* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, January 25, 2010

Dhamma Talk with Vice-Abbot of Tisarana Temple

ags: ,

by Cittasamvaro

Monday 8th February

Dhamma Talk and with Venerable Ajahn Kusalo

New Zealand monk

Vice-abbot of the newly forming Tisarana temple in Canada

Talk Topic:

“Something About Buddhism”

6:00 – 6:30 gather and caffeinate at Ariyasom Villa, Sukhumvit Soi one

6:45 - …. well to some point – talk and Q&A with Ajahn Kusalo

Finish sometime after 8pm

Ajahn Kusalo has been ordained for 18 years. Hailing from New Zealand his hands-on and fiercely practical nature has distinguished him amongst his peers. A master builder, carpenter, plumber … and everything else you can think of, he was responsible for much of the beautiful temple in Wellington, NZ where he began his ordained life under the hugely respected Canadian Abbot Ajahn Viradhammo. Once fully ordained his get-up-and-go frame of mind (which saw him hitching about NZ in his robes) got him up and he went to Thailand for a few months tudong (pilgrimage), famously bucking all trends and taking a laptop with him. Arriving in the UK he eschewed his building skills and took over the running of the family camp and children’s programs there, to great effect.

Some time later he took off to Wales, and after a few appearances here and there in different countries, wound up in Canada where Ajahn Viradhammo was residing. Before long he was hooking his toolbelt back on to knock into shape a farm the monks had acquired as a temple. It is still pretty rough: the Dhamma hall is a rickety old barn with plastic sheeting stapled to the walls to keep the worst of the wind out. Photos, and temple background are posted up here in a neat website (another one of A. Kusalo’s skills)

Currently Ajahn Kusalo is the senior monk at the new temple, while the Abbot, Ajahn Viradhammo, remains looking after his elderly mother.

The temple is still very much in need of financial security, not to mention the serious building work it needs! So we will be having a ‘Tam Boon’ session, and volunteering a donation, which will be forwarded to the temple stewards. Right now they are trying to raise up to 250 000 dollars to secure the land purchase. We can’t raise that much, but hopefully can help in some way. We have been very lucky so far to make use of many gathering places free of charge, that have kindly been given for our use, in Dhamma. So this time it is very nice to be able to help with another good Dhamma project.

Warm, fun, and entertaining, it is sure to be an interesting evening with Ajahn Kusalo.

Location:

Ariyasomvilla
Sukhumvit Soi 1

Tel. 02 254 8880

Click here for further information on Ariyasomvilla

Directions couldn’t be easier. Go down Sukhumvit Soi 1 straight to the very end, and you will see Ariyasom Villa on the left.

For Skytrain users, take the Ploen Chit Station.

Map to Ariyasom

Click map for larger view-

ariyasom-villa



Read more...

(၁)နှစ်ပြည့် အထိမ်းအမှတ် စာမူ တောင်းခံလွှာ။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MYANMAR STUDENT MONKS ORGANIZATION IN THAILAND (M.S.M.O.) ) သည် အောက်ပါရည်ရွယ်ချက်များဖြင့် ( 28-6-2009) နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

၁။ ကျောင်းသားရဟန်းတော်များ အချင်းချင်းညီညွတ်မှု ပိုမိုရရှိစေရန်။
၂။ ကျောင်းသားများဧ။်အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်။
၃။ မြန်မာနှင့်ထိုင်း ရဟန်းတော်များအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်။
၎။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ကျောင်းသားသံဃာ့အဖွဲ့စည်းများနှင့် သာသနာရေး ပညာရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုပူပေါင်းဆောင်ရွက်နိုင်ရန်။
၅။ ကျန်းမာရေးကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် ဝိုင်းဝန်းအဖြေရှာ ကူညီဖြေရှင်းနိုင်ရန်။
၆။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဘာသာရေး ပညာရေး လူမှုရေး ဆိုင်ရာကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန်။
၇။ စာသင်သားရဟန်းတော်များဧ။် ဘွဲ့၊ နာမည်၊(သို့မဟုတ်)အဖွဲ့နာမည်ကို အလွဲသုံးစား ပြုလုပ်၍ ကိုယ်ကျိုးရှာမှု။ အမျိုး၊ ဘာသာ၊ သာသနာ၏ ဂုဏ်သိက္ခာ ကို ညှိုးနွမ်းပျက်စီးအောင်ပြုလုပ်မှုများမှ လက်တွဲညီညီ ကာကွယ်သွားနိုင်ရန်။

(28-6-2010) နေ့တွင် M.S.M.O-သည် (၁)နှစ်တင်းတင်း ပြည့်မြောက်မည်ဖြစ်ပါသည်။ ထိုသို့ (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာစောင်ထုတ်ဝေရန် ၁၆-၁-၂၀၁၀၊ နေ့လည် ၁၄း၀၀-နာရီတွင် ကျင်းပခဲ့သော အဖွဲ့အစည်းအဝေးတွင် ညှိနှိုင်း တိုင်ပင်၍ အတည်ပြု ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မည်သည့် စာပေပညာရှင်မဆို အောက်ပါ အကြောင်းအရာများအနက် မိမိ ကြိုက်နှစ်သက်သည့် ခေါင်းစဉ်အောက်တွင် A4 စာမျက်နှာ(ဆောင်းပါးအတွက်) လေးမျက်နှာခန့် မပိုစေဘဲ ရေးသားနိုင်ကြပါသည်။
၁။ ကဗျာ၊
၂။ ဆောင်းပါး(ရသ၊ဗဟုသုတ၊ပညာပေး)၊
၃။ ဘာသာရေးနှိုင်းယှဉ်လေ့လာမှု၊
၎။ အင်္ဂလိပ် (ဆောင်းပါး၊ ကဗျာ)
၅။ ပါဠိ (ဂါထာ၊ စုဏ္ဏိယ)၊
၆။ အထွေထွေ။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အနေဖြင့် အထက်ပါ အကြောင်းအရာများအပြင် မိမိတို့ သင်ကြားတက်ရောက်နေသော တက္ကသိုလ် အသီးသီး၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်/ အားသာချက်များ စသော အထွေထွေ ဗဟုသုတများကိုလည်း ရေးသားနိုင်ကြပါသည်။

မိမိတို့ရေးသားပြီးသော စာမူများကို (28-2-2010) နေ့ နောက်ဆုံးအရောက် အောက်ပါစာမူ စုဆောင်းရေး အရှင်မြတ်များထံသို့ ပေးပို့နိုင်ကြ ပါသည်။
၁။ အရှင်ပညာဇောတ ၊ pyinyar08@gmail.com
၂။ အရှင်စန္ဒိမာ၊ bhikkhu.1972@gmail.com
၃။ အရှင်သြဘာသ၊ obhasamin@gmail.com
၎။ အရှင်နန္ဒောဘာသ၊ ven.shwenyathar@gmail.com
၅။ အရှင်ကဝိန္ဒ။ ashinkavinda1977@gmail.com

အထက်ပါ စာမူစုဆောင်းရေး အရှင်မြတ်များသည် မိမိတို့ ရရှိထားသော စာမူများကို studentmonks@gmail.com
လိပ်စာသို့ ပို့ပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထား တောင်းပန်အပ်ပါသည်။

အဖွဲ့ကိုယ်စား
မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com
ဖုန်း (၀၀၆၆) ၈၁၄၈ ၁၁၁၄၅

Read more...

သုယုတ်မာ။

သူမခေါ်ဘဲလျက် သူ့အိမ်သို့ သွားဖန်များသောသူ၊

သူမမေးဘဲလျက် များစွာပြောချင်သူ၊
မိမိကိုယ်ကို ၀ါကြွားပလွှားတတ်သူ၊
ဤ ၃-မျိုးသည် သူယုတ်မာလက္ခဏာ မည်၏။

(လောကနီတိ)

မိမစစ် ဖမစစ်

မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံကြီးကို ရှေးခေတ်တုန်းက မင်းအသီးသီးတို့ ထီးပြိုင်နန်းပြိုင် အုပ်စိုးခဲ့ကြသဖြင့် အချုပ်အခြာ အာဏာပိုင် တိုင်းပြည် တဆဲ့ခြောက်ပြည် ရှိခဲ့၏။ ထိုတိုင်းပြည်များကို သာသနာဝင် ကျမ်းများ၌ တိုင်းကြီး သောဠသ-ဟူ၍ ဖော်ပြထား၏။

တိုင်းကြီးသောဠသတွင် အပါအ၀င်ဖြစ်သော ဒက္ခိဏာပထတိုင်းသည် ကျယ်ဝန်းသော တိုင်းတခုဖြစ်၏။ ဒက္ခိဏာပထဆိုသည့်အတိုင်း မဇ္ဈိမဒေသ၏ တောင်ဘက်တွင် တည်ရှိကာ အနောက်ဘက်တွင် အာရေဗျပင်လယ်အထိ ရောက်၍အရှေ့ဘက်တွင်လည်း အိန္ဒိယသမုဒ္ဒရာအထိ ကျယ်ပြန့်၏။

သို့ဖြစ်၍ အရှေ့ဘက်ပိုင်းက ဒက္ခိဏာပထတိုင်းသားတို့သည် အိန္ဒိယသမုဒ္ဒရာ၌ သင်္ဘောရွက်လွင့်ကာ သုဝဏ္ဏဒီပခေါ် အရှေ့တောင်အာရှကမ်းခြေနိုင်ငံများနှင့် ကုန်သွယ်လေ့ရှိကြ၏။
တခါသော် ဒက္ခိဏာပထတိုင်းသား ကုန်သည်များသည် သုဝဏ္ဏဒီပမှ ကြက်မတကောင်ကို ၀ယ်ယူခဲ့ကြ၏။ သင်္ဘောခရီးစဉ်တလျှောက်လုံး နေရာပေးကာ အစာရေစာ ၀လင်စွာ သီးသန့်ကျွေးမွေးလာခဲ့ကြ၏။ မိမိတို့ ရပ်ဌာန်ပြန်ရောက်သောအခါ အိမ်သူအိမ်သားတို့ထံ အပ်နှံကာ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရန် မှာကြားကြ၏။

အိမ်ထောင်ဦးစီးများ မှာကြားသည့်အတိုင်း အိမ်သူအိမ်သားများကလည်း ကြက်မကလေးကို ဂရုတစိုက် ကျွေးမွေးကြပါ၏။ အိမ်ခွေး စသည်တို့ ရန်မှ ကာကွယ်ပေးကြပါ၏။ သို့ရာတွင် ထိုစဉ်တုန်းက ထိုနယ်မြေတွင် ထိုကြက်မလေးမှတပါး အခြားကြက် တကောင်မျှ မရှိသဖြင့် အဖော်ရှာ၍ မပေးနိုင်ကြပေ။

သို့ဖြစ်၍ ကြက်မကလေးသည် အချိန်တန် အရွယ်ရောက်သောအခါ ကျီးတကောင်နှင့် အိမ်ထောင်ပြုရ၏။ မျိုးမတူသော မိဘနှစ်ဦးထံမှ ကျီးဟုလည်း မခေါ်နိုင်၊ ကြက်ဟုလည်း ခေါ်၍ မရနိုင်သော သတ္တ၀ါလေးတကောင် ပေါက်ဖွားလာလေသည်။
အကယ်၍ ကျီးမျိုးစစ်စစ် ဖြစ်ပါက ကျီးတို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပြင်အောင် တွန်မည်နိုင်မည် ဖြစ်၏။ ကြက်မျိုးစစ်စစ် ဖြစ်လျှင်လည်း ကြက်တို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပီပြင်ပြင် တွန်မြည်နိုင်မည် ဖြစ်၏။

ဤသတ္တ၀ါလေးမှာမူ မိမစစ် ဖမစစ် ဖြစ်နေ၍ အဖကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အမိကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အဖဘက်သို့ အလေးကဲရန်ရှိသောအခါ (အောက်ကလိအာ) ဟု မြည်တွန်ကာ အမိဘက်သို့ အလေးကဲရန် ရှိလာလျှင်ကား (အာကလိအောက်)ဟူ၍ သာ မပီမသ ဂွကျကျ မြည်တွန်ရ ရှာလေသည်။
*******************

( ပဋိသာရဏီယကံ )

ဝိနည်းပါဠိတော် စူဠ၀ဂ် ကမ္မက္ခန္ဓက ပဋိသာရဏီယကမ္မကထာတွင် ကျောင်းထိုင်ပုဂ္ဂိုလ် အရှင်သုဓမ္မအား ကျောင်းဒါယကာ စိတ္တသူကြွယ်က ထုတ်ဆောင်လျှောက်ထားခဲ့သည့် ဥပမာပုံဝတ္ထု ဖြစ်ပေသည်။

စိတ္တသူကြွယ်တို့၏ မစ္ဆိကာသဏ္ဍရွာကြီးသည် မဂဓတိုင်းအတွင်းမှာ ရှိ၏။ စိတ္တသူကြွယ်သည် ထိုရွာမှာ အစဉ်အဆက်နေလာခဲ့ကြသော သူဌေးမျိုးရိုးမှ ဖွားမြင်လာသူ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ ငါးဦးတွင်အပါအ၀င်ဖြစ်သော အရှင်မဟာနာမ်သည် တခါက မစ္ဆိကာသဏ္ဍသို့ ကြွလာဖူး၏။ စိတ္တသူကြွယ်သည် အရှင်မဟာနာမ်ထံမှ အာယတနခြောက်ပါးကို ပရိကံပြု၍ ဟောကြားသည့် တရားကို ကြားနာခွင့်ရ၏။ ဤတရားဖြင့်ပင် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်၍ လူဝတ်ကြောင် ဒါယကာတဦးအနေဖြင့် အမြင့်ဆုံးသော အဆင့်သို့ ရောက်ခဲ့၏။ အနာဂါမ်ပုဂ္ဂိုလ် စိတ္တသူကြွယ်သည် မိမိတို့ရပ်ရွာမှာပင် ကျောင်းကြီးတဆောင် ဆောက်လုပ်ပြီးလျှင် အရှင်သုဓမ္မအား ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် တင်လှူကိုးကွယ်ထားပေသည်။

စိတ္တသူကြွယ်သည် ကုသိုလ်ကောင်းမှု တခုခု ပြုလုပ်ရန် ရှိလေတိုင်း ကျောင်းထိုင်ပုဂ္ဂိုလ်အရှင်သုဓမ္မကို အသိပေးပန်ကြားပြီးမှ ပြုလုပ်နေကျဖြစ်၏။ တနေ့သောအခါတွင်ကား အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရာဟုလာ အစရှိသော အရှင်မြတ်များသည် မစ္ဆိကာသဏ္ဍရွာကြီးသို့ ဆိုက်ရောက်လာကြ၏။ စိတ္တသူကြွယ်သည် မိမိအလွန်တရာ ကြည်ညိုလေးစားသည့် အရှင်မြတ်ကြီးများကို တစုတဝေးတည်း ဖူးမြင်လိုက်ရသဖြင့် ၀မ်းမြောက်ရွှင်လန်းရ၏။ ၀မ်းမြောက်ရွှင်လန်းမှုက အားကြီးလှသဖြင့် ခါတိုင်းလို အရှင်သုဓမ္မအား ပန်ကြားရမည့်ကိစ္စကို မေ့လျော့ကာ အရှင်မြတ်ကြီးများအား နက်ဖြန်နံနက်တွင် မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွရောက်ရန် ဖိတ်ကြားမိပေတော့သည်။

ဤသို့ပင့်ဖိတ်ပြီးကာမှ သတိရ၍ အရှင်သုဓမ္မကိုလည်း ပင့်ဖိတ်ရ၏။ သို့ရာတွင် အရှင်သုဓမ္မက လက်မခံတော့ပါ။
အရှင်သာရိပုတ္တရာတို့ ရောက်လာကြသဖြင့် ငါ့အပေါ်ထားခဲ့တဲ့ ကျောင်းဒကာရဲ့ သဒ္ဓါတရား ပျက်ပြယ်သွားပြီ-ဟု မသင့်မတင့် နှလုံးသွင်းကာ သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့၏။

ကိုယ့်စိတ်ကိုယ့်မာန်ဖြင့် ဆွမ်းစားလိုက်ရန် ငြင်းဆန်ခဲ့သော အရှင်သုဓမ္မသည် နောက်တနေ့နံနက်တွင်ကား ကျောင်းဒကာအိမ်သို့ သူ့ဘာသာသူ ကြွလာ၏။ ဤသို့ကြွလာခြင်းမှာ ဆွမ်းစားလို၍ မဟုတ်ပါ။ ကျောင်းဒကာကြီး၏ ဆွမ်းကပ်ပွဲတွင် ချို့တဲ့ချက်တခုခုကို ရှာ၍ အပြစ်ဖို့ရန် ဖြစ်သည်။
စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ချက်ပြုတ်စီမံထားသော ဆွမ်းပွဲများနှင့် မုန့်ပဲသရေစာများကို သေသေချာချာ လိုက်လံကြည့်ရှု၏။ ဤသို့ကြည့်ရှုရာတွင် တနေရာတွင် ပြောစရာအချက်တခုကို တွေ့လိုက်ရသဖြင့်-

ဒါယကာ စိတ္တ-သင်တို့ချက်ပြုပြင်ဆင်ထားသော ဆွမ်းခဲဖွယ်တို့သည် များလှပါ၏။ အမျိုးအမည်လည်း စုံပါ၏။ သို့သော် မုန့်တမျိုးကား လိုနေပါသေးသည်။
မည်သည့်မုန့်များ လိုနေပါသလဲဘုရား၊
အရှင်သုဓမ္မ၏ ရည်ရွယ်ချက်ကို မရိပ်စားမိသေးသဖြင့် စိတ္တသူကြွယ်က ရိုသေစွာပင် မေးလျှောက်၏။
ဒါယကာ စိတ္တ-လိုနေသေးသည့် မုန့်တမျိုးကား နှမ်းပျစ်ပင် ဖြစ်ပေသည်။

ဤစကားကိုကြားလိုက်ရသည်နှင့် စိတ္တသူကြွယ်၏ အိမ်သူအိမ်သားများ မျက်နှာပျက်သွားကြရ၏။ စိတ္တသူကြွယ်တို့ ဘိုးဘေးအဆက်အနွယ်များထဲတွင် တယောက်သောသူသည် မုန့်သည်ဖြစ်ခဲ့ဖူး၏။ ဤသည်ကို အတွင်းသိ အစင်းသိဖြစ်သော အရှင်သုဓမ္မက လူကြားထဲမှာ အထုပ်ဖြေပြလိုက်ခြင်းဖြစ်၏။ မိမိအပေါ် အကြည်ညိုပျက်ရန်ကော-ဟူသော အငြိုးအတေးဖြင့် မျိုးရိုးဂုဏ်ကို သေးသိမ်သွားအောင် ပုတ်ခတ်လိုက်ခြင်း ဖြစ်ပေသည်။

ဤသို့ပုတ်ခတ်စကား ပြောကြားလိုက်သည်တွင် စိတ္တသူကြွယ်သည် အထက်ပါ အောက်ကလိအာ ပုံဝတ္ထုကို ထုတ်ဆောင်ပြီးလျှင်-
ဤမိမစစ် ဖမစစ် သတ္တ၀ါကလေးကဲ့သို့ပင် အရှင်ဘုရားသည်လည်း ရတနာမြတ်သုံးပါးနဲ့ ပတ်သက်၍ ပြောစရာ၊ ဆိုစရာ စကားတွေ မြောက်မြားစွာ ရှိနေပါလျက် ဘာမဟုတ်သည့် နှမ်းပျစ်ကလေးတခုကို စကားလုပ်၍ ပြောဆိုနေဘိသည်တကား။

စိတ္တသူကြွယ်တို့ မျိုးရိုးထဲတွင် မုန့်သည်တဦးပါခဲ့ကြောင်း ပြောလိုက်တုန်းက ကိစ္စမရှိလှ။ ယခု အောက်လိအာ ပုံဝတ္ထုနှင့် ပုံခိုင်း၍ အပြောခံလိုက်ရသည်တွင်ကား အရှင်သုဓမ္မမှာ အထိနာသွားရ၏။ ငါကား ရဟန်း၊ သူက ဒါယကာ ဟူသော အပေါ်စီးစိတ်ထားဖြင့် ပြောမှားမိသဖြင့် လူပုံအလယ် အရှက်တကွဲ ဖြစ်သွားရ၏။

ထို့ကြောင့် စိတ္တသူကြွယ်က အကြိမ်ကြိမ် တောင်းပန်နေသည့်ကြားကပင် ကျောင်းကိုစွန့်ပစ်ကာ ဘုရားရှိတော်မူရာ ဇေတ၀န်ကျောင်းတော်သို့ ထွက်သွား၏။
အရှင်သုဓမ္မ မျှော်လင့်ထားတာက မစ္ဆိကာသဏ္ဍ-က အဖြစ်အပျက်များကို လျှောက်ထားလျှင် ဘုရားရှင်က စိတ္တသူကြွယ်ကို ပြစ်တင်ရှုတ်ချတော်မူလိမ့်မည်ဟူ၍ ဖြစ်၏။ သို့ရာတွင် တကယ်တမ်း ပြစ်တင်ရှုတ်ချထိုက်သူက အရှင်သုဓမ္မကိုယ်တိုင် ဖြစ်နေသဖြင့် ဘုရားရှင်က ပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပေသည်။

ဤသိက္ခာပုဒ်အရ ဒါယကာတို့၏ သဒ္ဓါတရားကို ထိပါးပုတ်ခတ်ခဲ့မိသော အရှင်သုဓမ္မသည် ကိုယ်စားလှယ် ရဟန်းမှတဆင့် မိမိအပြစ်ကို ၀န်ချတောင်းပန်ကာ မိမိအပေါ် ကျရောက်လာသည့်အာပတ်ကို ကုစား လိုက်ရပေသည်။
ထို့နောက် အရှင်သုဓမ္မသည် မာန်စွယ်ဟူသမျှ ဖြုတ်ချစွန့်ပယ်ကာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသဖြင့် မစ္ဆိကာသဏ္ဍ ကျောင်းကြီးပေါ်မှာပင် ရဟန်းကိစ္စ ပြီးဆုံးသွားပေသည်။

( ၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)


Read more...

Chapter Three: Mind and Science



The ability of our fundamental mind is the most profound and mysterious thing in the entire universe
."
- Zen Master Daehaeng Sunim

The Bangkok English-language Seon Club, still less than a year old, is really finding its feet. Thanks to the direction provided by the seonwon, everyone is comfortable with the structure of the meetings, starting with the refuges and some sitting meditation, and with the format of the discussion. Young, who does the translating, is simply amazing, and I think everyone gets a chance to speak and to ask anything they like of our wonderful teacher Hyaedan Sunim.

This month we decided to return to our study of No River to Cross and looked at chapter three; Mind and Science. I'll admit that when I first read this two or three years ago I was dismissive. "Mars is crowded with lives" I thought, "what is this nonsense?" Hyaedan Sunim asked me on Saturday night if my reaction would be any different now, and I can honestly say that it is. Not only is Mars crowded with lives, but my body is too, there is nothing that is not crowded with lives.

We talked about how the universe functions as one life, about how material is actually energy, and how there is no difference between the particles within and outside of us. Pedro, a Seon Club regular, explained some of the latest thinking in science, and what little I understood was certainly fascinating. Hyaedan Sunim agreed and then talked about how Buddhist teachings have never contradicted science but, rather, how science has evolved towards Buddhism.

Young talked about the energy between people, using the example of Pedro's smile, which everyone thought was lovely, and about the limitations of language in expressing scientific discoveries. Sunim offered the example of how there were no Chinese characters for negative numbers, and then she brought us back to the relationship between fundamental truth and our developing understanding of it. "But how" Kirsten asked, "do we put this into practice?"

We came into being, Sunim said, because of this Fundamental Mind. It put us here, and after we are gone it will still be here; everything is a reflection of it, and our practice is to return everything to it. I then talked about my limited understanding of this, how the theory often enough confuses me but how, basically, I believe that I and everything else shares this Mind, or Buddha-nature, and my job is to live from that, which is best done by entrusting everything to it.

Kirsten, her first visit to Seon Club, was keen to know more and asked lots of great questions, and Sunim talked about entrusting to Buddha-nature as a practice that cuts through trying to figure things out and Young gave some wonderful personal examples of how this works in her own life. Then Joe, a fine poet and a regular both here and at the San Fransisco Zen Center, quoted from the poetry of Huang Po on awakening to One Mind, True Self, or Fundamental Mind.

And, talking about what happens when you live not from what obscures it but from your original Buddha-nature, Joe told the story of King Mongkut, the great-grandfather of today's highly revered King Bhumibol. King Mongkut became a monk at Wat Bowonniwet and then, to the great concern of all those around him, found himself more interested in staying in robes than in becoming King, so much so that he eventually became abbot of the temple.

"There is no manual" Hyaedan Sunim said, "just keep sending everything back to Buddha-nature, again and again." And in a lovely phrase that raised a smile and gets to the heart of the matter, she said one should "use less and less your head, and more and more your Mind". We finished by reciting the Four Bodhisattva Vows, bowing in gratitude to our wonderful Sunim and to each other, and left the Dharma Hall inspired and confident in this beautiful practice.

Read more...

ညောင်စေ့နှင့် ညောင်ပင် မြင်စေသတည်း...။










Read more...

အငိုရပ်အောင် ချစ်တတ်သူ။

ကလေးတို့ မြတ်စွာဘုရားရှင်ရဲ့ သားတော်ရာဟုလာဆိုတဲ့ ကိုရင်လေးအကြောင်း ကြားဘူးကြမယ်ထင်ပါတယ်နော်၊ သားတော်ရာဟုလာလေးကို ရှင်သာမဏေပြုပေးတော့အသက်က ဘာရှိသေးလို့လဲ ခုနှစ်နှစ်အရွယ်လေးပေါ့၊ ဒါပေမဲ့ သူ ရှင်သာမဏေပြုပေးတာဟာ

အခု ကလေး တို့ကျောင်း ပိတ်ရက်မှာ သင်္ကန်းစည်းသလို (၇) ရက်လောက် ဒုလဘသဘောမျိုး စည်းတာမဟုတ်ဘူးနော် အမြဲတမ်း သာသနာ့တာဝန်ထမ်းဆောင်ဘို့ အဖြစ် ရှင်သာမဏေပြုပေးတာ၊ ဒီအကြောင်းမသိသေးတဲ့ ကလေးတွေလဲသိရအောင် အစကနေ အကျဉ်းချုပ် နည်းနည်းပြောပြမယ်နော်။

မင်းတို့ ငါတို့အားလုံးရဲ့ အားထားကိုးကွယ်ရာဖြစ်တဲ့ မြတ်စွာဘုရားရှင်ဟာ ဘုရာဖြစ်ထိုက်တဲ့ အရည်အချင်းတွေ ပြည့်စုံအောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်အားထုတ်ခဲ့ရတယ်။ အရပ်ထဲမှာ နှုတ်ကျိုးနေ သလို လေးသင်္ချေ မဟုတ်ဘူးနော် လေး အသင်္ချေ သင်္ချေရှေ့မှ အ လေးပါတယ်။ သင်္ချေ = ရေတွက်လို့ရတာ ၊ အဲဒီရှေ့မှာ အ လေး ထည့်လိုက်တော့ အသင်္ချေဖြစ်သွားရင် မရေတွက်နိုင်တော့တာလို့ အဓိပ္ပါယ်ရတယ်။ ကမ္ဘာကြီးဟာ သတ္တ၀ါတို့ရဲ့ သက်တမ်းတွေ သူတို့ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ အတိုင်း အတိုးအဆုတ် အကြိမ်ရေဖြစ်ပြီး သတ္တ၀ါတွေ ဒီမြေပြင်မှာ လုံးဝဆိတ်သုဉ်းပြီး ကမ္ဘာပျတ်သွားလိုက်၊ ပြီးတော့ သတ္တ၀ါတွေရဲ့ ကံအားလျှော်စွာ ပြန်ဖြစ်လာလိုက်နဲ့ အဲဒီလို ကမ္ဘာကြီး ပြန်ဖြစ်လာတဲ့ အချိန်တွေကို တစ်ကမ္ဘာ၊ နှစ်ကမ္ဘာနဲ့ ရေတွက်ရာက နောက်ဆုံး ရေတွက် မှတ်သားဘို့မနိုင်တော့ဘူး ဆိုရလောက်အောင် များလာတာကို တစ်သင်္ချေလို့ သက်မှတ်တာပေါ့၊ အဲဒီလိုနည်းနဲ့ လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်လောက်ကြာအောင် ပါရမီတွေဖြည့်ခဲ့ရတာ။

undefined

ပါရမီဆိုတာကတော့ ကလေးတို့နာလည်အောင်ပြောရရင် ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေ တဘက်ကန်းခက်ဆိုရလောက်အောင် ပြီးပြည့်စုံအောင် ကြိုးစားအားထုတ်ရတာပါဘဲ။

စွန့်လွတ်လှူဒါန်းတဲ့ ဒါနဆိုရင်လဲ ပစ္စည်း ဥစ္စာက စပြီး၊ ခြေ လက် အင်္ဂါတို့၊ မျက်လုံးတို့ ၊ နောက်ဆုံး အသက်ခန္ဓာအထိ စွန့်လွတ်နိုင်စွမ်းရှိအောင်ပေါ့၊ ကိုယ်ကျင့်သီလ

ဆိုရင်လဲ ကိုယ့်အသက်ကို စွန့်ခြင်စွန့်ရပါစေ ဘယ်တော့မှ မဖြတ်ဘူးဆိုတဲ့ အဆင့်အထိပေါ့ အသိပညာဆိုရင် လဲ ဘက်စုံ အပြည့်အစုံဖြစ်အောင်ပေါ့။

မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် ဆိုတဲ့ ၀ိပဿနာတရားတွေ ၊ မဂ္ဂင်တရားတွေသာ မကဘဲ သားသမီးကောင်းဖြစ်ဖို့ လိုက်နာ စရာတွေ မိဘကောင်း ၊ ဆရာကောင်း၊ တပည့်ကောင်းစတဲ့ လူကောင်း သူကောင်းတွေ ဖြစ်ဖို့အတွက် လိုက်နာစရာတွေ လက်တွေ့အသုံးကျအောင် အပြည့်အစုံ အမှန်အကန် ဟောတော်မူနိုင်တာဟာ အဲသည်လောက်ထိကြာတဲ့ ကပ်ကမ္ဘာတွေ ဘ၀အမျိုးမျိုးတွေမှာ ဘ၀ပေါင်းစုံ ကျင်လည်ပြီး အတွေ့အကြုံတွေ ဆည်းပူးခဲ့လို့ပဲပေါ့။ အဲသည်လို အဖက်ဖက်က အားထုတ်ဆည်းပူးလို့ လိုအပ်တဲ့အရည်အချည်းတွေ အားလုံး ပြည်စုံလာတာကို ပါရမီ ဖြည့်တယ်လို့ ခေါ်တာပါပဲ။

အဲဒီလို ပါရမီ ပြည့်စုံပြီးလို့ အခုနောက်ဆုံး ဘုရားဖြစ်မည့်ဘ၀မှာတော့ အခုအခါ နီပေါ နိုင်ငံနဲ့ အိန္ဒိယနိုင်ငံထဲမှာ ပါဝင်တဲ့ မဇ္ဈိဒေသ အရပ်က ကပိလ၀တ္ထုလို့ခေါ်တဲ့ တိုင်းပြည် ( ပြည်နယ်) မှာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော် မာယာဒေ၀ီ မိဘုရားကြီးတို့က အဲဒီခေတ် သတ်မှတ်တဲ့ ခုနှစ်သင်္ကေတအရ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာ နေ့မှာ ဖွားမြင်ခဲ့တယ်။ ( ခရာဇ်နှစ် မပေါ်ခင် နှစ်ပေါင်း ငါးရာကျော် ခြောက်ရာ စုလောက် ကပေါ့။

မင်းသားငယ် မွေးဖွားချိန်မှာ တလောကလုံးက သိသာလောက်အောင် ထူးခြားတဲ့ ဖြစ်ရပ် များက ကြွေးကြော် အသိပေးသလို ဖြစ်ပေါ်ခဲ့ပြီး မင်းသားရဲ့ ခြေ၊ လက်၊ အင်္ဂါစတဲ့ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ရဲ့ အမှတ်အသားဖြစ်တဲ့ လက္ခဏာတော်ကြီး ၃၂ ပါးနဲ့ လက္ခဏာတော် ငယ်တွေပါ အပြည့်အစုံ ပါရှိတဲ့အတွက် ရုပ် လက္ခဏာကို ကြည့်ရှုအကဲခတ်သူတိုင်းက စကြာဝဠာ တစ်ခုလုံးကို အာဏာပိုင်စိုး အုပ်ချုပ်နိုင် စွမ်းရှိတဲ့ စကြာဝတေးမင်း ဖြစ်မဲ့ ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်တယ် ဆိုပြီး တိုင်းတစ်ပါး မင်းများကရော သူဌေးသူကြွယ်များကပါ လက်ဆောင် ဆက်သကြတဲ့ စည်းစိမ် ဥစ္စာ ရတနာတွေရယ် မင်းသားရဲ့ ဘုန်းကံကြောင့်ဖြစ်ပေါ်လာတဲ့ ရွှေအိုးကြီးတွေ၊ ရတနာတွေ ရယ်နဲ့ အဘက်ဘက်က ပြည့်စုံလှတာမို့ မင်းသားရဲ့ အမည်ကို သိဒ္ဓတ္ထလို့ အမည်ပေးကြ တယ်။ မြန်မာ အလိုကတော့ မောင်ပြည့်စုံပေါ့။

ခုခေတ်ပြောကြတဲ့ စကားတစ်ခုရှိတယ်မို့လား၊ သားဦးအရူးဆိုတာလေ ၊ အဲသည် စကားက သားဦးဟာ ရူးကြောင်ကြောင်နိုင်တယ်လို့ ပြောတာမဟုတ်ဘူး။ သားဦးလေး ရတဲ့ အချိန်မှာ မိဘတွေ အရူးအမူး ဖြစ်တတ်ကြတာ အဖြစ်သဲတတ်ကြတာတွေကို ပြောတာ။

ခုလဲ သုဒ္ဓေါဓနမင်းကြီးမှာ အသက်ငါးဆယ် ခြောက်နှစ်ကျော်မှ ကံပေါ်ပြီး ထီးညွန့် နန်းလျာ ဖြစ်တဲ့ သားဦးကို ရတယ်ဆိုတော့ အရူးအမူးဖြစ်မှာပေါ့ကွာ ၊ ဒါကြောင့် သားတော် လေးရဲ့ နောင်ရေးကို သိရအောင် ပုရောဟိတ်လို့ခေါ်တဲ့ ဗေဒင်ကျမ်းတတ် ပုဏ္ဏား ဟူးရား တွေနဲ့ ခေါ်ပြပြီး မေးစစ်ကြတယ်။ ထူးခြားတဲ့ကလေးဆိုတော့ ဘာတွေများ ဘယ်လောက်ထိ ထူးခြားမလဲဆိုတာ သိရအောင် ဗေဒင်မေးတယ်ဘဲ ဆိုကြပါစို့ကွား။

လက္ခဏာတော်ကြီး၃၂ ပါးလို့ခေါ်တဲ့ အမှတ်အသားတွေက သိပ်ပြီး ထင်ထင်ရှားရှား ကြီး မဟုတ်ပဲ အရိပ်အယောင် လောက်သာ ပါတယ်ဆိုရင် အဲဒီယောင်္ကျားဟာ စကြာဝတေး မင်း ဖြစ်တတ်ပြီး ပီပီပြင်ပြင် ထင်ထင်ရှားရှားကြီး ပါရင်တော့ လောကီစီးစိမ်းကို မမွေလျော် တော့ဘဲ တရားဓမ္မထဲမှာ ဘ၀ကို နှစ်မြုပ် မွေ့လျော်တတ်တဲ့ သဗ္ဗညုဘုရားစစ်စစ် ဖြစ်မယ်လို့ ဝေဒ ကျမ်းတွေမှာ ပါသတဲ့။ ဒါပေမဲ့ ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးက စကြာဝတေးမင်း ဖြစ်စေ ချင်တဲ့ ဆန္ဒ ပြင်းထန်နေတယ်ဆိုတာ သိကြတော့ မင်းခစားဖြစ်တဲ့ ပုဏ္ဏား ဟူးရားအိုကြီး တွေက နိမိတ်ဖတ်တဲ့ အခါမှာ သိဒ္ဓတ္ထ မင်းသားငယ်ရဲ့ ခန္ဓာကိုယ်မှာ လက္ခဏာတော်ကြီးတွေ ထင်ထင်ရှားရှား ပြည့်ပြည့်စုံစုံကြီး ပါနေတာ တွေ့ရပေမဲ့ လောကုတ္တရာတရားနှင့် မွေလျော်မယ် ဆိုရင် လောကသုံးပါးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုဘုရားရှင်ဖြစ်မယ်။ လောကီနယ်မှာ မွေ လျော်မယ်ဆိုရင်တော့ စကြာဝတေးမင်းဖြစ်လိမ့်မယ်ဆိုပြီး နှစ်မျိုးနှစ်ခွ ဟောကြသတဲ့။

ပုဏ္ဏားတွေထဲမှာ အသက်အငယ်ဆုံးလဲဖြစ် ပညာလဲ အလွန်ထက်တဲ့ ကောဏ္ဍည ပုဏ္ဏားကတော့ အခြားပုဏ္ဏားအိုကြီးတွေလို On the other hand တေဘာတွေလုပ်မနေဘူး On the one hand ချောင်းပဲ ထောင်ပြသတဲ့ အဲဒါ ဘာလဲ ဆိုတော့မှ သဗ္ဗညု ဘုရားစင်စစ် ဧကန်ဖြစ်မယ်၊ တစ်ခြားဘာမှ မဖြစ်နိုင်ဘူးလို့ ဟောတာ ဘုရင်က အလိုမကြလို့ ရာထူး ကဖြုတ် လိုက်တော့ ဘာမှ ၀မ်းနည်းမနေဘဲ ဘုရားလောင်းအလာကို ဥတုဝေလတောက

စောင့်မယ်ဆိုပြီး ထွတ်သွားတယ်ဆိုကိုး။ ကောဏ္ဍည ပုဏ္ဏားငယ်ဟောတဲ့ထဲ မှ အသက်၊ ရက်တွေပါ၊ အတိအကျနဲ့ အသက် အရွယ်ဘယ်လောက်မှ သူအို၊ သူနာ၊ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါမြင်ပြီ တော ထွတ်မယ်ဆိုတာလဲ ပါသေးသတဲ့။

ဒီလိုပြောလိုက်လို့ ဗေဒင်ပညာကတယ်ဟုတ်ပါလားဆိုတော့ အထင်မ ကြီးလိုက် အုံးနော်၊ အဲဒီကောဏ္ဍည ပုဏ္ဏားဟာ သုဒ္ဓေါဒန မင်းကြီးရှေ့မှာသာ အာဘောင်အာရင် သန်သန်းနဲ့ လက်ညိုးတစ်ချောင်းထောင်ပြီးဟောခဲ့တာ။

တကယ်တမ်း ဘုရားဖြစ်တော်မူတဲ့ အခါ တရားဦးဟေဘို့ အတွက် မိဂဒါဝုန်တော ကိုကြွသွား တော့ အဲဒီကောဏ္ဍည ကိုယ်တိုင်ကပဲ သဗ္ဗညုဘုရားဖြစ်ပြီဆိုတာ မယုံကြည် နိုင်ပါဘူးဆိုပြီး တရားနာဘို့ ငြင်းဆန်ခဲ့သေးတယ်။ ကလေးတို့လဲ မှတ်ထားနော်၊ ဗေဒင်ဆရာဆိုတာ သူများကိုသာအပြောသန်တာ၊ ကိုယ်တိုင်ဘ၀ကိုပုံပြီး လက်ခံရမှာကြတော့ ကိုယ်ဗေဒင်ကိုမယုံ ဘူးဆိုတာ ကောဏ္ဍညပုဏ္ဏာကိုကြည့်ရင် သိသာတယ်။

ဘာပဲဖြစ်ဖြစ် သားအတွက်ရတက်မအေးနိုင်တဲ့ သုဒ္ဓေါဒန မင်းကြီးကတော့ သားတော်ရဲ့မြင်ကွင်းထဲမှာ သူအို၊ သူနာ၊သူသေဆိုတာ မတွေ့မမြင်ရအောင် အမိန့် ပေးစီမံထားသတဲ့။

သူကိုယ်တိုင်က သားတော်ထက် အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ကြီးရင့် အိုမင်းနေတဲ့ကိစ္စ ကိုတော့ ဘယ်လိုမိတ်ကပ်တွေနဲ့ ဖန်တီးထားတယ်ဆိုတာ စာထဲမှာ မတွေ့ရဘူးကွ။

ပြီးတော့ သားတော်ကို ဓမ္မနယ်ပယ်ဘက်ပါမသွားအောင် ကာမဂုဏ်နှောင်ကြိုးနဲ့ ချည်ထားမှပဲဆိုပြီ တစ်ဆယ်ခြောက်နှစ်အရွယ်မှာပဲ ယသော်ဓရာမင်းသမီးနဲ့ ထိမ်းမြား လက်ထပ်ပေးပြီး၊ နွေ၊မိုး၊ဆောင်း ရာသီအလိုက် စံမြန်းစရာ နန်းမသုံးဆေင်မှာ မောင်းမ မိတ်သံအခြွေရံများနဲ့ ခံစားပျော်မွေ့အောင် စီမံပေးထားတာတဲ့ ။

သဘာဝတရာတို့၊ အမှန်တရားတို့ဆိုတာ ကြာကြာဖုံးကွယ် လှည့်ဖြားထားလို့ ရတဲ့ အရာမျိုးမဟုတ်တဲ့အပြင် သိဒ္ဓတ္ထမင်းသားဆိုတာကလဲ ပါရမီရှင့်ကျတ် ထက်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို လိမ်ညာ လှည့်ဖြားလို့ ဘယ်ရမလဲ အသက်နှစ်ဆယ့်ကိုးနှစ်ယောက်တဲ့အခါ ဥယျာဉ်တော်ထဲ လှည့်လည်ရှုစားဘို့သွားရင်း သူအို ၊သူနာ၊ သူသေ တွေကိုတွေ့မြင်သွားပါတော့တယ်။ မင်းသားရဲ့ အပါးတော်မြဲဖြစ်တဲ့ မောင်စံက ငါဟာ သက်ရှိလောကကြီးတစ်ခုလုံးရဲ့ ဖြစ်ရိုးဖြစ်စဉ်ကြီးဖြစ်ပါတယ်။ ဘယ်သူမှ ငြင်းဆန်လို့မရတဲ့ ပုံသေဖြစ်စဉ်ကြီးပါ ဆိုတဲ့ အကြောင်းလျှောက်တင်တဲ့အခါ သိဒ္ဓတ္ထမင်းသားက ဒီမွေး အို နာ သေ ဆိုတဲ့ ပုံသေဖော်မြူလာကြီးကို ပြောင်းလဲပစ်ရမယ်။ မအို မနာ မသေရာကို ငါရှာမယ် နေရိုးနေစဉ် အိမ်ထောင်သားမွေးဆိုတဲ့ ဓလေ့ဟောင်းကြီးအတိုင်းနေနေသမျှတော့ ဒီပုံသေး ဖြစ်စဉ် အဟောင်းကြီး အတိုင်းသွားနေရမှာပဲ။

ပုံသေဖြစ်စဉ်ဟောင်းကြီ်းက လွတ်ဘို့အတွက် နေရိုးနေစဉ် အိမ်ထောင်သားမွေ အာရုံငါးပါးနဲ့ပျော်မွေ့ မေ့လျှော့နေတဲ့ အဖြစ်ကိုလည်း စွန့်လွှတ်ရမယ်၊ ဒါကြောင့် တောထွက်ပြီး တရားဓမ္မ ရှာဖွေမယ် လို့ အခိုင်အမာဆုံးဖြတ်လိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ယသော်ဓရာ မိဖုရားက သားဦး ရတနာလေးကို ဖွားမြင်ပါတယ် ။ ဒီသတင်းကို သိဒ္ဓတ္ထမင်းသားကြာသိရတဲ့အခါ လကို ရာဟုဖမ်းသလို ငါဘ၀ကို ဖမ်းမယ့်သံယောဇဉ် တစ်ခု တိုးတာပဲ၊အမြန်ရုံးထွတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အဲဒီညသန်းခေါင်ယံမှာပဲ ထီးနန်း စည်းစိမ်းတွေကော မိဖုရားနဲ့ သားတော်တို့ကိုပါ စွန့်လွတ်ပြီ တောထွက်ခဲ့တယ် ။ လကို ရာဟုဖမ်းသလိုပဲ ဆိုတဲ့ စကားကို အကြောင်းပြုပြီး သားတော်ရဲ့ အမည်ကို ရာဟုလာလို မှည်ကြသတဲ့။

ကလေးကိုစိတ်ထဲမှာ သားတော်လေး ဖွာမြင်တဲ့နေ့မှာပဲ ဖအေဖြစ်တဲ့ ဘုရားအ လောင်းက စွန့် ပစ်ပြီးတောထွက်သွားတယ် ဆိုတော့ သားလေး ကိုမချစ်ဘူးလိုများ ထင် ကြမလာပဲနော် ။ အခုခေတ်မှလည်း တချို့အဖေတွေမိသားစုကို စွန့်ခွါပြီ နိုင်ငံခြားတွေ ဘာတွေထွက်သွားကြ ရှိတယ်မို့လား ၊ အဲဒါဘာဖြစ်လို့လဲ ဆိုရင် သားတို့ကိုချစ်လို့ ဘာမဆို မချို့မတဲ့ပြည့်ပြည့်စုံစုံ ဖြစ်စေချင်လို့ လို့ပြောကြမှာပဲ မို့လား ဒါပေမဲ့ သူတို့ရှာပေးနိုင်သမျှဟာ သူတို့ ထင်ထားသလို အရာရာ မတောင့်တ မပူပင်ရအောင် ဆိုတာတော့ မဖြစ်ကြဘူး။ ရသမျှဟာ စိုးရိမ်ပူပန်စရာတွေနဲ့ အမြဲယှဉ်တွဲနေတာဖြစ်လို့ ပစ္စည်းနဲ့ပိုင်ဆိုင်သူဆိုတာ ဦးရာက အရင်ပျတ်ပြီးနောက်ဆုံးတော့ မျက်ရည်နဲ့ နှုတ်ဆက်ခွဲခွါရတာမျိုးချည်းပါပဲ။

အလောင်းတော်သိဒ္ဓတ္ထဟာ ဥယျာဉ်တော် လှည့်လည်စဉ်က တွေ့မြင်ခဲ့ရတဲ့ သူအို သူနာ သူသေ တို့နဲ့ အချစ်ခင် အတွယ် အတာဆုံးတွေကို စွန့်လွှတ်ဆုံးရှုံးရတဲ့အတွက် ငိုကြွေးနေကြသူတွေအကြောင်းကို တွေးကြံရင် တစ်ကိုယ်ကောင်း အာရုံခံစားမှု အတွက်တွယ်တာတဲ့ အချစ်ဆိုတာ တကယ်အစစ်မဟုတ်ဘူး ၊ ဆွဲဆောင်မှု ပြင်းထန်သ လောက် ခံနိုင်ရည် ချည့်နဲ့တဲ့ အတွက် သေးငယ်(သေးသိမ်)လှတယ်၊ တစ်ခဏအတွက် အင်အားပြင်းထန်ပေမယ် ထာဝရအတွက် အင်အားချည့်နဲ့တဲ့ အရာဆိုတာ အတုအယောင်သာ ဖြစ်တယ်၊ တစ်အောင့်တစ်ခဏ ကျေနပ်သာယာမှု အတွက်ပေးဆပ်ရတဲ့ မျက်ရည်နဲ့ ငိုကြွေး ရတဲ့ အချိန်တွေဟာ မတန်မရာ အတိုးကြီးလှတယ် ။ တစ်လောကလုံး အငိုရပ်ဘို့ အတွက် မအို မနာ မသေရာ တရာမြတ်ကိုရှာတော့မယ် မြင့်မြတ်မှုအတွက် ကြီးကျယ်တဲ့ အရာအားလုံး ကို စွန့်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

မင်းသားရဲ့ ကြံတွေး စဉ်းစားနေတဲ့ အမှုအရာတွေကငို တွေ့မြင်ပြီး ခမည်းတော် အပါအ၀င် အားလုံးကပဲ သိနေကြလို့ ငိုကြွေးတားမြစ်တဲ့ ကြားကပဲအားလုံးကို စွန့်ခွါပြီး တောထွက်ခဲ့တာပါ။ တောထွက်ခါနီးမှာ ယသောဓရာ မိဖုရားကို ပြောဆိုပုံနဲ့ ပတ်သက်လို့ ရေးဖွဲ့ပူဇော်တဲ့ ကမ္ဘာကျော်ကဗျာ( အာရှတိုက်ရဲ့ အလင်းရောင်) မှာတော့ အားလုံးထက် အစွန့်ရခက်တဲ့ အပယ်မိဖုရား၊ သတ္တ၀ါအားလုံးကို ချစ်သမို့ ငါဟာမင်းကို အချစ်ဆုံးဖြစ်တယ် ဆိုတာ သိပါ ၊ ပူဆွေးစရာ ကြုံရင် ငါ့တို့အခုပူဆွေးရခြင်းဟာ ကမ္ဘာပေါ်မှာ ငြိမ်းအေးဖို့ အတွက်မျှော်လင့်ချက်ပဲ၊ သောကကြောင့် ကျရတဲ့ မျက်ရည်တွေဟာ လောကရဲ့ မျက်ရည် တွေကို ဆေးကြောပေးမဲ့ ကမ္ဘာပြုမိုးကြီးဖြစ်လာမယ်လို့ ယုံကြည်ပြီးမင်းဖြေတော့ ကမ္ဘာ ကြီး မျက်ရည်စဲပြီး ငိုပွဲရပ်တဲ့ အခါမှာ အချစ်ဆုံးများဟာ ရှေ့ဆုံးကပါကြမယ် လို့ဖျောင်းဖျပါသတဲ့။

ဒီနေ့------ချစ်သူတို့ကျရတဲ့ မျက်ရည်ဟာ နောက်တော့ တစ်လောကလုံးရဲ့ မျက်ရည်တွေကို ဆေးကြောပေးနိုင်တဲ့ ကမ္ဘာပြုမိုးကြီးဖြစ်စေမယ်လို့် ကတိပေးလိုက်တဲ့သဘောပါပဲ။

ငွေကို လိုချင်သူဟာ ငွေကို စွန့်လွှတ်ရင်းနှီးမြှုပ်နှံခဲ့ပြီးတောထွက်ခဲ့တာပါ အချစ်စစ် (မေတ္တာ)ကိုပြဖို့အတွက်အချစ်တုကို ခွဲခွါခဲ့တာလို့ပဲ ဆိုရမှာပေါ့။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

အသိတရားနဲ့ အဆင့်အတန်း။


အခုတလော သတင်းစာတွေထဲမှာ သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက
အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေတဲ့အကြောင်း၊
အိန္ဒိယလူမျိုးတွေ အနှိမ်ခံနေရကြောင်းနဲ့
(တကယ်တော့ နိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသားတွေကို နှိမ်နေတာပါ)
ဒါကိုမကျေနပ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ သြစတြေးးလျသံရုံးမှာ
သွားဆန္ဒပြကြတဲ့အကြောင်းတွေ နေ့တိုင်းနီးပါး ဖတ်နေရတယ်။
ဘာလို့ ဒီနေ့ခေတ်အထိ လူမျိုးရေး ခွဲခြားခွဲခြား ဆက်ဆံနေရတာလဲ။
စဉ်းစားကြည့်တော့……
၂၀၀၃ - ခုနစ်ကစလို့ သုံးနှစ်ကျော် လေးနှစ်နီးပါး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း (ဘုံဘေ) မြို့မှာ
ပညာရေး ကိစ္စနဲ့ နေခဲ့ရတယ်။
အလွှာပေါင်းစုံက လူပေါင်းစုံကို ထဲထဲဝင်ဝင် တရင်းတနှီးဆက်ဆံခွင့်ရခဲ့တယ်။
စာပို့သမား (Postman) နဲ့လဲ သိခဲ့ရတယ်ဆိုပါတော့။
တစ်နေ့ ဒီစာပို့သမား စာလာပို့ပြီး ပြူတင်းပေါက်ကနေ အမှိုက်တွေပစ်ချတယ်။
မပစ်ချဘို့ပြောတော့ “ဒီအမှိုက်ထဲမှာ လိပ်စာမပါဘူး။ အမှိုက်ပစ်ချသူနောက်ကို ဘယ်လိုမှ ခြေရာခံလိုက်လာနိုင်စရာအကြောင်းမရှိဘူး၊ ပြဿနာ မတက်နိုင်ပါဘူး” တဲ့။
ပြောပြောဆိုဆို အမှိုက်တွေကို ဆက်ပစ်ချတယ်။
အော်၊ အိန္ဒိယနိုင်ငံသားကုလားတွေကို ခွဲခြားဆက်ဆံနေတာ၊ နှိမ်နေတာ ဒါ့ကြောင့်ကိုး။
တကယ်တော့ အိန္ဒိယနိုင်ငံကြီးဟာ အကြီးကြီးပါ။
ပညာရှင်တွေလဲ ပေါမှပေါ။
ဝိဇ္ဇာ၊ သိပံ္ပ၊ ကြိုက်တဲ့ဘက်ကစမ်း၊
ယှဉ်ဝံ့တဲ့ ယှဉ်နိုင်တဲ့နိုင်ငံကြီးပါ။ စီးပွါးရေးမှာရော၊
အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထက် သန်းကြွယ်သူဌေးဦးရေပိုများဆိုပဲ။
ဘာသာရေးဘက် လှည့်ကြည့်အုံးမလား။ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံ အကုန်ရှိတယ်။
အမယ်၊ နိုင်ငံရေးမှာလဲ အထင်မသေးနဲ့။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုပီး ဂုဏ်ယူနေလေရဲ့။
ခြုံပြီးပြောရရင် အိန္ဒိယနိုင်ငံဟာ အစစအရာရာ ထိတ်တန်းကချည်းပဲ။
ဒါပေမဲ့ ကမ္ဘာ့အလည်မှာ အိန္ဒိယနိုင်ငံသားတွေ အနှိမ်ခံကြရတယ်။ မျက်နှာငယ်ကြရတယ်။
ဘာ့ကြောင့်လဲ။
ရှင်းပါတယ်။ အထက်ကပြောခဲ့တဲ့ စာပို့သမားလို
ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေရဲ့ ယနေ့ အခြေအနေကရော။
အိမ်တစ်အိမ်အနီးမှာ (သို့) တိုက်ခန်းအတက် လှေခါးဒေါင့်တစ်နေရာမှာ ကွမ်းတံထွေးတွေ့ရင်
ဗမာရှိတာ သေချာတယ် လို့ မလေးရှားရောက် ဗမာလေးတစ်ယောက်က ပြောဘူးတယ်။ သာရေးနာရေးကိစ္စတစ်ခုခုနဲ့များ အိမ်တစ်အိမ်အိမ်ကို ကြွတဲ့အခါ လှေခါးဒေါင့်တွေမှာ ကွမ်းထွေးတွေ နီရဲနေရင် သူတို့အစား မျက်နှာပူရတော့တာပဲ။
တရားခံက ကိုယ့်လူမျိုးတွေလေ။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းထွေးတွေထွေးလို့ ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းထွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားနဲ့ အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြနေတာပဲမဟုတ်လား။
ဗမာတွေနဲ့စကားပြောရတာ အတော်ဖီးအောက်တယ်၊
စကားပြောရင်းလဲ ကွမ်းဝါးနေတာပဲ၊
ပါးစပ်တွေက ရဲပြီး သွားတွေက မဲလို့။
ဒီကြားထဲ ကွမ်းထွေးကို ပစ်ခနဲထွေးလိုက်သေးတယ်၊ အတော်မသတီစရာ ကောင်းတာပဲလို့ တရုတ်မကြီးတစ်ယောက်က ပြောဘူးတယ်။
ဒီတရုတ်မကြီးပြောတဲ့စကားကို အလေးအနက်ထား စဉ်းစားပြီး ဆင်ခြင်သင့်တယ်။
သူပြောတဲ့ စကားထဲမှာ “ဗမာတွေ” လို့ သုံးနှုန်းတဲ့အတွက်
ကိုယ်တို့လူမျိုးအကုန်လုံး ရွံစရာလူမျိုးတွေဖြစ် ကုန်တယ်။
ငါးခုံးမ သုံးလေးကောင်ကြောင့် တစ်လှေလုံးပုတ်ရတယ်ဆိုတဲ့ သဘောပါပဲ။
(ငါးခုံးမ က တစ်ကောင်မကတော့ဘူး)။
ကွမ်းစားတဲ့သူကြောင့် ကိုယ့်လူမျိုးတစ်မျိုးလုံး အထင်သေးခံရတာကို သဘောပေါက်ရမယ်။
ငယ်ငယ်ကတည်းက
ကွမ်းစားသူတွေနဲ့ ယဉ်ပါးလာတဲ့ ကိုယ်တို့အတွက် မထူးဆန်းပေမဲ့
တခြားနိုင်ငံသားအနေနဲ့ မသတီ ရွံရှာဖွယ်ရာ လူမျိုးဖြစ်သွား တယ်ဆိုတာ နားလည်ရမယ်။
ကိုယ်တောင် ကိုယ့်သူငယ်ချင်းဆရာတော်တွေ ကွမ်းဝါးပြီး
ကွမ်းထွေးတွေကို ကွမ်းထုတ်အိပ်ခွံ သေးသေးလေးထဲ ထွေးထည့်နေတာကို မြင်ရရင် အတော်စိတ်မသက်မသာဖြစ်မိ သေးတယ်။
နိုင်ငံခြားကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့မြန်မာနိုင်ငံသားတိုင်းဟာ
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ကိုယ့်မိသားစုတစ်စုတည်းကိုသာ ကိုယ်စားပြုတော့တာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာပါ။
ကိုယ်လုပ်တဲ့အပြုအမူ၊ ကိုယ်ပြောတဲ့အပြောအဆိုတွေဟာ
မြန်မာနိုင်ငံသားပြုတဲ့ ပြောတဲ့ အပြုအမူ အပြောအဆိုတွေ ဖြစ်ကုန်တော့တာ။
သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေပြီ။ အသိတရားနဲ့ အဆင့်အတန်း အင်မတန်နိမ့်ကျတဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့ သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေကိုရော ရောက်လေရာနိုင်ငံတွေမှာ ခွဲခြားဆက်ဆံခံနေရပြီလား။
အနှိမ်ခံနေရပြီလား။
(ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ထည့်မစဉ်းစားပဲ အတ္တကြီးမားစွာ)
စည်းမရှိ ကမ်းမရှိ တွေ့ရာနေရာမှာ ကွမ်းထွေးတွေကို မဆင်မခြင် ထွေးနေလို့ကတော့……

Read more...

ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား။

အမေး။ ။အရှင်ဘုရား…ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ် ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအား ထုတ်တဲ့နေရာမှာ အနှောက်အယှက် များဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင် ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
ပြည့်စုံအောင်
ရုရှား

အဖြေ။ ။ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊ အခြားဘာသာဝင်များနဲ့ဘာသာမဲ့များ မကျင့်သုံးရဘူး ဆိုတဲ့ ကန့်သန့်ချက် မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။ အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ၀ိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ရပါတယ်။ ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ ဘာအနှောက်အယှက်မှမရှိနိုင်ပါ။ လွပ်လပ်စွာ စိတ်ချလက်ချ အားထုတ် နိုင်ပါတယ်။ ဒါနဲ့စပ်လို့
ဘုရားရှင်လက်ထက်တော်က ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့တယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ တရားကို စတင်နာယူတဲ့အချိန်မှာ ရတနာသုံးပါးကို ယုံကြည်မှုမရှိသေးဘူး(သရဏဂုံမတည်သေးဘူး)လို့ ဆိုရပါမယ်။ ဓမ္မစကြာ တရားနာယူပြီး၊ တရားထူးသိမြင်တဲ့အခါမှသာ ဘုရားရှင်နဲ့တကွ တရားတော်ကိုပါ ယုံကြည်မှုရှိသွားတာပါ။
ယနေ့ခေတ်မှာလဲ အခြားဘာသာဝင်အချို့ဟာ သရဂုံတည်တာပဲဖြစ်စေ၊မတည်တာပဲဖြစ်စေ၊ ၀ိပဿနာတရားကို လွပ်လပ်စွာ နည်းခံကျင့်သုံး နေကြတယ်ဆိုတာ သတိပြုမိကြမှာပါ။
ဥပမာ…….လူတစ်ယောက်ဟာ ဟင်းချက်ကောင်းတာကို လူတွေက မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီလူချက်တဲ့ဟင်းကို စားသုံးလိုက်ကြရတဲ့ အခါ အရသာအထူးကောင်းမွန်နေတာကို ခံစားကြရပါတယ်။ အဲဒီအခါမှာ “ဒီဟင်းဟာ အရသာကောင်းလှတယ်။ ဒီဟင်းကိုချက်တဲ့သူဟာလဲ ဟင်းချက်ကောင်းတဲ့လူတစ်ယောက်ပဲဖြစ်တယ်” ဆိုတာကို စားသုံးသူများက တထစ်ချလက်ခံပေးနိုင်လာကြပါတယ်။ ဒီလိုပါပဲ….ဘုရားရှင်က ဓမ္မံ အပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ၊ လို့ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်ရင် ဘုရားမမြင်ဘူး၊ တရားမြင်မှ ဘုရားမြင်မယ် လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ပထမမှာ တရားမြင်သိဖို့ အရေးကြီးပါတယ်၊ တရားသိရင် ဘုရားစစ်ဘုရားမှန်ကို ဘယ်သူမှတိုက်တွန်းစရာမလို အလိုအလျောက်လက်ခံလာမှာပါ။
အချုပ်ပြောရရင် ဘုရားရှင်ရဲ့တရားတော်ဟာ လူမျိုးမရွေးဘာသမရွေးကျင့်လို့ရတဲ့ (universal)တရားတော်ဖြစ်တယ်ဆိုတာပါပဲ။




Read more...

ဒေါ်တင်တင်လှိုင်မိသားစု ဒါန (၂၅-၁-၁၀)






သာသနာသက္ကရာဇ် ၂၅၅၃ ခု တပို့တွဲ လဆန်း ၁၁ ရက် တနင်္လာနေ့။ ၂၅-၀၁-၁၀။
(အရုဏ်+နေ့ဆွမ်းအလှူရှင်) မိဘနှစ်ပါးကို ရည်စူး၍ ဒေါ်တင်တင်လှိုင်မိသားစု (အမေရိကန်)

အရုဏ်ဆွမ်း-မုန့်ဟင်းခါး (သံဃာ+ သီလရှင်)
နေ့ဆွမ်း
ဝက်သား+အာလူးဆီပြန်၊ ငါးပိကြော်၊ ဟင်းသီးဟင်းရွက်ချဉ်၊ ပဲနှပ်၊ ဆွမ်းထမင်း
ဟင်းချိုမှုန့်နှင့်ဆားအလှူ (သီလရှင် ၁၀၀ ပါးအတွက်)

ဝေယျာဝစ္စဒါန
-ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသုဇာတ (ရွှေသမင်ကျောင်း-မန္တလေး)

-ဆရာကြီး ဒေါ်ဝိလာသီ (အောင်မြေသာစံကျောင်း) ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ကျောင်း)၊ ဒေါ်စရဏမဉ္စရီ(သုခမဉ္စရီကျောင်း)။ ယမန်နေ့က ကြက်သွန်လာခွာပေးသော ဆရာလေး ၂ ပါး
-ဒေါ်ကြည်ဌေး၊ သမီး ငြိမ်းအိထွေး၊ ကိုဆန်းထွန်း+ မသန်းသန်းဦး၊ မဇင်မာငြိမ်း၊ မဇင်မာထွေး

video

မနက် ၅ နာရီ ၃၀ မှာ အရုဏ် စကပ်တယ်။ ဒီတစ်ရက် အပါး ၉၀ တစ်သုတ်နှုန်း ကပ်တယ်။ ဌာနကနေ သင်တန်းတက်ဖို့ မန္တလေးကို ရောက်နေတဲ့ စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည်လဲ ဦးစီး ဆွမ်းလောင်းလှူပေးနေပါတယ်။

ပထမသုတ် အပါး ၉၀ စကပ်တော့ ကျန်တဲ့ ကိုရင်လေးတွေ၊ သံဃာတွေလဲ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးကြတယ်။ နေ့ဆွမ်းလဲ အားလုံး ချက်ပြုတ်ပြီး အဆင်သင့် ဖြစ်ပါပြီ။ ဝက်သားနဲ့ အာလူးဟင်း ဆီပြန် ချက်ထားတယ်။ ငါးပိကြော်နဲ့ အချဉ်လဲ တစ်ခွက်စီ ပါမယ်။ ပြီးရင် သီလရှင် ဆရာကြီး ဆရာလေး အပါး ၁၀၀ ကိုလဲ အရုဏ် မုန့်ဟင်းခါးဆွမ်း ဆက်ကပ်ပြီး ဟင်းချိုမှုန့်နဲ့ ဆား လှူဒါန်းပါမယ်။


ဆရာဦးဝင်းကြည်က ဆွမ်းကပ်ရင်း ဆရာ့နေရပ် မကွေးက နေ့စဉ် သံဃာ့ဒါနဆွမ်းလောင်းသင်းအကြောင်း ဖောက်သည်ချတယ်။ ''မကွေးမှာ သံဃာက အနည်းဆုံး ၂၅၀၀၊ အများဆုံး ၃၀၀၀ လောက် ရှိတာဆိုတော့ အရုဏ်ဆွမ်းလောင်းတာ ဆန် ၈ အိတ် ချက်ရကြောင်း၊ ဝက်သားနဲ့ ကပ်ရင် ခြောက်သိန်းခွဲ ခုနစ်သိန်း၊ သီးစုံဟင်းဆို သုံးသိန်းခွဲ လေးသိန်း ကုန်ကြောင်းတွေ ပြောပါတယ်။

''နိုင်ငံခြားက ဆရာတော်တစ်ပါးက သိန်း ၁၀၀၀၊ ဆွမ်းပဒေသာပင်စိုက်ထားတယ်။ သံဃာ့ဒါန အသင်းက နှစ်စဉ် စာမေးပွဲလုပ်၊ ဆုချီးမြှင့်တယ်။ ဝန်ထမ်း ၈ ယောက် ရှိတယ်။ နေ့စဉ် ဆွမ်းလောင်းတာ တစ်ခါမှ မပျက်ဖူးဘူး။ သံဃာတွေ မထွက်ရတဲ့ အခါတုန်းကတောင် ကျောင်းတိုက်တွေအရောက် ပို့ပေးတာ။ မနက်ပိုင်းကျရင် ''ဆွမ်းလောင်းရုံကို ကြွပါဘုရား၊ အလှူရှင် ဘယ်သူ့အိမ်ကို ကြွပါဘုရား'' အော်ရသေးတယ်။ ဗျောတီးပြီး အသံချဲ့စက်နဲ့ လှူတာ။ ပြာသိုလ တစ်လလုံးကို ကျောင်းထိုင် ဆရာတော်တွေနဲ့ စာချဆရာတော်တွေက မြို့ထဲ နှစ်စဉ် အလှူခံထွက်တယ်''

နှစ် ၅၀ ပြည့်သွားတဲ့ မကွေး နေ့စဉ် ဆွမ်းလောင်းသင်းအကြောင်း ဆရာ ရွှေလမ်းငွေလမ်းဝင်းကြည် ပြောပြတာပါ။
video
video



Read more...

ပန်းငွေရုံ

အဘိုးအိုသည် သူ၏ဗိုက်ကြီးကို ပေါင်နှစ်လုံးပေါ် တင်၍ တင်ပလ္လေခွေချိတ် ထိုင်နေရာမှ လက်နှစ်ချောင်းကို ကြမ်းပြင်ပေါ်သို့ ထောက်ကာ ရုတ်တရက် ကုန်းထလိုက်ပြီး ခါးတောင်းကို မြှောင်အောင် ကျိုက်လိုက်သည်။ ခါးတောင်း မြှောင်အောင် ကျိုက်သည် ဆိုခြင်းကို ဆယ်ကျော်သက်များက နားမလည်ကြ၍ အနည်းငယ်ရှင်းပြလိုသည်။

ဝတ်ထားသော ပုဆိုး၏ အောက်အနားစကို ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်အောင် တစ်ပတ်နှစ်ပတ် လိမ်ကျစ်ကာ တင်ပါးနှစ်လုံးကြားထဲမှ တစ်ဆင့် အမြှောင်းလိုက်ဆွဲယူလျက် ထိုအနားစကို ခါးကြားထဲသို့ ထိုးထည့်ကာ မြဲမြံစွာ ကျိုက်ရသည့် ခါးတောင်းကျိုက်နည်း ကို မြှောင်အောင်ကြိုက်သည် ဟူ၍ ဆိုရသည်။ အရပ်ထဲတွင် ကာလသားကြီးများ လက်ဝှေ့ လက်ပန်း သတ်လိုကြလျှင်၊ သို့မဟုတ် ထန်းပင် အုန်းပင်တက်လိုကြလျှင်၊ သို့မဟုတ် ခြင်းခတ် ကျည်းသားရိုက်လိုကြလျှင် ခါးတောင်းကို မြှောင်အောင် ကျိုက်ကြရသည်။ ပုဆိုးစ,သည် အရှေ့ဘက်လက်တစ်ဝါးစာ အရှက်လုံရုံမျှသာ ဖုံးထားပြီး အနောက်ဖက်တွင် ကောက်ညှင်းထုပ်ကို ကြိုးဖြင့်စည်းထားသည့် ပုံစံအတိုင်း တင်ပါးနှစ်လုံးကို အမြှောင်းလိုက် မြင်နေရမည် ဖြစ်၏။

ဤကဲ့သို့ ခါးတောင်းကို မြှောင်အောင် ကျိုက်ကြရသည့် ရည်ရွယ်ချက်ကား ခိုင်မြဲမှုရှိစေရန် ဖြစ်သည်။ သေချာစွာ ကျိုက်ထားသော ယောကျာ်းကြီးတစ်ဦး၏ ခါးတောင်းမှာ အားကောင်းမောင်းသန် လူနှစ်ယောက်ဆွဲချွတ်၍ မကျွတ်နိုင်အောင် မြဲမြံသည်။ ဤသို့မြဲမြံမှသာ တစ်ဦးခါးကို တစ်ဦးဆွဲကာ ကိုင်ကာ ပေါက်သတ် မြှောက်သတ်ကြရသော နပန်းသတ်ခြင်းများ လက်ဝှေ့ထိုးနည်းများအတွက် အဆင်ပြေမည် ဖြစ်သည်။ ခါးတောင်းကို လျော့လျော့လျဲလျဲ ကျိုက်မိ၍ အရေးအကြောင်းမှာ ပုဆိုးကျွတ်လျှင် လူပုံအလယ်မှာ အရှက်သော်လည်း ကွဲမည်။ သို့မဟုတ် ပုဆိုးကျွတ်တာကို ငဲ့မိလျှင် အသက်သော်လည်း ဆုံးရှုံးရနိုင်သည်။ ထို့ကြောင့် ဤသို့မကျွတ်ရအောင် ခါးတောင်းကို မြှောင်အောင် ကျိုက်ကြရခြင်း ဖြစ်သည်။ သေသေချာချာ တင်းတင်းရင်းရင်း ကျိုက်သော ယောကျာ်းသည် အလုပ်ဟူသမျှ ရဲရဲတင်းတင်း သေသေချာချာ လုပ်သည်။ စကားပြောလျှင် ရိုးရိုးဖြောင့်ဖြောင့် ပြောသည်။ ကတိပြုလျှင် ကတိကို အပ်ကျမတ်ကျ ထိန်းသည်။ အနစ်နာခံစရာရှိလျှင် အနစ်နာခံသည်။ ညှာတာစရာရှိလျှင် ညှာတာသည်။ ခွင့်လွှတ်စရာရှိလျှင် ခွင့်လွှတ်သည်။ မိန်းမသားတစ်ယောက်ကို ရိုးမြေကျပေါင်းသင်းမည်ဟု သစ္စာပြုလျှင် ရိုးမြေကျပေါင်းသင်း၏။ ပြောပြုတွေးကြံသမျှ ယောကျာ်းကောင်းတို့၏ အင်္ဂါရပ်အတိုင်း ပြုမူတတ်သည်။ လျော့တိလျော့လျဲ ကျိုက်သော ယောကျာ်းများကား ၄င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဤကား ရှေးက အမျိုးကောင်းသမီးတို့ တွေးခေါ်ကြသော အရပ် လော့ဂျစ်တည်း။ မည်မျှဟုတ်သလဲ စဉ်းစားစရာ လိုမည်မထင်။ အရှင်းသား ဖြစ်၏။

အဘိုးအိုကတော့ လက်ဝှေ့လက်ပန်း သတ်ရန် ခါးတောင်းကျိုက်ခြင်းမဟုတ်။ ထန်းပင် အုန်းပင်တက်ရန် ကျိုက်ခြင်းလည်း မဟုတ်။ သူ ခါးတောင်းကျိုက်ရသည့် အကြောင်းရင်းကား ပေါင်ရင်းနှင့် တင်ပါးများတွင် မင်းမူနေသော ပွေးကွက်များကို ပြသခြင်း အလို့ငှာ ဖြစ်သည်။ အဘိုးအိုကား ဤနယ်တွင် ဂုဏ်သရေရှိသော သူကြီးမင်း ကြေးရေတတ်သူဌေးမင်း ဖြစ်သည်။ ဖြည့်စွက်၍ ဆိုရလျှင် အလွန်စိတ်ကောင်းရှိပြီး အလွန်ရိုးသားသော၊ ဆွေမျိုးမိတ်သင်္ဂဟများအပေါ်တွင် အလွန်ဝတ္တရား ကျေပွန်သလောက် အလွန်သြဇာရှိသော မြန်မာအမျိုးသားကြီး ဖြစ်သည်။ သို့ရာတွင် သူကဲ့သို့ ဂုဏ်သရေရှိ သူကြီးမင်း၏ ဂုဏ်အား ပွေးကွက်များက ထောက်ညှာငဲ့ကွက်ခြင်း အလျဉ်းရှိသည်ကို ကျွန်တော် မတွေ့ရပေ။ ဂုဏ်သရေရှိသူ၏ ပေါင်မှာ ပွေးကွက်မရှိရဘူးဟု လောကဥပဒေ ထုတ်ပြန်ထားခြင်း မရှိသကဲ့သို့ပင်တည်း။ ၀ံ့စားစွာမင်းမူနေကြသည်ကို တွေ့ရသည်။

အဘိုးအိုသည် ရောင်တစ်စောင်းနှင့် ဖြစ်ပြီး တံဘက်နှင့်ရောင်ကို ပတ်ထားသည်။ ဗြိတိသျှ ခေတ်က စွပ်ကျယ်ကို လူမြင်ကောင်းရုံ ၀တ်ထားသည်။ အရပ်မြင့်ထွားကျိုင်းသည်။ အသံသြဇာရှိသည်။ မေးရိုးခိုင်သည်။ နှုတ်ခမ်းပါးလျား ပြန့်ပြူးသည်။ မျက်လုံးတောက်သည်။ ယခုမြင်နေရသည့် ပါးစုံ့ကြီးများနှင့် အလွန်ကြီးကျယ်သော ၀မ်းဗိုက်ပြင်ကို အသာထား၍ နောက်ကြောင်းပြန် တွေးတောလျှင် ငယ်စဉ်အခါက အဘိုးအိုသည် အဆီမရှိ ကျစ်လျစ်သန်မာသည့် အရိုးအရွတ်တို့ရှိသူ တစ်ယောက် ဖြစ်ကြောင်း လူတိုင်း ခန့်မှန်းနိုင်မည် ဖြစ်သည်။ "ဆွေမိမင်း၊ မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်၊ ကျိုင်းစဉ်မြ၀ါ၊ မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ၊ တုမရှိ " ဟူသည့်အတိုင်း အဘိုးအိုသည် စွံခဲ့ချွန်ခဲ့သူ ဖြစ်သည်ဟု ကျွန်တော် ကြားသိရသည်။ သို့သော် သူ့အဆိုအရ သူကား သူ့မယားတစ်ယောက်ကိုသာ မိန်းမသားအဖြစ် မြင်သည်ဟု ဆိုသည်။ အာဂပုဂ္ဂိုလ်တည်း။ ကျွန်တော် လိုအပ်သော ဆေးအမည်များကို ပြောပြ၍ ပန်းငွေရုံ အ၀င်ဝက တံတားဘက်ထိ သူ့ကိုလိုက်ပို့ပြီး နှုတ်ဆက်သည်။

ကျွန်တော့်ကို လက်ပြပြီး ကလေးတစ်ယောက်ကဲ့သို့ အူယားဖားယား ပြေးထွက်သွားသည်ကို မြင်ရလျှင် မပြုံးဘဲမနေနိုင်။ ခံ့ညားအိနြေ္ဒကြီးသော ကျောင်းအုပ်ကြီးက သူတို့ကျောင်းအသင်းဘက်က ဘောလုံး ဂိုးပေါက်ထဲဝင်သွား၍ ထခုန်သည်ကို မြင်ရသကဲ့သို့ အမြီးအမောက် မတည့်နိုင်လှသည်။ သို့သော် ရိုးသားအပြစ်ကင်းစင်၍ ကြည်နူးဖွယ် ကောင်းလေသည်။ တံတားမှနေ၍ မျှော်ကြည့်တော့ ကုန်းမို့မို့ပေါ်တွင် ရထားသံလမ်းကိုသာ မြင်မိသည်။ ပြိုင်နေသော သံလမ်းနှစ်ခုပေါ်တွင် သွားသူလာသူ မရှိ။ ပကတိ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်။ သံလမ်းနှစ်ခု၏ အလယ်မှရပ်၍ ကြည့်လျှင် သံလမ်းနှစ်ခုကို အနောက်မိုးကုပ် စက်ဝိုင်းနှင့် အရှေ့မိုးကုပ် စက်ဝိုင်းတွင် စုဆုံသွားသလို မြင်ရသည်။ ဆိုလိုရင်းကား သံလမ်းသည် ကျွန်တော်၏ မြင်ကွင်းတစ်လျှောက်လုံး တစ်ဖြောင့်တည်း ဖြစ်သည်။ ကျွန်တော်သည် ပျင်းရိသည်လည်း မဟုတ်။ စိုးရွံ့သည်လည်းမဟုတ် ၀မ်းနည်းသည်လည်းမဟုတ် ၀မ်းသာသည်လည်းမဟုတ်၊ ဘယ်လိုမှ မဟုတ်သော စိတ်ဖြင့် ပန်းငွေရုံဘက် ပြန်လာသည်။

ကျွန်တော့်အဆောင် နောက်မှာ လယ်ကွင်းများကိုချည်း မြင်ရသဖြင့် ကျေနပ်သွားသည်။ နေစောင်းတော့ ဦးပဉ္စင်း၊ ကိုရင်များ တစ်ပါးပြီး တစ်ပါးကြွလာကြသည်။ ရောဂါများကို ကြည့်ပေးရင်း ကျွန်တော် ရွှင်လန်းစပြုသည်။ ထို့နောက် ညကိုးနာရီမှာ မီးစက်ရပ်မည် မီးပြတ်မည်ဟု သတိပေးပြီး သံဃာတော်များ ပြန်ကြွသွားကြသည်။ မီးခြစ်နှင့် ဖယောင်းတိုင်ကို အသင့်ထုတ်ထား၍ လာပို့ထားသော ရေနွေးဖြင့် ကော်ဖီမစ်တစ်ထုပ်ကို ဖျော်သည်။ ကျွန်တော်သည် အထီးကျန်ခြင်းဖြင့် ပြည့်ဝနေသည်။ ဇောင်းတူမှာတုန်းက ကျွန်တော့် အပါးတွင် အဖေရှိသည်။ အဖေ့တပည့်များ ရှိသည်။ သို့ရာတွင် အဲဒီတုန်းက ကျွန်တော့်ရင်ထဲ ပြည့်ဝပြီးမနေ။ တစ်ခုခုလိုအပ်နေသလို ထင်ရသည်။ ယခု ကျွန်တော့်အနားတွင် ဘယ်သူမှ ရှိမနေမှ ကျွန်တော့်ကိုယ် ကျွန်တော် ပြည့်ဝနေသည် ဟုထင်မိသည်။

ကော်ဖီကို တစ်ကျိုက်ကျိုက်ရင်း ပြတင်းတစ်ပေါက်ကို တွန်းဖွင့်သည်။ မီးပြတ်သွားသည်။ လေအေးများ တိုးဝင်လာသည်။ စိမ့်ကနဲ ဖြစ်သွားသလို ဘာကို ကြောက်မှန်းမသိ ကြောက်သွားသည်။ ကျယ်ပြန့်သော လယ်ကွင်းပြင်တွင် လူတစ်ဦး နွားတစ်ကောင် မရှိ။ တိတ်ဆိတ်နေသဖြင့် ယင်းကွင်းပြင်တွင် သက်ရှိသတ္တ၀ါ တစ်ဦးတစ်ယောက်မျှ ရှိမနေဟု ထင်မြင်ရသည်။ သို့ရာတွင် ယင်းကွင်းပြင်တွင် သက်ရှိသတ္တ၀ါ အနန္တတို့သည် ကျက်စားနေထိုင်လျက် ရှိသည်။ ကျွန်တော်သည် အမှောင်ထုကို ကြည့်၍ အကြောက်တရားကို လှုံ့ဆော်ပေးသည့် အတွေးများ တွေးပစ်သည်။ မကြာမီ ကြက်သီးများ ထလာသည်အထိ ကြောက်လာလေသည်။ ကြောက်စရာအတွေးများကို ရပ်ပစ်လိုက်တော့ အကြောက်လည်း ရပ်သွားပြန်သည်။ ဤကား အသက်ရှင်လိုခြင်း၏ နိမိတ်တည်း။ လူသည် ကြောက်အောင်လုပ်လျှင် ကြောက်ရမည်ဖြစ်သည်။ မကြောက်အောင် မာန်တင်း၍ကားရမည်။ လုံးလုံးမကြောက်အောင် လုပ်၍ကား မရနိုင်။ ကြောက်စရာရှိလျက် မကြောက်သူကား အနာဂါမ် ရဟန္တာတို့သာ ဖြစ်ရမည်။ လူအချို့အတွက် လုံးလုံးမကြောက်ဘူးဟု ထင်စရာကား ရှိကောင်းရှိပေမည်။ သို့သော် လုံးလုံးမကြောက်သည်တော့ မဟုတ်တန်ရာ။ အကြောက်နည်းခြင်း သို့မဟုတ် ကြောက်သည်ကို သတိမပြုမိလိုက်ခြင်း တို့သာ ဖြစ်ရာ၏။

စာမေးပွဲကျမှာ ကျွန်တော်မည်မျှကြောက်ခဲ့ကြောင်း ပြန်စဉ်းစားမိသည်။ တကယ်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်မည့် အဖြစ်ကမှ ကြောက်စရာ ကောင်းတာ ဖြစ်သည်။ ထို့ထက်ကြောက်စရာ ကောင်းသည်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လောက်အောင် သတ္တိမမွေးမြူနိုင်ခြင်းက ကြောက်ဖို့ ကောင်းသည်။ စာဖတ်နာသော မိတ်ဆွေတစ်ယောက်က သူ,တက်ကျမ်းများ မဖတ်ဟု ပြောဖူးသည်။ သူမည်မျှ နစ်နာသွားသလဲ ကျွန်တော် မပြောနိုင်။ "နိုင်စရှိလျှင် နိုင်ချင်ချင် ရှုံးစရှိလျှင်ရှုံးချင်ချင်" ဟူသော စကားကို သူမကြားဖူးပါက ကျွန်တော် စိတ်မကောင်း ဖြစ်ရမည်။ ယင်းစကားကား ပီမိုးနင်း၏ တက်ကျမ်းတစ်ခုမှ စကား ဖြစ်သည်။ စိတ်ကို တစ်ခါအနိုင်ရလျှင် ထပ်ကာ ထပ်ကာ အနိုင်ရဖို့ မခဲယဉ်း။ တစ်ခါအရှုံးပေးမိလျှင်လည်း ထပ်ကာထပ်ကာ ရှုံးနိမ့်ဖို့ မခဲယဉ်း။ ကြောက်အောင် လုပ်မိလျှင်လည်း ထပ်ကာထပ်ကာ ကြောက်ဖို့ ၀န်မလေး။ ယခု ကျွန်တော်လုပ်သလို အကြောင်းမဲ့ ကြောက်အောင်လုပ်လို့ ရနိုင်သည်။ အကြောင်းရှိလို့ ကြောက်အောင် လုပ်လို့ရတာလည်း ဖြစ်နိုင်သည်။

ငယ်စဉ်က ပင်ပေါင်ရိုက်တုန်းက ကျွန်တော်ရှုံးနိမ့်မှာ ကြောက်ခဲ့ဖူးသည်။ အကြောင်းရှိသည်။ အဖေ၀ယ်ပေးထားသော အားကစား ဘောင်းဘီအသစ်ကြောင့် ဖြစ်သည်။ ယင်းဘောင်းဘီ၏ ဂုဏ်ကိုထောက်၍ ကျွန်တော့်မှာ မရှုံးအောင် ယှဉ်ပြိုင်ဖို့ တာဝန်ရှိလာသည်။ မိဘများဂုဏ်ယူနိုင်အောင် လုပ်ပေးရမည့် တာဝန်ရှိလာသည်။ ယင်းတာဝန်ကို မကျေပွန်မှာ ကျွန်တော်ကြောက်လာသည်။ နောက်တော့ ယင်းတာဝန်သည် ၀န်ထုပ်ဝန်ပိုး ဖြစ်လာသည်။ နောက်တော့ ကျွန်တော် အမှားမှားအယွင်းယွင်း ဖြစ်လာသည်။ နောက်တော့ အဲဒီပြိုင်ပွဲကို ကျွန်တော်ရှုံးနိမ့်သည်။ အရှုံးသည် ခါးသီးသကဲ့သို့ ရှက်စရာလည်း ကောင်းသည်။ ကြောက်စရာလည်း ကောင်းသည်။ ထို့ထက် ကြောက်စရာ ကောင်းသည်က ရှုံးနိမ့်ပြီး ပြန်လည် နာလန်မထနိုင်မှာ သို့မဟုတ် အဓိက ပြိုင်ပွဲတွင် ရှုံးနိမ့်သွားမှာ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် များမကြာမီ ကျွန်တော်သည် အရှုံးများနှင့် နေသားကျလာသည်။ အရှုံးများက ဘ၀၏အဓိကအစိတ်အပိုင်း ဖြစ်လာသည်။ အညတြ တစ်ယောက်ဘ၀ဖြင့် နေသားကျလာသည်။ ကတ္တီပါ အိပ်မက်များအစား မြက်ခင်းပြင်စိမ်းစိမ်းများကို အိပ်မက်ရဲ လာသည်။ အောင်မြင်မှုများကို ကိုယ်နှင့်မဆိုင်သလို နေတတ်လာသည်။ သို့သော် အဓိက ပြိုင်ပွဲများတွင်မူ ကျွန်တော်အနိုင်ရလိုဆဲ ဖြစ်သည်။ သေရေးရှင်ရေး ပြိုင်ပွဲများ တွင် ကျွန်တော် ရှင်သန်လိုဆဲ ဖြစ်သည်။ သို့သော် ညစာစားရင်း တစ်ဦးလည်ပင်း တစ်ဦးထလှီးကြသော လူကြီးလူကောင်းများကဲ့သို့ အငမ်းမရ အနိုင်ရလိုခြင်းကားမဟုတ်။ သန့်ရှင်းသော အားကစား သမားတစ်ယောက်ကဲ့သို့ ဂုဏ်သရေရှိရှိ အနိုင်ရလိုခြင်း ဖြစ်သည်။

တောင်ဘက်က ဘေးမဲ့ငါးကန်ကြီးဘေးမှာ သစ်ပင်မည်းမည်းကြီး တစ်ပင်ကို မြင်ရသဖြင့် ကျွန်တော်သည် ကြားခဲ့ရသည်ကို ပြန်တွေးမိသည်။ တစ်ရံရောအခါ ညချမ်းက အဲဒီသစ်ပင်ဘက်က အမျိုးသမီးတစ်ဦး ထွက်လာခဲ့ဖူးသည် ဆို၏။ ထိုအမျိုးသမီးက ယခုမြင်နေရသော လယ်ကွက်များ၏ ပိုင်ရှင်ဖြစ်သည် ဆို၏။ သေလုဆဲဆဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် လယ်ကွက်များ လှူဒါန်းခဲ့သည် ဆို၏။ ယခုပန်းငွေရုံကျောင်း ဖြစ်လာသည်။ ထိုအမျိုးသမီးကား ကျောင်းအပေါ်သံယောဇဉ် ရှိနေ၍ ကျောင်း၏အနီးအပါးတွင်ပင် ရုက္ခစိုးကဲ့သို့ သတ္တ၀ါတစ်မျိုး ဖြစ်နေသည် ဆို၏။ ပန်းငွေရုံဆရာတော် ဘုရားတော် အဖူးမြော်လာသဖြင့် ဆရာတော်က နောက်မလာဖို့ အမိန့်ရှိသည် စသည်ဖြင့် ကျွန်တော်ကြားခဲ့ရသည်။

မြန်မာပြည်တွင် ယနေ့အဖြစ်အပျက် တစ်ခုဖြစ်သွားလျှင် နောက်နှစ်အနည်းငယ်ကြာသောအခါ ထိုအဖြစ်အပျက်မှာ ယုံတမ်းပုံပြင်သဖွယ် ဖြစ်သွားတတ်သည်။ ဤကား မှတ်စု မှတ်တမ်းရေးကျင့် မရှိခြင်း၏ ရလာဒ်တည်း။ မြန်မာတို့ အသုံးပြုသော မှတ်တမ်းမှတ်ရာများကား ကြားချင်ရာ ကြားတတ်သော နားများတည်း။ အလွန်ပြောင်းလွယ် ပြင်လွယ်ရှိကာ အမြဲလှုပ်နေသော ပါးစပ်များတည်း။ သို့ရာတွင် ကွမ်းစကားများ၊ လက်ဖက်ရည်စကားများ၊ ထန်းစကားများ၊ အိပ်ရာဝင်ပုံပြင်များတွင် တစ်စုံတစ်ရာသော အခြေခံ အမှန်တရားသည် ပါဝင်နေတတ်သည်။ တစ်စုံတစ်ရာသော တန်ဖိုးရတနာသည် ရှိနေတတ်သည်။ ယင်းကား "ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌တည်စေမင်း" ဟူသည့် လောကနီတိမျိုးလည်း ဖြစ်ကောင်းဖြစ်မည်။ "ချစ်ရွှင်သနားတည်ကြားကြမ်းကြုတ် စက်ဆုပ်ကြောက်ရွံ့ ရဲဝံ့အံ့သြ" ရသအမျိုးမျိုးလည်း ဖြစ်မည်။ ဤသို့ ထိုသို့ စကားများကို အရူးလွယ်အိတ်ကဲ့သို့ စုကာဖွေကာ ကောက်ထည့်ရာ၏ ဟု မှော်ပီဆရာသိန်းက ဆိုဖူးသည်။

အရူးသည် လွယ်အိတ်ထဲ ဖိနပ်လည်း ထည့်ချင် ထည့်မည်။ ထီးလည်း ထည့်ချင်ထည့်မည်။ စားစရာလည်း ထည့်ချင်ထည့်မည်။ သူ၏လွယ်အိတ်ထဲတွင် ကောင်းတာတွေလည်း ပါမည်။ ဆိုးတာတွေလည်း ရှိမည်။ အသုံးတည့်တာတွေလည်း ရှိမည်။ မသုံးမတည့်တာတွေလည်း ရှိမည်။ အသုံးတည့်တာ ကောင်းတာတွေကို ရွေးချယ်စိစစ်အသုံးပြုကြရန် အရူးလွယ်အိတ်စာတမ်းကို ပြုစုသည်။ မှော်ပီဆရာသိန်းကို မသိဘူးဟု ညီမလေးက ဆိုသဖြင့် ကျွန်တော် ပက်လက်လန်သွားဖူးသည်။ ထားတော့။ မှော်ပီဆရာသိန်းသည် အရူးလွယ်အိတ်ဒဿနကို သူ့ဖာသာ အသုံးချ၍ ပစပ်ရာဇ၀င်တို့ဘာတို့ ဖြစ်လာကာ မြန်မာရာဇ၀င်အတွက် တစ်တပ်တစ်အား ဖြစ်ရသည်။ သိသူဖော်စား မသိသူ ကျော်သွား ဆိုသကိုး။

မနက်လုပ်စရာကိစ္စများ ရှိသည်ကို တွေးမိပြီး အိပ်ရန်ပြင်သည်။ ဘာကြောင့်မှန်းမသိ တောလည်း မဟုတ်ပါဘဲ၊ ပန်းနှင့်နန်းနှင့် ဥယျာဉ်လည်း မဟုတ်ပါဘဲ သာဆန်းရဂုံဘွေကို ကျွန်တော် သတိရသွားသည်။

သာဆန်းငယ်တည့်ရဂုံဘွေ
ညင်းပြေပြေ
လေပြည်လောင်း
ညှာခြေစိမ်းရင့်မောင်း
ညောင်းရွက်ကယ်တည့်ကြွေလေဟန်
မြညှာရွှေလျှံ။

ပက်လက်အိပ်ခြင်းက ပြိတ္တာတို့အိပ်နည်း၊ မှောက်လျက်အိပ်ခြင်းက တိရိစ္ဆာန်တို့ အိပ်နည်း၊ ညာဘက်ကို စောင်းပြီး အိပ်တာကမှ သူတော်ကောင်းတို့ အိပ်နည်းဟု ကြားဖူးသည်။ ဘုရားရှိခိုး သီလယူသည်။ ညာဘက်နံပါး စောင်းလျက် တရားမှတ်ကာအိပ်သည်။ မနက် အချိန်မီနိုးသည်။ စောစောနိုးသည်။ ချမ်းသာစွာ နိုးပါသည်။ သို့သော် လူးရင်းလွန့်ရင်း ပြိတ္တာတို့အိပ်နည်းသို့ ပြောင်းသွားသည်ကို မနက်မှသိရပေတော့သည်။

နောက်နှစ်ပတ်အကြာတွင် ပန်းငွေရုံသို့ ထပ်ရောက်သည်။ သူကြီးမင်းက ထမင်းစားလာဖိတ်သည်။ သူ့ပေါင်မှ ပွေးများအလွှားလိုက် ကွာကျပုံကို လူပုံအလယ်မှာ အားပါးတရ ပြောပြနေသည်။ ဆရာဘုန်းကြီးကား သူ့တပည့်ကို ဂုဏ်တင်သည်။ ယားနာဆရာဝန် ဟူသတည်း။ ပွေးဆရာဝန်၊ ဒက်ဆရာဝန်၊ ဂျွတ်ဆရာဝန်ပါ ဘုရား ဟု ပြန်လျှောက်ရသည်။ ကိုရင် ဦးပဉ္စင်းများလည်း အရေပြားရောဂါများ သက်သာနေကြသည်။ ယခုတစ်ခေါက်မှ အတူပါလာသော သူငယ်ချင်း သော်တာကို ဘယ့်နှယ့်လဲ ဟူသော သဘောဖြင့် မေးဆတ်ပြသည်။ သော်တာက လက်ဖျားခါလေသည်။ လက်မောင်းအရင်းကား မလှုပ်။

စကားတစ်ခွန်းရှိသည်။ "ပုခုံးတုန်အောင် ရယ်မောနေပါလျက် အသံမထွက်သော လူမျိုးကို မယုံနဲ့" ဟု ဖြစ်သည်။ လက်ဖျားခါတာနှင့် မည်သို့သက်ဆိုင်သနည်း။ စဉ်းစားကြရန် ဖြစ်ပါ၏။

Read more...

စမ္ပေယျနဂါးမင်းအကျင့်...

စမ္ပေယျနာဂစရိယ၊ (စမ္ပေယျနဂါးမင်းအကျင့်)


ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊
ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည် ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင် အကြင်အဆင်းကို ကြံစည်၏၊ ငါသည် ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဉ်လိုက်လျက် ကြံစည်သော အဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်၏။

ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှ ဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ 'ဖွဲပြာ ကဲ့သို့' ဖရိုဖရဲ ကြဲသော်လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။
20-25
၃ - စမ္ပေယျနာဂစရိယ၊ ဟတ္ထိနာဂ၀ဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ခရီးသွားလက်မှတ်

အဲသည့်နေ့က ဘုံဘေကနေပြီး ဗာရာဏသီကို မနက်အစောကြီးပေါ့၊ တိတိကျကျပြောရရင် 21. 12. 2009 ခုနေ့ မနက်-10 မိနစ်မှာ ဗာရာဏသီ မဟာနဂရီဆိုတဲ့ ရထားကြီးစီးပြီး ခရီးထွက်ခဲ့ကြ တာ သူငယ်ချင်း လေးယောက်၊ ညက အိပ်ပျက်ပျက်နဲ့မို့ နေ့ခင်းစာ စားသောက်ပြီး တရေးတမော အိပ်စက်ကြတာမှာ အတော်ကြီးကို အိပ်ပျော်သွားမိတယ်၊ တ၀ုန်းဝုန်း တရုံးရုံးနဲ့အသံကြားလို့ အိပ်စက် မှုကနေ လန့်နိုးလာတယ်၊ ကြည့်လိုက်တော့ ဘူတာတစ်ခုမှာ ရဲတွေနဲ့အတူ လက်ထိပ်ခက် ခံထားရတဲ့ လူငါးယောက်…

လက်မှတ်စစ်ရောက်လာလို့ မေးကြည့်တော့ ရထားလက်မှတ်မပါဘဲ ခိုးစီးလာလို့တဲ့၊ နောက် နှစ်ယောက်ကျန်သေးတယ်၊ တူတူပဲ ခက်လှမ်းလှမ်းမှာ လက်ထိပ်တန်းလန်းနဲ့ ပါသွားပြန်တယ်၊ အဲဒီနှစ်ယောက်ကတော့ ဘူတာလွန်ပြီးစီးလာလို့တဲ့၊ ငါးယောက်က လက်မှတ်မဲ့၊ နှစ်ယောက်က ၀ယ်ထားတဲ့ လက်မှတ်ထက်ကျော်ပြီး ခရီးဆက်လိုက်ကြတာ၊ မပေးနိုင်လို့လား၊ ပေးနိုင်လျက်နဲ့ ခိုးချင်တာလား၊ မသမာတဲ့အလုပ်ကို လုပ်ချင်တာလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်၊

အင်း… ဒါကတော့ ခုဘ၀လေးတစ်ခုထဲက ရထားစီးတဲ့နေရာက မသမာတဲ့ ခရီးသွားလက်မှတ် ကိစ္စပေါ့…

ဒါမျိုးတွေကလည်း လောကမှာ ဖြစ်လေ့ဖြစ်ထ၊ ရှိလေ့ရှိထဖြစ်နေတဲ့ ကိစ္စတစ်ခုပါပဲ၊ ကားပဲဖြစ်ဖြစ်၊ ရထားပဲဖြစ်ဖြစ်၊ သင်္ဘော မော်တော်ပဲဖြစ်ဖြစ်ပေါ့၊ လိမ်ညာမှုတွေ မသမာတဲ့အမှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ…

သံသရာခရီးကြီးမှာရော…

သံသရာခရီးကြီးကတော့ ဘ၀နဲ့ယှဉ်ရင်ဖြင့် ဘာမှကိုမနှိုင်းယှဉ်သာလောက်အောင် ရှည်လျား လှပါပေတယ်၊ ဘ၀တစ်ခုဟာ သံသရာနဲ့စာလိုက်ရင် အနန္တသူရိယအမတ်ကြီးရဲ့ စကားနဲ့ပြောရရင်ဖြင့် သမုဒ္ဒရာထက် ခဏလေးတက်လာတဲ့ ရေပွက်လေးပမာပါပဲ၊ ရေပွက်လေးဟာ ခဏလေးတက်လာပြီး တာနဲ့ ရေထဲ ပြန်ရောသွားတာပါ၊ တကယ့်ကိုခဏလေးပါ၊ အဲဒီလို ခဏလေးတွေနဲ့ သံသရာမှာ ဘယ်လောက်ဆုံရဦးမယ်ဆိုတာတော့ မသိရဘူးပေါ့၊ ဒါပေမယ့် ခုရထားတဲ့ ခဏလေးက သိပ်တန်ဘိုး ရှိတဲ့ခဏလေးပါပဲ၊ ဒီနေရာက တကယ့်ကို လမ်းဆုံဘူတာကြီးပဲလေ၊ ဘယ်ခရီးကိုသွားချင် သွားချင် ဟောဒီခဏလေးဘူတာကြီးမှာ လက်မှတ်ဝယ်လို့ရတယ်၊ လက်မှတ်ဖြတ်လို့ရတယ်၊ ဒါပေမယ့် ကိုယ်ဝယ်တဲ့ လက်မှတ်ဟာ ကိုယ်သွားလိုရာနေရာ အရပ်ဒေသကို အတိအကျဖြစ်ဘို့တော့လိုတယ်၊ သွားလိုတာက ဟို…ဂိတ်ဆုံး၊ ဖြတ်ထားတဲ့လက်မှတ်က ၀ယ်လာတဲ့လက်မှတ်က ကြားဘူတာ လောက်နဲ့ဆိုရင်လည်း ကိုယ်လိုရာ မရောက်နိုင်သေးဘူး၊ ခိုးစီးသွားရင်လည်း ရုံးရောက် ဂတ်ရောက်၊ ဒဏ်ရိုက်ခံရ၊ အချုပ်ကျခံရ ဖြစ်ဦးမယ်။

ဒီတော့ သွားလိုတဲ့နေရာ သွားလိုတဲ့အရပ်ကိုရောက်နိုင်တဲ့ အဖိုးအခပေးရလိမ့်မယ်၊ ပြောခဲ့ပြီပဲ ဒီခဏလေးဆိုတဲ့ လူ့ဘ၀လေးက လမ်းဆုံဘူးတာကြီးလို့၊ ခရီးစုံကို ဒီနေရာကနေ လက်မှတ်ဝယ်လို့ ရတယ်၊ ဖြတ်လို့ရတယ်လို့လေ၊ ခရီးသွားလက်မှတ်ဖြတ်ဘို့ အဖိုးအခပေးပြီး လက်မှတ်ဝယ်ဘို့ကတော့ ကိုယ့်တာဝန်ပါပဲ၊ ကြိုက်တာရွေးပေါ့။

လူ့ဘ၀ဆိုတဲ့ ဒီဌာနကို ပြန်လာချင်သလား၊ ပြန်လာနိုင်တဲ့ ဒါန, သီလ, ဘာဝနာ-ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေ ပေးဝယ်ရမယ်၊ နတ်ပြည် ဗြဟ္မာ့ပြည်ကိုသွားလိုသလား၊ ဒါဆိုရင်လည်း အဲဒီနတ်ပြည် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တဲ့ ဒါန, သီလ, ဘာဝနာတွေပေးပြီး အဲဒီလက်မှတ်ကို ၀ယ်ရ မယ်၊ အပါယ်လေးဘုံဖြစ်တဲ့ မကောင်းသူတို့လားရာ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် ဒေသတွေကို သွားလိုသလား၊ ဒါဆိုရင်လည်း အဲဒီကိုရောက်နိုင်တဲ့ အကုသိုလ် ဒုစရိုက် မကောင်းမှုတွေကို လုပ်ရမယ်၊ ဒါန, သီလ, ဘာဝနာတွေရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ လမ်းဆုံးဘူတာကြီး ကတော့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကြီးပေါ့၊ အဲဒီကို သွားမလား၊ အဲဒီကို သွားချင် ရင်တော့ လမ်းဆုံး ဂိတ်ဆုံး ပန်းတိုင်ဖြစ်တဲ့ အဲဒီဘူတာကြီးကို ရောက်နိုင်တဲ့ ဒါန, သီလ, ဘာဝနာတွေ ကို ကြိုးစားပြီး မဆုတ်မနစ်လုပ်ရမယ်။

လမ်းဆုံးဘူတာကြီးအထိ လက်မှတ်ဖြတ်ပြီးပြီဆိုရင်တော့ အဲဒီကြားမှာရှိတဲ့ ဘူတာတွေဖြစ်တဲ့ ကောင်းသူတွေ သွားတဲ့၊ လားတဲ့၊ ရောက်တဲ့၊ နေထိုင်ကြတဲ့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တွေကို အလည်အပတ်အဖြစ် ၀င်ရောက်လှည့်လည်လို့ ရသေးတယ်၊ ဘာကြောင့်ဆို ကိုယ့်လက်မှတ်က ခရီးဆုံးထိဖြစ်တဲ့ ဂိတ်ဆုံးဘူတာကြီးကို တန်ဘိုးနဲ့အညီ ပေးဝယ်ထားတာကိုး၊ ဘယ်သူကမှ အစစ် အဆေး အမေးအမြန်းရှိမှာ မဟုတ်ဘူး၊ စစ်ဆေးလာရင်လည်း ရင်ကော့ပြီး ၀ယ်လာခဲ့ ဖြတ်လာခဲ့တဲ့ လက်မှတ်ကို ထုတ်ပြလိုက်ရုံပဲပေါ့၊ ဘာမှအခက်အခဲ ကြောက်ရွံ့ထိပ်လန့်စရာ အားငယ်စရာမရှိ ဘူးလေ၊ အကြောင်းကတော့ ကိုယ့်ဘက်က လိုအပ်တာမှန်သမျှ ပြည့်စုံနေတာကိုး။

ဒီတော့ ခရီးလမ်းဆုံ ဘူတာကြီးမှာ ရောက်နေတုန်း၊ စဉ်းစားကြ၊ ဆင်ခြင်ကြ၊ သုံးသပ်ကြ၊ ငါ ဘယ်ကိုသွားချင်တာလဲ၊ ဘယ်အထိရောက်အောင် သွားမှာလဲ၊ ဘယ်လိုသွားချင်တာလဲ၊ မပင်မပမ်း သံသရာခရီးလမ်းကို သွားချင်တာလား၊ ဆင်းရဲဒုက္ခတွေ အဖုံဖုံ၊ အငတ်ငတ် အပြတ်ပြတ်နဲ့ သွားချင် တာလား၊ ခရီးဆုံးကို ရောက်ရင်ပြီးရော၊ ဘယ်လိုပဲ သွားရ သွားရ၊ သွားမလား၊ စသည်ပေါ့ ဆင်ခြင်ပါ၊ စဉ်းစားပါ၊ သုံးသပ်ပါ၊ ပြီးမှ ဆုံးဖြတ်ပါ။

သံသရာခရီးကို ခရီးရိက္ခာ ပြည့်ပြည့်စုံစုံနဲ့ မပူမပင် သွားချင်တယ်ဆိုရင် ဒါနကိုအားထုတ်ပါ၊ အနာရောဂါ ဘေးအန္တရာယ် ကင်းကင်းနဲ့ သွားလိုတယ်ဆိုရင် သီလကိုစောင့်ထိန်းပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မြန်ရောက် မြန်မြန်အေးတယ်လို့ဆိုရင်ဖြင့် ၀ိပဿနာဘာဝနာတရားများကို ကြိုးစားပြီးအားထုတ်ပါ၊ ခရီးတစ်ခုလုံး အားလုံး ပြည့်ပြည့်စုံစုံနဲ့ သွားလိုတယ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ အစားအနေပြည့် ပြည့်စုံစုံ၊ ရောဂါဘယကင်းကင်းနဲ့ သွားလိုတယ်ဆိုရင်ဖြင့် ဒါန, သီလ, ဘာဝနာတရားများကို အချိုးညီညီ ကြိုးစားအားထုတ်ပါ၊ ဒါဆိုရင် ခုရောက်နေတဲ့ဘူတာကြီးကနေ ပြည့်စုံတဲ့ လက်မှတ် ဖြစ်သွားပါပြီ၊ ဒီလိုမှမဟုတ်ရင်ဖြင့်…

ဘ၀သံသရာ ခရီးက အရှည်ကြီး၊ ဖြတ်ထားတဲ့လက်မှတ်က မပြည့်စုံဘူး၊ ကိုယ့်မှာ ဖြတ်နိုင်တဲ့ အင်အား မပြည့်ဘူး၊ အားမစိုက်ဘူး၊ အားမထုတ်ဘူးဆိုရင်ဖြင့် သံသရာဝဲ သြဃထဲမှာ တစ်ဝဲလယ်လယ်နဲ့ မြုပ်ချည်တစ်ခါ၊ ပေါ်ချည်တစ်လှည့်နဲ့ လည်နေကြရဦးမှာပါပဲ၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ ဟောဒီစကားလေးကို မှတ်သားကြစေချင်ပါတယ်….

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား…

ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား…

ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား…

ပြီးရင် မြန်မာ့သတင်းစာ နာရေးကြော်ငြာကဏ္ဍမှာ ပါလေ့ပါထရှိတဲ့ ဒီကြော်ငြာလေးကို ဆက်ပြီး ဖတ်ကြည့်ပါဦး…

သိမ်ကျောင်း ရဟန်း ဒါယကာကြီး၊ ဦးလွန်းဖေ အသက် (၉၈)နှစ်

အင်ဂျင်နီယာကြီး ဒေါက်တာမျိုးမြင့်၊ အသက် (၇၅)နှစ်

ကျောင်းအစ်မကြီး ဒေါ်ဒေါ်ဥ၊ အသက် (၆၀)နှစ်

အငြိမ်းစား ဗိုလ်မှူးကြီး ကြီးမြင့် အသက် (၆၅)နှစ်

ဒေါက်တာ မေနှင်းပန်၊ အသက် (၃၅)နှစ်

တက္ကသိုလ်ကျောင်းသား မောင်ဟန်မင်းသူ၊ အသက် (၂၃)နှစ်

သားသားလေး မောင်ချစ်ဦး၊ အသက် (၁၀)နှစ်

ချစ်ညီမလေး၊ မေပုလဲ၊ အသက် (၁၀)လ

ဒီလိုသတင်းမျိုးလေးတွေဟာ နေ့စဉ်နီးပါး ပါခဲ့ပါတယ်၊ ပါနေပါတယ်၊ ပါနေဦးမှာပါ…

ဆိုတော့……



Read more...

ဗေဒင်ဆရာကြီး ကောဏ္ဍညဗေဒင်ယုံပါသလား (လူမှုရေးဆောင်းပါးများ)

“ဗေဒင်ဆိုတာ မှန်သလား” ဟု မေးလျှင် မှန်သည့်ဘက်က ပိုများသည်ဟု ဖြေရပေလိမ့်မည်။

ဤနေရာတွင် ကျွန်တော်ဆိုလိုသော ဗေဒင်မှာ “နက္ခတ်ဗေဒင်”ကို ဆိုလိုခြင်းဖြစ်ပါသည်။

အခြားတွက်ချက်ဟောပြောမှုများကိုမူကျွန်တော်ကိုယ်တိုင်လေ့လာဖူးသည်မဟုတ်သောကြောင့်မပြောလို၊ မှတ်ချက် မပေးလိုပါ။

အောက်ဖော်ပြပါ အကြောင်းအရာတို့ပေါ် မူတည်၍ ဗေဒင်မှန်ကြောင်းကို လက်ခံနိုင်ဖွယ် ရှိပါသည်-

ဗုဒ္ဓမြတ်စွာဘုရား အလောင်းအလျာသိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူပြီးသည်နှင့် ကောဏ္ဍညနှင့် အခြားသော ဗေဒင်ပညာရှိများ ဗေဒင်ဟောရာတွင် အခြားဗေဒင်ဆရာကြီးများက အတိအကျ မဟောနိုင်သော်လည်း၊ အသက်အရွယ် အားဖြင့် အငယ်ဆုံး၊ ပညာအားဖြင့် အကြီးဆုံးဖြစ်သော ကောဏ္ဍညပုဏ္ဏားကမူ “ဧကန်စင်စစ် ဘုရားဖြစ်မည်” ဟု ဟောခဲ့ ဖူးသည် မဟုတ်ပါလော၊ ဟောကြားရုံမျှသာမဟုတ်၊ သူကိုယ်တိုင်ပင် ယုံကြည်၍ ဘုရားဦးဖူးရန်၊ တရားဦးနာရန် သိဒ္ဓတ္ထ မင်းသား တောမထွက်မီ ကြိုတင်၍ တောသို့ဝင်ကာ စောင့်နေခဲ့သည်။ ဘုရားလည်း ဖြစ်ခဲ့သည် မဟုတ်ပါလော။

ဆရာသိပ္ပံမောင်ဝ၏စစ်အတွင်းနေ့စဉ်မှတ်တမ်းများစာအုပ်၏နောက်ဆုံးစာမျက်နှာသည်လည်းဗေဒင်မှန်ကြောင်း ပြဆိုသွားသောသက်သေသာဓကပင်တည်း။ ၅ ဇွန်၄၂မှတ်တမ်း ၌ သူ ယခုနှစ် မွေးနေ့မတိုင်မီ သေလောက်သောဘေးနှင့် တွေ့လိမ့်မည်ဟု သူ့မိတ်ဆွေ ဗေဒင်ဆရာက လွန်ခဲ့သော ရှစ်နှစ်ခန့်က ဟောခဲ့သည်။ ည ၁၂ နာရီကျော်လျှင် ထိုဘေးမှ လွန်မြောက်ရတော့မည်ဟု ၀မ်းသာခဲ့သည်ဟု နေ့စဉ်မှတ်တမ်းတွင် ရေးခဲ့သည်။ သို့သော် ဆရာသည် ၆ ဇွန် ၄၂ နံနက်လင်းအားကြီး၌ပင် လူဆိုးများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ (ဗေဒင်ဆရာများက တစ်နေ့ကို တွက်ရာတွင် နံနက် ၆ နာရီမှ နောက်နေ့နံနက် ၆ နာရီအထိ ယူကြသည်။)

ကျွန်တော်ကိုယ်တိုင်လည်း ရက်စွဲနှင့်တကွ တိတိကျကျ ဗေဒင် အဟောခံခဲ့ရဖူး၍ မှန်လည်း မှန်ကန်ခဲ့သဖြင့် လွန်စွာအံ့သြခဲ့ရဖူးပါသည်။

စာဖတ်သူများအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ဗေဒင်မှန်ကန်သည်ကို ကြုံတွေ့ဖူးကြပေလိမ့်မည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ဗေဒင်ပညာကို စိတ်ဝင်စားခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ဗေဒင်ပညာကို လေ့လာ လိုက်စားနေသော သူငယ်ချင်းနှစ်ယောက် ရှိခဲ့ဖူးသည်။ သူတို့က ကျွန်တော်ခရီးထွက်ရန် ကိစ္စကြုံလျှင် ဟောကြတော့ သည်။ ဘယ်နေ့သွားရမည်၊ ဘယ်နေ့လောက် ပြန်ရောက်မည်ကအစ ဟောကြသည်၊ မှန်သည်ကများသည်။ ထို့ကြောင့် ကျွန်တော်က ထိုသူနှစ်ယောက် ပို၍မှန်ကန်အောင် ဟောနိုင်ရန် ကောင်းပေ့ ညွန့်ပေ့ ရှားပေ့ဆိုသော ဗေဒင်ကျမ်းများကို ၀ယ်ယူစုဆောင်းပေးသည်။ လေ့လာသူက နှစ်ယောက်ဖြစ်နေသောကြောင့် ကျွန်တော်၏အိမ်တွင် စာအုပ်ဗီရိုတစ်ခု လုပ်ထားပြီး၊ ထည့်ပေးထားသည်။ ယူဖတ်-ပြန်ထား ပုံစံဖြင့် ပံ့ပိုးမှု ပြုပေးခဲ့သည်။

ကိုယ်တိုင်ကလည်း စိတ်ဝင်စားမိသည်တစ်ကြောင်း၊ စာအုပ်များလည်း ပြည့်စုံနေသောကြောင့် ကျွန်တော်ပါ လေ့လာသူ စာရင်းဝင်သွားတော့သည်။ ဗေဒင် Software များလည်း လွယ်ကူစွာ ရရှိနိုင်သောကြောင့် Computer တွင်ထည့် တြိစက္ကဇာတာထုတ်၊ နောက်တော့ ကိုယ်နှင့် ရင်းနှီးသူများ၏ ဇာတာများဖွဲ့၊ သူတို့၏ဘ၀များနှင့် တိုက်ဆိုင် လေ့လာဖြင့် ဗေဒင်ကို အတော်အသင့် နားလည်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဗေဒင်ဆရာကြီး အချို့ထံမှလည်း နည်းခံမှတ်သား ခဲ့ဖူးပါသည်။

ဤဗေဒင်ပညာကို လေ့လာနေစဉ်အတွင်း နီးစပ်ရာ မိတ်ဆွေများကို ဆွေးနွေးအကြံပေးခဲ့ဖူးပါသည်။ ငွေကြေး တစ်စုံတစ်ရာမယူ၊ သုတေသနပြုရလျှင်ပင် ကျေနပ်နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းပညာသည် သိပ္ပံပညာတစ်ရပ်ဟုလည်း ယူဆမိသောကြောင့် မိမိကိုယ်ကို ကျေနပ်နေခဲ့မိခြင်း ဖြစ်ပါသည်။ ၀င်ငွေမရှိ၊ ထွက်ငွေသာရှိသော အလုပ်ပါတည်း။ သုတေသနဟူသည် ဤကဲ့သို့ စိတ်ထားနိုင်မှ လုပ်၍ရသော အလုပ်မျိုး ဖြစ်သည်။

ကိုယ်ကိုယ်တိုင်သေချာသုတေသနလုပ်လာသောအခါတွင်ကားဟောချက်များသည်ယေဘုယျ အမှန်သဘော မျှကိုသာ ဆောင်သည်ကို တွေ့ရသည်။ မှန်သောအခါ မှန်လိုက်၊ မှားသောအခါ မှားလိုက်နှင့် လုံးချာလည် နေတော့၏။ မှန်ရမည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချခဲ့သော်လည်း၊ မှားချင်မှားနေပြန်သည်၊ မမှန်နိုင်ဟု ထင်သော်လည်း မှန်၍ နေ တတ်ပြန်သည်။

တွက်နည်းမှန်သော်လည်း အဘယ်ကြောင့် အဖြေမှားရ ပြန်ပါသနည်း။ ကျွန်တော် ဉာဏ်မမီတော့။

x x x

လွန်ခဲ့သော ၂၀၀၄ ခုနစ် နှစ်ဆန်းပိုင်းမှစ၍ ကျွန်တော့်ဘ၀ တစ်ဆစ်ချိုး ရောက်ခဲ့သည်။ ဗုဒ္ဓ၏ တရားတော်များ အပေါ် သက်ဝင်ယုံကြည်မှုဖြင့် လေ့လာခဲ့သည်။ လေ့လာမှုရော အားထုတ်မှုပါ ပူးတွဲလုပ်ဆောင်ခဲ့သော်လည်း၊ ပရိယတ္တိ အားနည်းမှုကြောင့် ဗေဒင်ပညာကို လုံးဝ စွန့်ပါယ်နိုင်စွမ်း အားနည်းနေခဲ့သေးသည်။

တစ်ရက်တွင် ကျွန်တော်၏နေအိမ်သို့ ကျွန်တော့်ဇနီး၏တူမ (တူတော်မောင်၏ဇနီး) ရောက်လာခဲ့သည်။ မျက်နှာ မကောင်း၊ တူတော်မောင်မှာ ”စီပိုး” ကပ်ရောက်ခံရသည် ဟူသော သတင်းယူဆောင်လာသည်။ သက်ဆိုင်သူမှန်သမျှ အပူလုံးကြွရ၏။ တူတော်မောင်က လုပ်ငန်းကြီး လုပ်ကိုင်၍ စီးပွါးတောင့်တင်းသူ ဖြစ်သောကြောင့် တစ်ကြောင်း၊ အသက် အရွယ်မှာလည်း ငယ်ရွယ်သေးသည်တစ်ကြောင်းကြောင့် “မသေစေလိုကြသေး”။ ကျွန်တော့် အနေဖြင့်မူ မလွှဲရှောင်နိုင် သောအနေအထားမို့အမြတ်ဆုံးဝိပဿနာဆေးသာစားသုံးစေလိုသည်။ကျွန်တော့်ဇနီးကမူ အဒေါ်အရင်းလည်း ဖြစ်သည်မို့ သူတို့လာခေါ်သော ကားနှင့်ပင် နှစ်သိမ့်ရန် လိုက်ပါသွားသည်။ သူတို့ မထွက်ခွါမီ တူမောင်၏ မွေးနေ့သက္ကရာဇ်၊ မွေးချိန်အတိအကျ တောင်းယူရင်း ကွန်ပြူတာကို ဖွင့်မိပြန်သည်။

အဘယ့်ကြောင့်ဆိုသော် တူမောင်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းသူဖြစ်ပါသည်။ ငယ်စဉ်က ချို့တဲ့သူ ဖြစ်သော်လည်း၊ ယခုအခါ အလွန်ကြီးမားသော လုပ်ငန်းကြီးများ၊ ငွေကြေးဥစ္စာဓနများ ပိုင်ဆိုင်နေသူ ဖြစ်သောကြောင့် “ဗေဒင်သုတေသန” လုပ်လိုသော ကျွန်တော့်အတွက် အထူးစိတ်ဝင်စားမိခြင်း ဖြစ်ရပါသည်။

သူ၏ဇာတာကား အံ့သြဖွယ်ရာပါတည်း။ ၉ တန့်နှင့် ၁၀ တန့်သခင်တို့ အိမ်ချင်းဖလှယ်နေသော (ပရိဝတ္တနပြုနေ သော) ဇာတာဖြစ်၍ နေပေသည်။ အလွန်ကြီးမားသော ရာဇယုဂ်ပိုင်ရှင်ပါတည်း။ အသက်အန္တရာယ်ပိုင်း လေ့လာကြည့် သောအခါလည်း အန္တရာယ်ဖြစ်လောက်သော ဒဿာမရှိ၊ မူလဇာတာ၌ပင် အသက်တိုခြင်း အချက်အလက်မတွေ့၊ ဇနီးသည်ကို ပြန်လာပို့သော တူမတော်အား တွေ့သမျှလေး ပြောပြနှစ်သိမ့်ရသည်။

တစ်ပတ် နီးပါး အကြာတွင် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသည်။ သွေးပြန်စစ်၊ ထပ်တလဲလဲ သေချာ စစ်ဆေးသော်လည်း “စီပိုး” ရှာမတွေ့ပါ၊ မူလစစ်ချက် မှားပါသည်။ ယခုတော့ ပြန်လည် ပျော်ရွှင်နေကြပါပြီ-တဲ့။

မမှန်ဟု ပြောမရသော ဗေဒင်ပညာ ဖြစ်နေပြန်ပါတော့သည်။

x x x

ဗုဒ္ဓကမူဗေဒင်ဟောခြင်း၊ ဂါထာဆောင်ခြင်း၊ အဆောက်အအုံ နေရာကောင်း ရွေးချယ်ခြင်း၊ ရက်ရာဇာ၊ ပြဿဒါး ရွေးချယ်ကျင့်သုံးခြင်း စသောအရာများကို “အနိမ့်စား တတ်သိမှု” ဟု ခေါ်ဆို သတ်မှတ်ခဲ့လေသည်။ (ဒီဃနိကာယ်)

အဘယ်ကြောင့် ဤကဲ့သို့ မိန့်မှာခဲ့သည်ကိုလည်း ဗဟုသုတ မပြည့်စုံခဲ့သော ကျွန်တော်ေ၀၀ါးနေခဲ့ရပါသည်။

ကျွန်တော်၏စိတ်အရှုတ်အထွေးကို ရှင်းလင်းပေးသော ပုဂ္ဂိုလ်မြတ်မှာကား မြောက်ဒဂုံ(၁၆)ရပ်ကွက်၊ မိုးညှင်း သိ`င်္ဂီကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်) ဆရာတော်ကြီး ဖြစ်ပါသည်။

တရားစခန်းတစ်ခုဝင်စဉ် ဆရာတော်က ဗေဒင်ပညာများနှင့် ပတ်သက်၍ ဗေဒင်ပညာဆိုသည်မှာ “အကျိုးပေါ် မူတည်တွက်ချက်” ထားသော ပညာသာဖြစ်ကြောင်း ဟောကြားသည်ကို နာကြားရသည်နှင့် ကျွန်တော် ဉာဏ်အလင်း ပွင့် ပါတော့သည်၊ အလွန်မှန်သောစကားပေတည်း။ ဗေဒင်ပညာကို ကိုယ်တိုင်လေ့လာဖူး သောကြောင့်လည်း ချက်ချင်း သဘောပေါက်ရခြင်း ဖြစ်ပါသည်။ ဂြိုဟ်ကြီးကိုးလုံးပေါ် မူတည်၍ တွက်ချက်ခြင်းမျှသာ ဖြစ်သော ပညာရပ်ဖြစ်ပြီး၊ ဒီဂြိုဟ် ဒီမှာရှိနေလျှင် ဒါဖြစ်သည်ဟု သုတေသနပြုထားသော ကျမ်းများဖြစ်သောကြောင့် အချက်အလက်စုံလျှင် မှန်ပြန်၍၊ အချက်အလက်မစုံလျှင် အခြားအကြောင်းတစ်ရပ် ၀င်စွက်နေသည်ကို မသိလျှင် ရသောအဖြေ မှားပြန်တော့၏။

မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ကား အတိုင်းအဆမရှိပါတည်း။

ထို့ကြောင့်ပင် ဗုဒ္ဓ၏တရားတော်ဟူသမျှသည် “အကြောင်း”ပေါ်တွင်သာ အခြေခံဟောကြားခဲ့ခြင်း ဖြစ်သော ကြောင့် အမှားမရှိရခြင်း ဖြစ်ရလေတော့သည်။

အကြောင်းကောင်းလျှင် အကျိုးကောင်းမည်။

အကြောင်းဆိုးလျှင် အကျိုးဆိုးမည်။

ဗုဒ္ဓ၏တရားတော်ကိုတစ်ဆင့်ပြန်လည်ဟောကြားသိစေခဲ့သည့်ဉာဏ်အလင်းပွင့်စေခဲ့သော ပိုင်းလော့ ဆရာ တော် ကြီးအားလည်း လွန်စွာကျေးဇူးတင်၍ ဦးတင်ပူဇော်မိပါသည်။

ပရိယတ္တိ၏ကျေးဇူးကား ကြီးမားလှပေစွ။ ထို့ကြောင့်ပင် ပရိယတ္တိကိုလည်း သိနိုင်သမျှ သိရှိရအောင် ကြိုးစားရပါ တော့သည်။

ပဌာန်းတရားတော်ကို သင်ယူနားလည်ပြီးသောအခါတွင်ကား “ရှင်း” ရုံမျှမက “လင်း”ပါတော့၏။

ဗေဒင်ပညာကို မမှန်ဟု မပြောပါ၊ သို့သော် ဘ၀ အလုံးစုံ ပုံ၍ အားကိုးထိုက်သော ပညာရပ်တော့ မဟုတ်သော ကြောင့် ဘ၀နှင့်ရင်းရတော့မည်၊ သိပ်အရေးကြီးပြီဆိုလျှင်တော့ ဗေဒင်ကို ဘ၀ပုံ၍ မယုံအပ်ဟု ယူဆမိပါသည်။ အလွန် ခိုင်မာသော အောက်ပါ အချက်လေးတင်ပြရင်း နိဂုံးချုပ်လိုပါသည်။

x x x

လက်ညှိုးတစ်ချောင်းသာထောင်၍ “သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်ရမည်” ဟု အတိအကျ ဟောပြောခဲ့သူဖြစ်ရုံမျှသာမကဘုရားဦးဖူးရန်၊တရားဦးနာရန်တောသို့ ဦးစွာဝင်၍ ကြိုတင်စောင့်ခဲ့သောသူ ပညာအကြီးဆုံး ဗေဒင်ဆရာကြီးကောဏ္ဍညပင်လျှင်သူ့ဗေဒင်ကို သူသံသယဖြစ်ခဲ့ဖူးပါသည်-ဟု ဆိုလျှင် စာဖတ်သူများ လက်ခံလိုလိမ့်မည် မဟုတ်ပါ။

အမှန်တကယ်ကား သူ့ဗေဒင်ကို သူမယုံခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော်-

ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဒုက္ကရစရိယာခြောက်နှစ်ကျင့်ပြီးနောက်ဤအကျင့်ကားမှား၏ဟု ဆုံးဖြတ် ကာ ဆွမ်းပြန်ဘုဉ်းပေးရုံမျှ (ဘုရားမဖြစ်သေးသောကာလ ဖြစ်သောကြောင့် အစားအစာ ပြန်စားရုံမျှ)ကို ကြည့်၍ ဘုရားလောင်းသိဒ္ဓတ္ထကို ဘုရားမဖြစ်နိုင်တော့ဟု သံသယ၀င်ကာ စွန့်ခွါခဲ့ခြင်းကပင် ကောဏ္ဍညသည် သူ့ဗေဒင်ပညာကို သူမယုံခြင်း၏ ထင်ရှားသော သက်သေသာဓကပါတည်း။

ဗုဒ္ဓ၏တရားတော်၌ သံသယမ၀င် အမှန်မြင်၍ မိမိတို့၏ဘ၀များကို မိမိတို့ကိုယ်တိုင် အကြောင်းကောင်းအောင် ပြု၍ အကျိုးကောင်းများ ခံစားနိုင်ကြပါစေ။ ။

အတွဲ(၈)၊ အမှတ်စဉ်(၃၆၅) ၂၆-၁၁-၂၀၀၇(တနင်္လာနေ့)ထုတ် အတွေးသစ်ဂျာနယ်(the Creative journal)

Read more...

WFB workshop with Mae Chee Brigitte

The Little Bangkok Sangha

WFB workshop with Mae Chee Brigitte

2010 January 24
by Cittasamvaro

Meditation: up close and personal with Mae Chee Brigitte

Sunday 7th Feb.

Click to link to MC Brigitte's website

After a very well received one-day workshop in Jan 2010, Mae Chee Brigitte will be back in Bangkok to lead the monthly afternoon workshop at the WFB headquarters, near to the Emporium.

Mae Chee is a well known meditation teacher, based mostly in Thailand. She is Austrian, and speaks fluent German, English and Thai. Her easy instructions and encouragement to meditate have inspired many people to commit to a meditation practise. She is now based at a temple out past the Suvanabhumi Airport where visitors are welcome to stay (click the image to link to her website). However, due to popular demand she is very often away from the temple teaching meditation at different places, especially around Thailand and Europe.

The WFB Event schedule:

2:00 Introductions

2:15 Sitting and Walking meditation with explanations

4:00 Coffee break

4:20 Q&A

5:00 closing ceremony

Location :

Meeting Room, the World Fellowship of Buddhists (WFB) Headquarters Bldg., in Benjasiri Park, Sukhumvit 24, Bangkok, Time : All are welcome to join the programme free of charge.

click maps for larger view

WFB/WBU Building Wide area Skytrain map



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP