လွမ်းမောမိသည့်နေ့ရက်လေးများ အပိုင်း(၈)
[IMG]/templates/ashinsirinda/images/PostDateIcon.png[/IMG]Monday, 20 December 2010 21:12 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/694-2010-12-21-05-26-52.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/694-2010-12-21-05-26-52.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzY5NC0yMDEwLTEyLTIxLTA1LTI2LTUyLmh0bWw%3D] အီးမေးလ်[/LINK]
[IMG]/images/stories/GAYA/GAYA2009%20%284%29.JPG[/IMG]အရှင်နိပုဏာလင်္ကာရ{BHU-INDIA}
နောက် တစ်နေ့မှာ မိမိပညာ သင်ကြား နေထိုင်တဲ့ နေရာ ဘနားရပ်စ် ဟိန္ဒူ တက္ကသိုလ်က နိုင်ငံတကာ ကျောင်းသား ဆောင်မှာ ကျောင်းသားတွေရဲ့ အထူး လက်ရာနဲ့ နေ့ဆွမ်း စားကြ ပါတယ်၊ ဗာရာဏသီမြို့မှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လေ့လာစရာ များရှိသလို ခေတ်မီ ပညာရပ်များကို သင်ကြား ပို့ချပေးနေတဲ့ တက္ကသိုလ်ကြီး တွေလဲ ရှိပါတယ်။
[IMG]/images/stories/GAYA/GAYA2009%20%286%29.JPG[/IMG]ဘနားရပ်စ် ဟိန္ဒူတက္ကသိုလ် ၊ သမ္ပူရဏာနန္ဒ ဆန်ဆကရစ် တက္ကသိုလ်၊ မဟတ္တမဂန္ဓီ ကာသိတက္ကသိုလ်၊ ဗဟိုအဆင်မြင့် တိဗက်လေ့လားရေး တက္ကသိုလ်တို့ဟာ ထင်ရှားပါတယ်။ မိမိ ပညာဆည်ပူး နေရာ ဘနားရပ်စ် ဟိန္ဒူတက္ကသိုလ်ကတော့ အိန္ဒိယနိုင်ငံမှာ အကျယ်ဆုံး တက္ကသိုလ်ကြီး ဖြစ်ပါတယ်။ ယင်းတက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်(၃)ခု၊ မဟာဌာနကြီး(၁၆)ခု၊ ဌာနပေါင်း(၁၄၀)ခု တည်ရှိပြီး ၀ိဇ္ဇာ သိပ္ပံ စိုက်ပျိုးရေး စီးပွားရေး ပညာရေး ဥပဒေ စီမံခန့်ခွဲရေး စက်မှု ဆေး တိုင်းရင်းဆေး ပန်းချီပန်းပု ဂီတ ရှေးဟောင်း စစ်ပညာ ကွန်ပျူတာ စတဲ့ ဘာသာရပ်များစွာကို မဟာဌာနအလိုက် ဖွဲ့စည်းထားပါတယ်။
နိုင်ငံတကာတွင် ထင်ရှားသည့် တက္ကသိုလ်တစ်ခု အဖြစ်ပါဝင်ပြီး ဤတက္ကသိုလ်ကို ဟိန္ဒီနှင့် သက္ကတစာပေများ ကာကွယ်ထိန်းသိမ်းရန်, ဟိန္ဒူယဉ်ကျေးမှုနှင့် အတွေးအခေါ်များ တွင်ကျယ်လာစေရန်, အိန္ဒိယ၏ ရှေးဟောင်းယဉ်ကျေးမှုများကို သိရှိနားလည်စေရန်, ၀ိဇ္ဇာ သိပ္ပံ ပညာရပ်များ အားလုံး သုတေသနလုပ်ငန်းများ ဖွံဖြိုးလာစေရန်, ရည်ရွယ်ချက်ဖြင့် အိန္ဒိယမျိုးချစ်ခေါင်းဆောင်ကြီး ပဏ္ဍိတ် မဒန် မိုဟန် မာလ၀ိယ (Pandit Mandan Mohan Malaviya) က ၁၉၁၆-ခုနှစ်မှာ ဦးဆောင် တည်ထောင်ခဲ့တာပါ။ ယင်းတက္ကသိုလ်ဟာ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှာ အကြီးကျယ်ဆုံးပညာသင်ကြားရာ ဌာနတစ်ခုအဖြစ် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ယခုအခါ နိုင်ငံပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေကြလျှက် ရှိပါတယ်။[IMG]/images/stories/GAYA/GAYA2009%20%285%29.JPG[/IMG]
[IMG]/images/stories/GAYA/GAYA2009%20%287%29.JPG[/IMG]ဦးကုဏ် ပညာသင်ကြား လျှက်ရှိတဲ့ သမ္ပူရဏာနန္ဒ ဆန်ဆကရစ် တက္ကသိုလ်ကိုလည်း ၀င်ရောက် လေ့လာခဲ့ကြတယ်။ ယင်းတက္ကသိုလ် နေရာဟာ ယခင်က ဘုရင်မကောလိပ် (Queen’s College)ဖြစ်ပြီး ၁၉၇၁-ခုနှစ်မှာ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပညာရေးဝန်ကြီးဖြစ်သူ ’သမ္ပူရဏာနန္ဒ‘ က သက္ကတ တက္ကသိုလ်အဖြစ် ပြောင်းလဲပြီး တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းပါ။ ဒါကြောင့် တက္ကသိုလ်ကို သမ္ပူရဏာနန္ဒ ဆန်ဆကရစ်တက္ကသိုလ် လို့ ခေါ်တွင်ပါတယ်။ ယင်းတက္ကသိုလ်ဟာ အဓိက အားဖြင့် သက္ကတဘာသာကို သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ပါတယ်။ သက္ကတစာပေနှင့် ပတ်သက်ပြီး ဌာနအမျိုးမျိုး ခွဲခြားထားပါတယ်။ မြစ်ကြီးငါးစင်းမှာ အပါအ၀င်ဖြစ်တဲ့ နာမည်ကြီး ဂင်္ဂါမြစ်၊ ဂင်္ဂါမြစ်ကမ်းကနေ ကြည့်မ၀တဲ့ ဗာရာဏသီရဲ့ အလှ၊ မြို့ရဲ့ နာမည်ကြီး ပြတိုက် ရာမနာဂါရ်တို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်။ ဗာရာဏသီမှာ နှစ်ညအိပ်ပြီး သုံးရက်မြောက်နေ့ စောစောလေးပဲ ဗုဒ္ဓဂါယာကို ပြန်ခဲ့ကြတယ်၊ မဟာဗောဓိ စေတီတော်မြတ်ကြီးကို နှစ်ကြိမ်မြောက် ပြန်ဖူးခွင့်ရကြတယ်၊ ဒီလိုနှင့် (၁၀)ရက် ဘုရားဖူး ခရီးစဉ်လည်း ပြီးခဲ့ပါတယ်၊ ၁၀-ရက်အတွင်း ကုသိုလ်တွေ များစွာ ရခဲ့ကြတာပါ။
[IMG]/images/stories/GAYA/GAYA2009%20%2813%29.jpg[/IMG]မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်မှာ သံဝေဂယူသင့်ရာဌာနလေးခုတို့ကို ဟောကြားခဲ့ပါတယ်။
(၁)မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်။
(၂)သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂယာ မဟာဗောဓိမဏ္ဍိုင်။
(၃)ပဉ္စ၀ဂ္ဂီငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက်ဟောမြွတ်ရာ မိဂဒါဝုန်။
(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်းတို့၏ ကုသိနာရုံ အင်းကြင်းရဂုံ။
ဤလေးဌာနတို့သို့ ဘုရားဖူးခရီးစဉ် လှည့်လည်မှုကိုပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကြမည်ဆိုလျှင် သေလွန်ပြီးနောက် နတ်ရွာ သုဂတိသို့ ရောက်ကြကုန်လတ္တံ့ ဟု ဟောကြားခဲ့ပါတယ်။ ဦးသိရိန် ဦးဆောင်တဲ့ ဘုရားဖူးအဖွဲ့လေးဟာ လေးဌာနလုံးကို ဖူးမျှော်ခဲ့ကြပြီး သံဝေဂတွေ ယူခဲ့ကြလို့ ကုသိုလ်တွေ များစွာ ရခဲ့ကြပါတယ်။ လမ်းခရီး တစ်လျှောက်လုံး ချောချောမွေ့မွေ့နဲ့ ပျော်ရွှင်စွာကို သွားရောက် နိုင်ခဲ့ကြတယ်၊ ကုသိုလ်တွေ တစ်လှေကြီးရခဲ့တာမို့ အောင်မြင်တဲ့ ဘုရားဖူး ခရီးစဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။ [IMG]/images/stories/GAYA/GAYA2009%20%282%29.jpg[/IMG]
မောစရာ ခလုပ် ဆူးငြောင့်လေး တစ်ခုကိုတော့ ဗုဒ္ဓဂယာအနီးက သုဇာတာ အိမ်နေရာမှာ ကြုံခဲ့ရသေးတယ်၊ သုဇာတာ အိမ်နေရာမှာ ပရဟိတ ကျောင်းကို အကြောင်းပြကာ ဓာတ်ပုံတွေ ဖြတ်ပိုင်းတွေ ကိုင်ပြီး အတင်း လိုက်တောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်၊ ဆင်းရဲသား ကလေးတွေ ခြံရံပြီး မပေးရင် လိုက်လုမတတ်ကို လုပ်တတ်တာပါ၊ ထိုင်း မြန်မာ စကားတွေကို နဲနဲပါးပါး သိနေပါတယ်၊ အဲဒီနေရာ ရောက်မှ လမ်းညွှန်က မပေးဖို့ မထည့်ဖို့ ပြောရင် လမ်းညွှန်ကို ဆဲဆိုပြီး ကြိမ်းမောင်း တတ်ပါတယ်၊ မိမိတို့ အဲဒီနေရာကို ရောက်ပြီး လှည့်ပတ် ကြည့်ရှုနေတုံး မစ္စတာIanကို အတင်းဝိုင်းပြီး တောင်းနေကြပါပြီ၊ မစ္စတာIanက လှမ်းအကူအညီ တောင်းတာမို့ မိမိက သူတို့ကို ချိုချိုသာသာ ပြောပြီး တားမြစ်ပါတယ်၊ အဲဒီလို ပြောရကောင်းလားဆိုပြီး မိမိကို ရစရာ မရှိအောင် ၀ိုင်းဆဲကြ ပါတယ်။ ကလေးတွေက ပြေးပြီး ကားအိပ်ဇော ပေါက်ကိုလဲ ခဲတွေနှင့် ပိတ်ထားတာကို တွေ့ကြုံရတယ်။ ဘုရားပွင့်ရာ နယ်မြေမှာ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ မင်းမဲ့စရိုက် ဆန်ဆန် အပြုအမူတွေပါ။ အိန္ဒိယ အစိုးရ အနေနဲ့ အစောက် အရှောက် ထားပေးတာမျိုးလဲ မတွေ့ရဘူး။ မိမိတို့လိုပဲ လာအို ထိုင်း ဘုရားဖူး အဖွဲ့တွေလဲ မကြာခဏကြုံရတယ်လို့ ပြောကြပါတယ်၊ ဘုရားဖူးတွေအတွက် သတိထားရမဲ့နေရာလေးပါ။
[IMG]/images/stories/GAYA/GAYA2009%20%283%29.jpg[/IMG]ဒီမှတ်တမ်းကို ပြန်ရေးမိတဲ့ အချိန်မှာ ဘုရားဖူးသွားခဲ့ကြတာ တစ်နှစ်ခွဲတောင် ကျော်ခဲ့ပါပြီ။ ကုသိုလ်တွေနဲ့ ပျော်ရွှင်ခဲ့ ကြည်နူး ခဲ့ရတဲ့ခရီးမို့ တွေးမိတိုင်း မနေ့က သွားခဲ့သလို တသသကို သတိရနေမိ လွမ်းနေ မိပါတယ်။ ခရီးစဉ် တစ်လျှောက် ညီငယ်တွေလို သဘောထားကာ စာနာမှု နားလည်မှုတွေ ပေးခဲ့တဲ့ ဦးသိရိန်၊ မိခင်တစ်ယောက်လို အေးမျှမှု နွေးထွေးမှုတွေ ပေးခဲ့တဲ့ ဆန်ဖရန်ဆစ္စကိုက ဒေါ်အိ၊ နိုင်ငံကြီးသား အဘိုးအဘွား အရွယ်တွေဖြစ်နေကြပေမဲ့ ကြီးကျယ်မှုလုံးဝ မရှိဘဲ ရိုးရိုး ရှင်းရှင်း လေးဖြင့် နားလည်မှုပေးခဲ့ကြတဲ့ မစ္စတာIanနှင့် မစ်ဆယ်လီ တို့ကို အရမ်းကို သတိရမိပါတယ်၊ စိတ်ချမ်းသာ ကိုယ်ကျမ္မာ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေလို့လဲ မေတ္တာပို့သဖြစ်ပါတယ်။
‘ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း’ ဆိုသလိုပါပဲ၊ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြရတဲ့ မိမိနှင့် ဦးကုဏ်တို့မှာ သူတို့ရဲ့ နားလည်ပေးမှု ခင်မင် [IMG]/images/stories/GAYA/GAYA2009%20%289%29.JPG[/IMG] ဖော်ရွှေမှုတွေကြောင့် ရှက်ရွင့်မှု အားနာမှု လုံးဝမရှိဘဲ ကိုယ့်မိသားစု နှင့်အတူ သွားနေကြရသလို ပျော်ရွှင်ခဲ့ကြ ကြည်နူးခဲ့ကြရတာပါ၊ လမ်းခရီးမှာ စားခဲ့ကြရတာလည်း ဟင်းမကောင်းပေမဲ့ မြိန်ရည်ယှက်ရည် ရှိခဲ့ကြပါတယ်၊ ဦးသိရိန်နှင့် ဒေါ်အိတို့က စားကောင်းခဲ့လို့ ဘုရားဖူး ခရီးစဉ်အပြီး ၀ိတ်တွေတောင် တက်လာတယ်လို့ ပြောခဲ့ကြတယ်။
[IMG]/images/stories/GAYA/GAYA2009%20%288%29.JPG[/IMG]မှတ်တမ်းရေးသူ မိမိအနေနဲ့ ကုသိုလ်တွေနှင့် ပျော်ရွှင်ခဲ့ရ ကြည်နူး ခဲ့ရတဲ့ ဘုရားဖူး နေ့ရက် ကလေးတွေကို ဘယ်တော့မှ မေ့မရပါ၊ အမြဲတန်းလဲ တမ်းတနေမိ လွမ်းနေ မိပါတယ်၊ ဒါကြောင့်လည်း ‘လွမ်းမောမိသည့် နေ့ရက်လေးများ’ အဖြစ် မှတ်တမ်းတင်မိပါတယ်။
[B]အထူးကျေးဇူးတင်မှတ်တမ်း[/B]
မိမိတို့ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်လေးမှာ အားလုံး စိတ်ချမ်းသာမှု အပြည့်အဝ ရရှိအောင် စေတနာတွေ ရေစီးကမ်းပြို- မေတ္တာတွေ တပွေ့တပိုက်ကြီးနဲ့ လိုက်ပါ ကူညီ ဆောင်ရွက် ပေးကြတဲ့ ဆရာတော်လေး ဦးကုဏ္ဍလ၊ မိမိ ဗွီဒီယို မှတ်တမ်းတင်ရာမှာ ကားပေါ်မှာထိုင်ပြီး စာအုပ်တစ်အုပ်နဲ့ အမြဲအလုပ်ရှုတ်ပြီး သမိုင်း အချက် အလက်တွေ ရှာဖွေ စုဆောင်းပေးတဲ့ အပြင် မှတ်တမ်းတင် ဆောင်းပါးလေး အဖြစ် ဖန်တီးပေးတဲ့ အရှင်နိပုဏာလင်္ကာရ ၊ မိမိတို့ တည်းခိုခဲ့ကြတဲ့ မြန်မာ ကျောင်းများမှ နွေးထွေးစွာ ကြိုဆိုကြတဲ့ ဆရာတော်များ၊ အသိမိတ်ဆွေ ဆရာတော်များ အားလုံး အားလုံးကို အထူးအထူးပဲ ကျေးဇူးတင် သတိရမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ အရှင်နိပုန ပြောသလို တကယ့်ကို မမေ့နိုင်စရာ လွမ်း တသသ ဖြစ်ခဲ့ရတဲ့ ခရီးစဉ် လေးရယ်ပါ၊ မကြာခင်မှာ ဗုဒ္ဓဂယာမှာ ပြန်လည်လို့ ဆုံတွေ့ကြအုံးမှာပါလို့….
အောက်ပါ ဗုဒ္ဓဂယာဘုရားဖူးခွေကို ကြည့်ရှု ကြည်ညိုနိုင်ပါသည်။
[LINK=/2010-06-02-01-55-49/dhamma-videos/149-buddha-gaya-1.html]
[/LINK]
အမေရိကန်ပြည်ထောင်စု။ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းဆရာတော်နှင့်အဖွဲ့ဟာ 2009-ဖေဖော်ဝါရီလက ထိုင်းနိုင်ငံနှင့် အိန္ဒိယဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ခဲ့စဉ်က ရိုက်ကူး မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ အမှတ်တရ ဗွီဒီယိုလေးပါ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁၀-ခု၊ ဒီဇင်ဘာလ ၂၀-ရက်၊ တနင်္လာနေ့။
0 comments:
Post a Comment