* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 9, 2010

ရွှေစကားတို့ရဲ့ မြစ်ဖျား(၁၂)

ဤသင်္ကန်းသည် ငါ့ရှင်ကို ငါပူဇော်သည်မဟုတ်၊ ငါ့ရှင်ရဲ့ ဂုဏ်ကိုသာ ပူဇော်ဖြစ်တယ်။

မဏိသာရမဉ္စူသာရိက ကျမ်းပြုဆရာတော်

ရှေးရှေးကျမ်းစာတွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတချို့ရှိတတ်ပါတယ်။ အတုယူစရာ အားကျစရာ ကြည်ညိုစရာတွေပေါ့။ အခုပြောပြချင်တဲ့ ကျမ်းတစ်ကျမ်းရဲ့ သမိုင်းကြောင်းကတော့ အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ ကျမ်းတစ်ကျမ်းအကြောင်းပါ။ ကျမ်းပြုစုသူက အရှင် မဟာအရိယ၀ံသမထေရ်၊ ကျမ်းစာအမည်က မဏိသာရမဉ္စူသာဋီကာ ဆိုတဲ့ကျမ်းပါ။ တကယ်ဆို ကျမ်းစာရေးသားမှုအားကောင်းခဲ့တဲ့ အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စာတတ်ရဟန်းတော် တစ်ပါးအနေနဲ့ ကျမ်းစာရေးဖြစ်တာ သိပ်တော့ ထူးခြားလှပါဘူး။ ဒါပေမယ့် ထူးခြားတာက ကျမ်းစာဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပါ။ အဲဒီသမိုင်းကြောင်းလေးကို ပြောပြချင်လို့ ရွှေစကားတို့ရဲ့ မြစ်ဖျားကဏ္ဍမှာ ထည့်လိုက်ရတာပါ။

အရှင်အရိယ၀ံသက ပင်းယမြို့ စကားကျောင်းမှာ စာသင်နေပါတယ်။ စာဘယ်လောက်အထိ နှုတ်တက်အာဂုံ ဆောင်နိုင်ပြီလဲဆိုရင် မိန်းမကိုယ်ဝန်ဆောင်တစ်ရွက်ခန့်လောက် ပါဠိကျမ်းဂန်တွေကို အာဂုံဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရှင်အရိယ၀ံသက ကိုယ့်ကိုယ်ကို ”စာတတ်သည် ကျမ်းဂန်တတ်သည်” ဆိုတဲ့သဘောကို မသိသေးဘူးလို့ ခံယူထားပါတယ်။ ဒါကြောင့် စစ်ကိုင်းမှာရှိတဲ့ ဆရာတော်တွေဆီ နည်းသွားခံဦးမယ်ဆိုပြီး စစ်ကိုင်းဘက်ကို ကူးခဲ့ပါတယ်။

အဲဒီအချိန်မှာ စစ်ကိုင်းပုညရှင်စေတီမြောက်ဘက်မှာ စာအလွန်တတ်တဲ့ ရေငုံဘုန်းကြီးတစ်ပါး ထင်းရှားနေတဲ့အချိန်ပါ။ လိုလိုရာရာ ဟုတ်ဟုတ်ငြားငြားစကားတွေမပြောချင်လို့ ရေငုံနေလေ့ရှိတာကြောင့် ရေငုံဘုန်းကြီးလို့ အမည်တွင်နေတာပါ။ အရှင်အရိယ၀ံသက စစ်ကိုင်း ရောက်တာနဲ့ ရေငုံဘုန်းကြီးဆီကို စာဝါတောင်းမယ်ဆိုပြီး သွားပါတယ်။ ရေငုံဘုန်းကြီးဆီရောက်တော့ အရှင်အရိယ၀ံသက ရေငုံဘုန်းကြီးနဲ့ ဘေးတိုက်နေရာလောက်ကထိုင်ပြီး ဦးချလိုပ်ပါတယ်။ ဒါပေမယ့် ရေငုံဘုန်းကြီးက ကိုယ့်စာကိုယ်ကြည့်နေပါတယ်။ အရှင်အရိယ၀ံသက အနားရောက်နေတာကို သတိမပြုမိပါဘူး။ ဒါကြောင့် အရှင်အရိယ၀ံသလည်း ကိုယ့်သားရေနွယ်လေး အသာခေါက်ပြီး ပြန်ခဲ့ရပါတယ်။ ဒုတိယရက် ထပ်သွားပြန်ပါတယ်။ ရေငုံဘုန်းကြီးက ပထမရက်အတိုင်း ကိုယ့်စာပဲ ကိုယ်ကြည့်နေလို့ ရှေးနည်းအတူပဲ ပြန်ခဲ့ရပါတယ်။ တတိယရက်မှာလည်း အရှင်အရိယ၀ံသက ဇွဲ့မလျော့သေးဘဲ ထပ်သွားပါတယ်။ ရေငုံ ဘုန်းကြီးကတော့ ထုံးစံအတိုင်း စာပဲကြည့်နေပါတယ်။ အရှင်အရိယ၀ံသကလည်း ရေငုံဘုန်းကြီးအခြေအနေကိုကြည့်ပြီး ဒီနေ့ တစ်နေ့တာလက်လျှော့တဲ့ အနေနဲ့ သားရေနွယ်အခင်းကို ခေါက်လိုက်တာ အမှတ်တမဲ့ အသံထွက်သွားပါတယ်။ အသံထွက်သွားတော့မှ ရေငုံဘုန်းကြီးက သတိထားမိသွားပါတယ်။ ဒီတော့မှ ငုံထားတဲ့ရေကိုထွေးပြီး မေးပါတယ်။

ငါ့ရှင် ဘာကိစ္စတုန်း။

တပည့်တော် ဆရာတော်ဘုရားထံရောက်သည်မှာ ယနေ့နှင့်ဆို သုံးရက်မြောက်ပါဘုရား၊ တပည့်တော် ဆရာတော်ဘုရားထံ စာဝါတောင်းချင်လို့ပါဘုရား။

ငါ့ရှင် ဘာကျမ်းဂန်တွေ လေ့ကျင့်ဖူးပါသလဲ

တပည့်တော် မသင်ကြား မလေ့ကျင့်ဖူးသောကျမ်းဂန်မရှိပါဘုရား။ ဒါပေသိ ” စာတတ်သည် ကျမ်းဂန်တတ်သည်” ဆိုသည့် သဘောကို မသိသေး၍ ဆရာတော်ဘုရားထံ စာဝါတောင်းခြင်းဖြစ်ပါသည်ဘုရား။

ငါ့မှာတစ်နေ့စာဝါသုံးဝါ ပို့ချပေးရသည်။ မွန်းတိမ်းလျှင် ပုညရှင်စေတီတက်ပြီး တံမြက်ဝတ်လည်း ပြုရသေးသည်။ မအားလပ်ပါ။ သို့သော်လည်း စာတတ်မှန်းမသိဆိုသည်ကို ငါ့ထံ၌သိစေမည်။ တံမြက်ဝတ်ပျက်ပါစေတော့ ဋီကာလက်သန်းကို ပို့ချပေးမည်။

အရှင်အရိယ၀ံသလည်း ရေငုံဘုန်းကြီးဆီက စာတတ်ခွင့်ပြုလိုက်တာနဲ့ မှန်ပါဘုရား လို့ ၀န်ခံလိုက်ပါတယ်။ ဒီနေရာမှာ ဋီကာလက်သန်း ဆိုတဲ့ ကျမ်းအကြောင်း နည်းနည်းပြောပြချင်ပါသေးတယ်။ သီဟိုဠ်ကျွန်း ၀ဋဂါမဏိမင်းကြီးလက်ထက်မှာ အရှင်အနုရုဒ္ဓါမထေရ်က အဘိဓမ္မတ္တသင်္ဂဟဆိုတဲ့ သဂြိုဟ်ကျမ်းကို စီရင်ပါတယ်။ ယခုခေတ်စာသင်သားတွေသင်နေတဲ့ သဂြိုဟ်ကျမ်းပါ။ လက်သန်းအဠကထာလို့လည်း ခေါ်ပါတယ်။ အဲဒီသဂြိုဟ်ကျမ်းရဲ့ အဖွင့်ဖြစ်တဲ့ အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာ ကျမ်းကို သီဟိုဠ်ကျွန်း အရှင်သုမဂ်လသာမိက စီရင်ပါတယ်။ဒီကျမ်းကို ဋီကာလက်သန်းလို့လည်း ခေါ်ပါတယ်။ ဒီကျမ်းကလည်း ဒီနေ့ခေတ်စာသင်သားတွေ သင်ကြားပို့ချနေရတဲ့ ကျမ်းပါ။ ရေငုံဘုန်းကြီးက အရှင်အရိယ၀ံသကို အဲဒီဋီကာလက်သန်းဆိုတဲ့ အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာကျမ်းကို သင်စေတာပါ။

အရှင်အရိယ၀ံသက အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာကျမ်းကို ရေငုံဘုန်းကြီးဆီမှာ သုံးရက်တိတိသင်ပါတယ်။ သုံးရက်သင်ပြီးသွားတော့ အရှင်အရိယ၀ံသက သင်ပြီးသားတွေကို ပြန်လည်လေ့ကျက်နေတဲ့အတွက် ရေငုံဘုန်းကြီးဆီကို သုံးရက်မသွားပဲ နေနေလိုက်ပါတယ်။ အရှင်အရိယ၀ံသက ရေငုံဘုန်းကြီးရဲ့ ပို့ချချက်နဲ့ဋီကာကို တိုက်ဆိုင်လေ့ကျက်လိုက်တော့ ရှင်းခနဲ့ လင်းခနဲနဲ့ စာတတ်သည်ဆိုတဲ့သဘောကို သိသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဋီကာနှယ်ကျော်ရော၊ ဋီကာနှယ်ကျော်ရော ဆိုပြီး ဥဒါန်းကျူးပါတယ်။ အဲဒီဥဒါန်းစကားကိုအစွဲပြုပြီး ဋီကာကျော်လို့ တွင်ခဲ့တာလည်း ဒီနေ့အထိပါပဲ။ ဒီဘက်မှာသာ အရှင်အရိယ၀ံသက ဥဒါန်းကျူးနေတာ ဟိုဘက်မှာတော့ ရေငုံဘုန်းကြီးက အရှင်အရိယ၀ံသမလာလို့ မကျန်းမမာဖြစ်လို့လားဆိုပြီး စိုးရိမ်နေတာပါ။ဒါကြောင့် ရဟန်းငယ်တစ်ပါးကိုလွှတ်ပြီး စုံစမ်းခိုင်းပါတယ်။ ဒီအချိန်မှာ ရေငုံဘုန်းကြီးကိုလျှောက်ဖို့အလာ လမ်းမှာ ရဟန်းငယ်နဲ့ဆုံပါတယ်။ အကျိုးအကြောင်း အပြန်အလှန်ပြောကြပြီး ရဟန်းငယ်နဲ့အတူ ရေငုံဘုန်းကြီးဆီ လာခဲ့ကြပါတယ်။ ရေငုံဘုန်းကြီးဆီက သူ့ဆီရောက်တယ်ဆိုရင်ပဲ ဘာကြောင့်မလာသလဲ ဆိုတာ ဦးစွားမေးပါတယ်။ ဒီတော့ အရှင်အရိယ၀ံသက ဆရာတော်သင်ပေးသောနည်းကို သိပါပြီဘုရား၊ ဆရာတော့်ကျေးဇူးကြောင့် စာတတ်တဲ့သဘောကို သိပါပြီလို့ ပြန်လျှောက်ပါတယ်။ ရေငုံဘုန်းကြီးကလည်း တော်တော်လေး ကျေနပ်အားရသွားပါတယ်။ အရှင်အရိယ၀ံသရဲ့ စာပေအရည်အချင်းကိုလည်း တစ်ခါတည်း နားလိုက်လိုက်ပါတယ်။ ဒါကြောင့် ငါ့ရှင်သည် အဘိဓမ္မတ္ထ၀ိဘာဝိနီကျမ်းကို အမှီပြုပြီး ကျမ်းဂန်အရာ၌ လိမ္မာတတ်မြောက်ခဲ့ပေတယ်။ ငါ့ရှင်တတ်မြောက်ခဲ့တဲ့ကျမ်းရဲ့ အဖွင့်ကိုရေးပြီး ကျေးဇူးဆပ်တော့လို့ မိန့်တော်မူပါတယ်။

အရှင်အရိယ၀ံသကလည်း ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါတယ်။ အရှင်အရိယ၀ံသက အဖွင့်ကျမ်းကို လူသံ ငှက်သံမကြားတဲ့ တိတ်ဆိတ်တဲ့ ညဥ့်အချိန်မှာပဲ ရေးပါတယ်။ နေ့ပိုင်းမှာ လုံးဝမရေးပါဘူး။ ပြီးတော့ တခုထူးခြားတာက လပြည့်၊ လကွယ်၊ (၈)ရက်ဥပုသ်နေ့တိုင်း စီရင်ရေးသားပြီးသမျှကို ပုညရှင်စေတီရင်ပြင်မှာ သံဃာတော်တွေကို စုဝေးစေပြီး ဖတ်ကြားပါတယ်။ အမှားပါရင်ထောက်ပြဖို့လည်း တခါတည်းမှားထားပါတယ်။ အင်းဝေခေတ်ရဲ့ စာတမ်းဖတ်ပွဲတစ်ခုဆိုရင်လည်း ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ပုံဂံသားရဟန်းတော်တစ်ပါး ဘုရားဖူးလာတာနဲ့ ကြုံပါတယ်။ ပုဂံသားရဟန်းကလည်း အခွင့်ကြုံနေတာနဲ့ အစွန်တစ်ခုမှာ ထိုင်ပြီးနာယူပါတယ်။ အရှင်အရိယ၀ံသက စာတမ်းဖတ်နေစဉ်မှာပဲ ပုဂံသားရဟန်းက ”အေးအေး”ဆိုပြီး နှစ်ကြိမ်အသံပြုလိုက်ပါတယ်။ အရှင်အရိယ၀ံသကလည်း အသံပြုတဲ့နေရာကို ကညစ်နဲ့မှတ်ထားလိုက်ပါတယ်။ စာတမ်းဖတ်ပြီးတော့ အသံပြုသူရဟန်းရဲ့ တည်းခိုနေ၇ပ်ကိုလည်း မေးထားလိုက်ပါတယ်။ ကျောင်းပြန်ရောက်လို့ အသံပြုထားတဲ့နှစ်နေရာကို ကြည့်လိုက်တော့ တစ်နေရာက ၀ါကျနှစ်ခုထပ်နေပြီး တစ်နေရာမှာတော့ ဣမံ ဂန္ထံလို့ ပုလ္လိင်ဆိုရမှာကို ဣဒံ ဂန္ထံလို့ နပုလ္လိင်နဲ့ရေးထားတဲ့ အမှားနှစ်ချက်ကို တွေ့ရပါတယ်။ အရှင်အရိယ၀ံသက ချက်ချင်းဆိုသလိုပဲ အမှားပြသူ ပုဂံသားရဟန်းကို ပင့်ခိုင်းလိုက်ပါတယ်။ ပုဂံသားရဟန်း ကျောင်းရောက်တော့ ငါ့ရှင် ငါသည် ဤကျမ်းကို သာမညပြုသည်မဟုတ်၊ လူသံငှက်သံစဲတဲ့ ညဥ့်အချိန်မှာ ပုရပိုက်ကို ဖွင့်ပြီးရေးတယ်။ မနက်လူသံငှက်သံကြားမှ ပုရပိုက်ကို အုပ်ဖြစ်တယ်။ ထိုသို့အားထုတ်ထားပါလျက် ”အေးအေး” လို့ အဆိုခံရသေးတယ်လို့ မိန့်ပါတယ်။ ဒီတော့ ပုဂံသားရဟန်းတော်လည်း အရှင်ဘုရား ပြုစုသောကျမ်းမှမာ ဆိုဖွယ်ရာမရှိပါ။ လူတစ်ယောက် ကျောက်စရစ်ခဲတွေ လက်နဲ့ဆုပ်ပြီး တိုက်နံရံကို ပစ်လိုက်တဲ့အခါ တစ်ခဲမကျန် တိုက်နံရံကို အကုန်မှန်သလို အရှင်ဘုရား မိန့်ဆိုသောစကားများမှာ အလိုရှိအပ်သော အနက်အဓိပ္ပါယ်သို့ချည်း ရောက်ပါပေတယ်။ ၀ါကျတစ်ချက်ထပ်တာနဲ့ အခွဲတစ်ချက်လွဲတာကိုသာ အေးအေး လို့ ဆိုမိလိုက်တာပါဘုရား လို့ ပြန်လျှောက်ပြပါတယ်။

အရှင်အရိယ၀ံသက အပြစ်ထောက်ပြသူ ပုဂံသားရဟန်းတော်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒါကြောင့် ဒီကျေးဇူးကို ဘာနဲ့ပူဇော်ရမလဲလို့ ဘေးဝန်ကျင်ကိုကြည့်လိုက်တော့ မိမိရဲ့ဒုကုဋ်သင်္ကန်းကြီးကို သွားတွေ့ပါတယ်။ ဒီအတိုင်းလှူလိုက်ရင် ပုဂံသားရဟန်းငယ် အလှူမခံဝံမှာစိုးလို့ ဘယ်လိုပြောလှူသလဲဆိုတော့ ”ဤသင်္ကန်းသည် ငါ့ရှင်ကို ပူဇော်သည်မဟုတ်၊ ငါရှင်ရဲ့ ဂုဏ်ကိုသာပူဇော်ဖြင်းဖြစ်ပါတယ်” လို့ပြောလှူပါတယ်။

အရှင်အရိယ၀ံသက ဒါနဲ့တင်ပူဇော်တာမဟုတ်ပါဘူး။ နောင်အခါမှာ ဘုရင်မင်းခေါင်းကို အကျိုးအကြောင်းပြောပြီး ဘွဲ့တံဆိပ်တော်ကိုလည်း အလှူခံစေခဲ့တယ်လို့ စာမှာဆိုပါတယ်။ ဒီအပြုအမူက အတုခိုးစရာနဲ့ နည်းယူစရာပါ။ သာသနာသမိုင်းမှာ ယနေ့ထက်တိုင် ပြောစမှတ်ပြုနေရတဲ့ အပြုအမူပါ။ ပြီးတော့ ဤအရှင်အရိယ၀ံသက သူရဲ့ကျမ်းကို မဏိသာရမဉ္စူသာဋီကာလို့ အမည်တပ်ခဲ့ပါတယ်။

ဒီနေရာမှာ ကြုံတုန်းဓမ္မသမိုင်းတစ်ခုကိုလည်း ထည့်ပြောပြချင်ပါသေးတယ်။ တစ်ခါမှာ ဘုရင်မင်းခေါင် ဆရာတော် အရှင်အရိယ၀ံသကျောင်းကို ရောက်လာပါတယ်။ တရားဟောပြီးပြန်ခါနီးမှာ ဆရာတော်က ” စစ်ကိုင်းယာဉ်ခွန်ကို ချမ်းသာပါစေလို့” အလှူခံပါတယ်။ ဒါပေမယ့် ဘုရင်မင်းခေါင်က မလှူပါဘူး။ ဒီလိုနဲ့ လှေတော်စီးအပြန် မြစ်လယ်ခေါင်မှာ တက်မကို မိကျောင်းကိုက်ထားလို့ ရှေ့ဆက်မသွားနိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ယာဉ်ခွန်ကို လှူပါတယ်လို့ အော်လိုက်မှ မီးကျောင်းက လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်သင့်တာကိုလုပ်ပြီး ပြောသင့်တာကို ပြောတာ တရားပြည့်သူတွေရဲ့ ဓမ္မတာတစ်ခုပါ။ မမေ့ကောင်းတဲ့ အင်းဝခေတ်ရဲ့ အပြုအမူပါပဲ။

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသကြီး)

(၂) သာသနာဗဟုသုတပ္ပကာသနီ (ဘုရားဖြူဆရာတော်)

သူရဇ္ဇ မေ ၂၀၀၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP