ဖြူနီပြာဝါ ရောင်စုံပန်းများလန်းရာမြေ
မိမိတို့တစ်ထွေ အိန္ဒိယမှာနေတုန်းက ကမ္ဘာအရပ်ရပ်မှ ပညာလာသင်ကြသော ကျောင်းသူ ကျောင်းသားများစွာနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်၊ သူတို့တွေရဲ့ဘဝ၊ ဓလေ့၊ အကျင့်စရိုက် ၊ဝါသနာ ၊မြင့်မြတ်မူ စသည်တို့ကို သိမြင်တွေ့ကြုံခဲ့ရပါသည်။အံ့သြစရာကောင်းလောက်အောင်ကောင်းမွန်မြင့်မြတ်မှုတွေလည်း ပြောမကုန်နိုင်လောက်အောင် လေ့လာကြားသိခဲ့ရပါတယ်၊တစ်စိပ်တစ်ဒေသကို ရေးလိုက်ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်၏ followers တပည့်အဖြစ်ခံယူနေကြသော ထေရဝါဒ အမည်ကို ရယူထားကြသော မိမိတို့တတွေ ဒုက္ခပင်လယ် ဝေနေပေမယ့် တခြားဘာသာဝင်တွေကျပြန်တော့ ချမ်းသာကြွယ်ဝ စည်းလုံး ညီညွတ်လျှက် တကယ့် မြင့်မြတ်နေကြကြောင်း မျက်နှာလေးတွေက သက်သေပြနေကြပါတယ်၊ ဥပမာ- ဗုဒ္ဓစာပေ ကျမ်းစာ အသုံးအဆောင်များကို မိမိတို့နိုင်ငံတွင် ကုန်ပစ္စည်းအနေဖြင့် ဈေးကွက်တင်ကာ ရောင်းစားနေကြပေမယ့် ထိုင်ဝမ် အစရှိသော ဒေသများမှာ သောင်းနဲ့ သိန်းနဲ့ချီပြီး ထုတ်ဝေနေသည့် ဓမ္မကျမ်းစာများမှာ-
Dedication of merit
May the merit and virtue accrued from this work
adorn Amicable Buddha's pure land,
repay the four great kindnesses above,
and relieve the suffering of
those on the three paths below.
May those who see or hear of these efforts
generate Bodhi- mind,
spend their lives devoted to the Buddha Dhamma,
and finally be reborn together in the land of Ultimate Bless,
As this is a Dhamma Text,
we request that it be treated with respect ,
If you are finished with it,
please pass it on to others or
offer it to a monastery, school or public library
Thanks for your co-operation
This book is for free distribution, it is not for sale.
(From book cover published by Taiwan)
ဒါက ဗုဒ္ဓဘာသာမဟာယနဒေသမှ သဘောထားလေးတစ်ခုကို အားကျစရာမြင်တွေ့လိုက်ရလို့ ဖေါ်ပြလိုက်တာပါ၊ မိမိတို့နိုင်ငံမှ ဘုန်းကံပါရမီကြီးမားသော နာမည်ကျော် ဆရာတော်တစ်ပါး၏ တပည့်တစ်ပါး အိန္ဒိယကို ပညာသင်ရောက်ရှိလာရာ ပလစတစ်ရေချိုးခွက်၊ အဝတ်လျှော်ဇလုံများ ၊အိုးခွက် ပန်ကန်များ၊ ဝယ်ယူသောအခါ ညည်းတွားပုံက အော်...ငါတို့က အခိုက်အတန့် ပညာသင်ပြီးရင် ပြန်ရမှာ- ဒါတွေဝယ်ပြီး ထားခဲ့ရမှာ သိပ်မဝယ်တာပဲ ကောင်းတယ်တဲ့၊၊
မဟာယာနဘုန်းကြီးက အဲဒီလိုမတွေးပါ၊ အိမ်တစ်ဆောင်ငှားလိုက်တယ်။ ပြီးရင် တံခါးတွေ ခိုင်အောင် သံတံခါး change-လိုက်တယ်၊ မှန် စားပွဲ၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အိပ်ရာ ၊ကုတင် စသည် ၊ဒေါ်လာ လေး ငါးထောင်ဖို့လောက် ဝယ်ပြီးစုလိုက်တယ်၊ ပြီးမှသူက အဆင့် မြင့်မြင့် ၊သပ်သပ် ရပ်ရပ်နေပြီး သူလုပ်စရာရှိတာကို လေး ငါးနှစ် ကြိုးစားပြီးလုပ်သွားတယ်၊ ပြီးရင် အိမ်ရှင်ကိုခေါ်ပြီး သူရဲ့ facilities တွေကိုပြတယ်၊ မင်းဒါတွေကိုရရင် ငါ့ကို refund ဘယ်လောက်ပေးရမှာလဲ?ဲ။၊ဟိုတချိန်သူသီရိလင်္ကာမှာ နေခဲ့တုန်းက အဲဒီလို ဝယ်ယူ သုံးစွဲခဲ့ပြီး ၊သူအဲဒီနိင်ငံက ပြန်ခါနီး အိမ်ရှင်က refund ပေးတဲ့ ဒေါ်လာ (၁၅၀၀) လောက်ကို သူပညာသင်ခဲ့တဲ့ တက္ကသိုလ် စာကြည့်တိုက်အတွက် သွားလှူလိုက်သေးတယ်၊၊
သူတို့က စိတ်သဘောထားချမ်းသာသလောက် ရုပ်ဝထ္ထုလည်း ချမ်းသာတယ် ပြောရမယ်ထင်တယ်၊ ဟိုတုန်းက တောင်- မြောက်ကိုးရီးယာကွဲပြီး ဆင်းရဲတဲ့ ကိုးရီးယားတွေဟာ ထမင်းဝအောင် မစားနိုင်ကြဘူး၊ ဒါကြောင့် ယနေ့ထိ ကိုးရီးယားတွေ ထမင်းကို ပန်းကန်မှာ ပြောင်စင်အောင် စာတတ်ကြပါသေးတယ်၊။ထမင်း ဟင်းကျန်တွေ အလေအလွင့်ဖြစ်သွားရင် စိတ်ဆိုးကြပါတယ်။
အဲဒီတုန်းက သူတို့ ဆင်းရဲတဲ့ အဖြစ်ကို ရင်ထုမနာ ဖြစ်ကြရတဲ့ ကိုးရီးယားလူမျိုး ပစ္စည်းဥစ္စာ ကြွယ်ဝသူတွေက ရွှေ ၊ငွေ ရတနာများစွာကို အစိုးရကို စိုက်ထုတ်ပြီး လှူဒါန်းကြပါသတဲ့။ ယနေ့ကိုးရီးယားဆိုတာ (G-7)မှာရော.(G-8)ဖြစ်တဲ့အခါရော ယခု (G-20) မှာရော ထိပ်နားက ပါဝင်နေ လေပြီတကား။
(ကိုးရီးယားသရုပ်ဆောင်များမြန်မာပြည်ရောက်လာကြစဉ်)
အန္ဒိယနိုင်ငံ တက္ကသိုလ်များဖြစ်ကြတဲ့ ဗာရဏသီ ၊မဂဓ။ ဘုံဘေ၊ နယူးဒေလီ၊ ဟိုက်ဒရာဘက်၊ ပုနေး၊ စသည်နေရာ အသီးသီးမှာ ရောက်ရှိနေကြတဲ့ မိမိတို့အိမ်နီးချင်း ထိုင်းကျောင်းသား ရဟန်း ရှင်လူ (၁၅၀၀)လောက်ဟာလည်း အားကျစရာကောင်းလှပါတယ်၊ ထိုင်းသံရုံ၊ ကောင်စစ်ဝန်ရုံးတွေ အုပ်ချုပ်မူအောက်မှာ ထိုင်းယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် ဖေါ်ထုတ်မှုတွေနဲ့အတူ ကမ္ဘာသူ ကမ္ဘာသားတွေများ ရှေ့မှောက်မှာ ဂုဏ်ယူ ဝင့်ကြွားနေကြလေရဲ့၊၊
တနှစ်ကဆိုရင် ပူးနေးတက္ကသိုလ်မှာ ပညာသင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ "The land of smile"သောဆိုင်းဘုတ်ကြီးကို တင်ကာ ထိုင်းနိုင်ငံရဲ့ ခမ်းနားကြီးကျယ်တဲ့ အလှအပနှင့် ယဉ်ကျေးမှုကို တင်ဆက် ကပြကြရာ မြင်ရသူအားလုံးဟာ ထိုင်းနိုင်ငံကို တစ်ခေါက် တစ်ခါတော့ အရောက်သွားပါမယ်လို့ ပြောဖြစ်ကြသည်သာချည်း။ကျောင်းသားတွေ ကပွဲအတွက် ထိုင်းသံရုံးက Rupee တစ်သိန်းထောက်ပံ့သတဲ့။
အံ့သြစရာကောင်းတာက ကမ္ဘာက မိမိတို့နိုင်ငံနှင့် လူမျိုးကို မကြားဖူးကြပါဘူး။ အမျိုးမျိုးရှင်းပြပေမယ့်၊ သိပ်မမှတ်မိကြဘူး၊ဗီယက်နမ်လားတဲ့၊ တစ်ချို့ အန္ဒိယန်းတွေ၊အချို့လူမျိုးတွေက သူတို့အချင်း ချင်းပြော ကြတယ်၊ မြန်မာဆိုတာ (ဗရမာဒေ့ရှ်)ဆိုတာ ဖြစ်မယ်ထင်တယ်တဲ့၊ စိတ်ကိုပျက် သွားတာပဲ။ ဒီလောက်နာမည်ကြီးတာတောင် မသိကြဘူးပြောရုံနဲ့ မိမိလည်း မကျေနပ်နိုင်ပဲ လက်သီးနှင့် ထိုးလိုက် ချင်စိတ်တောင်ပေါ်လာခဲ့တယ်၊၊
သူတို့မသိတာ ဘာကြောင်းလည်း လေ့လာကြည့်တဲ့အခါ အဖြေက ...တို့နိုင်ငံလုပ် ဘာကုန်ပစ္စည်းမှ အဲဒီမှာ မတွေ့ရဘူး၊ လေယာဉ်လိုင်းတွေ ကြည့်လိုက်ပြန်တော့ တို့လေယာဉ်မပါ၊ သူတို့ပတ်ဝန်းကျင်က ဘယ်သူမှလည်း တို့နိင်ငံကိုမရောက်ဘူးကြဘူး။ တခါတုန်းက သီတဂူဆရာတော်ပြောရှာတယ်- အော်-ထိုင်းတွေရဲ့ ကြွယ်ဝမှုကို ထိုင်း TG Airline နှင့် သုဝဏဘူမိလေဆိပ်က ပြသနေတာပဲ-တဲ့.။.
သာသနာရေးကို လေ့လာကြည့်ရင်လည်း အထင်မသေးပါနဲ့ ပြည်တွင်းမှာ ရဟန်းသံဃာတော်တွေ ကားတွေ အလကားစီနှိုင်ရန် line-cars တွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်၊ တစ်နိုင်ငံလုံး ခေါင်းရိတ်တာ ကအစ တစ်ရက်တည်း၊ ဘုရားရှိခိုး၊ သီလပေး၊ ဝတ်ရွတ်စဉ် တစ်သံတည်း စီစဉ်ထားပါတယ်။
နိုင်ငံတကာမှာ ထိုင်းဗုဒ္ဓဘာသာကျောင်းတွေ လေ့လာကြည့်ပါဦး၊ မြန်မာတွေလို ဘုရားဖူးလာတဲ့ သူတွေဆီက အလှူခံပြီး စုဆောင်း ဆောက်ထားတယ် မဟုတ်ပါ။ ထိုင်းဘုရင်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတကာမှာ ကျောင်းဆောက် ပေးနေလေရဲ့။ အိန္ဒိယနိုင်ငံမှာပဲ ကြည့်လိုက်ပါ၊ ဗုဒ္ဓဂယာမှ ထိုင်းကျောင်း ဗာရဏသီမှ ထိုင်းကျောင်း ကုသိနာရံမှ ထိုင်းကျောင်းများစွာ၊ လုဗ္မီနီမှ ထိုင်းကျောင်းအပြင် ၊သာဝတ္ထိ ရာဇဂြိုဟ်၊ ဝေသာလီ စသည် အထင်ကရ နေရာများစွာမှာ ထိုင်းဗုဒ္ဓဘာသာ ကျောင်းတွေဟာ ထိုင်းဘုရင်ကိုယ်တိုင် ဦးဆောင် ဆောက်လုပ်ထားတာများတယ် လို့သိရပါတယ်၊။
စင်္ကပူ၊ မလေးရှားကို ကြည့်လိုက်ရင်လည်း ထိုင်းလူမျိုးတွေဟာ ဗီဇာမလိုဘဲ ဝင်ထွင်သွားလာနိုင်ကြပါတယ်။ ကွာလာလမ်ဘူမြို့လယ်က ကျယ်ဝန်းတဲ့ခြံဝင်းထဲမှာ ခမ်းနာတဲ့ ကျောင်းဆောင်တွေနဲ့ ထိုင်းကျောင်း ဟာလည်း ဘုရင် ကောင်အမှုလို့သိရပါတယ်။ ပီနန်က ထိုင်းကျောင်းကတော့ မြန်မာ ကျောင်းမြေကို ရယူထားတာလို့သိရပါ တယ်၊ ယခုတော့ တန်ဘိုးငွေ ပေးချေပြီးပြီ လို့သိရပါတယ်။စင်္ကပူမှာ လည်းထိုင်းကျောင်း ဆောက်မယ်ဆို အစိုးရက မြေနေရာချပေးတယ်
လို့ကြားရပါတယ်။
စင်္ကပူမှာ ထိုင်းတွေက လွပ်လပ်ရေးမတိုင်မီကပင် ဝင်ထွက် သွားနေခဲ့ကြတာဆိုတော့၊ သူတို့ရထား တဲ့နေရာတွေက ကောင်းလိုက်တာ၊ ဝတ်အာနန္ဒာကျောင်း (Bukit Merah) ပလေလိုင်းကျောင်း (Semi) ဥတ္တမယာနီ(choa chew kang)စသည့် စသည်ကျောင်းတိုက်တွေနဲ့ ထိုင်း ဗုဒ္ဓဘာသာ ရဟန်းတွေဟာ local Singaporean တွေကို တကယ်သာသနညပြုနေကြတာတွေ့ရပါတယ်၊ ဂျူးရောင်း Bird Park မှ ကောင်းကင်ရထားဟာလည်း ထိုင်း (TG) Air Lince မှ လှူဒါန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။
ရှေးအစဉ်အလာကပင် အများတကာထက် ရေ မြေ တော တောင် ရာသီသဘာဝတို့ကို စွဲလမ်းခင်မင်လျှက် ပြင်ပကမ္ဘာကို အထင်မကြီးလို့ ဘယ်ကိုမှမသွား မလာလိုကြသော တို့များတတွေဟာ ကိုယ့်ငါးပိကို ကိုယ်ချဉ်နေခဲ့ကြတာ။အသုံးမတည့်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလိုဖြစ်နေကြောင်း နဖူးတွေ့ ၊ဒူးတွေ ကြုံဘူးမှ မျက်ဝါးထင်ထင် မြင်တွေ့ကြရပေမည်။
စင်္ကပူနေ မြန်မာတစ်ယောက် အနေဖြင့် မိသားစုနှင့် ဖုံးဆက်ရတာကအစ စိတ်ဆင်းရဲနေကြရပါသည်။ ဥပမာ-Hello Card တစ်ကဒ်ကို ($9) ဒေါ်လာဖြင့်ဝယ်ပြီး အိန္ဒိယကို ခေါ်ကြည့်ပါ (၁၀ -နာရီ နှင့် ၃၀ မိနစ် စကားပြောနိုင်ကြောင်း operator က ဖြေကြားပါလိမ့်မယ်၊ ပြီးရင် ကိုယ့်မိသားစုကို ခေါ်ကြည့်ပါ၊ operator က (မိနစ် ၂၂ မိနစ်ရကြောင်းဖြေကြားပါလိမ့်မယ်၊ မိမိတို့အသုံးများပြီး လွယ်ကူတဲ့ M1(1818)တစ်ကဒ်ကို ($8.40) နဲ့ဝယ်ပြီး ကမ္ဘာတစ်လွှား ဘယ်ကိုခေါ်ခေါ် မိနစ်(၁၀၀) ကျော်လောက်တော့ အနည်းဆုံးစကားပြောခွင့်ရပါလိမ့်မယ်။
ထူးခြား အံ့သြစရာကောင်းတာက မိမိတို့ ရွေနံပါတ်ကို နှိပ်လိုက်တာနဲ့ စကားပြောချိန် ၂၃ မိနစ်ဖြစ်ကြောင်း သိရပါတယ်၊ ဟဲလို ..ကြားလာ ဘယ်သူနဲ့ စကားပြောချင်လို့ပါ၊ အမေနေကောင်း လားသလား။သားက အဆင်ပြေပါတယ်၊ ဘယ်သူကကို သတင်းမေးကြောင်းပြောလိုက်ပါ၊ ငွေနည်းနည်းလွှဲ ထားတယ်နော်လို့ ပြောပြီးတာနဲ့ လူကြီးမင်းမှာ တစ်မိနစ်သာ ကျန်ပါတော့တယ်။ တကယ်လို့သာ မိမိတို့သည် အိန္ဒိယကုလား ၊ဘင်္ဂလားဒေ့ရှ်၊ ကုလားတစ်ယောက်အဖြစ်နဲ့ စင်္ကာပူမှာ အလုပ်လာလုပ် နေပြီး မိသားစုများ ကအိန္ဒိယ..ဘင်္ဂလားဒေရှ်မှာရှိနေမယ်ဆိုရင် ကြီးမြတ်သော ဆုလာဒ်တစ်ခုကို နေ့စဉ် ခံစားနေရသလို ပျော်ရွှင်နှိုင်မှာ သေချာပါသည်။
(ဝတီနွယ်)
0 comments:
Post a Comment