* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, January 19, 2010

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူး လို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။
ဆလိုင်း ဟန်သာစန်း
နယူးဒေလီ

အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။
ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။(၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။(၃) စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။


Read more...

ဘ၀ချမ်းသာဟူသည်... (တည်တောဆရာတော်)

စာမျက်နှာ ၁၁ မှ ၂၃ ထိ



























ဘ၀ချမ်းသာဟူသည်... စာမျက်နှာ ၁ မှ ၁၀ Print this post

Read more...

ဝိပဿနာ မဟုတ်ဘူးတဲ့... (အရှင်နာရဒ၊ (ဟိုပင်))

အရှင်နာရဒ၊ (ဟိုပင်)

ဝိပဿနာ မဟုတ်ဘူးတဲ့...







Print this post


Read more...

ဤခရီး နီးလာပြီ

အသက် ၂၀-အရွယ်လောက်မှာလို့ မှတ်မိနေတယ်၊ ဤခရီးနီးသလား-ဆိုတဲ့ စာရေးဆရာ ချစ်စံဝင်းရဲ့ ဆောင်းပါးရှည်ကြီးကို မြ၀တီမဂ္ဂဇင်းမှာ ဖတ်ခဲ့ရတယ်၊ နောက် အဲဒီဆောင်းပါးကြီးက စာအုပ်ဖြစ်လာပြီး အမျိုးသားစာပေဆု ရခဲ့တယ်။

ရေးထားတဲ့အကြောင်းရာကတော့ ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ဖြစ်-တည်-ပျက်သဘောတရား သုံးခု ကို အဓိကကျောရိုးလုပ်ထားတယ်၊ သူမေးတာက ဤခရီးနီးသလားတဲ့၊ ခု ဖြေချင်တာက ဤခရီး နီးလာပြီ။

ပြောခဲ့ဘူးပါတယ်၊ မွေးလာတည်းက သေခြင်းဆိုတဲ့ဆာတီဖေကိတ် လက်မှတ်ကြီးကို လက်မှာ ကိုင်ပြီးမွေးလာရတယ်၊ အဲဒီကစပြီး ခရီးလျှောက်နေကြရတာက သေခြင်းဆိုတဲ့ ပန်းတိုင်တစ်ခုဆီပေါ့၊ သေခြင်းဟာ တကယ်လည်း မဆန်းပါဘူး၊ သက်ရှိတစ်ယောက်ဖြစ်လာပြီဆိုရင် အဲဒီအသက် သေဆုံး ခြင်းဆိုတဲ့ နေ့ကို မလွဲမသွေတွေ့နေ ဆုံနေကြရဦးမှာအမှန်ပါပဲ၊ သေခြင်းက မထူးဆန်းလှပေမယ့် ရှင်ခြင်းကတော့ တကယ်ပဲ ထူးဆန်းလှပါတယ်၊ ရှင်နေတဲ့အချိန်မှာတော့ အမျိုးမျိုးနဲ့ဆန်းနေကြရ ပါတယ်၊ အဆန်းကောင်းတွေရှိသလို မကောင်းတဲ့အဆန်းတွေ အထူးတွေနဲ့လည်း လုံးပန်းနေကြရတာ ပါပဲ၊ ထူးထွေဆန်းပြားဆုံးအရာကတော့ လောကမှာ သက်ဝင်လှုပ်ရှား ရှင်သန်နေရတဲ့ဘ၀ပါပဲ။

ပန်းဥယျာဉ်ထဲမှာ အရောင်သွေးစုံနဲ့ ဖူးပွင့်နေကြတဲ့ ပန်းပွင့်တွေလိုပါပဲ၊ တစ်ချို့ကြွေ တစ်ချို့ဝေ၊ တစ်ချို့နွမ်း တစ်ချို့ပမ်း၊ တစ်ချို့ဖူး၊ တစ်ချို့ပွင့်၊ တစ်ချို့တော့လည်း ပိုးကိုက်ထားလို့ အလှတွေပျက်နေကြ၊ တစ်ချို့တော့လည်း အားမာန်အပြည့်နဲ့ ၀ံ့ထည်နေကြ၊ ဒီလောက ငါသာအလှဆုံး အကြွားဝံ့ဆုံးလို့ ပြောပြနေသယောင်ပေါ့။

အဲဒီလိုပါပဲ၊ လူ့ဘ၀ဆိုတာလည်း တစ်ချို့အလိုတွေပြည့်လို့၊ တစ်ချို့ အလိုတွေ ချို့လို၊ တစ်ချို့တော့လည်း ခက်နွမ်းနွမ်းနဲ့ လျှောက်လှမ်းကြရတဲ့ဘ၀၊ ပင်ပမ်းမှုတွေ အနန္တနဲ့ပေါ့၊ တစ်ချို့တော့ လည်း လောကနိဗ္ဗာန်လို့ ဆိုလောက်အောင် လောကကြီးမှာ အလိုဆန္ဒတွေ လိုသလိုရနေကြ၊ ဘ၀ဇာတ်ဆရာ အလိုကျ ကပြနေကြရတဲ့ လောကဇာတ်ခုံပေါ်မှာ-

တစ်ချို့က အလိုတွေပြည့်နေလို့ ဤခရီးဝေးတယ်ထင်နေကြတယ်၊ တစ်ချို့တော့လည်း အလို တွေ မပြည့်တော့ အဲဒီအလိုတွေ ပြည့်အောင်ဖြည့်ရင်း အားထုတ်ကြရင်းနဲ့ ဤခရီးကို ဝေးခြင်း နီးခြင်း သတိ မထားနိုင်ဖြစ်နေကြ၊ တကယ်ကတော့ ဤခရီးက နီးနီးလေးရယ်၊ သေခြင်း နဲ့ ရှင်ခြင်း ဆိုတဲ့ စကား နှစ်လုံးထဲနဲ့တင်ပဲ အနီးအဝေးက ကျောခြင်းကပ်နေတာ၊ သတိမမူရင်တော့ ဘယ်လာမြင်နိုင်ပ၊ သတိ မူမိရင်တော့လည်း ဒီခရီးက သိပ်ကိုနီးကပ်နေတယ်ဆိုတာကို မြင်ကြမှာပေါ့။

ဒီနေ့ခေတ် တီဗွီ၊ ဗွီဒီယိုဖန်သားပြင်တွေပေါ်မှာ ရှုမြင်နေကြရတဲ့ ဇာတ်ကွက်၊ ဇာတ်လမ်း၊ သရုပ်ဆောင်မှုတွေကို အတော်ထူးဆန်းတယ်နဲ့ လူတွေက မြင်နေကြ အထင်ရှိနေကြတယ်၊ အလှည့် အပြောင်းတွေ အနွှဲ့နှောင်းတွေ၊ ချစ်လိုက်ကြ၊ မုန်းလိုက်ကြ၊ တိုက်လိုက်ကြ၊ ခိုက်လိုက်ကြ၊ ချစ်ပြီးမုန်း၊ မုန်းပြီးချစ်၊ ကွဲကြ ကွာကြ၊ ပေါင်းကြ ဆုံကြ၊ ဒီနေ့ဆင်းရဲ နောက်နေ့ချမ်းသာ၊ ဒီနေ့ ချမ်းသာ၊ နောက်နေ့ ဆင်းရဲ၊ ဒါတွေကို စာရေးဆရာတွေ ဒါရိုက်တာတွေက ဖန်တီးကြ၊ ဖန်တီးတဲ့တိုင်း သရုပ်ဆောင်သူ တွေက လိုက်လုပ်ကြ၊ သရုပ်ဆောင် ကောင်းရင် ကောင်းသလောက် ဇာတ်ကွက်တွေက အသက်ဝင်၊ မကောင်းရင် မကောင်းသလောက် အသက်ကင်းမဲ့၊ အဲဒါ လူတွေဖန်တီးတဲ့ ဇာတ်ကွက်ပေါ့။

ဟော လောကကြီး၊ ကံကြမ္မာ ဖန်တီးတဲ့ဇာတ်ကွက်ကို ကြည့်၊ မြင်အောင်ကြည့်၊ ကြည့်တတ် ရင်တော့ လောကကြီးဟာ ဇာတ်ခုံကြီးပဲ၊ ကံကြမ္မာဟာ ဇာတ်လမ်းဖန်တီးသူ စာရေးဆရာ၊ ဒါရိုက်တာ၊ နေ့မြင် ညပျောက်၊ သေခြင်းနဲ့ ရှင်ခြင်းတရား၊ ချမ်းသာ ဆင်းရဲ၊ ကံကောင်းမှုနဲ့ ကံမွဲမှု၊ ကြိုးစားတိုင်း လည်း မအောင်မြင်၊ မကြိုးဘဲနဲ့လည်း အောင်မြင်မှုတွေက အစီအရီ၊ တိုက်အိမ်ကြီးတွေနဲ့ ဇိမ်ခံကားကြီး တွေပေါ်က သူဌေးကြီးတွေ ဆင်းရဲဒုက္ခတွေနဲ့ နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတာကို လူတွေကတော့ မမြင်၊ သူကိုယ်တိုင်သာ မြင်၊ ကြယ်မြင် လမြင်၊ အိမ်စုတ်လေးနဲ့ မိသားစု၊ ချစ်ခြင်းတရားတွေ အကြင်နာတွေ ဖေးမမှုတွေနဲ့ စိတ်လက်ချမ်းသာ နေထိုင်လုပ်ကိုင်စားသောက်နေကြတာ၊ ဘေးအမြင်ကတော့ သနား စရာ၊ ဆင်းရဲနေကြတယ်ပေါ့၊ သို့သော် မိသားစုလေးက ကျန်းမာပျော်ရွှင်၊ သူ့ဘ၀ သူတိုတီထွင်။

ကြားဘူး ဖတ်ဖူးကြပါလိမ့်မယ်၊ ကမ္ဘာ့သန်းကြွယ်သူဌေးကြီးတွေ၊ သန်းတွေသာ ကြွယ်နေတာ၊ အကြွေးတွေ လည်ပင်းထိရောက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကိုတော့ ဘေးက မမြင်နိုင်၊ သူတို့ဟာသူတို့တော့ဖြင့် နေ့မနားနိုင်၊ ညမအိပ်နိုင်၊ ဒီအကြွေးတွေ ဘယ်လိုလုပ်ဆပ်ပါ့မယ်နဲ့လေ။

လမ်းဘေးမှာ တောင်းရမ်းစားသောက်နေကြသူတွေ၊ လမ်းဘေးမှာ စိတ်မနံ့လို့ အရူးဘ၀ ရောက်နေကြတဲ့သူတွေ၊ ဘေးကတော့ သနားပါရဲ့၊ ဆင်းရဲလိုက်တာပေါ့၊ သို့သော် သူတို့ဘ၀ကို သူတို့ပျော်၊ ကူကယ်သူမဲ့ပေမယ့် သူတို့ပျော်ရွှင်။

ဟော ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီး ၀င်မွှေသွားလိုက်တာ ဧရာဝတီ တိုင်းကြီး တစ်ခုလုံးနီးပါး ချမ်းသာသူရော၊ ဆင်းရဲသူရော၊ ဘာသာခြားရော၊ ဘာသာတူရော၊ အားလုံး စိတ်ရော ကိုယ်ရော ဆင်းရဲခဲ့ကြ၊ သားကွဲ၊ မယားကွဲ၊ သားသေ မယားသေ၊ လင်သေ၊ အဘိုးသေ အဘွားသေ၊ မိသားစု အားလုံးသေကြေပျောက်ဆုံး၊ မိမဲ့ ဘမဲ့၊ ဘ၀မျိုးစုံ ဆင်းရဲအဖုံဖုံနဲ့၊ ဆင်းရဲသူတွေ ချမ်းသာခဲ့၊ ချမ်းသာသူတွေ ဆင်းရဲခဲ့၊ မနေ့ကသည် ဒီနေ့ရဲ့ တရားခံ၊ ဒီနေ့ဟာ မနက်ဖန်အတွက် အခြေခံအုပ်မြစ်လို့ဆိုမယ်ဆိုရင်ဖြင့်…..

ဒါတွေဟာ ကံဇာတ်ဆရာရဲ့စီမံဖန်တီးမှုလို့သာ ဆိုရပေမယ်လေ၊ မနေ့ကကို ဒီနေ့ မြင်နိုင်ခဲ့ကြ ပေမယ့် ဟို…. ရှေးရှေးက မနေ့ကကိုတော့ဖြင့် ဒို့မမြင်နိုင်ခဲ့ပေပဲ၊ အတိတ်ဆိုတာက အဝေးကြီးလည်း ရှိ၊ အနီးလေးလည်း ရှိ၊ အနီးအဝေး မမြင်နိုင်သေးသမျှကာလ၊ ဘယ်လာ ဘ၀ကို သုံးသပ်ဆင်ခြင်နိုင်ပ၊ အတိတ်ကောင်းမကောင်း ပစ္စုပ္ပန်ကိုကြည့်၊ အနာဂတ် ကောင်းနိုင်မကောင်းနိုင် ပစ္စုပ္ပန်ကိုကြည့်၊ ဒီလို ဆိုရင်ဖြင့် ဘာပဲဖြစ်ဖြစ်နေနေ၊ ဟောဒီ ဒီနေ့လေး သိပ်ကောင်းအောင် လုပ်သင့်တာပ။

ကံကြမ္မာက ဖန်လာပြီဆိုရင် ဒီနေ့ လောကမျက်မြင် စာရေးဆရာတွေ ဒါရိုက်တာတွေ လိုက်လို့ မမှီပါဘူး၊ ကံကြမ္မာက ဖန်တီးတဲ့ဇာတ်လောက် ထူးဆန်းတာ ဟောဒီလောကမှာ ဘယ်သင်း ဘယ်ဟာမှ မရှိပါဘူး၊ နေ့မြင် ညပျောက်ဆိုတဲ့ အနီးအဝေးဟာ တကယ့်ကို အနီးလေးပါ၊ သေခြင်း တရားနဲ့ ရှင်ခြင်းတရားဟာ သုံးနဲ့လေး (၃/၄)လို ကျောခြင်းကပ်နေတာမို့ မျက်နှာခြင်း ဆိုင်မိလိုက်တာ နဲ့ သေချင်သေ၊ ရှင်ချင်ရှင် တစ်ခုပါပဲ၊ ဤခရီးက အနီးလေး။

မသေခင်မှာ လုပ်စရာရှိတာတွေကို လုပ်ရမယ်၊ အကောင်းလုပ်ရင်တော့ ကောင်းကျိုးခံစား ရပေမယ်ပေါ့၊ မကောင်းတာလုပ်ရင်လည်း ကံဇာတ်ဆရာက မျက်နှာမလိုက်ပါဘူး မကောင်းကျိုးပဲ ခံစားရမှာပါ၊ မကောင်းတာလုပ်ပြီး ကောင်းကျိုးတွေခံစားနေရတယ်ဆိုပေမယ့် အဲဒါဟာ အတိတ် တစ်ခုခုမှာ ကောင်းတာတွေကြောင့်ရယ်ပါ၊ ကောင်းတာလုပ်ပေမယ့်လို့ မကောင်းတာတွေပဲ ဖြစ်နေရ တယ်ဆိုရင်လည်း ဒါဟာ ခေတ္တခဏ အခိုက်တန့်လေးပါ၊ ဟိုး… ရှေးရှေး မမြင်နိုင်တဲ့ ဘ၀တစ်ခုခုမှာ အမှားအယွင်းရှိခဲ့လိုသာပါ၊ ပါဠိစကားတစ်ခုမှာကတော့- ဇနေတိ သဒိသံ ပါကံ= တူသော အကျိုး ပေးလိမ့်မည်တဲ့၊ ဒီလိုရှိပါတယ်၊ အားငယ်စရာမဟုတ်ပါဘူး၊ အရေးကြီးတာက ခု လက်ရှိဘ၀လေးကို ကောင်းကောင်းနေဘို့၊ ကောင်းကောင်းလေး လုပ်ဘို့၊ ကံဇာတ်ဆရာကို ယုံကြည်မှုရှိစွာနဲ့ အလုပ်လုပ် ဘို့ပါပဲ။

ကံယုံပြီး ဆူးပုံကိုတော့ မနင်းကြနဲ့ပေါ့၊ ဆူးဆိုတာ စူးတတ်တဲ့အမျိုးမို့ ဆင်းရဲချမ်းသာ မရွေး၊ ဘာသာမရွေး၊ အသားရောင် မရွေး၊ စူးမှာပါပဲ၊ အဲဒီဆူး အစူးမခံရအောင် ဖိနပ်လေးစီးပြီး နင်းပေါ့၊ ဘယ် ဟာကိုလုပ်လုပ် စဉ်းစားဆင်ခြင်မှုလေးနဲ့လုပ်ပေါ့၊ ပညာဉာဏ်နဲ့ ဆင်ခြင်ပေါ့၊ ဘာပဲဖြစ်ဖြစ်၊ အသိလေး နဲ့ဆင်ခြင်ပြီး လုပ်ရင် လုပ်သမျှ အမှားနည်းမယ်၊ ကုသိုလ် အကုသိုလ်၊ ကောင်း မကောင်း ခွဲခြားပြီး လုပ်မယ်ဆိုရင် နောင်သံသရာအတွက် စိတ်ချရမယ်၊ အရာရာကို ကံကိုသာ ပုံချနေမယ်ဆိုရင်လည်း လောကကြီး ဘာမှအလုပ်မလုပ်ဘဲ အိပ်ပြီး အချိန်ကုန်တဲ့ထိနေပြီး သေယုံပဲရှိတာပ၊ အဲဒီလို မသေ သေးခင်၊ သေခြင်းဆိုတာနဲ့ ရင်မဆိုင်ရသေးသ၍ ကိုယ့်မှာ အမှားတွေ ပြင်ဆင်ခွင့်ရှိတယ်၊ အကောင်း တွေ ရွေးပြီး လုပ်ခွင့်ရှိတယ်၊ လုပ်တဲ့အလုပ်အတိုင်း ကာယကံ၊ ၀စီကံ၊ မနောကံ အားလုံးဟာ ဖြူစင်နေ မယ်၊ သန့်ရှင်းနေပြီဆိုရင်တော့ သေခြင်းတရားရေ မင်းဘယ်လောက် နီးနီး၊ ငါ့မှာ မင်းကို ရင်ဆိုင်ဘို့ အသင့်ပဲဟေ့လို့ ကြွေးကြော်နိုင်ပြီပေါ့။

အင်း …. ဤခရီးကတော့ နီးလာပြီ၊ လာဟေ့ သေမင်းလို့ ကြွေးကြော်နိုင်ကြပါပြီလား…. မကြွေးကြော်နိုင်သေးရင်ဖြင့် သူငယ်ချင်းရေ ဆက်ကြိုးစား၊ အချိန်ရှိသေးတယ်၊ မင်းမသေသေးဘူး၊ အင်း… ပြောမကောင်း ဆိုမကောင်း မင်း ခုသေသွားပြီဆိုပါတော့ …. ဒါမှ မဟုတ် သေတော့မယ်ဆိုရင်ပေါ့… ဒီလိုပြောမယ်… သူငယ်ချင်းရေ….

ဤခရီးနီးလာပြီ…..

18. 01. 2010



Read more...

အဘိဓမ္မာအပိုင်း ၂၊ အခန်း -၉ (လောဘ+ဆန္ဒ ထူးခြားပုံ)

ဒီနေ့ ပြောပြရမည့် မိမိတို့တစ်တွေ ခန္ဓာမှာ ဖြစ်နေတဲ့ အဘိဓမ္မာတရားက... ဥဒ္ဓစ္စ= စိတ်၏ မငြိမ်သက် ပျံ့လွင့်ခြင်း သဘောတရားဖြစ်ပါတယ်။ မိမိစိတ်တွေ မငြိမ်မသက်၊ ယောက်ယက်ခတ်နေတဲ့အခါသည် ဒီ ဥဒ္ဓစ္စတရား ကိန်းအောင်းနေတဲ့ အချိန် ဖြစ်ပါတယ်။ သူ့ကို ဘာဥပမာနှင့် သိလွယ်အောင် ပြောဆို သုံးနှုန်းလေ့ ရှိကြသလဲဆိုတော့... အလံတိုင်မှာ လွှင့်တင်ထားတဲ့ အလံတခွန်နဲ့ တူစွာ ပြောလေ့ရှိကြပါတယ်။ အလံတံခွန်လေးဟာ လေတိုက်တိုင်း လွင့်ကာ လွင့်ကာ ကောင်းစွာ မတည်တံ့သကဲ့သို့... ဤဥဒ္ဓစ္စတရား မိမိသန္တာန်မှာ ၀င်ရောက်လာတဲ့အခါ မိမိတို့ စိတ်ကလေးက ဂနာမငြိမ်ပဲ ယောက်ယက်ခတ်နေပါတယ်။ အာရုံတစ်ခုတည်းအပေါ်မှာ မတည်တံ့နိုင်ပဲ ဆုံးဖြတ်ချက်လည်း မချနိုင်ပါဘူး။ တရားအားထုတ်ဘူးသူများ ပိုသိသာပါတယ်။ တရားအားထုတ်မယ်ဆိုပြီး နှာသီးဖျား စိတ်လေးကပ်လိုက် လွတ်ထွက်သွားလိုက် ဖြစ်သွားတာမျိုး။ ဒီတရား၏ ဆန့်ကျင်ဘက် တရားက ပြီးခဲ့တဲ့ အညသမာန်းအုပ်စုတုန်းက ပြောပြခဲ့တဲ့ “ဧကဂ္ဂတာ” (သမာဓိ) စေတသိက်တရား ဖြစ်ပါတယ်။ လူတိုင်း စိတ်ယောက်ယက်ခတ်ဘူးတဲ့ သူတွေဆိုတော့... ဒီတရား ဒီလောက်နဲ့ဆို နားလည်လောက်ပါတယ်နော်။ ဒီသဘောသည် ဥဒ္ဓစ္စစေတသိက်တရား၏ သဘောအဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်တစ်ပါးက... လူ့ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ တရားဖြစ်ပါတယ်။ လောဘ= အာရုံ တခုခုအပေါ်မှာ စွဲလမ်း တပ်မက်ခြင်း သဘောတရား ဖြစ်ပါတယ်။ ပါဠိစာပေမှာ “လောဘ”ရဲ့ ပရိယာယ် စကားလုံး အနေအားဖြင့် တခြားသုံးလေ့ရှိတဲ့ အဓိပ္ပါယ်တူ စကားလုံးများကတော့ (တဏှာ၊ ရာဂ)စသည်များ ဖြစ်ပါတယ်။ ဒီတရားရဲ့ သဘောတရားကို ထင်ရှားစွာ သိအောင် ပမာပုံဆောင် ပြောကြတာက “မျောက်နှဲစေးက မျောက်ကို ဖမ်းထားပုံ ပမာဖြင့်” ပြောပြလေ့ရှိကြပါတယ်။
မျောက်နှဲစေးဆိုတာ ၄င်းအစေးကို သွားကပ်လိုက်ရင် ခွာရခက်တဲ့ “စေးကပ်တဲ့ အစေးပဲ” ဖြစ်ပါတယ်။ ခေတ်စကားအရဆိုရင်... “ဆင်ကော်”လို ကော်မျိုးနှင့် စေးကပ်တဲ့နေရာမှာ ပမာတူမယ် ထင်ပါတယ်။
ယင်းမျောက်နဲစေး၏ အနီးသို့ ဆော့ချင်သော မျောက်တစ်ကောင် ရောက်လာတယ်ဆိုပါတော့... မျောက်ဆိုတဲ့ သတွာက ထူးတာ ဆန်းတာမြင်ရင် ဆော့တတ်တဲ့ သဘောရှိတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ မျောက်သည် ၄င်းသစ်စေးကို ဆော့ချင်ဇောဖြင့် လက်တစ်ဘက်ဖြင့် နှိုက်စမ်း ဆော့ကြည့်မယ်... သစ်စေးက ယင်းလက်ကို ခွာမရအောင် ကပ်ပါလိမ့်မယ်။ နောက် ကျန်လက်တစ်ဘက်ဖြင့် ကပ်သွားတဲ့ လက်ကို ခွာဖို့ ကြိုးစားပါလိမ့်မယ်။ ထိုကျန်တဲ့ လက်ကိုလည်း သစ်စေးက ခွာမရအောင် ကပ်လိုက်ပါလိမ့်မယ်။ နောက် မျောက်က လက်နှစ်ဘက်ကွာဖို့ ဘာသုံးမလဲဆိုတော့... ပါးစပ်ကို အသုံးချပါလိမ့်မယ်။ ပါးစပ်ကိုလည်း သစ်စေးက ကပ်ထားပြန်ပါလိမ့်မယ်။ နောက် မျောက်က ဘာအသုံးချမလဲဆိုတော့... ခြေထောက် နှစ်ဘက် အသုံးချကာ ဘယ်ပြန် ညာပြန် ခွာဖို့ တွန်းကန်ကာ ကြိုးစားပါလိမ့်မယ်။ သစ်စေးက ခြေထောက် နှစ်ဘက်ကိုလည်း မညှာမတာ ကပ်ထားလိုက်ပါလိမ့်မယ်။ နောက် မျောက်က ဘာကို အသုံးချမလဲဆိုရင်.. ကျန်တဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး လှုပ်ယမ်းကာ ကပ်နေတဲ့ ခန္ဓာကိုယ်အစိပ်အပိုင်းကို ခွာဖို့ ကြိုးစားပါလိမ့်မယ်... ဒီအခါမှာ မျောက်နှဲစေးလို့ ခေါ်တဲ့ သစ်စေးက မျောက်ခန္ဓာတစ်ကိုယ်လုံး လှုပ်ရှားမရအောင် ဖွဲ့နှောင်ကာ ကပ်ထားပါလိမ့်မယ်။ ဒီတော့ မျောက်ခမျာ ဘာမှ မတတ်နိုင်တော့ပါဘူး၊ မျောက်နှဲစေးပင်အောက်မှာ သေယုံမှတပါး အခြား မရှိတော့ပါဘူး။
လောဘရဲ့ သဘောကလည်း ဒီသဘောအတိုင်းပါပဲ၊ မြင်မှု, ကြားမှုစတဲ့ အာရုံ ခြောက်ပါးနဲ့ တိုက်ဆိုင်လာတဲ့အခါ မြင်မှုအပေါ်၊ ကြားမှုအပေါ် တမ်းတမ်းစွဲ, လောဘစိတ်များဖြစ်ကာ မခွာရက်အောင် ဖမ်းယူထားတတ်တဲ့ သဘောပါ။ လောဘ(တပ်မက်မှု) အားကြီးသူတို့မှာ လူ့ဘ၀ ရလာတယ်ဆိုပေမယ့် လက်ရှိ တမလွန် ဘ၀ကောင်းကျိုးအတွက် ဘာမှမလုပ်နိုင်ဘဲ ကာမဂုဏ်အာရုံတည်းဟူသော လောဘအစေးကပ်ခံရပြီး အကျိုးနဲစွာဖြင့် ဘ၀ဇာတ်သိမ်းကြရတာပါပဲ။
ဒီနေရာမှာ ဥပမာနှင့် ဥပမေယျ (အနှိုင်းယှဉ်စရာ+အနှိုင်းယှဉ်ခံ) တရားများကို စပ်ကြည့်လိုက်တော့... စေးကပ်တတ်တဲ့ မျောက်နှဲစေးနဲ့ လောဘတူတယ်၊ မျောက်၏ လက် -၂-ချောင်း, ခြေ -၂-ချောင်း, ပါးစပ်, ကိုယ် (၆)မျိုးနှင့် မြင်မှု, ကြားမှုစတဲ့ အာရုံ (၆)ပါးနှင့် တူပါတယ်။
ဒီသဘောတရားသည် လောဘ၏ သဘော အဓိပ္ပါယ်ပင် ဖြစ်ပါတယ်။ တဏှာ၊ ရာဂတို့ဆိုတာကလည်း အတူတူပါပဲ။
ဒီနေရာမှာ အထူးမှတ်သားစရာ တခုက... အပေါ် ပကိဏ်းစေတသိက်အုပ်စုမှာ ပြခဲ့တဲ့ ဆန္ဒ=တောင့်တမှု သဘော၊ ဒီလောဘ=တပ်မက်မှု သဘောက ဘယ်လို ထူးခြင်းသလဲဆိုတာ ကြည့်ကြရအောင်။
တော်တော်များ သိထားကြတာက ဆန္ဒ=လိုချင်မှု၊ တောင့်တမှုသည် ကောင်းတဲ့ဘက်မှာပဲ ဖြစ်တယ်လို့ ထင်ထားကြပါတယ်။ ဆန္ဒသည် အပေါ်အုပ်စုတုန်းက ပြောခဲ့သလို... ကောင်းတဲ့ ကုသိုလ်၊ မကောင်းတဲ့ အကုသိုလ် စသည် စိတ်အားလုံးနီးပါးနှင့် အလျဉ်းသင့်သလို ဖြစ်ပါတယ်။ လောဘကတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဖြစ်တဲ့ အခါ ဖြစ်ပါတယ်။
ဒီတော့ သိသာအောင် ကွဲကွဲပြားပြား ဘယ်လိုမှတ်ထားမလဲဆိုတော့... ဆန္ဒတရား၏ တောင့်တမှု လိုချင်မှု သဘောသည် လိုချင်မှုဇော အစေးမရှိ, မရမနေဟူသော ငြိကပ်မှု သဘောမပါ။
လောဘတရား၏ တပ်မက်လိုချင်မှုသည် ငန်းငန်းစွဲ တပ်မက်မှု၊ လိုချင်မှုဇော အစေးရှိ၏, ငြိကပ်မှု သဘောပါ၏။ ဥပမာ- ငါဒီပစ္စည်းလေး လိုချင်လိုက်တာဆိုရင် ဆန္ဒ=တောင့်တမှုသဘော။ ငါဒီပစ္စည်း မရ ရအောင် လုပ်မယ်၊ ပိုက်ဆံမလောက်လည်း အကြွေးဝယ်မယ်၊ ဒီလိုမှ မရရင် ခိုးမယ်.. စသည် မရ မက ရချင်တာ စွဲလမ်းတာကြတော့ လောဘရဲ့ သဘောပါ။ ဒီလောက်ဆိုရင် (ဆန္ဒရဲ့ လိုချင်တောင့်တမှုနှင့် လောဘရဲ့ လိုချင်တပ်မက်မှု သဘောအဓိပ္ပါယ်ကွဲပြား ခြားနားမှုကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေ့ ဒီ -၂-ပါးနှင့်ပဲ ရပါနားပါအုန်းမယ်။ ဆက်လက် ပြောပြပေးပါမည်။


Read more...

တွေးမိနေတဲ့ အတွေးများ (၃)

တစ်ခါတစ်လေ စိတ်ကအတိတ်ကို ပြန်သွားတယ် အတိတ်ကိုလည်းမပြန်နဲ့ အနာဂတ်ကိုလည်း မကြံနဲ့ ဆိုတဲ့စကားကို ကျနော်နားမထောင် ပစ္စုပန်ကိုပဲတသိထဲသိပြီး နေနိုင်အောင် ကျနော်မလုပ်နိုင်သေး မနေနိုင်သေး သေချာအောင်ပြောရမယ်ဆိုရင်တော့ ကျနော်မနေတတ်သေးပါ ပစ္စုပန်ကိုတည့်တည့်ကြည်နိုင်တဲ့ သတိကလည်းအရမ်းကိုအားနည်း နေသေးတယ်လေ၊ ဒီတော့ စိတ်က တောင်ရောက်လိုက် မြောက်လာလိုက် ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်လိုက် ပြန်တည့်လိုက် မကောင်းမှုကိုကြံလိုက် ကောင်းမှုကိုတွေးလိုက် လေနဲ့
အတိုက်ခံရတဲ့ တိမ်တိုက်လိုပဲ လေစီမံရာ နာခံနေလိုက်ရတဲ့ လေလိုက်တိမ် တွေလိုပါပဲလေ၊ ကောင်းကင်ကျယ်တစ်နံတစ်လျား လေထားရာနေ လေစေရာသွား လေတွေအစားခံနေရတဲ့ လေလိုက်တိမ်လေ။

တိမ်တွေကိုပြောပြီး တိမ်နဲ့တူတဲ့စိတ် ကိလေသာခိုင်းရာ လိုက်ပြီးတော့လုပ် အဟုတ်ထင်ပြီးနေ မာန်တွေတက်ပြီးနေ သံဝေဂဆိုတာ ရောင်ပြီးတောင်မလာ အိုနာသေစကား အနားလာမပြောနဲ့ ငါကအသက်တစ်ထောင် ရှည်မဲ့လူလို့ထင်မှတ်မိနေတုံးပါ။

ကျနော်ငယ်တုံးကပေါ့ ကျနော့်လက်ဦးဆရာ ဦးလှဋ္ဌေးနဲ့ ကျနော် ဆရာတော်ကြီး ဦဇာဂရ ကိုအဖူးရောက်တော့ ဆရာတော်ကြီးမိန့်တာကို ရင်ထဲရောက်အောင်မှတ်ခဲ့တယ် နောက်တော့ ဆရာတော်ကြီးရဲ့ အနောက်မှာကျနော် အမြဲပါခဲ့ရတယ် ဘယ်သွားသွားပေါ့လေ ပြောလက်စ စကားကိုပြန်ကောက် ရရင်တော့..အဲလိုဖူးနေတုံးမှာပဲ..

“ ဒကာကြီးတို့ရေ အခုက၀ိမုတ္တိခောတ်ဆိုပေမဲ့ ကာလကပျက်ချိန်၊ အခါပျက်ချိန်ပေါ့ကွယ်၊တကယ်ကောင်းတယ် ဆိုတာက ခေတ်ရောအခါပါကောင်းမှဟ၊ဒီတော့ ၀ိပဿနာ တရားကြီးက အရမ်းကိုပျံ့နှံ့လာနေတယ်၊ ဒါကိုတချို့က သေနည်းသင်တန်းတရား လို့အမည်တပ်နေကြတယ်၊ဒါ တခြမ်းပဲရှိသေးတယ် တကယ်က ၀ိပဿနာတရားတော် ဟာ နေနည်းကိုပါ သင်ပေးတာပါ။ ဒီတော့ နေနည်းကို အရင်သင် နေနည်းတတ်မှ သေနည်းတတ်မယ် မဟုတ်ရင် မလွယ်ဘူး နေလို့တောင်မတတ်တဲ့ လူဟာ ဘယ်တော့မှသေလို့မတတ်ဘူး’

ဟုတ်ပါတယ် ကျနော့်ဘ၀တလျှောက်လုံးမှာ ကျနော်ဟာနေတတ်အောင်အရင် အားထုတ်ခဲ့ရတာပါ ဖြစ်သလိုနေ ဖြစ်သလိုစားရင်တော့ သေချာတာက ဖြစ်သလိုသေသွားမှာပါ ဥပမာကျနော်မြင်တာလေးတွေ ပြောမယ် တရားစခန်းတွေ ရိပ်သာတွေ ၀င်ကြတယ် တချို့များနာမယ်ကြီးတဲ့ဆရာတော်တွေ ဖွင့်တဲ့တရားစခန်း တိုင်းကို အချိန်ကုန် ငွေကုန်ခံပြီးသွား ပြန်လာတော့ ထုးံစံအတိုင်း မပြောင်းလဲဘူး။ မော်နေတုံး ပျော်နေတုံး ပြီးတော့ လောဘဒီရေတွေ တက်နေတုံး လေ၊ဲလောကဒဏ် လို့ပြောရမဲ့ လောကဓံက အလှည့်ကျ ကံနိမ့်ချိန်ကျတော့ ဘုန်းမီးနေလ မတောက်နိုင်တဲ့အချိန် တွေရောက်လာတော့ ငိုချင်းရှည်ကြီးတွေ သောကပန်းတွေကို ခေါင်းမှာပန်ပြီးနေယုံ တင်မက အရပ်ချပြပြီး အရူးတစ်ပိုင်းဖြစ်လာခဲ့ကြတာတွေကိုတွေ့ရဖန် များလာတော့ နေနည်းဟာ အရေးပိုကြီးလာတယ်လို့ သိမြင်လာတယ်။ ဒီလိုနေနည်းအကြောင်းတွေးနေမိရင်းက ဆရာနေ ၀င်းမြင့်ရဲ့ အေးအေးလူလူအတွေးများထဲက ဘကြီးညိုကို သတိရလာတယ် ။

ဘကြီးညိုက ရေကိုပဲအိမ်လုပ်နေရတယ် ရေနဲ့တက်နဲ့ လောကကိုဖြတ်ကူးရသူဆိုတော့ ရောက်ရာအရပ်မှာ ဘ၀လုပ်နေရသူပေါ့။ တရားဘာဝနာ အားထုတ်ဖို့ အချိန်ရှိတဲ့အခါလည်း ရှိတယ် မရှိတဲ့အခါကျတော့ ဘ၀ထဲမှာပဲ တရားရှာရတယ်။ ဆိုပါတော့ ကျုပ်တို့လှေသူကြီးများဟာ အခါမလပ် ၀ိရိယကို စိုက်ထုတ်ပြီး ကျက်စားသွားလာ နေရသလိုပဲ ယောဂီရဟန်းများဟာ အခါမလပ်သင့်တင့်တဲ့နှလုံးသွင်းမှု ယောနိသောမနသီကာယ ရှိကြရတယ်။ လှေသူကြီးများဟာ ရေရဲ့သဘာဝအခြေနေ ကောင်းမကောင်းကို သိရသလိုပဲ၊ ယောဂီရဟန်းများဟာလည်း ကောင်းမကောင်း ကုသိုလ် အကုသိုလ် ခွဲခြားသိရတယ်၊လှေသူကြီးများဟာ လှေထဲမှာ အခွင့်မရှိတဲ့အရာ မကိုင်မထိစေရ သလိုပဲ ယောဂီရဟန်းများဟာ ယုတ်ညံ့တဲ့အကုသိုလ်စိတ်ကို မထိကိုင်စေရဘူး။ ကာမ၀ိတက်၊ဗျာပါဒ၀ိတက်၊ ၀ိဟိံသ၀ိတက်စတဲ့ အကုသိုလ် အကြံစည်က ကင်းကြရတယ်။

အခုကျနော်ပြန်ပြောပြတာ ဘကြီးညိုရဲ့အတွေး ဆရာနေ၀င်းမြင့်ရဲ့စာပါ၊ ကျနော်တို့ဘ၀တွေကို ဖြတ်သန်းနေတယ် ဘာနဲ့ဖြတ်သန်းနေလဲ ယုတ်စွာဆုံး ပိုက်ဆံအပေး အယူတဲ့ နေရာမှာတောင် ကိုယ်က အသစ်ကလေးပဲလိုချင်ပြီး သူများကြတော့ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ဟာကိုပဲ ပေးချင်ကြတာလေ၊ အတ္တသတ်တဲ့နေရာ တရားစခန်းရိပ်သာ သွားတာတောင်မှပဲ ငါကယောဂီဟောင်း သူကအသစ် ဒီတော့ငါပြောတာ သူကနာခံရမယ်တဲ့၊ တွေ့ဖူးတာလေးပြောရဦးမယ် လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလကပေါ့လေ ဈေးကြီးထဲလူလည်ခေါင်မှာ အမေကသမီးကို ပါးရိုက်ပြီး ဆုံးမတာ ကောင်မလေးခမျာ ရှက်လွန်းလို့ အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာ ကံကောင်းပြီး လူမိလို့ တရားချပြီး အရှက်ဖြေရတယ် ဆုံမရတဲ့အကြောင်းအရင်းကတော့’ ညဏ်စဉ်မနာရသေးခင် တရားစခန်းက ထွက်လာလို့တဲ့ဗျာ” ကျော်မကောင်း ကြားမကောင်းတဲ့ အဖြစ်တွေပါ။

တကယ်တော့ မဟာစည်ဆရာတော်ကြီးက တရားအားထုတ်ပြီးတဲ့ ယောဂီများ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်ကြည့်ဖို့ စေတနာနဲ့ နားလည်ပါစေဆိုပြီး ဟောပြတဲ့တရားကို ညဏ်စဉ်မနာရလို့ ဂုဏ်ပျက်သိက္ခာကျ ရတယ်လို့ ထင်တဲ့သူတွေ ဘယ်လောက်ရှိမှန်း ကျနော်မပြောတတ်တော့ပါ။
မိုးကုတ်ဆရာတော်ကြီးကလည်း သက္ကယဒိဋ္ဌိကို အရင်ဖြုတ်ပါ ဆိုတဲ့ အတန်တန်ဆုံးမနေတဲ့ ကြားထဲက “ ကျုပ်တို့မိုးကုတ်နည်း ဥပနိဿယကမှ ၀ိပဿနာအစစ်၊(………) နည်းက ၀ိပဿနာအတု ဆိုတဲ့ဟောပြောချက်တွေက စပြီး ပြဿနာတက်လာတော့ ကျနော်ဥပသကာ ဟိုစပ်စပ် ဒီစပ်စပ်မှာ စကားစစ်ခင်းပြီး ပြဿနာငြိမ်းခဲ့ဘူးပါတယ်၊ ဒီဆရာတွေလည်း အခုထိတရားပြနေတုံးဆိုပေမဲ့ စကားပြောရော တရားဟောပါဆင်ခြင်နေပါပြီ၊။

အဲလိုဖြစ်ရတာက နေထိုင်ပြောဆိုမတတ်မှုက တရားခံပါ၊ တကယ့်ကို ကိုယ့်အကြောင်းကိုပြန်တွေးတဲ့အခါ မိမိကိုယ်ကိုနိမ့်ချပြီး စဉ်းစားဖို့အရမ်းလိုပါ၊ ဘာမှမဟုတ်သေးတဲ့ သူတွေမို့လို့လဲ အခုချိန်ထိသံသရာကြောမှာ မျှောမဆုံးဖြစ်နေတာပါ၊

ဘာမှမဟုတ်သေးမှန်း သိလာရင်တခြားသူတွေကို လေးစားလာလိမ့်မယ် သူတို့အတွက်တွေးပေးလာလိမ့်မယ် ဝေဘူဆရာတော်ကြီးဆုံး ဆုံးမခဲ့ဘူးသလိုပေါ့ “ နေရာမကျတာကို နေရာကျတယ်လို့ ထင်နေရင်မှားပြီတဲ့ဗျာ”

နေနည်းတွေကိုဘုရားအစရှိတဲ့ သူတော်ကောင်းတွေ တွေသင်ပြခဲ့တယ် သိပြီးတတ်ပြီးသားတွေပါ လိုက်ပြီးကျင့်ကြဖို့လိုတယ် ဘဘဦရွှေအောင်က တိုင်းပြည်ကိုပြောတယ် လူတွေကိုပြောတယ် “တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောင်နှေင်း ဆက်တိုင်းကောင်း၏” ဆိုတဲ့နေည်းပါ။

ကျနော်လေးစားခဲ့ရတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောတယ် “ အတ္တဖြုတ်ကြ..အို…အတ္တဖြုတ်ကြ” တဲ့လေ။


ငြိမ်းချမ်းကြပါစေ

ဥပသကာ


Read more...

အတွင်းသားကို တူးဖြိုမိခြင်း

(၁)
ဒီအချိန်ရောက်မှတော့ ပို့စ်အသစ်တစ်ခုတင်ဖို့ အချိန်မရှိတော့တာသေချာတယ်။ ည ၁၁း၁၄ နာရီတိတိ။
ညနေခင်းဆီက သင်တန်းတွေ တက်ဖြစ်တယ်။ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းသင်တန်းနဲ့ ကွန်ပြူတာသင်တန်းတွေထဲ တစ်ညနေခင်းလုံး မြှုတ်နှံထားလိုက်တာပါ။

ဘုရားစကားတော်တွေကို စာမေးပွဲအတွက်မဟုတ်ဘဲ အလွတ်တန်းလေ့လာရတော့လည်း ပွင့်လင်းသိမြင်မှုက မတူဘူး။ အတွေးသစ်တွေတလိပ်လိပ်တက်လာတယ်။ ဘုရားရှင်ရဲ့ ဟန်ပန်အမူအရာတော်နဲ့အဆင့်မြင့်လှတဲ့ စကားသုံးနှုံးပုံတွေက မြတ်နိုးစရာသိပ်ကောင်းတာပါပဲ။ဒီသင်တန်းမှာ ပိဋကတ်ဆရာဆွဲထုတ်ပြတဲ့ အစလေးတွေကနေ ဆက်ဆက်ပြီး မြင်မိတဲ့ဓမ္မရှုမျှော်ခင်းတွေက လှတယ်။ လွန်ခဲ့တဲ့တစ်ပတ်က မပြီးပြတ်သေးတဲ့ သာမညဖလသုတ်တော်ကို ဒီနေ့ နိဂုံးရောက်အောင်သွားခဲ့ကြပါတယ်။


(၂)

သာမညဖလဒေသနာအဆုံးမှာ အဇာတသတ်ဘုရင်ဟာ ငြိမ်းအေးမှုကို ရသွားခဲ့ပါတယ်။ဖခင်ကို သတ်မိလို့ပူလောင်နေတဲ့စိတ်တွေ ခိုကိုးရာရသွားခဲ့တာပါ။ ဘုရားရှင်နဲ့သာမတွေ့ရရင် သူရူးသွားနိုင်ပါသတဲ့။
ဖခင်တရားမင်းကို သတ်ခဲ့မိတဲ့အတွက်လည်း ဘုရားရှင်ကို တောင်းပန်ခဲ့ပါသေးတယ်။
အဇာတသတ်မင်းက ဘုရားရှင်ကို လျှောက်တဲ့စကားထဲမှာ အနံ့တစ်ခုခုကို ရှိုက်မိသလိုပါ။
“ မိုက်မဲတွေဝေဆိုးသွမ်းစွာ ဖခင်တရားမင်းမြတ်ကို အာဏာအတွက်(ဣဿရိယကာရဏာ)သတ်ခဲ့မိပါတယ်” လို့ဝန်ခံတောင်းပန်တဲ့စကားလေးပါ။ ရွာဦးကျောင်းဘုန်းတော်ကြီးကတော့ “ အဇာတသတ်က ပါဝါနိုင်ငံရေးသမားကွ” လို့မှတ်ချက်ပေးဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် အဇာတသတ်မင်းကြီးဟာ ရတနာသုံးပါးကို ကြည်ညိုသွားခဲ့ပါတယ်။

အဖွင့်ကျမ်းတွေကတော့ အဇာတသတ်မင်းကြီးဟာ ပုထုဇဉ်တွေထဲမှာတော့ ဘုရားရှင်ကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ဇိနတ္ထပကာသနီမှာအဇာတသတ်မင်းကြီးကို ဘုရားရှင်ပရိနိဗ္ဗာန်စံပြီဆိုတဲ့စကား လျှောက်ထားသံတော်ဦးတင်တဲ့အခန်းဟာ လွမ်းစရာကောင်းခဲ့ပါတယ်။ ခိုကိုးရာမဲ့ချိန်မှာ ဘုရားရှင်ရဲ့ မဟာကရုဏာအရိပ်က အဇာတသတ်ရဲ့ ဘ၀တစ်သက်တာအတွက် အေးခဲ့တာပါ။ ဒါပေမယ့် နောက်ကျခဲ့ပါတယ်။

ရတနာသုံးပါးကြည်ညိုသူအဖြစ် ဘုရားရှင်ထံတော်ပါးမှာ သရဏဂုံဆောက်တည်ပြီး အဇာတသတ်မင်းကြီးပြန်လည်ထွက်ခွာသွားတဲ့အခါမှာတော့ ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းတော်တွေကို မိန့်မြွက်တဲ့ ဓမ္မသံဝေဂစကားတော်ကိုလည်း နာကြည့်လိုက်ပါဦး။
“ရဟန်းတို့ အဇာတသတ်ဟာ မိမိကိုယ်ကိုယ်တူးဖြိုပစ်လိုက်သူ(ခတပုဂ္ဂိုလ်)ပါပဲ။ မိမိကိုယ်ကိုယ်သတ်ပစ်လိုက်သူ(ဟတပုဂ္ဂိုလ်)ပါပဲ။တကယ်လို့သာ ဖခင်တရားမင်းမြတ်ကိုသာ မသတ်ခဲ့ဘူးဆိုရင် ဒီနေရာမှာပဲ မြူမှုံကင်းပပြီး အညစ်အကြေးရှင်းတဲ့ တရားမျက်လုံး ဖြစ်ထွန်းနိုင်ပေရဲ့“တဲ့။
တရားထူးသိမြင်မယ်လို့ဆိုလိုတာပါ။
အော် လွဲပေစွ၊
အဇာတသတ်ဘုရင်ဟာ ပါရမီအတွင်းသားကိုမှ တူးဖြိုမိလေသကိုး။ ဆည်းပူးခဲ့သမျှကံမြတ်တွေကို သတ်မိလေသကိုး။

ပိဋကတ်ဆရာကတော့ ဒီလိုမှတ်ချက်ချပါတယ်။
“လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပါရမီတွေကောင်းကောင်း။ ဘယ်လိုပဲ ထူးချွန်ထူးချွန်။ ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ဆွေကောင်းရဲ့ အမှီသာမရရင် ပျက်ဆီးတတ်တာပါပဲ။”
အဇာတသတ်မင်းသားလေးဟာ ပါရမီအရှိန်အ၀ါမြင့်မားပေမယ့် မိတ်ဆွေကောင်းနဲ့လွဲချော်ခဲ့ပါတယ်။ ဓမ္မအစစ်နဲ့လွဲချော်ခဲ့ပါတယ်။ ဒီလိုနဲ့ လွမ်းမြောက်ရာလမ်းနဲ့လည်း ဝေးခဲ့ရပါတော့တယ်။

ဘာပဲဖြစ်ဖြစ် အဇာတသတ်မင်းကြီးဟာ သူ့ဘ၀ရဲ့နောက်ပိုင်းအချိန်တွေမှာ
အားထားလောက်တဲ့ သာသနာ့ဒါယကာအဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့ပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာ ကျေးဇူးရှင်ကြီးရဲ့သာသနာတော်အဓွန့်ရှည်တည်တံ့ရေး အားသစ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်တွေရဲ့ မှီရာနံရံတံတိုင်းကြီးဖြစ်ခဲ့ပါတယ်။ ပထမသင်္ဂါယနာပွဲကြီးဖြစ်မြောက်ရေးအတွက် အာဏာကို အကျိုးရှိစွာ အသုံးပြုခဲ့တာပါ။

အင်း ၀ဋ်ဆိုတာကလည်း ဘ၀မကူးပဲလည်ပါတယ်။ “ပြိုင်ဘက်ရန်သူမမွေးသေးသောမင်း”လို့အဓိပ္ပါယ်ရတဲ့ အဇာတသတ်ဘုရင်မြတ်ဟာလည်း ရင်သွေးကပဲ ရန်သူဖြစ်ခဲ့ပါတယ်။ပါဝါနိုင်ငံရေးသမား သားတော်ဥဒယဘဒ္ဒရဲ့ လုပ်ကြံမှုနဲ့ ကံတော်ကုန်ရရှာပါတယ်။ အော် ပါရမီအတွင်းသားတူးဖြိုရေးမျိုးဆက်ကို စခဲ့မိမှကိုး။
အဖသတ်ငါးဆက်တိုင်အောင် ရာဇ၀င်အမဲစက်ကြီးဖြစ်ခဲ့ရပါတယ်။

(၃)

ပိဋကတ်သင်တန်းပြီးတော့ ကွန်ပြူတာသင်ရိုးများ၊ အမာထည်တွေကို တစ်စစီဖြုတ်ပြတဲ့ ကွန်ပြူတာဆရာရဲ့ လက်ထဲက အပိုင်းအစများ၊ မှတ်မှတ် အကုန်မှတ်၊

အင်း မနက်ပိုင်းဆီကတော့ သင်တန်းဆရာ။ ညနေပိုင်းကျတော့ သင်တန်းသား။ လိုတာတွေဖြည့် ပိုတာတွေနှုတ်။ဖြည့်ရမှာတွေကလည်း အများကြီး၊ နှုတ်ရမှာတွေလည်း အများကြီး။
အဲဒါပုထုဇဉ်ပဲတဲ့။ မရင့်ကျက်သေးတော့လည်း မပြည့်ဝဘူးပေါ့။ ဖြည့်ဟာ နှုတ်ဟာနဲ့ သက္ကရာဇ်တွေသာ ပြိုလဲသွားပါရောလား။

မပြည့်ဝတာက ပြဿနာမဟုတ်၊ဖြည့်ဆည်းခွင့်ရှိသေးရဲ့။ ပါရမီအတွင်းသားလေးတွေ မတူးဖြိုမိဖို့သာ သတိ။

မှတ်ချက်၊ မိတ်ဆွေပါဠိကထိကရဟန်းတော်တစ်ပါး၏ အဇာတသတ္တုနှင့်ပတ်သက်သောယူဆချက်ကို ကိုးပါသည်။ မိတ်ဆွေရဟန်းက ပိဋကတ်အဖွင့်ကျမ်းများတွင် အဇာတသတ္တုဆိုသည်မှာ “မမွေးဖွားမီကပင် ရန်သူဖြစ်နှင့်သောသူ”ဟုဖွင့်ကြသည်။အဇာတ=မမွေးဖွားမီ။ သတ္တု=ရန်သူ။အဇာတသတ္တု=မမွေးဖွားမီကပင် ရန်သူဖြစ်နေသောသား။ ဖခင်ဗမ္ဗိသာရမင်းကြီးကို သတ်မယ့်သားလို့ ပရောဟိတ်ကြီးတွေက နိမိတ်ဖတ်ကြဆိုကိုး။

သို့သော် မိဘများကမိမိသားသမီးကို ဤအဓိပ္ပါယ်ဖြင့်မခေါ်ဆိုတန်ရာ။ပထမသင်္ဂါယနာဒါယကာဧကရာဇ်မင်းမြတ်ကိုယ်တိုင်ကရော၊
ဧကရာဇ်မင်းမြတ်ကို အမှီပြု၍ သာသနာပြုနေကြသော သံဃာတော်များကရော ဤအမည်ကို ထင်ထင်ပေါ်ပေါ်သုံးစွဲနေခြင်းမှာ ဂုဏ်ပုဒ်တစ်ခုအဖြစ်သာ သုံးစွဲခြင်းဖြစ်ရမည်။ ထိုသို့ဆိုလျှင် ယနေ့အရပ်သုံးစကားဖြစ်သည့်“ ငါ့ကို ပြိုင်နိုင်တဲ့သူမပေါ်သေး” သဘောရသော “ ပြိုင်ဘက်ရန်သူမမွေးဖွားသေးသောမင်းမြတ်” ဟုသာ ယူသင့်သည်။ မိတ်ဆွေရဟန်း၏အလိုအားဖြင့် “အဇာတ=မမွေးဖွားသေး၊ သတ္တု=ရန်သူ=အဇာတသတ္တု=ပြိုင်ဘက်ရန်သူမမွေးဖွားသေးသောမင်း ”ဟူလို။


Read more...

မုဒိတာဖြင့်ဘလော့ဂ်ခြင်း

(၁)

သူ့ကိုယ်ပိုင်မနက်ခင်းကတော့ တဒုန်းဒုန်းတံခါးခေါက်သံများဖြင့် ဆူဝေနိုးထလာခဲ့ရပါတော့သည်။ သင်တန်းချိန်က နီးကပ်နေပြီ။ နံနက် ၈း၀၀ နာရီထိုးဖို့ မိနစ်အနည်းငယ်မျှသာ လိုတော့သည်ပဲ။ လျှပ်တပြက်မျက်နှာသစ်နည်းကို အသုံးပြုလိုက်ရသည်။ အရုဏ်ဆွမ်းနဲ့တော့ လွဲပြီ။ ကော်ဖီတစ်ခွက်ဖျော်သောက်ချိန်မရပြီ။ ရဟန်းဘ၀ဆိုတာ အပူကိုလိုသော် အအေးလည်း မရ။ အအေးကိုလိုသော် အပူလည်း မရပါတကား။

သင်တန်းတက်ကြမည့် မိတ်ဆွေရဟန်းတော်များကို ' Good morning'' ဟု အစာအိမ်ဟောင်းလောင်းဖြင့် နှုတ်ဆက်ကာ သင်ခန်းစာထဲ မျှောချလိုက်သည်။ဆာလောင်မှုသည် ရောဂါတဲ့။ စာသင်နေသည့်အခိုက်တော့ ရောဂါသက်သာနေသည်။ သင်တန်းတစ်ချိန်နားချိန်မှာတော့ နယူးယောက်က ဒကာကြီးမိသားစု၏ အလှူငွေဖြင့် သင်တန်းတက်ရောက်နေကြသောရဟန်းတော်များနှင့်အတူ အဆောင်ရှေ့ရှိ
ကြာရေ(လက်ဘက်ရည်)ဆိုင်လေးမှာ တန်းစီရလေသည်။ ကြာရေတစ်ခွက်သာ နံနက်စာဖြစ်တော့၏။ ကောင်းလေစွ။

စနေတနင်္ဂနွေနေ့များမှာတော့ သင်တန်းများနားသည်မို့ သူ့အခန်းလေးတွင် မှိန်မှိန်ကုပ်ကုပ်ပင် တိုးတိတ်စွာ စာဖတ်ဖြစ်သည်။ အခန်းဖော်မိတ်ဆွေက ကွန်ပြူတာတွင် သိမ်းဆည်းထားသည့် စာအုပ်ဖိုင်လ်များစွာကို မျှဝေပေးထားသည်။

စာအုပ်များနှင့် ရောထွေးအသားကျသွားသည့်အခါ အင်တာနက်စီးကြောင်းမှ ခဏတာခွဲထွက်ထားလိုက်သည်။ ပို့စ်အသစ်လည်း မရေးဖြစ်။ ညဦးပိုင်းဆီက အမှတ်ရ၍ သူ့မေးလ်သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်တွင် ပုဂ္ဂလိကပိုင်မဟုတ်သောစာများစွာကို တွေ့ရသည်။ယခုရက်ပိုင်းတွင် ရွှေပြည်ကြီးနှင့်ဆက်နွှယ်သောဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို လှုပ်ခတ်စေသည့် ဘလော့ဂ်တစ်ခုအကြောင်းဖြစ်သည်။
သူကတော့ စုတ်သပ်မိရုံကလွဲပြီး မထူးခြားခဲ့။ ဆဲသံများကို နားမထောင်တတ်တာကြာပြီ။ သို့နှင့် အေးဆေးငြိမ်သက်စွာပင် မပြီးပြတ်သေးသော စာအုပ်များကို တိတ်ဆိတ်သေည၊အေးစက်သောနာရီသံချောင်းခေါက်သံများနှင့်အတူ ဆက်ဖတ်ဖြစ်ခဲ့သည်။
အိပ်ရာဝင်တော့ နံနက်ခင်းပိုင်း ၂း၀၀ ကျော်လွန်ပြီ။

(၂)

လွန်ခဲ့သောနှစ်နှစ်ခန့်က ဂျဝါဟလာနေရူးနှင့် အမီတာ ဘာချန်တို့မွေးရပ်မြေ အလာဟဘဒ်မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ်ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီခရိုင်အဖြစ် အသိအမှတ်ပြုခေါ်ဝေါ်နေကြဆဲပင်ဖြစ်သည်။ ကောသမ္ဘီမြို့ဟောင်းသည် မြို့ပျက်ကြီးသဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်းမို့မို့လေးများနှင့် ဃောသိတာရုံကျောင်းနေရာဟုယူဆရသော ပရိဝုဏ်အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။

ဃောသိတာရုံကျောင်းဆိုသည်က ဃောသကသူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ဃောသကသူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေးသာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်းအရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါးဖြစ်လာသည်။သာမာဝတီတွင် မာဂဏ္ဍီအမည်ရှိပြိုင်ဘက်မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။

သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညိုလေးမြတ်သမျှ မာဂဏ္ဍီအတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ကြားလည်း ခါး၊မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ်ရှင်းပစ်ချင်သလို ဗုဒ္ဓအရှင်ကိုလည်း ကောသမ္ဘီအ၀န်းအ၀ိုင်းမှ လွင့်ထွက်သွားစေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်းတစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျဆဲနည်း ဆယ်မျိုးရှိသည်ဟု ဆိုပါသည်။

ကောသမ္ဘှီမြို့ဟောင်းတစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော်ငေးခဲ့ဖူးလေသည်။
ရှုလော့။ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။။လမ်းဘေးဝဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ်ခြောက်လှန့်နေသူများ။ လက်သီးလက်မောင်းတန်း ယိမ်းထိုးနေသူများ။ ရီဝေကျိန်းစပ်သောမျက်လုံးအကြည့်များ။

သာမန်ရဟန်းတစ်ပါးထက် အရိယာအဖြစ်ပိုလွန်သော အာနန္ဒာထေရ်သည်ပင် တုန်လှုပ်ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်းမှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်းကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျောမလုံစရာကောင်းလိုက်ပါသလဲ။

ဗုဒ္ဓအရှင်ကြုံတွေ့နေရသည်က အရပ်လေးမျက်နှာဝိုင်းအုံဆူပူဆဲရေးမှုကြီးဖြစ်သည်။ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံးသာမက (၇)ရက်တိုင်တိုင်ဖြစ်သည်။ ပထမဆုံးရင်ဆိုင်တွေ့ရသောနံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့်အာနန္ဒာမထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ကြားလိုက်ရသည်။

အာနန္ဒာ “ မြတ်စွာဘုရား ကောသမ္ဘီသားတွေဟာ တပည်တော်တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“ အာနန္ဒာ ဒီလို မလုပ်ကောင်းပေဘူး၊ အဓိကရုဏ်းပြဿနာဖြစ်ပွားတဲ့နေရာမှာ အဓိကရုဏ်းငြိမ်းအေးမှသာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့်ပေရဲ့။”

ဗုဒ္ဓအရှင်၏ ရဲရဲတောက်တောက်သော စကားတော်ကိုလည်း ဆက်နာကြည့်ပါဦး။
“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင်ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ်ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ်လေးမျက်နှာက တိုက်ခိုက်ပစ်လွှတ်လိုက်တဲ့မြားတွေကို ကြံ့ကြံ့ခံနိုင်သလိုမျိုး မိုက်မဲညံဖျင်းသူတို့ ဆိုဆဲတဲ့စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”

ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက်အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓအရှင်မြတ်နှင့် ဗုဒ္ဓအရှင်မြတ်၏ တရားဓမ္မကို အတွင်းသားအပြင်သားခွဲခြားမသိသော မိုက်မဲစွာဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ်မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။

(၃)
ဒုတိယသင်တန်းပြီးချိန်မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူကျမ်းပြုနေသည့် ပညာရေးကော်မတီဝင်အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေရဟန်းတော်များကို ဘလော့နည်းပညာစာအုပ်လေးများဓမ္မဒါနပြုလေသည်။

အားလုံး ဘလော့ကြပေရော။
ဆည်းပူးထားသမျှ ဓမ္မအသိ ဓမ္မနည်းနာတွေ ဖြန့်ဝေကြပေရော။
အခြားသူတို့ရဲ့ယုံကြည်ချက်နဲ့ ဘာသာတရားကို မထိပါးစေဘဲ ဗုဒ္ဓအရှင်မြတ်ရဲ့ သတင်းစကားအစစ်အမှန်တွေကို ကမ္ဘာ့နားတွေ ကြားအောင် ကြွေးကြော်ကြပေရော။
ဗြဟ္မစိုရ်နှလုံးသားကို ဖွင့်ကာ ကမ္ဘာမြေရဲ့ မျက်လုံးတွေကို ပွင့်လင်းကြစေရော။


(၄)

အသောကမင်းတရား၏ ကျောက်စာတော်သည်လည်း ယနေ့အင်တာနက်စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်းငြင်းခုန်ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသောဘာသာရေးဘလော့ဂါများအတွက် လေးစားလိုက်နာဖွယ်ရာကောင်းလှပေသည်။
“ မိမိဘာသာတရားကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှု့ချမပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရားကိုလည်း လေးစားထိုက်ပေရဲ့။
အခြားသူတို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိဘာသာတရားကို လင်းပထွန်းကားစေနိုင်သပ။
မိမိဘာသာတရားကို ထွန်းပ။ အခြားဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြုတ်ရာရောက်သလို အခြားဘာသာတရားကိုလည်း နာကျင်စေတတ်ပေရဲ့။
“ငါ့ဘာသာတရားကိုသာ ငါထွန်းပစေမည်” ဆိုတဲ့ အတွေးသက်သက်နဲ့ မိမိဘာသာတရားကို တစ်ဖက်သတ်ဂုဏ်ပြုချီးပပြီး အခြားဘာသာတရားကို နှိမ့်ချပုတ်ခတ်ခြင်းဟာ မိမိဘာသာတရားကိုသာ ပိုပြီးထိခိုက်ဖွယ်ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံးနားထောင်ကြစေ။ အခြားဘာသာတရားတို့ရဲ့ သွန်သင်ချက်ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။”(ကျောက်စာတော်အမှတ် ၁၂)

(၅)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။

အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ ။

ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။

ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း ။

သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်။ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။
(ဇော်ဂျီ)

ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြပေရော။ ဆဲသောသူများအသံကား ကြားရန်မလိုပြီ။
ဆွေးနွေးဝေဘန်မှုများကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရပေလိမ့်မည်။

Read more...

Relevance of the Forest Tradition

by Cittasamvaro

This week we have two of the longest serving ‘Forest Tradition’ teachers and inspirations giving a talk in Bangkok. One might wonder what exactly is the forest tradition?

The ‘Forest Tradition’ does not just mean rural temples, or those in a forest. Some 50+ years ago there was a lineage that looked to Luang Phor Man for inspiration. He travelled around staying in jungles and practising/teaching meditation (Tudong). He became a renowned master, and many of his disciples set up meditation temples around Thailand. One of these was Luang Phor Chah, who though he only spent a few days with Ajahn Man, very much followed the style.

These temples tended to focus not on study (many openly eschew study), but on mindfulness in temple life, and meditation. You will not find scholar monks, or Pali experts. Often the monks are not very familiar with the traditional ceremonies and other temple roles. And they will also place less emphasis on formal practise than many lay-inspired centres (e.g. Goenka style). Thus visitors are often left much to their own devices, and find themselves participating more in daily temple living than formal meditation.

These forest temples distinguished themselves from ‘urban’ or ‘town’ temples with their emphasis on keeping the vinaya (monks rules) strictly, and trying to put the teachings to practise in very simple settings much as monks did in the time of the Buddha. They would look down to some extent on the ‘decadent’ urban temples, with their ceremonies, lax vinaya, and emphasis on study rather than meditation.

Of course, the reality is not so clear cut. First, most forest temples are pretty decadent too. It is only a small percentage of rural temples that really are characterised by the ’Forest Lineage’ style. In fact, if you go to most remote temples they will be populated by a few tattooed, betel nut chewing old monks who do very little of anything, especially ardent meditation or study.

Similarly you can go to many urban temples where the vinaya is followed well, and there is a lot of meditation and study going on.

Generally, the Thai Sangha feels that study is important. They feel the monks should be educated to a similar secular level of the regular people, which these days means a degree. There is also a feeling that temples should serve the people more, which is why there are often the ceremonies, car blessings, and organised meditation retreats for the lay people over national holidays. Many Westerner monks these days feel quite at home in urban temples these days, as a room with a kettle, lights and working screens (not to mention a computer and air-con!) is more conducive to the study and practise of Dhamma and meditation.

So which style is ‘best’ ?

The style that suits. It is up to the individual to find a niche and contribute/pracitse in their own way. Some monks are more involved in the education side, some in meditation. Some are good organisers and others good builders. Variety is the spice of dhamma aswell as life. The only trouble is, with the forests all but gone, those old simple temples of the forest lineage are likely to be well within ear shot of the big roads that now carve the rural landscape, and worse, within earshot of the ubiquitous Karaoke bars and village loudspeakers. There might not be as much choice of temple style as there once was.



Read more...

ဘက်များ


(၁)
အမြင်ကျယ်လေလေ ဘက်တွေက များလေလေဖြစ်သည်။ သမုတိသစ္စာဖြစ်တဲ့ လောကမှာ ဘယ်အရာဖြစ်ဖြစ် ဘက်က တစ်ခုတည်းရှိမနေ။ အသိပညာနှင့်စဉ်းစားဆင်ခြင်နိုင်စွမ်းများလာသောအခါ အရာရာတွင် ဘက်ပေါင်းစုံရှိနေကြောင်း သိလာတတ်ကြသည်။ ကျွန်ုပ်တို့ ငြင်းကြသည်၊ ခုန်ကြသည်၊ ရန်စောင်ကြသည်၊ ရန်ဖြစ်ကြသည်။ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ကြသည်။ ထိုသို့ဖြစ်သမျှအားလုံးသည် ဘက်အပေါ်တွင် ရှုမြင်နိုင်စွမ်းနည်းပါးမှုကြောင့် ဖြစ်သည်။ “ဒီလူက အတ္တသိပ်အားကြီးတယ်၊ သူ့ဘက် ကိုယ့်ဘက်ကလေးတော့ ကြည့်မှပေါ့”လို့လည်း ပြောတတ်ကြသည်။ “ဟေ့…ကိုယ့်ရှိမှ ကိုယ်စားရတာ၊ ကိုယ့်မရှိရင် ဘယ်သူမှ လာကျွေးနေမှာ မဟုတ်ဘူး”လို့ပြောကာ ဇွတ်လုပ်ကြသူများလည်း ရှိလေသည်။
(၂)
စိတ်ဓာတ်ပိုင်းဆိုင်ရာ အရင့်ကျက်ဆုံး အခြေအနေ သို့မဟုတ် လုံးဝဘက်ပေါင်းစုံမှန်ကန်သောနယ် (ပရမတ်နယ်)သို့ မရောက်သေးသူများသည် လိုသလို ကောက်ချက်ဆွဲ၍မှန်ကန်သည်ဟု ဆိုနိုင်သော သမုတိအမှန်တရားများကို အတ္တများနှင့် ပေါင်းစပ်၍ တိုက်ပွဲဝင်တတ်ကြလေသည်။ “လူသည် လွတ်လပ်သည်၊ သို့ဖြစ်၍ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သည်၊ ကိုယ့်ဖန်တီးမှု၏ အသီးအပွင့်ကိုလည်း ကျေနပ်စွာ လက်ခံနိုင်ရမည်”ဟု ဖြစ်တည်မှုပဓာန၀ါဒက ဆိုသည်။ ယေဘုယျအားဖြင့် ယန်းပေါဆက်ကြီးတို့၏ ဖြစ်တည်မှုပဓာန၀ါဒမှာ ဗုဒ္ဓအမြင်နှင့်ဤနေရာမျှအထိ တူလေသည်။ သို့ရာတွင် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်းဖန်တီးရမည်ဟူသောအပိုင်းတွင်ကား ဗုဒ္ဓ၀ါဒနှင့် နှိုင်းမရ။ ဗုဒ္ဓ၀ါဒက ကံကို ဖန်တီးရာတွင် ကျင့်ဝတ်၊ စံနှုန်းများစွာဖြင့် ၀န်းရံထားသည်။ လွတ်လပ်တာမှန်သော်လည်း လုပ်ချင်တိုင်း မလုပ်ရ။ လူ့ကျင့်ဝတ်စည်းမျဉ်းများအရ သူ့ဘက်ကိုယ့်ဘက် ငဲ့စောင်း၊ ငဲ့ညှာ ကြည့်ရသည်။ လုပ်သင့်မသင့်၊ ပြောသင့်မသင့်၊ တွေးသင့်မသင့် ကြံဆရသည်။ ပြီးမှ အကောင်အထည်ဖော်ရသည်။ စာအားဖြင့် အတ္တနှင့်ပရဟု သုံးနှုန်းသည်။ ကိုယ့်ဘက်ကိုကား အတ္တဟု သုံးနှုန်းပြီး သူများတွေ၏ဘက်ကိုကား ပရဟု သုံးနှုန်းသည်။

(၃)
“ဓမ္မစေတီဆိုတဲ့ပုဂ္ဂိုလ်က သာသနာဖျက်ပဲ၊ မိစ္ဆာဝါဒကို အသက်သွင်းနေတဲ့ မိစ္ဆာကောင်”။ လူငယ်တစ်ဦးက ပေါက်ကွဲစွာ ဆိုလိုက်သည်။ ဘေးက ကောင်မလေးတစ်ယောက် ရှူးရှူးရှဲရှဲဖြစ်သွားသည်။ “နင်က သူများတွေပြောတိုင်း လိုက်ပြောနေတယ်။ ဆရာတော်ဟောလို့ ဒို့ ဗုဒ္ဓဘာသာစစ်စစ်၊ ဗုဒ္ဓဘာသာမှ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုဖြစ်ခဲ့တာ။ ဆရာတော့်တရားတွေသာ မနာခဲ့ရင် ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းတောင် သိအုံးမှာ မဟုတ်ဘူး………..ဆရာတော်ဟောတဲ့ ထေရ၀ါဒနဲ့ပတ်သတ်တဲ့တရားတွေကို နင်နာကြည့်စမ်းပါ…….နင် ငရဲကြီးမှာစိုးလို့ပြောတာပါ”။

“အေး…ဟုတ်တယ်ကွ၊ ငါလည်း သူများရေးတာကိုဖတ်ရင်းနဲ့ အဲဒီလိုပဲ ယူဆမိတာ။ ဆရာတော်ရဲ့ အဓိကအယူအဆက ထေရ၀ါဒစစ်သလား၊ မစစ်သလား ငါက ပိဋကတ်တွေ မသိတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဝေဖန်ရေးရေးတဲ့စာတွေကလည်း ဝေဖန်ရေးအဆင့်မရှိဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ဆဲသလို ဖြစ်နေတယ်။ ဝေဖန်ရေးစာတွေ ရေးပေးနေတဲ့ ဆရာတော်တွေကိုလည်း ငါ မပြစ်မှားပါဘူး။ ငါ့အမြင်ပြောပြတာ၊ ဥပမာကွာ…ဘယ်တရားတော်မှာ ဘယ်အချက်အလက်တွေက ဘယ်လိုမှားနေတယ်။ ဘယ်တရားတော်ကတော့ လူငယ်တွေ သို့မဟုတ် ပရိသတ်ကို သာသနာစိတ်ဓာတ်တွေ၊ ဘာသာရေးအသိအမြင်တွေ ပေးတယ်၊ ဓမ္မစေတီအနေနဲ့ ဘယ်လိုအယူအဆမျိုးတွေကို မဟောသင့်ဘဲ ဘယ်လိုလေးတွေပဲဟောရင် အရမ်းအကျိုးရှိနိုင်ပါတယ်…စသဖြင့်ပေါ့ကွာ။ အဲဒီလိုလေး ဝေဖန်လိုက်ရင် ဗုဒ္ဓဘာသာလည်း လူကြားလို့ မကောင်းတဲ့အရာတွေ မဖြစ်တော့ဘူးပေါ့။ အခုဟာက ဘုန်းကြီးတွေကလည်း ရန်တွေဖြစ်နေသလိုကြီးပဲကွာ။ အခု ငါပြောတာ သိလို့တတ်လို့ မဟုတ်ပါဘူး၊ ကြားရတာ စိတ်မကောင်းလွန်းလို့ပါ၊ ဘာသာခြားတွေ ဟားတိုက်နေကြတာကို ကြည့်ပြီး စိတ်ကိုမကောင်းဘူး” တတိယလူရွယ်က ပြောသည်။

(၄)
လူဆိုသည်မှာ ထောက်တည်ရာဘက်တစ်ခုခုကိုတော့ စွဲမြဲနေတတ်ကြသည်ဖြစ်ရာ မည်သည့်ဘက်တွင်ဖြစ်နေနေ လူသားတို့၏ လွတ်လပ်မှုစံနှုန်းအရ လေးစားမှုလေးတော့ ပေးရမည်ဖြစ်လေသည်။ ဘက်တစ်ခုခုကို စွဲမြဲနေခြင်းမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်၍ အပြစ်မဆိုသာ။ အရာရာတွင် “ငါ”ဟု ယဉ်ပါးနေသောသတ္တ၀ါများအတွက် “အတ္တ”နှင့်ပေါင်းဖက်ရပ်တည်နေသည်ကိုလည်း ရန်စောင်နေ၍ ရမည်မဟုတ်။ ကိုယ့်အတ္တနှင့်ကိုယ့်စွဲလမ်းမှုအရ ဘက်တစ်ဘက်ဘက်တွင် ရပ်တည်နိုင်သည်။ အတ္တတွေအားကြီးပြီး “ငါ့ဘက်ကသာ အမှန်တရား၊ ငါ့ဘက်တော်သားသာ အသိဉာဏ်အပြည့်ဝဆုံး၊ တော်တော်တုံးတဲ့ ဟိုဘက်သားတွေဟာ လောကမှာ မရှိသင့်ဘူး”စသောအတွေးများဖြင့် အခြားဘက်တစ်ခုခုကို တိုက်ပွဲဝင်နေလျှင်ကား ရပ်တည်မိသောဘက်က မှန်ကောင်းမှန်နေနိုင်သော်လည်း ဘက်အပေါ်တွင် ရှုမြင်မှုက လူသားဆန်မှုကို အလွဲသုံးစားပြုမူလိုက်ခြင်းဖြစ်သည်ဟု ဆိုရနိုင်လေသည်။

(၅)
“နင်တို့ ဗုဒ္ဓဘာသာတွေ သိပ်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ့ ဘာဖြစ်နေလို့တုန်း…၊ နင်က နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ထာဝရကောင်းကင်ဘုံဆိုတာ ရှိသလို ထာဝရငရဲဘုံဆိုတာ ရှိတယ်။ နင်တို့က ထာဝရငရဲမှာ ရောက်ရမှာလေ၊ ဘယ်တော့မှ အဲဒီငရဲက တက်နိုင်တော့မှာ မဟုတ်ဘူး”။
“မင်းတို့ ခရစ်ယာန်တွေ တော်တော်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ ဘာဖြစ်နေလို့တုန်း….၊ မင်းက နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ဒီလောကကြီးက ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း တည်နေတာ၊ လူဆိုတာလည်း သူ့ကံနဲ့သူ ဖြစ်လာကြတာ၊ အခုတော့ မင်းတို့က လုပ်သမျှဘုရားချည်းပဲဆိုတော့ ရယ်စရာကြီးကွာ၊ ပြီးတော့ မင်းတို့ထာဝရဘုရားက ကျမ်းဟောင်းထဲမှာ ဣသရေလတွေကို ဦးဆောင်ပြီး စစ်ပွဲတွေ အများကြီးတိုက်တယ်ကွာ၊ မင်းသေသေချာချာဖတ်ကြည့်ရင် စစ်ပွဲတောင်မှ ဒီနေ့လို စစ်ပွဲမျိုးမဟုတ်ဘူး၊ တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေ၊ သူကိုယ်တိုင် ရှေ့ကဦးဆောင်ပြီးကို အပြတ်ချဲတာ၊ သတ်တာမှ လူတင်မဟုတ်ဘူး၊ သိုးတို့၊ နွားပေါက်တို့၊ ဆိတ်တို့စတဲ့ တိရစ္ဆာန်ပေါင်း ငါ့အထင် အနည်းဆုံးတော့ တစ်သိန်းနီးပါးလောက်ရှိမယ်၊ အဲဒါတွေကိုလည်း အမြဲတမ်း စားတယ်တဲ့ကွာ၊ သူများပြောတာ မဟုတ်ဘူးနော်၊ ငါကိုယ်တိုင်ဖတ်တာ၊ အဲဒီလို ဘုရားကို အဟုတ်လုပ်ပြီး ကိုးကွယ်သတဲ့ကွာ။ အဲဒီလို အယူအဆအယုံအကြည်ရှိနေတာကိုက သနားစရာပဲကွာ”။ စသည်ဖြင့်…စသည်ဖြင့် ဘက်များစွာ ရှိနေခဲ့လေသည်။

လူများက ဘာသာရေးကို ငြိမ်းချမ်းရေး၏ လက်နက်အဖြစ် ဆွဲငင်ယူလိုက်သည်။ သူတို့လက်ထဲရောက်သောအခါ အတ္တတန်ဆာ၊ လူသတ်လက်နက်၊ ခိုက်ရန်လက်နက်၊ အငြင်းပွားလက်နက်အဖြစ်သို့ ရောက်မှန်းမသိ ရောက်ခဲ့ရလေသည်။

(၆)
“ဟိုလူကြီးက ပေးတာကမ်းတာ တော်တော်ရက်ရောတာပဲ၊ အမြဲတမ်းပဲ သူများကို ကူညီနေတဲ့သူ”ဟု အနားကဖြတ်လျှောက်သွားသော အသက် ၅၀-ကျော်ခန့် လူကြီးကို ရည်ညွှန်းပြီး လူငယ်တစ်ယောက်က ပြောလိုက်သည်။ “မင်းက ချီးကျူးနေ၊ အဲဒီလူကြီး အကူအညီကောင်းလို့ ဘ၀ပျက်သွားတဲ့ကောင်မလေးတွေ ဘယ်နှယောက်မှန်း မသိဘူး၊ ထွီ..တော်တော်ရွံစရာကောင်းတဲ့လူကြီးပါကွာ”ဟု ပြောလိုက်သံကို တစ်ဆက်တည်း ကြားလိုက်ရပြန်လေသည်။ တစ်ယောက်က လူကြီးဘက်မှ ရပ်တည်လိုက်ပြီး တစ်ယောက်က လူကြီးဘက်ကို ပယ်စွန့်လိုက်သည်ဟု ဆိုနိုင်သည်။ သူတို့မြင်လိုက်သောအရာသည် တစ်ခုတည်းပင်ဖြစ်သော်လည်း ရပ်တည်လိုက်ကြသောဘက်မှာ ကွဲပြားနေတော့သည်။

(၇)
စာစောင်တစ်ခုတွင် ဖတ်ဖူးသည်။ မိသားစုတစ်ခုတွင် သမီးဖြစ်သူက မီးဖိုချောင်အတွင်း စားပွဲပေါ်က ပန်းကန်တစ်ချပ်ကို တိုက်မိပြီး ပြုတ်ကျကွဲသွားစေခဲ့သည်။ ထိုအခါ သူ့အစ်မကို “နင်က ပန်းကန်ကို စာပွဲအစွန်မှာထားတာကိုး၊ ပြုတ်ကျမှာပေါ့၊ ငါ့အပြစ်မဟုတ်ဘူး၊ နင့်အပြစ်”ဟု အပြစ်ဆိုသည်။ တစ်ဖန် အစ်မဖြစ်သူက “အစ်ကိုက စားပွဲပေါ်မှာ သူ့ပစ္စည်းတွေ လာထားလို့ ထားစရာမရှိလို့ အစွန်းမှာ ထားရတာ၊ ဒါကြောင့် ငါ့အပြစ်မဟုတ်ဘူး၊ အစ်ကိုအပြစ်”ဟု လွဲချသည်။ ထိုအခါ အစ်ကိုဖြစ်သူက “ဒါက အမေက ထားခိုင်းလို့ ထားလိုက်တာ၊ ငါထားချင်လို့ ထားတာမဟုတ်ဘူး၊ ဒါကြောင့် အမေ့အပြစ်”ဟု အမေဖြစ်သူကို လက်ညှိုးထိုးသည်။ ထိုအခါ အမေဖြစ်သူက “ဒါ နင့်အဖေ၀ယ်ထားတာချည်းပဲ၊ နင်တို့အဖေကလည်း ကွဲတတ်တဲ့ပစ္စည်းတွေပဲ အများကြီး ၀ယ်နေတာ”ဟု အဖေကို ပုံချသည်။

သူတို့သည် အပြစ်ကို ရှောင်လွှဲလိုသူများ သို့မဟုတ် တာဝန်ယူမှုကို ဘောလီဘောပုတ်တမ်း ကစားနေကြသူများသာ ဖြစ်လေသည်။

ဒုတိယမိသားစုကား ထိုသို့မဟုတ်။ ပန်းကန်ကျကွဲသည်နှင့် သူ့အပြစ်သာဖြစ်ကြောင်း ၀န်ခံသည်။ ထိုအခါ အစ်မဖြစ်သူက “ငါကိုက မလွတ်မလပ်ထားလို့ ပြုတ်ကျရတာ၊ အစ်မအပြစ်ပါကွယ်”ဟု ၀န်ခံသည်။ အစ်ကိုသိသွားသောအခါ အစ်ကိုဖြစ်သူက “ကျွန်တော့်ပစ္စည်းတွေကို စားပွဲပေါ်တင်ထားလို့ ဖြစ်ရတာ၊ ကျွန်တော့်အပြစ်”ဟု ဆိုသည်။ အမေဖြစ်သူကလည်း “ဒီပစ္စည်းတွေကို ငါက ထားခိုင်းတာ၊ ငါ့အပြစ်ပါကွယ်”ဟု ပြောသည်။ အဖေလုပ်သူကလည်း “မင်းတို့အပြစ် တစ်ခုမှ မဟုတ်ပါဘူးကွာ၊ ငါကိုက ကွဲတတ်တဲ့ပစ္စည်းတွေပဲအများကြီး ၀ယ်ထားလို့ပါ”ဟုဆိုပြီး တာဝန်ခံသည်။

မိသားစုနှစ်ခုစလုံးသည် မဇ္ဈိမပဋိပဒါမကျ၊ အစွန်းထွက်နေကြသည်ဟု ထင်သည်။ နေရာတကာတွင် သူမျာကိုချည်း အပြစ်တင်နေ၍ မဖြစ်သလို အမှုကိစ္စတိုင်းတွင် တာဝန်ခံနေ၍လည်း အဓိပ္ပာယ်ရှိနေလိမ့်မည် မဟုတ်ပေ။ အရာရာကို မျက်စိမှိတ်ပြီး တာဝန်ယူနေခြင်းက သင့်တော်မည်မဟုတ်သလို အရာရာကို ခေါင်းရှောင်နေခြင်းကလည်း မိမိကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်ရာကျသည်။

(၈)
ဘက်များကိုပြောကြရာတွင် တစ်ခါတစ်ရံ ကိုယ့်ဘက်၊ သူ့ဘက်ဟု သုံးရသကဲ့သို့ ဘက်နှစ်ခုလုံး၏ အပြင်ဘက်တွင် နေရသောအခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဖန်တီးမည့်သူက တတိယလူ (Third Person)ဖြစ်နေတတ်ပြန်သည်။ လူဆိုသည်က ခက်သည်။ တတိယလူဆိုသော်လည်း တတိယနေရာတွင် အေးအေးဆေးဆေးမနေတတ်။ အဖြစ်အပျက်နှစ်ခု သို့မဟုတ် မိမိတွေ့မြင်ခံစားရမှုနှစ်ခုတို့တွင် တစ်ခုခုဘက်မှ သွားရောက်နေပေးတတ်သည်။ အမှန်တကယ်က တတိယလူအဖြစ်နှင့် အေးဆေးစွာ နေနိုင်သော်လည်း လူ့သဘာဝအရ မှန်သည်ထင်သည့်ဘက်သို့ ပြေးဝင်နေမိတတ်ကြသည်။ သူခိုဝင်မိသောအရပ်သည် သူ့အတွက် အဓိပ္ပာယ်အရှိဆုံးနှင့် အမှန်ကန်ဆုံး နေရာဖြစ်ပေသည်။ သို့ရာတွင် သူမရွေးချယ်မိသော (ပယ်ထားမိသော)ဘက်သည် သူ့ခံစားမှုအရ သနားစဖွယ်အရပ်တစ်ခု ဖြစ်နေရပေသည်။ ဘက်နှစ်ဘက်စလုံးသည် တစ်ဘက်နှင့်တစ်ဘက် ထိုကဲ့သို့သာ(သာ) မြင်နေတတ်ကြလေသည်။

(၉)
စင်္ကာပူ၏ကောင်းကင်က လူတွေနှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ၀ရံတာတွင် ဖျာလေးတစ်ချပ်ခင်းပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ တိမ်လိပ်ဖြူဖြူကြီးတွေ အလိပ်လိုက် အလိပ်လိုက် ပြေးလွှားနေကြသည်။ အစပထမ စိတ်ထဲတွင် တိမ်ဖြူလိပ်ကြီးများ၏ အထက်ကောင်းကင်ယံက ကြယ်ကလေးများ ပြေးလွှားနေကြသည်ဟု ထင်မြင်မိခဲ့လေသည်။ သေချာကြည့်မှ ကြယ်တွေက မပြေး၊ တိမ်တွေသာ ယောက်ယက်ခတ်ပြေးနေကြသည်ကို တွေ့ခဲ့ရသည်။ ဘ၀တွင် အမှတ်မထင် တွေ့မြင်၊ ကြားသိရသောအရာများတွင်လည်း ထိုကဲ့သို့ အထင်အမြင်လွဲမှုလေးများ ရှိနေနိုင်သည်ဟု တွေးမိသောအခါ စိတ်လေးက အလွန်ကြည်လင်ခဲ့လေသည်။

(၁၀)
ဘက်များအကြောင်းကို တွေးရင်းတွေးရင်းဖြင့် တင်းကျပ်စွာဆုပ်ကိုင်ခဲ့မိသော၊ စွဲလန်းရူးသွပ်ခဲ့သောအရာလေးများသည် ခေါင်းထဲတွင် မပီဝိုးတ၀ါး ပေါ်ထွက်လာခဲ့ကြပြီး ရင်ဘက်ထဲမှ ကျကွဲသံအချို့ကိုလည်း ကျယ်လောင်စွာ ကြားလိုက်မိခဲ့လေသည်။



Read more...

ဗုဒ္ဓဘာသာအပေါ်သူတို့အမြင်

အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာဖြစ်ပေလိမ့်မည်။
(Albert Einstein)

ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်က ကျွန်ုပ်အားတိုက်တွန်းခဲ့သော် ကျွန်ုပ်စိတ်ပါလက်ပါ စာနာထောက်ထားသောအားဖြင့် “ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်သည်” ဟု မဆိုင်းမတွအဖြေပေးရမည်ဖြစ်ပါသည်။
(Rabindranath Tagore)

သန့်ရှင်းသော နည်းနာနိဿယျနှင့် မြင့်မြတ်သော သင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွတ်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။
(H.G. Wells)

ပြစ်မှုကျူးလွန်သူသည် ဘုရားသခင်ထံတောင်းပန် အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမှုတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဘာသာဝင်အစစ်တို့က မယုံကြည်ချေ။
(John Walters)

ကျွန်ုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ် ဖြစ်စေနိုင်ပါသည်။
(John Walters)

သက်ရှိသတ္တ၀ါများကို မညှင်းဆဲရန်၊ နတ်ဘုရားများအထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။
(Prof. Phys Davids)

မည်သည့်ဘာသာကိုမျှ ကျွန်ုပ် လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် ဘာသာတစ်ခုခုကိုလက်ခံရန် အကြောင်းများပေါ်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ “ဗုဒ္ဓဘာသာ” ဖြစ်ပါသည်။
(Bertrand Russell)

ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင်(သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှ မပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖေါ်ကြေညာခဲ့သည်။
(Prof. Eliot)

ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ပဲ တပည့်သာဝကတို့ကို အသိဉာဏ်အလင်း ရရှိစေရန် တရားဟောခြင်းဖြစ်သည်။

http://forverfriends.ning.com/profiles/blogs/2863689:BlogPost:436369 မှ ကူးယူဖော်ပြပါသည်။



Read more...

အောင်မြင်သူတို့ရဲ့စကား

(၁)လူတစ်ယောက်ရဲ့ အပြောင်းအလဲက ဘုရားပေးတဲ့အခွင့်အရေးကို
စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်စေ့ဆော် တိုက်တွန်းမှုကြောင့်
ဖြစ်လာတာဖြစ်တယ်။

(၂)အဆိုးဝါးဆုံး ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရလေ ကိုယ့်လက်ထဲမှာ
အကောင်းဆုံးအမဲလိုက်သေနတ်ကို ဆုပ်ကိုင်ထားတယ်လို့ ယုံကြည်ရလေဖြစ်တယ်။

(၃)ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်တစ်ကြိမ်ခွင့်လွတ်တာဟာ
နောက်တစ်ကြိမ် အမှားကြီးကြီးလုပ်ဖို့အတွက် အခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။

(၄) စကားအပြောအဆိုကလည်း အောင်မြင်ဖို့အတွက် အရင်းအနှီးတစ်ခုလို့ သင်
သင်ယူတတ်မြောက်တဲ့နေ့မှာ အောင်မြင်ဖို့က လူတွေထင်သလို မခက်ခဲဘူးဆိုတာကို
သင်နားလည်လာပါလိမ့်မယ်။

(၅)မနက်ကညအထိ တစ်နေ့တာ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာကို
ကိုယ့်ကိုယ်မေးကြည့်ခြင်းအားဖြင့် နောက်တစ်ရက်အတွက် တက်ကြွလှုပ်ရှားမှုမျိုးကို
သင်တွေ့လာပါလိမ့်မယ်။

(၆) လူအများရဲ့ ကျရှုံးခြင်းလမ်းစ သူတစ်ပါးကိုယုံကြည်ပြီး
ကိုယ့်ကိုယ်လက်လွတ်ခြင်းဖြစ်တယ်။

(၇)အောင်မြင်ခြင်းရဲ့အချက်က သော့အိမ်ကိုသော့တံနဲ့ ဖွင့်တာနဲ့အတူတူပါပဲ။
တိတိကျကျ မထည့်သွင်းရင်နိုင်ခဲ့ရင် အောင်မြင်ခြင်းတံခါးကို
သင်ဖွင့်နိုင်မှာမဟုတ်ဘူး။

(၈) လေလုံးထွားကြွားဝါခြင်းကို ကိုယ့်လုပ်နိုင်စွမ်းနဲ့ သက်သေပြအနိုင်ယူပါ။

(၉) လက်လွတ်ခြင်းကို နားမလည်တာက ခေါင်းမာတာပဲ။
ဇွဲလုံ့လမရှိတာက ရည်မှန်းချက်ပန်းတိုင်ကို ဆုံးရှုံးတာပဲ။
ဒါပေမယ့် အသိဥာဏ်ရှိတဲ့လုပ်နည်းက လုံ့လထုတ်စရာမလိုတဲ့ အချို့အရာတွေကို
လက်လွတ်တတ်ရမယ်။

(၁ဝ)ဘယ်လိုလမ်းမျိုးမဆို ကိုယ်တိုင်လျှောက်လှမ်းပြီးမှ ဖြစ်လာတာပါ။
စိတ်ကူးအိပ်မက်ကို စောင့်ပြီးဖြစ်လာတာမျိုး မဟုတ်ဘူး။ အဲဒီလမ်းတွေအတွက်
မှန်ကန်တိကျတဲ့ ပထမခြေတစ်လှမ်းက အရေးပါဆုံးပါပဲ။

(၁၁)ဘယ်လိုအောင်မြင်မှုမျိုးကမှ အလွယ်တကူ ဖြစ်လာတာမဟုတ်ဘူး။
သင်ရွေးတဲ့တောင်ထိပ်ကို သင်ရောက်အောင် တက်ရဲလေလေ အောင်မြင်မှုက
သင်နဲ့နီးလေလေဖြစ်တယ်။

(၁၂)လေထဲဝဲပျံတဲ့ လင်းယုန်ငှက်တွေက လူတွေကို ရဲစွမ်းသတ္တိ၊
အမြင်နဲ့ဖျတ်လပ်လှုပ်ရှားမှုက အောင်မြင်ခြင်းရဲ့ အဓိကလိုအပ်ချက်လို့
ဖော်ပြနေခဲ့ပါတယ်။

(၁၃)မိမိအားနည်းချက်ကို မပြတ်စဉ်းစားဆင်ခြင်ခြင်းက ကိုယ့်ကိုအောင်မြင်စေတဲ့
အကျင့်ကောင်းတွေ ရယူနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ဒီအချက်ကို လူအများက
မလုပ်ဆောင်နိုင်ခဲ့လို့ နောက်ဆုံးမှာ ပျော့ညံ့သူတွေဖြစ်ခဲ့ရတယ်။

(၁၄) ရှေ့သို့နောက်တစ်လှမ်း ဆက်လှမ်းခြင်းက ကိုယ့်အတွက်ပိုတိုးတက်
အောင်မြင်ဖို့ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ် လက်ရှိအောင်မြင်တဲ့ကုတင်ပေါ်မှာ
လဲလျောင်းအိပ်ပျော်မသွားပါစေနဲ့။

(၁၅)ငွေကြေးတွေကို မိတ်ဆွေလို၊ သူစိမ်းလိုဆက်ဆံတတ်ပါစေ။ တကယ်လို့
ငွေကြေးကြောင့် ကိုယ့်ကိုစိတ်ထိခိုက်စေတာဟာ လူ့ဘဝကို ကျဉ်းမြောင်းစေတာနဲ့
အတူတူပါပဲ။ တကယ်လို့ ငြိမ်သက်အေးချမ်းတဲ့စိတ်နဲ့ ဆက်ဆံခဲ့ရင် သင့်ဘဝဟာ
နဂိုကတည်းက ငွေကြေးပိုင်ဆိုင်ထားတာနဲ့ မခြားတော့ပါဘူး။

အမေရိကန်က အောင်မြင်သူတို့ရဲ့ဆောင်ပုဒ်လို့ ဖတ်ရပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီ
ခြေစလှမ်းနေကြသူတွေ၊ လှမ်းဖို့ ပြင်ဆင်နေကြသူတွေအတွက် ခွန်အားတစ်ရပ်ပါ။
ဘာသာပြန် မျှဝေလိုက်ပါတယ်။

မူရင်း--- http://www.91mba.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Read more...

တပို့တွဲ လဆန်း ၄ ရက် ဆွမ်းလောင်း

သာသနာသက္ကရာဇ် ၂၅၅၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်။ ၂၀၁၀ ဇန်နဝါရီ ၁၈ ရက်၊ တနင်္လာနေ့။

နေ့ဆွမ်း
ဝက်သား+ အာလူးဆီပြန်၊ ပဲတီချဉ်သုတ်၊ ပုစွန်ခြောက်ပွ+ငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)

ဆွမ်းထမင်း + ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ- ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)

အရုဏ်ဆွမ်း - မုန့်ဟင်းခါး (..............)

ဝေယျာဝစ္စဒါန
-ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးတိုက်)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊ ဦးဥာဏဗလ (မြင်းဝန်မင်းကြီးတိုက်)၊ ဦးမာဏ္ဍိတ (ဝါးချက်)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဆရာကြီး ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)
-ကိုဇော်နိုင် (စိုက်/ဘဏ်)၊ ဒေါ်ကြည်ဌေး မိသားစု၊ ကိုဆန်းထွန်း ဇနီးမောင်နှံ
-မြရတနာရွာမှ ကျေးရွာဥက္ကဌနှင့် ဒကာသုံးဦး (ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အား ရည်စူး၍ ဝေယျာဝစ္စဒါန)

မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်နေပါပြီ။ အပါး ၈၀ ဘုဉ်းပေးနေပါတယ်။ ၁၅ မိနစ်လောက် နေတော့ နောက် အပါး ၈၀ တစ်သုတ် ထပ်ကပ်ပါတယ်။

''ကိုဆန်းထွန်း၊ ဟိုဦးဇင်းကြီး ဒီနားပင့်လိုက်''
''ထပ်ထည့်ပါဘုရား''
''ကိုရင် ဒီဘက်ဝင်လိုက်''
''ဟိုမှာ ဦးဇင်းကြီးတွေ ကြွနေပြီ''
''ဘာလိုလဲဘုရား''

ဆက်တိုက် ကပ်နေရပါတယ်။ နေ့ဆွမ်းက ဒီနေ့ ဟင်းရံကို သရက်ချဉ်နဲ့ ပုစွန်ခြောက်ပွကြော် ပြောင်းထားပါတယ်။ မုန်လာချဉ်နဲ့ ငါးပိကြော်အစား လဲလိုက်တာပါ။ ပဲနီနှပ်လဲ ပါတယ်။ ဝက်သားဟင်းကတော့ အာလူးနဲ့ပဲ ဆက်တွဲတယ်။ အရည်သောက် ဆက်ကပ်ချင်ပေမယ့် ဝတ်ခွက်တွေ သပိတ်ထဲမှာ မှောက်မှာဖိတ်မှာ စိုးလို့ မကပ်ဖြစ်သေးပါဘူး။

နေ့ဆွမ်းအတွက် ကိုဖြိုးနဲ့ ကိုထက်က မနေ့က ဆန် ၁၅ အိတ် ထပ်လာလှူသွားတယ်။ မနက် ၆ နာရီ ၁၀မိနစ်မှာ နေ့ဆွမ်း စလောင်းတယ်။ အရုဏ်ဆွမ်းလဲ အပါး ၅၀ ခန့် ဘုဉ်းပေးနေဆဲပါ။ ဘုဉ်းပေးပြီးတာက အပါး ၂၅၀ လောက် ရှိပါပြီ။ မုန့်ဖတ် ၃၅ ပိဿာ မလောက်လို့ ထပ်မှာပါတယ်။

မြရတနာရွာက ကျေးရွာဥက္ကဌ ဦးဆောင်ပြီး ဒကာ လေးဦးဟာ ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အတွက် ဝေယျာဝစ္စ ဒါန ပြုချင်လို့ဆိုပြီး ရောက်လာကြတယ်။ မနက်စောစော လာကြပေမယ့် ရွာက လာရတာဆိုတော့ အိုးခွက်ဆေးကြောတာပဲ မှီလိုက်တယ်။ မှီသမျှ လုပ်အားဒါန ပြုသွားပါတယ်။

ဆရာတော်က ပျံလွန်တော်မမူခင်မှာ ရွာက ကလေးငယ်တွေကို အပယ်ခံဘဝက လွတ်အောင်၊ သူတို့ရဲ့ အားငယ်စိတ်တွေ မြင့်မားလာအောင် ကူညီပေးဖို့ ပန်ကြားသွားပါတယ်။

ဒီနေ့ ရွာမှာ ဆရာတော် ရက်လည်ရှိတယ်။ မနေ့က ဇာတ်ဆရာ ပန်တျာမြကြည်နဲ့ သား ဇာတ်မင်းသား လှိုင်ဘွားအောင် ဇာတ်အဖွဲ့က ဇာတ်ကြေး တစ်ဝက် လျှော့ပြီး ဘုန်းကြီးံပျံအတွက် ပွဲကပေးတယ်။ ရွာက ရေစက်က အင်ဂျင်နဲ့ ကွန်ပရက်ဆာထားဖို့ အဆောက်အအုံအတွက် အလှူငွေ သုံးသောင်းကိုလဲ ဇာတ်ခုံပေါ်မှာ လှူသွားတယ်။ ရွာက ချို့ငဲ့တော့ အနီးချုပ်စပ် ရွာတွေက ဆရာတော်ဈာပနအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးပါတယ်။ စစ်ကိုင်းက ဦးဇင်းခြောက်ပါးလဲ စီမံဆောင်ရွက်ဖို့ မနေ့ကတည်းက ကြွသွားတယ်။

ဒီနေ့ မြရတနာရွာမှာ ဆရာတော် ဘုန်းကြီးပျံ ဧယဉ်ကျူးပါမယ်။ ပင့်သံဃာ ၁၆ ပါး ဖြစ်လာတယ်။ ပင့်သံဃာ ၁၃ ပါးအတွက် စစ်ကိုင်း မိုးကုတ် အောင်မင်္ဂလာရိပ်သာ ဆရာတော်က သင်္ကန်း ၁၃ စုံ ကပ်လှူထားပါတယ်။ ကျန်သုံးပါးအတွက် ၃ စုံကို ဦးဇင်း ဦးကောဝိဒက လှူပါမယ်။


Read more...

နေမိဇာတ်တော်- ၉...

Cover (front)


Read more...

ဒုတိယမြောက် ပန်းကမ္ဘာ

စာရေးသူအနေနဲ့ ဘလော့ဂါ ဓမ္မမောင်နှမ ရဟန်းရှင်လူ များကို အမြဲတမ်း အားပေးနေကြတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်ရင်း မေတ္တာရပ်ခံလိုပါတယ်၊ အဲဒါက ဘာလဲ ဆိုတော့ ပန်းကမ္ဘာ နာမည်နဲ့ နောက်ထပ် ဒိုမိန်းတခုကို လက်ခံလိုက်မိတာပါ၊ 11.1.2010 နေ့က စာရေးသူကို မမြကျေးမုံက ဦးဇင်း ဓမ္မစာပေတွေဖြန့်ဖို့အတွက် ဒိုမိန်းတစ်ခု လှူလိုပါတယ်၊
ဘလော့ ဆိုတော့ မြန်မာနိုင်ငံကနေ ဖတ်ခွင့်မရကြဘူး၊ ဒါကြောင့် အဆင်ပြေသွားအောင် လှူပါရစေ တဲ့၊ အမှန်အတိုင်း ၀န်ခံရရင် အခုလို ဓမ္မစာပေတွေ ရေးနေတာက သိလို့ တတ်လို့ မဟုတ်ပါဘူး။ ၀ါသနာကြောင့်ရယ်၊ ဘုရားသားတော် တပါးအနေနဲ့ ကိုယ်သိပြီးသား၊ လေ့လာ ထားတာလေးတွေကို သူများကို သိစေချင် လက်ဆင့်ကမ်း ချင်တာကြောင့် ရေးဖြစ်နေပါတယ်၊ အဲဒီလို ရေးပြန်တော့လဲ အမိနိုင်ငံနဲ့ အဝေးကို ရောက်နေတဲ့ ဓမ္မမောင်နှမ အပေါင်းကို ပိုပြီး စေတနာထားမိပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူတွေအတွက်တော့ တရားတော်တွေကို ဟောပြောနေကြတဲ့ ဓမ္မကထိက မြောက်များစွာ ကို နာခွင့်ရ ကြည်ညိုခွင့်ရကြပြီး စာအုပ်စာပေတွေ ဆိုရင်လဲ ကြိုက်ရာကို ရှာဖွေ လေ့လာနိုင်ကြပါတယ်၊
အခုလို အဝေးကို ရောက်နေသူတွေ အတွက်တော့ လိုအပ်ရာ စာအုပ်စာတမ်းတွေ ကို လေ့လာချင်တောင်မှ မရနိုင်တာက ကိုယ်တွေ့အခက်အခဲဖြစ်ပါတယ်၊ ဒါကြောင့် အမိနိုင်ငံက လူတွေ မဖတ်ရလဲ ကိစ္စမရှိပါဘူးလေ၊ သူတို့ လေ့လာလိုရင် အားလုံး ရနိုင်ပါတယ်၊ ဆိုပြီး စိတ်ကူးမိသေးတယ်၊ သေချာပြန်တွေးကြည့်မိတော့ အော် ငါ မေတ္တာထားတာ အားလုံးအပေါ် မညီမျှဘူးပဲ လို့ သိတာမို့ အဲဒီအတွေးကို ချက်ချင်းဖျောက်ပစ်လိုက်ရတယ်။

ထားပါတော့၊ ဘလော့ကို ဒေါ့ကွန် ပြောင်းမလားတဲ့၊ အဲလို မပြောင်းလိုပါဘူး၊ စာရေးသူအနေနဲ့ လက်ရှိဘလော့ကို ပြင်ချင်တာတွေ ဖျက်ချင်တာတွေ များနေပြီး စိတ်ခုနေတဲ့ အတွက် နောက်အသစ်တခု ယူချင်ပါတယ် ဆိုလို့ အသစ်တခု ရလိုက်တယ်ပေါ့။ ဒါကြောင့် ပန်းကမ္ဘာ ကို လင့်ချိတ်ထားသူ ဓမ္မမောင်နှမတွေကို ဒီ လင့်လေးကို ပြောင်းချိတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
နောက်မှ သိရတာက အားလုံး ပြောင်းလို့ ဖြုတ်လို့ရတယ်၊ စိတ်ကြိုက်ပြုပြင်လို့ ၇တယ် တဲ့၊ သိဘူးလေ၊ အဲဒီလို ကြိုသိခဲ့ရင် ကိုယ်တိုင် အပင်ပန်းခံပြီး သူများကိုလဲ ဒုက္ခမပေးပါဘူး။ အခုတော့ ကိုယ်က အသစ်ယူပြီးသွားပြီကိုး၊ ( ကိုယ့်ကိုယ်ကို အဲဒီလောက် အ တာ အခုမှသိပါတယ် ) အခုလို လက်ခံလိုက်တယ် ဆိုတော့လဲ စာရေးဖို့ အားတက်ရပြန်တယ်၊

အန္နဒေါ ဗလဒေါ ဟောတိ -
အစားအစာလှူရင် ခွန်အားဗလကို ပေးလှူရာရောက်တယ်၊
ဝတ္ထဒေါ ၀ဏ္ဏဒေါ ဟောတိ -
အ၀တ်အထည်သင်္ကန်းလှူရင် ရုပ်ရည်ရူပကာလှပဖို့ အကြောင်းဖြစ်တယ်၊
ယာနဒေါ သုခဒေါ ဟောတိ-
သွားလာစရာယာဉ် နှင့် ယာဉ်လက်မှတ်စသည်လှူရင် ဘ၀တိုင်း ကိုယ် စိတ်နှစ်ပါးချမ်းသာဖို့ အကြောင်းဖြစ်တယ်၊
ဒီပဒေါ စက္ခုဒေါ ဟောတိ -
အလင်းရောင်ဆီမီး၊ လျှပ်စစ်မီးစသည်ပေးလှူရင် ပကတိမျက်စိ ဥာဏ်မျက်စိကို အားကောင်းဖို့ အကြောင်းဖြစ်တယ်၊
သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ ၊
အဆောက်အဦးကို ပေးလှူသူကတော့ အထက်ပါ ဒါနအမျိုးအစားအားလုံးကို ပေးလှူရာရောက်ပါတယ်၊
သူတို့အားလုံးထက် အမြတ်ဆုံး ကတော့ အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မံ အနုသာသတိ၊ ၀ါစေတိ၊ သိက္ခာပေတိ၊ ကထေတိ၊
အဓိပ္ပါယ်က မြတ်စွာဘုရားရှင် ၄၅ ၀ါပတ်လုံး ဟောကြားထားတော်မူခဲ့သော နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားတော်တွေကို ကိုယ်တိုင်လေ့လာ၊ သင်ယူ၊ ပို့ချ ၊ ဟောပြောခြင်း၊ သူတပါးကို လေ့လာ သင်ယူစေ ဟောပြောစေခြင်း သည် အမတဒါန - ဖြစ်ပါပေ၏၊
လို့ ဒေ၀တာသံယုတ် ကိံဒဒ သုတ္တန် မှာ အတိအလင်းဟောကြားတော်မူခဲ့ပါတယ်၊ ဒါကြောင့် အလှူရှင် မမြကျေးမုံ အနေနဲ့လဲ အမတဒါန အမြတ်ဆုံး အလှူကို ပေးလှူရာရောက်တဲ့အတွက် နိဗ္ဗာန်အထောက်အပံ့ ဖြစ်ပါစေကြောင်း ၀မ်းမြောက်စကားပြောကြားရင်း ဘာသာ သာသနာအကျိုး လောကအကျိုးကို ဆထက်ထမ်းပိုး ချီးမြောက်ထောက်ပံ့နိုင်ပါစေ လို့ မေတ္တာနဲ့ ဆန္ဒပြု လိုက်ပါတယ်။

အလှူရှင်ရဲ့ တိုက်တွန်းမှု့၊ စာရေးသူရဲ့ ၀ါသနာ နဲ့ စာဖတ်သူဓမ္မမိတ်ဆွေ တို့ရဲ့အားပေးစကားတွေကြောင့် ဒီတခါ ၀ိဇ္ဖာ ဇော်ဂျီ တပသီ တို့အကြောင်းကို ပိုစ့်အသစ်အနေနဲ့ အားထုတ်မိပြန်ပါတယ်၊ သာသနာနဲ့ မအပ်စပ်ပဲ အကျိုးသိပ် မရှိဘူးဆိုတာ သိပေမယ့် ထေရ၀ါဒ သာသနာမှာ မကင်းနိုင်သေးတဲ့ ဘာသာရေး မှိုင်းတိုက်မှု့တွေကို ပယ်ဖျက်ဖို့ ဗဟုဿုတအနေနဲ့ သူတို့ အကြောင်းအရာတွေကို သိထားမှ ဖြစ်ပါမယ်၊ ဒါမှသာ ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရပြီး မှန်ကန်တဲ့ ပန်းတိုင်ကို ရောက်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်၊
ဒီ ၀ိဇ္ဖာ ဇော်ဂျီ တပသီတို့ အကြောင်းကို သူတို့နေရာဋ္ဌာန၊ သူတို့ကျင့်စဉ်၊ ထွက်ရပ်ပေါက်ကြပုံ စတာတွေကို တတ်နိုင်သလောက် လက်လှမ်းမှီရာ စုစည်းပြီး ပန်းကမ္ဘာ နေရာသစ်လေးမှာ ရေးသားပါမယ်။ ဒီနေရာမှာ မရေးတော့ပါဘူး။ ဓမ္မမိတ်ဆွေများ အားလုံးကိုလဲ ပြုပြင်နေဆဲမို့ မပြည့်စုံတာများရှိရင် သည်းခံပေးကြပါလို့ တောင်းပန်ပါတယ်၊
ဓမ္မမောင်နှမ ရဟန်းရှင်လူ အားလုံးရဲ့ အားပေးမှု့နဲ့အတူ ပန်းကမ္ဘာ တခုကနေ ပန်းကမ္ဘာတခုကို မွေးဖွားလိုက်ပြန်ပါပြီ၊ ဆက်လက် အားပေးဖို့ မျှော်လင့်ရင်း -
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ ( http://www.dhammayaungchi.com/ )

| |

Read more...

the Khandha Sutta



Apadakehi me mettam.
Mettam dvipadakehi me.
Catuppadehi me mettam.
Mettam bahuppadehi me.

May there be love between me and creatures without feet.
May there be love between me and creatures with two feet.
May there be love between me and creatures with four feet.
May there be love between me and creatures with many feet.


The Khandha Paritta Sutta, belonging to a part of the Pali cannon that also includes the Metta Sutta, is a spell given by the Buddha for protection from snakes and other animals and is regularly chanted in Thailand and Burma. What strikes me most about the sutta though is this central verse which calls for love between the person reciting the sutta and all creatures.

The chant is in Pali of course, but various English versions are available; the one below, with just a few changes for ease of reading, comes from "Buddhist Chanting for Health, Peace and Happiness" compiled and edited by Chutatip Umavijani and Sarah Sutro. I was kindly given a copy of this book by Ajarn Chutatip last week and was instantly struck by the lovely translations.

I was also captivated by the centrality of metta in the Paritta texts. Although they are generally chanted for protection, their power is predicated on the practitioner's generation of unconditional loving-kindness. The message is that ultimately, if one lives radiating love, one can have nothing to fear. I also note, as a vegetarian, how that love is to include all creatures.

For much more on this Sutta, including a recitation in Burmese Pali, please follow the links below. For more ways of generating love for all creatures, if you eat animals, please consider eating fewer or none at all. And if you are a vegetarian, then I think you have every right to feel good about your choice, and congratulate yourself. You deserve it. May there be love between all creatures.

The Khandha Sutta

O, let us recite this protective Sutta
which, like a medicine or divine mantra,
destroys the terrible venom of all poisonous creatures,
and thoroughly destroys all other dangers to all beings,
in all places, at all times, within the sphere of the Paritta.

May there be love between me and the four tribes of snakes;
Viripakkhas, Erapathas, Chabyaputtas and Kanhagotamakas.

May there be love between me and creatures without feet.
May there be love between me and creatures with two feet.
May there be love between me and creatures with four feet.
May there be love between me and creatures with many feet.

May creatures without feet not harm me.
May creatures with two feet not harm me.
May creatures with four feet not harm me.
May creatures with many feet not harm me.

All creatures, all beings that breathe,
and all beings that have been born,
may they all, without exception,
understand what is good.
May no suffering come to any being.

To immeasurable Buddha,
the immeasurable Dhamma,
the immeasurable Sangha,
give sympathy to creeping and crawling things;
snakes, scorpions, centipedes, spiders, lizards, mice.

A protection has been made by me,
a safeguard has been made by me.
Let all creatures withdraw.

I pay homage to the Buddha.
I pay homage to the seven Fully Enlightened Ones.


Links:
  • The Khandha Sutta
  • Access to Insight: Khandha Paritta
  • Inward Path: the Paritta texts

    Note: The text above is, to the very best of my knowledge, copyright free.


  • Read more...

    ရွှေဒိုမိန်း၏ ဒုတိယအကြိမ်ခေါင်းစွပ်အလှူ





    SDC13139.JPG




    SDC13140.JPG




    SDC13137.JPG




    SDC13135.JPG

    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP