နဒီလောက

မြစ်နဒီ ဤမှာဘက်ကမ်း ငြိမ်လျှက်ရေသာ
ဟိုဘက်မှာ ကမ်းဟာပြိုတုန်း
ဤဘက်တွင်ငွေသောင်ဝန်း
ထွန်းလို့မဆုံး။
လောက လောကပြောကြတဲ့ဤလူ့ဘုံ
အချို့များဖတ်ဖတ်မော သောကနှင့်ကြုံ
အချို့မှာရွှင်ပြ အကနှင့်ခုန်
ဖြစ်ပုံခြင်းကွာခြား
အဖြစ်ရယ်မညီ မြစ်နဒီတမျှသာပ
လောကမှာ ပျော်သူပျော်လို့
သူပျော်ချိန် ကိုယ်ငိုရလိမ့်မယ်
တွေးဆတရား.....။ ။
======================
ကိုရင်လေး (၁၂- ၁၁- ၂၀၁၀)
0 comments:
Post a Comment