြီးလာလေ ပိုပြီးနက်နက်နဲနဲ သဘောပေါက်လာလေဖြစ်လာတယ်။ ပိုပြီးသဘောပေါက်လာတာ ဆိုတော့ အကုန်လုံး သဘောပေါက် သွားပြီလို့ ပြောလို့မရဘူး။

ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင် ကိုယ်ဘ၀ဟာ ပိုပြီးတော့ လေးနက်မယ်၊ တန်ဖိုးရှိမယ်။ ဦးတည်ချက်မှန်မယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀၊ အင်မတန် အဖိုးတန်တဲ့ အချိန်တွေ၊ အင်မတန် အဖိုးတန်တဲ့ ကိုယ်ရဲ့ စိတ်ဓါတ်အင်အားတွေ၊ ခန္ဓာကိုယ် အင်အားတွေဟာ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေဘက်ကို ရောက်ပြီးတော့ အကျိုးမရှိဘဲ ကုန်သွားတာမျိုးမဖြစ်တော့ဘူး။
မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီးသွားနေရတာဟာ ပျော်စရာ အကောင်းဆုံး၊ ကျေနပ်စရာအကောင်းဆုံးပါ။ ဒီပျော်နည်း၊ ဒီကျေနပ်နည်းကို သေသေချာချာခံစားလို့ ရသွားရင် တခြားပျော်နည်း၊ ကျေနပ်နည်းတွေဟာ တော်တော်လေး အပေါ်ယံ ဆန်တယ်ပါလားဆိုတာ သိရတယ်။

တစ်ကယ်လိုချင်တာဘာလဲ ??

ပြောမယ့် အကြောင်းအရာက အချက်အလက်တွေ တော်တော်များတယ်။ တစ်ခုနဲ့ တစ်ခုဆက်ဆက်မှုတွေလည်းများတယ်။ ဘယ်ကစပြောရင်ကောင်းမလဲဆိုတော့ လူတွေ တကယ်လိုချင်တာဘာလဲ ဆိုတာက စပြောမယ်။
တစ်ကယ်လိုချင်တာဘာလဲ ..

စိတ်ချမ်းသာမှု

ဟုတ်ပြီ၊ စိတ်ချမ်းသာမှုကို လိုချင်တယ်။ ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှု ရမယ်ထင်လို့လုပ်တာ။ ဥပမာ- ပိုက်ဆံရှာတယ်။ ဘာလို့ပိုက်ဆံရှာသလဲဆိုတော့ ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ်ထင်လို့ ပဲ။ T.V တွေ video တွေ ကြည့်တယ်။ ဘာလို့ကြည့်သလဲဆိုတော့ အဲဒီလို ကြည့်နေရင်စိတ်ချမ်းသာတယ် ထင်လို့ပဲ။ စိတ်ချမ်းသာမယ်ထင်လို့ တခြားလည်း အမျိုးမျိုးလုပ်တယ်။ တချို့စိတ်ဆင်းရဲမှုတွေကို ဖုံးချင်လို့၊ မေ့ထားချင်လို့လုပ်တယ်။

လူတွေ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အခြေခံ ကျကျကြည့်ရင် သူတို့လိုချင်တဲ့ စိတ်အခြေအနေလေး ဖြစ်အောင် ဖန်တီးယူနေတယ်ဆိုတာ တွေ့ရတယ်။ mood တစ်ခုကို ဖန်းတီးယူနေတယ်။ mental state တစ်ခုကို ဖန်တီးယူနေတယ်။ အမှန်တော့ ကိုယ်တကယ် ပြန်ခံစားနေရတာ ကိုယ့်ရဲ့ စိတ်အခြေအနေ၊ ကိုယ့်ရဲ့ mood ဖြစ်တယ်။

ကြည်လင်အေးချမ်းတဲ့ စိတ်ကို လိုချင်လို့၊ ကြည်လင်အေးချမ်းတဲ့စိတ်ကို ခံစားချင်လို့ ကြည်လင် အေးချမ်းအောင်လုပ်တယ်။ ပျော်ရွှင်မြူးတူးတဲ့စိတ်ကို လိုချင်လို့ ပျော်ရွှင်မြူးတူးစေမယ့် အကြောင်းတွေကိုလုပ်တယ်။ နောက်ဆုံးလိုချင်တာဘာလဲ လို့ဆိုတော့ စိတ်အခြေအနေလေးပဲ။ တကယ်တော့ကိုယ့်စိတ်ကို ကိုယ်ခံစားတာပါ။ ကိုယ်စိတ်ကို ကိုယ်အရသာခံတာပါ။ we enjoy our consciousness လို့ပြောရမယ်။

တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင်နေဖို့လိုတယ်။ ကိုယ်ကို လေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့ သူဟာ စိတ်ချမ်းသာနိုင်မလား။

စစ်မှန်တဲ့ စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှ မရနိုင်ဘူးနော်။ self-respect ဟာ တော်တော်ကျေနပ်မှု ရတယ်။
ကိုယ့် ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ။

မလုပ်သင့်တာတွေလုပ်မိလို့။

မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါမှာ “ ငါမှားသွားလေခြင်း” ဆိုတဲ့ နောင်တဖြစ်တယ်။ လူတွေမှာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိဉာဏ် ရှိပါတယ်။ ကလေးတွေတောင် တော်တော်သိတယ်။ ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါမှာ ရှက်တယ်။ guilt ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ်ကိုလည်း သူများအထင်သေးတော့မှာဘဲလို့ တွေးပြီးရှက်တယ်။ ကြောက်တယ်။ အဲဒါ တော်တော်ခံရခက်တယ်။ အဲဒါစိတ်ဆင်းရဲမှုပဲ၊ ဒုက္ခပဲ။ ရှက်နေရတာ၊ ကြောက်နေရတာ၊ ကိုယ့်ကိုယ်ကို မလေးစားတော့တာဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခ ဖြစ်တယ်။

ဒါကြောင့် အမှားနည်းအောင် နေဖို့လိုတယ်။ ရှက်နေရတာ၊ ကြောက်နေရတာ နည်းအောင် ကိုယ် လုပ်တာ၊ ကိုင်တာ၊ ပြောတာ၊ ဆိုတာတွေမှာ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့ အကျင့်ကို လေ့ကျင့်ပြီး အမြဲ သတိကပ်ထားသင့်တယ်။

မတော်တဆ နည်းနည်းပါးပါးမှားတာတော့ လူတိုင်းမကင်းပါဘူး။ တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲ အထူးသတိထားပြီး ထိမ်းသိမ်းဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးမယ့် ကိစ္စမျိုးဟာ ကြောက်စရာ အကောင်းဆုံးဖြစ်တယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏
လေးစားပါတယ်၊ဘ၀တန်ဖိုး ၊အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ
(ပေးပို့လာတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။)
မေတ္တာဖြင့်.
ဝါ၀ါခိုင်မင်း


Read more...

သိပ္ပံပညာရှင်တို့ စမ်းသပ်မရနိုင်သည့် အရာ


တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သက်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့ နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။ အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ တော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသက်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြ တော့တယ်။
ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးက တော့ ကွယ်ပျောက်သွားပြီ။

ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။
အဲဒါကြောင့် အနှိုင်းမဲ့မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။
မိဘကျေးဇူး ဆပ်နိုင်ပါစေ .................

(မှတ်ချက်- မေးမှတဆင့်ရသည်။ ပြန်လည် မျှဝေ ခံစားခြင်းဖြစ်သည်။)



Read more...

နှလုံးသားအမွေ နှင့် ရင်နှစ်သည်းချာ

ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဥရုဝေလတောမှာ ဒုက္ကရစရိယာလို့ ခေါ်တဲ့ အလွန်ပြုနိုင်ခဲတဲ့ အကျင့်တွေကို ကျင့်ခဲ့တာ ခြောက်နှစ်လောက် ကြာသွားတော့ ခန္ဓာကိုယ်ကို ပင်ပန်းအောင် ညှဉ်းဆဲသလို ကျင့်ကြံရတဲ့ ဒီအစွန်းတရားတွေကို စွန့်ခွါပြီး မဟာသက္ကရာာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် နေ့မှာ ဗောဓိမဏ္ဍိုင်လို့ ခေါ်တဲ့ ဗောဓိပင်ရင်း ကြွပါတယ်၊ အဲဒီမှာ မဇ္ဈိမပဋိပဒါ အကျင့်ကို နားလည်တွေ့ရှိပြီး ကျင့် တော်မူလိုက်တော့ နောက်နေ့ အရုဏ်မတက်မီမှာ တရားအားလုံးကို သြိမင်တဲ့ သဗ္ဗညု ဘုရားရှင် ဖြစ်တော် မူပါတယ်။

အဲဒီနှစ် ၀ါဆိုလပြည့်နေ့မှာ မိဂဒါဝုန်ကို ကြွတော်မူပြီး ပဉ္စ၀ဂ္ဂီတို့ကို တရားဦး ဟောတဲ့အခါ ငါးဦးစလုံး “ ဧဟိဘိက္ခု“ ရဟန္တာများ ဖြစ်ကြတယ်။ မိဂဒါဝုန်မှာပဲ ၀ါကပ် လို့ ၀ါတွင်းမှာတော့ ယသသူဌေးသားနဲ့ သူငယ်ချင်း သူဌေးသား ငါးဦးရယ်၊ သူတို့ရဲ့ နောက်ပါ ငါးကျိတ်(၅၀)ရယ်၊ “ ဧဟိဘိက္ခု ရဟန္တာတွေ ဖြစ်ကြပြန်လို့ အားလုံး တပည့် ရဟန္တာ ခြောက်ကျိပ်(၆၀)ဖြစ်လာတယ်။ ၀ါကျွက်တဲ့အခါ ရဟန္တာများကို ခရီးတစ် ကြောင်း တစ်ပါးနှုန်း သာသနာပြု စေလွှတ်တော်မူပြီး ကိုယ်တော်တိုင်က ဥရုဝေလ တောကို ပြန်ကြွတော်မူတယ်။

ဥရုဝေလတောအုပ်မှာ ဥရုဝေလကဿပ ညီနောင်ဆိုတဲ့ ဂိုဏ်းဆရာကြီးသုံးဦး ခေါင်းဆောင်တဲ့ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို အရဟတ္တဖိုလ်ပေါက် “ဧဟိဘိက္ခု“ ရဟန္တာများအဖြစ် ရောက်အောင်ဟောပြီး ချီးမြှောက်ပြီးတော့မှ အဲဒီ ရဟန္တာ တစ်ထောင်ခြံရံပြီး အဲဒီနှစ် ပြာသို လပြည့်နေ့မှာ ရာဇဂြိုဟ်ကို ရောက်တော်မူ တယ်။ တောထွက်ခဲ့စဉ်က ဗိမ္ဗိသာရမင်းကြီးကို ပေးခဲ့တဲ့ ကတိအတိုင်းတရားဟောပြဖို့ ကြွတော်မူတာပါ။

မြတ်စွာဘုရား ရာဇဂြိုဟ်ကို ရောက်တယ်လို့ သတင်းစကား ကြားရင်ပဲ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ခေါင်းဆောင် အမတ်တစ်ယောက်ကို နောက်လိုက် မင်းချင်းယောင်္ကျား တစ်ထောင်နဲ့ “သားတော်ဘုရားကို ပင့်ပါ၊ သားတော်ဘုရားကို အမြန်ဆုံး ဖူးချင်လှချေရဲ့“ ဆိုပြီး အပင့်ခိုင်းလိုက်တယ်။ တစ်သုတ်လွှတ်လိုက်၊ ပြန်မလာ၊ နောက်တစ်သုတ် ထပ်လွှတ် ပြန်မလာနဲ့ ကိုးကြိမ်ကိုးသုတ်ရှိသွားပြီး တစ်ယောက်မှ ပြန်မလာကြဘူး။ ဘယ်လာတော့မလဲ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်း ရောက်လို့ ဘုရားရှင်နဲ့တွေ့တော့ တရားနာပြီး အားလုံး “ ဧဟိဘိက္ခု“ ရဟန္တာတွေချည်း ဖြစ်ကုန်ကြတော့ လူ့လောကနဲ့ လူ့ကိစ္စတွေကို လုံးလုံးစိတ်မ၀င်စားတော့ဘဲ ဖလသမာ ပတ် ချမ်းသာနဲ့ နေနေကြတော့တာပေါ့။

သုဒ္ဓေါဒနမင်းတရားကြီးကလည်း အလွန်ကို အရေးတကြီး ဖူးတွေ့ချင်လှပြီး၊ အဲဒါ ဘာဖြစ်လို့လဲ သိလား၊ အိုလာလို့ကွ၊ အဲဒီ အရွယ်တုန်းကတော့ မင်းအာဏာ မင်းစည်း စိမ်တွေဆိုတာ အရာရာ ပြည့်စုံတဲ့ ချမ်းသာသုခပဲလို့ ထင်ခဲ့တာပေါ့။ ဒါကြောင့်လည်း သိဒ္ဓတ္ထမင်းသားကို စကြ၀တေးမင်းကြီး ဖြစ်စေချင်ခဲ့တာ။ အဲဒီတုန်းက သိဒ္ဓတ္ထမင်းသား က “ တစ်ခဏအတွက် အင်အားပြင်းထန်ပေမယ့် ထာဝရအတွက် အင်အားချည့်နဲ့တဲ့ အရာဆိုတာ အတုယောင်သာ ဖြစ်တယ်။ တစ်ခဏ ကျေနပ်သာယာမှုအတွက် ပေး ဆပ်ရတဲ့ မျက်ရည်နဲ့ ငိုကြွေးရတဲ့ အချိန်တွေဟာ မတန်မရာ အတိုးကြီး လွန်း လှတယ်“ လို့ ပြောပေမယ့် လက်မခံခဲ့ဘူးပေါ့ကွာ။ ခုတော့ အရွယ်က စကားပြောလာပြီ၊ မတန်မရာ အတိုးတွေကို ကိုယ်တွေ့ ကိုယ်ကြုံ ပေးဆပ်နေရပြီ ဆိုတော့ သားတော် ဘုရား ရှာဖွေတွေ့ရှိပြီဆိုတဲ့ “ အိုနာသေ ရပ်တဲ့တရား ငိုတာတွေ ရပ်တဲ့တရား“ ဆိုတာကို သိချင်လှပြီပေါ့။

ဒီနေရာမှာ စပ်မိလို့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ အသက် ဘယ်လောက် အိုပြီလဲ ဆိုတာ တွက် ခန့်မှန်းကြည့်ရအောင်။ ကျန်းဂန်းမှာ ခမည်းတော်ရဲ့ အသက်ကို ဖော်ပြမထားပေမယ့် မယ်တော်ရဲ့ အသက်ကိုတော့ တွက်ချက်လို့ ရတယ်။ မယ်တော် မာယာဟာ ဒုတိယ အရွယ်ရဲ့ နောက်ဆုံးနေ့မှာ ဘုရားအလောင်း ပဋိသန္ဓေ တည်နေ တယ် လို့ ဆိုတယ်။ လူတွေရဲ့ သက်တမ်းက တစ်ရာတန်း ဖြစ်တယ် ဆိုတော့ အသက် တစ်ရာကို အရွယ်သုံးပါးနဲ့ ပိုင်းလိုက်ရင် တစ်ရွယ် ၃၃ နှစ်နဲ့ ၄ လစီပေါ့၊ တစ်ခါ ဒုတိယ အရွယ် ၃၃ နှစ် ၄ လကို သုံးဖို့ သုံးပုံ ပုံလိုက်ရင် တစ်ဖို့မှာ ၁၁ လနဲ့ ၁၀ ရက်ပေါ့။ ဒုတိယအဖို့ရဲ့ နောက်ဆုံးနေ့ ဆိုတော့ ပထမအရွယ် ၃၃ နှစ်၎လရယ်၊ ဒုတိယ အရွယ်ရဲ့ ဒုတိယအဖို့ ၂၂ နှစ် ၂ လနဲ့ ရက်ပေါင်း ၂၀ ရယ် ပေါင်းကြည့်။ မယ်တော်အသက် ၅၅ နှစ် ၆ လနဲ့ ၂၀ ရက်မှာ ဘုရားအလောင်း ပဋိသန္ဓေနေတယ်။

အမိဝမ်းမှာာ ၁၀ လ ကြာပြီး ဖွားမြင်တယ်။ ဖွားမြင်ပြီး ခုနှစ်ရက်မြောက်နေ့မှာ မယ်တော် နတ်ရွာစံတယ် ဆိုတော့ အသက်ဘယ်လောက် ဖြစ်သွားမလဲ။ ၅၆ နှစ် ၄လနဲ့ ၂၇ ရက် မဖြစ်ဘူးလား။ ဒါကြောင့် မုံရွေး ဇေတ၀န် ဆရာတော်ဘုရားက အတိအကျ ထွက်ပြီးတော့ မယ်တော်မာယာ အသက်ကို-

“ဆပညသ၊ ငါးမာသ၀ယ်၊ သုံးရက်ပယ်၊ အကယ် မယွက်၊ မယ်တော်သက်”

လို့ လင်္ကာလေး ဖွဲ့ထားတယ်။ ( ဆပညာသ=၅၆နှစ်၊ ငါးမာသ=၅ လ သုံးရက် လျှော့ တဲ့) ခမည်းတော်ကြီးဟာ မယ်တော်ထက် ဘယ်နည်းနဲ့မှ မငယ်နိုင်ဘူး။ ကြီးချင်သာ ကြီး မယ်။ ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတုံးဆိုတော့ သာကီဝင်မင်းမျိုးတို့ဟာ မောင်နှမ ချင်း လက် ဆက်ကြတဲ့အခါ မောင်က အစ်မကငို လက်မထပ်ရဘူး၊ ရွယ်တူနဲ့ ကိုယ့် ထက် ငယ် တဲ့ နှမကိုသာ လက်ဆက်ကြတဲ့ ဓလေ့ထုံးတမ်းရှိလို့ပဲ။ ဒါကြောင့် ဘုရား လောင်း ဖွားတော်မူတဲ့ အချိန်မှာ ခမည်းတော်ကြီး အသက်လည်း အနည်းဆုံး ၅၆ နှစ် ၄လ ကျော်နေပြီ။

အလောင်းတော်က လူအဖြစ်နဲ့ နန်းတော်ထဲ မှာ နေခဲ့တာ ၂၉ နှစ်အထိ၊ ဥရုဝေလ တော်ထဲမှာ ဒုက္ကရစရိယ ကျင့်တာ ခြောက်နှစ်၊ အားလုံးပေါင်းလိုက်ရင် ဘုရားဖြစ်တော်မူတာ အသက် ၃၅ နှစ် အရွယ်မှာ ဆိုတော့ အဲဒီအချိန်မှာ ခမည်း တော်ကြီး အသက်က ၉၁ နှစ်ကျော် ၉၂ နှစ်လောက် အနည်းဆုံး ရှိနေပြီပေါ့။

ဇရာညှင်းလို့ အိုမင်းမစွမ်း ဖြစ်လာပြီ ဆိုတော့ မခိုင်မမြဲ ယိုင်လဲခြင်းသဘော ရှိတယ် ဆိုတာ ကိုယ်တွေ့ ကိုယ်ကြုံခံစားးနေရပြီ။ မယိုင်မလဲ ခိုင်မြဲတဲ့ တရား ဆိုတာကို သိချင်လှပြီ။ ဒါကြောင့် သား ဘုရားကို အရေးတကြီး ဖူးတွေ့ချင်နေတာပေါ့။

နောက်ဆုံး ဆယ်ကြိမ်မြောက် ကျတော့မှ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို မင်းချင်းတစ်ထောင်နဲ့  လွှတ်လိုက်တယ်။ ကာဠုဒါယီ က သွားကတဲကိုက မင်းကြီးထံ မှာ ရဟန်းပြုခွင့်တောင်းတယ်။ မင်းတရားကြီးကလည်း “ ရဟန်းပြုလိုကပြုပါ၊ သားဘုရားကိုတော့ အရပင့်ပေးပါ” လို့ မှာပြီး နှစ်ဦးနှစ်ဖက် အာမခံနဲ့ သွားတယ်။ ကာဠုဒါယီ တို့လည်း ဘုရားထံ ရောက်တော့ ရှေ့ အမတ်များ နည်းတူး “ ဧဟိဘိက္ခု” ရဟန္တာတွေ ဖြစ်ကြတာပဲ။ ကပိလ၀တ်ပြည်သားချည်း ရဟန္တာတစ်သောင်း ရှိသွားပြီပေါ့။ ရာဇဂြိုဟ်ပြည်မှာ နေတဲ့ ပြာသိုလကနေ တပေါင်းလပြည့်အထိ နှစ်လအတွင်းမှာ မာဂဓတိုင်း ကလည်း လက်ယာရံ၊ လက်ဝံရံ များ အပါအ၀င် ရဟန္တာတစ်သောင်း ဖြစ်ကြတယ်။

တပေါင်းလပြည့်ရော်ကတော့ ကာဠုဒါယီ မထေရ်က တပေါင်းလရာသီနဲ့ ကပိလ၀တ်ခရီးလမ်းအကြား တောတောင် ပန်းမန် ရာသီဥတု သာယာပုံ ဂါထာ ခြောက်ဆယ်နဲ့ ဖွဲ့သီပြီး ခမည်းတော် စံရာ ဇာတိရပ်မြေ ကြွတော်မူဖို့ လျှောက်ထား တော့ နောက်ပါ ရဟန္တာပေါင်း နှစ်သောင်း အခြံအရံနဲ့ တပေါင်းလပြည့်ကျော် ၁ ရက် နေ့က စပြီး ယူဇနာ ခြောက်ဆယ် ဝေးတဲ့ ကပိလ၀တ်ပြည်ကို တစ်နေ့ တစ်ယူဇနာ နှုန်းနဲ့ ဖြည်းဖြည်း မှန်မှန် ကြွ တော်မူခဲ့ တယ်။

ခရီးတစ်ထောက်နားတိုင်း အရှင်ကာဠုဒါယီ မထေရ်က ကပိလ၀တ်ကို အဘိဉာဉ် နဲ့ ကြွပြီး သုဒ္ဓေဒနမင်းကြီးနဲံ ဆွေတော်မျိုးတော်တို့ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူး တစ်နေ့ တစ်မျိုး ဟောပြလို့ ခမည်းတော်ကြီးနဲ့ ဆွေတော် မျိုးတောမများက ဘုရားရှင်ကို မဖူး တွေ့ ရခင်ကတည်းက ဂုဏ်တော်တွေကို ကြည်ညိုရင်းစွဲ ဖြစ်နေကြပြီ။ သုဒ္ဓေဒနမင်းကြီးက ကာဠုဒါယီမထေရ်ကို ဆွမ်းဆက်ကပ်ပြီး သားတော် ဘုရား

အတွက် ကာဠုဒါယီမထေရ်နဲ့ သပိတ်ထဲ ဆွမးတော်များ ထည့်လှူလိုက်လို့ ဘုရားရှင်ကလည်း ခမည်းတော်ကြီးနဲ့ မတွေ့ခင်ကပင် ခမည်းတော်လှူတဲ့ ဆွမ်းကို ဘုဉ်းပေးနေရပြီ။ ကပိလ၀တ္ထုမှာ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော်များ သီတင်း သုံးဖို့အတွက် “ နိဂြောဓာရုံကျောင်း”အတွက် သတ်မှတ် မွမ်းမံထားနှင့် ကြပြီပေါ့။

ဒီလိုနဲ့ မဟာသက္ကရာဇ် ၁၀၄ ခု၊ ကဆုန်လပြည့်( ဘုရားဖြစ်ပြီး တစ် တင်းတင်း ပြည့်တဲ့) နေ့မှာ ကပိလ၀တ်ပြည်ကို ရောက်ပါတယ်။ ခွဲခွာခဲ့ပြီး ခုနှစ်နှစ်ကြာမှ ပြန် ရောက်တယ် ဆိုတော့ သားတော် ရာဟုလာလေး ခုနှစ်နှစ်အရွယ် ရှိပြီပေါ့။

ရောက်တဲ့နေ့မှာ တရားဟောတော့် သုဒ္ဓေါဒနမင်းကြီး သောတာပန်တည်တယ်။ နောက်တစ်နေ့ ထပ်ဟောတော့ ခမည်းတော်ကြီးက သကဒါဂါမ်တည်တယ်။ မိထွေး တော် ဂေါတမီက သောတာပန်တည်တယ်။ လပြည့်ကျော် သုံးရက်လောက်မှာ ညီတော် နန္ဒမင်းသားကို ရဟန်းခံပေးတော်မူတယ်။ ခုနှစ်ရက်မြောက် ရောက်တဲ့နေ့ကျတော့ ကပိလ၀တ် နန်းတော်မှာ ရဟန္တာ နှစ်သောင်းတို့နဲ့ အတူ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ဆက်ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးပြီး တရားဓမ္မ ဟောပြရင်း နန်းတော်မှာ သီတင်းသုံး နေတော်မူခိုက်မှာပေါ့--

ယသော်ဓရာ မိဖုရားက ခုနှစ်နှစ်အရွယ်ရှိတဲ့ သာားတော်လေးကို အလှဆုံး ၀တ်ဆင်ပြေးပြီးတော့ “ ချစ်သား…. ဟောဟိုမှာ ရဟန္တာ နှစ်သောင်းတို့ရဲ့ အလယ်က ရွှေဟင်္သလာမင်းကြီးသဖွယ် တင့်တင့်တယ်တယ် ထိုင်နေတာဟာ ချစ်သားရဲ့ ခမည်း တော်ပဲ။ ကဲ- သွားချေ၊ အမွေ တောင်းပေရော့” ဆိုပြီး လွှတ်လိုက်တဲ့ အခါ ရာဟုလာမင်းသားလေးက ဘုရားရှင်ရဲ့ အနီးကို သွားတယ်။ အနားရောက်တော့--

“ သုခါ တေ သာမဏ ဆာယာ= ကိလေသာ ခပ်သိမ်းငြိမ်းတော်မူပြီးတဲ့ ခမည်းတော်ဘုရား၊ အရှင် ဘုရားရဲ့ အရိပ်က ငြိမ်းအေးလှပါဘိဘုရား”လို့ လျှောက်တယ်။ ဆွမ်းကိစ္စပြီးလို့ နိဂြောဓာရုံကျောင်းပြန်ကြွတော့လည်း ရာဟုလာမင်းသားလေးက နောက်က လိုက်ပြီးတော့ “ ခမည်းတော်ဘုရား.. သားတော်ကို အမွေပေးပါ” လို့ အမွေတောင်းရင်းနောက်ကနေ လိုက်တယ်။ ဘုရားရှင်က မတားမြစ်တော့ ဘယ်သူကမှလည်း လှမ်း ခေါ်မတားရဲကြဘူး။ နိဂြောဓာရုံ ကျောင်း ရောက်တဲ့အထိ လိုက်လာပြီး “ အမွေပေးပါ”လို့ပဲတောင်းနေတော့ ဘုရားရှင် ကလည်း တိုတိုပဲ “ ချစ်သား သာရိပုတ္တရာ.. ရာဟုလာ အမွေ လိုချင်တာဖြင့် ရှင် သာမဏေပြုပေးလိုက်” ဒါပဲ မိန့်တယ်။

အဲဒီအချိန်မှာ လောကီ အမွေ ဆိုတာကလည်း မြတ်စွာဘုရားမှာ ပေးစရာ ဘာမှ မရှိပါဘူး။ လောကီ အမွေအနှစ်ဆိုတာ သံသရာဝဋ်ပြန်ပြီး လည်စေတဲ့ အမွေမျိုးဖြစ်လို့ အငိုရပ်စေတဲ့ အမွေလည်း မဟုတ်ဘူး။ ဒီတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာ ပါရမီတွေ ဆည်းပူးပြီး ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာ ကျင့်ခဲ့ပြီးတဲ့ နောက်မှ ရရှိတဲ့ ကိုယ်တော်မြတ်ရဲ့ သာသနာ့အမွေဟာ သံသရာဝဋ် ပြတ်ပြီး အငို ရပ်စေနိုင်စွမ်း ရှိတာမို့ အဲဒီအမွေကို ပေးတော်မူလိုတဲ့ အတွက် “ သာရိပုတ္တရာ.. ရာဟုလာ အမွေတောင်းနေတယ်။ သူ့ကို ရှင်ပြုပေးလိုက်” လို့ မိန့်တော်မူလိုက်တာပါ။

မြတ်စွာဘုရားရှင် မိဂဒါဝုန်မှာ တရားဦး ဟောချိန်က စပြီး ကာဠုဒါယီတို့ ရဟန်း ဖြစ်ချိန်လောက်အထိ ဆိုပါစို့။ “ “ ဧဟိ ဘိက္ခု” နဲ့ချည်း ရဟန်းပြုပေးခဲ့တာပဲ။ နောက်တော့ သာသနာပြု ကြွကြတဲ့ ရဟန်းတော်တွေထံ ရှင်ရဟန်း ပြုလိုသူတွေ ပေါ်လာတိုင်း ဘုရားရ၊ှင်ထံ ခေါ်လာနေရတာ ပင်ပန်းပြီး သာသနာပြုခရီး မတွင် ကျယ်ဘဲ ဖြစ်လာတော့ ရဟန်းတို့ ကိုယ်တိုင် သရဏဂုံနဲ့ပဲ ရှင်ပြုချင်သူကို ရှင်ပြုပေး၊ ရဟန်းပြုချင်သူကို ရဟန်းပြုပေးဖို့ ခွင့်ပြုလိုက်တယ်။ အဲဒီနောက် သိပ်မကြာခင်မှာပါပဲ ရာဇဂြိုဟ်ပြည်မှာ “ ရာဓ” ဆိုတဲ့ ပုဏ္ဏားကြီးကို ရဟန်းပြုပေးဖို့ကြုံတော့ သရဏဂုံနဲ့ ရဟန်းပြုပေးတဲ့ အစီအစဉ်ကို ရုပ်သိမ်းပြီး ဉတ္တိစတုတ္ထကံလို့ ခေါ်တဲ့ ဉတ်တစ်ကြိမ် ကမ္မ၀ါ သုံးကြိမ် ရွတ်ဖတ်ပြီး ရဟန်းပြုပေးဖို့ မိန့်ကြား ခွင့်ပြုတော်မူတယ်။ ရှင်ပြုပုံကို တော့ အထူး မသတ်မှတ်ရသေးဘူး။

အခု သားတော် ရဟုလာလေးကို ရှင်ပြုပေးရမယ် ဆိုတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က “ ရှင်သာမဏေကို ဉာတ်ကမ္မ၀ါစာနဲ့များ ရှင်ပြုပေးရမှာလား”လို့ ယုံမှား သံသယ ဖြစ်ဖွယ် ရှိတဲ့အတွက် ရှင်သာမဏေပြုပေးရမယ့်အစီအစဉ်ကို ခိုင်ခိုင်မာမာ သတ်မှတ် ပညတ်ပေးဖို့ မြတ်စွာဘုရားကို လျှောက်ထားတဲ့အတွက် မြတ်စွာဘုရားက--

၁။ ပထမ ဆံမုတ်ဆိတ်များကို ရိတ်ပေးရမယ်။

၂။ ပြီးတော့ ဖန်ရည်စွန်းတဲ့ သင်္ကန်းများကို ၀တ်ရုံစေရမယ်။

၃။ ပြီးတော့ သရဏဂုံကို ဒုတိယမ္ပိ၊ တတိယမ္ပိ တိုင်အောင် သုံးးကြိမ်တိုင် ချပေး

ပြီး ပီပီသသ လိုက်ဆိုစေရမယ်လို့ သတ်မှတ် ပညတ်ပေးလိုက်ပါတယ်။

ဒါကြောင့် အခုကလေးတို့ တွြေ့မင်ကြရတဲ့ ရုပ်ပြပုံ အစီအစဉ်ဟာရှင်ရာဟုလာလေးကို ရှင်ပြုပေးရာကစပြီး သတ်မှတ်ပညတ်ခဲ့တဲ့ အစီအစဉ်ပေါ့။ ဒီနေ့ အ ထိ လည်း ဒီအတိုင်း ပဲ လိုက်နာရတယ်။

ဘုရားရှင်က ရှင်ပြုပေးပုံ အစီအစဉ်ကို ချမှတ်တော်မူလိုက်တဲ့ အခါမှာ ရာဟုလာ မင်းသားလေးကို အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဥပဇ္ဈာယ်ဆရာပြုတယ်၊ အရှင်မဟာမောဂ္ဂလာန်က ဆံရိတ်ပေးခြင်း သင်္ကန်းတောင်း ချပေးခြင်း၊ သင်္ကန်းဝတ် ခြင်း ၊ သရဏဂုံ ချပေးခြင်း ဆိုတဲ့ ပဗ္ဗဇ္ဇာစရိယ ပြုတယ်။ အရှင် မဟာကဿပ ဆုံးမ ညွန်ကြားတဲ့ သြ၀ါဒါစရိယ ပြုလုပ်တော်မူတယ်။

သားတော် ရာဟုလာကို မြတ်စွာဘုရားရှင် ပေးတော်မူတဲ့ အမွေဟာ လောကီ ရွှေငွေဥစ္စာတို့လို အပြင် ဗဟိဒ္ဓမှာ ရှိတဲ့ ကိုယ်ပိုင်အစစ် မဟုတ်တဲ့ အမွေ မျိုး မဟုတ် ဘူး။ အပြင်ဗဟိဒ္ဓမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေ ဆိုတာက ရန်သူမျိုးငါးပါးနဲ့ ဆက် စပ် နေတဲ့အတွက် ကိုယ်ပိုင်အစစ် မဟုတ်ဘူး၊ ကိုယ်လိုရာ မပါနိုင်တဲ့ အတွက် ခွဲခွာ ရတဲ့အခါ ငိုပွဲနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်လို့ အငိုနဲ့ တွဲနေတဲ့ အမွေတွေလို့ ဆိုရမှာပေါ့။

အခုသားတော်ရာဟုလာလေးကို ပေးခဲ့တဲ့ သာသနာ့အမွေဆိုတာ လေးအသင်္ချေ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ ပါရမီ အဟုန်တို့နဲ့ ထုံမွမ်းထားတဲ့ ဘုရားရှင်ရဲ့ နှလုံး သားမှာ ဘယ်ရန်သူကမှ ဖျက်ဆီးလို့မရနိုင်လောက်အောင် အခိုင်အမြဲ ပိုင်ဆိုင်တည် ရှိတဲ့ မဟာကရုဏာတော် သဗ္ဗညုတ ရွှေဉာဏ်တော် အပြည့်ပါတဲ့ အမွေဖြစ်လို့ ဘုရား ရှင်ရဲ့ နှစ်လုံးသား အမွေလို့ ဆိုရမှာပေါ့။

သားတော်ရဟုလာလေး ဘုရားရှင်ရဲ့ နှလုံးသား အမွေခံ ရှင်သာမဏေအဖြစ် ရောက်လာခြင်းဟာ နှစ်လုံးသားမှာ ဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ လုံလတော်နဲ့ ခံတွင်းက မြွက်ဟဟောညွှန်တဲ့ တရားအသံတော် အားလျော်စွာ ဖြစ်ပေါ်လာရတာ ဖြစ်လို့ ဘုရားရှင်ရဲ့ နှလုံးသားမှာ သန္ဓေတည်ပြီး ခံတွင်းက ဖွားမြင်တဲ့ ရင်နှစ်သည်းချာ သားရတနာအစစ် ဖြစ်သွားတာတဲ့။

(ဥရေ ၀သိတွာ မုခတော နိက္ခ န္တဓမ္မဃောသ ၀သေန မဂ္ဂဖလေသု ပတိဋ္ဌိတတ္ထာ သြရသော မုခတော ဇာတော ။ ဒီ-၃-ဌ-၄၉)

စဉ်းစားကြည့်ရင် ရာဟုလာလေးဟာ ပထမတစ်ကြိမ် ရိုးရိုး သွေးသားနဲ့ သူလို ငါလို ဖွားမြင်တယ် ဆိုတော့ နှစ်ထပ်ဖွား ဖြစ်လာတာပေါ့။ ဒုတိယ တစ်ထပ်က အဆုံး အမကို နာခံပြီးဖြစ်တဲ့ သားနော်၊ ဒီလို နှစ်ထပ် ဖွားလိုက်လို့ “အမြတ်ဆုံးသား” လို့ လည်း ဆိုနိုင်တာ။

ကလေးတို့လည်း ပထမတစ်ကြိမ် သူလို ငါလို ဖွားမြင်ပြီး နောက်ထပ် အဖေ အမေတို့ ဆုံးမတာကို နားထောင်၊ လိမ္မာလာကြပြီဆိုရင် ခံတွင်းကနေ နောက်တစ်ကြိမ် ထပ်ဖွားတဲ့ အမြတ်စား နှစ်ထပ်ဖွား သားသမီးလေးတွေ ဖြစ်သွားပြီ ဆိုရမယ် ဟုတ် လား။

ကိုရင် ရာဟုလာလေးလို ဘုရားစကားပါ နားထောင် လိုက်နာပြီ ဆိုရင်တော့ ဘုရားရှင်ရဲ့ ရင်နှစ်သီးချာ သားရတနာလေးတွေ ဖြစ်သွားမှာပေါ့။ အဲဒီလို ဖြစ်နိုင်အောင် ရှင်ရာဟုလာလေးလို လိမ်လိမ်မာမာနဲ့ နားထောင် လိုက်နာကြဖို့ကတော့ ကလေးတို့ရဲ့ တာဝန်နော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP