ဘုန်းဘုန်း
အပိုင်း ၂ ရေးထားတာပါ... တပည့်တော်မရဲ့စာကို www.forverfriends.ning.com မှာတင်ထားပါတယ်.. ပထမပိုင်းကို ဖတ်တဲ့သူပိုများပါတယ်.... ဖတ်ကြည့်ပါဦးနော်..
သူငယ်ချင်းတို့ရေ..ဒီတစ်ခါ စင်ကာပူမှာရှိနေတဲ့ မြန်မာတွေရဲ့ ဘဝ၊ စင်ကာပူက နေထိုင်မှု့ပုံစံတွေကို မြင်မိသလောက်ရေးပြချင်ပါတယ်…. မြန်မာပြည်မှာရှိနေတုန်းက တွေးထင်ထားသလိုပါပဲ နိုင်ငံခြားဆိုတာ ကိုယ့်နိုင်ငံလောက် စိတ်အေးလက်အေးနေလို့မရဘူးဆိုတာ.။.
မနက်စောစော alarm ပေးပြီးထ..ရေချိုး.. မျက်နှာကို တချက်နှစ်ချက် မိတ်ကပ် တို့ပြီး မနက်စာကို လောလော လောလောစား၊ အိတ်ဆွဲပြီး MRT station ကို ပြေးရတော့တာပဲ.. ကိုယ့် MRT ကဒ်ထဲက ပိုက်ဆံတွေကိုသာ တတိတိ ဖြတ်သွားပြီး တခါမှပြန်မရတော့မယ့် အဲ့ဒီအစိမ်းရောင်မြှားပြထားတဲ့ MRT station gate ပေါက်ကို ကြာတော့ မုန်းတောင်လာသလိုပဲ.. MRT gate မှာ ပြထားတဲ့ Jurong east ဘယ်နှစ်မိနစ်၊ Marinabay ဘယ်နှစ်မိနစ် ဆိုတာကို ကြည့်ပြီး ရထားရှိရာကို တချို့က ၀ရုန်းသုန်းကား ပြေးပြီး ခပ်မြန်မြန်တက်နေတဲ့ escalator ပေါ်ကို ပြေးတက်ကြတော့တာပါပဲ… .
. “Doors are closing”…. ဆိုပြီးပိတ်နေတဲ့ ရထားထဲကို မိသလောက်ပြေးပြေးဝင်နေကြတာ အသဲယားဖို့တောင်ကောင်းပါတယ်.. ရထားတံခါးများညှပ်သွားလို့ကတော့လား.. ဟင်း..။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် လမ်းလျောက်တာက အစ သုတ်သုတ် ပဲ .. စရောက်ကာစက သူတို့တွေကိုကြည့်ပြီးလမ်းမလျောက်တတ်ဘူးခြေလှမ်းတွေမှားတဲ့ထိပဲ..နောက်တော့လည်းကိုယ်လည်း
အဲ့ဒီထဲပါသွားတာပဲ.. တချို့ဆို နေတဲ့နေရာနဲ့ အလုပ်နဲ့ဝေးရင် မနက် ၅ နာရီလောက်ထကြရတယ်.. ပြီးရင် ရထားပေါ် မှာငိုက်ကြတော့တာပါပဲ.. အလုပ်ထဲရောက်တော့လည်း သက်သာကြလားဆိုတော့ ဘယ်သူမှမသက်သာကြပါဘူး..
တချို့တွေကတော့ပြောကြတယ်အေးဆေးပဲ..အွန်လိုင်းပေါ်တနေကုန်တက်ပြီးအဲ့လောက်လည်းအလုပ်မရှုပ်
ပါဘူးပြောကြတယ်.. ဟုတ်တဲ့သူတွေလည်းရှိမှာပါ.. များသောအားဖြင့် နှစ်ကြာနေတဲ့သူတွေသာ. အဲ့ဒီလိုနေနိုင်ကြတာပါ.. ။
ပြီးတော့ ဒီမှာက အသက် ကြီးတဲ့သူတွေလည်း ခပ်သုတ်သုတ်ပဲ အလုပ်လုပ်နေကြရတာပါ.. အသက် ၆၀ကျော်တွေရောပဲ.. အေးအေးဆေးဆေးနေနိုင်ကြတဲ့သူတွေလည်းရှိတာပေါ့.. ။ နောက်ပြီးဒီနိုင်ငံက ကောင်းတဲ့ အမူအကျင့်တခုကိုပြောပြချင်တယ်.. အဲ့ဒါဘာလည်းဆို ဘယ်နေရာမှာမဆို Queue ရတာပါ.. ဘာပဲလုပ်လုပ် first in first out ပဲ.. စည်းကမ်းရှိရှိ Queue ကြတယ်.. မြန်မာနိုင်ငံက passport ရုံးကိုမြင်ဖူးကြတယ်မဟုတ်လား.. ကြိတ်ကြိတ်တိုးနေကြတာ.. တို့နိုင်ငံကိုလည်း အဲ့လိုမျိုး စည်းကမ်းရှိ စေချင်တယ်.. ဘာလို့များ မရှိကြရတာလည်းမသိဘူးနော်..။ အဲ့ဒါဆို သိပ်ကို အဆင်ပြေမှာပါ။
ပြီးတော့workpermitနဲ့ အလုပ်လုပ်နေရတဲ့သူတွေအကြောင်းပြေပြချင်ပါတယ်.. သိသလောက်ပေါ့နော်..
စင်ကာပူမှာနေထိုင်လို့ရဖို့ pass တွေလိုပါတယ်.. s pass ကတော့ ဘွဲ့ရပြီးသားသူတွေအတွက်ပါ.. visit pass နဲ့ လာပြီးအလုပ်ရှာတယ် ရရင် company က Spass လျောက်ပေးတယ်.. Passport သက်တမ်းS pass ချပေးတယ် ခု ဒီဇင်ဘာ ၂၀၁၀ မှာ election ရှိလို့ အရမ်းကျပ်ပါတယ်.. တချို့သူတွေအလုပ်ရပေမယ့် s pass reject ထိလို့ ပြန်သွားရတဲ့သူတွေရှိပါတယ်.. ဒီမှာက အဲ့ဒီဒုက္ခ ကသိပ်ကြီးပါတယ်.. ကိုယ့်ရဲ့ Data တွေကို သေသေချာချာ ပြင်ဆင်ထားဖို့လိုပါတယ်.. ကိုယ်ရတဲ့အလုပ်နဲ့ ကိုယ်ရတဲ့ ဘွဲ့နဲ့ကလည်း ကိုက်ညီဖို့လိုပါတယ်.. ကုမ္ပဏီနဲ့လည်းဆိုင်ပါတယ် အစိုးရနဲ့ အရှုပ်အရှင်းရှိထားရင် လည်း ကံဆိုးစွာ reject ထိနိုင်ပါတယ်.. တခြားအလုပ်ပြောင်းရှာဖို့ အချိန်ရသေးတယ်ဆိုရင် ကောင်းတာပေါ့ အချိန်မရတော့ရင် မလေးရှောင်ရင် ရှောင် မရှောင်ရင် မြန်မာပြည်ပြန်ဖို့ပဲရှိတယ်.. အပြီး letter တင်လို့ရတယ်ပြောကြတယ်.. ကုမ္ပဏီလည်း အစိုးရနဲ့ ဘာအရှုပ်အရှင်းမှမရှိဘူး ဆိုရင်တော့ ကြိုးစားကြည့်လို့ရနိုင်ပါတယ်....
Work permit နဲ့ အလုပ်လာလုပ်သူတွေအတွက်ကတော့ အဲ့လိုမဟုတ်ပါဘူး.. ဘွဲ့ရပြီးတဲ့သူတွေလို.. social visit နဲ့လာပြီး အလုပ်လျောက်မယ်ဆိုရင် အလုပ်ရရင်တောင် work permit လျောက်တဲ့အချိန်မှာ အဲ့ဒီသူက စင်ကာပူနိုင်ငံထဲမှာရှိမနေရပါဘူး အထွက်ပြပြီး permit ကျမှပြန်ဝင်လာလို့ရပါတယ်.. များသောအားဖြင့်တော့ agent တွေနဲ့ ရှာတယ်.. agent တွေက company နဲ့ ချိတ်ပြီး permit လျောက်တယ် ၊ကျရင် ၀င်လာပြီးအလုပ်လုပ်တယ်.. သိရသလောက်တော့ အဲ့ဒီလိုလုပ်တာများပါတယ်။ ဒီနေရာမှာပြောပြချင်တာက ယုံရတဲ့ agent တွေရှိသလို မယုံရတဲ့ agent တွေလည်းရှိပါတယ်.. တချို့ ဆို agent ခ ၃၅၀၀ ပေးရပြီး ၁လလုပ်ပြီး အလုပ်ဖြုတ်ခံရတဲ့သူတွေလည်းရှိပါတယ်.. agent နဲ့ ကုမ္ပဏီနဲ့ပေါင်းပြီး ကြံတဲ့ လုပ်ရပ်တွေတကယ်ကိုရှိတာပါ.. ရင်မောစရာတွေပါပဲ..
နောက်ပြီးပြောချင်တာတခုရှိပါတယ်.. Work permit တွေနဲ့အလုပ်လုပ်နေရသူတော်တော်များများက ဆောက်လုပ်ရေးပိုင်းတွေ၊ သင်္ဘောကျင်းတွေ မှာများပါတယ်.. နံရံတွေမှာ ကရိန်းနဲ့တွဲပြီး အထပ်နှစ်ဆယ်ကျော်ကနေ ဆေးသုတ်နေရတဲ့အလုပ်က အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပဲလို့ဆိုလို့ရလောက်ပါတယ်... ဒါပေမယ့် ဒီမှာက စက်ကိရိယာတွေကိုသုံးထားတဲ့ အတွက် safe တော့ ဖြစ်ပါတယ်.. အလုပ်ဟူသမျှဂုဏ်ရှိစွပါ။
နောက်ပြီး ပြောချင်သေးတာတခုက..သူတို့ကို ချီးကျူးတာပါပဲ .. ဒီမှာဘယ်လောက်ပင်ပန်းပင်ပန်း.. အပြုံးမပျက် အလုပ်လုပ်နိုင်ကြတယ်.. ဘ၀ကို သိနားလည်ပြီး.. ကြိုးစားချင်စိတ်ရှိကြတယ်.. မိဘညီအစ်ကိုမောင်နှမတွေကို စိတ်ချမ်းသာအောင်ပြောကြတယ်.. အသိတစ်ယောက်ကပြောပြတယ်.. အဲ့ဒီကောင်လေးက အလေးအပင်တွေ ထမ်းရတဲ့ အလုပ်ကိုလုပ်ရတယ်.. သူ့မိဘတွေကို ဖုန်းဆက်တဲ့ အခါ. .. “အမေသားကို စိတ်မပူနဲ့နော်.. သားက ဒီမှာ ၁၀ပေါင်ပြည့်တဲ့ အထုတ်ကိုတောင် မထမ်းရဘူး သက်သာတယ်.. စိတ်ချပါတဲ့”လေ..။ တချို့တွေဖုန်းဆက်နေတာကိုလည်းကြားဖူးပါတယ်.. “ညီမလေးရေ.. ဒီနေ့ ၁၅ သိန်းလွှဲလိုက်တယ်.”. တဲ့။
ဘဝဆိုတာတော့ရုန်းကန်ခြင်းတွေနဲ့ပြည့်နေမှာပါပဲ.အဆင်ပြေတဲ့သူတွေရှိသလိုအဆင်မပြေတဲ့သူတွေ
လည်းရှိပါတယ်..အဆင်မပြေမှာကိုကြောက်ပြီး ငုတ်တုပ်ထိုင်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး.. သူငယ်ချင်းတို့ကို ကြောက်အောင်ပြေပြနေတာမဟုတ်ပါဘူး.. သိထားသင့်တာတွေသိထားပြီး ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါနော်…တချို့တွေကလည်းသိပြီးသားတွေဖြစ်မှာပါ.. သက်ထက်သိတဲ့သူတွေကလည်းသက်ရေးတာမှားနေရင်..အပြစ်ဆိုတာထက်ကူညီပြင်ဆင်ပြီးမသိသေးတဲ့
သူတွေကို သိအောင်ပြောပြစေ့ချင်ပါတယ်.. ဒီမှာမြန်မာတွေတော်တော်ကိုများနေပါပြီ.. passport ရုံးမှာ ကြိတ်ကြိတ်တိုးနေတာတွေကိုလည်းတွေ့မြင်ခဲ့ရလို့.. ဒီေ၇ာက်ပြီးမှ ဒုက္ခမရောက်စေ့ချင်ပါဘူး..
ဆိုးတာကိုပဲကြည့်နေလို့မရဘူး ကောင်းတာတွေကိုလည်းကြည့်တတ်ရလိမ့်ဦးမယ်.. ပင်ပန်းတယ်၊ မျက်နှာငယ်ရတယ်၊ ဟုတ်တယ်.. ဒါပေမယ့် ပညာတွေရတယ် လူမှု့ဆက်ဆံရေးတွေတတ်လာတယ်..
နိုင်ငံခြားဆိုတာသိပြီးကိုယ့်နိုင်ငံဆိုတာလည်းသိလာတယ်..နွေးထွေးမှု့စာနာမှု့ကောင်းစွာပြောဆိုဆက်ဆံတတ်မှု့ ဆိုတာတွေသိလာတယ်..
ဒီနိုင်ငံက တိုးတက်မှု့ ကောင်းတဲ့အမူအကျင့်တွေကိုကြည့်ပြီး အတုယူမယ်ဆိုရင်တော့ကောင်းပါတယ်.. မကောင်းတာတွေကို အတုမယူစေ့ချင်ဘူး.. လူရှေ့သူရှေ့မရှောင် အကြင်နာပေးတာ.. မိန်းခလေးတွေ ဆေးလိပ်သောက်တာ.. ကဲ သိပ်ဆိုးတဲ့ အကျင့်တွေပါပဲ.. ဆိုးတာတခုက မြန်မာမိန်းခလေးတွေ ပါ သောက်နေကြတာပါ.. ( သူတို့တွေ ဒီစာဖတ်ရင်တော့ ဆဲမယ်ထင်ပါတယ်.. မတတ်နိုင်ဘူး တင်ပြမှာပဲ မကြိုက်လို့ ) သောက်တာက သူတို့ရဲ့လွတ်လပ်ခွင့်ပါ.. မကောင်းဘူးလို့ထင်တာက ကျွန်မရဲ့ အမြင်ပါ..
ပြီးရင် ဦးသုမင်္ဂလ စင်ကာပူမှာတရားပွဲကျင်းပတုန်းက ဟောသလိုပါပဲ.. မြန်မာတွေ ကိုယ့်နိုင်ငံက အကျင့်ဆိုးတွေပါလာတယ် ဒီလောက်စည်းကမ်းရှိပြီး သန့်ရှင်းတဲ့နိုင်ငံမှာ အဲ့ဒါကိုမဖျောက်ကြဘူးတဲ့ အဲ့ဒါဘာလဲဆို.. ကွမ်းတံတွေးကို စည်းကမ်းမရှိထွေးတာပါပဲတဲ့.. မြန်မာတွေစရိုက်ကို သိချင်ရင် မြန်မာတွေ အသွားများတဲ့ City Hall ကိုသွားကြည့်.. အဲ့ဒီမှာတွေ့လိမ့်မယ်တဲ့.. ဟုတ်ပါတယ်.. ပြီးရင် လမ်းဖြတ်ကူးတဲ့အခါ မျဉ်းကျားကနေပဲကူးကြရတာပါ. မကူးပဲ ဒီလောက်မြန်မြန်မောင်းနေတဲ့ ကားတွေကြားကနေ ပြေးပြေးပြီး ဖြတ်ကူးတာဆိုလို့ City Hall တနေရာပဲရှိပါတယ်.. ( ကိုယ်ပါအပါအ၀င်ပေါ့လေ ) ဘုန်းဘုန်းတရားဟောတောကိုရီကြတယ်၊ ရီမှာပေါ့ ဟုတ်နေကြတာကိုး .. ဘုန်းဘုန်းက ပြောတယ်.. ကောင်းတဲ့ အကျင့်တွေယူပြီးကိုယ့်နိုင်ငံပြန်ခဲ့ကြပါတဲ့..။
ကိုယ့်နိုင်ငံကနေထွက်လာဖို့ကြိုးစားရင်လည်းသေချာပြင်ဆင်ပြီးမှလာကြပါ.. အဓိက က communication ပါပဲ.. မြန်မာနိုင်ငံက နေ မိတ် နဲ့လာလုပ်နေရတဲ့ မြန်မာမိန်းခလေးအများစုရှိကြတယ်ဆိုတာသိကြမှာပါ..
သူတို့တွေ သိပ်ကိုအခက်အခဲတွေ့ကြရတယ်..ဘာအတွက်လည်းဆိုအိမ်ရှင်တွေပြောတာကိုနားမလည်တာပါ.. အဲ့ဒီတော့ သူတို့တွေစိတ်ဆင်းရကြရတယ်.. သက်နေတဲ့ အိမ်က အမတစ်ယောက်ကို အသိနိုင်ငံခြားသူ အိမ်ရှင်က သူ့အိမ်မှာလုပ်နေတဲ့ မြန်မာမိတ်ကို ခေါ်လာပြီးတော့ ကို မိတ်နဲ့ အိမ်ရှင်ကြားစေ့စပ်ညှိနှိုင်းရတာတွေတောင်တွေ့ခဲ့ဘူးပါတယ်.. သိပ်ကိုဆိုးတာပါပဲ အဲ့ဒီကောင်မလေးက မျက်ရည်စမ်းစမ်းနဲ့ ပြန်မယ်ပဲလုပ်နေတာပေါ့…။
ဒီနေရာမှာရေးချင်ပါသေးတယ်.. မြန်မာမိတ်တွေရဲ့ ဘ၀ပါ.. သိကြတဲ့ အတိုင်းမြန်မာပြည်က agent နဲ့ ဒီက agent ချိတ်ပြီး မြန်မာပြည်က agent ကို က ၄လ စာ၊ ဒီက agent ကိုက ၄လစာ စုစုပေါင်း ၈လစာကို သူများအိမ်မှာမျက်နှာငယ်ခံပြီးအလုပ်အကျွေးပြုကြရတာပါ.. အဆင်မပြေလို့ အိမ်ပြောင်းရင် (၂)လစာထပ်ပေးရတယ်ပြောကြတယ်..အဲ့ဒီတော့၁၀လ.. တချို့ဆို passportစာအုပ်ကိုအသိမ်းခံထားရပြီး ခြိမ်းခြောက်ခံရသေးတယ် .. ရေးရင်းနဲ့တောင်ရင်ထဲဆို့လာပြီနော်.. တော်ပြီဆက်မရေးတော့ဘူး..။
အကုန်လုံးကအဆင်မပြေကြဘူးလားဆိုတော့မဟုတ်ပါဘူး..တော်တော်ကိုအဆင်ပြေတဲ့သူတွေလည်းရှိကြပါတယ်..ဒါပေမယ့်အခက်အခဲအမျိုးမျိုးကိုကြုံတွေ့ခံစားခဲ့ကြရတာပါပဲ..certificateတွေအများကြီုးရထားမှလည်းမဟုတ်ပါဘူး.. ကံ၊ ဥာဏ၊် ဝီရိယ၊ နဲ့လည်းဆိုင်ပါတယ်..ကဲသူငယ်ချင်းတို့ရေ.. လိုအပ်တာလေးတွေ ဖြစ်တတ်တာလေးတွေကိုလည်းရေးပြပြီးပါပြီ. လာမယ်ဆိုကြိုတင်ပြင်ဆင်ထားလို့ရလောက်ပြီထင်ပါတယ် …နောက်များအဆင်သင့်ရင် အလုပ်အတွေ့အကြုံလေးတွေ ဆက်ရေးပါဦးမယ်နော်….. မှားတာလေးတွေကို သိတဲ့သူတွေပြင်ဆင်ပြောပြပေးကြပါလို့ မေတ္တာရပ်ခံရင်း…………..
(အားလုံးကို ခင်မင်လေးစားစွာဖြင့်..)
(T.T.Hlaing)
0 comments:
Post a Comment