*ဆင်ခြင် သိမှတ်ဖွယ်ရာ*
11/16/2010 တောသားလေး , Posted in ဆုံးမစာများ , 0 Comments
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော ဘ၀ဆိုတဲ့ ကျောင်း စာအုပ်မှ မှတ်သားဖွယ်ရာ ကောက်နုတ်ချက်လေးများကို ဖော်ပြလိုက်ပါသည်။
- သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလိုကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ ကောင်းသထက်ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။
- တကယ့်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဥာဏ်ကိုရတာပါ။ အလေးနက်ဆုံး အသိဥာဏ်ကို ဘ၀အတွေ့အကြုံကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။
- အများအကျိုးကို တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူဆိုတာဟာ သူ့ကိုယ်သူ လေးစားမှုရှိရမယ်။ တည်ကြည် ဖြောင့်မတ်မှုရှိရမယ်။ အများကိုလည်း လေးစားမှုရှိရမယ်။ အဲဒီလို လူသာလျှင် အများအကျိုးကို တကယ်ဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး
0 comments:
Post a Comment