သဠာယတန ကိုနယ် (၄)ပါး ၊ နည်း(၄)ပါးဖြင့် ဆက်ပြီး ရှင်းပြပါအုံးမယ်ဘုရား။ သဠာယတနဟူသော စကားကိုကြားသိရလျှင် (မသိခြင်း) အထင် ၊ (ဆိုးခြင်း) အထင်၊ (ကောင်းခြင်း)အထင်အားဖြင့် အထင်အထည်ပုံစိတ်ထဲမှာ ပေါ်လာပါတယ်။ ဤ အထင် အထည်နယ် ကိုအဝိဇ္ဇမာန ပညတ်နယ် ဟုခေါ်ပါတယ်။

အဝိဇ္ဇမာနပညတ်နယ် ၏ ထင်ရုံသာဖြစ်ခြင်း ၊ အမှန်မရှိခြင်း ၊ကိုနားမလည်ကြကုန်သော ၊ပညာနည်းသော ပုဂ္ဂိုလ်တွေဟာ ၊ ကိုယ်၊နှုတ်၊စိတ် မစောင့်ထိန်း ပဲထားလျှင် ၊ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကိုယ့်ကိုကို အဟုတ်ထင်ခြင်း ၊ အဝိဇ္ဇာ အနှိပ်စက် ခံနေကြရပါတယ်။

သဠာယတနဟူသည် မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်၊ ဤ (၆)ပါးကို (သဠာယတန) ဟုခေါ်ပါတယ်။ မျက်စိဖြင့်မြင်ရသော အလုံး အခဲကြီးတွေက ( အဝိဇ္ဇမာနပညတ်နယ်၊ အထင်နယ်)ဖြစ်ပါတယ်။

မြင်စရာကိုမြင်တတ်သော အကြည်ဓာတ် အစဉ်လေးကို (မျက်စိ )လို့ခေါ်ပါတယ်။

ကြားစရာကို ကြားတတ်သော အကြည်ဓာတ် အစဉ်လေး ကို (နား) လို့ခေါ်ပါတယ်။

နံစရာကို နံတတ်သော အကြည်ဓာတ် အစဉ်လေးကို (နှာခေါင်း) လို့ခေါ်ပါတယ်။

အရသာကို သိတတ်သာ အကြည်ဓာတ် အစဉ်လေးကို (လျှာ) လို့ခေါ်ပါတယ်။

ထိစရာကို ထိတတ်သော အကြည်ဓာတ် အစဉ်လေးကို (ကိုယ်) လို့ခေါ်ပါတယ်။

ကြံတွေးစရာကို သိတတ်သာ အကြည်ဓာတ် အစဉ်လေးကို (စိတ်)လို့ခေါ်ပါတယ်။

အစဉ်သန္တန်ကို သိလျှင် ဝိဇ္ဇမာနပညတ်နယ် ကိုတွေ့ပါတယ်။ ကိုယ့်ကိုကို သိရုံသာသိပြီး နေနိုင်ရင် သိစရာကို သိပြီး နေနိုင်သော ကြောင့် ဝိဇ္ဇမာနပညတ်နယ် ကို သိခြင်း ဖြစ်ပါတယ်။

အထူးကို ဂရုမစိုက်ပဲ အရှိလောက်သာ ဂရုစိုက်တတ်ရင် ဝိဇ္ဇမာန ပညတ်နယ် ကိုရောက်ပါပြီ။ ဝိဇ္ဇမာန ပညတ်နယ် ကိုရောက်လျှင် အဝိဇ္ဇမာန ပညတ်နယ် ကတွေ့သိရသော အကောင် အထည် ပုံပန်းသန္တာန် များကို အာရုံမပြုမိတော့ပါဘူး။ အဟုတ်မထင်မိတော့ပါဘူး။

ဒါပေမယ့် ( အကောင်အထည်တော့ ထင်ရှားမရှိပါဘူး။ အစဉ်သန္တာန်ကတော့ အမှန်ရှိတယ် ၊ ကျန်တာတွေမရှိဘူး )ဟုဘောင်ခတ်ပြီး အကျဉ်းချတတ်သော အဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်နေ ပြန်ပါတယ်။

အစဉ် သန္တာန်သာရှိသော ခန္ဓာကိုယ် တစ်ခုလုံး ကို တစ်စက္ကန့်တွင် ၊ ကုဋေ ငါးထောင်၊ ကုဋေ တစ်သိန်းစိတ်လိုက် ပါ။ ထို အစိတ်ထဲမှ တစ်စိတ်သည် လက်ရှိခန္ဓာ ၏ အသက်ဖြစ်ပါတယ်။ ဤ နယ်ကို (သဘောနယ် ) ဟုခေါ်ပါတယ်။

ဤသဘောနယ် ကို ဝိဇ္ဇာဉာဏ်ဖြင့်သိလိုက်လျှင် ( အစဉ် အထင်သန္တာန် သာရှိတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာကို ထွင်းဖောက်ပြီး သိခြင်း ဖြစ်ပါတယ်။

သဘောနယ် မှာ ရှိသော တစ်ခုသော ဖြစ် ပျက်သဘောလေး သည် ( ဒီလောက်တော့သူတတ်နိုင်သေးတယ်) အဟုတ်ထင်သော အဝိဇ္ဇာ ဖုံးလွှမ်းလာပါတယ်။ ထို အဝိဇ္ဇာကို ပယ်ဘို့ရန်မှာ ထို သဠာယတန ၏ တစ်စိတ်သော ဖြစ်ပျက် သဘောလေးသည် နာမ်ရုပ် အကြောင်းမပါပဲ ဖြစ်လို့မရပါဘူး။

အကြောင်းပါမှ ဖြစ်လို့ရသောကြောင့် ကိုယ်ပိုင်အနှစ်အသား မရှိပါဘူး။ ကာလ သုံးပါးလုံး မှာ အနှစ်မပါသောကြောင့် မူလပျက်သဘောဖြစ်ပါတယ်။ မူလပျက်သဘော ဖြစ်သော သုညနယ် ကိုရောက်သွားလျှင် ( အဝိဇ္ဇာ အဟုတ်ထင်ခြင်း ) မဖုံးလွှမ်းနိုင်တော့ပါဘူး ။

သဠာယတန ကို နည်း (၄)ပါးနှင့် ရှင်းပြပါအုံးမယ် ဘုရား။ မျက်စိ၊နား၊ နှာခေါင်း ၊ လျှာ၊ ကိုယ် ၊စိတ် ၊ ဟူသော သဠာယတန တရားတစ်ခုကို ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော ၊ အထိပိုင်းခြားသိခြင်း ကို ( အဗျာပါရ အနတ္တ နည်း ) ဟုခေါ်ပါတယ်။ ထိုနည်း ကတရားတိုင်းမှာ (ကိုယ်ပိုင်စွမ်း အားရှိတယ်) ဟုထင်သော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ကိုပယ်ပါတယ်။

နာမ်ရုပ် နှင့် သဠာယတန တို့သည် ( တစ်ဆက်တည်း တစ်ပေါင်းတည်း ဖြစ်တယ်) ဟုသိမြင်ခြင်း ကို ဧကတ္ထနည်း ဟုခေါ် ပါတယ်။

ဤနည်းက တရားတွေဟာ သဘော (၂)ခုသာရှိတယ်။ တစ်ဆက်တည်း ၊ တစ်ပေါင်းတည်း မဖြစ်ဘူး ဟု ထင်သော ဥစ္ဆေဒဒိဋ္ဌိ ကိုပယ်ပါတယ်။

နာမ်ရုပ် နှင့် သဠာယတန တို့သည် ဆက်စပ်ပြီး ဖြစ်သော်လည်း ( အကြောင်းနိမ့် လျှင် အကျိုးနိမ့်မည်။ အကြောင်းမြင့်လျှင် အကျိုး မြင့်မည် ) ဟုသိမြင်ခြင်း ကို နာနတ္ထ နည်း ဟုခေါ်ပါတယ်။ ဤနည်းက (ပေါင်းပြီးဖြစ်လျှင်တူညီရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကို ပယ်ပါတယ်။

နာမ်ရုပ် နှင့် သဠာယတန တို့သည် အကြောင်းအကျိုး အနိမ့် အမြင့် ရှိကြသော်လည်း ( ကောင်းတာများလျှင် ဆိုးတာနည်းပြီး၊ကောင်းတာများ၏။ ဆိုးတာများလျှင် လည်းကောင်းတာနည်းပြီး ဆိုးတာများ၏ ။များအောင် နည်းအောင် ပြုပြင်လို့ရ၏ ) ဟုသိမြင်ခြင်း ကို ဧဝံဓမ္မတာနည်း ဟုခေါ်ပါတယ်။

ဤနည်းက (ပြုတိုင်းမရ ၊ အချည်းနှီးသာ) ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ကိုပယ်ပါတယ်။