* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 30, 2010

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ၊ သာသနာဖျက်တို့ စကားကို မယုံနဲ့

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ

ဒကာ။ ။ မြတ်ဗုဒ္ဓသာသနာတော်မှာ မိထွေးတော် မဟာပဇာပတိဂေါတမီဟာ အမျိုးသမီးထဲက ရှေးဦးစွာ ရဟန်းမ , ဖြစ်တယ်လို့ကြားသိရပါတယ်၊ မိထွေးတော်ဂေါတမီကို ဘယ်သူက ဆရာဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးပါသလဲ ဆရာတော်။
ဆရာ။ ။ မိထွေးတော် မဟာပဇာပတိ ဂေါတမီကို ဘယ်သူမှ ရဟန်းခံ မပေးရဘူး၊ သူ ရဟန်းမ, ဖြစ်လာပုံက အတော်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတယ်။
မိထွေးတော် မဟာပဇာပတိ ဂေါတမီဟာ သူ့ဖာသာသူ ဆတ္တာသည်နဲ့ ဆံချလျက် ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ကာ သူ့ဟာသူ ရဟန်းပြုပြီးမှ မဟာဝုန်တောကြီး၌ ရဟန္တာဖြစ်သွားကြကုန်သော သာကီဝင် မင်းသားငါးရာတို့၏ ဇနီးမယား(တခုလပ်) သာကီဝင်မင်းသမီး ငါးရာတို့နဲ့အတူ မြတ်စွာဘုရားထံ သုံးကြိမ်သုံးခါတိုင်အောင် ရဟန်းမ, ပြုလုပ်ရန် ခွင့်တောင်းပါသော်လည်း သုံးကြိမ်တိုင်အောင် မြတ်စွာဘုရားသခင်က ပယ်ချလိုက်တယ်၊ လက်မခံဘူး၊ ပြုခွင့် မပေးဘူး၊ ခု- ဆရာတော် ဖြေကြားတဲ့ စကားရပ်ဟာ အကျဉ်းသိနိုင်ရုံမျှသာဖြစ်တယ်၊ အပြည့်အစုံဟု မမှတ်ရဘူးနော်။
သည့်နောက် တဖန် အရှင်အာနန္ဒာထေရ်မှ တဆင့် ကပ်ပြီးတော့ လျှောက်ထား တောင်းခံပြန်တဲ့အခါမှာလည်း ထို့အတူ ("မသင့်လျော်ဘူး အာနန္ဒာ သင်ညီဖွားသည် မာတုဂါမ မင်းမိန်းမများ၏ ဤဓမ္မ၀ိနယသာသနာ၌ ရှင်ပြုခွင့်ရခြင်း, ရဟန်း ပြုခွင့်ရခြင်းကို မနှစ်သက်ပါလင့်ဟု") သုံးကြိမ်တိုင်တိုင် ပယ်ချလိုက်တယ်၊ သို့ပေမယ့် ညီတော် အာနန္ဒာက စိတ်အား မလျော့ဘူး။
"အရှင်ဘုရား၊ မာတုဂါမ မင်းမိန်းမများ သာသနာတော်၌ ရဟန်းပြုခဲ့သော် သူတို့ဟာ မဂ်ဖိုလ်မရနိုင်, မရကောင်းလို့လားဘုရား၊ ထိုရဟန်းမ, များသည် မဂ်ဖိုလ်နဲ့ မထိုက်တန်လို့ပါလားဘုရား" ဟုမေးလျှောက်ပြန်တယ်။
"ချစ်သားအာနန္ဒာ၊ မာတုဂါမ မင်းမိန်းမ, များဟာ ငါဘုရားသာသနာတော်၌ ရဟန်းမ, များအဖြစ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိခံစားနိုင်ရန် ထိုက်တန်ကြပေတယ်" ဟု မိန့်ကြားတော်မူလိုက်တယ်။
"ဘုန်းကြီးသော မြတ်စွာဘုရား ယင်းသို့ ထိုက်တန်ကြပါမူ မဟာပဇာပတိဂေါတမီသည် ရှင်တော်ဘုရားအပေါ်၌ မိခင်အလား ကျေးဇူးများသူ ဖြစ်ပါ၍ မာတုဂါမ မင်းမိန်းမ, များကို ရဟန်းပြုခွင့် ပေးသနားတော်မူပါ ဘုရား" ဟု ညီတော် အာနန္ဒာ အကြိမ်ကြိမ် လျှောက်ထားမှုကြောင့်သာ မြတ်စွာဘုရားသခင်က
"ချစ်သား အာနန္ဒာ၊ မိထွေးတော် မဟာပဇာပတိဂေါတမီသည် ရှစ်ပါးသော ဂရုဓံတရားကို လိုက်နာခံယူ ကျင့်ကြံနိုင်ခဲ့လျှင် လိုက်နာခံယူ ကျင့်သုံးတဲ့ကာလမှ စပြီးတော့ မိထွေးတော်ဂေါတမီ၏အဖို့မှာ ရှင်၏အဖြစ်, ရဟန်းမ, ၏ အဖြစ် ရရှိပြီး ဖြစ်စေရမည်" ဟုမိန့်ကြားခွင့်ပြုတော်မူလိုက်တယ်။
ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဂရုဓမ္မ တရားရှစ်ပါးကို သင်ကြားကာ မဟာပဇာပတိဂေါတမီထံ တဖန်ပြန်ကြွကာ " မိထွေးတော်၊ အကယ်၍ မိထွေးတော်ဟာ ဤဂရုဓမ္မတရားရှစ်ပါးကို ဦးထိပ်ထားကာ ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မကျူးလွန်ဘဲ ကျင့်သုံးဆောက်တည်သွားနိုင်ပါမူ မိထွေးတော်အတွက် ရှင်အဖြစ်ရော၊ ရဟန်းမ, အဖြစ်ပါ ပြီးပြည့်စုံစွာ ဖြစ်နိုင်ပါလိမ့်မည်" ဟု မြတ်စွာဘုရား မိန့်ကြားခွင့်ပြုတော်မူလိုက်ကြောင်းနဲ့ ပြောကြားကာ မိထွေးတော်ကြီးအား ရှစ်ပါးသော ဂရုဓံတရားကို ဟောကြားသင်ပြပေးသောအခါ မိထွေးတော် ဂေါတမီသည် အတိုင်းမသိ ၀မ်းမြောက်ရိုသေစွာဖြင့် " တပည့်တော်မသည် ဤရှစ်ပါးသော ဂရုဓမ္မ တရားမြတ်ကို အသက်ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်ကြံ အားထုတ်ပါ၏ ဘုရား"ဟု လျှောက်ကြားလေသည်တဲ့။
ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံ သွားရောက်ကာ ရိုသေစွာရှိခိုးလျက် "ဓမ္မရာဇာဖြစ်တော်မူသော မြတ်စွာဘုရား၊ မိထွေးတော် မဟာပဇာပတိဂေါတမီ သည် ဂရုဓံတရား ရှစ်ပါးကို မိမိအတွက် အသက်ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်သုံးရမည့် မလွန်ကျူးအပ်သည့် ကျင့်ဝတ်တရား ဟူ၍ ၀မ်းမြောက် ၀မ်းသာစွာ ခံယူ ကျင့်သုံးပါပြီ" ဟူ၍ လျှောက်ကြား လေသည်။
မှတ်ချက်။ ။ ဤ၌ ဂရုဓံတရားရှစ်ပါးကို ရိုသေလေးမြတ်စွာ ခံယူ ကျင့်သုံးတဲ့ အချိန်ကစပြီး မိထွေးတော်ကြီးအတွက် ရှင်, ရဟန်းခံယူခြင်းကိစ္စ ပြီးသွားပြီ၊ ဘိက္ခုနီမ ဖြစ်သွားပြီ လို့ မှတ်ယူရမည်။


သာသနာဖျက်တို့ စကားကို မယုံနဲ့

သိမ်ထဲဝင်ပြီးတော့ ကမ္မ၀ါ ရွတ်ဖတ်ရန်တွေ ဆရာဥပဇ္ဈာယ်ယူစရာတွေ မလိုတော့ချေတဲ့၊ ဒါက မြတ်စွာဘုရားအပေါ်မှာ ကျေးဇူးများလှတဲ့ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီအတွက်သာ ဖြစ်တယ်၊ အဲဒီလို ပဉ္စင်းခံခြင်းမျိုးကို " အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏ ဥပသမ္ပဒါ" မျိုးဟုခေါ်တယ်၊ ယင်းမှ နောက်ပိုင်း ဘိက္ခုနီမများကိုတော့ ရဟန်းယောက်ျားများက သိမ်ထဲ၌ ကမ္မ၀ါဖတ်ပြီးတော့ ရဟန်းပြုပေးကြရတာချည်းပဲ ဖြစ်တယ်၊ ကဲ...တော်လောက်ပြီ၊ နားလည်ရောပေါ့၊ ဂရုဓံတရား ရှစ်ပါးကို ဆရာတော် ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓာန်ကျမ်း၌ ကြည့်ပေတော့။
အေး....သာသနာဖျက်သမားတွေက သည်ပြဿနာမှာ ဘုရားရှင် ခွင့်မပြုတာကို အာနန္ဒာ အတင်းလုပ်တာ ဘာညာနဲ့ ပြောကြသေးတယ်၊ သူတို့စကား မယုံကြနဲ့။
ဒကာ။ ။ သာသနာတော် ကြည်ညိုလေးစားရေးအတွက် ခုလို ရှင်းလင်းဖြေကြားတာကိုပဲ ၀မ်းမြောက်လှပါတယ်ဆရာတော်၊ သာသနာဖျက်လိုသူတွေကတော့ အဘိဓမ္မာ ဘုရားဟော မဟုတ်ဘူး၊ နတ်ပြည်ခြောက်ထပ်ဆိုတာလည်း မရှိဘူး၊ ဘာညာနဲ့ သူများ နားယောင်အောင် လိုက်ဖျက်နေကြတာပဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP