စိတ်
စိတ်
ချစ်တဲ့သူ….အောင်မြင်ရင်
ပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။
ချစ်တဲ့သူ…ဆုံးရှုံးရင်
မပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။
မုန်းတဲ့သူ….အောင်မြင်ရင်
မနာလိုတဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။
မုန်းတဲ့သူ…ဆုံးရှုံးရင်
ကျေနပ်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။
ကိုယ့်စိတ်ကို ကိုယ်ဆင်ခြင်
ဖြူစင်အောင်ထား
ဖြူစင်လျှင် ကုသိုလ်တရား
တိုးပွါးလိမ့် အများ။ ။
0 comments:
Post a Comment