* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 13, 2010

၁၄ ကြိမ်မြောက်အလှူအတွက်ကြေညာချက်

စေတနာသုခ ညီအစ်ကိုမောင်နှမများခင်ဗျား....
ကျွန်တော်တို့စေတနာသုခအသင်း၏ ၁၄ ကြိမ်မြောက်အလှူကို ၁၇၊၁၊၂၀၁၀(တနင်္ဂနွေနေ့)တွင်
မင်္ဂလာဒုံမြို့နယ်၊ ဇလွန်သီလရှင်ပညာရေးကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများကို အသိပေးအပ်ပါသည်ခင်ဗျား...
ယခုကျွန်တော်တို့သွားရောက်လှူဒါန်းမည့် ဇလွန်သီလရှင်ပညာရေးကျောင်းသည် ကျောင်းသား၊ ကျောင်းသူ ဦးရေစုစုပေါင်း၁၄၅ ယောက် ရှိပါသည်။ ကျောင်းသားအားလုံးမှာ နီးစပ်ရာရပ်ကွက်များမှ ဖြစ်ပါသည်။ ယခုလှူဒါန်းမည့်ကျောင်းသည် မိဘမဲ့ကလေးကျောင်းမဟုတ်သော်လည်း သီလရှင်ပညာသင်ကျောင်း ဖြစ်သောကြောင့် အလွန်ဆင်းရဲလှပါသည်။ ထို့ကြောင့် လှူရန်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။

ယခုတကြိမ်အလှူသွားရာတွင် ယခင်ကကြေညာထားသည့်အတိုင်း ကားခ ၁၀၀၀ နှင့် ထမင်းအတွက် ၅၀၀ စုစုပေါင်း ၁၅၀၀ ကျပ်ကောက်ခံမည်ဖြစ်ပါသည်။ မိမိနှင့်နီးစပ်ရာ အသင်းအလှူကိုစိတ်ဝင်စားသူများကိုလည်း ခေါ်ဆောင်လာခဲ့စေချင်ပါသည်။

Read more...

ရေတော်ဆရာတော်ဈာပန ဖိတ်ကြားလွှာ

မန္တလေးမြို့မှာ မဟာမြတ်မုနိမြတ်စွာဘုရားကြီးက မန်းသူမန်းသားတွေရဲ့ အဖိုးမဖြတ်နိုင်လောက်တဲ့ အားထားရာ ကိုးကွယ်ရာ ကြည်ညိုရာ အတုမရှိမြတ်စွာဘုရားကြီးပါ။ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ ခရီးသွားများကလဲ မန္တလေးကိုရောက်ရင် ဘုရားကြီးကို ဦးညွတ်ရှိခိုးပူဇော်ကြမြဲပါ။ သင်္ကြန်လို ရာသီပွဲတွေကျင်းပတဲ့အခါ၊ အလှူပွဲတွေလှည့်တဲ့အခါတွေမှာ ဘုရားကြီးကို ပူဇော်ရှိခိုးဦးတိုက်ကြတာ မန်းသူမန်းသားတွေရဲ့ မွန်မြတ်လှတဲ့ အလေ့အထတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်လဲ ညနေတိုင်းဘုရားမျက်နှာတော်ကိုသွားရောက်ဖူးမျှော် ကြည်ညိုပါတယ်။ ဘုရားအရိပ်မှာ ခိုလှုံခွင့်ရတဲ့ အတွက်လဲ ၀မ်းသာကြည်နူးမိပါတယ်။

ဇန်န၀ါရီလ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ ၀မ်းနည်းစရာသတင်းတစ်ခုက တစ်မြို့လုံးမှာ ချက်ချင်းပျံ့သွားပါတယ်။ မဟာမုနိဘုရားကြီးရဲ့ ဝေယျာဝစ္စတွေကို နေ့စဉ်အလုပ်အကျွေးပြုနေတဲ့ ရေတော်ဆရာတော်ဘုရား ပျံလွန်တော်မူပြီ ဆိုတဲ့ သတင်းပါပဲ။ မနက်တိုင်း ညတိုင်း မဟာမုနိဘုရားကြီးမျက်နှာတော်သစ် ဆွမ်းကပ် ဆီမီးပူဇော် ရေတော် ပန်းတော်ကပ် အစရှိတဲ့ ဝေယျာဝစ္စ အလုပ်အကျွေးပြုပေးနေတဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီ။ ၂၂နှစ်ကြာမြင့်အောင် နေ့စဉ်နေ့တိုင်း ၀တ္တရားမပျက် ကိုယ့်အကျိုးစီးပွားအတွက်မဟုတ်ဘဲ၊ ဘာမျှော်လင့်ချက်မှမပါဘဲ ဘုရားအလုပ်အကျွေးပြုပေးနေရှာတဲ့ မန်းသူမန်းသားတို့ ကိုးကွယ်ရာ ဆရာတော်ဘုရားကြီး သက်တော် ၇၅၊ ၀ါတော် ၅၅ မှာပဲ ဘ၀နတ်ထံပျံလွန်တော်မူပြီ။

ဆရာတော်ပူဇော်ပွဲအတွက် အရှေ့ ၄၅တာကွင်းမှာ တရားပွဲတွေကျင်းပတဲ့အခါမှာ ဆရာတော် အရှင်ဉာဏိဿရ က ရေတော်ဆရာတော်သာ နောက် ၃နှစ်လောက် အသက်ရှည်မယ်ဆိုရင် မြတ်စွာဘုရားကို အရှင်အာနန္ဒာ အလုပ်အကျွေးပြုခဲ့တဲ့ ၂၅နှစ်ဆိုတဲ့ သက်တမ်းကို မှီသွားမှာပဲလို့ ထည့်သွင်းဟောကြားတော်မူခဲ့ပါတယ်။ ဆရာတော် အရှင်ဉာဏိဿရ ထည့်သွင်းပြောကြားသွားတာ တစ်ခုကို ကျွန်တော်တို့ မန်းသူမန်းသားတွေ စိတ်မကောင်းဖြစ်မိပါတယ်။

“ဟာ…. ဘုန်းကြီးဒီလောက်လေးဆိုပြလိုက်ရင် ပရိတ်သတ်ရိပ်မိတယ်.. သတင်းကြားတယ်.. ရေဒီယိုကလွှင့်သလား.. သတင်းစာကပါသလား.. ဘုန်းကြီးတို့တော့ အဲဒါတွေမရဘူး တယ်လီဖုန်းရတယ်.. ရေတော်ဆရာတော်ကြီး ပျံတော်မူသွားပြီ.. ဟာ.. ဒီလိုဖြစ်ကြတယ်.. ဟာ.. ဆရာတော်ကြီးတစ်ပါးပျံလွန်တော်မူသွားပြီ.. ဒီလိုဖြစ်ကြတယ်”

မြန်မာနိုင်ငံက ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံပါ။ ဒီလိုသတင်းမျိုးကို ထည့်သွင်းကြေငြာသင့်ပါတယ်။


ဆရာတော်ရဲ့ ဈာပနကို ပြာသိုလကွယ်နေ့(ဇန်န၀ါရီလ ၁၄ရက်) ဘုရားကြီးအရှေ့၄၅တာကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အနယ်အနယ်အရပ်ရပ်က ပြည်သူပြည်သားတွေ ဆရာတော်ကိုနောက်ဆုံးအနေနဲ့ လာရောက်ဖူးမျှော် ကြည်ညိုချင်ကြသူတွေကို မန်းသူမန်းသားတွေကိုယ်စား ကျွန်တော်က ဖိတ်ကြားအပ်ပါတယ်။ ရေတော်ဆရာတော်ဘုရားကြီး ရောက်ရာဘုံမှာ အေးချမ်းသာယာရှိပါစေလို့ လေးနက်စွာ မေတ္တာပို့သအပ်ပါသည်ဘုရား…………………

Read more...

msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ



















msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ
(၁၂-၁-၂၀၁၀) နေ့ နံက်(၇)နာရီမှ ည(၉)နာရီအချိန်ထိ မကွေးမြို့ကောင်းမွန်စူပါမားကတ်တွင် ကျင်းပပေးပါသည်။ ရည်ရွယ်ချက်မှာ Msi ၏နည်းပညာပြန့်ပွားရေးပြပွဲသက်သက်သာဖြစ်ကြောင်း သိရပါ၏။အဖွဲ့ခေါင်းဆောင်တာဝန်ခံ ကိုကောင်းမြတ်ဖြစ်ပါသည်။ကျွန်တော်တို့ မကွေးမြို့နယ် စာနယ်ဇင်း ဥက္ကဌ မကွေးဝင်းမြင့်နှင့်အဖွဲ့သိလိုသည်များအား Msi တာဝန်ရှိလူငယ်လေးများမှ စိတ်ရှည်စွာရှင်းလင်းပြသပေးကြပါသည်။ကျွန်တော်တို့အကြိုက်ဆုံးကွန်ပျူတာမှာ Pc ပုံးမပါ၊ ကီးဘုတ် နှင့်မောက်စ်မလိုသော LCD မော်နီတာတစ်ခုတည်းဖြင့်သာအသုံးပြုရသော(4 in 1 Support SD,MS,MMC.XD) ကွန်ပျူတာ မော်ဒယ်(MSI WIND TOP AE 1900) တန်ဖိုးငွေ (၅၆၀၀၀၀ိ)ငါးသိန်းခြောက်သောင်းတန်ဖြစ်ပါသည်။
မကွေးမြို့မှာ တက္ကသိုလ်ကျောင်း(၅)ကျောင်း။ကောလိပ်ကျောင်း(၁)ကျောင်းရှိသော အိုင်တီပညာအား လေ့လာလိုက်စားကြသူများ အလွန်များပြားကြပါ၏။ဤကဲ့သို့သော နည်းပညာပြပွဲများ မကြာ မကြာ လာရောက်၍ ပြသပေးကြသည်မှာ မင်္ဂလာကျက်သရေအပေါင်းနှင့် တင့်ဖြိုးဝေပါပေသတည်း။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၁၂)ရက်၊ ည(၉း၁၅)နာရီတွင် ရေးသားတင်ပြပါသည်။

Read more...

ပစ္စည်း လေးပါး

ဘုရား တရားနှင့် သံဃာ ဟူသော ရတနာသုံးပါးကို မိရိုးဖလာအဖြစ် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။ အကြိမ်ပေါင်းများစွာ အခါပေါင်းများစွာ မရေမတွက်နိုင်အောင် သရဏဂုံသုံးပါးကို ရွတ်ဆိုပူဇော်ဖူးပါ၏။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အစချီသော သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့ပါ၏။ သိခဲ့ပါ၏။ ဖတ်ခဲ့ပါ၏။ မှတ်ခဲ့ပါ၏။ သို့သော် ကျွန်တော် အသက် ၃၈-နှစ်အရွယ်သို့ ရောက်ရှိပြီးသော နေ့တနေ့၊ မိမိတို့ တောမြို့လေးတခုအနီးရှိ သပြေကုန်းကျေးရွာ အလှူအတန်းတခုမှာ မြို့ဦးကျောင်းဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူမိမှ ဤအသိကို ရရှိပါသည်။

၁။ ဘုရားဆိုသည်ကား သစ္စာလေးပါး အမှန်တရားကို အလင်းဆောင်၍ စတင်ပြညွှန်သူပေတကား။
၂။ တရားဆိုသည်ကား ထိုဘုရားရှင်ဟောကြားပြသ လမ်းညွှန်ပြသည့် မိန့်မြွက်စကားပေတည်း။
၃။ သံဃာတော်တို့သည် ဤဘုရားဟောကြားသော တရားတော်မြတ်တို့ကို လောကလူသားအပေါင်းတို့ သိရှိနားလည်အောင် သယ်ဆောင်ဖြန့်ဖြူးတော်မူကြသူများပေတကား။

၁။ ဘုရားသည် တရားအလင်းကို စတင်ထွန်းညှိခဲ့သူ။
၂။ တရားသည် သိစရာသာမက လိုက်နာကျင့်ကြံရမည့် ကျင့်သုံးအပ်သည့် လမ်းကြောင်းဓမ္မ။
၃။ သံဃာတော်တို့က ဤအလင်းတိုင်ကို ကိုင်ဆောင်မြှင့်မြှောက်၍ ချောက်ထဲ၊ အမှောင်ထဲမှ ကယ်တင်စောင့်ရှောက်ကြသူများ။ ထွန်းညှိသယ်ယူခဲ့သူများ။

ရတနာသုံးပါးတို့၏ အချင်းချင်းဆက်နွယ်မှုကို မိမိသည် အထက်ပါအတိုင်း သိမြင်ခဲ့သည်မှာ အသက်လေးဆယ် နီးသည့်အရွယ်မှ ဖြစ်ပါသည်။ သဘောပေါက်တာ အတော်နောက်ကျခဲ့ပါ၏။ မည်သို့ပင်ဖြစ်စေ မိမိအဖို့ရာမူကား ကြည်ညိုသဒ္ဓါတိုးပွား၍ အကျိုးများလှပါသည်။

ယနေ့နံနက်တွင် ကျွန်တော်တို့ဌာနသည် ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှိ သံဃာတော်အရှင်မြတ်များကို တနေ့တာ ဆွမ်းအတွက် ဆက်ကပ်လှူဒါန်းကြပါသည်။ လွန်ခဲ့သောလက လှူဒါန်းခဲ့ရာတွင် သံဃာတော် ၄၃၆-ပါးရှိခဲ့သည်။ ယနေ့မူ တက္ကသိုလ်ကျောင်း ခေတ္တနားချိန်ဖြစ်သဖြင့် သံဃာအပါး ၇၀-နီးပါး မျှသာ ရှိကြလေသည်။

သက်ဆိုင်ရာ သံဃာ့တက္ကသိုလ်၏ ပဓာနနာယက ဆရာတော်ဘုရားက ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူသည်။ ဆရာတော်က ဆွမ်းအကျိုးကို ဟောကြားသည်။ ဆွမ်း၏ အရေးပါပုံကို ရှင်းလင်းသည်။ ဆွမ်းလှူဒါန်းသဖြင့် ၀မ်းမြောက်စရာ ဖြစ်ပုံများကို ဟောပြတော်မူပါသည်။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော အရာလေးမျိုးကို ပစ္စည်းလေးပါးဟူ၍ ခေါ်ကြသည်။ ပစ္စည်းဟူသည်ကား ပါဠိသက်ဝေါဟာရ ဖြစ်၏။ ပစ္စည်း၏အနက်ကား အထောက်အပံ့ပေးသောအရာ၊ အကျိုးပြုပေးသော အကြောင်းခံအချက်ဟု ယူသော် ရကောင်းသည်။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့သည် သံဃာတော်များ၏အသက်ကို အသီးသီး အထောက်အပံ့ပေးသောအရာများ ဖြစ်၏။ သံဃာတော်များ သာသနာ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြစေရန် အခြေခံကျကျ အထောက်အကူပြုပေးကြ၏။ မည်သို့ ထောက်ပံ့နေကြသနည်း။

ရဟန်းဘ၀၏ လိုအပ်ချက် ၄-ရပ်ကို ဖြည့်ဆည်းပေးရာ ရောက်သောကြောင့် ဖြစ်၏။ သာသနာတော်ကို ထွန်းလင်းတောက်ပ ပြန့်ပွားရအောင် ဆောင်ကြဉ်းကြမည့် ရဟန်းတော်တို့အဖို့ အသက်ရှည်စွာ ရပ်တည်ဖို့ရာ အချက်လေးချက် မရှိမဖြစ် လိုအပ်သည်။
(၁) စားစရာ လိုအပ်သည်။
(၂) ၀တ်စရာ လိုအပ်သည်။
(၃) နေစရာ လိုအပ်သည်။
(၄) ကျန်းမာမှုရှိဖို့ရာ လိုအပ်သည်။
စားဖို့ရာ ဆွမ်းကို လှူဒါန်းနိုင်သည်။ ၀တ်စရာ သင်္ကန်းကို လှူဒါန်းနိုင်သည်။ နေစရာ ကျောင်းကို လှူဒါန်းနိုင်သည်။ ကျန်းမာဖို့ရာ ဆေးကို လှူဒါန်းနိုင်သည်။

ဪ-ဆွမ်း -သင်္ကန်း-ကျောင်းနှင့် ဆေးဟူသော ပစ္စည်းလေးပါးတို့သည် သာသနာတော်အရှည်ခံ့၍ တည်တံ့စေသောငှါ သံဃာတော်အရှင်မြတ်တို့အတွက် အသက်သွေးကြော ဖြစ်ပါပေတကား။
ပစ္စည်းလေးပါးတို့၏ အရေးပါ၊ ပဓာနကျပုံနှင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အထောက်အပံ့ပြုခဲ့ပုံကို (အသက်၅၀-ကျော်မှ) သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း သဘောပေါက်တော့သည်။ ယခုမှ စား ၀တ် နေရေး ကျန်းမာရေးအတွက် ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး တို့ကို တခုချင်းဆက်စပ် လိုအပ်လှကြောင်း ကောင်းစွာနားလည်မိတော့သည်။ ဒါနကုသိုလ်၏ အကျိုးဆက်များကို သိရ၍ ပီတိပွားရသည်။

ရတနာသုံးပါးတို့ တခုနှင့်တခု ဆက်နွယ်ပုံကို နောင်ချိုမြို့ မြို့ဦးဆရာတော် ဟောကြားသောတရားကို နာယူရင်း ရှင်းလင်းနားလည်ခဲ့ရသည်။ ထိုအခါ စိတ်မှာ ကြည်ညိုသဒ္ဓါစိတ်တွေ ပိုမို ပေါ်ပေါက်လာသည်။
ဆွမ်းအလှူပွဲတွင် ဆရာတော် ဟောကြားသော ဆွမ်းအနုမောဒနာတရားကို မိမိ နာကြားရသောအခါ၌ ပစ္စည်းလေးပါးတို့က သာသနာတော်ထွန်းကား ပြန့်ပွားရေး၌ အခြေခံအထောက်အပံ့ ပေးနေပုံကို အလေးအနက် နားလည် သိမြင်ရပါတော့သည်။

သံဃာတော်များအား ဆွမ်းလှူဒါန်းဖူးပါသည်။ ၀ါဆိုသင်္ကန်း သထိန်သင်္ကန်းများလည်း ကပ်လှူဖူးပါသည်။ ကျောင်းကိုလည်း ပြုပြင် လှူဒါန်းခဲ့ဖူးပါသည်။ ဆေးဝါးများလည်း လှူခဲ့ဖူးပါသည်။ ပစ္စည်းလေးပါး၏ အကျိုးဆက်သည် မည်မျှအထိ တာသွား၍ မည်သို့ အခြေခံကျသည်ကိုမူ မစဉ်းစားမိ တွေးလည်း မတွေးမိ သာမန်မျှသာ ဖြစ်ခဲ့၏။

ယခုမှပဲ လေးလေးနက်နက် သိမြင်ပါတော့သည်။ ယနေ့ စာရေးသူ နားအတွင်းသို့ အလင်းဓာတ်ပေးတော် မူခဲ့သော ကျေးဇူးရှင်ဆရာတော်ကြီးများအား ရိုသေစွာ ရှိခိုးပူဇော်လျက် ဤဆောင်းပါးကို ရေးသားတင်ပြ ပါသည်။ မိမိအဖို့ရာမူ ဤအကြောင်းအကျိုး ဆက်နွယ်ပုံလေးများကို သိရှိနားလည်ရသည်ကိုပင် ၀မ်းမြောက် ကြည်နူးလှပါသည်။

( ချစ်နိုင်-စိတ်ပညာ)

Read more...

sweetpeony ၏ မေမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ sweetpeony: အရှင်ဘုရား ဗုဒ္ဓဘာသာစစ်စစ်ဟာ ဗေဒင်တွေ နတ်တွေကို မယုံရဘူးလို့ မှတ်ထားဖူးပါတယ်။ ဘိုးမင်းခေါင်တို့ ဘိုးဘိုးအောင်တို့ကို ရှိခိုးနေတာကျတော့ကောဘုရား။ တချို့က အဲဒါတွေကို ရှိခိုးလို့ ၀က်သား မစားတာတွေ ဘာတွေ တွေ့ဖူးလို့ပါဘုရား။ ဗုဒ္ဓဘာသာအနေနဲ့ကြည့်ရင် ဘယ်လိုပါလဲဘုရား။

ဖြေ။ ။ ဗုဒ္ဓဘာသာဖြစ်တာနဲ့ ဗေဒင်တွေ နတ်တွေကို မယုံရဘူးဟူ၍ မဆိုလိုပါ၊ သို့သော် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဗေဒင်ဟောပြောနေခြင်းကို ဘုရားမကြိုက်တာတော့ အမှန်ပါ။ နတ်ကိုလည်း မယုံရဘူးဟူ၍ မဆိုလိုပါ။ ကျမ်းဂန်တွေမှာလည်း နတ်ဒေဝါတို့အထင်အရှားရှိလေသည်။ သို့သော် ၄င်းနတ်များကို ကိုးကွယ်ဆည်းကပ်စရာ မလိုဟူ၍ မှတ်ရပါမည်။ ဘိုးမင်းခေါင် ဘိုးဘိုးအောင်တို့သည်လည်း ကိုးကွယ်ဆည်းကပ်စရာ မဟုတ်သောကြောင့် ဗုဒ္ဓဘာသာများအနေဖြင့်၊ ရတနာသုံးပါးမှ တစ်ပါး ဘယ်နတ်ဒေဝါကိုမျှကိုးကွယ်ဆည်ကပ်စရာမလိုဟု၍မှတ်ပါလေ။ ကိုးကွယ်းဆည်းကပ်စရာမလိုသည်ကို ကိုးကွယ်ဆည်းကပ်မိလျှင်၊ ဘုရားအလိုတော်ကျမဟုတ်၍၊ ဗုဒ္ဓဘာသာ စစ်စစ်မှန်လျှင် နတ်ကိုးကွယ်မှူကို ရှောင်ရမည်ဖြစ်၏။

Read more...

အမှန်တရားကို နားလည်စေချင်သည်

အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့်
စိတ်ကောင်းနှင့် ယှဉ်
ရှေးရှူ့နှင်လော့........
ဟူသော အဆုံးအမ စကားအတိုင်း ကိုယ်ရည်ရွယ်ထားသည့် ပန်းတိုင် အရောက်လျှောက်သွားဖို့ရန်အတွက်
မိမိကိုယ်ကိုယ်ကို ကိုယ်တိုင်ပင် အားပေးနှစ်သိမ့်နေရ၏။
အဘယ့်ကြောင့်ဟူမူ.......... အများအကျိုးကို ရည်ရွယ်ပြီး လုပ်ပေးနေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့
သူတွေက ရှိနေလေတော့ အခက်ခဲတွေနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်၏။
Caravan - လှည်းကြီးကတော့ သွားမြဲပဲ ဆိုသောစကားကို စာဖတ်သူတို့ ကြားဖူး သိဖူးကြမည်ထင်၏။
အမေရိက တိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ်ကာလက မြင်လေးကောင်ဆွဲတဲ့ Caravan - ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်။
ရွာတွေ တည်ထောင်မိတဲ့ အခါမှာလဲ အဲဒီ ပေါင်းမိုး လှည်းတပ် Caravan လှည်းတွေနဲ့
တစ်ရွာဝင် တစ်ရွာထွက် လှည့်ပြီး ဈေးရောင်းကြတယ်။
ဈေးလှည့်ရောင်းတဲ့ Caravan လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေရော၊ တခြားပစ္စည်းတွေရော
အစုံပါတယ် ဒီတော့ ဈေးလှည်းကြီးလာရင် လမ်းကလဲ မကောင်းတဲ့ ခေတ်ဆိုတော့ လှည်းလှုပ်တိုင်း
အိုးခွက်တွေအချင်းချင်း တိုက်လို့ ထွက်လာတဲ့ ဂလုံ ဂလွမ်အသံတွေရော သံစုံမြည်နေတာပေါ့။
သံစုံမြည်နေတဲ့ ဒီလှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက ၀ိုင်းပြီး ဟောင်ကြတာပေါ့။
ဒီလို ၀ိုင်းပြီး ဟောင်ကြပေမယ့်လည်း လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။
The dogs bark but the Caravan goes on. တဲ့

ထိုနည်းတူစွာပင် စာရေးသူလည်း သွားရမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေပါမည်......
အများအကျိုး ရှေးရှူ့လုပ်တာဖြစ်ပေမယ့် ဒါကို သဘောမပေါက် နားမလည်သူတွေက
ဝိုင်းပြီး အပြစ်ပြောကြ၊ သရော်လှောင်ပြောင်ကြနဲ့ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီး ရပ်ရမယ်ဆိုရင်........
လိုရာအရပ်ကို ရောက်နိုင်တော့မည် မထင်........
ဘာကြောင့် ဒါတွေကို ပြောနေရလဲ ဟူမူ.......
ယခုအခါ အွန်လိုင်းပေါ်တွင် ရူးနေသော မွတ်ဆလင် ခွေးဝဲစား တစ်ကောင်မှ အကြီးအကျယ်
ဟောင်နေတာကို တွေ့ရပေ၏။
ခွေးက ခွေးအလုပ် လုပ်နေတာကို မသိနားမလည်သော ဗုဒ္ဓဘာသာကို ချစ်သော
မိမိဘာသာကို စော်ကားတာ မခံနိုင်သော ဘာသာချစ် လူငယ်များက လာရောက်၍
စာရေးသူ၏ စီဘောက်မှာ link လာထားတာ ဖြေးရှင်းဖို့ တောင်းဆိုတာကို ခဏခဏ
ကြုံနေရ၏။ တိရိစ္ဆာန်လောက်ပင် အသိဥာဏ် မရှိသောထိုမွတ်ဆလင်ကုလားက
ဖြေရှင်းလို့ကော ရပါမည်လား။
စာရေးသူဖြေရှင်းလို့ကော ရပ်တန့်သွားနိုင်ပါမည်လော ပြန်မေးလိုက်ချင်၏

ထို link ရောက်လာတိုင်း ဖြေရှင်းစရာမလိုသောကြောင့် စာရေးသူအနေနဲ့ ဖျက်ချမြဲပင်ဖြစ်ပါသည်။
အဆင့်တန်း မရှိပဲ ရေးချင်ရာရေးနေတဲ့ ဘလော့ကို ဂရုစိုက်ဖို့မလိုပါ link လာထားနေတာဟာလည်း
သူ့ကို လူသိများအောင် ကြော်ငြာပေးသလို ဖြစ်နေပါသည်။
ကိုယ်လုပ်တဲ့ အလုပ်က နည်းလမ်းမှန် ဟုတ်မဟုတ် စဉ်းစားဖို့ကောင်းပေသည်
ဗုဒ္ဓဘာသာကို တိုက်ခိုက်မှုတွေလုပ်လာတာရှိနေတာ ယနေ့မှ မဟုတ် အရင်ကတည်းက ရှိနေခဲ့၏
အလကားရလို့ ရေးချင်ရာရေး ဘာသာကို ရစရာမရှိအောင်
တိုက်ခိုက်နေသော မူဆလင် ခွေးဝဲစားများ၊ ခရစ်ယာန် ခွေးဝဲစားများ
အွန်လိုင်းပေါ်တွင် အများအပျားရှိနေတာကို သတိပြုမိဖို့ ကောင်းပေသည်
ဖြေရှင်းစရာ မလိုပါ သူတို့ရေးသော ဘလော့များကို
လျစ်လျူရှူ့ထားလိုက်ရင် သူတို့ဘယ်လောက်လုပ်နိုင်မလဲဆိုတာ စဉ်းစားဖို့ကောင်း၏။
ခုတော့ မိမိကပါ အလိုတူအလိုပါ ကြော်ငြာပေးနေသယောင်ယောင် ထင်ရ၏
ခွေးမို့ ဟောင်တာပဲ လို့ နားလည်သိ ပေးလိုက်ရင် ကိစ္စမရှုပ်တော့ဘူး ဟု
မိုးကုတ်ဆရာတော်ကြီးက ဆုံးမဖူးတာကို သိထားဖို့ကောင်းပါသည်။

စာရေးသူတို့ ဗုဒ္ဓဘာသာဆိုသူတွေမှာ တကိုယ်ကောင်းသမားတွေ တာဝန်မဲ့သူတွေ များလှပါတယ်
သာသနာ ကျေးဇူးကြောင့်အသိတရားတွေ ရလာတယ်။
အသိတရားပေးတဲ့သာသနာတော်ကို ကျေးဇူးမဆပ်ချင်ကြပဲ ကိုယ်လွတ်ရုန်းဖို့တခုပဲ စဉ်းစားကြတာတွေ
ဒုနဲ့ဒေး ပင်ရှိ၏

အောက်ပါ ပုံလေးကို ရှူ့ပါအုံး


မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို အကြီးကျယ် စော်ကားသွားခြင်းပင်
သူက တိုင်းတပါးက သူကိုစကားပြန်ပေးတဲ့ သူတစ်ယောက် တော့ရှိပေလိမ့်မည်
အဲဒီလူ ကလဲ ဘာမှ မပြောပြဘူးလား..........
သူတည်းခိုတာ က မြန်မာ မှာ သူတည်းခိုတဲ့နေရာ က လူတွေကလဲဒီတိုင်းကြည့်နေကြသလား.........
သူနဲ့ပက်သတ်တဲ့ သူထဲမှာ ဗုဒ္ဓဘာသာ တစ်ယောက် ယောက် တော့ပါမှာပါပဲ .....
သူကကော ဘာမှမပြောဘူးလား
ဒီကိစ္စကို တွေ့မြင်သူတွေက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကော တိုင်ကြခြင်း မပြုဘဲ ဘာကြောင့်
ခုမှ အင်တာနက်ပေါ်မှာ ပျံ့လွင့်လာရသနည်း မေးစာရာပင်
ဒါဘာကြောင့် ဖြစ်လာရသနည်းဟူမူ ကိုယ်နှင့် မဆိုင်သလိုနေတဲ့ သူများတဲ့အတွက်ကြောင့်ပင် ဖြစ်၏။
ထိုကဲ့သို့ပင် အမိမြေမှာနေ အမိရေကိုသောက်ပြီး အမိလူမျိုး အမိဘာသာကို စော်ကားသော
မူဆလင်များ ခရစ်ယာန်များ ရှိနေသည်ကား ယနေ့မှ မဟုတ် အရင်ကတည်းက ရှိနေခဲ့တာကို သိဖို့ကောင်းပေသည်။

မူဆလင်များ၏ ဘေးရန်ကို ကာကွယ်ဖို့ စာရေးသူ၏ ဆရာဖြစ်သော ၀ီရသူ (မစိုးရိမ်) လို သြဇာအာဏာကြီးမားတဲ့ ဆရာတော်က ကာကွယ်ရေးတရားများ ဟောပြောခဲ့ဘူးပါသည်။
သို့သော်လည်း အမိဘာသာကို ကာကွယ်ဖို့ ဟောပြောတာကိုပင် ဖမ်းဆီးခြင်းခံရလျှင်
စာရေးသူလို ဘာမဟုတ်တဲ့ သာမည ရဟန်းငယ်တပါးက ဘာများလုပ်ပေးနိုင်ပါမည်နည်း
အပြစ်မဲ့တဲ့ ဆရာ့ကို ဖမ်းဆီးခံရစဉ်က စာရေးသူခံစားခဲ့ရသလို ခံစားရပါမည်လော ဟု မေးလိုက်ချင်ပါသည်။

ထိုကဲ့သို link လာထားကြသောသူများထဲတွင် ခုမှ ဘာသာကို ချစ်သယောင်ယောင်ပြပြီး
စိတ်အနှောက်ယှက်ပေးနေသူများလဲ ရှိသေး၏။
အခွင့်အရေးကို ချောင်းနေသော အဓမ္မ၀ါဒီ နောက်လိုက်နောက်ပါများပင်
ခွေးဝဲစား ဟောင်တာကို ဟောင်မှန်းမသိ ရောယောင်ပြီး လိုက်ဟောင်ပြနေတာက ရယ်စရာပင် ကောင်းချေသည်။

မိမိကိုယ်ကျိုး လုံးဝမပါ အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ဂေါတမဗုဒ္ဓဘုရားရှင်မှာတောင်
နှောက်ယှက် ဖျက်ဆီးသူတွေ အများကြီး၊ အဟန့်အတားလုပ်သူတွေ၊
အပြစ်ပြောသူတွေ၊ဦးပြည်ယုတ်ရဟန်း-ဆိုပြီး
ဆဲဆိုသူတွေ အများကြီးပါပဲ ဒီလို နှောက်ယှက်လာလို့ မကောင်းပြောလို့
သူရဲ့ ဗုဒ္ဓကိစ္စတွေ အလုပ်တွေကို ရပ်တန့်မသွားပဲ လေးဆယ့်ငါးဝါ ကာလပတ်လုံး လုပ်ရမယ့် အလုပ်တွေ၊ ဗုဒ္ဓကိစ္စတွေကိုလုပ်ဆောင်ရင်း နိဗ္ဗာန်သို့ ကြွမြန်းသွားတာပါပဲ။

ကိုယ်ကျိုး မကင်းသေးတဲ့၊
အတ္တစွဲမကုန်သေးတဲ့ ငါ့လို ဘာမှမဟုတ်တဲ့ ရဟန်းငယ်တစ်ပါးမှာ အနှောက်အယှက် အဟန့်တားတွေ
တွေ့ရတာ မဆန်းပါဘူး၊ ဒီလိုနှောက်ယှက်မူတွေကြောင့် ကိုယ်လုပ်ရမှာကို ရပ်တန့်တွန့်ဆုတ်မသွားစေရ
စိတ်ဓာတ်ကျမသွားစေရ- ဟု မိမိကိုယ်ကိုယ်ကို အကြိမ်ကြိမ် နှလုံးသွင်းအားပေးနှစ်သိပ်ရင်း............

Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/



Read more...

မိမိဂုဏ်မြှင့် ပွဲလယ်တင့်..


ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ကောင်းသောလူရှိသကဲ့သို့၊ ဆိုးသောလူလည်း ရှိပါသည်။ လူတစ်ဦးချင်း၏ ကောင်းမှုဆိုးမှုသည် လူမျိုးနှင့် မသက်ဆိုင်သကဲ့သို့၊ ကိုးကွယ်သည့်ဘာသာနှင့်လည်း ပတ်သက်မှုမရှိပေ။ ထိုလူ၏ ကောင်းမွေ၊ ဆိုးမွေသည် ၄င်း၏ အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ်ရေးရာနှင့်သာ သက်ဆိုင်မှုရှိပါသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာတရား..
ထေရဝါဒဗုဒ္ဓဘာသာဟူသည် ကိုးကွယ်ယုံကြည်မှု ရှိရုံသာမက၊ ကျင့်ကြံအားထုတ် လိုက်နာဆောင်ရွက်မှုလည်း ရှိရန် အထူးလိုအပ်ပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်စည်းကမ်း နည်းလမ်းကို အားထုတ်သူ မည်သည့်ဘာသာဝင်မဆို မြတ်တရားဓမ္မ၏ အကျိုးတရားကို ခံစားနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် ဖန်ဆင်းသူမဟုတ်သကဲ့သို့၊ တန်ခိုးရှင်လဲ မဟုတ်ပေ။ မြတ်ဓမ္မတရားများကို ဟောပြောပြသသူ၊ လမ်းညွှန်ပြသသူ ဆရာသခင်သက်သက်သာလျှင် ဖြစ်ခဲ့ပါသည်။ အမှန်စင်စစ် မိမိတို့၏ဘဝ ဖန်ဆင်းရှင်အစစ်အမှန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြုလုပ်သော အကြောင်းတရားများပင် ဖြစ်ပါသည်။ မိမိတို့ပြုလုပ်သမျှ အကြောင်းတရားကံများကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားများကိုသာ သံသရာတလျှောက် စံစား ခံစားကြရမည် ဖြစ်ပါသည်။

မြင့်မြတ်သောလူမျိုးဆိုသည်မှာ…
မြင့်မြတ်သောလူမျိုးဟူသည် စိတ်ဓာတ်ရေးရာ ကောင်းမြတ်သည်နှင့်အညီ၊ ဘာသာတရား၏ အဆုံးအမကို တသွေမတိမ်း လိုက်နာလေ့ရှိပါသည်။ အထူးအားဖြင့် အပြောအဆို အပြုအမူအရ ယဉ်ကျေးလိမ္မာသည့်အပြင် တခြားသောလူမျိုးနှင့် သူတပါး၏ ဘာသာတရားကို ဆိုးဝါးစွာ ပုတ်ခတ် ဝေဖန်လေ့မရှိကြပေ။

သူ့ဂုဏ်နှိမ့်ချ မိမိဂုဏ်ပိုနိမ့်ကျ
သူတပါး၏ဂုဏ်သိက္ခာကို နှိမ့်ချပြောဆိုခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို မြင့်တက်စေလိမ့်မည် မဟုတ်ပေ။ ထို့အတူ မိမိဘာသာ၏ ကြီးမြတ်မှုကို ထုတ်ဖော်ရမည့်အစား၊ သူတပါး၏ ဘာသာတရားကို မဟုတ်တန်းတရား ပုတ်ခတ်ဝေဖန်နေခြင်းသည် မယောင်ရာဆီလူး၊ အချိန်ကုန်လူပန်း အကျိုးမဲ့ဖြစ်စေပါသည်။ မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှုကို ထုတ်ဖော်ဝန်ခံနေသကဲ့သို့ ဖြစ်နေပါသောကြောင့် အထူးရှောင်ရှားရန် လိုအပ်လှပါသည်။ သူတပါး၏ကဲ့ရဲ့ ပုတ်ခတ်ခြင်းကြောင့် မိမိ၏ဂုဏ် နိမ့်ကျ ယုတ်လျော့မှု မရှိပါသော်လည်း၊ သူတပါးအား နှိမ့်ချပုတ်ခတ်မိပါက မိမိ၏ စိတ်ဓာတ်အောက်တန်းကျမှု ပြသမိပါသောကြောင့် ရှိရင်းစွဲဂုဏ်သိက္ခာကို ထိခိုက်နိမ့်ကျစေပါသည်။

ဟုတ်လျှင်နာ၊ မဟုတ်လျှင် နာစရာမလိုပါ...
မိမိတို့အား စွပ်စွဲကဲ့ရဲ့ခြင်းသည် မှန်ကန်မှုမရှိပါက နာကျင်ခံစားစရာ လုံးဝ မလိုအပ်သလို၊ ပြန်လှန် တုန့်ပြန်စရာလည်း မလိုအပ်လှပေ။ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ နာကျင်နေခြင်းသည် မိမိတို့၏ လုပ်ရပ်မှားယွင်းမှုကို အများအား ဝန်ခံနေသည်နှင့် တူလှပါသည်။

ပုတ်ခတ်စွပ်စွဲကဲ့ရဲ့ခြင်းသည် အကျိုးမရှိပါ…
မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားဒေသနာများတွင် သူတပါး၏ ယုံကြည်ကိုးကွယ်ခြင်းအား ထိပါးစော်ကားမှုကို အားပေးခြင်း လုံးဝမပါရှိပါ။ ဒေသစွဲ၊ လူမျိုးစွဲ၊ ဒိဋ္ဌိစွဲဖြင့် လူလူချင်း နိုင်ထက်စီးနင်း ပြုမူခြင်းထက် သတ္တဝါအားလုံးအပေါ် တူညီသော မေတ္တာထားခြင်းကိုသာ ဆုံးမစကား ဟောကြားတော်မူခဲ့ပါသည်။ လူသားတို့သည် မိမိတို့ ကံဇာတ်ဆရာ၏ စီမံမှုအောက်တွင် အယူခံခွင့်၊ ရွေးချယ်ပိုင်ခွင့် လုံးဝမရှိဘဲ ဘဝအမျိုးမျိုး ဒေသအမျိုးမျိုးတို့၌် လူမျိုးကွဲ ဘာသာကွဲများအဖြစ် ကွဲပြားစွာ ကျင်လည်နေကြရပါသည်။ အတိတ်ဘဝ၏ ပါရမီဓာတ်ခံ ပါလာသူအချို့သာလျှင် မြတ်စွာဘုရား၏ တရားစစ် တရားမှန်ကို လေ့လာလိုက်စားခွင့် ဆည်းပူးကျင့်သုံးခွင့် ရရှိကြပါသည်။ ယုံကြည်မှုမရှိသောသူများ၊ အသိဥာဏ်မမှီသော မိစ္ဆာဒိဋ္ဌိများအား ဆွဲဆောင်စည်းရုံးခြင်း ပြုလုပ်ကြမည့်အစား၊ အမှန်တကယ် တရားဓမ္မများကို ကြည်ညိုသက်ဝင်သော်လည်း လမ်းလွဲ၊ လမ်းမှားရောက်နေသူများကိုသာ စေတနာဖြင့် လမ်းမှန်ရောက်စေရန် ကူညီပေးခြင်းသည် ပိုမိုသင့်လျော်လှပါသည်။

မိမိဂုဏ်မြှင့် ပွဲလယ်တင့်…
မိမိတို့လူမျိုး၊ မိမိတို့ဘာသာ၊သာသနာ တိုးတက်မြင့်မားမှုကို ဆောင်ရွက်ခြင်းသည်သာ အကျိုးကျေးဇူးများနိုင်ပြီး၊ သူတပါးလူမျိုး၊ သူတပါး၏ ဘာသာတရားကို ကဲ့ရဲ့ပုတ်ခတ်စော်ကားခြင်းသည် မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အရုပ်ဆိုး အကျည်းတန်လှပါသည်။ ဥပမာအားဖြင့် မိမိတို့၏ အိမ်ခြံစည်းရိုးအား လုံခြုံအောင် စောင့်ရှောက်နိုင်ပါက မည်သည့်ရန်သူ သူခိုးဂျပိုးများ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထိုသို့မဟုတ်ပဲ မိမိတာ မိမိ လုံအောင် မကာကွယ်ပဲ သူတပါးအား ရန်လို အမုန်းထားမည် ဆိုပါက ရန်သူများ၏ ဝါးမျို ဖျက်ဆီးမှုကို အချိန်မရွေးခံရနိုင်သည်ကို သတိပြုကြစေလိုသည်။ ထိုကြောင့် မိမိလူမျိုး၊ ဘာသာ သာသနာ၏ ဂုဏ်ကျက်သရေကို မြှင့်တင်နိုင်မှသာ ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်စေနိုင်ပါသည်။ ။
.

Read more...

ထေရိကာ ထေရီ အပိုင်း-၂



ဝေသာလီပြည်သို့ မြတ်စွာဘုရား ကြွလာတော် မူသောအခါ ထေရိကာသည် မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ရဟန်းမိန်းမ ပြုလိုသောကြောင့် လင်ယောင်္ကျားထံ ခွင့်တောင်းလေသည်။ သို့ရာတွင် လင်ယောင်္ကျားက ခွင့်မပေးသည့်အတွက် ထေရိကာမှာ အိမ်၌နေလျက်ပင် ရုပ်နာမ်တို့ကို သိမ်းဆည်း၍ ဝိပဿနာ ပွားများနေလေ့ ရှိပေသည်။

တစ်နေ့သောအခါ ထမင်းချက်သော မီးဖို၌ ဟင်းရွက်တို့ကို ချက် ကြော်ရာတွင် မီးပူလောင်သော ထင်းမီးဖြင့် ဟင်းရွက်တို့ ညှိုးနွမ်း ကြေကျက်သွားသည်ကို မြင်ပေသည်။ ဤတွင် ဖြစ်ခြင်း ပျက်ခြင်း သဘော ထင်မြင်၍ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်တို့ကို တဏှာမခြားဘဲ ပစ္စဝေက္ခဏာမျှ ခြားလျက် မဂ်သုံးပါးကို တစ်ဆက်တည်း ရလေသတည်း။

အနာဂါမ်တည်ပြီးသော ထေရိကာ မင်းသမီးသည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်း ရှိရကား မိမိကိုယ်၌ လှပစွာ တန်ဆာဆင်ခြင်း၊ နံ့သာလိမ်းခြင်း၊ ပန်းပန်ခြင်း အလျှင်းမပြုတော့ချေ။ ဤသည်ကို လင်ဖြစ်သော မင်းသာက စူးစမ်းသည်။

“ရှင်မ၊ အဝတ်တန်ဆာ နံ့သာပန်းပန် မလိမ်းကျံဘဲ အဘယ်ကြောင့် နေသနည်း”

“အရှင့်သား၊ အနာဂါမိဖိုလ်၌ တည်သော အနာဂါမ် အရိယာ မည်သည် လူတို့ အသုံးအဆောင် ဖြစ်သော ကာမဂုဏ်ဖြင့် ပျော်မြူးခြင်းငှာ မလျောက်ပတ် မလိုလားတော့၍ ဖြစ်ပေသည်”

ယင်းစကားကို ကြားရသော မင်းသားသည် ဓမ္မဒိန္နာအား ဝိသာခသူကြွယ်က ရွှေထမ်းစင်ဖြင့် တင်၍ ကျောင်းပို့သည့်နည်းတူ ခတ္တိယမင်းသားလည်း ထေရိကာ မင်းသမီးအား ရွှေထမ်းစင်ဖြင့် တင်၍ ဂေါတမီ ဘိက္ခုနီ အရှင်မကြီးထံသို့ ပို့ပေးလေသည်။ ထေရိကာမှာ အနာဂါမ်တည်ပြီးသဖြင့် သိက္ခာမာန် အကျင့်ကို မကျင့်စေဘဲ ရဟန်းအဖြစ်ကို ပြုစေကာ မြတ်စွာဘုရား ထံတော်သို့ ပို့ပေးကြသည်။ ထေရိကာ ဘိက္ခုနီမသည် တင့်အပ် လျှောက်ပတ်သော နေရာတွင် နေ၍ မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးလျက် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏။

“ထေရိကာမည်သော ချစ်သမီး၊ အဝတ်သင်္ကန်းဖြင့် ခေါင်းမြီးခြုံ၍ ချမ်းချမ်းသာသာ အိပ်ကာသာ နေလေတော့။ သင် ချစ်သမီးအား ကာမ လောင်ညီး ရာဂမီးသည် ဟင်းအိုး၌ ချက်ကြော်၍ ခြောက်သော ဟင်းရွက်ကဲ့သို့ ငြိမ်ပြီးသည်သာတည်း။ လင်ကိစ္စ သားကိစ္စ ကြောင့်ကြ ပူဆာ ဗျာပါသောက ငြိမ်းအေးလှ၍ ဘာတစ်ခုမျှ ပူစရာ မလိုတော့ပြီ”

ဤသို့ ဟောတော်မူသောအဆုံး၌ ထေရိကာ ဘိက္ခုနီသည် ပဋိသမ္ဘိဒါ လေးပါး အဘိညာဉ် ခြောက်ပါးဖြင့် ပြည့်စုံသော ရဟန္တာ အဖြစ်သို့ ရောက်တော်မူလေ၏။

(ထေရိကာ ထေရီ အပိုင်း-၃ နိဂုံး အားဆက်တင်ပါမည်)


Read more...

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၃)



ပူနေးတက္ကသိုလ် ပါဠိဌာနမှူး ဆရာတော်ကြီးအား ကြိုဆိုနေပုံ



နိဂုံး (conclusion)

နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည် ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်၊ သက်ပုံသက်ညွန်းမှားက ပြင်၍ဖတ်ကြပါရန် မေတ္တာရပ်ပါသည်။

(1)
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry).

(2)

အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာ တစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ မင်းကြီးသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ မင်းကြီးသည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒိယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတစ်ပါးရှိသည်၊ ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။
In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta.

(3)
မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောကသည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။
It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism.

(4)
ဒါကြောင့် အသောကမင်သည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ယောက် ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်တွေသည် ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမည်ကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။
Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks.

အပိုင်း(၄)ဆက်ပါဦးမည်
သီတဂူစတား
၁၁-၁-၂၀၁၀



Read more...

ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား

အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့် ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်

အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။
(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)
ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးက ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ အဆက်ဆက် အသက်စွန့်ကာ ထိန်းသိမ်းလာခဲ့ကြတာပါ။
“၀ိနည်းသည် သာသနာအသက်” ဆိုတဲ့အတိုင်း ဘုရားဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှကာလပတ်လုံး သာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ ပြောင်းလဲပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့ ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲ ပြောင်းလဲမှာ မဟုတ်ပါဘူး။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ… မတူကြောင်းကို ရှင်းပါအုံးမယ်။
သင်္ဂါယနာဆိုတာ= အညီအညွတ်ရွတ်ဆိုခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင် ပထမသင်္ဂါယနတင်တဲ့အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့ ရှင်မဟာကဿပမထေရ်က ၀ိနည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်၊မြို့ ၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊ အာပတ်သင့်မှု မသင့်မှု အသေးစိတ် မေးစိစစ်တော်မူပါတယ်။ မေးတိုင်းပြဿနာများကို ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိ မထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူပါတယ်။ ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာ မထေရ် ငါးရာတို့က သံပြိုင်ရွတ်ဆိုကာ အတည်ပြုလက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာ ပုဒ်များ၊ သုတ္တန်၊အဘိဓမ္မာပိုင်းဆိုင်ရာ မှာဆိုရင်လဲ အရှင်အာနန္ဒာက ဖြေကြားတော်မူပါတယ်။ သံဃာအား လုံးကသဘော တူညီတဲ့အခါ ရဟန္တာမထေရ် ငါးရာတို့က စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါတယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်” လို့ခေါ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊၀ိနည်း၊ အဘိဓမ္မာများကို စုပေါင်းရွတ်ဆိုတာမရှိ ပါဘူး။ အချို့က ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆိုနေကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ရည်ရွယ်ချက်ကတော့ အလွန်ကောင်းပါတယ်။ ဒီညီလာခံအကြောင်းသိရအောင် (intention of Buddhist summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကို အများသိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။
(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။
(၂) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို ဗုဒ္ဓဘာသာအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရန်။
(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး ထွန်းကားပြန့်ပွားစေရန်။
(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက် ဗုဒ္ဓဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်။
(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။

Read more...

မြင်းသုံးမျိုး လူသုံးမျိုး...


အဿခဠုင်္ကသုတ်

ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ကို လည်းကောင်း၊ ယောက်ျားငယ်သုံးမျိုးတို့ကို လည်းကောင်း၊ မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုးတို့ကို လည်းကောင်း၊ ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသုံးမျိုး တို့ကို လည်းကောင်း၊ အာဇာနည်မြင်းကောင်း သုံးမျိုးတို့ကို လည်းကောင်း၊ အာဇာနည်ယောက်ျား ကောင်း သုံးမျိုးတို့ကို လည်းကောင်း ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း၊

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ ကား မြင်းငယ်သုံးမျိုးတို့တည်း။



ရဟန်းတို့ ယောက်ျားငယ်သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း၊

ရဟန်းတို့
ဤလောက၌ အချို့သောယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော ယောက်ျားငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော ယောက်ျားငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ကား ယောက်ျားငယ်သုံးမျိုးတို့တည်း။



ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့် ပြည့်စုံ၍ အဆင်းနှင့် မပြည့်စုံ
အလုံးအရပ်နှင့် မပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတည်း''ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိမြင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်းဟု ငါ ဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် တွန့်ဆုတ်၏၊ မဖြေဆိုနိုင်၊ ဤသို့ မဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်းမရှိ ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို မရ၊ ဤ ပစ္စည်းလေးပါး မရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ်မရှိ ဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။




ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍
အလုံးအရပ်နှင့်ကား မပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ပ။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကိုကား မရ၊ ဤသို့ မရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ်မရှိဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။



ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ
အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကားဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ပ။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ကား ယောက်ျားငယ်သုံးမျိုးတို့တည်း။



ရဟန်းတို့ မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုး ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ မြင်းတို့၌ လွန်ကဲသော မြင်းအချို့သည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုးတို့တည်း။



ရဟန်းတို့ ယောက်ျားတို့၌ လွန်ကဲသော
ယောက်ျားသုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားအချို့သည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ အချို့သော ရဟန်းသည် အောက်ပိုင်း သံယောဇဉ်ငါးမျိုး 'အနှောင်အဖွဲ့'တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြု၏၊ ထိုဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်း သဘောမရှိ၊ ဤသို့ သံယောဇဉ် 'နှောင်ကြိုး' တို့၏ ကုန်ခန်းခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်း ဟူသော) အဆင်းဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက် အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။
ရဟန်းတို့ ဤသည်တို့ကား ယောက်ျားတို့၌
လွန်ကဲသော ယောက်ျား သုံးမျိုးတို့တည်း။



ရဟန်းတို့ အာဇာနည်မြင်းကောင်းသုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား အာဇာနည်မြင်းကောင်း သုံးမျိုးတို့တည်း။

ရဟန်းတို့ အာဇာနည်ယောက်ျားကောင်း သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည်။ပ။ လျင်မြန်ခြင်း နှင့် လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် အာဇာနည်ယောက်ျားကောင်းသည်။ပ။ လျင်မြန်ခြင်း နှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ
တရား မရှိသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (အရဟတ္တဖိုလ်) ပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေလျက် နေ၏၊ ဤသို့ ပြည့်စုံခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ် သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် အာဇာနည်ယောက်ျား ကောင်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား အာဇာနည် ယောက်ျားကောင်း သုံးမျိုးတို့တည်း ဟု မိန့်တော်မူ၏။ 22

၂ - အဿခဠုင်္ကသုတ်၊ သတ္တ၀ါသ၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ပိဋက နိဒါန်း ဟူသာ် အဘယ်နည်း (သို့) ပိဋက သုံးပုံ ဖြစ်ပေါ်လာပုံအကြောင်းကား အဘယ်နည်း

ပိဋက နိဒါန်း ( သို့) ပိဋက သုံးပုံ ဖြစ်ပေါ်လာပုံအကြောင်း

သဗ္ဗေညုတ ဥာဏ်တော်ကြီးဖြင့် လေးဆယ့်ငါးဝါတို့ကာလပတ်လုံး ဟောကြားပညတ်တော်မူခဲ့သည့် ''သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း'' တရားတို့ကို

''အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ ၊ အရှင်အနုရုဒ္ဓါ ၊ အရှင် အာနန္ဒာ'' စသော ထိပ်ခေါင်တင် မထေရ်ကျော်ကြီး တို့သည်

မြတ်စွာဘုရားထံတော်မှ ကြားနာခြင်း၊ သင်ယူခြင်းတို့ဖြင့်၎င်း ၊ မရှင်းလင်းသည့် အချက်အလက်တို့ကို မေးမြန်းခြင်း ၊ဆွေးနွေးခြင်းတို့ဖြင့်၎င်း ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ သင်ယူမှတ်သား ဆောင်ယူခဲ့ကြပါသည် ၊ ''အာစရိယ ပရမ္ပရသိဿာနုသိဿ '' ဟုဆိုအပ်သော ဆရာစဉ်ဆက် ၊ တပြည့်စဉ်ဆက် တို့ကိုလည်း ( မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ပင်လျှင် ) မပျက်မကွက် အစဉ်အဆက် ဆင့်ပွားပို့ချ သင်ယူတော်မူစေခဲ့ပါသည်၊ ထိုပို့ချ သင်ယူသမျှ အားလုံးတို့ကိုလည်း မြတ်စွာဘုရားထံလျောက်ထား၍ အတည်ပြုချက်ရယူတော် မူခဲ့ကြပါသည်၊

ထို့ကြောင့် ပဌမ သံဃာယနာတွင်'' အရှင်မဟာကဿပ မထေရ် ''၏ စိစစ်မေးမြန်းချက်တို့ကို ''အရှင်ဥပါလိ'' နှင့် ''အရှင်အာနန္ဒာ မထေရ် ''တို့က

'' ဘဂ၀တော ၊ မြတ်စွာဘုရား၏ ။ သမ္မုခါ ၊ မျက်မှောက်တော်မှ ။

ဧ၀ံ ၊ ဤသို့ ။

သုတံ ၊ ကြားနာလိုက်ရပါ၏ ။

ဥပလက္ခိတံ ၊ မှတ်သားလိုက်ရပါ၏ ။

ဥပဓာရိတံ ၊ ဆောင်ထားလိုက်ရပါ၏ ။ '' ဟူ၍ ရဲဝံ့ ပြတ်သားစွာ လျောက်ထား ဖြေကြားနိုင်ခဲ့ ကြခြင်း ဖြစ်ပါသည်။

'' သုတ် ၊ အဘိဓမ္မာ ၊ ၀ိနည်းတရားတော်''တို့ကို မြတ်စွာဘုရား ဟောကြား ပညတ်တော်မူရာတွင် အဘိဓမ္မာတရားတော်ကိုသာ ဒေသနက္ကမ (ဟောစဉ်) အဖြစ် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကဌာ ၊ ပုဂ္ဂလပညတ်၊ ယမိုက် ၊ ပဌာန်းဟူ၍
အစဉ်အတိုင်းဟောတော်မူခဲ့သော်လည်း ''သုတ်တရားနှင့် ၀ိနည်းတရားတော်'' တို့ကိုမူ '' ပုဂ္ဂိုလ် ၏ အဇ္ဈသယ နှင့် ဖြစ်ပေါ်လာသော လွန်ကြူးမှု အားလျော်စွာသာ အခြေအနေပေါ်မူတည်၍'' ဟောကြားပညတ်တော် မူခဲ့ပါသည်၊ ဆိုလိုသည်မှာ သုတ်တရားနှင့် ၀ိနည်းတရားတို့ကို ယခုကျမ်းစာအုပ်များတွင် မြင်တွေ့သင်ကြားနေရသောအစဉ်အတိုင်း ပညတ်တော်မူခဲ့သည်မဟုတ်ဘဲ ဒေသနာတော်တို့ကို တရားနာပုဂ္ဂိုလ် ၏ အလိုဆန္ဒ စရိုက်နှင့် ကိုက်ညီအောင် ၊ ၀ိနည်း ပညတ်ချက်တို့ဖြစ်ပေါ်လာသော ကျူးလွန်မှုနှင့် သင့်လျော်အောင်သာ အခြေအနေပေါ်မူတည်၍ ဟောကြားပညတ်ခဲ့သည် ဟု ဆိုလိုပါသည်။

မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် သုံးလစေ့မြောက်သော ''မဟာသက္ကရာဇ် ၁၄၈ ခု၊ ၀ါခေါင်လပြည့် ကျော် ၁ ရက်နေ့''တွင် အရှင်မဟာ ကဿပမထေရ်မြတ်ကြီး အမှုးအမှူးရှိသော ပဋိသမ္ဘိဒါပတ္တဆဠာဘိညရဟန္တာ အရှင်မြတ်ကြီး ငါးရာ တို့ ( ပဌမ) သံဂါယနာတင်တော်မူကြရာတွင်

ရှေးဦးစွာ'' ၀ိနည်းတရားတော် ''ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။
ထို့နောက် ''သုတ္တန် တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။
ထို့နောက်'' အဘိဓမ္မာ တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။

ထို ၀ိနည်း တရားတော် အစုကို '' ၀ိနယ ပိဋက '' ဟူ၍ လည်းကောင်း၊
အဘိဓမ္မာ တရားတော် အစုကို '' အဘိဓမ္မာ ပိဋက '' ဟူ၍ လည်းကောင်း၊
သုတ္တန် တရားတော် အစုကို '' သုတ္တန္တ ပိဋက'' ဟူ၍ လည်းကောင်း၊ အသီးသီး တသန့်စီ ခွဲခြား ဝေဘန်၍
စုပေါင်း သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။

ထို ''ပဌမ သံဂါယနာ '' မှ စ၍ '' ၀ိနယ ပိဋက ''၊ '' သုတ္တန္တ ပိဋက'' ၊ ''အဘိဓမ္မာ ပိဋက '' ဟူ၍ လည်းကောင်း၊
ထို ပိဋက သုံးမျိုးကိုပင်ပေါင်းစု၍ '' တိပိဋက ( ပိဋက သုံးပုံ) ''ဟူ၍လည်းကောင်း သတ်မှတ်ခေါ်တွင် ထင်ရှားခဲ့ပါသည်။

အချုပ် ဆိုရသော်'' ၀ိနည်း၊ သုတ်၊ အဘိဓမ္မာ ''ဟု ဆိုအပ်သော '' ဓမ္မခန္ဓာ'' ( တရားတော် အစုအပေါင်း) တို့ကို အရှင်မြတ်ကြီးတို့ကိုယ်တော်တိုင် မြတ်စွာ ဘုရားထံတော်မှ နာယူသင်ကြား မှတ်သားဆောင်ယူ၍ အစဉ်အဆက် သင်ကြားပို့ချ ဆောင်ယူတော်မူခဲ့ကြပါသည်။

မြတ်စွာဘုရား လွန်တော်မူသော အခါ ကိုယ်စားတော်ထားရစ်ခဲ့သော ဓမ္မခန္ဓာတို့ကို'' ပဌမ သဂါယနာ''တင်၍ အတည်ပြုတော်မူကြပြီး သင်ကြားမှတ်သားဆောင်ယူရာ၌ အစီအစဉ်ကျန၍ လွယ်ကူစေရန်'' ၀ိနယပိဋက ၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋက'' ဟူ၍ သုံးမျိုး ၊ သုံးပိုင်း ၊ သုံးပုံ ခွဲဝေကာ သတ်မှတ်အတည်ပြုတော်မူခဲ့ကြပါသည်။

ဤသည်လျှင် ပိဋက နိဒါန်း ( ပိဋကသုံးပုံ ဖြစ်ပေါ်လာပုံ အကြောင်း) အကျဉ်းချုပ် ဖြစ်ပါသည်။

မင်းမဟော် ရေးသား ပူဇော်ပါသည်။
ကျမ်းကိုး
ပိဋက ဗျူဟာ အဖွဲ့ မှ ဓမ္မဒါနပြုသော ၁၉၇၇ ခုနှစ် ၊ အောက်တိုဘာလ ထုတ်
ကလျာဏီကျောက်စာ မြန်မာပြန် စာအုပ် စာမျက်နှာ ၁၂၄-၁၂၅-၁၂၆-၁၂၇ မှ ကူးယူ ဖော်ပြပါသည်။

Read more...

ပန်လိုသည့်ပန်း (အကြိမ်-၂၀မြောက်အလှူတော်)

ဒါနဆိုသည့် အဓိပ္ပါယ်ကို မဖော်ညွှန်းမှီ တင်ပြလိုသည်မှာ သဗ္ဗညုတဘုရားအဆူဆူနှင့် အဂ္ဂသာဝက၊ မဟာသာဝက စသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့သည် မိမိတို့ဆိုင်ရာ ဗောဓိဉာဏ်ကို ဒါနပါရမီဖြင့်ပင် စတင်တော်မူခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရားရှင်သည်လည်း ပါရမီခရီးအစ သုမေဓါရှင်ရသေ့ဘ၀တွင်လည်း ဒါနပါရမီဖြင့်စတင်၍ ပါရမီခရီးအဆုံး ဝေသန္တရာမင်းကြီးဘ၀တွင်လည်း ဒါနပါရမီဖြင့်ပင် အဆုံးသတ်ခဲ့သည်။ ထို့ကြောင့် ပါရမီဖြည့်စဉ်ကာလမှာ ဒါနနဲ့ စခဲ့ပြီး ဒါနနဲ့ ဆုံးခဲ့တာကို ထူးခြားစွာ တွေ့ရှိရသည်။ ထိုနေရာတွင် ဘုရားအလောင်းတော်တို့သည် တစ်ဘ၀တွင် ပါရမီတစ်မျိုး တည်းကိုလျှင် ဖြည့်ကျင့်ကြသည်ဟူ၍ မမှတ်ယူစေလို။ အလျဉ်းသင့်သလို ပါရမီများစွာကို ဖြည့်ကျင့်ခဲ့ကြသည်ကို သတိထားသင့်သည်။ ဒါနဆိုသည်မှာ လှူဒါန်းသည်၊ ပေးကမ်းသည်၊ စွန့်ကြဲသည်ဟု အဓိပ္ပါယ်ပေါ်လွင်၏။ အလွယ်ဆုံးပြောလျှင် ပေးခြင်းသည် ဒါန။ ပေးခြင်းလို့ ဆိုသည့်အတွက် ယူခြင်း မပါပါနိုင်ပေ။ ဖက်တွယ်ထားခြင်း၊ ငြိကပ်ထားခြင်း မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် မငြိမကပ် မဖက်မတွယ်စွာ ပေးကမ်းရမည်ဖြစ်သည်။ ပစ္စည်းဝတ္ထုသော်လည်းကောင်း၊ လက်ခြေသွေးသား အင်္ဂါသော်လည်းကောင်း၊ ပုဂ္ဂိုလ်သတ္တ၀ါအပေါ်သော်လည်ကောင်း ပေးနိုင်ဖို့ဆိုသည်မှာ ငြိကပ်နေလို့ မဖြစ်နိုင်ပေ။ ငြိကပ်ခြင်းကိုပင် လောဘဟု ခေါ်ဆိုသည်။

လောဘဆိုရာ၌လည်း လောဘသည် ကာမဂုဏ်အာရုံကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်လိုချင်သည်။ သတ္တာဝါတို့အား မည်သည့်အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲရှာဖွေ နေခြင်းဖြစ်သည်။ ပစ္စည်းကို ငြိကပ်လျှင် ထိုပစ္စည်းကို လှူဒါန်းနိုင်မည် မဟုတ်ပေ။ ထို့အတူ လက်ခြေအဂါင်္အသွေးအသားပေါ်တွင် ငြိကပ်နေလျှင် လက်ခြေအဂါင်္အသွေးအသားကို လှူဒါန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မငြိကပ်စွာ လှူဒါန်းနိုင်လျှင် အလောဘ ဖြစ်နေမည်ဖြစ်သည်။ ဒါနမှာ အလောဘဓါတ်ဖြစ်သည်။ လောဘဓါတ်ကို အနိုင်ယူ၍ အလောဘဓါတ်ကို မိမိသဏ္ဍာန်၍ ထာဝစဉ် ကိန်းအောင်းနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ဆရာကြီးဦးရွှေအောင်၏ ကိုယ်ကျင့်ဗုဒ္ဓ၀င်(ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်) စာအုပ်တွင် ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ဟု အဓိပ္ပါယ်ဖွင့်၏။ မှန်ပေ၏။ အနှစ်ချုပ်မှာ လောဘဓါတ်ကို စွန့်လွှတ်ခြင်းသာဖြစ်၏။ အများကောင်းကျိုးအတွက် အနစ်နာခံ၍ လောဘဓါတ်ကို စွန့်လွှတ်ခြင်းသည် လောကကြီးကို ဟန်ချက်ညီအောင် ဒါနပြုခြင်းဖြစ်သည်။

ပေးခြင်းဆိုသည့်ဒါနမှာလည်း အဆင့်သတ်မှတ်ချက်အပေါ်မူတည်၍ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းဟူ၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ မိမိထက် သီလ၊ သမာဓိ၊ ပညာအားဖြင့်သော်လည်းကောင်း အဆင့်မြင့်သော ပုဂ္ဂိုလ်ဆိုလျှင် လှူဒါန်းခြင်းဟု ခေါ်ဆိုသည်။ မိမိနှင့် တန်းတူ၊ သူငယ်ချင်း၊ မိတ်ဆွေဆိုလျှင် ပေးကမ်းခြင်းဟု ခေါ်ဆိုကြသည်။ မိမိထက် နိမ့်သော ပုဂ္ဂိုလ်၊ ဆင်းရဲနွမ်းပါးသူတို့အား စွန့်ကြဲသည်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

ထိုသို့ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းကြရာတွင် စိတ်ထားတတ်သော အနေထားပေါ်မူတည်၍ အမျိုးမျိုး လှူဒါန်းနေကြသည်ကို မိမိတို့ ပတ်ဝန်းကျင်၌လည်း လက်ရှိတွေ့မြင်နေကြရသည်။ ဤနေရာတွင် သဒ္ဓါ ပညာအတွဲညီစွာ လှူဒါန်းတတ်ရန် အလွန်အရေးကြီးပေသည်။ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းခြင်းသည် သဒ္ဓါဖြစ်၍ တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းတတ်ခြင်းသည်၊ အများအကျိုးကို ရှေးရှုနိုင်သော ဆင်ခြင်တရားသည် ပညာ၊ ထိုနှစ်ခု အတွဲညီမှသာလျှင် မြင့်မြတ်သော ဒါနဖြစ်ပေမည်။ ပညာမပါ၍ လှူဒါန်းခဲ့သော အလှူရှင်များသည် ဘောဂသမ္ပတ္တိဟူသော ပစ္စည်းဥစ္စာ ပြည့်စုံခြင်းကို ရရှိသော်လည်း ဘာသာရေးအသိ၌ အားနည်း၍ အသိဉာဏ်နည်းပါးကာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ မဖြစ်နိုင်တော့သလို နိဗ္ဗာန်နှင့်လည်း ဝေးကွာလှမ်းရတော့သည်။ လက်ရှိ ပညာမပါသော အလှူတို့သည်လည်း ဘောဂသမ္ပတ္တိဟူသော ပစ္စည်းဥစ္စာပြည့်စုံခြင်းတို့သာ ရရှိပေမည်ဖြစ်သည်။

ထို့ကြောင့် ဆရာတော်ရဝေနွယ်၏ မြင့်မြတ်သူတို့အလုပ်စာအုပ်တွင် ဒါနပါရမီမြောက်ရန်မှာ ၁။ နိဗ္ဗာန်ကို ဦးတည်ရမည်၊ ၂။ သူတစ်ပါး အကျိုးကို ငဲ့ရမည်။ ၃။ မိမိအကျိုးကို မငဲ့ရ ဟူ၍ ရေးသားထားသည်ကို မှတ်သားရ၏။ ဤတွင် အတွေးတစ်ခု စဉ်းစားသင့်သည်မှာ နိဗ္ဗာန်ကို ဦးတည်ရမည်ဆိုသောအချက်ပင်ဖြစ်သည်။ နိဗ္ဗာန်ကို လိုချင်သောဆန္ဒ မရှိသောသူသည် မည်သို့မျှ နိဗ္ဗာန်ကို ဦးတည်နိုင်မည်မဟုတ်ပေ။ နိဗ္ဗာန်ဆိုသည် အိုနာသေ ဒုက္ခမှ လွတ်ခြင်းဖြစ်သည်။ မှိုသည် မြေကြီးမှ ထွက်လာသည့်အခါ မြေမှုံလေးများကို ရွက်ထွက်လာသသည့်ပမာ ဘ၀မှာ ဇာတိကို ရလာလျှင် အိုဒုက္ခ၊ နာဒုက္ခ၊ သေဒုက္ခကြီးကို ထမ်းပြီးထွက်လာရသည်ပဲဟု ဆင်ခြင်နိုင်သောဉာဏ်၊ မကောင်းမှု အကုသိုလ်တရားထင်ရှားရှိလျှင် ကောင်းမှုကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ပဋိသန္ဓေနေရခြင်း၊ ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သော ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရား ထင်ရှားရှိ၏ဟု ဆင်ခြင်နိုင်သောဉာဏ်ရှိမှသာလျှင် တွေးမှသာလျှင်၊ မြင်မှသာလျှင် နိဗ္ဗာန်ကို လိုချင်သော ဆန္ဒဖြစ်ပေါ်နိုင်မည်။ ထိုသို့ဖြစ်မှသာလျှင် နိဗ္ဗာန်ကို ဦးတည်နိုင်မည်ဖြစ်သည်။ ထိုသို့ နိဗ္ဗာန်သို့ ဦးတည်ကာ ငါ၊ ငါ့ဥစ္စာဟူသော အတ္တဒိဋ္ဌိကို ပယ်၍ အများကောင်းကျိုးကို ရည်မျှော် လှူဒါန်းမှသာလျှင် ပါရမီမြောက်သော ဒါန ဖြစ်ပေမည်။ မြင့်မြတ်သူတို့ လုပ်သော အလုပ်ဖြစ်ပေမည်။

တစ်နည်းအားဖြင့်ကြည့်သော် နိဗ္ဗာန်ဟူသည် နိဝါနပင်ဖြစ်သည်။ ၀ါနဆိုသည်မှာ တဏှာ၊ နိဆိုသည်မှာ မရှိခြင်းဖြစ်၍ တဏှာမရှိခြင်းသည်ပင်လျှင် နိဗ္ဗာန်ဖြစ်သည်။ တဏှာကို အဘိဓမ္မာအားဖြင့် တရားကိုယ်ကောက်သော် လောဘ ပင်ဖြစ်သည်။ လောဘ၏ဆန့်ကျင်ဘက် အလောဘဓါတ်များများကိန်းအောင် တဏှာလောဘကင်းစင်ရာ နိဗ္ဗာန်ကို အာရုံပြု၍ ပေးလှမ်းလှူဒါန်းခြင်း ဒါနကို ပြုရမည်ဖြစ်သည်။ ဒါနပါရမီဟုဆိုရာတွင် ပါရမီကို မြင့်မြတ်သူတို့အလုပ်ဟု အဓိပ္ပါယ်ဖွင့်လျှင် ဒါနပါရမီ၏ အဓိပ္ပါယ်မှာ လှူဒါန်းပေးကမ်းစွန့်ကြဲမှုသည် မြင့်မြတ်သူတို့အလုပ်ဖြစ်သည်။ မြင့်မြတ်သော သူတို့သည် လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိသည်ဟူ၍ဖြစ်သည်။ ပါရမီကို အဓိပ္ပါယ်ထပ်မံဖွင့်ဆိုလျှင် လူတော်၊ လူကောင်း၊ သူတော်ကောင်း ဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် ဒါနပါရမီသည် လူတော်၊ လူကောင်း၊ သူတော်ကောင်း ဖြစ်လိုသူတိုင်းသည် လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိသည်ဟူ၍ဖြစ်သည်။ တတိယအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကို ရရှိ၍၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတိုင်း ဖြည့်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒါနပါရမီသည်လည်း အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကိုရရှိ၍၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတိုင်း လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိ သည်ဟူ၍ဖြစ်သည်။

ထို့ကြောင့် ဒါနပန်း ဆင်မြန်းသည့်အခါ မြင့်မြတ်သောသူတို့ ပြုသည်ဒါန၊ သူတော်ကောင်းတို့ ပြုသည့်ဒါန၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတို့ပြုလုပ်သည့်ဒါန ဖြစ်အောင် ပညာရှေ့ထား ပြုရကြမည်ဖြစ်ပါသည်။ ပညာမပါသော ဒါနရှင်အများစုသည် နောင်ဘဝများတွင် ချမ်းသာသော ဘဝကိုကား ရကြပါ၏။ သို့သော် ဉာဏ်ပညာမပါသော ဒွိဟိတ်ပုဂ္ဂိုလ်၊ သုဂတိ အဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြရ၏။ ထိုပုဂ္ဂိုလ်များသည် ယခုဘဝတွင် မဂ်ဖိုလ်ရခွင့် မရှိတော့ပေဟု ဆရာတော်အရှင်ဇ၀န မိန့်ကြားသည်မှာ မှတ်သားလိုက်နာဖွယ်ကောင်းလှပါ၏။ ထိုကြောင့် ဒါနပါရမီဖြည့်ဆည်းရာမှာ၊ ဒါနပန်း ဆင်မြန်းရာမှာ မျှော်လင့်ချက်ဖြင့် မပေးကမ်းဖို့ ထပ်ဆင့်မိန့်ကြားသည်မှာ မျှော်လင့်ချက်ဖြင့် ပေးကမ်းလျှင် အမြတ်ရဖို့ အရောင်း အဝယ်လုပ်ခြင်းတစ်မျိုး ဖြစ်၏။ မျှော်လင့်ချက်မပါဘဲပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်း ဖြစ်သည်ဟူ၍ ဖြစ်ပါသည်။ ဒါနပန်း မဆင်မြန်းတတ်ကြလျှင်ဖြင့် သန်းခေါင်လကွယ်အချိန် မှောင်မဲနေတဲ့ တောအုပ်ကြီးမှာ လမ်းပျောက်နေသူတစ်ယောက်လို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရတတ်ပါသည်။ ထို့ကြောင့် ဘယ်အရာပဲလှူလှူ၊ ဆွမ်းတစ်နပ်ဖြစ်ဖြစ်၊ ကျောင်းအလှူဖြစ်ဖြစ်၊ တရားအလှူဖြစ်ဖြစ် စေတနာသုံးတန် ပြဋ္ဌာန်း၍ တဏှာစွဲကင်းကာ ကျွတ်ကျွတ်လွတ်လွတ် လှူဒါန်းရန်အရေးကြီးပါသည်။ ထင်ပေါ်မှု၊ ကြော်ကြားမှုကို ရှောင်၍ အမှန်တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းရန် မေတ္တာရှေ့ထား တိုက်တွန်းလိုပါသည်။

ထိုသို့ ပါရမီမြောက်သောဒါနဖြစ်အောင် ပြုခဲ့သောကောင်းမှု ကုသိုလ်ကံသည် အဟောသိကံ ဘယ်တော့မှ မဖြစ်သလို ပစ္စည်းဥစ္စာနှင့်ပြည့်စုံခြင်းအစရှိသည်တို့သည်လည်း ကျွဲကူးရေပါသကဲ့သို့ အကျိုးပေးမည်လည်း ဖြစ်ပါသည်။ မိမိသာ စိတ်ထားတတ်မည်ဆိုလျှင် ၀ိပဿနာတရား အားထုတ်သည့်နည်းတူ ဒိဋ္ဌိနှင့် တဏှာလောဘကင်းအောင် ပြုနိုင်ပေသည်။ ဤသည်ကို ဆရာတော်အရှင်ဇ၀န မိန့်ကြားသည်မှာ ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါဘဲ သူတစ်ပါး ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ပရဟိတ(အများကောင်းကျိုး) လုပ်ခြင်းများသည် ဝိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို အထိုက်အလျောက် လျော့ပါးကုန်ခန်းစေသည်သာဖြစ်၏ဟု မှတ်သားခဲ့ ရပါသည်။ ဤအချက်ထောက်ဆ၍ ရေချမ်း၊ ပန်းလှူ အစရှိသော ဒါနကောင်းမှု အမှုတို့သည် သံသရာလည်စေ သည်ဆိုသော အချက်သည် တက်တက်စင်အောင် လွဲပေလိမ့်မည်။ စိတ်ထားမထားတတ်လျှင်ကား ဟုတ်နိုင်ဖွယ်တော့ ရှိပါသည်။ အထက်ပါအကြောင်းအရာများကို အမှန်တကယ် နားလည်၍ လိုက်နာလျှင် ဒါနပြုခြင်းအမှုသည် သံသရာလည်စေသည်ဟူသော အချက်ကို ရဲဝင့်စွာ ပယ်ရှားနိုင်မည်ဖြစ်သည်။ ထီးချိုင့်ဆရာတော်ဘုရားကြီး၏ အဖြေဖြင့်လည်း သက်သေပြရသော် သရဏ ဂမနတော ပဋ္ဌာယ သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နာ- နိဗ္ဗာန်ရအောင် ကျင့်တဲ့ အကျင့်မှန်လျှင် သရဏဂုံ ဆောက်တည်သည်ကစပြီး ဒါန၊ သီလ၊ ဝေယျာဝစ္စစသော ပုညကြိယာ ၀တ္ထုပါရမီစုဆယ်ပါး၊ စရိယသုံးပါးစတဲ့ တရားတွေဟာ ဓမ္မာနု ဓမ္မ ပဋိပါတ် ဟူသော လောကုတ္တရာတရားကိုးပါးလျော်သော အကျင့် အတွင်းကို ထည့်သွင်းနိုင်သည်ဟူ၍ ဖြစ်ပါသည်။

ထို့ကြောင့် တရားဓမ္မကို လေ့လာလိုက်စား ဖတ်ရှုကြသော ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့သည် ဒါနပန်းကို သာမန်ဒါန မဖြစ်စေပဲ မြင့်မြတ်သောဒါနပန်းအဖြင့် ပန်ဆင်နိုင်အောင် ပြုနိုင်ကြပါစေ။ မိမိတို့ ပြုနိုင်ကြသလို အများသူငှာ ကိုလည်း လက်ဆင့်ကမ်းနိုင်ကြပါစေ။ မိမိတို့ ပြုခဲ့သည်အားလျော်စွာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ၊ မသေရာ၊ မနာရာ၊ မအိုရာ၊ မြတ်နိဗ္ဗာန်ကိုလည်း လျင်မြန်သော အထောက်အပံ့ရရှိပါစေ။ ရရှိပြီးသော ၀ိပဿနာဉာဏ်တို့သည်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ လျင်မြန်စွာ ရလွယ်၊ ရောက်လွယ်၊ မျက်မှောင်ပြုနိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေ။

အမောင်(ရေနံ့သာ)

ယခုအကြိမ်ဆိုလျှင် ဒါနပန်း ပန်ဆင်ခဲ့သည်မှာ အကြိမ်(၂၀)မြောက်ဖြစ်ပါသည်။ ထို့သို့ ပန်ဆင်နိုင်ရန် တစ်ဦးချင်းအလှူရှင်များနှင့် အလှူငွေကောက်ခံရရှိမူများကြောင့် အောက်ပါအလှူ နေရာများကို လှူဒါန်းနိုင်ခဲ့ကြပါသည်။

(၁) ပရဟိတကျောင်း၊ မျောက်ချောကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်းတွင် ရေအိမ်သာနှင့် ကလေးသူငယ်များအတွက် အ၀တ်ထည်များကို အလှူငွေ(၈)သိန်းအားဖြင့် လှူဒါန်းခဲ့ကြပါသည်။ (မှတ်တမ်းများအား ထပ်မံဖော်ပြပါမည်)

(၂) အာစိဏ္ဏရာမကျောင်းတိုက်၊ မြို့သစ်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းတွင် အခမဲ့ ဖွင့်လှစ်ထားသော အာစိဏ္ဏရာမ အာယုပါလဆေးခန်းတွင် ဆွမ်းပဒေသာပင်အဖြစ် ငွေကျပ်(၄)သိန်း လှူဒါန်းခဲ့ပါသည်။ (ဤနေရာတွင် ဆောင်းပါးမှတ်တမ်းနှင့်တကွ ကြည့်ရှုနိုင်ပါသည်။)

(၃) တောင်ဖီလာ၊ အမှတ်(၂၁)၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ရွှေမင်းဝံရပ်ကွက်၊ ရွှေတောင်ဦးကျောင်း အနီး၊ စစ်ကိုင်းမြို့တွင် ကလေးသူငယ်များနှင့် ရပ်ရွာရေရရှိရေးအတွက် အလှူငွေ(၁၁)သိန်း လှူဒါန်းခဲ့ပါသည်။ (ရေအလှူတော်ကဏ္ဍတွင် သီးသန့်ဖော်ပြမည်ဖြစ်ပါသည်၊)

(၄) ဘုရားကြီးတောရကျောင်း၊ ပန်းခင်းရပ်ကွက်၊ နေပြည်တော်တွင် တရားရိပ်သာတွင် လွယ်ကူစွာ တရားအားထုတ်နိုင်ရန်အတွက် မီးစက်၊ အင်ဂျင်စက်များကို အလှူငွေအားဖြင့် (၆)သိန်း လှူဒါန်းခဲ့ပါသည်။ (မှတ်တမ်းများအား ထပ်မံဖော်ပြပါမည်)

(၅) ဒုတိယအကြိမ် ဆေးအလှူတော်အဖြစ် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ က၀က်ရေကန်ချောင်ကျေးရွာနှင့် တိုးမြစ်နှင့် ပင်လယ်ဝဆုံရာ တိုးရွာတို့တွင် ဆေးကုသခဲ့ကြခြင်းအတွက် အလှူငွေ (၂)သိန်း (၆)သောင်း အသီးသီး လှူဒါန်းခဲ့ပါသည်။ (ဤနေရာတွင် ဆောင်းပါး၊ မှတ်တမ်းနှင့်တကွ ကြည့်ရှုနိုင်ပါသည်။)

(၆) ဆရာတော်ဦးဝိလာသ၊ ၀ိလာသကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်တွင် လျှပ်စစ်မီးလိုင်းရရှိရန် လျှပ်စစ်မီးလိုင်းအလှူတော် အတွက် အလှူငွေ(၂)သိန်း(၅)သောင်း လှူဒါန်းခဲ့ပါသည်။ (လစဉ်အလှူတော်များကဏ္ဍတွင် မှတ်တမ်းဓါတ်ပုံများ ကြည့်ရှုပါရန်)

အကြိမ်(၂၀)မြောက် အလှူတော်မှတ်တမ်း၊ လှူဒါန်းမှုပမာဏတို့အား လစဉ်အလှူတော်များကဏ္ဍတွင်လည်း ကြည်ရှု၍ သာနုအနုမောဒနာခေါ်ဆိုင်နိုင်ပါသည်။

ထို့သို့ လှူဒါန်းနိုင်ရန် ဒါနပန်း ပန်ဆင်နိုင်ရန်အတွက် တစ်ဦးချင်း အလှူရှင်များနှင့်တကွ ကျောင်းများအလိုက် ကောက်ခံရရှိငွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုဝင်ဘာလ(အကြိမ်-၂၀)အတွက် ကျောင်းများအလိုက် ကောက်ခံရရှိငွေစာရင်း

စဉ် ကျောင်းအမည် ကောက်ခံရရှိငွေ
၁။ MEPhI 11200 Rubles
၂။ MAI 10907
၃။ MUCTR 2878
၎။ BMSTU(kaluga) 4500
၅။ MIET 4840
၆။ MPEI 1680
၇။ MISA 2500
၈။ MATI 2500
၉။ MSMU 1600
၁၀။ BMSTU(moscow) 5350
၁၁။ KYSTU 11250
၁၂။ MIPT 2750
စုစုပေါင်း ကောက်ခံရရှိငွေ61955 Rubles

တစ်ဦးချင်းအလှူရှင်များ

စိုးစံသူ- ဒေါ်လာ ၁၀၀၊ ကျော်စွာဝင်း- ဒေါ်လာ ၁၀၀၊ ရန်နိုင်စိုး- ဒေါ်လာ ၁၀၀၊ နန်းအဲအဲစံ- ၁၀၀၀ရူလ်ဘယ်၊ ဆွီဒင်မှ အလှူငွေ- ဒေါ်လာ ၁၃၀နှင့် စစ်ကိုင်းတောင် ရေတွင်းတူးရန် အလှူငွေ- ၁၂၅ ဒေါ်လာ၊ ၀ိလာသကျောင်းတိုက် လျှပ်စစ်မီးလိုင်းအလှူတော်အတွက် စင်္ကာပူမှ- ဒေါ်လာ ၂၅၀ အသီးသီး ပါဝင်လှူဒါန်းခဲ့ကြပါသည်။

မှတ်ချက်။ ။ ကောက်ခံရရှိငွေ ဒေါ်လာ လဲလှယ်ဈေးမှာ တစ်ဒေါ်လာ ၉၉၂ ကျပ် ဖြစ်ပါသည်။



Read more...

ဗုဒ္ဓ FM ကို (၂၄) နာရီပတ်လုံး Online မှ စတင်ထုတ်လွင့်

ဗုဒ္ဓဘာသာဝင်တိုင်း၏ ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို တနေရာတည်းတွင် အလွယ်တကူ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်အသစ်များဖြင့် ယနေ့မှစ၍ စတင်အသံလွှင့်နေပြီ ဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြားသည်။

၎င်းက “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရက လက်ရှိသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှတဆင့် စမ်းသပ်ကာလအဖြစ် ဒီဇင်ဘာလလယ်ပိုင်း ကတည်းက စတင်ထုတ်လွှင့်ခဲ့ရာ ယခုအခါ ဘာသာရပ် (၈) မျိုးဖြင့် ရွတ်ဆိုပူဇော်ထားသည့် ဓမ္မတေးများနှင့် တရားတော်များကို (၂၄) နာရီပတ်လုံး ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

အရှင်မေတ္တာစာရက “အသံလွှင့်ဖို့ Volunteer အနေနဲ့ (၁၃) ယောက် ဝင်ကူပေးနေတယ်။ နောက်ထပ် အစီအစဉ်တွေကို ကဏ္ဍအလိုက် ခွဲပြီးတဲ့အချိန်ကျရင် လူ (၂၀) ကျော်တော့ လိုအပ်မယ်။ အခုလွှင့်တဲ့အထဲမှာ ဗမာနဲ့အင်္ဂလိပ်ဘာသာကို အဓိကထားပေမယ့် ထိုင်း၊ မလေး၊ အိုမန်၊ သီရိလင်္ကာ၊ တရုတ် စတဲ့ဘာသာတွေနဲ့ ဓမ္မပူဇာတေးတွေလည်း ပါတယ်” ဟု မိန့်သည်။

တနေ့တခြား နားဆင်သူ များပြားလာခြင်းကြောင့် ဆာဗာ ထပ်မံ တိုးချဲ့ရန်ရှိပြီး ဝက်ဘ်ဆိုက်များတွင် ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်သစ်၊ ခေတ်ဟောင်းဓမ္မတေးများ၊ တရားတော်များကို ပဋ္ဌာန်း၊ ပရိတ်၊ သုတ္တန်၊ အင်္ဂလိပ်၊ ဝိပဿနာ ဟူ၍ ကဏ္ဍအလိုက် ခွဲခြားတင်ထားပြီး နောက်ပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ Online ဆွေးနွေးပွဲများနှင့် တရားပွဲ အစီအစဉ်များကိုလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း သိရသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟောသီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

ဗုဒ္ဓ FM သည် ဗုဒ္ဓသာသနာ တိုးတက်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်က ပိတ်ပင်တားမြစ် လိမ့်မည်ဟု မထင်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များကိုလည်း ပြည်တွင်းတွင် ဖတ်ရှု၍ရကြောင်း အရှင်မေတ္တာစာရက မိန့်ဆိုသည်။

တည်ထောင်သူ အရှင်မေတ္တာစာရသည် ၂၀၀၉ ၏ အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆု ရရှိထားသူ မြန်မာသံဃာတော်တပါး ဖြစ်ပြီး University of Mumbai တွင် Society, Government and other Socio-Political Principles ခေါင်းစဉ်ဖြင့် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးသားနေသူ ဖြစ်သည်။


ဒီနေရာ မှ ကူးယူဖေါ်ပြပါတယ်။

Read more...

များခွင့်ရှိတုန်းများထားရမယ့် နေ့များ

တက္ကသိုလ်ဒုတိယအဓိပတိလားမားကြီး ဒေါက်တာဂီရှီ င၀န် ဆန်တဲင်
(၁)

စောစီးစွာ အိပ်ရာနိုးထလာခဲ့သည်။မျက်နှာသစ်ရန်ရေးချိုးခန်းသို့သွားမှ ရေမလာသေးကြောင်းသိရသည်။ ဆွာဆတိကအိမ်တွင် ရဟန်းတော်ငါးပါးစုပေါင်းနေထိုင်ကြသည်။ အိပ်သာနှင့် ရေချိုးခန်းတစ်ခုတည်းကို ငါးပါးဝေငှသုံးစွဲရခြင်းဖြစ်၏။ ရေက စည်ပင်ဆပ်ပလိုင်းဖြစ်သည်။ မနက်တစ်ကြိမ်သာ ရေလာသည်။ ရေလာသည့်အခိုက် မော်တာနှင့် ရေစင်ပေါ်သို့ စုပ်တင်ထားနိုင်ပါမှ တစ်နေ့တာ သုံးစွဲလောက်သည်။

ကံဆိုးချင်တော့ မော်တာပျက်နေသည်မှာ လေးငါးရက်ခန့်ရှိပြီ။ ဆပ်ပလိုင်းရေက မျက်နှာသစ်ဖို့နှင့် ချက်ပြုတ်ရေးအတွက်သာ လုံလောက်သည်။ ရေချိုးမည်ဆိုလျှင်တော့ နီးစပ်ရာအဆောင်ဆောင်အခန်းခန်းသို့သာ ကြွပေရော။ သူသည်လည်း မူလလက်ဟောင်း ကိုးန၀င်းဆောင်သို့ ပြန်ကွေ့ရပြန်သည်။ ကိုးန၀င်းဆောင်နှင့် ဆွာဆတိကအိမ်က လမ်းကလေးသာခြားသည်။

မျက်နှာသစ်ဖို့တော့ ရေလာအောင်စောင့်ရချေဦးမည်။နာရီကြည့်လိုက်တော့ ၅း၀၅ နာရီ ။ ယနေ့သင်မည့် သင်ခန်းစာအချို့ကို တော့ ညကတည်းက ကြိုတင်လမ်းကြောင်းပြီးပြီမို့ နောက်ထပ်ပြန်ကြည့်ဖို့မလိုတော့။ ပို့ချနေကျပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေသင်တန်းအပြင် အင်္ဂလိပ်စာရေးသားမှုအထောက်အကူပြုစေမည့် သဒ္ဒါဝါကျဖွဲ့ထုံးများအတွက် တစ်ချိန်ထပ်တိုးဖို့ သင်တန်းသားများက တောင်းဆိုထားသည်။

သင်တန်းချိန်က နှစ်ကြိမ်ဖြစ်သွားမည်။
နံနက် ၀၈း၀၀ မှ ၀၈း၄၅ နာရီအထိ =ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေသင်တန်း
နံနက် ၀၉း၀၀ မှ ၀၉း၄၅ နာရီအထိ=သဒ္ဒါဝါကျဖွဲ့ထုံးဆိုင်ရာအင်္ဂလိပ်စာသင်တန်း

ယမန်နေ့ကတော့ အမေရိကားရောက်နာမည်ကျော်ဝတ္ထုတိုအရေးကောင်းသောစာရေးဆရာမနှင့် အွန်လိုင်းပေါ်မှာတွေ့သည်။ သူမ၏ သတင်းသေတ္တာ(message box)လေးထဲမှာ အလုပ်များနေသည်(busy)ဟု အနီရောင်စာတမ်းလေးပြထားသည်။ ပုဗ္ဗဘာသီ(ဦးစွာနှုတ်ဆက်တတ်သူ)ဂုဏ်ရှင်ဗုဒ္ဓ၏ သားတော်တစ်ပါးအနေဖြင့် သူတစ်ပါးနှုတ်မဆက်ခင် ကိုယ်ကဦးအောင်နှုတ်ဆက်ရသောထုံးစံအတိုင်း “ ဟိုင်း ဒကာမကြီးအလုပ်တွေများနေပါသလား ” ဟု အင်တာခေါက်လိုက်သောအခါ “မှန်ပါ့ တကယ့်ကို များနေတာပါဘုရား”တဲ့။

သူက “ဒကာမကြီးရေ များခွင့်ရှိတုန်း များထား” ဟု ပြန်လိုက်သည်ကို တွေးပြုံးမိသည်။
ဟုတ်ပ များခွင့်ရှိလို့များရတာပေပဲ။ မည်သည့်အတွက် မည်သူ့အတွက်အလုပ်များနေသလဲဆိုတဲ့အပေါ်မှာ တန်ဖိုးကွာခြားသွားတာပဲ ဖြစ်ပေမည်။ အ၀န်းအ၀ိုင်းအကျဉ်းအကျယ်ကို အကဲဖြတ်ကာ မှတ်ကျောက်တင်ရခြင်းဖြစ်ပေမည်။

(၂)

ဗုဒ္ဓအရှင်၏ စရိယသုံးပါးကျင့်စဉ်ဆိုသည်မှာ အလုပ်များခြင်းကို ရည်ညွှန်းထားခြင်းပင် ဖြစ်သည်။
မိမိနှင့် မိမိအသိုင်းအ၀ိုင်းလေးအတွက်အလုပ်များနေသလား။
အမျိုးဘာသာသာသနာအ၀န်းအ၀ိုင်းအတွက်အလုပ်များနေသလား။
ကမ္ဘာမြေတစ်ခုလုံးအတွက် အလုပ်များနေသလား။

တစ်ခုခုအတွက်တော့ အလုပ်များနေရပေမည်။ အပြစ်ကင်းသောအလုပ်၊ကုသိုလ်ဖြစ်သောအလုပ်။
အေးချမ်းသောအလုပ်၊ဗြဟ္မစိုရ်နံ့သင်းသောအလုပ်ဖြစ်ဖို့သာ ရွေးချယ်ရမည်။
အလုပ်ထဲမှာ အနစ်နာခံခြင်းတွေ သိပ်သည်းစွာ ထည့်သွင်းလေလေ၊ အလုပ်က လှပလေလေဖြစ်သည်။ အဓိပ္ပါယ်ရှိသော“အလုပ်များခွင့်ရခြင်း”ဆိုသည်လည်း ထူးသောအခွင့်အရေးတစ်ရပ်သာဖြစ်သည်။
သူကတော့ ထိုထူးမြတ်သောအခွင့်အရေးများကို အရယူဖို့စိတ်စောနေခဲ့လေသည်။
၂၀၁၀ ပြည့်နှစ်ကိုလည်း သူက အလုပ်ဖြင့် ကြိုဆိုခဲ့လေသည်။

ယမန်နေ့က တိဘက်တန်တက္ကသိုလ် ဒုတိယအဓိပတိရုံးခန်းသို့ ကြွလာဖို့ ဖုန်းဝင်လာသည်။ ညနေ ၀၃း၀၀ နာရီတိတိတွင် အဓိပတိနှင့်တွေ့ရသည်။ ကထိကခန့်အပ်စာပေးအပ်ခြင်းပင်ဖြစ်သည်။ ဤတက္ကသိုလ်တွင် ပါဠိဌာနတစ်ခုအသစ်ဖွင့်လှစ်နိုင်ရေးသည် တက္ကသိုလ်အဓိပတိ၏ ပစ်မှတ်ဖြစ်သည်။ အခြားပါဠိပညာရှင်များရှိသော်လည်း မြန်မာရဟန်းတော်များလောက် ပါဠိအခြေခံမကောင်းကြောင်း၊သို့နှင့် ပါဠိဌာနအသစ်ဖွင့်မည်ဆိုလျှင် မြန်မာရဟန်းတော်များသာ ဦးစားပေးအနေဖြင့် တွေးမိကြောင်းစသည် အဓိပတိကြီးက အေးဆေးစွာ ပြောနေသည်ကို သူက ငြိမ်သက်စွာနားထောင်ရ၏။ ကြည်ညိုဖွယ်ကောင်းသောတိဘက်လားမားဘုန်းတော်ကြီးပင်ဖြစ်သည်။

သူ့ကို တခုတ်တရပြောသည်ကတော့ ဤပါဠိဌာနပေါ်ပေါက်ရေးသည် သင်ကြားသူဆရာ၏ ကျောင်းသားများအပေါ်စွဲဆောင်နှိုင်မှုက များစွာ အရေးကြီးသဖြင့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားစိုက်ကြိုစားစေလိုကြောင်းလည်း ဖြည့်စွက်ပြောကြားသေးသည်။

ထိုအခါ သူကလည်း လွန်စွာအချိုးကျ၍ လွန်စွာမှ လေယူလေသိမ်းကောင်းမွန်လှသော လန်ဒဲန်နာဟုခေါ်သောလန်ဒန်မြို့ကြီးသားများပင် လက်ဖျားခါလောက်သည့် အောက်ပါအတိုင်းအဓိပ္ပါယ်ရသော အင်္ဂလိပ်ဘာသာဖြင့် ပြောချလိုက်ပါသည်။
“ အိုကေ ကြိုးစားကြတာပေါ့ ဂုရုကြီး”
ထို့နောက် အဓိပတိလားမားကြီးက သူ့အား ဧည့်ကထိက(GuestLecturer)ခန့်အပ်လွှာ ပေးအပ်ပါသည်။ရေးထားသည်က ဟင်ဒီဘာသာမို့ အဓိပတိလားမားကြီးက “ ဘန္တေကြီး ဟင်ဒီဖတ်တတ်သလား” “ ဟုမေးရာ သူ့ရွာတွင် ၁၂ ဘာသာတတ်သည်ဟုကျော်ကြားသော်လည်း တရားဝင်ပြောကြရပြီဆိုတော့ အနည်းငယ်မျှသာ နားလည်ပါကြောင်းပြောရလေသည်။ လားမားကြီးကိုယ်တိုင် ဘာသာပြန်ပြလေသည်။ ကထိကခန့်အပ်လွှာကို မော်ကွန်းထိန်းအရာရှိကိုယ်တိုင် အဓိပတိရုံးခန်းသို့လာပို့ပေးခြင်းဖြစ်သည်။

“အလုပ်အလုပ်” ဆိုသောစကားလုံးများကို ထပ်တလဲလဲဆိုနေသဖြင့် သူ့ကို အလုပ်သမားတစ်ယောက်ဟု တစ်ထစ်ချမှတ်ယူရန်မဟုတ်ပါ။ အချို့နေရာများတွင်တော့ သူသည် သြောချရလောက်အောင်ပျင်းရိတတ်သူတစ်ယောက်ဖြစ်လေသည်။ မည်သည့်နေရာမျိုးတွင် ပျင်းတတ်ပါသနည်း ဟု တစ်စုံတစ်ယောက်ကမေးလာခဲ့လျှင်တော့ ပြုစုရမည့်စာရင်းကများနေသဖြင့် တစ်ပတ်ခန့်ရက်ချိန်းပေဖို့ တောင်းပန်ရပေမည်။
ဒါပေမယ့် မဖြေပဲ နေလို့လည်း ရတာပါပဲ။
ပျင်းတာတွေလည်း သိ၊ မပျင်းတာလေးလည်း သိကြပေါ့လေ။


မှတ်တမ်းတင်ခြင်း-ဗာရာဏသီတွင် ဖွင့်လှစ်နေသောသင်တန်းများတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊သင်တန်းနားချိန် သုံးဆောင်ရန်အဖျော်အာဟာရများအတွက် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှ ဒကာကြီးဦးကျော်တင့် ဒကာမကြီးဒေါ်ခင်ခင်ငွေမိသာစုက အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းခြင်းနှင့် ဓမ္မဂင်္ဂါဘလော့အတွက် အင်တာနက်ကုန်ကျစရိတ် (၁၀)လစာကို အရှင်ခေမိန္ဒ(မော်ကွန်းသစ်)က လှူဒါန်းခြင်းများအား မှတ်တမ်းတင်အပ်ပါသည်။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP