* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, November 1, 2010

သန့်ဇင်ဝင်း သေခြင်းတရားအကြောင်း စဉ်းစားခြင်း -၂

အပိုင်း(၂)

သေတယ်ဆိုတာဟာ ဘာလဲ။ လူတစ်ယောက်ဟာ အသက်ရှူရပ်သွားမယ်၊ နှလုံးခုန်ရပ်သွားမယ်၊ ဦးနှောက်ကလည်း အလုပ်မလုပ်တော့ဘူး ဆိုရင် ဆေးဘက်ဆိုင်ရာအလိုအရ သေတယ်လို့ သတ်မှတ်တယ်။ လူတစ်ယောက် အသက်ရှူရပ်သွားတဲ့အခါ နှလုံးခုန်ရပ်သွားတဲ့အခါမှာ အဲဒီလူ ချက်ချင်း အသက်ပြန်ရှူလာအောင်၊ နှလုံးပြန်ခုန်လာအောင် အရင်ဆုံးတွေ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေက အကူအသက်ရှူနည်းတွေ၊ နှလုံးကိုနှိပ်ပေးတဲ့နည်းတွေ၊ ဒီဖစ်ဘရစ်လစ်တာစက်တွေ၊ နှလုံးခုန်ဆေးတွေအကူအညီနဲ့ ကြိုးစားရတယ်။ အချိန်အတိုင်းအတာ တစ်ခုထိ ကြိုးစားပေမယ့် နှလုံးပြန်မခုန်၊ အသက်ပြန်မရှူတော့တဲ့အခါ ဦးနှောက်ဟာ သွေးလည်းမမရရှိ အောက်ဆီဂျင်လည်း မရရှိတဲ့အတွက် သေသွားတယ်။ လူတစ်ယောက် နှလုံးမခုန်တော့ဘူး၊ အသက်မရှူတော့ဘူးဆိုရင် ဆရာဝန်က Brain Death ဟုတ်မဟုတ် စစ်ဆေးရတယ်။ စစ်ဆေးတဲ့နည်းတွေထဲမှာ မျက်လုံးက သူငယ်အိမ်အကျဉ်းအကျယ်ကို ကြည့်တာ၊ သူငယ်အိမ်ကို အလင်းရောင်ပေးကြည့်ပြီး တုံ့ပြန်မှုရှိမရှိစစ်ဆေး တာတို့၊ နာကျင်ခြင်းဝေဒနာကို ခံစားနိုင်သေးလား မခံစားနိုင်တော့ဘူးလားလို့ စစ်ဆေးကြည့်တာတို့လည်း ပါဝင်တယ်။ အမေရိကန်လို နိုင်ငံမှာတော့ ဆရာဝန်တစ်ယောက်ဟာ လူနာတစ်ယောက်ကို Brain Death ကြေညာဖို့ ဦးနှောက်ရဲ့ လျှပ်စစ်လှိုင်းတွေကို စစ်ဆေးတဲ့ အီးအီးဂျီ စက်ရဲ့ အကူအညီကိုပါ ယူဖို့ လိုအပ်တယ်။

နောက်ဆုံးနှစ် အပိုင်း(က)မှာ သန့်ဇင်ဝင်းဟာ လူသေအလောင်း တော်တော်များများကို တွေ့ခဲ့ရတယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာ ကျောင်းသား တော်တော် များများဟာ ရင်ခွဲခြင်းအတတ်နဲ့ ပတ်သက်ပြီး ကျင့်သားရသွားကြတယ်။ ရင်ခွဲတိုက်ထဲစ၀င်ကာစကလို ကြောင်အမ်းအမ်း ဖြစ်မနေကြတော့ဘူး။ ရင်ခွဲရတာက သေရခြင်းအကြောင်းကို ရှာတဲ့နောက်ဆုံးအဆင့်ပဲ။ တစ်ခါတလေ ရင်ခွဲရုံရောက်တဲ့အခါမှ ရောဂါနာမည်ကို တပ်လို့ရတာလည်းရှိတယ်။ ဒါမှမဟုတ် ရင်ခွဲစစ်ဆေးပြီးတဲ့အခါမှသာ တပ်ထားတဲ့ရောဂါနာမည် မှန်ကန်ကြောင်း သေချာသွားတာလည်း ရှိတယ်။ တစ်ခါတရံတော့ လူ့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်တယ်ဆိုတာဟာ ရင်ခွဲစစ်ဆေးတဲ့အခါမှ သေသေချာချာပြောနိုင်တယ်။ ရင်ခွဲစစ်ဆေးရခြင်း အကြောင်းကို အများကြီးပေးလို့ရပေမယ့် အဲဒီအကြောင်းတွေထဲက တစ်ခုကတော့ အသိပညာကို လိုချင်လို့ပဲ။ အဲဒီလို လူသေတွေအပေါ် လေ့လာမှုတွေကရတဲ့ အသိပညာတွေဟာ ကျန်ရှိနေတဲ့ အသက်ရှင်နေသူတွေကို တစ်နည်းတစ်ဖုံ အကျိုးကျေးဇူးပြုနေတယ်။ ဒါကြောင့် သေသူတွေဟာ ရှင်သူတွေကို တစ်နည်းတစ်ဖုံ အကျိုးကျေးဇူးပြုခဲ့တယ်လို့ ဆိုနိုင်တယ်။ သန့်ဇင်ဝင်းအနေနဲ့တော့ သေရခြင်းအကြောင်းကို ရှာရတာတွေ၊ ရောဂါအမည်ကိုရှာရတာတွေဟာ ပဟေဠိပုစ္ဆာတစ်ပုဒ်တွေကို အဖြေရှာရသလိုပဲ။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတာကို တွေ့ရတယ်။

ဒီနေရာမှာ သိပ္ပံနည်းကျ တက္ကဗေဒဟာ လွတ်လပ်စွာ ကွဲလွဲခွင့်ကို ဖြောင့်ဖြောင့် ဆန့်ကျင်နေတယ်လို့ ထင်တယ်။ ဥပမာ နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်း ထူနေပြီး အဆို့ရှင်တွေအားလုံးရဲ့ အနေအထားကလည်း ကောင်းတယ်ဆိုရင် သွေးတိုးရောဂါလို့ပဲ ကောက်ချက်ချလို့ ရနိုင်တယ်။ သွေးကြောနံရံတွေပါ ထူထဲပြီး လူကလည်း ၀တယ်ဆိုရင် ကိုလက်စထရောတွေများနေခဲ့နိုင်တယ်၊ ဆီးချိုရောဂါပါ ရှိကောင်းရှိနိုင်တယ်လို့ ပြောလို့ရတယ်။ အဲဒီလို သိပ္ပံနည်းကျ တက္ကဗေဒအရ အချက်အလက်တွေကို ဆင်ခြင်ပြီး ရလာတဲ့ ကောက်ချက်တွေက ကျော်လွန်ပြီးတော့ "လူနာရဲ့ မျက်နှာထားကို ကြည့်ရတာ သွေးကြောရောင်တဲ့ လူနဲ့တူတယ်တို့၊ လူနာဟာ ငှက်ဖျားရောဂါ သေချာပေါက်ရှိရမယ်" စတဲ့ စိတ်ကူးကွန့်မြူးမှုတွေကို ခွင့်ပြုလို့မဖြစ်နိုင်ဘူး။ သက်ရှိထင်ရှားနေသေးတဲ့ လူနာဆိုရင် လက္ခဏာတွေနဲ့၊ ဆေးစစ်ချက်တွေကို ကြည့်ပြီး ရောဂါနာမည်ဖော်ထုတ်ရတယ်။ ဖော်ထုတ်လိုက်တဲ့ ရောဂါအမည်မှန်ကန်ကြောင်းကို ထပ်ဆင့်စစ်ဆေးခြင်းတွေ၊ ကုထုံးတွေ စတာတွေနဲ့ သက်သေအဆင့်ဆင့် ပြရတယ်။ သက်သေပြထားတဲ့ ရောဂါနာမည်ကို သဘောမတူတဲ့လူက တခြားဖြစ်နိုင်ချေရှိတဲ့ ရောဂါကို သူများလက်ခံလာအောင် သက်သေပြ၊ ဆွဲဆောင်တာတွေ လုပ်နိုင်တယ်။ မလုပ်နိုင်ရင်တော့ သက်သေပြထားတဲ့ ရောဂါကို လက်ခံပြီး ကုထုံးပေးရတယ်။

ဒါကြောင့် လွတ်လပ်စွာ ကွဲလွဲခွင့် (agree to disagree/ agree to differ) ဆိုတာဟာ သိပ္ပံနည်းကျတက္ကဗေဒ (as in logical positivism) ရဲ့ စကားမဖြစ်နိုင်ဘူး။ လူမှုရေးဗေဒရဲ့ ဝေါဟာရ တစ်ခုသာ ဖြစ်တယ်။ ဂျွန်ဝတ်စလေ (John Wesley )က ၁၈ ရာစုမှာ အရေးမကြီးတဲ့ အယူအဆတွေမှာ သဘောကွဲလွဲခွင့် ပြုပြီး အရေးကြီးတာတွေ အလုပ်ဆက်လုပ်ကြစို့ ဆိုတဲ့ စကားရပ်တွေပါတဲ့ စာတစ်စုကို ရေးလိုက်တယ်။ အယူအဆတွေကို သက်သေပြဖို့ ခက်ခဲတဲ့ လူမှုရေးနယ်ပယ်မှာ တစ်ဖက်နဲ့တစ်ဖက် ကိုယ်ယူဆတဲ့ အယူအဆကို သူတစ်ပါး လက်ခံလာအောင် ဆွဲဆောင်လို့ မရတဲ့အဆုံး အငြင်းအခုံတွေ ရပ်ဆဲပြီး ရလာဒ်ကောင်းတွေ ပေါ်လာအောင် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ အပြန်အလှန်လေးစားသမှုကို တည်ဆောက်ကြခြင်းသာ ဖြစ်တယ်။ ဒါကြောင့် ဂိမ်းသီအိုရီသမား တစ်ဦးဖြစ်တဲ့ ရောဘတ်အောမင်းက တင်ကူးပြီး တူညီတဲ့ဖြစ်နိုင်ချေတွေ (common prior probabilities) ပိုင်ဆိုင်ထားတဲ့ လူသားနှစ်ဦးဟာ လွတ်လပ်စွာ ကွဲလွဲခွင့် မရှိနိုင်ဘူးလို့ ပြောခဲ့တာ ဖြစ်မယ်လို့ သန့်ဇင်ဝင်းက တွေးမိတယ်။

သန့်ဇင်ဝင်းဟာ ရောဂါဗေဒနဲ့ မှုခင်းဗေဒတို့ ကြီးစိုးတဲ့ ရေခဲတိုက်ထဲက အဖြူရောင်မျက်နှာကျက်ရဲ့ အောက်မှာ စိတ္တဗေဒနဲ့ လူမှုဗေဒကို အတော်အတန် မေ့ထားနိုင်ခဲ့တယ်။ ဒါပေမယ့် တိုက်ထဲက ထွက်လိုက်တာနဲ့ ဘေးချင်းကပ်ရပ်က သာလာယံ ဇရပ်မှာ သေဆုံးသူတွေရဲ့ ၀မ်းနည်းကြေကွဲနေတဲ့ ပရိသတ်ကို အမြဲတမ်းတွေ့ရတယ်။ မိဘတွေ၊ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေ။ တချို့ဆိုရင် အိမ်သားထဲက တစ်ယောက်က အသည်း ကင်ဆာရောဂါရှိနေလို့ ခြောက်လပဲ အချိန်ပေးထားတယ်။ အဲဒီကင်ဆာရှိသူအတွက် အားလုံးက ၀ိုင်းပြီး စိတ်ပူနေတုန်း ကြားထဲက ကျန်းမာရေးကောင်းသူ တစ်ယောက်က ရုတ်တရက်ဖျားနာပြီး သေသွားတယ်။ လူ့သက်တမ်းအပေါ် ဆေးပညာရဲ့ ခန့်မှန်းမှုဟာ လောင်းကစားတာနဲ့ တူတယ်။ တချို့သော မရေရာ မသေချာတဲ့ ကိစ္စတွေအတွက် သန့်ဇင်ဝင်းတို့ကို သူတို့ရဲ့ ဆရာတွေက odds ratio ကို အသုံးချဖို့ သင်ပေးကြတယ်။ "All life is six to five against" ဆိုတာကို သေသေချာချာ နားလည်စေတယ်။ လူတစ်ယောက်ဟာ ရောဂါနှစ်ခု a နဲ့ b နှစ်ခုထဲက တစ်ခု ဖြစ်နိုင်တယ် ဆိုပါစို့။ အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး ကုဖို့ လိုအပ်လာတဲ့ အနေအထားမှာ သက်ဆိုင်ရာပညာရှင်ဟာ a x (1-b) နဲ့ b x (1-a) ကို အချိုးချဖို့ လိုတယ်။ ဆိုလိုတာက လက္ခဏာတစ်ခုဟာ a ကြောင့် ဖြစ်နိုင်သလို b ကြောင့်လည်း ဖြစ်နိုင်တာ ရှိတဲ့အခါ ဆရာဝန်က a ရဲ့ ဖြစ်နိုင်ချေကို b ရဲ့ မဖြစ်နိုင်ချေနဲ့မြှောက်၊ b ရဲ့ ဖြစ်နိုင်ချေကို a ရဲ့ မဖြစ်နိုင်ချေနဲ့ မြှောက်ပြီး အချိုးချကြည့် ရတော့တယ်။ ပြီးတော့ အလေးသာတဲ့ ဘက်ကို အမှန်အနေနဲ့ ယူဆပြီး ကုထုံးပေးရတယ်။ အဲဒီလိုအခြေအနေအတွက် ပညာရှိတဲ့ ဆရာဝန်နဲ့ ကံကောင်းတဲ့ဆရာဝန်နဲ့ ရောဂါခန့်မှန်းတာမှာ ဘယ်သူက ပိုမှန်နိုင်သလဲဆိုရင် ကံကောင်းတဲ့ဆရာဝန်က ပိုမှန်နိုင်တယ်လို့ ပြောကြတာပဲ။

တစ်လအတွင်းမှာ ကျန်းမာရေးကောင်းသူရဲ့ သေဖို့ဖြစ်နိုင်ချေနဲ့ ကျန်းမာရေးမကောင်းသူရဲ့ သေဖို့ဖြစ်နိုင်ချေကို odds ratio မှာထည့်ကြည့်ရင် မကျန်းမာသူရဲ့ သေဖို့ဖြစ်နိုင်ချေက အဆများစွာ သာနေမှာပဲ။ ဒါပေမယ့် လောင်းကစား သမားတိုင်းမှာ ရှုံးနိုင်ချေရှိတယ်ဆိုတာ မေ့ထားလို့ မရဘူး။ အခါများစွာမှာ အထက်ကြေးကလောင်းသူဟာ မရှုမလှ ရှုံးနိမ့်တတ်တာ ကစားဖူးသူတိုင်း သိကြမယ်။ အကြောင်းရင်းတစ်ခုကတော့ လောင်းကစားသမားတွေရဲ့ နိုင်နိုင်ချေဟာ ဒိုင်ကိုင်သူကိုတော့ ဘယ်တော့မှမမီနိုင်လို့ပဲ။ သေခြင်းတရားဆိုတဲ့ ဒိုင်ဟာ လောင်းကစားပြုသူတွေထက် အဆများစွာ အလေးသာနေတယ်။ တချို့လောင်းကစားနည်းနဲ့ လောင်းကစားမယ်ဆိုရင် ကစားသမားဟာ သေချာပေါက်ရှုံးရမှာပဲ။ ဥပမာ အသက်ရှင်နေသူဟာ ငါက အသက် ၅၁ နှစ် ၇ လမှာ သေရမယ်လို့ လောင်းကစားရင် ဘယ်နည်းနဲ့မှ နိုင်ချေမရှိဘူး။ သမားရိုးကျ လူတစ်ယောက် ဘယ်အချိန်သေရမယ်လို့ လောင်းကစားရင် ရှုံးဖို့တော်တော်များတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေသူတွေဟာ သေမင်းကိုအလိုလိုက်ပြီး ကိုယ့်ရဲ့သေခြင်းကို ထိန်းချုပ်ပေမယ့် ရှုံးနိုင်ချေတွေ ရှိသေးတာတွေ့ရမယ်။ သေမင်းကို ဆန့်ကျင်ပြီး လောင်းကစားရတာတော့ ပြောစရာမရှိဘူး။

လူတွေဟာ သေခြင်းတရားအပေါ် ဘယ်လိုသဘောထားသင့်လဲ။ သန့်ဇင်ဝင်းဟာ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဲဒီနှစ်တစ်နှစ်လုံး ကိုယ့်ကိုယ်ကိုယ် မေးပြီး သူငယ်ချင်းတွေကိုလည်း မေးတယ်။ တချို့က "လူတွေဟာ တချိန်မှာ သေရမှာပဲဖြစ်လို့ သေခြင်းတရားအကြောင်း မစဉ်းစားဘဲ မသေခင် ပျော်ပျော်နေကြရမယ်" ဆိုတဲ့ အဖြေကို ပေးကြတယ်။ အဲဒီအဖြေဟာ လူများစု လက်ခံနိုင်မယ့် အဖြေဖြစ်ပေမယ့် အဲဒီအဖြေကိုတော့ သန့်ဇင်ဝင်းက သိပ်ပြီး ပညာရှိတယ်၊ အဓိပ္ပါယ်ရှိတယ်လို့ မထင်ဘူး။ တလောက ဆုံးသွားတဲ့ သူနာပြုဆရာမကြီးဟာဆိုရင် အသက် ၄၃ ပဲရှိသေးတယ်။ သူက ဘ၀နဲ့ပတ်သက်လို့ ဘာသုံးသပ်ချက် ကောက်ချက်မှ မဆွဲဖူးဘဲ မသိလိုက် မသိဘာသာ နေသွားတာပဲ။ သူဟာ ဘ၀ကို ကျေနပ်ခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးသိနိုင်တယ်။ ဒါကြောင့် အမျိုးသမီးဟာ သေခြင်းတရားကို လျစ်လျူရှုထားတာကို လက်ခံပေမယ့် ထိုက်တန်တဲ့ ပျော်ရွှင်ခြင်းကို ရသွားတယ်လို့ အာမမခံနိုင်ဘူး။ လူတွေအများစုဟာ ကိစ္စတော်တော်များများနဲ့ သေခြင်းကိစ္စတွေမှာ ဆင်ခြင်တုံတရားကို မသုံးဘဲ အလိုက်သင့် နေသွားကြတယ်။ ဒါပေမယ့် ဆင်ခြင်တုံတရား မရှိတဲ့လူတွေဟာလည်းပဲ တစ်ခုခုကို ကြောက်ရွံ့ရင်း၊ တစ်ယောက်ယောက်ကို ကြောက်ရွံ့ရင်း စိတ်ပျက်ရင်း ဒေါသထွက်ရင်း ဘ၀ကို မကျေမနပ်ဖြစ်ရင်း သေသွားကြတာပဲ။ ဒါကြောင့် ခုနစကားဟာ ဘာသာဗေဒအရရော ယုတ္တိဗေဒအရရော အဓိပ္ပါယ်ကင်းမဲ့နေတယ်။ ဆင်ခြင်တုံတရား မရှိဘဲ ignorance လုပ်တာဟာ ပျော်ရွှင်ခြင်းကို ဖန်တီးပေးတယ်လို့ ဆိုလိုရာရောက်နေတယ်။ အဲဒီ သေခြင်းတရားကို လျစ်လျူရှုပြီး ပျော်ပျော်နေတယ် ဆိုတဲ့ စကားဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့ သန့်ဇင်ဝင်းကထင်တယ်။ တစ်နည်းအားဖြင့် လူသားဟာ သေခြင်းတရားနဲ့ နှိုင်းယှဉ်ပြီး ဆင်ခြင်မှုမပြုရင် သူ့အသက်ရှင်ခြင်းရဲ့ တန်ဖိုးကို ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ။

သန့်ဇင်ဝင်းဟာ အဲဒီမေးခွန်းတွေကို အသက် ၂၄ နှစ်မတိုင်မီ ၂ နှစ်ကျော်ကျော်လောက် အလိုမှာ မေးမိတာ တော်တော်ကံကောင်းတယ်လို့ ဆိုနိုင်တယ်။ ၂ နှစ် မဟုတ်ပါဘူး။ တစ်နှစ်ဆိုတဲ့ အချိန်မှာတောင် အသိပညာရှာဖွေတဲ့ လူတစ်ယောက်ဟာ တော်တော် တိုးတက်ပြောင်းလဲနိုင်တယ်။ အရင်ကတော့ သန့်ဇင်ဝင်းဟာ အသိပညာကို ရှာဖွေဖို့အတွက် ကိုယ့်အားပဲ ကိုယ်ကိုးရမယ်ဆိုပြီး သူ့ရဲ့ဆင်ခြင်တုံတရားကို အထင်ကြီးလွန်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးနှစ်အပိုင်း (က)မှာ နှိုင်းရသီဝရီကို နည်းနည်းပါးပါး လေ့လာရတဲ့အခါ သူ့ရဲ့အမြင်တချို့ ပြောင်းလဲသွားတယ်။

လူတစ်ယောက်ဟာ လူရဲ့ဆင်ခြင်တုံတရား သက်သက်နဲ့ ဒါမှမဟုတ် အတွေ့အကြုံ သက်သက်အပေါ် ဆင်ခြင်စဉ်းစားမှု သက်သက်နဲ့ ကိုယ့်ထက် ပညာရှိတဲ့ လူတွေက မှန်ကန်ပါတယ်လို့ တညီတညွတ်တည်း လက်ခံထားကြတဲ့ နှိုင်းရသီဝရီလို ဟာမျိုးကို ဘယ်လိုလုပ် သဘောပေါက်သိမြင်နိုင်မလဲ။ လက်ဦးမဆွအားဖြင့် သေခြင်းတရားဟာ အရေးကြီးတယ် လေ့လာဖို့သင့်တယ်လို့ လက်ခံပြီးတဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ဆင်ခြင်တုံတရားတွေအပြင် ကိုယ့်ထက် ပညာရှိတဲ့လူတွေရဲ့ အမြင်တွေကို မလေ့လာဘဲ သေခြင်းတရားရဲ့ အကြောင်းဗဟုသုတကို အကုန်အစင် သိမြင်နိုင်တယ်ဆိုတာ မှန်ကန်ပါ့မလားလို့ မေးခွန်းထုတ်လာမိတယ်။



To be continued

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP