* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 9, 2010

MADE IN JAPAN စစ်စစ်ရမည်




(၁)
ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများ လျှပ်စစ်ပစ္စည်းနှင့်ပတ်သက်တာ ၀ယ်တော့မယ်ဆိုရင် ဂျပန်ကထုတ်တဲ့ Made In Japan ပစ္စည်းတွေဆို ယုံကြည်စိတ်ချမှုအပြည့်နှင့် တန်ဖိုးထားပြီး တခြားနိုင်ငံလုပ်တွေနှင့်ယှဉ်လိုက်လို့ ဈေးဘယ်လောက်ပဲများနေနေ ၀ယ်ယူ အသုံးပြုတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လျှပ်စစ်ပစ္စည်းဝါသနာပါတဲ့သူတစ်ယောက်ဆိုတော့ ဂျပန်မိတ်ဆို တတ်နိုင်နေလို့ကတော့ ၀ယ်သုံးဖြစ်ပါတယ်။ ဒီဂျပန်ကိုရောက်လာတော့ ဂျပန်မိတ်တွေတော့ ပေါပေါလောလောသုံးရပြီမှတ်တာ။ တကယ်လက်တွေ့ကျတော့ ထင်သလောက်မပေါပါဘူး။ ပေါတာတွေကတော့ ထုံးစံအတိုင် တရုတ်လုပ်တွေပါဘဲ။ (တရုတ်နှင့်ကင်းပြီး နေလို့မရတဲ့ လူ့ဘ၀ပါလားလို့တောင် တခါတခါ ညည်းမိပါသေးတယ်။) ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရေရှည်သုံးရမယ့်ပစ္စည်းမျိုးဆိုရင်တော့ တတ်နိုင်သလောက် ဂျပန်ကထုတ်တာကို ရှာဝယ်ဖြစ်ပါတယ်။

အဲဒီလို ဂျပန်မိတ်ပစ္စည်းတွေကို သဘောကျတတ်တဲ့ ကျွန်တော့်ကို မနေ့က မိတ်ဆွေတစ်ယောက်က ဂျပန်မိတ် Product အသစ်တစ်ခုအကြောင်းကို ပြောပြလာပါတယ်။ အင်း...အဲဒီ Product ကိုတော့ ကျွန်တော် ဘယ်လိုပြောရမှန်းမသိတော့လို့ စာဖတ်သူများကို မျှဝေပြီး ဒီဂျပန်ထုတ် Product ကို ကြိုက် မကြိုက် မေးကြည့်ချင်ပါတယ်။

(၂)
မနေ့က မတွေ့တာတော်တော်ကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်နှင့် အသိအိမ်တစ်အိမ်မှာဆုံဖြစ်ပါတယ်။ ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါး ပြောကြရင်း သူတစ်နေ့က ဘူတာမှာ ကြုံခဲ့ရပုံအကြောင်းကို ဖောက်သည်ပြန်ချပါတယ်။

အဲဒီနေ့က သူဘူတာက အထွက်မှာ သူ့ကို ဂျပန်အမျိုးသမီးနှစ်ဦးက လာနှုတ်ဆက်တယ်တဲ့။ ပြီးတော့ သူတို့နှင့် ကော်ဖီလိုက်သောက်ဖို့ အချိန်ရပါသလားလို့မေးတယ်ဆိုပဲ။ သူကလည်း အားနေတာမို့ အချိန်ရပါတယ်ဆိုပြီး သူတို့တွေနှင့် လိုက်သွားလိုက်တယ်တဲ့။ (ကောင်မလေးနှစ်ယောက်ကခေါ်တာမို့လို့ လိုက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ :) )

ဆိုင်ထဲရောက်တော့ အဲဒီအမျိုးသမီး နှစ်ယောက်က မိတ်ဆွေကို သူတို့ရဲ့  ဘာသာထဲကို ၀င်ဖို့ စတင်စည်းရုံးရေးဆင်းပါတော့တယ်တဲ့။ အဲဒါနှင့် ကျွန်တော်က မိတ်ဆွေကို ကြားဖြတ်ပြီး ကင်းမျှော်စင် အဖွဲ့တွေလားလို့ မေးလိုက်ပါတယ်။ သူက မဟုတ်ဘူး။ အခုဟာက အသစ်လို့ ဖြေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီမှာ ကင်းမျှော်စင်အဖွဲ့တွေက အခုလိုမျိုးပဲ။ ဘူတာတွေမှာ အရှေ့ တိုင်းသားရုပ်ပေါက်တဲ့သူတွေကိုဆို လိုက်ပြီးနှုတ်ဆက်၊ ပြီးတော့ သူ့တို့ဘာသာအကြောင်းရှင်းပြ၊ သူတို့ ဘုရားကျောင်းကို အလည်လာဖို့ဖိတ်၊ ပြီးရင် ဖုန်းနံပါတ်တောင်း၊ အိမ်လာလည်၊ ပြီးရင် အိမ်က လူတွေကိုပါ တစ်ခါထပ်ပြီး စည်းရုံးရေးဆင်း။ အဲဒီလိုမျိုးတွေက ဒီမှာ သူတို့အဖွဲ့တွေက လုပ်နေကြဖြစ်နေပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အဲလိုအလုပ်ခံရဖူးတော့ မေးကြည့်မိလိုက်တာပါ။ သူက အသစ်လို့ပြောတော့ တော်တော်လေး စိတ်ဝင်စားသွားတယ်။

(၃)
ကျွန်တော့်မိတ်ဆွေက ဆက်ပြောပါတယ်။ အမျိုးသမီးနှစ်ယောက်ကို သူက ခင်ဗျားတို့ဘာသာက ဘာလဲလို့မေးတော့ ဗုဒ္ဓဘာသာလို့ဖြေတယ်တဲ့။ ဒါနဲ့ သူက ငါလည်း ဗုဒ္ဓဘာသာပဲလေ လို့ ပြန်ဖြေတော့ သူတို့က မတူဘူးလို့ပြောပါတယ်တဲ့။ ဘယ်လိုကွာလို့လဲလို့ မေးတော့ သူတိုတွေဖြေပုံက..... အခု သူတို့ကိုးကွယ်တဲ့ ဘုရားက အခုနောက်ဆုံးပွင့်ခဲ့တဲ့ ဘုရားနှင့် အရှေ့ အရှေ့ ပွင့်ခဲ့တဲ့ ဘုရားတွေထက် ရှေးနှစ်ပေါင်းများစွာ (ဘယ်လောက်လောက်လဲတော့ မသိပါ) စောပြီး ပွင့်ခဲ့တဲ့ဘုရားဖြစ်ပါတယ်တဲ့။ အဲဒီ Senior ဘုရားကြီးရဲ့  အဆုံးအမတရားတွေကို နောက်နောက် Junior ဘုရားများက လိုက်ဟောကြတာဖြစ်ပါတယ်တဲ့။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ အဲဒီ သူတို့ရဲ့  ဘုရားကြီးဟာ ဂျပန်ပြည်မှာ ပွင့်ခဲ့တာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် သူတို့ရဲ့  ဗုဒ္ဓဘာသာဟာ အစကနဦးရဲ့  အစကနဦး (ဂျပန်လိုဆိုရင် Moto No Moto ) ဖြစ်လို့ နေနှင့်အလားသဏ္ဍာန်တူပါတယ်တဲ့။ အိန္ဒိယမှာ ပွင့်တဲ့ဘုရားက သူတို့ ဘုရားကြီးရဲ့  အဆုံးအမကို မှီပြီး ဟောကြားရတာဖြစ်လို့မို့ လနှင့် အလားသဏ္ဍာန် တူပါတယ်လို့ ဆိုပါတယ်။

ကျွန်တော့်မိတ်ဆွေကလည်း ဘာသာရေးဗဟုသုတအတော်လေး ရှိထားတဲ့သူမို့ သူတို့ကို ပြန်ပြီးမေးခွန်းတွေမေးခဲ့ပါတယ်။ သူက ငါတို့ဘာသာမှာ လူတွေလိုက်နာဖို့ ငါးပါးသီလဆိုတာရှိတယ်။ ခင်ဗျားတို့ ဘာသာမှာကော လိုက်နာဖို့ ဘာသတ်မှတ်ထားလဲလို့ မေးတော့။ သူတို့ဖြေပုံက ငါးပါးသီလဆိုတာ လိုက်နာဖို့သတ်မှတ်ထားပေမယ့်လို့ ဘယ်သူ့မှ ထိထိရောက်ရောက် မလိုက်နာနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ဘာသာမှာ လိုက်နာဖို့ ဘာမှ မသတ်မှတ်ထားပါဘူးတဲ့။ ဒါဆို ခင်ဗျားတို့ဘာသာရဲ့  ကျင့်စဉ်အနေနှင့် ဘာရှိလဲလို့ မေးတော့ သူတို့ဘာသာရဲ့  အဓိကအချက်က စိတ်ကောင်းမွေးဖို့ပါပဲ တဲ့။ ကိုယ့်မှာ စိတ်ကောင်းရှိလာတဲ့အခါကျရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း စိတ်ကောင်းရှိလာအောင် လုပ်ပေးရမယ်။ ဒီလောက်ပါပဲလို့ ဆိုပါတယ်။ အဲဒီလိုစိတ်ကောင်းမွေးတော့ အကျိုးကျေးဇူးအနေနှင့် ဘာရှိမလဲလို့ မေးတော့ သူတို့တွေမှာ စိတ်ညစ်တယ်ဆိုတာ မရှိတော့ပဲ အမြဲတမ်းပျော်ရွှင်နေပါတယ်တဲ့။ သူတို့ ဘာသာဝင်တွေအားလုံးဟာ အမြဲတမ်း ပျော်ရွှင်နေကြသူတွေဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူတို့ပြောပုံက အခုလူတွေကို ကြည့်လိုက်ရင် အမြဲတမ်း Stress တွေနှင့် စိတ်ပင်ပန်း၊ စိတ်ညစ်နေကြတယ်တဲ့။ တကယ်လို့ သူတို့ဘာသာထဲကိုသာ ၀င်လိုက်ရင် အဲဒီပြဿနာမျိုး မဖြစ်တော့ပဲ အားလုံးဟာ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်ဖြစ်လာကြမယ်လို့ ဆိုပါတယ်။

(၄)
ဆက်ပြီး ပြောတာကတော့ သူတို့ဘာသာမှာ ဘုန်းကြီးဆိုတာလည်း မရှိဘူး။ အရိုအသေပြုစရာလည်း မလိုပါဘူးတဲ့။ ရုပ်တုကိုးကွယ်မှုတွေကိုလည်း မလုပ်ရဘူး။ လုပ်စရာ မလိုပါဘူးတဲ့။ အိမ်မှာ ဆင်းတုတော်တွေရှိရင် အဲဒါတွေကို စွန့်ပစ်လိုက်ပါ။ ဖျက်ဆီးပစ်လိုက်ပါလို့ဆိုပါတယ်။ သူတို့ဘာသာထဲဝင်လာတဲ့ ဗုဒ္ဓဘာသာတစ်ဦးဆိုရင် သူ့အိမ်မှာရှိတဲ့ဆင်းတုတော်ကို ဓါးနှင့်ခုတ်ပစ်လိုက်တယ်လို့ဆိုပါတယ်။ (တဆင့်ပြန်ကြားရတာတောင် ကျောတော်တော်ချမ်းသွားမိပါတယ်။)

ကျွန်တော့်မိတ်ဆွေလည်း အဲဒီစကားတွေကြားတော့ တော်တော်လေးစိတ်ညစ်သွားပါတယ်။ သူတို့ကလည်း အတင်းကို သူတို့ဘာသာကိုဝင်ဖို့၊ သူတို့ရဲ့  ဘုရားကျောင်းရှိတဲ့ဆီ လာလည်ဖို့တွေပြောပါတယ်။ နောက်ဆုံး ကျွန်တော့်မိတ်ဆွေလည်း အပြတ်ပြောမှ ဖြစ်တော့မယ်စိတ်ကူးပြီး ခင်ဗျားတို့ဘာသာမှာ မွေးဖွားမှုတွေ ချုပ်ငြိမ်းသွားတဲ့ ဖြစ်စဉ်မျိုးရှိလားလို့ မေးပါတယ်။ ဒီတော့ သူတို့က မရှိကြောင်း။ လူတွေက သေပြီးရင် နောက်တဖန်ပြန်ဖြစ်ရအုံးမယ်လို့ ပြန်ဖြေပါတယ်တဲ့။ မိတ်ဆွေက တစ်ခါ ခင်ဗျားတို့ ဘာသာမှာ လူတွေ မိုးပေါ်မှာ ပျံတာမျိုး၊ လမ်းလျှောက်တာမျိုးတွေ လုပ်လို့ရလား၊ ကမ္ဘာကြီးကို ပတ်ကြည့်လို့ရလားလို့ မေးတော့ အဲဒီအမျိုးသမီးနှစ်ယောက် တော်တော်ခေါင်းစားသွားကြပါတယ်။ သူတို့က လေယာဉ်ပျံနှင့်ပတ်မှာလားလို့ ပြန်မေးတော့။ မဟုတ်ဘူး ခြေထောက်နှစ်ချောင်းနှင့်ဘဲ ကောင်းကင်ပေါ်မှာ သွားမှာလို့ပြောတော့ သူတို့က မဖြစ်နိုင်ကြောင်း ပြန်ဖြေပါတယ်။ ဒီတော့မှ ကျွန်တော့်မိတ်ဆွေက ငါတို့ ဘာသာမှာ မွေးဖွာမှုတွေ ချုပ်ငြိမ်းသွားတဲ့ ဖြစ်စဉ်ဆိုတာရှိတယ်။ ငါတို့က အဲဒီဖြစ်စဉ်ကို ရောက်ဖို့အတွက် ကြိုးစားနေကြတာ။ ငါတို့ဘာသာမှာ ကောင်းကင်ပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ကျင့်စဉ်တွေ၊ ကမ္ဘာကို ဒီအတိုင်းပတ်နိုင်တဲ့ ကျင့်စဉ်တွေရှိတယ်။ အဲဒါတွေကို ကျင့်ပြီး တကယ်လုပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ ဒီတော့ ခင်ဗျားတို့ ဘာသာမှာ ဒါမျိုးတွေမရှိတော့ ငါ့အနေနှင့်ကတော့ ပိုက်ဆံကို ဒေါ်လာသန်းနှင့်ချီပေးပြီး (ဂျပန်ယန်း အိုခု လိုက်ပေးပြီး) ဘာသာပြောင်းခိုင်းရင်တောင် မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်ပါတော့တယ်။

(၅)
ဒီလိုပြောလို့လည်း သူတို့က လက်လျှော့မသွားပဲ ဒါဆိုလည်း စဉ်းစားပါအုံး။ စာအုပ်တွေလည်း လေ့လာကြည့်ပါဆိုပြီး ပေးပါတယ်တဲ့။ မိတ်ဆွေကလည်း စိတ်ချဉ်ချဉ်ရှိတာနဲ့ ငါက ဂျပန်စကားပဲပြောတတ်တာ၊ စာတော့မဖတ်တတ်ဘူးလို့ ပြောပြီး မယူခဲ့ပါဘူးတဲ့။ ဒါဆို လည်း သူတို့ သုံးပတ်စောင့်ပါ့မယ်။ ထပ်စဉ်းစားပေးပါ ဆိုပြီး ဖုန်းနံပါတ်တွေပေးသွားပါတယ်တဲ့။

ကျွန်တော်က အဲဒီဘာသာကို ဘယ်လိုခေါ်တယ်လို့ပြောလဲဆိုတော့ မိတ်ဆွေက ပြောတော့ပြောသွားတယ်။ သဲသဲကွဲကွဲ နားမလည်လိုက်ဘူးလို့ပြန်ဖြေပါတယ်။ နောက် သူတို့ ဘာသာအကြောင်း ရေးထားတဲ့ စာအုပ်ဆိုတာတွေကကော ဘာခေါင်းစဉ်တွေလဲ ဆိုတော့ သူက စိတ်မ၀င်စားတာနှင့် သေသေချာချာကို မကြည့်ဖြစ်ခဲ့လိုက်ဘူးလို့ ပြောပါတယ်။ ဒါဆို အခုဖုန်းနှင့်မေးလို့ရရင် မေးကြည့်ပါလားလို့ သူ့ကို မေးခိုင်းလိုက်တော့ သူတို့ဘာသာအကြောင်းနှင့်ပတ်သက်တာကို လေ့လာနိုင်တဲ့ စာအုပ်အကြောင်းကို SMS နှင့်ပို့လာပါတယ်။ နောက် SMSထဲမှာရေးထားတာက အပြင်စာအုပ်ဆိုင်တွေမှာ ၀ယ်လို့မရတဲ့အကြောင်း။ ဖတ်ချင်ရင် သူတို့ဆီက ငှားဖတ်မှ ရမယ့်အကြောင်း ပြောထားပါတယ်။

(၆)
ကျွန်တော်လည်း စာအုပ်အကြောင်းအရာကို အင်တာနက်မှာ ရှာကြည့်တော့ တွေ့တော့တွေ့ပါတယ်။ တွေ့တာတွေအရကတော့ အဲဒီဘာသာဟာ မဟာယာနကနေဆင်းသက်လာတာပါဘဲ။ အဲဒီအမျိုးသမီးနှစ်ဦး ပြောသွားတဲ့ အသေးစိတ်အကြောင်းအရာမျိုးတွေတော့ မပါပါဘူး။ ကျွန်တော်ပဲ ဂျပန်စာကို အင်္ဂလိပ်လိုပြောင်းရှာလို့များလားတော့မသိပါဘူး။

ဘာသာရေးပညာရှင်များနှင့်စိတ်ဝင်စားသူများ လေ့လာနိုင်အောင် အောက်မှာ Reference တွေ ထည့်ပေးလိုက်ပါတယ်။

日蓮大聖人の折伏理論書 (Nichiren dai seijin no shakubuku riron-sho)

ဒါက SMS က ပို့ပေးလိုက်တဲ့ ဖတ်ရမယ့်အကြောင်းအရာပါ။

ကျွန်တော် ဆက်ရှာဖြစ်တဲ့လင့်ခ်တွေက
http://en.wikipedia.org/wiki/Nichiren_Buddhism
http://en.wikipedia.org/wiki/S%C5%8Dka_Gakkai
http://www.sgi.org/

Website စာမျက်နှာတွေအရဆိုရင်တော့ ဒီအဖွဲ့အစည်းဟာ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် လှုပ်ရှားနိုင်နေတာကို တွေ့ရပါတယ်။ သူတို့ ဘယ်လိုတွေနှင့် လူတွေကို စည်းရုံးရေးဆင်းနေသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူသားတိုင်း မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြပါတယ်။ တခြားဘာသာတွေကလည်း သူတို့ဘာသာအတွက် သူတို့နည်းသူတို့ဟန်နှင့် စည်းရုံးရေးတွေလုပ်နေကြပါတယ်။ ပြဿနာမရှိပါဘူး။ ထေရ၀ါဒ၊ မဟာယာန ဗုဒ္ဓဘာသာဝင်တွေကလည်း သာသနာပြုလုပ်ငန်းတွေကို ပုံစံအမျိုးမျိုးနှင့် ကမ္ဘာတစ်လွှားမှာ လုပ်နေကြပါတယ်။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့်အခုလို ဗုဒ္ဓဘာသာခေါင်းစဉ်တပ်ပြီး သမိုင်းအထောက်အထား၊ စာပေအထောက်အထား၊ တရားသားလေးနက်မှု ဘာမှ မယ်မယ်ရရ ခိုင်ခိုင်မာမာမရှိဘဲ စည်းရုံးလှုပ်ရှားနေတာကတော့ ပြဿနာရှိတယ်လို့မြင်ပါတယ်။ တခြားဘာသာဝင်တွေဘက်ကကြည့်ရင် ဒီလူတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေလို့ပဲ မြင်စရာရှိပါတယ်။ အထင်အမြင်သေးစရာဖြစ်နိုင်ပါတယ်။

ကျွန်တော့်ဘက်က ဒီအဖွဲ့အစည်းအကြောင်းကို ဆက်လက်လေ့လာဖို့ရန်မှာ ဘာသာစကားအခက်အခဲ၊ ပညာရပ်ဆိုင်ရာ အခက်အခဲများရှိနေပါတယ်။ ဖြစ်နိုင်ရင် တတ်သိနားလည်တဲ့ပုဂ္ဂိုလ်များက ဒီအဖွဲ့အစည်းအကြောင်းကို ဆက်လက်လေ့လာဖော်ထုတ်ရေးသားမှုပြုပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။ Made In Japan ကို သဘောကျတဲ့ ကျွန်တော် ဒီတစ်ခါ Made In Japan ဗုဒ္ဓဘာသာကိုတော့ အတော်လေး လန့်သွားမိပါတယ်။ စာဖတ်သူများကော ဒီ ဂျပန်မိတ်စစ်စစ်ကို ဘယ်လိုသဘောရပါသလဲ ခင်ဗျား။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP