* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, January 2, 2010

အရှင် လက္ခဏ (မြစကြာဆရာတော်)

ာ်)



မြစကြာဆရာတော် ဦးလက္ခဏ
နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

အတ္တဒီပ တရားတော်...၁


အတ္တဒီပ တရားတော်...၂


အတ္တဒီပ တရားတော်...၃


အနုမောဒနာ တရားတော်...


ဗောဓိသုတ္တံ တရားတော်...၁


ဗောဓိသုတ္တံ တရားတော်...၂


ခင်ပွန်းကြီး ၁၀-ပါး တရားတော်...၁


ခင်ပွန်းကြီး ၁၀-ပါး တရားတော်...၂


ကိသာဂေါတမီ တရားတော်...


တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ။


Read more...

အကြောင်းတရားထဲက စွမ်းအားများ... (မစိုးရိမ်စာသင်သား)








မစိုးရိမ် စာသင်သား Print this post

Read more...

ကပ္ပိကျော်ခေါင် နှင့် ပြောမယုံ ကြုံမှသိ

Friday, January 1, 2010

”ပြောကို မပြောချင်တော့ဘူး ‘‘ဟူသော စကားဖြင့် နိဒါန်းပျိုးလာသောသူသည်ကား၊ တကယ်ပင်လျှင် သူပြောတော့မည်မှာ ဧကန်မုချဖြစ်ပေသည်၊ အလိုက်ကန်းဆိုးမသိပဲ ”မပြောချင်လျှင်လည်း ပြောမနေ ပါနဲ့တော့‘‘ဟု တားမြစ်မိလျှုင်ကား သင်သည် အလွန်လူကဲခပ်ညံ့သူ တစ်ယောက် ဖြစ်သွား ပေလိမ့်မည်။ ယခုလည်းကြည့်..ကပ္ပိယကျော်ခေါင် တစ်ယောက် ”ပြောကို မပြောချင်တော့ဘူုး‘‘ဟူ၍ အစပျိုးပြီးလျှင် သူသိခဲ့ သမျှ ဖြစ်ကြောင်းကုန်စင်ကို အိပ်သွန် ဖာမှောက် အကုန်ပြောနေလေတော့၏၊ ပြောမည်ဆိုလည်း ပြောစရာပင်။
ကပ္ပိယကျော်ခေါင်သည် ကြေးစငွေစလေးများ အနည်းငယ်စုမိထားသဖြင့်၊ ထိုင်းနိုင်ငံဖက်သို့ မတော် တဆ အလည်အပတ်ရောက်ရှိခဲ့ဖူးလေသည်၊ ကပ္ပိယကျော်ခေါင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့စဉ်က တိုက်တိုက် ဆိုင်ဆိုင် ပင် ပီမိန်(ခေါ်) Happy New Year(ခေါ်) နစ်သစ်နှင့် ကြက်ကန်း ဆန်အိုးတိုး တိုးမိခဲ့လေသည်၊ ကပ္ပိယကျော်ခေါင်သည်ကား ဘုန်းကြီးကျောင်းထွက် ဖြစ်သည်အားလျှော်စွာ၊ ဟိုတယ်တွင် တည်းချင် ခိုချင် သော ဆန္ဒမရှိသဖြင့်၊ ရွာဦးကျောင်းဆရာတော်၏ အဆက်အသွယ် ပေးမှူကြောင့် မြန်မာကျောင်းသား ရဟန်းတော် များ သီတင်းသုံးရာ ဝပ်တလုမ်ကျောင်း၌ တည်းခိုခွင့်ရ လေသည်။
နစ်သစ်အချိန်အခါသည်ကား ထိုင်းနိုင်ငံတွင် ၃/၄ ရက်ခန့် အလုပ်များပိတ်လေ့ရှိသဖြင့်၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏၊ ဒုရေးသုရေး စသည့် ကိစ္စအဝဝများကို အလုအယက် ပြုလုပ်ရလေသည်၊ ထို့နေ့ကလည်း ဦးဇင်းလေး သုံးပါးကို မင်္ဂလာဆောင်တစ်ခုမှ မင်္ဂလာဆွမ်းစားပင့်ထားသည်ဟု ဆိုကာ၊ နံနှက်ကိုးနာရီခွဲလောက် ကတည်းက သင်္ကန်းများ တစ်ပြင်ပြင်ဖြင့် ကြွရမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ကို အကျွန်ုပ် ကပ္ပိယကျော်ခေါင် သတိထားမိလေသည်။ သို့သော် ဆယ်နာရီ ထိုးသွားသည့်တိုင်အောင် ကြွသွားခြင်း မရှိသေးပေ၊ ထို့နောက် ဆယ့်တစ်နာရီး ထိုးပြန်ပါလေပြီ၊ ဦးဇင်းလေးများမှာကား ဂနာမငြိမ်နိုင်တော့ပေ၊ သူတို့၏ လက်ကိုင်ဖုန်းလေးများဖြင့် ပွစိပွစိပြောနေသည်ကို တွေ့ရပြန်သည်၊ ခနအကြာတွင် အသင့်ရုံထားသော သင်္ကန်း များကို ပြန်လည်ကာဖြေကြပြီး မိမိတို့နေရာတွင်ပင် ပက်လက်လှန်ပြီး စိတ်ပျက်လက်ပျက် အိမ်နေကြလေတော့ သည်၊ ၄င်းကောင်း အခြင်းအရာကို မြင်သောအခါ ဆာပုလင်းနှင်းမောင်နှင့် စုံထောက်ကြီးဦးစံရှားတင်တို့၏ စုံထောက်ပညာများကို တစ်ဖက်ကမ်းခပ်လေ့လာထားသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်း ဝါသနာ အရ မနေနိုင်မထိုင်နိုင်ဖြစ်ကာ သွားရောက် စပ်စုကြည့်မိလေတော့သည်။
အကြောင်းစုံကိုသိရသည်မှာ အောက်ပါအတိုင်း ဖြစ်လေ၏၊ မင်္ဂလာဆောင်ခါနီး ဆဲဆဲတွင်မှ ၄င်းသတိုးသားနဲ့  သဘောမတူနိုင်ဟုဆိုကာ သတိုးသမီးအား သူမ၏ အဒေါ်ဖြစ်သူမှ လာရောက်ခေါ်ဆောင် သွားသောကြောင့် ဖြစ်သည် ဟူ၍ သိရှိရလေတော့သည်။
သွားလေသူ စာရေးဆရာ နှင့် ရုပ်ရှင်ဒါရိတ်တာကြီး ဘဘဦးသုခ သည်သာ အောက်ပါအမည်ကို အကယ်၍ မသုံးစွဲခဲ့ဘူးဆိုလျှင် အကျွန်ုပ်ကပ္ပိကျော်ခေါင် သည်၊ ”ရဟန်း မစားရသော ဆွမ်းတစ်နပ်‘‘ဟူ၍ အမည်တပ်မိ မည်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့သတည်း။



Read more...

*တရားတော်များ- အရှင်အာစာရာ လင်္ကာရ*


အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)

နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

၁။ မိဘကျေးဇူး အကြေဆပ်နည်း၊ ၂၇-၁၂-၂ဝဝ၅၊


၂။ မိဘကျေးဇူး ဆပ်ကြပါစို့၊ ၁၇-၁၂-၂ဝဝ၅၊ (၁)


၃။ မိဘကျေးဇူး ဆပ်ကြပါစို့၊ ၁၇-၁၂-၂ဝဝ၅၊ (၂)


၎။ လူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်၊ ၁၁-၁၁-၂ဝဝ၆၊ (၁)


၅။ လူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်၊ ၁၁-၁၁-၂ဝဝ၆၊ (၂)


၆။ တာဝန်ကိုယ်စီ ရှိကြသည်၊ ၁၅-၁၁-၂ဝဝ၆၊ (၁)


၇။ တာဝန်ကိုယ်စီ ရှိကြသည်၊ ၁၅-၁၁-၂ဝဝ၆၊ (၂)


၈။ နေမဝင်ခင် ရိက္ခာပြင်။


၉။ အားကိုးပါရစေ ကလေးရယ် တရားတော်။


၁ဝ။ အသက်ပေးပြီး ချစ်တဲ့အမေ။


၁၁။ အဖေ့နေရာ၊ ၃.၃.၂ဝဝ၆။


၁၂။ ယဉ်ကျေးလိမ္မာ ကလေး တရားပွဲ။


၁၃။ ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း ၂၇-၂-၂ဝဝ၆


၁၄။ သူတော်ကောင်းတို့ရဲ့ နှလုံးသား၊ ၁၃-၁၂-၂ဝဝ၆၊ (၁)


၁၅။ သူတော်ကောင်းတို့ရဲ့ နှလုံးသား၊ ၁၃-၁၂-၂ဝဝ၆၊ (၂)


၁၆။ ယုံလိုက်စမ်းပါ ကလေးရယ်၊ ၁၃-၁၂-၂ဝဝ၆၊


၁၇။ မိဘကျေးဇူး ဆပ်ဖူးပြီလား၊ ၁ဝ-၂-၂ဝဝ၈၊ (၁)


၁၈။ မိဘကျေးဇူး ဆပ်ဖူးပြီလား၊ ၁ဝ-၂-၂ဝဝ၈၊ (၂)


တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP