ဝါ၀ါရွင်ရွင၊်ကြည်ကြည်လင်လင် (JB)
၁၃၇၂ ခု တန်ဆောင်မုန်းလပြည့် (21-11-2010)တနင်္ဂနွေနေ့သည် မလေးရှားနိုင်ငံ ဂျိုးဟိုးဘာရုမြို့ ဒေဆာချမလင်းမြို့နယ်ရှိ ၊ဇယမင်္ဂလာဗုဒ္ဓဝိဟာရ(မိုးကုတ်ရိပ်သာ)၏ ပထမဆုံးအကြိမ်မြောက် မဟာဘုံကထိန်ပွဲကိုကျင်းပပြီးစီးအောင်မြင်ခဲ့ပါတယ်။
အခမ်းအနားကို နှစ်ကြိမ်ခွဲပြီးကျင်းပခဲ့ရပါတယ်။ နံနက် ဆယ်နာရီခန့်တွင် ပထမအခမ်းအနားကိုကျင်း
ပရာအခမ်းအနားအစီစဉ်အရနမောတဿ(၃)ကြိမ်ရွတ်ဆိုပြီးညီညာဖြဖြဖွင့်လှစ်ကြပါတယ်။
ရင်းတွင်းငြိမ်းဆရာတော်အရှင်ဥတ္တရထံမှ သရဏဂုံသုံးပါး ငါးပါးသီလကို ခံယူဆောက်တည်ကြပါတယ်။
ဇယမင်္ဂလာကျောင်းတိုက်ကြီးများ၏နာယကချုပ်ဒေါက်တာအရှင်ဝိစိတ္တကကထိန်နှင့်စပ်လျဉ်း၍
လည်းကောင်း၊ ပြည်ပရောက်မြန်မာများ ဖံွ့ဖြိုးတိုးတက်ရေးအတွက်Social Network
စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ကြဖို့ စိမ်းမံကိန်းများ ဆွေးနွေးတင်ပြပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံဖွား တိုင်းရင်းသားအားလုံး Knowledge is power ဟူသည်နှင့်အညီ လူအများစု အင်္ဂလိပ်ဘာသာစကားကိုနေ့စဉ်ဘဝတွင်သုံးစွဲတတ်ကြစေရန်ထိုကျောင်းတိုက်၌သင်
တန်းများဖွင့်လှစ်ဖို့လည်း တင်ပြဆွေးနွေးသွားပါတယ်။ ထို့နောက် ရင်းတွင်းငြိမ်းဆရာတော်က ပြည်
တွင်း၌ တွေ့ကြုံခဲံ့ရသော ခါးသီးလှသည့်အတွေ့အကြုံများ၊နိုင်ငံတကာ၌ ကြိုးစားရုံးကန်နေကြသော ဆွေတော်မျိုးတော်များကို ဖွံ့ဖြိုးတိုးတက်လာဖို့အရေး ဦးစားပေးလုပ်ဆောင်ကြဖို့ ဆွေးနွေးတင်ပြ
သွားတယ် ။
ယနေ့အခမ်းအနားတွင် စင်္ကာပူနိုင်ငံမှာကြိုတင်အချိန်းအချက်မရှိဘဲ တက်ရောက်ခဲ့ကြသော ကိုလှမြတ်ဦးနှင့် မိသားစုဆွေမျိုးများကပ္ပတိန် ရန်နိုင်ကျော်နှင့် မိသားစုဆွေးမျိုးများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဤနေရာမှ ဂုဏ်ပြုစကားပြောကြားလိုက်ရပါတယ် ။ ထို့အပြင် ပါရမီရှင်များဖြစ်ကြတဲ့ ကျောင်းတိုက်ဒါယကာ ကိုစိုင်း+မစုစုဝင်းမိသားစုနှင့်ဆွေမျိုးများ၊ မစောနီလာ ၊ မစောမြတ်စန္ဒာ၊ ဒေါ်ဝင်းပပဟန်၊ဆရာမ မသန္တာသက်တို့ကို ဤနေရာမှကျေးဇူးတင်ကြောင်း ဂုဏ်ပြုစကားပြောကြားအပ်ပါတယ်။
ပွဲတော်ဖြစ်မြောက်ရေးအတွက်ကျောင်းတိုက်ယာယီတာဝန်ခံဆရာတော်အရှင်ဝါသေဋ္ဌ၊ကျောင်းတိုက်ကပ္ပိယ ဒကာလေးများ၊ရခိုင်မောင်မယ်အဖွဲ့အစည်းများ၊ကျောင်းတိုက်မတည်အလှူရှင်ကိုရဲမိုး+မသူဇာမိသားစု၊
ကိုအောင်ငွေမိသားစု၊ ကိုဦးမိသားစု၊သယ်ယူပို့ဆောင်ရေးတာဝန်ခံ ကိုလှဘုန်းမိသားစု၊ ကျောင်းတိုက်၌ အချိန်ယူခါ ချက်ပြုတ်စီမံပေးကြသော Johor နေ (ရမ်းပြည့်မြို့နယ် ၊ကုန်ဘောင်ရွာမှ) ဒကာမလေးများ အမည်မဖေါ်ပြနိုင်သော်လည်းရာပေါင်းများစွာသော စေတနာရှင်ပါရမီရှင်များကို ဘဝသမ္ပတ္တိကိုယ်လက်
အင်္ဂါ အသက်ထက်ဆုံးတိုင်ကျမ္မာခြင်း၊ ဘောဂသမ္ပတ္တိ-တစ်ဘဝတာကာလပတ်လုံး၊စားဝတ်နေရေးအဆင်
ပြေစေခြင်း၊ အစရှိသောကောင်းကျိုးချမ်းသာ အဖြာဖြာကိုရရှိကြပါစေလို့ ဆုတောင်းအပ်ပါတယ်။
(အလှူဒါယကာတစ်ဦး)
0 comments:
Post a Comment