* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Sunday, January 10, 2010
ပျက်စီးချိန်တန်သော်…
“ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)
လောကသားတိုင်း ရှောင်လွဲမရ မဖြစ်မနေ ကြုံတွေ့ရမည့် တရားတစ်ခုကား အတက်အကျ၊ အနိမ့်အမြင့် ဟူသော လောကဓမ္မခေါ် လောကဓံတရားပင် ဖြစ်၏။ မည်သည့်အရာမျှ အမြဲမရှိဟူသော လောကနိယာမ အတိုင်းပင် လောကရှိ အရာအားလုံးသည် တစ်တသမှတ်တည်း အမြဲတည်တံ့နေသည်ဟူ၍ မရှိပေ။ အဆိုးရှိသကဲ့သို့ အကောင်းလည်း ရှိ၏။ အနိုင်ရှိသကဲ့သို့ အရှုံးလည်းရှိ၏။ ချမ်းသာရှိသကဲ့သို့ ဆင်းရဲလည်းရှိ၏။ အတက်ရှိသကဲ့သို့ အကျလည်းရှိ၏။ အဖြစ်ရှိသကဲ့သို့ အပျက်လည်းရှိ၏။ ဤကား မည်သူမဆို ကြုံတွေ့ရမည့် သဘောတရားများ ဖြစ်၏။ မိမိတို့လက်ရှိ ရရှိထားသည့် ဘ၀အခြေအနေတွင် မြင့်နေရာမှ နိမ့်သွားသည်များ ရှိနိုင်၏။ ရှိနေရာမှ မရှိသည်နှင့်လည်း ကြုံတွေ့နိုင်၏။ ကောင်းနေရာမှ အဆိုးဘက်သို့လည်း ရောက်သွားနိုင်၏။ အဆိုးဘက်သို့ ဦးတည်လာနေလျှင် မိမိကိုယ်တိုင် သတိပြုဆင်ခြင်ပြီး ရောက်ရှိလာမည့် အဆိုးများ အလွန်ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားစေရန် ကြိုးစားအားထုတ်ရ၏။ ထိုသို့ အဆိုးဘက်၊ အပျက်ဘက် ဦးတည်လာသည့် အကျပိုင်းများ ရောက်လာသည့်အခါ ကြိုတင်ပြင်ဆင်မှုမရှိ ခံနိုင်ရည် မရှိဘဲ သတိလက်လွတ် နေမိပါက မိမိကိုယ်တိုင် အမှားလမ်းကို အမှန်ထင်ကာ ဇွတ်အတွင်း လျှောက်လှမ်းမိတတ်၏။ ထိုအခါ ပျက်ဆီးရန်လမ်းစလည်း တဖြည်းဖြည်းတိုးလာကာ အဆိုးဆုံးသော ပျက်စီးမှုဘက်သို့ ဦးတည်လာပြီး အပြောအဆို အလုပ်အကိုင် အကြံအစည်များသည်လည်း အမှားမှားအယွင်းယွင်း ဖြစ်လာတတ်၏။ နောက်ဆုံးတွင်ကား ဘုရားပင်လျှင် ကယ်မရသည့်သူများအဖြစ် ရောက်ရှိပျက်စီး သွားတတ်၏။
မှန်၏။ လောကတွင် ထိုသို့ သတိမမူမိသဖြင့် မြင့်ရာမှ နိမ့်ရာသို့ ဆိုးဆိုးဝါးဝါး ကျရောက်သွားသူများကို တွေ့ဖူးကြမည်ဖြစ်၏။ အကောင်းဆုံးများ ကြုံနေရာမှ အဆိုးဆုံးသို့ ရောက်ရှိပျက်စီးသွားသူများကို ကြုံဖူးကြမည် ဖြစ်၏။ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံဖူးကြသူများ ရှိသကဲ့သို့ မိမိနှင့်သက်ဆိုင်သည့် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်သွားသည်ကိုလည်း ကြုံဖူးကြမည်ဖြစ်၏။ သေချာသည်မှာ လောကဓံဒီလှိုင်း ရိုက်ပုတ်သည့်အချိန် သတိလက်လွတ်ဖြစ်ခဲ့သဖြင့် အမှန်အမှား မခွဲခြားနိုင်ဘဲ အမှားလမ်းကို ဇွတ်အတင်း တိုးဝင်မိသဖြင့် အထိနာခဲ့ကြခြင်းဖြစ်၏။ အကယ်၍ သတိလက်လွတ် မဖြစ်ဘဲ “ဒါဟာလောကဓံ တရားပဲ၊ အချိန်တန်ရင် ပြီးသွားမှာပဲ“ဟူသော အသိဖြင့် မည်မျှပင် ကံနိမ့်နေပါစေ မိမိလုပ်ရမည့် ကောင်းသည့်အလုပ်များကိုသာ အဆက်မပြတ် ကြိုးစားအားထုတ်နိုင်ပါက ကျသော်လည်း အကျနာမည် မဟုတ်ပေ။ ပျက်သော်လည်း အပျက်ဆိုးမည် မဟုတ်ပေ။ ထို့ကြောင့် ပညာရှင်များက “ဘာပဲဖြစ်ဖြစ် သတိလက်မလွတ်စေနှင့်”ဟု ဆိုကြခြင်းဖြစ်၏။
သို့သော် မောဟအမိုက် ဖုံးလွှမ်းနေသည့် သတ္တ၀ါများကား ထိုသဘောကို သတိမပြုမိဘဲ ရှိနေတတ်၏။ အမှန်ကို မမြင်နိုင်သည့် မသိမှု အ၀ိဇ္ဇာ အားကြီးလှသဖြင့် အမှားလမ်းကိုသာ ဇွတ်အတင်း တိုးဝင်နေမိတတ်၏။ ပျက်စီးရန် အချိန်ကျလာလျှင်ကား သတ္တ၀ါတို့သည် ထိုသို့ဖြစ်တတ်၏။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏။ ထို့ကြောင့်လည်း နောက်ဆုံးတွင် မြင့်ရာမှ နိမ့်ရာသို့ ကျရောက်ပျက်ဆီးသွားပြီး ဒုက္ခများဖြင့်သာ ကျင်လည်နေသူများ အဖြစ်သို့ ရောက်ရှိသွားလေတော့၏။ မန်လည်ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် ထိုသူများသည် “အဆိုအသွား အမှားမှားဖြင့် ဘုရားသော်မှ ဟောမရသည့် သူများအဖြစ်” ရောက်ရှိသွားတော့၏။
စာရေးသူတွင် နှစ်ပေါင်းအတော်ကြာကြာ အတူစား အတူလာ စိတ်တူသဘောတူ ပေါင်းသင်းနေထိုင်ခဲ့ကြသည့် သူငယ်ချင်း နှစ်ပါးရှိခဲ့ဖူး၏။ တစ်ပါးက စာရေးသူထက် ၂-နှစ်ကြီးပြီး တစ်ပါးက ၂-နှစ်ငယ်၏။ အကြီးသည် အင်္ဂါသားဖြစ်ပြီး အငယ်သည် ကြာသာပတေးသား ဖြစ်ကာ စာရေးသူက ဗုဒ္ဓဟူးသား ဖြစ်၏။ တက္ကသိုလ်မှာ လာရောက်ဆုံတွေ့ကြသည့် စာရေးသူတို့ သုံးဦးသည် အတွဲညီလှ၏။ စိတ်တူကိုယ်တူဖြင့် မရှိအတူ ရှိအတူ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီခဲ့ကြ၏။ ထို့ကြောင့်လည်း စာရေးသူတို့ သူငယ်ချင်းသုံးဦးကို ကြည့်ကာ အများက အားကျခဲ့ကြ၏။ စာရေးသူတို့ကို အတုယူကာ စံထားကြ၏။ “ကလျာဏ မိတ္တဆိုတာ အဲဒီလို ဖြစ်နေရမှာ”ဟု စာရေးသူတို့ကိုကြည့်ကာ သာဓကပြုကြ၏။ စာရေးသူတို့ သုံးဦးသည် အများအမြင် ကပ်လောက်အောင်ပင် အတွဲညီခဲ့ကြ၏။ သို့သော် ယခုမူ အကြီးအငယ် ထိုသူငယ်ချင်း နှစ်ဦးကား ပျက်စီးသွားခဲ့လေပြီ။ အကြီးဖြစ်သူသည် အရှင်ပျက်ပျက်သွားခဲ့ပြီး အငယ်ဖြစ်သူသည်ကား အသေပျက် ပျက်သွားခဲ့၏။ အကြီးကား အသက် ၃၁နှစ်လောက်တွင် မြင့်မြတ်သည့် ရဟန်းဘ၀မှ နိမ့်ကျသည့် လူအဖြစ်ပြောင်းလဲကာ လူထွက်သွားသဖြင့် မြင့်မြတ်သည့် ရဟန်းဘ၀ ပျက်စီးသွားခဲ့ပြီး အငယ်ကား အသက် ၃၁နှစ်အရွယ် ၁၂ပိုင်း ၂၀၀၈ခုနှစ်က အသည်းကင်ဆာဖြင့် ပျံလွန်တော်မူသွားသဖြင့် ရဟန်းဘ၀ပင်မဟုတ် လူ့ဘ၀ပါ ပျက်စီးသွားခဲ့၏။ အကြီးသူငယ်ချင်း ရဟန်းမှာ အငယ်ထက် အရင်စောပြီး လူထွက်သွားကာ ရဟန်းဘ၀ ပျက်စီးခဲ့၏။
လူထွက်သွားသည့် အကြီးသူငယ်ချင်းသည် အခြားကြောင့် မဟုတ်၊ မာတုဂါမကြောင့် ဖြစ်၏။ သူလူမထွက်ခင်က စာရေးသူတို့နှစ်ပါး လူမထွက်ဖို့ သူ့ကို အမျိုးမျိုး တာမြစ်ခဲ့ကြ၏။ အမျိုးမျိုး နာအောင်ပြောခဲ့ကြ၏။ စာရေးသူဆိုလျှင် အမုန်းခံပြီး အမျိုးမျိုးခိုင်းနှိုင်းပြောဆို တားမြစ်ခဲ့၏။ မည်သို့မျှ မရခဲ့ပေ။ မဘက်လိုက်တော့ မိုက်ဘက်ပါဆိုသကဲ့သို့ မာတုဂါမ၏ အစွမ်းက မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း အစွမ်းထက် ပိုအားကောင်းခဲ့၏။ မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ။ သူဆိုလျှင် အမေတစ်ခု သားတစ်ခုဘ၀မှ ရဟန်းဖြစ်လာသူ ဖြစ်၏။ မိခင်ကြီးမှာ ကုန်စိမ်းရောင်းပြီး သားရဟန်း လိုလေသေးမရှိရလေအောင် ပစ္စည်းလေးပါး ထောက်ပံ့မှုကို ပြုပေးနေသူဖြစ်၏။ ထိုမိခင်ကြီးလည်း သူမမြင်တော့ပေ။ နောက်ဆုံး အားလုံးက လက်လျှော့လိုက်ရတော့၏။ ထိုအခါမှ “လောကမှာ ပျက်ဆီးချိန်တန်လျှင် ဘုရားရှင်သော်မှလည်း မတားမြစ်နိုင်” ဆိုသည်ကို ကောင်းစွာ သဘောပေါက်ခဲ့၏။ ထိုသူငယ်ချင်းကား အမှားကို အမှန်ထင်ပြီး စာရေးသူတို့ မည်မျှပင် ပြောဆိုသော်လည်း နားမ၀င်ဘဲ နောက်ဆုံးတွင် စာရေးသူတို့ကိုပင် ရှောင်သွားတော့၏။ ရဟန်းဘ၀ ပျက်စီးသွားသည့် သူငယ်ချင်းအဖြစ်ကို ကောက်ချက်ချကြည့်ပါက အခြားကြောင့်မဟုတ် မာတုဂါမကြောင့်ပင် ဖြစ်၏။ မှန်၏။ “ပစ္စည်းမာတု ဤနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း“ ဟု ဆိုသည့်အတိုင်း ရဟန်းတော်များ၏ အန္တရာယ်မှာ ပစ္စည်းလာဘ်လာဘနှင့် မာတုဂါမပင် ဖြစ်၏။ ထိုသူငယ်ချင်းကား မာတုဂါမ ဖျက်စီးသဖြင့် ရဟန်းဘ၀မှ လူ့ဘ၀သို့ ပြောင်းလဲပျက်စီးခဲ့၏။ မြင့်ရာမှ နိမ့်ရာသို့ ကျရောက်သွားခဲ့၏။ မာတုဂါမ ဖျက်၍ပျက်သည်ဟု ဆိုက တစ်ဘက်သတ် ကျနေပေမည်။ စင်စစ် လက်ခုပ်ဟူသည် နှစ်ဖက်တီးမှ မည်သည်ဟု ဆိုသကဲ့သို့ပင် ရဟန်းလည်းမှား လူလည်းမှားသောကြောင့်သာ ဖြစ်၏။ လူလည်း သတိမရှိ အသိမ၀င် ဖြစ်ခဲ့သကဲ့သို့ ရဟန်းလည်း မိမိရဟန်းဟူသည့် အသွင်ကို မေ့ခဲ့သောကြောင့်သာ ဖြစ်ပါ၏။ ယခုမူ ထိုသူငယ်ချင်းကား ကလေးနှစ်ယောက်နှင့် ဒုက္ခပင်လယ်ဝေနေခဲ့သည်ဟု ကြားရသဖြင့် စိတ်မကောင်း ဖြစ်ခဲ့ရ၏။ စာရေးသူမှာ သူငယ်ချင်းနှစ်ပါး ရှိသော်လည်း နှစ်ပါးလုံး အရှင်ပျက်နှင့် အသေပျက် ပျက်သွားကြသဖြင့် အလွန်ထိတ်လန့် ခဲ့ရပြီး မိမိအလှည့်တွင်ကား လောကဓံသဘောအရ အပျက်များ ရောက်လာတတ်သော်လည်း အပျက်မနာရန်၊ အကျမနာရန်သာ သတိပြု ဆင်ခြင်နေနေရပေ၏။
ဤနေရာတွင် စာရေးသူ ဆိုလိုသည်မှာ ပျက်စီးချိန်တန်လျှင် မည်သူမျှ တားမရနိုင်ဟူသည့် အချက်ပင်ဖြစ်၏။ ထိုသဘောကို ထင်ရှားစေလို၍သာ မိမိ၏ လက်တွေ့ဘ၀ အတွေ့အကြုံများဖြင့် သာဓကပြခြင်းသာ ဖြစ်၏။ လူထွက်သွားသည့် သူငယ်ချင်းနှင့် ပျံလွန်တော်မူသွားသည့် သူငယ်ချင်းတို့အား အသုံးချခြင်း မဟုတ်သည်ကို သိစေလို၏။ စင်စစ် ထိုနှစ်ပါးလုံးသည် အချိန်တန်သဖြင့်သာ ပျက်စီးသွားကြခြင်း ဖြစ်၏။ ကံစွမ်းကုန်သွား၍သာ ဘ၀ပြောင်း သွားကြခြင်းဖြစ်၏။ ပျံတော်မူသွားသည့် အရှင်သည် သက်တမ်းမကုန်သေးသော်လည်း ကံစွမ်းကုန်သွားသဖြင့် ပျက်စီးသွားခြင်းဖြစ်ပြီး လူထွက်သွားသည့် အရှင်သည်ကား ရဟန်းဘ၀ဖြင့် နေရမည့် ကံစွမ်းကုန်သွားသဖြင့် ရဟန်းဘ၀ ပျက်စီးသွားခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ နှစ်ပါးလုံးသည် ပျက်စီးချိန်တန်သဖြင့် ပျက်စီးသွားခြင်း ဖြစ်သည်ဟုသာ မိမိကိုယ်ကို မိမိဖြေဆည်နေမိသည်ကား အမှန်ပင်ဖြစ်ပါ၏။
စာရေးသူကဲ့သို့ပင် အခြားသူများလည်း ထိုသို့ အလားတူ အဖြစ်အပျက်လေးများ ကြုံဖူးကြမည် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ ဖြစ်၏။ မည်သည့်အရာမဆို အကြောင်းတရားကင်း၍ အကျိုးတရားဖြစ်ရိုးထုံစံ မရှိပေ။ ပျက်စီးချိန်တန်၍ ပျက်စီးသည်ဟု ဆိုသော်လည်း ပျက်စီးခြင်းအကြောင်း တရားကြောင့်သာ ပျက်စီးသွားကြခြင်းဖြစ်၏။ ဘယ်သူမပြု မိမိမှုဟု ဆိုသည့်အတိုင်း မိမိ၏ အပြုအမူ အပြောအဆို အလုပ်အကိုင်များကြောင့်သာ ပျက်စီးကြခြင်းဖြစ်၏။ ယခုဘ၀ ပျကစဆီးရာ ပျက်စီးကြောင်း မည်သည့်အရာမျှ မလုပ်ဖူးသော်လည်း အတိတ်ဘ၀ တစ်ခုခုက ပြုလုပ်ခဲ့သည့် မိမိ၏လုပ်ရပ်များက ရှိနေသဖြင့် ထိုအကြောင်းတရားကြောင့် အကျိုးတရားအဖြစ် ယခုဘ၀တွင် ပျက်စီးနိုင်၏။ သို့သော် ကံဟူသည် အတိတ်ကံ ပစ္စုပ္ပန်ကံဟူ၍ ရှိသဖြင့် အတိတ်ကံ အကျိုးပေး ရှိနေသော်လည်း ပစ္စုပ္ပန်ကံ အားကောင်းနေလျှင် အတိတ်ကံ အကျိုးပေး အားနည်းတတ်ပြီး ပစ္စုပ္ပန်ကံ အားနည်းနေလျှင် အတိတ်ကံ အကျိုးပေး အားကောင်းတတ်၏။ ထို့ကြောင့် အချို့ အတိတ်အကုသိုလ်ကံ အကျိုးပေးသော်လည်း ပစ္စုပ္ပန်ကောင်းကံ အာကြီးသဖြင့် သေရမည့်အဖြစ်မှ ထိခိုက်ဒဏ်ရာ ရသည့်အဖြစ်လောက်သာ ခံရတတ်သည်လည်း ရှိ၏။ ထို့ကြောင့် ပစ္စုပ္ပန်တွင် ကောင်းကံများ များများဖြည့်ဆည်းထားပြီး မမေ့မလျော့ သတိရှိထားလျှင် ပျက်စီးချိန်တန်၍ ပျက်စီးတတ်သော်လည်း အဆိုးဆုံးအဖြစ်သို့ မရောက်နိုင်သည်ကို သဘောပေါက်ဆင်ခြင်ထားရန် လိုအပ်လှပေသည်။
အချုပ်အားဖြင့် ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စသည်တို့သည် လောကဓံတရားများ ဖြစ်သကဲ့သို့ အကြောင်းအကျိုး ဆက်စပ်နေသည့် တရားများလည်း ဖြစ်သဖြင့် အချိန်တန်လျှင် မလွဲမသွေ ကြုံတွေ့ရမည်ဟူသည်ကို နားလည်သဘောပေါက်ထားရန် လိုအပ်ပေ၏။ အပျက်မှသာမဟုတ် အဖြစ်လည်းပဲ အချိန်ကာလကျလာလျှင် ဖြစ်လာတတ်၊ ရောက်လာတတ်သည်ကို သိရှိကာ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဟူသည့် ခံယူချက်ဖြင့် အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်ရန်သာ ကြိုးစားကြရန် ဖြစ်ပါ၏။ ဤသို့ အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေး၏ အဓိက သော့ချက်ဖြစ်ပေ၏။ ထို့ကြောင့် ပျက်စီးချိန်တန်၍ ပျက်စီးနိုင်သော်လည်း ပျက်စီးမှုနှင့် ကြုံတွေ့သည့်အခါ မမေ့မလျော့ မပေါ့မဆသည့် သတိတရားဖြင့် ရဲရဲရင်ဆိုင် ကျော်လွားနိုင်လျှင် အထိနာ အကျနာ သက်သာနိုင်သဖြင့် ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်မှားဘဲ ကြိုးစားကျင့်ကြံ နေထိုင်ရန်သာ အကြံပြုလိုက်ပါသည်။ အားလုံး အမှတ်သတိ မပြတ်ရှိကြပါစေ…
Read more...
နိယာမ ၅ ပါး အဓိပ္ပါယ်
နိယာမ ဆိုတဲ့ ပုဒ်က မြဲတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဟောပါတယ်၊
၁၊ ဗီဇ နိယာမ = မျိုးစေ့ မြဲတယ် လို့ ဆိုလိုပါတယ်။ ဆီးစေ့က ဆီးပင်ပေါက်တယ်၊ သရက်စေ့ က သရက်ပင် ပေါက်တယ် ဆိုတာမျိုးပါ။
၂ ၊ဥတု နိယာမ = ဥတု မြဲတယ် လို့ ဆိုလိုပါတယ်၊ ဆောင်းရာသီ နှင်းကျတယ်၊ မိုးရာသီ မိုးရွာတယ်၊ နွေရာသီ နေပူတယ် ပေါ့၊
၃၊ ကမ္မ နိယာမ = ကုသိုလ်ကံ အကုသိုလ်ကံအဖြစ် မြဲတယ် ပေါ့။ ကုသိုလ်ကံက ကောင်းကျိုးကို ပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးကို ပေးတယ်လို့ ယုံကြည်တာမျိုးပါ။ ဒါကိုပဲ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - လို့လဲ ခေါ်ပါတယ်၊
၎၊ ဓမ္မ နိယာမ = သဘော အားဖြင့် မြဲတယ် ပေါ့၊ ဘုရားအလောင်း ပဋိသန္ဓေယူတဲ့ အခါ၊ ဘုရားဖြစ်တဲ့ အခါ၊ ဓမ္မစကြာတရားဟောတဲ့အခါ၊ အာယုသင်္ခါရ လွှတ်တဲ့အခါ၊ ခန္ဓာ ပရိနိဗ္ဗာန် စံတော်မူတဲ့ အခါတွေမှာ လောကဓာတ် တသောင်း တပြိုင်နက် တုန်လှုပ်ခြင်း မျိုးကို ဆိုလိုပါတယ်၊
၅၊ စိတ္တ နိယာမ = စိတ်ဖြစ်ပုံ မြဲတယ် တဲ့၊ စိတ် ဟာ အာရုံ တမျိုးနဲ့ ကြုံတွေ့ခဲ့ရင် အတီတ ဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာ ၀ဇ္ဖန်း၊ စက္ခု ၀ိဥာဏ်၊ သမ္ပဋိစ္ဆိုင်း ၊ သန္တီရဏ ၊ ၀ုဋ္ဌော၊ စတဲ့ဖြစ်စဉ် ဟာ မပြောင်းလဲဘူး၊ ပုံမှန် ဖြစ်နေကျ စိတ်အစဉ် လို့ ဆိုလိုတာပါ၊
ဒီနိယာမ ငါးပါး ထဲမှာ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊
လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊
ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လောကမှာ သတ္တ၀ါတွေဟာ အလွန် အဖြစ်ဆန်းပါတယ်၊ ( သတ္တ နိကာယော အစိန္တေယျော ) လို့ စာပေက ဆိုပါတယ်၊ အဓိပ္ပါယ်က သတ္တ၀ါ ဖြစ်ပုံကို မကြံစည် နဲ့ လို့ ဆိုလိုတာပါ၊
အားလုံး ခြုံကြည့်ရင် သတ္တ၀ါတွေ ဖြစ်လာတဲ့ ပုံစံ ဟာ လေးမျိုး ရှိပါတယ်၊ တနည်းအားဖြင့်
ပဋိသန္ဓေ လေးမျိုး ပေါ့။
၁၊ ကိုယ်ကောင် ထင်ရှား ဘွားကနဲ ဖြစ်လာတဲ့ နတ် ဗြဟ္မာ စတဲ့ ဥပပတ် ပဋိသန္ဒေ၊
၂၊ အညှီ အဟောက်ကို စွဲမှီ ဖြစ်လာတဲ့ ဝေဠုဝတီ တို့လို သံသေဒဇ ပဋိသန္ဓေ၊
၃၊ ဥ ခွံ တွင်းက ဖြစ်ပေါ်လာတဲ့ ကြက် ဘဲ တို့လို အဏ္ဍဇ ပဋိသန္ဒေ၊
၎၊ မိခင် ၀မ်းဗိုက်မှာ ကလလ ရေကြည် စတည် ဖြစ်ပေါ်လာတဲ့ လူ တွေလို ဇလာဗုဇ ပဋိသန္ဓေ၊
၃ နဲ့ ၄ ကိုတော့ အမိဝမ်းမှာ ပဋိသန္ဒေနေရလို့ ဂဗ္ဘသေယျက သတ္တ၀ါ လို့ ခေါ်နိုင်ပါတယ်၊ နားလည်အောင် ပြောရရင် အဖို နဲ့ အမ စပ်ယှဉ်ပြီးမှ ဖြစ်ပေါ်လာတာပေါ့။ ၁ နဲ့ ၂ တို့ကတော့ အဖို အမ စပ်ယှဉ် စရာ မလိုပဲ ဖြစ်ပေါ်လာနိုင်ပါတယ်၊
လောကမှာ ရှိတဲ့ သတ္တ၀ါ အားလုံး ဟာ ဒီလေးမျိုး အနက် တမျိုးမျိုး နဲ့ သာ ဖြစ်ကြရပါတယ်၊
ခြွင်းချက်အနေနဲ့ တီကောင် ဟာ အဖို အမ စပ်ယှဉ်ပေါက်ဖွားလာတာကြောင့်လဲ ဖြစ်နိင်တယ်၊ နောက်ပြီး အညှီ အဟောက်ကြောင့်လဲ ဖြစ်နိုင်တယ်၊ ရုတ်တရက်ဖြစ်တတ်တဲ့ ဥပပတ် မျိုးလဲ ရှားရှား ပါးပါး ရှိတတ်ပါတယ်၊
သိပ္ပံ နည်းအလို အရ ဆိုရင်တော့ သတ္တ၀ါတွေ ဖြစ်ပေါ်လာပုံ ဟာ ၅ မျိုး ရှိတယ် လို့ ဆိုပါသတဲ့။
ဆက်ပါအုံးမည် - -
Read more...
သုမေဓာထေရီ အပိုင်း-၄ နိဂုံး
သုမေဓာ မင်းသမီးသည် မိမိ၏ လင်လောင်းဖြစ်သော အနိကရတ္တမင်းကို ဤသို့ ကာမဂုဏ်၏ဘေး အပြစ်များကို ပြောဆို ပြသဆုံးမ၏။ စောစောက ဖြတ်လှီးပြီး စုပုံထားသော ဆံပင်များကိုလည်း နန်းရင်ပြင်သို့ ပစ်ချလိုက်လေသည်။ ထိုအခါ၌ အနိကရတ္တမင်းသားသည် ထိုင်၍နေရာမှ ထပြီးလျှင် သုမေဓာမင်းသမီး၏ ခမည်းတော်ကို လက်အုပ်ချီလျက် တောင်းပန်လေသည်။
“ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်မင်းမြတ်ဘုရား၊ သမီးတော်ကို ရဟန်းပြုခြင်းငှာ ခွင့်ပြုကြပါကုန်လော့။ ခမည်းတော်မင်းမြတ်၏ သမီးတော်သည် နိဗ္ဗာန်တည်းဟူသော နိရောဓ သစ္စာ တရားတော်ကို သိမြင် ပါစေလော့”
သုမေဓာမင်းသမီး၏ ခမည်းတော် မယ်တော်တို့သည် သားမက်လောင်းဖြစ်သော အနိကရတ္တမင်းက ကူညီ၍ ခွင့်တောင်းသောအခါ သမီးတော်ကို ရဟန်းပြုရန် သဘောတူ လိုက်ကြလေတော့သည်။ ခမည်းတော် မယ်တော် တို့ထံမှ ခွင့်ပြုချက်ရလျှင် သုမေဓာ မင်းသမီးသည် မယ်တော် ခမည်းတော် တို့ကို ရိုသေစွာ ရှိခိုးကန်တော့ပေသည်။ မယ်တော် ခမည်းတော်တို့အား ရှိခိုးကန်တော့ပြီးနောက် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေး၊ သောက ပရိဒေဝဘေးတို့ကို ကြောက်ခြင်း ရှိသော သုမေဓာ မင်းသမီးသည် ခြောက်ပါးသော အဘိညာဉ်တို့ကို မျက်မှောက်ပြု၍ ရှင်ပြုလေ၏။
သုမေဓာ မင်းသမီးသည် ဘိက္ခုနီတို့ အထံ၌ ရှင်ပြုချိန်ဝယ် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိနေပြီဖြစ်သည်။ ထိုနောက် ရဟန်း မိန်းမ ဘိက္ခုနီပြုလုပ်ရန် ‘သိက္ခာမာန်’ မအဖြစ်ကို နှစ်နှစ်ပတ်လုံး ပါဏာတိပါတ အစ ဝိကာလဘောဇနာ အဆုံးရှိသော ခြောက်ပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပေါက်အောင် ကျင့်သုံးကာနေ၍ ကမ္မဌာန်း တရားကို အားထုတ်ရာ ရဟန်းမိန်းမ ဘိက္ခုနီ မဖြစ်မီ သိက္ခာမာန် အဖြစ်၌ပင်လျှင် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာ အဖြစ်သို့ ရောက်၏။ ရဟန္တာ အဖြစ်သို့ ရောက်ပြီးမှ အသက်စေ့၍ ဘိက္ခုနီ ပြုလေသည်။
Read more...
Dharma protectors
Last week somebody called Brit Hume, who I had never heard of before, in an opinion piece on Fox News, said that Tiger Woods "is said to be a Buddhist. I don’t think that faith offers the kind of forgiveness and redemption that is offered by the Christian faith. My message to Tiger would be, 'Tiger, turn to the Christian faith and you can make a total recovery and be a great example to the world'."
Personally, I see nothing wrong with these words. Hume simply said that Christianity is a religion that places greater stress on forgiveness than Buddhism does, in which he's probably right, and he offered his own personal opinion that Woods would do well to become a Christian, as he clearly didn't do a great job in terms of morality as a Buddhist. I believe Hume has every right to express that opinion when asked.
However, a small number of Buddhist bloggers initiated a letter-writing campaign to Fox News demanding that Hume make a public apology for his opinion. John on Sweep the Dust, Sweep the Dirt, in his letter to the TV station, said he was "deeply offended", and that Hume's words were "insulting" and "derogatory". He went on to tell Fox News that "the Christian faith has not done a bang-up job of keeping up their own moral through-out history" (sic).
Another Buddhist blogger, Bitterroot Badger, wrote to Fox to express his "disgust" and to demand an apology, adding that "it would behoove you to do so quickly." Kyle, at The Reformed Buddhist, suggested Hume was spreading "hate" and, calling him a disgrace to all Americans, urged his readers to write to Fox News. In fact, there were so many bloggers talking about this subject and urging action, it was impossible to keep up.
Not all bloggers acted in the same way of course, Scott, at The Buddha is my DJ, said "I’m not sure which is worse, the stupid things that people say on Fox News or people actually being upset about the stupid things that people say on Fox News" and the vast majority of bloggers ignored it altogether. Meanwhile, I was concerned that Buddhists crying out how offended they are by an opinion and demanding an apology gives the public quite the wrong message.
Not that Buddhists oughn't raise their voices. Last week, while so many people wrote about Brit Hume's personal opinions regarding Tiger Woods, the Chinese sentenced Phurbu Tsering Rinpoche to eight and a half years in prison on what look very much like trumped up charges in an unfair trial, in the lead up to which he had been repeatedly tortured and told his family would be in danger if he didn't make confessions.
News also came out this week that China has sentenced Tibetan film-maker Dhondup Wangchen to six years imprisonment for making a film in which he interviewed Tibetans about their views on living under Chinese occupation. Again, there were reports of torture and Dhondup Wangchen was denied his choice of legal representation during the trial. No Buddhist bloggers, as far as I'm aware, have yet initiated a letter-writing campaign about this.
So here goes. If you joined the letter-writing campaign to Fox News, if you condemned them on your blog or even just left a comment on a blog elsewhere, now consider doing at least double the amount of writing in the case of Buddhists who are being imprisoned and tortured on a near daily basis. Read the links below, find out what's been going on, and write a letter condemning the use of torture and unfair trials in China against Buddhists. Post it up on your blog as a model for others to copy, and then sign it and send it. I'll be doing the same.
Oh, and here are some addresses to be getting on with:
UK
Madame Fu-Ying
The Chinese Embassy
49-51 Portland Place
London, W1B 1JL
TEL: 020 72994049
US
Ambassador Mr Zhou Wenzhoung
The Chinese Embassy
3505 International Place, NW, Washington, D.C. 20008
Tel Operator: +1-202-4952000
E-mail: chinaembassy_us@fmprc.gov.cn
China
President Hu Jintao
Guojia Zhuxi
Beijing
People's Republic of China
Premier Wen Jiabao
Guowuyuan
No. 9 Xihuang-chenggen Beijie
Beijingshi 100032
People's Republic of China
Wu Aiying
Minister of Justice
No. 10 Chaoyangmen Nandajie
Chaoyangqu
Beijingshi 100020
People's Republic of China
TEL: (86) 10 6520 6706
TEL: (86) 10 8313 9065
Email: pfmaster@legalinfo.gov.ch
Email: minister@legalinfo.gov.cn
Links:
  • Dhondup Wangchen jailed for letting Tibetans tell their tale
  • Phurbu Tsering Rinpoche sentenced to prison
    Hume comments:
  • John's letter to Fox News
  • Bitterroot Badger's Letter to Fox News
  • The Buddha is my DJ
    Photo: This wonderful image of Thai Dharma Protector was taken my good friend, and skilled photographer, Noot. Thank you for allowing me to use it!
  • Read more...
    အညာသို့ ပြန်ရောက်ရှိခြင်း (၁)
    အညာဒေသခရီး
    တစ်နေ့ နံနက် ဆရာတော်ကြီးက..
    “ ရွာသူ-ရွာသားများက ဦးဇင်းကြွ်လာလေမလားလို့ မျှော်နေကြတယ်၊ အဆင်ပြေရင် သွားလိုက်ပါအုံးလား” လို့ မိန့်တော်မူပါ တယ်။ ဒီစကားကြားတော့ စိတ်ထဲမှာ သွားချင်တဲ့စိတ်တွေ ဖြစ်ခဲ့တယ်။ အညာဒေသကို မရောက်တာ ခုဆိုရင် ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပါပြီ။ဒါကြောင့် အညာဒေသတစ်ခုဖြစ်တဲ့ ရမည်းသင်းမြို့နယ် သိုက်မြှောင်ရွာကို သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သိုက်မြှောင်ရွာဟာ တစ်ချိန်က စာရေးသူ ရက်(၂၀)၀ိပဿနာတရားစခန်းကို နှစ်စဉ်ပြသခဲ့တဲ့ ရွာလေးပါ။ ရွာသူရွာသားများဟာ ရိုးသားပွင့်လင်းပြီး စိတ်ထားဖြူစင်သန့်ရှင်းကြပါတယ်။ တရားစခန်းပြီးလို့ ရွာမှ ပြန်မယ်ဆိုတော့လဲ ရွာသားအတော်များများဟာ လာရောက်ကန်တော့ကြပါတယ်။ သူတို့ဆရာနဲ့ ခွဲခွရမှာဖြစ်တဲ့အတွက်လဲ ၀မ်းနည်းကြပါတယ်။ ဒါကြောင့်လဲ ဆယ်နှစ်ကျော်ကာလ ရွာကို မသွားဖြစ်ခဲ့သော်လဲ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။ မနေ့တစ်နေ့ကလိုပါပဲ…… အဟောင်းတွေလဲ အသစ်အသစ် ပြန်ဖြစ်ခဲ့ရပြန်ပါတယ်။ (အညာဒေသဓါတ်ပုံများ ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်)
    ဒီလိုနဲ့ပဲ ရန်ကုန်မှ အညာဒေသသို့ မနက်ပိုင်းအမြန်ရထားနဲ့ စီးခဲ့ပါတယ်။ သက်တောင့်သက်သာရှိအောင် uper က စီးလာခဲ့ရပေမဲ့ နာမည်ကသာ uper ၊ ရိုးရိုးတန်းနဲ့ ဘာမှမခြားသလိုပါပဲ၊ အချိန်အားဖြင့်ဆယ်စုနှစ်ကျော်ခဲ့ပေမဲ့ ရထားတွဲများလဲ တဖြေးဖြေးဟောင်းနွမ်းတဲ့သဘောကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ သဘာဝတရားများကို မလွန်ဆံနိုင်တဲ့ အဖြစ်ကို တွေးရင်း "အညာဒေသသို့တစ်ခေါက် ပြန်ရောက်ရအုံးမှာပါလား" ဆိုတဲ့ အသိနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ စာရေးသူရဲ့ ရှေ့တူရှုမှာလည်း တစ်လောကလုံး သူတို့လောက်ပဲရှိတယ်လို့ ထင်သလားမသိ။ စုံတွဲ နှစ်တွဲ အဖြစ်သဲလိုက်လေခြင်း။ ရထားထဲ ရဟန်းသံဃာများအရှေ့မှာ သူတို့မို့လို့ပါပဲ၊ ယိုသူမရှက် ၊မြင်သူရှက်ဆိုတာလိုပါပဲ …ရှိစေတော့။
    ရထားလမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ တရိပ်ရိပ် ကျန်ရစ်ခဲ့တယ်။ဒီလိုနဲ့ပဲ ရထားကြီးဟာ တစ်ဘူတာဝင် တစ်ဘူတာထွက်နဲ့ ဘူတာပေါင်းများစွာကို ဖြတ်ကျော်လာခဲ့တယ်။ မကြာခင်မှ ဆင်းရမဲ့ဘူတာကို ဆိုက်ရောက်တော့မှာပါ။
    အတွေးတစ်ခု…..
    ရထားကြီးဟာ တစ်ဘူတာဝင် တစ်ဘူတာထွက် မနားမနေ ခုတ်မောင်းနေပါတယ်။ ဒီလိုပါပဲ…သူသူငါငါ ဘ၀ရထား ကြီးဟာလဲ မနေမနား ခုတ်မောင်းလျှက်ပါ။ ဇာတိဘူတာကနေထွက်လာလိုက်တာ ကြားဘူတာဖြစ်တဲ့ အအို(ဇရာ)ဘူတာ ၊ အနာ(ဗျာဓိ) ဘူတာတို့ကို ၀င်ခဲ့ရတယ်။ နောက်ဆုံးတော့ မရဏဘူတာကို မဖြစ်မနေ ဆိုက်ရောက်ရမှာဖြစ်တယ်။
    ရန်ကုန်-မန္တလေးအမြန်ရထားကြီးဟာ နေ့စဉ်နဲ့အမျှ အစုံအဆန် မရပ်မနား ခုတ်မောင်းနေကြတယ်၊ ဘယ်အချိန်မှ နားမလဲ၊ မတွေးရဲပါ။ ဘ၀ရထားကြီးဟာ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ အပါယ်ဘုံဖြစ်လိုက်နဲ့ သံသရာမှာ မရပ်မနား သွားနေကြတယ်။ ဘယ်တော့များမှ ဆုံးနိုင်မလဲ………..အော် မဆုံးနိုင်တဲ့အတွက်လဲ သံသရာလို့ ဆိုထားတာပဲလေ….ခံစားလိုက်ရတဲ့ အအေးဒါဏ်ကြောင့် အတွေးစတို့ ခဏတာပြတ်ခဲ့ရတယ်။ ဒီလိုနဲ့….
    ရထားကြီးဟာ အညာဒေသဘက်ကို တဖြေးဖြေးချင်းနင်းဝင်ရောက်လာတာနဲ့ ဆောင်းရာသီရဲ့ အအေးဒါဏ်ဟာလဲ သိသိသာသာကြီး ကဲလာတာကို ခံစားရပါတယ်။ ဒါဟာ စာရေးသူအတွက် အညာဒေသရဲ့ ကြိုဆိုတဲ့အနမ်းများလို့ တင်စားချင် ပါတော့တယ်။
    ရထားစီးလာစဉ် အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ယောက်နဲ့ စကားလက်ဆုံ ပြောဖြစ်ပါတယ်။ ယခုနေတာက မော်လမြိုင်မှာပါ၊ အညာဒေသကိစ္စတစ်ခုဖြင့် အသက်(၃၀)ကျော်အရွယ်မြေးမလေးနဲ့အတူ ခရီးထွက်လာတာပါ။ တစ်ချိန်တုန်း က အဖိုးအိုဟာ ဒီရထားလမ်းမှာ အလုပ်လုပ်ခဲ့တယ်။ ဘယ်နေရာဘာရှိ အကုန်သိတယ်၊ မမျှော်လင့်တဲ့စကားတစ်ခွန်း...
    "အရှင်ဘုရား....တပည့်တော် ယနေ့ခေတ်ပြောင်းလဲနေတဲ့ အနေအထားကို မြင်ချင်ပါသေးတယ်။ ဖြစ်နိုင်ရင် အရှေ့ကို အသက်နှစ်နှစ်လောက်တော့ အသက်ရှင်ချင်ပါသေးတယ်" ဆိုပြီးပြောလာပါတယ်။ လူများဟာ မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြတယ်ဆိုတာ မှန်လိုက်တာ။ ဒီလိုပါပဲ သားသမီးမျှော်လင့်ချက်၊ ပစ္စည်းဥစ္စာမျှော်လင့်ချက်၊ အချစ်အတွက်မျှော်လင့်ချက်၊ ဘ၀အာမခံချက်အတွက် မျှော်လင့်ချက်၊ ကျန်းမာရေးအတွက် မျှော်လင့်ချက်၊ ခရီးအတွက်မျှော်လင့်ချက် စတဲ့ မျှော်လင့်ချက် ပေါင်းမြောက်များစွာနဲ့ အသက်ရှင်နေကြတာပဲလေ…….
    ဒါပေမဲ့ လောကကြီးက လူသားများကို မျက်နှာသာမပေး မျှော်လင့်တဲ့အတိုင်း အသက်ရှင်ချင်ပေမဲ့ ရထားကြီးဟာ အဆုံးဘူတာကို ဆိုက်ရောက်သလို ဘ၀ရထားကြီးဟာ တစ်နေ့နေ့မှာ မရဏဘူတာကို မုချဆိုက်ရောက်ရတော့မှာပါ။
    ရမည်းသင်းမှာ တစ်ညတာ
    ပတ်ဝန်းကျင်ရဲ့ အဖြစ်အပျက်လေးတွေကို ဓမ္မနဲ့ထင်ဟပ်ပြီး သဘာဝအမှန်များကိုတွေးရင်း…. စာရေးသူတို့ ဆင်းရမဲ့ ရမည်းသင်းဘူတာကို ည(၇)နာရီအချိန်မှာ ဆိုက်ရောက်ခဲ့ရပါတယ်။ စာရေးသူတို့ သွားရမဲ့နေရာက ရမည်းသင်းမြို့တင်မဟုတ် ရွာတန်းရွာ- သိုက်မြှောင်ရွာကျအောင် ခရီးဆက်ရဦးမှာပါ။ ခရီးကဝေးသေးတဲ့အတွက် ဒီတစ်ည ရမည်းသင်းမှာပဲ အိပ်မယ် လို့ ဆုံးဖြတ်ချက်ချပြီး၊ သန့်ရှင်း တဲ့ တည်းခိုခန်းတစ်ခုကို သွားရောက်တည်းခိုဖို့အတွက် အတူပါလာတဲ့ တူတော်မောင်အား ခိုင်းလိုက်ပါတယ်။ တူတော်မောင်ပြန်လာပါပြီ .....
    “ဘယ်လိုလဲ အဆင်ပြေခဲ့လား”။
    "တည်းခိုခန်းမှာ ဘုန်းကြီးများကို တည်းခိုခွင့် မပြုဘူးတဲ့ဘုရား" မမျှော်လင့်တဲ့စကားတစ်ခွန်းကြားလိုက်ရပါတယ်။
    အော်ဘုန်းကြီးများ တည်းခိုးခန်းတည်းခွင့်မပြုရအောင် ဒီတည်းခိုခန်းက ဘုန်းကြီးရဟန်းများနဲ့မဆိုင်တဲ့ ဒုစရိုက်တွေလုပ်နေ လို့များလား။ စုံစမ်းကြည့်တော့ တည်းခိုခန်းမှာ ဘုန်းကြီးဆိုရင် တည်းခိုခွင့် လုံ့ဝမရပါဘူးတဲ့။ (ဆက်ရန်)
    Read more...
    ကိုးန၀င်းမှ ဆွာဆတိကသို့
    ဓမ္မဂင်္ဂါရေကြောင်းအသစ်
    (၁)
    (၈-၁-၂၀၁၀) သောကြာနေ့ညနေခင်းဟာလည်း ဦးတည်လက်စသင်တန်းချိန်တွေမပျက် မှန်မှန်ခုတ်မောင်းထွက်နိုင်ခဲ့ပါတယ်။ ဗာရာဏသီမျက်လုံးများဆက်ဖွင့်ကြတာပါ။ တော်ရုံတန်ရုံပညာရေးဆာလောင်မှုနဲ့တော့ သင်တန်းဆီရောက်လာဖို့ မလွယ်ပေဘူး။ သင်တန်းတက်ကြသူတွေကိုယ်တိုင်က ဓမ္မာစရိယ၊ မဟာဝိဇ္ဇာနဲ့ ပါရဂူကျမ်းပြုရဟန်းတော်တွေလေ။အများစုက ဆရာပါးဝပြီးသားရဟန်တော်တွေပဲ။
    ပညာရေးပြည့်ဝပြီးတဲ့ ပရိယတ်၊ပဋိပတ်လုပ်ငန်းခွင်ထဲက ရဟန်းတော်တွေကို သာသနာရေးနွှေးတဲ့အနေနဲ့ မွမ်းမံသဘောမျိုး သင်တန်းလေးတွေ စီစဉ်ပေးနိုင်ကြရင် သိပ်ကောင်းမှာပဲလို့ အိပ်မက်မက်ခဲ့ဖူးပါရဲ့ ။ သူကိုယ်တိုင်လည်း ခဏ ခဏယိုင်တတ်လွန်းလို့လေ။ စာပေပို့ချလက်ဆင့်ကမ်းနိုင်တဲ့အချိန်အရွယ်မှာ ပညာရေးလောကထဲမှာပဲ သာသနာထိန်းပရိယတ်ရဟန်းတော်တစ်ပါးအဖြစ် မွေ့လျော်ရမယ်ဆိုတဲ့ အသိစိတ်တွေ တည့်တည့်မတ်မတ် မွေးထားတဲ့ကြားထဲက ငယ်ငယ်ရွယ်ရွယ်နဲ့ ဓမ္မကထိကလုပ်ချင်၊ ကိုယ်တိုင်လည်း အ၀ါးဝစွာ အားမထုတ်ရသေးပေမယ့် ရိပ်သာဖွင့်ပြီး တရားပြချင်တဲ့စိတ်တွေ ပေါက်ပေါက်လာတတ်သေးတာကိုး။
    ကျော်ကြားမှု၊မာစီးဒီးနဲ့ ကျောင်းကြီးဝိဟာတွေက စာသင်ခန်းထဲက စာချဆရာတော်လေးတွေကို တစ်နေ့တစ်ခြားဆွဲဆွဲထုတ်သွားတတ်ပေရဲ့။ စာသင်တိုက်လေးတွေ ဆိုင်းဘုတ်ပျောက်ပြီး စာသင်တိုက်ကြီးတွေ ဆိုင်းဘုတ်ပြောင်းသွားတဲ့နေ့ဟာ မြန်မာနဲ့ သာသနာလွဲဖို့လက်တစ်ကမ်းပဲ ဖြစ်လိမ့်မယ်။
    လယ်တီဆရာတော်ကြီး စာချခဲ့တယ်။ မဟာစည်ဆရာတော် စာချခဲ့တယ်။ မိုးကုတ်ဆရာတော် စာချခဲ့တယ်။
    ပရိယတ်ကို ရေလောင်းခဲ့ပြီးကာမှ ပဋိပတ်သစ်ပင်စိုက်ခဲ့ကြတာကလား။ပဋိဝေဓအသီးတွေ စားသုံးကြ ဝေငှခဲ့ကြတာပါကလား။
    (၂)
    သင်တန်းတည်နေရာက ဗာရာဏသီဗဟိုချက်ဖြစ်တဲ့ မီးရထားဘူတာရုံကြီးနားက ဆေးဝင်္ကဘာမြန်မာကျောင်းပါ။
    ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းဆရာနဲ့ သင်တန်းသားအချို့က ဗာရာဏသီတောင်ဘက်ဖျား ၇ ကီလိုမီတာဝေးတဲ့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကလာရသလို ဆန်ဆခရစ်တက္ကသိုလ်က သင်တန်းသားအများစုကလည်း ၇ ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ ဗာရာဏသီမြောက်ဖျားက လာကြရပါတယ်။
    (ဆန်ဆခရစ်တက္ကသိုလ်က သင်တန်းဖွင့်လှစ်ရာ နဲ့ နီးပေမယ့် အဆောင်ရတဲ့ရဟန်းတော်အချို့က လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်သူမြတ်လေးတွေက ဈေးနှုံးမချိုသာလှပေမယ့် နားအေးပါးအေးရှိလှတဲ့ မိဂဒါဝုန်မှာ ဟိုတစ်စု ဒီတစ်စုအိမ်လေးတွေ အခန်းလေးတွေ ငှါးရမ်းနေထိုင်ကြပါတယ်။ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီးမှာ တက်နေတဲ့ ရဟန်းတော်တွေလည်း အဆောင်မရသေးသမျှ တက္ကသိုလ်နဲ့နီးစပ်ရာအိမ်လေးတွေမှာ ငှါးနေကြရတာပါပဲ)
    ၇ကီလိုမီတာကိုယ်စီအဝေးရှိတဲ့ ဗာရာဏသီမြောက်ဖျားနဲ့ တောင်ဖျားက ရဟန်းတော်တွေ ဗာရာဏသီဗဟိုချက်မှာ ပညာရေးပေါင်းကူးရေးအစီအစဉ်နဲ့ ဆုံစည်းကြရတာပါ။
    ဘာပဲဖြစ်ဖြစ် တက်ရကျိုးနပ်အောင် ပိဋကတ်ဆရာနဲ့ ကွန်ပြူတာဆရာတို့ရဲ့ အားထုတ်မှုက ပြိုးပြိုးပြက်ပြက်ပါ။
    ရဟန်းတစ်ပါးရဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးများ။ ကွန်ပြူတာအမာထည်တွေ အစိတ်စိတ်အမွှာမွှာ။
    ပညာရေးအတွက် အချင်းချင်းကုသိုလ်ယူကြတဲ့ အစဉ်အလာကောင်းလေးတွေလည်း စိုက်ပျိုးကြတာ ကြည်နူးစရာပါ။ ပညာရေးကော်မတီဖွဲ့စည်းခွင့်ရတာကိုက စေတနာထက်သန်တဲ့အဖွဲ့ဝင် ရဟန်းတော်ရှင်သီဝလိလေးများကြောင့်ပဲဖြစ်ပါတယ်။ ရွှေပြည်ကြီးမှာဆိုရင်တော့ ဒီလို သာသနာ့ခေါင်းဆောင်လောင်းတွေရဲ့ ပညာရေးမြှင့်တင်မှုအစီအစဉ်တွေဟာ စပွန်ဆာတွေနဲ့ ဝေေ၀ဆာဆာဖြစ်နေမှာ သေချာလှပါတယ်။
    ဒီမှာလည်း သင်တန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများအတွက် ကုန်ကျသမျှ လှူမယ့်ရဟန်းတော်တွေနဲ့သင်တန်းနားချိန်မှာ သင်တန်းသားရဟန်းတော်တွေအတွက် အဖျော်အဟာရအလှူရှင်ရဟန်းတော်တွေကလည်း အမည်စာရင်းပေးကြသေးရဲ့
    (၃)
    သင်တန်းပြီးချိန် ၅း၀၀ နာရီမှာတော့ သူနေထိုင်ရာ မိဂဒါဝုန်က ကိုးန၀င်းဆောင်ကို အော်တိုကားလေးတစ်စီးငှါးပြီး ပြန်ခဲ့ပါတော့တယ်။အော်တိုသုံးဘီးကားလေးတစ်စီးဟာ ခရီးသည်ငါးယောက်စီးလို့ရပါတယ်။ သူနဲ့အတူ အခြားသီတင်းသုံဖော်သုံးပါးလည်း လိုက်ပါလာတယ်။ ဗာရာဏသီရဲ့ ကြပ်သိပ်နေတဲ့ညနေခင်းလမ်းမတွေထဲ တိုးတိုးဝှေ့ဝှေ့ပါပဲ။
    ကိုးန၀င်းဆောင်မှာ သူခိုနေတာ တစ်လပြည့်တော့မှာပါ။ ကိုးန၀င်းဆောင်ဆိုတာက လွန်ခဲ့တဲ့ နှစ်က ရွှေပြည်ကြီးက မဟာဝိဇ္ဇာတန်းတက်ဖို့ရောက်လာတဲ့ ရဟန်းတော်ကိုးပါးစုပေါင်းငှါးနေတဲ့ အဆောင်ကို ကိုးန၀င်းလို့အမည်သညာပေးထားကြတာပါ။ ဒီနေ့ညနေတော့ သူ့အတွက် မိတ်ဆွေရဟန်းတော် အရှင်ကောဝိဒ(ရှမ်းလေး) ငှါးပေးထားတဲ့ ဆွာဆတိကအဆောင်ကို ပြောင်းဖို့ အားထုတ်ဖြစ်ပါတယ်။
    ခိုမိတဲ့နေရာလေးမှာ ကျောက်ချတတ်တဲ့ သူ့အတွက်တော့ ဥပါဒါန်အင်နားရှားမဖြစ်ပေမယ့် ပြောလက်စစကားတွေ မကုန်တတ်တဲ့အကျင့်က နေရာတစ်ခုက အခြားနေရာတစ်ခုကို ပြောင်းဖို့ လေးဖင့်နေတတ်ပါတယ်။
ှဆွာဆတိက(Swastika)ဆိုတာက အိန္ဒိယအရင်းအမြစ် ဘာသာတရားမှန်သမျှက ဓမ္မနဲ့နွှယ်ပြီး ပုံဖော်လေ့ရှိတဲ့ သင်္ကေတပါ။ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတရားတို့ဟာ ဒီသင်္ကေတကို အမြတ်တနိုး အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဂျိန်းဘာသာရဲ့သင်္ကေတအဖြစ်ပိုထင်ရှားပါတယ်။
    ဆွာဆတိက(swastika)ဆိုတာ သက္ကတဘာသာစကား (svas'tika)ကို အလွယ်ရေးထားတာပါ။ အဲဒီသက္ကတစကားလုံးကို su+asti-ka=svas'tika လို့ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
    su=ကောင်းသော asti= ရှိမှု၊ ဖြစ်မှု ka = အရာ။ ပေါင်းလိုက်ရင်တော့ ကောင်းမြတ်ခြင်းရှိသော၊ဖြစ်သောအရာ(that which is associated with well-being," corresponding to "lucky charm" or "thing that is auspicious'') လို့ဘာသာပြန်ရမှာပါပဲ။ အဓိပ္ပါယ်လေးက လှပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကာလမှာတော့ မစ္စတာဟစ်တလာကြီးရဲ့ ကြောက်မက်ဖွယ်ရာနာဇီအလံတော်ဖြစ်ခဲ့ပါလေရဲ့။
    ဆွာဆတိကအဆောင်ပိုင်ရှင်က ဂျိန်းဘာသာဝင်ဖြစ်ဟန်တူပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဂလိုဘယ်လ်ခေတ်ကြီးထဲက ရဟန်းတော်တွေအတွက် ကိုယ်ပိုင်မူလအရင်းအမြစ်မပျောက်အောင် ထိန်းပြီး အဆင်ပြေရာ ဟိန္ဒူအိမ်၊ဂျိန်းအိမ်မခွဲခြားဘဲ ပညာရေးအ၀န်းအ၀ိုင်းနဲ့ နီးစပ်ရာအဆောင်အခန်းတွေကို ငှါးပြီးနေကြရတာပါပဲ။
    သူလည်း ဒီနေ့ည အိပ်ရာဝင်အမီ ကိုးန၀င်းကနေ ဆွာဆတိကကို ကူးပြောင်းဖြစ်ခဲ့ပါတော့တယ်။
    ရဟန်းတစ်ပါးဟာ ငှက်တစ်ကောင်လို အတောင်ပံသာဝန်ရှိသကဲ့သို့ ပေါ့ပါးရမယ်ဆိုတော့ ပိုင်ဆိုင်မှုနည်းလှတဲ့ သူ့အတွက် တစ်နေရာက တစ်နေရာပြောင်းမယ်ဆိုတော့ သယ်စရာအထုပ်အပိုးများများစားစားမရှိချေဘူး။
    ဒါပေမယ့် မိတ်ရင်းဆွေရင်းတွေတော့ နည်းနည်းထိတာပေါ့လေ။ ခေါင်းအုံးတွေ စောင်တွေ အခင်းတွေ နီးစပ်ရာကဆွဲယူလိုက်ရတာကိုး။
    ပြီးတော့ သူ့ရဲ့အခန်းလေးက သင်တန်းခန်းမအဖြစ်လည်း အသုံးပြုနေတာမို့ ကိုးန၀င်းဆောင်က ဘုန်းကြီးသုန်(အရှင်သုန္ဒရ)က သင်တန်းတက်တဲ့ရဟန်းတော်တွေ ဗာရာဏသီအအေးဒဏ်ခံနိုင်ဖို့အတွက် ကော်ဇောတစ်ချပ်လည်း ခင်းလှူထားပါသေးတယ်။
    ဟိုတုန်းကတော့ စာအုပ်စာပေတွေ တယုတယသိမ်းပြီး စာအုပ်ပုံနားမှာ စာထိုင်ဖတ်ရတဲ့ရသကို နှစ်ခြိုက်မိပေမယ့် ခုနောက်ပိုင်းမှာတော့ စာအုပ်ဝယ်ဖတ်ပြီးရင် လက်ဆင့်ကမ်းဖြစ်တာပဲများပါတော့တယ်။
    သြော် ပညာရေးနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ဆရာအဆူဆူဆီချဉ်းကပ်ခဲ့ရတဲ့ ရဟန်းတော်တစ်ပါးအတွက် ဒါဟာတစ်ရာ့တစ်ကြိမ်မြောက်ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ပေရဲ့။
    ကိုးန၀င်းအိမ်
    ကိုးန၀င်းမှာ နားခိုရာ
    ဆွာဆတိကအိမ်
    ဆွာဆတိကအမှတ်အသား
    အိမ်အ၀င်
    Read more...
    *သက္ကာယဒိဋ္ဌိ- မြစိမ်းတောင် ဆရာတော်*
    အပိုင်း (၁)
    video
    အပိုင်း (၂)
    video
    လေးစားရိုသေစွာဖြင့်
    ဖိုးသား
    09.01.2010, SAT:, 10.44.16 PM
    Read more...
    လှသော ဘလော့ဂ်
    မိတ်ဆွေ သင် စိတ်ကူးယဉ်ဖူးပါသလား
    ယဉ်ဖူးပါတယ်ဆိုရင် ထပ်မေးပါရစေဦး
    သင့်စိတ်ကူးတွေကို သင့်အိပ်မက်ထဲမှာ မြင်ဖူးပါသလား
    သင့်ကို သင့်ကိုယ်သင်ထက် သိနေတဲ့သူ တယောက်ယောက်
    သင့်အနားမှာရှိနေမယ်ဆိုရင် သင်ကျေနပ်နိုင်ပါ့မလား
    သင့်ရင်ထဲကအကြောင်းတွေ၊ သင့်စိတ်ကူးတွေ၊ သင့်ဆန္ဒတွေ
    တစုံတယောက်ကို တိုင်တည်ခွင့်ရနေတယ် မဟုတ်လား
    သင်ဟာ ကံထူးသူပါ မိတ်ဆွေ
    သင်ဟာ ကာလသုံးပါးမှ ကင်းလွတ်ခွင့်ရသူ ဖြစ်သလို
    ချစ်ခြင်း မုန်းခြင်းမှလည်း အနားရပေတယ်
    အလှတရားတွေက လေပြေညှင်းလို သင့်ရင်ထဲ တိုးဝှေ့ဝင်လာတတ်ကြသလို
    အသိတရားတွေကတော့ သင့်နှလုံးသားကို ခြေကုပ်ယူလို့ ဖူးပွင့်ကြတယ်
    သင့်ကို အဆီးအတား အပိတ်အပင် လုပ်တတ်တဲ့ ဘောင်ကို
    သတိတရားဆိုတဲ့ သော့နဲ့ ကြိမ်ဖန်များစွာ သင်ကျော်ဖြတ်နေတာကိုတော့
    ဒါပေမဲ့လေ
    တနေ့နေ့ တချိန်ချိန်မှာများ
    သင်ဟာ နယ်နိမိတ်တို့နဲ့ သက်ဆိုင်မှုမရှိတော့တဲ့ အခြေကို ရောက်ခဲ့ရင်
    သင် ဘယ်အရာကိုများ ဦးခိုက်လေမလဲ ဆိုတာသာ
    သိချင်စမ်းပါရဲ့
    မသီတာ စာ တိုစိစိ လေးတွေ ဘလော့ဂ်မှာရေးတယ်။ ဆိုလိုချင်တာကို မပေါ်လွင်တာတွေရှိတယ်။ စိတ်ထဲ ပေါ်လာတာတွေ ရေးချတာ အမှန်ပေမဲ့ ပျင်းတာရော ဖျင်းတာရောကြောင့် တခါတခါ မြှုပ်ကွက်တွေ များနေသလိုလို၊ စေတနာ ရာနှုံးပြည့်မပါသွားသလို ခံစားရတယ်။ အခုလည်း ရေးချလိုက်ပြန်တယ်။ မပြည့်စုံတဲ့ ကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားရင်းက ထွက်ပေါ်လာတဲ့ ကွက်လပ်တခု လို့ ၀န်ခံရင်း ဆက်လက် ဘလော့ဂင်း ပါဦးမယ်။
    Read more...
    တွေးမိနေတဲ့အတွေးများ(၂ )
    ကျနော်တွေးမိနေတာကစားတ။ဲ့အကြောင်းအစားသောက်အကြောင်းပါ။မစားသင့်စားသင့်တဲ့အစားစာတွေအ ကြောင်းပေါ့၊ တချို့ကအစာကိုအဟာရအဖြစ်စားတယ်၊ တချို့ကမျက်ရည်ကိုအစာအဖြင့်စားတယ်၊တချို့က အသွေးအသားကိုစားတယ်၊ ရာဇင်ဝင်တွေပုံပြင်တွေထဲမှာ၊ ဘီလူးဆိုတဲ့ သတ္တ၀ါက အသွေးသားကိုစားပြီးနေထိုင် ရှင်သန်နေကြကြောင်းကိုဖတ်ဖူးတယ်၊ဒီတော့လူတိုင်းဘီလူးကိုကြောက်တယ်၊မမြင်ဖူးပဲနဲ့ကိုကြောက်တာလေ၊အ သွေးအသားစားခံရမှစိုးလို့လေ။
    “ဒုန်း”
    ကနဲ့အသံကြားတာကြောင့်၊ကျနော်အသံကြားရာဘက်ကို၊ခပ်သုတ်သုတ်သွားလိုက်မိတယ်၊ပစ္စည်းတွေသယ်ရတဲ့အလုပ်သမားအုပ်စုဘက်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတော့၊ ဘာဖြစ်လဲလှမ်းမေးတော့…။
    ‘ ဒီမှာ ပေတိုးနယ်..ခြေဖမိုးပေါ် ဆီပေပါဖိလို့ပါအစ်ကို” ဆိုတဲ့စကားကြောင့်၊ ကျနော့်ရင်ထိတ်ကနဲဖြစ်သွားပြီး လူ အုပ်ထဲကပျာကယာလှမ်းကြည့်လို့်တော့၊ ပေတိုးခြေဖမိုးက ကားအကျိတ်ခံရတဲ့ဖားတစ်ကောင်လို ပြားချပ်နေပြီ၊ အရိုးတွေကျေသွားမှန်းကျနော်သိလိုက်တော့၊ဆေးရုံပိုဖို့ပြင်ရသည်၊နောက်နှေးနေလို့မရသည်၊ကျနော်တို့ဆီဆေးရုံမှာရှိတဲ့၊အရေးပေါ်လူနာတင်ကားက၊ဆရာဝန်ကြီးတွေအရေးပေါ်အမြဲလိုလိုအရေးပေါ်၊သွားနေကြတာမို့ဖုန်းဆက်လည်း၊မထူးမှန်းသိနေသည်၊တစ်ခါတစ်လေအရေးကြီးသောသူများရဲ့လူနာတွေတင်ရတယ်လေ၊ဒီတော့နီးရာနီးရာတိုင်က်စီတစ်စင်း၊ကိုခေါ်ပြီး၊ဆေးရုံသွာကြရတယ်ဗျ၊
    အဲလိုသွားဖို့လုပ်နေတုံးမှာပဲ၊ ပါဆယ်ထုတ်တဲ့ဋ္ဌါနမှာအလုပ်လုပ်နေတဲ့ ပေးတိုးအစ်မ မ၀င်းရောက်လာတော့ သူပါ လိုက်မယ်ဆိုပြီးကားပေါ်တက်ရတယ်၊ သူမောင်လေးကိုကြည့်ပြီး ခမျာငိုနေတာကိုကျနော်မကြည့်ရက်သော်လည်း မျက်လုံးကန်းသူမဟုတ်တော့မြင်နေရတယ်၊ဒဏ်ရာကြောင့်၊အမလေးတနေတဲ့ပေတိုးရဲ့အသံတွေကိုလဲကြားနေရတယ်၊သက်ပြင်းခိုးကိုချရင်း ၊ကျနော်နဲ့ အတူ ပေးတိုးတို့အုပ်စုထဲက ခလေးသုံးယောက်နဲ့ ကျနော်ပါ ဆေးရုံလိုက်ကြတယ်။
    ဆေးရုံရောက်တော့သက်ဆိုင်ရာတာဝန်ကျတွေက၊ိုအကျိုးကြောင်းပြောနေရတာက၊မိနှစ်နှစ်ဆယ်လောက်ကြာတယ်၊အရေးပေါ်အခန်မှာရှိတဲ့လူနာကုတင်ပေါ်ကပေတိုးခြေထောက်ကသွေးမတတိတ်နိုင်သေး၊ဒါကထုံစံလိုဖြစ်နေ ပြီလေ၊၊ခဏကြာတော့ ကျနော်အလိုက်တသိခိုင်းလိုက်တဲ့ မောင်လွင်ပြန်ရောက်လာတယ် သူ့လက်ထဲမှာတော့ ကျနော်ဝယ်ခိုင်းလိုက်တဲ့ ငမန်းဘူးအချိုရည်တစ်ဒါဇင်၊
    “ကဲညီရေဆရာမတွေအခန်းထဲပို့လိုက်နော်”ကြားအောင်တမင်ပြောရသေးတယ်၊တာဝန်ကျတွေကပင်ပန်းနေမှာစိုးလို့ပါ၊ မေးလက်စရပ်သွားတော့ပေတိုးကိုအာရုံပိုစိုက်လာကြတယ်၊ မ၀င်းက ငိုနေတာကလွဲပြီးဘာမှမပြောတတ်၊ မပြောတတ်တာလား၊ မပြောချင်တာလားဆိုတာကိုတော့၊ ကျနော်သေချာမသိ၊ အဲလိုတွေးနေမိတုံးမှာပဲ၊ ခါးကြားချိတ်ထားတဲ့၊ခိုင်းဖုန်းကမည်လာပြန်တော့၊ဘာများခိုင်းမလဲဆိုတဲ့အသံကိုနားထောင်ဖို့၊ဖုန်းကိုကိုင်ရပြန်တယ်၊ဆက်လာသူကသူဋ္ဌေးတော့မဟုတ်၊မန်နေဂျာဆက်ရတဲ့အကြောင်းကကိစ္စပြီးရင်အမြန်ပြန်လာဖို့၊ဒီမှာလုပ်လက်စတွေပြီးအောင်လုပ်ဖို့၊ကျနော်မပြန်နိုင်သေး၊ခြေထောက်အခြေနေမေးရဦးမယ်၊ကျန်တဲ့သူတွေကိုပြန်လွတ်တော့၊မ၀င်းက၊ကျန်ရစ်နေမယ်လို့ပြောပြီးသူ့မောင်လေးအနားမှာပြုစုဖို့စောင့်နေတယ်၊၊အဲလိုနဲ့တော်တော်ကြာ တော၊ဆရာဝန်ဆီက အဖြေရတယ်၊အရိုးကြေသွားတယ်ဗျ..အဲဒါစတီးရိုးတွေအစားသွင်းရမယ်တဲ့၊ သေဟဲ့နန္ဒိယ လို့ မပြောချင်ပါ၊သေဟဲ့ပေတိုးလို့သာပြောလိုက်ချင်တယ်လေ၊ မ၀င်းဆီက အသံထွက်ငိုလာမှန်းကျနော်သိပေမဲ့ ကျနော်နားမချတော့ပါ၊..ဒီလိုနဲ့….။
    ညနေဘက်တွေ လုပ်အားခရှင်းတော့၊ လုပ်အားခရှင်းပေးရတဲ့၊ ငွေကိုင်မမထွက်လာပြီး
    ပေတိုး
    ကြည်အောင်၊
    မောင်လွင်
    စံငွေ
    မ၀င်း
    တို့ကို လုပ်အားခ ( ) နာရီစာဖြတ်တယ်၊တဲ့လေ။
    ကျနော့်နာမယ်မပါ၊ ကျနော်ခေါ်လိုက်တယ် ဒီငွေကိုင်မမ ကို၊ ဒီလူတွေက ငါနဲ့ဆးရုံသွားတဲ့လူတွေဟ ဘာလို့အဲလိုလုပ်ရတာလဲလို့မေတော့၊ ကျမမသိဘူးအစ်ကို မန်နေဂျာပြောတဲ့အတိုင်းပဲအစ်ကိုရေ…၊ဆိုတော့ ကျနော် မန်နေဂျာကိုသွားတွေးပြီးပြောရတယ်၊ သူ့အခန်းထဲရောက်တော့၊ ဖုန်းတွေနဲ့အလုပ်ရှုပ်နေတာတွေ့တယ် ကျနော့်ကိုမြင်တော့မေးဆတ်ပြပြီးထိုင်ဖိျု့ပြတော့၊သူ့ရှေ့ထိုင်လိုက်တယ်၊ခဏကြာတော့၊ကျနော်ကငွေဖြတ်တဲ့ကိစ္စ ပြောတော့၊ ဒါကစည်းကမ်းအရပါဗျာ၊ညီလေးလည်းသိပါတယ်၊ဒီလိုမှမလုပ်ရင် ဒီလောက်များတဲ့လူတွေကိုရေ ရှည်မှာထိန်းချုပ်ရခက်မှာပါ၊ညီလေးကိုမဖြတ်ဘူးလေ၊ညီလေးကသူဋ္ဌေးကိုယ်တိုင်ကခန့်ထားတော့ကျနော်မဖြတ်ဘူးလေ၊နော်၊လာဗျာသောက်ကြရအောင်ဆိုပြီး၊စာရေးမတစ်ယောက်ယူလာပေးတဲ့အအေးဗူတွေကိုလှမ်းပေးတော့၊ကျနော်မသောက်ဖြင့်တော့ပါ၊မချိုပဲငံနေတဲ့၊မူလအရောင်ပျောက်ပြီးနီနေတဲ့အရာများလို့မြင်နေတယ်၊
    မန်နေဂျာဆီကလှမ်းထွက်တော့ အနီးနားမှာရေးထားတဲ့၊ အလုပ်သမားစည်းကမ်းချက်များကိုဖတ်နေမိတယ်ဗျ၊
    အလုပ်တစ်ရက်ပျက်လျှင်..လခထဲမှ ကျပ်တစ်သောင်းနတ်မည်။
    တစနာရီပျက်လျှင် ကျပ်( ) ဘယ်လောက်နိုတ်မည်
    အစချီတဲ့ စည်းကမ်းချက်ထဲမှာ အလုပ်ခွင်ထိခိုက်ဒဏ်ရရလျှင်၊ ဘယ်လိုထောင်ပံ့မည်မပါ၊
    ဒီစည်းကမ်းတွေကိုကြိုက်ရင်လုပ်မလုပ်ရင်နေတဲ့ဗျာ၊ အဲလိုငေးနေမိတုံးမှာပဲ၊ လင့်ခရိုဇာအနက်ရောင်တစ်စီး အလုပ်ဝင်းထဲမောင်းဝင်လာပြီးကျနော်ရပ်နေတဲ့နားရပ်သွားတယ်၊ပြီးတော့တံခါးဖွင်းပြီးကျနော့်ကိုလှမ်းပြောတာက
    ဟေ့ကောင်ကြီး..ငါနဲ့တူညစာ..စားပြီးမှပြန်၊ဒီနေ့ငါတို့…….ဟိုတယ်မှာဒင်နာရှိတယ်၊မင်းလိုက်ခဲ့တဲ့လေ၊
    ကျနော်မျက်လုံးထဲမှာ..ပေတိုးကိုမြင်တယ်၊ မ၀င်းကိုမြင်တယ်၊ပြီးတော့ တဲသာသာအိမ်ထဲက မိသားစုတွေမြင်တယ်၊ညစာစားမှ ဒီအကြောင်းပြောရမှာလေ၊မဟုတ်ရင်တော့၊ ကျနော်စားတဲ့အစာဟာ…။
    ဪ..သူဋ္ဌေးက၊ ကျနော့်နဲ့ ငယ်သူငယ်ချင်းပါလေ၊
    ငြိမ်းချမ်းကြပါစေ
    Read more...
    မေတ္တာသည်သာ
    ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော မေတ္တာသည်သာ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ မေတ္တာတရားများ တိုးပွားပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။
    video
    Read more...
    နှစ်ထပ်ယောဂီ အဆောင် စတင်ပါပြီ
    နှစ်ထပ်ယောဂီအဆောင်ဆောက်လုပ်ဖို့အတွက်မြေကျင်းတူးပီးစီးပါပြီတစ်ပတ်အတွင်းအုတ်မြစ်ချဖြစ်မှာပါ။
    Read more...
    Q.ဘုန်းဘုန်းဘုရား…
    သိလိုတာလေးတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဘုရား။ နောက်ထပ် တပည့်တော် သိချင်တာက မြတ်စွာဘုရားရဲ့ တတိယမြောက်ဂုဏ်တော်ဖြစ်တဲ့ ၀ိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းပါ ဘုရား။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အကြောင်း ပြည့်ပြည့်စုံစုံသိချင်ပါတယ်။ ဖြေကြားပေးတော်မူပါဘုရား။ မအားတဲ့ကြားက အခုလိုအချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား…
    (မယုယုထွန်း)
    A. ၀ိဇ္ဇာစရဏသမ္ပန္နကို ပုဒ်ခွဲလိုက်ရင် ၀ိဇ္ဇာတစ်ပုဒ်၊ စရဏတစ်ပုဒ်၊ သမ္ပန္နတစ်ပုဒ်အားဖြင့် သုံးမျိုးရှိပြီး ၀ိဇ္ဇာက အသိဉာဏ်ပညာလို့ အဓိပ္ပါယ်ရပြီး၊ စရဏကတော့ အကျင့်တရားလို့ အဓိပ္ပါယ်ရပါတယ်။ သမ္ပန္နက ပြည့်စုံခြင်းပါ။ ဒါကြောင့် ၀ိဇ္ဇာစရဏသမ္ပန္နဆိုတာ အသိဉာဏ်ပညာ၊ အကျင့်တရားများနှင့် ပြည့်စုံတော်မူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရားရှင်သည် ”အသိဉာဏ်ပညာ အကျင့်တရားများနှင့် ပြည့်စုံခြင်း”ဟူသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်နှင့် ပြည့်စုံတော်မူတယ်လို့ ဆိုလိုပါတယ်။
    ဒီနေရာမှာ အသိဉာဏ်ပညာဆိုတာ ဘယ်လိုဉာဏ်ပညာမျိုး၊ စရဏဆိုတာ ဘယ်လိုအကျင့်မျိုးကိုလည်း သိထားရန်လိုအပ်ပါတယ်။ သုတ္တန်ဒေသနာတော် အချို့မှာ ၀ိဇ္ဇာသုံးပါး၊ အချို့မှာတော့ ၀ိဇ္ဇာရှစ်ပါးလို့ ပြထားပေမယ့် ၀ိဇ္ဇာရှစ်ပါးလို့ ဆိုလိုက်ပါက သုံးပါလို့ဆိုတဲ့ သုတ္တန်အဖွင့်လည်း အကျုံးဝင်သွားပြီးဖြစ်ပါတယ်။ ဒါကြောင့် ၀ိဇ္ဇာဆိုတဲ့ အသိဉာဏ်ပညာအရ ၀ိဇ္ဇာရှစ်ပါးရှိကြောင်း နားလည်နိုင်ပါတယ်။ အဲဒီဉာဏ်ရှစ်ပါးက
    ၁။ ပုဗ္ဗေနိဝါသနုဿတိဉာဏ် = ရှေးရှေးဘ၀ကြုံတွေ့ခဲရသည်များကို ပြန်လည်အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်
    ၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးမှ သေးငယ်သော အဆင်းကိုပင် မြင်နိုင်သည့် ဉာဏ်
    ၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်
    ၄။ ၀ိပဿနာဉာဏ် = ရုပ်နာမ်တရားအားလုံးကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးသုံးပါးနှင့် ပိုင်ခြား သိမြင်နိုင်သောဉာဏ်
    ၅။ စေတောပရိယဉာဏ် = သူတစ်ပါး၏ စိတ်ကိုသိနိုင်သော ဉာဏ်
    ၆။ မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ ပုံစံတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိုင်သော ဉာဏ်
    ၇။ ဒိဗ္ဗသောတဉာဏ် = နတ်တို့၏နားကဲ့သို့ အဝေးမှ သေးငယ်သော အသံကိုပင် ကြားနိုင်သောဉာဏ်
    ၈။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ် တို့ပဲဖြစ်ပါတယ်။
    စရဏဆိုတဲ့ အကျင့်တရားဟာလည်း အရေအတွက်အားဖြင့် ၁၅ပါး ရှိပါတယ်။ အဲဒီ ၁၅ပါးကတော့
    ၁။ သဒ္ဓါ = ကံကံ၏အကျိုးရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘ၀ရှိသည်ဟု ယုံကြည်မှု
    ၂။ သတိ = ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု
    ၃။ ဟိရီ = မကောင်းမှုဒုစရိုက်မှ ရှက်မှု
    ၄။ သြတ္တပ္ပ = မကောင်းမှုဒုစရိုက်မှ ကြောက်လန့်မှု
    ၅။ ၀ီရိယ = ကုသိုလ်ကောင်းမှုကိစ္စ၌ ကြိုးစားအားထုတ်မှု
    ၆။ သုတ = အကြားအမြင် ဗဟုသုတများမှု
    ၇။ ပညာ = အရာရာ၌ တတ်သိလိမ္မာမှု
    ၈။ ဘောဇနေမတ္တညုတာ = စားသောက်ရာ၌ သင့်မသင့်နှိုင်းချိန်၍ အတိုင်းအရှည်ကို သိမှု
    ၉။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြားရှိမှု၊ အအိပ်အနေနည်းမှု
    ၁၀။ သီလ = ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု
    ၁၁။ ဣနြ္ဒိယသံဝရ = တွေ့မြင်ကြားသိသမျှ၌ လောဘဒေါသစသည်မဖြစ်ဘဲ မျက်စိနားနှာစသော ဣနြေ္ဒတို့ကို ငြိမ်သက်အောင် စောင့်စည်းမှု
    ၁၂။ ပထမဈာန်
    ၁၃။ ဒုတိယဈာန်
    ၁၄။ တတိယဈာန်
    ၁၅။ စတုတ္ထဈာန် အားဖြင့် ပေါင်း စရဏ ၁၅ပါး ဖြစ်ပါတယ်။
    မြတ်စွာဘုရားရှင်ဟာ ဖော်ပြပါ အသိဉာဏ် တရားများ၊ အကျင့်တရားများနှင့် အလုံးစုံပြည့်စုံတော် မူတဲ့အတွက် ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင် ဖြစ်တော်မူပါတယ်။ ဆိုလိုတာက အလုံးစုံပြည့်စုံသူဆိုတာ အသိပညာနှင့် ပြည့်စုံရုံနှင့် မလုံလောက်သေးဘဲ အကျင့်တရားပါ ပြည့်စုံဖို့လိုကြောင်း သာမန်လူများသည် ဘက်စုံမပြည့်စုံနိုင်ကြောင်း မြတ်ဗုဒ္ဓကတော့ အသိရော အကျင့်ပါပြည့်စုံတဲ့ အနှိုင်မဲ့လူသား တစ်နည်းအားဖြင့် မဟာလူသားပဲ ဖြစ်ပါတယ်။
    မှတ်ချက်။ အထက်ပါ အဖြေကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ရတနာ့ဂုဏ်ရည် စာအုပ်လာ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်ကို ကိုးကား၍ ဖြေကြားပေးထားပါသည်။
    Read more...
    အကျင့်ကောင်း (၇) ရပ်
    (၁) တာဝန်ယူစိတ် (Be Proactive)
    ပြဿနာတစ်ခုဖြစ်လာရင် ငါဘာမှားနေသလဲ ဆိုတာက စ စဉ်းစားပါမယ်။
    ပြီးမှ ကျန်တာတွေကို ဖြန့်တွေးမယ်။
    ကိုယ့်ကိုယ်တော့ လွတ်စေ၊ သူများကိုတော့ တရားခံ၊
    ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့စိတ်ပါ။
    (၂) ပစ်ကွင်းကို ချိန်ပစ် (Begin with the end in mind)
    ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက်ဘာလဲဆိုတာကို ပထမဆုံးပိုင်ဖြတ်တယ်။
    မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
    (၃) အရေးကြီးတာ အရင်လုပ် (Put first thing first)
    ကြုံသလို ကျဘမ်းမလုပ်ဘူး၊
    အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ရွက်တတ်တယ်။
    (၄) သူမနာ ကိုယ်မနာ ဆက်ဆံရေး (Think Win-Win)
    ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပါ၊
    နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ ကြားအဖြေကို နှလုံးသွင်းပါတယ်။
    (၅) နားလည်မှုရှိပါ (Seek first to understand, Then to be understood)
    ပထမဆုံး သူများကို နားလည်အောင် ကြိုးစားပါ။
    ကိုယ့်ကိုလဲ သူများက နားလည်အောင် တံးခါးဖွင့်ထားတယ်။
    (၆) လက်တွဲကြိုးပမ်း (Synergize)
    ငါတကောမလုပ်ဘူး၊ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဘို့ အားထုတ်တယ်။
    (၇) ကိုယ့်ကိုယ်ကို ပြန် သ (Sharpen the saw)
    စိတ်တံခါးကို ပိတ်မထားဘူး။
    အတွေးသစ် အမြင်သစ်တွေအတွက် အမြဲတံခါးဖွင့်ထားတယ်၊
    ကိုယ့်အသိ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် သ နေပါတယ်။
    ဒီအကျင့်တွေ သင့်မှာ ရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။
    Read more...
    ထူးခြားသော စိပ်ပုတီး နှင့် ရှင်ဥပဂုတ္တ မထေရ်အစွမ်း
    ပင်လယ်ပြင်နှင့် သမုဒ္ဒရာများကို ဖြတ်သန်းသွားလာကြသော မြန်မာသင်္ဘောသား အချို့တို့သည် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို အားထားကိုးကွယ်ကြ၏။ ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို အရိုအသေ ပြုခြင်း၊ ပူဇော်ကိုးကွယ် ကြခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းကြ၏။
    ကျွန်တော်သည် ပင်လယ်ပြင်သို့ ရောက်လျှင် နံနက်အရုဏ်တက်ချိန်၌ ဗုဒ္ဓမြတ်စွာဘုရား အမှူးထား၍ ရှင်ဥပဂုတ္တ မထေရ်မြတ်ကို အရုဏ်ဆွမ်းကပ်၏။ ထို့နောက် ဂုဏ်တော်တထောင် ပုတီးစိပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရန် မထေရ်မြတ်ကြီးအား တိုင်တည်ဆုတောင်း၏။ အဓိကမှာ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ် သမုဒ္ဒရာတွင် ဘေးအန္တရာယ်များသောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာဝင် ပီပီ ဘာသာတရား ယုံကြည်မှုအပြည့် ရှိသဖြင့် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းခဲ့ရသည်။
    ကျွန်တော်၏ မိတ်ဆွေ ကိုသန်းဆွေဆိုသူသည် ရှင်ဥပဂုတ္တမထေရ်မြတ်အား အလွန်ကြည်ညို၍ အထူးအားထား ကိုးကွယ်၏။ တာဝန်ကျချိန်နှင့် စားချိန်၊ အိပ်ချိန်မှလွဲပြီး ကျန်အချိန်တွင် ပုတီးတကုံးဖြင့် ပုတီးစိပ်နေလေ့ရှိ၏။ တနေ့တွင် ကျွန်တော့အခန်း ရောက်လာပြီး -ကိုဘုန်းအောင် ကျွန်တော် ဒီတခေါက် သင်္ဘောထွက်လာတာ ပုတီးမေ့ခဲ့တယ်ဗျာ။ ခင်ဗျားပုတီး အားရင် ခဏပေးဗျာ-ဟု တောင်းသဖြင့် ကျွန်တော်ပေးလိုက်၏။
    အိန္ဒိယနိုင်ငံသို့ ရောက်သောအခါ ကျွန်တော့်ကို ပုတီးပြန်ပေး၏။ ဖြစ်ရပ်မှန်မှာ သင်္ဘောကပ်သည့် အနီးနားတွင် အိန္ဒိယအဘိုးအိုတဦး ပုတီးကုံးများ ရောင်းသည်ကို ကိုသန်းဆွေ ၀ယ်ချင်စိတ် ပြင်းထန်ခဲ့၏။ ထိုအချိန်၌ ကိုသန်းဆွေလက်ထဲတွင် ငွေတပြားမှ မရှိပေ။ အံ့သြဖို့ကောင်း၏။ ကျွန်တော့်ကိုလည်း သူမပြောပါ။ ပုတီးရောင်းသော အဘိုးအိုကြီး သင်္ဘောနားနေစဉ် လာရောင်း၏။ ထိုအခါ ကိုသန်းဆွေသည် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးထံ ဆုတောင်း၏။ သူ ပုတီးကုံးဝယ်လို၍ ငွေရလိုကြောင်း သစ္စာပြု တိုင်တည်လေသည်။
    ထိုနေ့တွင်ပင် သူနှင့် အဆင်မပြေ၊ အစေးမကပ်သော သူ့အထက်အရာရှိက ငွေတထောင်ကျပ် လာပေး၏။ ၄င်းနိုင်ငံခြားသား အရာရှိအား ဘာကြောင့်ပေးရသနည်းဟု မေးသော်လည်း ဘာမှပြန်မပြောပေ။ သို့ဖြင့် ကိုသန်းဆွေ အိန္ဒိယ အဘိုးကြီးထံမှ ပုတီး ၀ယ်ဖြစ်သွား၏။ မြန်မာပြည်ရောက်သောအခါ ၄င်းပုတီးအား သိမ်ဝင်ပုတီး ပြုလုပ်ထားလေသည်။ နေ့စဉ် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို ရည်စူး၍ အဓိဋ္ဌာန်ပုတီး စိပ်လေသည်။
    ထို့နောက် ကျွန်တော့်မိတ်ဆွေ ကိုသန်းဆွေ နိုင်ငံခြားသင်္ဘောမှ ပြန်လာပြီး မြန်မာပြည်တွင်း သင်္ဘောများတွင် လုပ်ကိုင်ပြန်သည်။ ကျွန်တော်လည်း သူ့နည်းတူ လုပ်ကိုင်သည်။ ကမ်းရိုးတန်းသွား သင်္ဘောများတွင် လုပ်ကိုင်ရာ၌ အဆင်မပြေမှုများ ဖြစ်လာလေသည်။ ကုန်တင်သင်္ဘောများတွင် ပြဿနာမရှိသော်လည်း ပင်လယ်ငါးဖမ်းသင်္ဘောများတွင် လုပ်ကိုင်သောအခါ လုံးဝ အဆင်မပြေတော့ပါ။ ငါးဖမ်းသင်္ဘောများတွင် သူလုပ်နေကျနံနက်စောစော ရှင်ဥပဂုတ္တ မထေရ်ကြီးအား အရုဏ်ဆွမ်းကပ်ပြီး ဆုတောင်းမေတ္တာပို့ အဓိဋ္ဌာန်ပုတီးစိပ်လျှင် ငါးအရနဲခြင်း၊ သင်္ဘော၌ အကြောင်းတခုခု ဖြစ်ပေါ်၍ ငါးဖမ်းခြင်းလုပ်ငန်း အနှောင့်အယှက် ဖြစ်ခြင်းတို့ ကြုံတွေ့ရလေ၏။ ထိုအကြောင်းကို ကျွန်တော်မှ လွဲ၍ မည်သူ့ကိုမျှ မပြောပေ။
    တနေ့တွင် ကိုသန်းဆွေသည် ၄င်း၏ပုတီးနှင့် သူ၏ သမာဓိစွမ်းအားကို စမ်းသပ်လိုသဖြင့် ပင်လယ်ပြင်တွင် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးအား တိုင်တည်၍ ထူးခြားမှုဖြစ်စဉ်တခုကို ပြပါရန် လျှောက်ထားလေသည်။ ထိုနေ့တွင် ၄င်း၏သင်္ဘောမှ ကောင်းနေသော မီးစက်နှလုံးမှာ လုံးဝ မီးမလင်းတော့ဘဲ သုံးမရအောင် ပျက်စီးသွားသည်။ တညလုံး မှောင်ထဲမှာ နေလိုက်ရ၏။ နောက်တရက်တွင် ထူးခြားမှုဖြစ်စဉ်ကို ထပ်ပြပါဟု ကိုသန်းဆွေ ဓိဋ္ဌာန်ပြန်၏။ ကျွန်တော့်ကို တိုင်ပင်ပြောဆို၏။
    ထိုနေ့တွင် ရေယာဉ်၌ ငါးဖမ်းပိုက်တင်သော (Pully) ဘီးကြီးရှိ ဘောစေ့များ ကွဲကုန်၍ သုံးမရေတော့ချေ။ အလုံးလိုက် လဲရပြန်၏။ နောက်တနေ့ အဓိဋ္ဌာန်၍ စမ်းသပ်ပြန်၏။ ရေယာဉ်ထိန်းသော တက်မကိုင် အရင်းရှိ မူလီများပြုတ်ထွက်၍ ရေများဝင်လာ၏။ ကျွန်တော်တို့ စက်တပ်ဖွဲ့ Demange Control က ရေယာဉ်ပေါ် ပြုပြင်ထိန်းသမ်းမှု ကြိုးစားလုပ်ကိုင်လိုက်ရ၏။ ထို့ကြောင့် ကျွန်တော်ကပင် ကိုသန်းဆွေအား အဓိဋ္ဌာန်မပြုရန် တောင်းပန်ရတော့၏။ နောက်တခုဆိုလျှင် ဇနက္ကမင်းသား ဖြစ်ရတော့မည်ဟု ပြောရတော့၏။ ကျွန်တော်တို့ ငါးဖမ်းလှေမှာလည်း ထိုအခေါက် ငါးမဖမ်းဘဲ ရန်ကုန်သို့ ပြန်ခဲ့ရပေသည်။
    တနေ့တွင် ကိုသန်းဆွေ၏ ပုတီးသည် ဘုရားစင်တွင် ချိတ်ထားရာ ပုတီးစိပ်ရန် လှမ်းယူစဉ် လက်မှ လွတ်ကျ သွား၏။ ငါးဖမ်းရေယာဉ်၌ ဘုရားစင်ကို တက်မခန်းတွင် ထားသဖြင့် အောက်ကျလျှင် သဘောသားများ ဖိနပ်ချွတ်ရာနေရာဖြစ်၏။ ထိုပုတီးသည် ပင်လယ်လှိုင်းလှုပ်စဉ် ယိမ်း၍ မမျှော်လင့်ဘဲ အင်္ကျီချိတ်တခုတွင် သွားငြိနေလေသည်။ အံ့သြဖွယ်ကောင်းလေစွ။ ကျွန်တော်၏ မိတ်ဆွေကြီး ကိုသန်းဆွေသည် အကုသိုလ် လုပ်ငန်း လုပ်၍ မရတော့ပေ။
    ယခု အသက်ကြီးပြီဖြစ်၍ သင်္ဘောသားလုပ်ငန်း မလုပ်တော့ပေ။ ငါးဖမ်းလုပ်ငန်းကို ထိုအဓိဋ္ဌာန်ဝင်သည့် အခေါက် နောက်ဆုံးလုပ်ကိုင်ခြင်း ဖြစ်လေသည်။ နောင်အခါ ဘယ်တော့မှ မလုပ်တော့ပေ။
    ( တက္ကသိုလ် ဘုန်းအောင်-စိတ်ပညာ)
    Read more...
    မွေးနေ့အလှူတော် ဖိတ်ကြားခြင်း
    ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ၏ (၁၅-၁-၂၀၁၀)ရက်နေ့တွင် ကျရောက်သည့် (၃၅) နှစ်ပြည့် မွေးနေ့ အလှူတော်တွင် ပင့်သံဃာတော်များနှင့် ဆရာလေးများအား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ တပည့်ဒကာဒကာမများနှင့် ရွှေမြန်မာအပေါင်းတို့အား အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
    အလှူတော်နေ့ရက် = ၁၇-၁-၂၀၁၀ (တနင်္ဂနွေနေ့)
    တရားနာချိန် = နေ့လယ် ၁နာရီ
    ကျွေးမွေးဧည့်ခံချိန် = မနက် ၉နာရီမှ နေ့လယ် ၂ နာရီအထိ
    နေရာ = စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၊ ရှင်းဒါန်းဒုံ၊ ဒယ်ဂူးမြို့
    မှတ်ချက်။ ယုံရှင်းရွှေညီအစ်ကိုများမှ အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံပါမည်။
    ကျောင်းအကျိုးဆောင်အဖွဲ့
    Read more...
    ဝေဒနာမှာ ငါမပါ မှန်စွာထိုးထွင်းသိ...
    ၁)အနေလွဲ ၂)အရလွဲ ၃)အသေမြဲ
    ၁- ၂ -၃ ကြောင်းကျိုးဆက်
    အမှန်မသိ- အဝိဇ္ဇာ၊ တလွဲသိ- အဝိဇ္ဇာ ရဲ့ ဦးဆောင်မှုအောက်မှာ သူတောင်းကောင်းအလုပ် အားမထုတ်ဘဲ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ နဲ့ ချမ်းသာနိုးနိုး အထင်မျိုးလေး ဝမ်းထဲပျိုး၍ နေတာဖြင့် (၁) အနေလွဲ လို့ ဆုံးဖြတ်ချက်ချ။
    ဒီလို အနေလွဲနဲ့ နေလာရင်းဖြင့် ခန္ဓာ့ကိစ္စ မရဏပြ၍ တစ်ဖန်ပဋိသန္ဓေဖြစ်တော့လည်း ဒီဒုက္ခခန္ဓာ(အို၍နာ..နာ၍သေနေသည့်ခန္ဓာ)ကိုပဲ ရပြန်တော့ ဒါသည် (၂)အရလွဲ(ဘယ်သူ့မှ အိုနာသေကို မရချင်ကြလို့)။
    ဉာဏ်နဲ့ခြုံကြည့်၍ ဇာတ်ပေါင်းချုပ်တော့ သံသရာဆိုတာ အသေမြဲပေါ့...သံသရာရှည်တယ်ဆိုတာ သေကြာရှည်တာပဲလို့ ဆုံးဖြတ်ချက် ထုတ်ပြန်သည်။
    ဒါလေးကို ဆင်ခြင်၍ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမကို အနှစ်ထုတ်၍ မိမိအမြင်ဖြင့် ရေးသား၍ ခံယူတတ်သူ ဝေမျှယူစေ ပေးဝေငှ၏။
    -----
    ဟိုနေရာက အောင့် ဒီနေရာက တောင့် စသည်ဖြင့် ဟိုနေရာ ဒီနေရာလေးတွေမှာ ပေါ်ပေါ်လာတဲ့ ဓမ္မ ဆိုတာ ခန္ဓာပေါ်တာပေါ့...
    ဒီပေါ်တဲ့ ဓမ္မကို ငါ မရောစေနဲ့ ...
    ပေါ်တဲ့နေရာမှာ - ဟိုဟို ဒီဒီ ခံစားမှုသဘောစု ထင်ရှားတာက - ဝေဒနက္ခန္ဓာ..( ဒီခံစားမှုမှာ ငါမရောစေနဲ့...)
    ငါမရောစေနဲ့ ဆိုတာကို နားလည်ဖို့ -> ငါရောတယ်ဆိုတာကို ဖော်ပြလိုပါသည်...
    ငါရောတယ်ဆိုတာက ဟိုနားက နာ.. ဒီနားက နာရင်ဖြင့် .. " အမယ်လေး.. ငါမှ ဖြစ်ရလေခြင်း - ငါမခံနိုင်တော့ဘူး~~~ဘူး... "ဆိုပြီးတော့ ငြီးလုံးလေး ထုတ်တယ်...
    ဒါသည် ဖောက်ပြန်မှုသဘောစု ရုပ်အပေါ်မှာ ငါ လို့... ခံစားမှုသဘောစု ဝေဒနာအပေါ်မှာ ငါလို့.... ရှုမြင်ခြင်း၊ နှလုံးသွင်းခြင်း၊ ဆင်ခြင်ခြင်းပါပဲ။
    ဒီနေရာမှာ ငါမရောနဲ့ ဆိုတာက ... ပေါ်တဲ့ ဓမ္မကို ငါလို့ မရှုနဲ့၊ ငါလို့နှလုံးမသွင်းနဲ့၊ ငါလို့ မဆင်ခြင်ပါနဲ့ကွာတဲ့...
    ခံစားနေရတယ်ဆိုရင် ဒါသည် ဝေဒနာသဘောစုတွေ တစ်မျိုးပြီးတစ်မျိုးအစားထိုးဖောက်ပြန်ပျက်စီးနေတာပဲ...
    ဒီခံစားမှုပေါ်တဲ့နေရာမှာ - ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ သိတဲ့ အသိကလေးသာ လိုက်ပေးနေရင်... ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ နှလုံးသွင်းပေးနေရင်... ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ ဆင်ခြင်နေရင်...
    ဒါသည် ...
    မှန်ကန်တဲ့ အသိ၊
    မှန်ကန်တဲ့ နှလုံးသွင်းမှု၊
    မှန်မှန်ကန်ကန်ဆင်ခြင်မှု .... အသွားတက်တာပါပဲ..
    ဒီလို မှန်ကန်တဲ့အသိဉာဏ် အသွားတက်တက်လာရင်ဖြင့် ဒီအသွားက ထက်လာမှာပါပဲ...
    ဒီအသွားက ဘယ်လောက်ထိကို ထက်မြက်လာမလဲဆိုရင် -> တဏှာကြိုးကို ဖြတ်တောက်နိုင်တဲ့အထိ ထက်မြက်လာပါမယ်..
    ဒါဆိုရင် သံသရာ့တိုက်ပွဲကို နိုင်ပြီ... အကြွေးကျေလို့ ထာဝရလွတ်ငြိမ်းချမ်းသာခွင့်ရသူအဖြစ် နိဗ္ဗာန်စာရင်းဝင်ခွင့်ရပြီ။
    အောင်မြင်တကာ အောင်မြင်တဲ့အထဲမှာ ကိလေသာရန်ကို အောင်နိုင်ခြင်းဟာဖြင့် အနှိုင်းမဲ့ဝမ်းသာခြင်းမျိုးလို့ မျှော်မှန်း၍ခံစားရပါတယ်...
    ဒီခံစားမှုလေးကို ဘယ်အချိန်မှာ အရိပ်အမြွက်အားဖြင့် သိနိုင်လဲဆိုတော့...
    ဝိပဿာနာအားထုတ်တဲ့ ယောဂီအဖို့ သစ္စာအနုလောမဉာဏ်အဆင့်ရောက်ရင် ဒီ ခံစားမှုမျိုးကို (ဉာဏ်ဖြင့်မှန်းဆ၍) ခံစားသိနိုင်ပါပြီ။
    အဲဒီဉာဏ်အဆင့်မှာဖြင့် ဒီသတိ...ဤအသိဖြင့် ဤမျှလောက် ငြိမ်းချမ်းနေလျင်ပ.... ဪ... ဆိုပြီး မိုးကုတ်ဆရာတော်ဘုရားကြီးကို စိတ်ညွှတ်လိုက်ရင်ပဲ .... အဖျားဆွတ်ကလေးပဲ မှီမှာပါ....ဒါကိုပဲ တအားကို အားကျစရာကောင်းလောက်အောင် ငြိမ်းအေးတာပဲ.. ဒါနဲ့ အဆင့်တိုး၍ မြတ်စွာဘုရားရှင်ကို စိတ်ညွတ်လိုက်ကြည့်တော့.. ဘုရားရှင်တို့၏ ငြိမ်းအေးမှုမှာဖြင့် ဉာဏ်နဲ့ မှန်းဆ၍ ကုန်နိုင်မည့်မဟုတ်... ပြည့်စုံနိုင်မည်မဟုတ်... ဒီလို ဉာဏ်နဲ့ မှန်းဆ မှန်းဆ မှန်းဆ၍ လွန်စွာပဲ ပီတိတွေဖြစ်လို့ ကြည်ညိုမှုတွေက ပင်လယ်မှာ လှိုင်းပွက်သလိုပါပဲ...တဖွားဖွားနဲ့....
    ဒီလှိုင်းကို သတိတင်ပြီး ဉာဏ်အမြင်သွင်းပေးမှ ” လှိုင်းကငြိမ်းသက် အအေးဓာတ်ထွက်” ဟုသာ သဘောကိုက်ကို ကာရံတိုက်၍ ရေးသားဖော်ပြလိုပါသည်။
    စာကို နိဂုံးချုပ်ရင်ဖြင့် အဓိကအရေးကို ပြောရလျင်... ပေါ်နေရာမှာ ငါမရောဘဲ ဝေဒနက္ခန္ဓာပဲလို့ အစကနဦး အသိလိုက်ပေး၍ ဆင်ခြင်ပေးနေမယ်ဆိုရင်... ဒီလို ဆင်ခြင်ရင်းနဲ့ပဲ...
    ပေါ်ပေါ်လာတဲ့သဘောစုတွေက ချုပ်ချုပ်သွားတာကို ဉာဏ်က တိုးတိုး သိလာပါရောဗျ...
    အကြောင်းကြောင့် ဖြစ်နေတဲ့အကျိုးဓမ္မတွေလို့ ဉာဏ်က တစ်ချက်တစ်ချက် ဝင်စွက်ပြီး ဆင်ခြင်မှုလေးကလည်း ပေါ်လာပါတယ်ဗျ....
    အကြောင်းနဲ့ အကျိုးခွဲပေမယ့် သဟဇာတသတ္တိဖြင့် တွဲဖြစ်ကျ တွဲပျက်ကြတဲ့သဘောပဲလို့လည်း ဆင်ခြင်မှုလေးတွေက ထွက်ပေါ်လာပါတယ်ဗျ....
    ပေါ်ရာ သတိတင် ဉာဏ်အမြင်လိုက်ပေးတော့ - သိစရာက ဖြစ်ပျက်သဘော.. သိနေတာက တည်ကြည်ခန့်ငြားမှုသဘောရှိသည်။
    သိစရာနဲ့ သိနေတာ လေး အတိုင်အပေါက်ညီညီနဲ့ ဝမ်းတူးရိုက်မှန်ရင် အဲဒီနေ့ တရားနှလုံးသွင်းရတာ ကျေနပ်သလိုလိုတွေ ဖြစ်လာတတ်တယ်... ဒါဆိုရင် ဖြစ်ပျက်မြင်...ဖြစ်ပျက်ခင် ဖြစ်သွားပြီလို့ သတိပေးရတယ်... လမ်းအမှန်က - ဖြစ်ပျက်မြင်...ဖြစ်ပျက်မုန်း...ကိုး...
    သတိလည်း ပေးလိုက်ရော ကျေနပ်လုံးလေးတွေကို အနိစ္စဉာဏ်တင်ရတာပါပဲဗျ....
    ဒီလို ...ဝေဒနာနဲ့ ငါမရော.. ဝေဒနာနဲ့ တဏှာမရော... ပဋိစ္စသမုပ္ပာဒ်ပြတ်၍ လွတ်ငြိမ်းချမ်းသာလမ်းသို့ ဉာဏ်ကဦးတည့် ဦးတည်ရင်းဖြင့် ဝီရိယအလျောက် ဉာဏ်ကခရီးရောက်ရသည်ပါပဲ...
    အားလုံးသော ဓမ္မမိတ်ဆွေများကို သတိပေးခွင့်ကြုံခိုက်ကလေး သတိပေးခွင့်ရ၍ ဝမ်းသာရပါသည်။
    အားလုံးသော ဓမ္မမိတ်ဆွေများ အားထုတ်ခွင့်ကြုံလျင် ပိုမို၍ ဝမ်းမြောက်ရပါမည်။
    အားလုံးသော ဓမ္မမိတ်ဆွေများ အားထုတ်ခွင့်ကြုံ၍ ငြိမ်းအေးကြလျင်ဖြင့် ကျွန်တော့်မှာလေ.... ပြောစရာစကား မကြွယ်တော့ပါဘူး...
    လေးစားစွာဖြင့်
    ဝင်းမြင့်
    http://thitsartayar.com
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP