အမေအို မျှော်ရှာရော့မယ်
(၁)
ညတစ်ည။ အိပ်မပျော်သောညတစ်ည။ လသာသော ညတစ်ညပါပေ။ အိပ်အပေါ်ဆုံးထပ် လသာ ဆောင်မှာ လမ်းလျှောက်ရင်း ဘေးဝဲယာ အဆောက်အဦးတွေကို ငေးမောရင်း အတွေးနယ်ချဲ့ နေမိသည်။ ကျောင်းသားသစ်ဖြစ်ခါစမို့ အဆောင်မရသေးတော့ ဗာရာဏသီ (B.H.U) တက္ကသိုလ်၏ မလှမ်းမကမ်းတွင် အိမ် ငှါးနေရသည်။ ကုလားပြည်၏ ထုံးစံအရ အိမ်ဆောက်လျှင် ဘယ်တော့မှ အဆုံးလည်းမသတ် အမိုးလည်းမမိုး။ ထို့ကြောင့်မို့ လသာသည့်ညမျိုးတွင် အပေါ်တက်လမ်းလျှောက်ရင်းအိပ်မော
ထည်ဝါခန့်ငြားလှသည့် ရပ်ကွက်ထဲက အိမ်နီးနားချင်း တိုက်ခန်းများတွင်လည်း မီးရောင်ဟူ၍ မတွေ့ရ တော့။ တစ်မြို့လုံးလည်း တိတ်ဆိတ်ငြိမ်သက်နေလေပြီ၊ အဖော်မွန်ဟူ၍ မျက်စောင်းထိုး (B.H.U) ခြောက် ထပ်ဆေးရုံကြီးသာရှိတော့သည်။
လူသားတို့၏ ချို့ယွင်းနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို(
ယူကျုံးမရ နာကျင်ကြေကွဲသံများကို ကြားရသည့်အခါ စိတ်ထဲမှာမချမ်းသာလှ။ အတွေးနယ်ချဲ့ချင်စိတ် လည်းမရှိတော့။ အသံလာရာဆီငေးမောကြည့်မိပြန်တော့ လူသေအလောင်းထုတ်လာသည့်လှည်းဖြင်
သေမျိုးမို့ သေကြရသည့်တိုင်လူသားတို့ရင်ထဲက သံယောဇဉ်အမျှင်တန်းကတော့ အလွမ်းဇာတ်ကို အတောသတ်နိုင်ကြလိမ့်မည်မဟုတ်။ ချစ်သောသူတို့ ကွေကွင်းရခြင်း သောကကိုရင်မှာပိုက်၍ ဘယ်တော့မှ မရိုးနိုင်သောလွမ်းဇာတ်အခန်းဆက်
သည်လိုညမျိုးတွင် နှစ်ခြိုက်စွာ အမေအိုအိပ်၍ ပျော်မှပျော်ပါလေစ။ တရေးနိုးသည့် အခါတိုင်းအဝေး ရောက်သားရဟန်းအကြောင်းကို အမေအိုတွေးတောကောင်းတွေးတောနေေ
ထို့ကြောင့်ပင် မိဘမေတ္တာဟူသည် “ အစုန်သာရှိပြီး အဆန်မရှိ” ဟု ရှေးပညာရှိများဆိုမိန့်ခဲ့ကြတာ ဖြစ်ပေလိမ့်မည်။
ညစဉ်တိုင်း လျှပ်စစ်မီးရောင် ကင်းမဲ့နေသော တောင်ပေါ်ရွာလေး၏ မတောက်တတောက်ရေနံဆီ မီးရောင်အောက်မှာ အမေအိုတစ်ယောက် သားသမီးများအကြောင်းကို တစ်ယောက်ပြီးတစ်ယောက်တွေးနေရှာ ပေလိမ့်မည်။ မမြင်ဝိုးတ၀ါး မှောင်မိုက်နေသော ညအခါမျိုးတွင် စမ်းတ၀ါးဝါး အမေအိုမျှော်နေရှာတော့မည်။ အမေအိုအဆင်ပြေမှပြေပါလေစ…။
မှတ်မိသေးသည်။ သီရိလင်္ကာမှ မြန်မာပြည်ခဏပြန်လာသည့်အခါ ရွာကိုချက်ချင်း မပြန်ဖြစ်။ ရန်ကုန် တွင် ဗီဇာကိစ္စဖြင့် နှစ်ပတ်ခန့်မျှ မန္တလေး မတ္တရာ စစ်ကိုင်းတွင် (၁၀)ရက်ခန့်မျှ ကြာသွားသည့်အခါ သားတော်မောင် ပြန်လာမည့်ရက်ကို ဒီနေ့ဖြစ်လိမ့်နိုးနိုး မနက်ဖြန်ဖြစ်လိမ့်နိုးနိုး အမေအိုက စောင့်မျှော် နေရှာသည်။ ရောက်သင့်သည့်အချိန် သားရဟန်း မရောက်လာသည့်အခါ အမေအိုခမျာ စိတ်ပေါက်ပေါက်ဖြင့် မလာချင်လည်းနေတော့ဟု စိတ်ဒုံးဒုံးချလိုက်ကြောင်း ပြောပြမှသိရသည်။သို့သော် အမှန်တစ်ကယ် သားရဟန်း ပြန်လာလာမည့်ညတွင် တစ်ညလုံးမီးလှုံရင်း အမေအိုစောင့်မျှော်နေခဲ့ပါသည်။
ကားအခက်အခဲကြေင့် မနက်မိုးလင်းမှရောက်သည်။ သားရဟန်းရောက်လာတော့မှ (၁) နာရီလောက် မှေးပြီး သားရဟန်းအတွက် အရုဏ်ဆွမ်းထချက်ခဲ့သည်။ သားရဟန်းကို စောင့်မျှော်ရင်းမနက်မိုးလင်းခဲ
(၂)
မိမိဘ၀တစ်လျှောက်လုံး လူရယ်ဟုသိတတ်သည့်အရွယ်မှစကာ မိခင်နှင့်ခွဲခွါပြီး နေခဲ့ရသဖြင့် မိဘမေတ္တာကို သိသာသိပြီး လက်တွေ့မှာတော့ ခံစားခွင့်များများမရခဲ့။ ခံစားခွင့်ရခဲ့စေဦးတော့ အသိဉာဏ် နုနယ်စဉ် ကလေးဘ၀မို့ မိဘမေတ္တာ အတိမ်အနက်ကို အကဲမဖြတ်နိုင်ခဲ့။ ၁၁-နှစ်သာအရွယ် သာမဏေ ဘ၀နှင့် မြို့ကိုပညာသင်သွားမည် ဆိုသောအခါ အမေအို မျက်နှာသိပ်မသာယာခဲ့။ သို့သော်လည်းသားကိုရင်၏ ကောင်းရာမွန်ရာလုပ်ရပ်မို့ အမေအိုတားမြစ်စကားမဆိုခဲ့။ တောမှာမွေးပြီး တောမှာပဲ တစ်သက်လုံးနေထိုင်လာ သူမို့ မြို့အကြောင်း အမေအိုကောင်းကောင်းမသိခဲ့။ သိမည်ဆိုစေဦးတော့ မြို့ဆိုတာ တောထက်သာတယ် ဆိုသည့် အသိထက်ပိုမည်မထင်။ သားကိုရင်ကို ကောင်းစားစေချင်သော ဆန္ဒမွန်တစ်ခု ဖြင့်သာ အမေအို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြို့ကိုရောက်၍ စစ်ကိုင်း မန္တလေးမြို့ကြီးများတွင် ပညာသင်အပေါင်းအသင်းများ ပျော်ပျော်ရွှင် ရွှင်နေရပြန်တော့ ရွာအမေအိုကို သိပ်သတိမရတော့။ အကြောင်းတိုက်ဆိုင်၍ သတိရပြန်တော့လည်း ရံဖန်ရံခါ ထက်မပိုခဲ့။ ပထမကြီးတန်းရောက်သည့်နှစ်ကို သတိရနေမိသေးသည်။ အရွယ်အားဖြင့်လည်း ရဟန်းတက်ရ တော့မည်။ သည်ကြားထဲ အမေအိုနှင့် ရွာကို သတိရရုံစာရေးရုံကလွဲ၍ တစ်ကြိမ်တစ်ခါမျှ ရွာပြန်မရောက်ခဲ့။ အမေအိုလည်း အခုလောက်ဆို သားတော်မောင်ကို တွေ့ချင်ရှာတော့မည်။ ကိုယ်ကပြန်သွားပါမှ အမေအို အပါအ၀င် ညီအကိုမောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်းများကို စုံစုံလင်လင်တွေ့နိုင်ပေမည်။ တောသူ တောင်သားများအတွက် မြို့ကိုရောက်ဖို့ ဆိုသည်မှာမလွယ်ကူလှ။ “ ငါကပဲ ရွာပြန်မှဖြစ်မည် ဒီနှစ်တော့ ရွာကို ငါပြန်ဖြစ်အောင် ပြန်မည်” ဟု အထုပ်အပိုးပြင်ကာ တပေါင်း တန်ခူးအလွန်ပူပြင်းသည့် အညာနွေအပူဒါဏ် အောက်တွင် အမေအိုရှိရာ ဇာတိရွာသို့ထွက်လာခဲ့သည်။
မိမိမွေးဖွားရာ ဇာတိရွာက မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ တိုင်းအားဖြင့် မကွေးတိုင်းတွင် ပါရှိသော်လည်း ချင်းတောင်တန်းနှင့် ဆက်စပ်နေသည့်အတွက် ချင်းတိုင်းရင်းသားတို့ ၀င်ထွက်သွားလာလေ့ရှိသော မြို့ကလေးလည်းဖြစ်သည်။ အောက်ပိုင်းလူများကတော့ တောင်ယောဟုသတ် မှတ်ကြသည်။ မင်းတုန်းရှင်ဘုရင်လက်ထက်က လောင်းရှည်မိဖုရားကြီးကို အပိုင်စားပေးထားသည့်အတွက် လောင်းရှည်မြို့ဟု အမည်တွင်ကြောင်း ရွာကရှေးလူကြီးအချို့ပြောသည်ကို မှတ်သားဖူးသည်။ အိပ်ခြေအားဖြင့် (၇၀၀) ခန့်ရှိမည်ထင်သည်။ ရွာသားတို့သည် ဘိုးဘွားအစဉ်အဆက် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဘာသာတရားကို အမြတ်တနိုး အားထားကိုးကွယ်ကြသည်။
ဆရာတော် သံဃာတော်တို့၏ စကားကိုလည်း မြေ၀ယ်မကျ နားထောင်ကြ၍ မြန်မာလူမျိုးတို့၏ ရှေးဟောင်းဓလေ့ ထုံးတမ်းစဉ်လာတို့ကိုလည်း မပျောက်ပျက်အောင်ထိန်းသိမ်းစော
အမေအိုကိုတွေ့ချင်ဇောဖြင်
အင်း….ခက်တော့ခက်ခြေပြီ စိတ်ပျက်စွာလမ်းဘေးက ဇရပ်ပျက်တစ်ခုပေါ်တွင် ခဏနားနေမိသည်။ ကံအားလျှော်စွာ ခရီးသည်လိုက်ရှာနေသည့် ရွာကကုန်ကားနှင့်တိုးတော့သည်။ ရင်ထဲကအလုံးကြီးကျသွားပြီး ရွာသွားမည့်ကားဟုသိသည်နှင့် ဘာမှမပြောတော့ဘဲ လူရော ပါလာသည့်အိတ်များပါ အကုန်လုံးပြစ်တင်ပြီး စီးလာခဲ့သည်။ အစကတော့ ကိုယ့်ဇောနှင့်ကိုယ်မို့ ရွာကိုသွားမည့် ကားတွေ့ဖို့သာ အရေးကြီးသည်။ ကျန်တာဘာမှထည့် မတွက်ခဲ့။ အချိန်အတော်ကြာအောင်စီးမိတော့မှ ရွာကားစီးရတာအဆင်မပြေလှကြောင်း သိလာရသည်။ ကုန်ပစ္စည်းများပေါ်ထိုင်လိုက်
“အော်….ရွာပြန်ရတဲ့ဒုက္ခ…
“ လှည်းလမ်းကြောင်းတစ်လျှောက်xxxx ဖုန်လုံးကြီးတွေxxxx တလိပ်လိပ်တက်တာမြင်ယောင်သေး တော့သည်xxxx အညာဋ္ဌာနီ တခါလာမည်xxxx ကျနော့်အတွက်တော့ မေ့မရပါလေပြီxxxx ” အဆိုတော် သန်းထွန်းလေးရဲ့ သီးချင်းဖြစ်သည်။ သီချင်းကိုနားစိုက်နေရင်း “ အင်း…..ငါ့အတွက်တော့ ကားလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေxxxx တလိပ်လိပ်တက်တာမြင်ယောင်သေးတော့
တစ်ကယ်လည်းဟုတ်သည် ကားရပ်လိုက်တိုင်း တစ်လိပ်လိပ်တက်လာသော ဖုန်လုံးကြီးများအောက် တွင်လူရောကားပါ ပျောက်မတတ်ဖြစ်ခဲ့ရသည်။ ရွာပြန်မည်ဆိုပြီး ထုတ်လာခဲ့သော ရှိုးစမိုးများပင် ဘယ်ကို ရောက်ကုန်သည်မသိတော့။ ဖုန်ရုပ်သာပေါက်နေတော့သည်။ မည်သို့ပင်ဖြစ်စေ တောအလျှိုလျှို တောင်အထပ် ထပ်ကိုကျော်ဖြတ်၍ ရွာကိုရောက်သွားခဲ့ပါသည်။ ရွာကိုရောက်တော့ အချိန်အားဖြင့် ညနေငါးနာရီဝန်းကျင် လောက်ရှိမည်ထင်သည်။ အမေအိုတစ်ယောက် အိမ်ရှေ့ရေတိုင်လေးမှာ ရေခပ်နေသည်ကို အဝေးကလှမ်းမြင် နေရသည်။ သို့သော်…. အမေအိုကတော့ သားဖြစ်သူကို ကျောပေးထားသဖြင့် မမြင်သေး။ အနီးအနားရောက် တော့မှ အိမ်နီးနားချင်းတွေက အမေအိုကို လှမ်းအော်ပြောကြသည်။
အရီး….အရီး….
“ဟောဒီမှာ အရီးသား ကိုရင်ပြန်လာတယ်” ဆိုတော့မှ လုံချည်တိုတိုနှင့် ရေအိုးပင့်မည့်ဟန်ပြင်နေ ရာမှ အမေအိုက လှမ်းလာနေသော သား ကိုရင်ကိုတွေတွေကြီး ရပ်ကြည့်နေရှာလေသည်။ မတွေ့ရတာ ကြာပြီ ဖြစ်သည့် သားကိုရင်ကို ဗြုန်းကနဲ တွေ့လိုက်ရ၍ ၀မ်းသာလွန်းသည်လား။ သို့မဟုတ် အသက်ကြီးပြီဆိုတော့ မျက်စိမှုန်နေလို့အမြင် မသဲကွဲတော့တာလား မပြောတတ်။ မိနစ်အတော်ကြာသည်အထိ အမေအိုထံမှ ဘာသံမှ ထွက်မလာခဲ့။ အတော်လေးကြာတော့မှ လေးလေးတွဲ့တွဲ့အသံနဲ့…
“အော်….. ကိုရင်ကြွလာတာကိုး…..”
“အိမ်ပေါ်ကြွ…. ကိုရင်….”
ဆိုပြီး အိမ်ပေါ်ပင့်လို့ အပေါ်ရောက်လာတော့မှ သောက်ရေသုံးရေနှင့် နားစရာအိမ်စရာ သားကိုရင် တွက် အမေအိုစီစဉ်ပေးခဲ့သည်။ ရွာမှာနေ၍ အမေ့အရိပ်ခိုရစဉ်ကာလ မြို့ပြစာသင်သားဘ၀ ဆင်းရဲခဲ့သမျှ အတိုးချကာ ဇိမ်ကျချင်တိုင်း ကျနေပေတော့သည်။ အရုဏ်လည်း အရုဏ်မို့ နေ့ဆွမ်းဆိုလည်း နေ့ဆွမ်းမို့ လိုလေသေးမရှိစေရ ညီအကို မောင်နှမ ဆွေမျိုးသားချင်းများ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ ရွာသူ ရွာသားများ ကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးခြဲ့
“ ကိုရင်က ငယ်ငယ်ကတည်းက ဟင်းကောင်းမပါရင် ထမင်းစားတတ်တာမဟုတ်ဘူး ” ဟုလည်း ပါးစပ်ကတဖွဖွပြောရှာသေးသည်။ သို့ပေမယ့် သားတော်မောင်ကိုရင်က မြို့မှာအနေကြာ၍ မြို့စိတ်ပေါက်ကာ အမေ့လက်ရာကို မြို့ကဟင်းများလောက် ခံတွင်းမတွေ့တော့တာကိုတော့ အမေအိုမသိရှာခဲ့။
“ ကိုရင်……”
ဟင်းတွေကုန်အောင် ဘုဉ်ပေးလေ..။
ရက်တွေကြာရင် ကောင်းမှာမဟုတ်တော့ဘူး ဟုလည်း ခဏခဏ အမေအိုပြောတတ်ပြန်သေးသည်။ အမေ့ အားနာသနားစွာ အမေ့လက်ရာကို မြည်းကြည့်ပြန်တော့လည်း လျှာနှင့်သွားများက ဆန္ဒပြကာ အမေ့လက်ရာကိုမြည်းဖို့ရာ တစ်ခါနှင့်တစ်ခါ အချိန်အတော်ကြာခဲ့သည်။ အမေ့ဆန္ဒကို ဖြည့်ဖို့ကြိုးစားခဲ့သည့် တိုင် စားမရတော့သည့်အဆုံးမှာ….
ပြည့်စုံပြီ…..ဒကာမကြီး…
ကိုရင်………….
ဘုရားရှိခိုးဦးနော်…ဟု..
သတိပေးခါမှ အိပ်ယာကုတင်ပေါ်မှ ကပြာကယာအောက်ပြန်ဆင်းပြီး ဘုရားစင်ရှေ့ထိုင် ဦးသုံးကြိမ်ချ သြကာသကန်တော့ချိုးကို အပြေးအလွှားဆိုပြီး အိပ်ယာဝင်ခဲ့ရသည်။ အမေအိုကတော့ ငါ့သား မြို့ကိုစာသင် သွား စာမေးပွဲတွေအောင်ပြီဆိုတော့ ဘုရားကန်တော့ဖို့ကျမှ ပြောနေရပါလား..လို့ တွေးကောင်းတွေးနေပေလိမ့် မည်။ မြို့စာသင်တိုက်မှာက ဘုရားရှိခိုးကျောင်းမတက်မိလျှင် ဒဏ်ထမ်းရသည်မို့ လူငယ်ကိုရင်ပီပီ အမေ့အိမ် ရောက်ခိုက် ကုသိုလ်ကို ရေသာခိုမိခြင်းပင်။ အိပ်ယာဝင်ပြီး မကြာမီ အမေအို ကုတင်နားရောက်လာပြီး….
ကိုရင်……ချမ်းသလား…။
စောင်ထပ်အုံမလား….ဟု ကြင်နာယုယစွာ သားတော်မောင်ကို မေးခဲ့သည်။
တော်ပြီ အမေ မယူတော့ဘူး ဆိုတော့မှ ခြုံစောင်ကို ဂရုတစိုက် ခြုံပေးခြင်း ခြင်ထောင်ကို သေသေချာချာချပေးကာ အမေအို မီးပိတ်ထွက်ခွါသွားခဲ့သည်။ အိပ်ယာထဲရောက် (၁၅) မိနစ်လောက်ကြာ အိပ်ပျော်ကာနီးတော့ အိပ်ယာကုတင်ဘေး ဘုရားစဉ်အောက် ဘုရားပူဇော်ထားသည့် ဆီမီးတိုင်၏ အလင်း ရောင်အောက်တွင် အမေအို၏ ရုပ်အလွှာဖြင့်ဘုရားရှိခိုးသံကို တဖန်မြင်ရ ကြားရပြန်သည်။
အစိန္တေယျ.. အစိန္တေယျ….
အပၸေမယ်..အပၸေမယ်….
ၾသကာသ..ၾသကာသ….
အ၀ိဇၨာ ပစၥယာ သခၤါရာ….
သခၤါရာ ပစၥယာ ၀ိညာဏံ….
ဟေတုပစ္စယော.. အာရမ္မဏ ပစ္စယော….
ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ….
ဥပါဒ်ရန်ဘေး ကင်းစင်ဝေ..ငြိမ်းအေးကြပါစေ….
အားလုံးကြားကြားသမျှ..အမှ
သာဓု….သာဓု….သာဓု…..
တူဝေ……တူဝေ……တူဝေ………….(ြေ
အမေအို၏ မေတ္တာသံ ကြေးစည်သံနှင့် အမျှဝေသံတို့သည် ကြားနာရသူအဖို့ နှလုံးစိတ်ဝမ်း အေးချမ်း၍ ကြည်နူးဖွယ်ရာ အလွန်ကောင်းလှသည်။ အခြားသူအဖို့တော့ မပြောတတ် မိမိအတွက်မူ ကြားခဲ့ဖူးသမျှ အသံထဲမှာ အချိုဆုံး အအေးမြဆုံးဖြစ်ခဲ့သည်။
ဝေနေယျသတ္တ၀ါမှန်သမျှ အမေအို၏ မေတ္တာဓာတ်ကြောင့် ဧကန်မုချ ချမ်းသာရာ ရကြပါစေဟုလည်း ဆုတောင်းနေမိသည်။ မြတ်ဗုဒ္ဓ၏ ဓမ္မရင်ခွင်မှာ ခိုဝင်ငြိမ်းချမ်းနေသည့် အမေအိုတစ်ယောက် ဓမ္မကထိကဆရာ တော်အဆူဆူ ဟောသမျှ တရားတော်များကိုသာ နာခံမှတ်သားရင်း ကြီးပြင်းခဲ့ရသည်။ မြို့စာသင်တိုက်ရောက် သားကိုရင်လို စနစ်တကျသင်ယူခဲ့ရသည်မဟုတ်။ ထို့ကြောင့် ရွတ်သမျှပါဠိများက ဌာန်ကရိုဏ်းတော့ သိပ်မကျလှ မှန်တာရှိသလို မှားတာလည်းပါသည်။ ရှေ့ကစာနောက်ရောက် နောက်ကစာရှေ့ရောက်ဖြင့် အလွဲ လွဲအချော်ချော် ရွတ်ဖတ်ပူဇော်နေတာကိုလည်း ကြားခဲ့ရပြန်လေသည်။
မည်သို့ပင်ဖြစ်စေ အနက်အဓိပ္ပါယ် ကောင်းစွာမသိသော်လည်း မြတ်ဗုဒ္ဓ၏ လေးနက်သည့် တရားတော် အမှတ်ဖြင့် တတ်သမျှမှတ်သမျှ အကုန်ရွတ်ဖတ် ပူဇော်နေသော အမေအိုကို စိတ်ထဲမှ သာဓု….သာဓု…သာဓု…. ဟု အကြိမ်ကြိမ် အခါခါ ခေါ်မိပြန်ပါသည်။ ရသမျှဘုရားစာကို အကုန်ရွတ်ဖတ်ပြီး အမေအို အိပ်စက်အနား ယူသွားခဲ့သော်လည်း သားဖြစ်သူကတော့ အမေအို၏တရားသံအောက်တွင် အတွေးစတို့ လွင့်ပြန့်ရင်း ထိုညက မိုးလင်းမှ အိပ်ပျော်ခဲ့ရသည်။
(၃)
နောက်တစ်ရက်မနက် အတွေ့တာကြာပြီဖြစ်သော ရွာမှ သက်တော်ဝါတော်ကြီးဆရာတော်ကြီးမျ
ဂါရ၀ နိဝါတစသော မင်္ဂလာတရားတော်များက ဗုဒ္ဓဘာသာဝင်တို့၏ ချစ်မြတ်နိုးဖွယ်ရာ သင်္ကေတများ ဖြစ်ကြောင်း။ ထိုတရားများကို မစောင့်ထိန်းခြင်းသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာရောက်ရုံသာမက ဘုရားရှင် ၏ တရားတော်များကိုပါ တန်ဖိုးမထားရာရောက်ကြောင်း။ ထို့ကြောင့် ဘ၀မှာ ကြီးပွါးတိုးတက်လိုပါက ထိုတရား များကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း သြ၀ါဒစကားများ ပြောကြားကြ စွမ်းနိုင်သမျှ သင်္ကန်း ထီး ဖိနပ် ၀တ္ထုငွေ စသည်များကိုလည်း စွန့်ကြဲခဲ့ကြသည်။ ထိုမှအပြန် မဖူးရတာကြာပြီဖြစ်သော သက်တော်ရကုန်းပေါ်က စေတီတော်မြတ်ဆီ ခြေဦးလှည့်မိပြန်သည်။ မိမိတို့အိမ်နောက်ကျော တောင်ကုန်းပေါ်မှာတည်ပြီး ငယ်စဉ်က ခဏခဏ သွားရောက်ဖူးမျှော်ခဲ့ရသည့် စေတီတော်လည်းဖြစ်သည်။ စေတီတော်သို့ တက်ရောက်ဖူးမျှော်ရာ လမ်းတလျှောက်တွင် ယခင်က ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် လွှမ်းခြုံရာနေရာတို့သည် ယခုအခါ အိမ်အသစ်လေး များဖြင့် အစားထိုးနေရာယူလျှက်ရှိသည်။
လေဝှေ့ယမ်းသည့်အခိုက် လွင့်ပြန့်လာသည့် ထီးတော်မှဆည်းလည်းသံတို့သည် မိမိအား မတွေ့ရတာ ကြာ၍ ၀မ်းသာအားရ နုတ်ဆက်သည့်ပမာ တချွင်ချွင်ဖြင့် ကြိုဆိုလျှက်ရှိသည်။ ယခင်ကထုံးဖြူဖြူစေတီတော် မြတ်သည် ယခုအခါ ရွှေဝါရောင်လွှမ်းလို့နေလေပြီ။ ရွာသူရွာသားများ၏ ကောင်းမှုပင်လော ဒါမှမဟုတ် အခြားသူတစ်ဦး၏ ကောင်းမှုပင်လော မပြောတတ်။ တောင်ဘက်ကိုကြည့်လိုက်ပြန်တော့ ယခင်ကတော ချောက်၍ လူသူအရောက်အပေါက်နည်းခဲ့သော လျှိုချောက်ကြီးသည် ယခုအခါ ရွာသူရွာသားတို့၏ တရားအား ထုတ်ရာ မိုးကုတ်ရိပ်သာကြီးဖြစ်နေပေပြီ။ ဆရာတော် သီတင်းသုံးရာကျောင်းဆောင် ယောဂီသူတော်စင်များ တရားအားထုတ်ရာ အဆောင်တို့ဖြင့် တိုးတက်ပြောင်းလဲ၍ နေပေပြီ။
တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ်ဆိုသလို လာရောက်တရားပြပေးခဲ့သည့် ဆရာတော်ကြီးများအားလည်း ရွာသူရွာသားတို့ကိုယ်စား ကျေးဇူးအခါခါ တင်မိသည်။ ဆရာတော်ကြီးများ အပင်ပန်းခံလာရောက်တရားပြသ ဆိုဆုံးမမှုတို့ကြောင့် မိမိရွာသူ ရွာသားများလည်း အသိပညာတိုးကြပါစေ။ မြတ်ဗုဒ္ဓ၏ ဓမ္မရင်ခွင်မှာနားခိုရင်း လိမ္မာယဉ်ကျေးကြသော သူတော်စဉ် သူတော်မွန်များ ဖြစ်ကြပါစေဟုလည်း ဆုတောင်းနေမိသည်။ ထို့အပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်။ နှစ်ဆန်းတစ်ရက် အန္တရာယ်ကင်းပွဲတော် စသော ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီးများတွင် ဆရာတော် သံဃာတော်များပင့်၍ တရားနာယူကြ။ အပျို လူပျို ကလေး လူကြီး အဘိုးအဘွားများပါမကျန် ပျော်ပျော်ပါးပါး စီတန်းလို့ဆွမ်းဆန်စိမ်း လောင်းလှူနေကြမည် ကို စိတ်ထဲမှာ အလိုလိုမြင်ယောင်နေမိသည်။
ထိုမှ တစ်ဆက်တည်း ရွာအနောက်ဘက်ထိပ်မှာတည်ရှိသည့် စက်တော်ရာကုန်းတော်သို့ လျှောက်လာ မိသည်။ စက်တော်ရာကုန်းတော်မှာတော့ ယခင်ကုလို သာသာယာယာမရှိတော့။ အဆောက်အဦးများလည်း တောင့်တောင့်တင်းတင်း မရှိတော့သည့်အပြင် ကုန်းတော်သို့တက်ရောက်ရာလမ်းတေ
သူငယ်ချင်းများနှင့် အမှတ်တရဓာတ်ပုံရိုက်ကြ။ ငယ်စဉ်က စုပေါင်ပြီးတော့ မုန့်ဆီကြော် ကြော်ပြီးမိမိတို့ အားကျွေးမွေးခဲ့ကြသည့် မိဘများအကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောနေခဲ့ကြသည်။ စကားပြောရင်း ဘေးဝဲယာကြည့်လိုက်ပြန်တော့ အနောက်ဘက်ရှိ မိမိငယ်စဉ်က ကောက်သင်းကောက်ခဲ့ရသည့် အင်ဘူးပြင်က မိဘများလယ်ကွင်းပြင်ကိုတွေ့ရပြီ
လယ်ကွင်းပြင်များကြားတွင် နေပူမရှောင် မိုးရွာမရှောင် နွားနှင့်ဖက်လုံးပြီး ကုန်းရုန်းနေကြသော်လည်း လူလုံးမလှတလှ ၀မ်းရေးမ၀တ၀နှင့် လယ်ကန်သင်းရိုးတွေကြားမှာ ဘ၀တစ်ခုလုံးမြုပ်နှံ သွားခဲ့ကြသူများ မြုပ်နှံ နေကြဆဲပုဂ္ဂိုလ်များ။ ထို့အတူ သည်လိုဘ၀မျိုးဖြင့်သာ မိမိတို့ကိုလူတလုံး သူတလုံးဖြစ်အောင်ပြုစုပျိုးထော
မြောက်ဘက်ကိုကြည့်လိုက်ြ
ထိုအခိုက် ရွာ၏အနောက်ယွန်းယွန်း စက်တော်ရာကုန်းတော်ခြေရင်း ဘုန်းကြီးကျောင်း(ယွန်းကျောင်း) မှ ကြေးစည်သံကြားလိုက်ရသဖြင့် ဆွမ်းစားဖို့ အချိန်တန်ပြီဆိုတာ သတိရကာ မိခင်အိုရှိရာသို့ ဆွမ်းစားရန်ပြန် ကြွခဲ့ရသည်။
(၄)
ရွာမှာတစ်လလောက်နေပြီးတော
အမေအိုနှုတ်က ဘာမျှမပြောပေမယ့် အမေအိုမျက်နှာပေါ်က ၀မ်းနည်းသည့်သင်္ကေတများကိုတော့ ဖုံးလို့မရခဲ့။ အမေအိုကို ကျန်းမာရေးဂရုစိုက်ဖို့ မှာရင်းအားလုံးကိုနှုတ်ဆက်ကာ ကားပေါ်တက်ထွက်လာခဲ့ရပေ မယ့် အပြန်ခရီးတစ်လျှောက်မှာတော့ အမေအို၏ ပုံရိပ်လွှာကို အတွေးထဲမှာ ဖျောက်ဖျက်မရခဲ့။ အမေအိုတစ် ယောက် ဖျင်ကြမ်းတဘက်ကလေး ပုခုံးတင်ကာ သာတော်မောင် ထွက်သွားရာလမ်းကို မျက်စိတဆုံး အိမ်ပေါက်ဝက စောင့်ကြည့်ကျန်ရစ်နေခဲ့ပေလိမ့်
ညညရောက်ရင် ဘုရားဝတ်ပြုရင်း သားတော်မောင်အကြောင်း မြတ်စွာဘုရားထံ ဆုမွန်ကောင်တွေ တောင်းကောင်းတောင်းနေလိမ့်ဦး
0 comments:
Post a Comment