မှန်ကြည့်လိုက်ပါ စာအုပ်ထွက်ရှိခြင်း…
စာအုပ်ဖတ်မှ အားရတတ်သည့် စာအုပ်ပရိတ်သတ်များအတွက် ဓမ္မအသိ မျှဝေကြည့်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မနာပဒါယီစာစဉ် (၁) အဖြစ် ထုတ်ဝေခဲ့သည့် “မချစ်မမုန်း အကောင်းဆုံးဟူသော” စာအုပ်သည်လည်း ယခုအခါ ကုန်သလောက်နီးပါး ဖြစ်နေကြောင်း စာပေအသိုင်း အ၀ိုင်းမှတဆင့် ကြားသိရသည်။
နောင်ထွက်ရှိလာမည့် စာအုပ်များကိုလည်း မနာပဒါယီ စာစဉ်များအဖြစ် ဆက်လက်ဖြန့်ဝေသွားကာ စာအုပ်မှ ရရှိလာသည့် အကျိုးရလာဘ်များကို မနာပဒါယီ စာပေပြန့်ပွားရေးနှင့် ပညာရေး အလှူများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တမှ မိန့်ကြားတော်မူပါသည်။ နောင်ထွက်ရှိရန် စီစဉ်ထားသည့် စာအုပ်များမှာ
- - အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း
- - နဲနဲလေးတော့ လွဲနေတယ် အတွဲ (၁)
- - စိတ်အားဖြည့် စကားစုလေးများ (၁)
- - စိတ္တသုခ ဘုရားရှိခိုး ၀တ်ရွတ်စဉ် စသည်တို့ ဖြစ်ပါသည်။
ထို့ကြောင့် ဆရာတော်၏ ဓမ္မစာအုပ်များအား ဓမ္မဒါနပြု လှူဒါန်းလိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဌာနများသို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
မနာပ ဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်ဝ်….
- သီရေဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၃၈၃၇၉၆
- စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယား။ ဖုန်း = ၀၅၃-၂၉၅-၉၂၂၀
- ရဲမာန်စီးပွားရေး လုပ်ငန်းစု ၄၆-၄၇၊ သိမ်ကြီးဈေး (စီ)၊ အဆောင်(၄) ပထမထပ်၊ ရန်ကုန်မြို့။ ဖုန်း = ၀၉၅၉၇၉၈၅
0 comments:
Post a Comment