နှလုံးသားအဖြူနဲ့ ရင်ဘတ်တွေကို ဖွင့်ထားတယ်
နှလုံးသားအဖြူနဲ့ ရင်ဘတ်တွေကိုဖွင့်ထားတယ်….
မြူမင်းလွင် (ကောလင်း)
နွေအခါမှ မသိချင်သလို
သေခါမှ မသိချင်လို့
အခုကတည်းက ဥ ထားတယ်။
ငါတို့လူငယ်တွေ ဒီလောက်မညံဘူး….
ငွေပေးပြီး ၀ယ်လို့မရတဲ့အရာ
ဒါန သီလ ဘာဝနာ
မင်း..ဘာကိုရှာဖွေနေတာလဲ…
နှလုံးသားအဖြူနဲ့
ရင်ဘတ်တွေကို ဖွင့်ထားတယ်…။
အာဃာတ..အမုန်းတရားတွေချန်ထား
မနာလိုဝန်တိုမှုတွေ မေ့ပစ်…
နှလုံးသားချင်း ဂျပ်ပင်ထိုးလို့
အဖြူသက်သက် ချစ်ဖို့လိုမယ်….။
ကံ…ကံရဲ့ အကျိုးကို ယုံကြည်ပြီးတော့မှ
ပန်းလေးတစ်ခက် နှစ်ခက်လောက်
ဘုရားကပ်ပြီး…
အလိုရှိတိုင်းပြည့်စုံပါစေလို့….
ဆုမတောင်းချင်ဘူ….။
ကိုယ်..ဘယ်အတိုင်းအတာထိ
လုပ်နေသလဲ…..
ဘယ်အတိုင်းအတာထိ လုပ်ခဲ့သလဲ…..
ဘယ်အတိုင်းအတာထိ လုပ်မလဲ…..
သေချာတာတစ်ခုက
ရတနာသုံးပါးဆိုတဲ့ အမှန်တရားက
နှလုံးသားရဲ့ ဓားတစ်စင်း……
အကုသိုလ်တွေ ရှင်းဘို့…..
နှလုံးသားအဖြူနဲ့
ရင်ဘတ်တွေကို ဖွင့်ထားတယ်…….။
မမျှော်လင့်ပေမယ့်
မျှော်လင့်မိတာက
စိုက်ထားတဲ့ မျိုးစေ့ကလေး
ရှင်သန်ကြီးထွားလာဖို့….
နှလုံးသားအဖြူနဲ့…….
ရင်ဘတ်တွေကို ဖွင့်ထားတယ်…….။
ရင်ဘတ်တွေကို ဖွင့်ထားသင့်တယ်…….။
မြူမင်းလွင် (ကောလင်း)
0 comments:
Post a Comment