အမှတ်တရ ကျေးဇူးတင်စကား
ကျေးဇူးတင်စကား ရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဇွန်မဘလော့ကို လာရောက်အားပေးပြီး အကြံဉာဏ်အမျိုးမျိုးပေးတဲ့ ဘလော့မောင်နှမ မိတ်ဆွေများကို လေးစားတဲ့အနေနဲ့ အမှတ်တရ မှတ်တမ်းတင်လေးအဖြစ် ထားခဲ့လိုတဲ့ဆန္ဒကြောင့်ပါရှင်။
- အမရွှေစင် နှုတ်ဆက်စကားအတွက် ဝမ်းမနည်းပါနဲ့ အမရယ်... အပြီးအပိုင် ဘယ်တော့မှ နှုတ်မဆက်ပါဘူး... ညီမအချိန်ရတိုင်း ဒီဘလော့လေးကို အသက်သွင်းနေမှာပါ... ကိုယ့်ရဲ့ ကျင်လည်ရမဲ့ အခြေအနေကို ကြိုတင်မသိလို့ အဆိုးဆုံးကို ပြောခဲ့တာပါ... အမဘလော့ကိုလည်း အချိန်ရတိုင်း ရောက်အောင်လာမှာပါ... အမရဲ့ ကိုယ်ပိုင်အချိန်များများကို အများအတွက် အမဘလော့ကလေးမှာ တင်ထားတာတွေကို ချီးကျူးပါတယ်... နောက်တစ်ခေါက် ထပ်ဝင်လာပြီး ညီမအတွက် တောင်းပေးတဲ့ဆုနဲ့ ပြည့်ဝပါစေနော် ကျေးဇူးတင်ပါတယ် အမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
- ဦးလောကနာထ အရှင်ဘုရား... တပည့်တော်မ အရှင်ဘုရားတို့ဟောကြားတဲ့ ဘုရားအဆုံးအမ တရားတော်များကို မကြာမကြာနာခံ မှတ်သား လိုက်နာခွင့်ရတဲ့အတွက် ကျေးဇူးတော် ကြီးမားလှပါတယ်ဘုရား... အချိန်ရရင် ရသလို တပည့်တော်မလည်း ဘာသာရေး ဘလော့များကို အမြဲရောက်နေမှာပါ... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ... တပည့်တော်မိသားစုလည်း အရှင်ဘုရားပေးသောဆုနဲ့ ပြည့်ဝရပါလို၏ ဘုရား။
- အမခွန်လေး... အလုပ်တွေများနေတဲ့ကြားက ညီမကို ကွန်မန့်လေး လာရေးပေးတဲ့အတွက် ကျေးဇူးပါနော်... ညီမလည်း အမနဲ့နောက်တစ်ခေါက် ဆုံချင်ပါသေးတယ် ညီမရဲ့ ဖေဖေလည်း အမတို့ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာသွားပါပြီ ကျေးဇူးတင်ပါတယ်နော်... ညီမ ရန်ကုန် မပြန်ဖြစ်သေးဘူး... ဒီကနေဆက်သွားရမှာ... အခွင့်အရေး ရတိုင်း အမရဲ့ ဘလော့လေးကို အလည်ရောက်မှာပါ အမရယ် ညီမအတွက် အမတောင်းပေးတဲ့ ဆုတွေနဲ့လည်း ပြည့်ဝပါစေနော်။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- အမသဒ္ဓါ... အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်... အမပြောသလို ညီမရဲ့ ဘလော့လေးကိုလည်း အချိန်ရတိုင်း အသက်သွင်းပြီး အမတို့ရဲ့ ဘလော့တွေကို လာလည်နိုင်အောင် ကြိုးစားမယ်... ညီမအပေါ်ထားတဲ့ အမတို့ရဲ့ စေတနာတွေကို တန်ဘိုးထားလေးစားပါတယ်... အမတို့ရဲ့ အားပေးမှု အကြံဉာဏ်ပေးမှုလေးတွေဟာ ညီမအတွက် တကယ့်ကို ကြည်နူးရပါတယ် အမတောင်းပေးတဲ့ ဆုနဲ့ ပြည့်ဝပါစေသား... အမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- ကိုနိုးအိမ်ရှင်... မှတ်မှတ်ရရ နိုးအိမ်ရှင်ဘလော့ကို ပထမဆုံးအလည်ရောက်တဲ့နေ့က ခေါင်းစီးလေးကို သဘောကျခဲ့တယ်... 'နိုးအိမ်ရှင်' ဆိုတာ တကယ်တော့ အိမ်ရှင်မဟုတ်ဘူး... ဧည့်သည်ကို ဆိုလိုတာ... လာချင်လာ သွားချင်သွားဆိုတာ အမှန်တရားတွေပါ... ဇွန်မဘလော့ တစ်ခုလုံးကို backup လုပ်ပြီး သိမ်းထားဖို့ အကြံပေးတဲ့အတွက် ကျေးဇူးပါနော်... ကိုနိုးအိမ်ရှင်ပြောသလိုပဲ ဒီဘလော့လေးကို အချိန်တွေအများကြီးပေးပြီးလုပ်ခဲ့တဲ့အတွက် ဇွန်မလည်း ဒီဘလော့လေးကို ဆက်လက် တည်ရှိနေစေချင်တာ ရင်ထဲကဆန္ဒပါ... ကိုနိုးအိမ်ရှင် တောင်းပေးခဲ့တဲ့ဆုတွေနဲ့ ပြည့်ဝပါစေ... ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- အရှင်အာစာရ ဘုရား။ အရှင်ဘုရား ပြောသလို တစ်ပတ်တစ်ခါ မရေးဖြစ်တဲ့တိုင် တစ်လတစ်ခါတော့ ကြိုးစားပြီးတင်ပါ့မယ်ဘုရား... တပည့်တော်အတွက် တောင်းပေးသောဆုနဲ့ ပြည့်ဝရပါစေသား... အရှင်ဘုရားလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ။
- အကိုကောင်း... အကိုပေးတဲ့အကြံအတိုင်း ညီမရဲ့ ဘလော့လေးကို ဆက်လုပ်နိုင်အောင် အားထည့် ကြိုးစားမှာပါ... အများအတွက်လည်း အကျိုးရှိ... ကိုယ့်အတွက်လည်း အကျိုးရှိစေမဲ့ အလုပ်ကိုလုပ်တာ ပညာရေးအတွက်လည်း စိတ်ချမ်းသာနိုင်မယ်ဆိုတာ ညီမလက်ခံပါတယ်... ကောင်းတဲ့အလုပ်ကို ဆက်လက်ထိန်းသိမ်းသွားဖို့ အားပေးတဲ့အတွက် ရယ်... အမြဲအားပေးနေမှုတွေအတွက်ကိုပါ ကျေးဇူးတင်ပါတယ်... အကိုလည်း ဒီထက်မက အဆပေါင်းများစွာ သာသနာပြုနိုင်ပါစေ... ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- အကိုလင်းကြယ်ဖြူ... အလုပ်တွေများတဲ့ကြားက အရောက်လာခဲ့တဲ့အတွက် ကျေးဇူးပါနော်... နှုတ်ဆက်တယ်ဆိုတာ အမြဲတန်းခွဲခွာဖို့အတွက်လို့ မရည်ရွယ်ပါဘူး ပညာသင်ကြားတုန်း အာရုံမများချင်လို့ပါ... အကိုပြောသလို ရတဲ့အချိန်လေးတွေမှာ ဆက်လက် ချီတက်ဖို့လည်း ဆုံးဖြတ်လိုက်ပါပြီ... တကယ်တော့ ညီမရဲ့ ဒီဘလော့လေးကိုလည်း ပျောက်ပျက်သွားမှာ အမှန်တကယ် စိုးရိမ်ခဲ့သလို နှမြောမိခဲ့တယ်... အခုတော့ နည်းလမ်းကောင်းလေးတွေ အမျိုးမျိုးပေးတဲ့ အကိုတို့လို ဘလော့မောင်နှမတွေကြောင့် ဆက်လက် ချီတက်မှာပါ... အကိုပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏နော်... အကိုလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
- အကို ကိုကိုမောင်... အကိုလည်း ကျောင်းတစ်ဖက်နဲ့ ဘလော့ကို ရေးနေတယ်ဆိုတာဖတ်ပြီး စဉ်းစားမိပါတယ် အားလုံးလိုလို အလုပ်တစ်ဖက်နဲ့ ဘလော့ရေးကြတယ် ကျောင်းစာတစ်ဖက်နဲ့ ဘလော့ရေးကြတယ်... တကယ်တော့ အခုလို နှုတ်ဆက်ရတာ ကိုယ့်စိတ်ကိုယ်သိနေလို့ပါ အကိုရေ... ညီမက ဘလော့တစ်ခုကို ဖတ်မိရင် ရေးမိရင် ကျန်တဲ့အလုပ်တွေကို ပစ်ထားပြီးကို ဖတ်တာ ရေးတာလေ... အစားမေ့ အအိပ်မေ့ ဖတ်တာ ရေးတာ... အခုသင်ရမဲ့စာကလည်း ခက်ခက်နဲ့ဆိုတော့ 'မြင်ယောင်မိပါသေး' ဆိုသလိုပေါ့ :)) ဘယ်လိုဖြစ်ဖြစ် အခုတော့ အကိုက မရေးရင် မခင်တော့ဘူးဆိုလို့ (ကျေနပ်အောင်ပြောခြင်းဖြစ်) တစ်လတစ်ကြိမ်ဖြစ်ဖြစ် ဘလော့ကို အသက်သွင်းမယ်... အကိုတောင်းပေးတဲ့ ဆုနဲ့ ပြည့်ပါစေ... အကိုလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- ကိုမိုးစက်အိမ်.... အမြဲတန်းအားပေးနေတဲ့ အတွက်ကျေးဇူးပါနော်... ဇွန်မဆိုတဲ့အမည်နဲ့ ဘလော့တစ်ခု ဂိုဂယ်တည်ရှိနေသမျှ ရှိနေအုံးမယ်ဆိုလို့ ဝမ်းသာမိ ကျေနပ်မိတယ်... ဇွန်မဘလော့ကိုလည်း ဆက်လက်တည်တံ့နိုင်ဖို့ရာ ကြိုးစားသွားပါ့မယ်... ပို့စ်အသစ်တင်ဖို့ကို အတတ်မပြောနိုင်ပေမဲ့ အချိန်ရတဲ့အခါတွေမှာ ဘလော့တွေတော့ လည်မှာပါ.. ကိုမိုးစက်အိမ်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- အမအနမ်း... ညီမရဲ့ ဘလော့ကို မဖျက်ပစ်ပါဘူး အချိန်ကြာကြာမသုံးပဲ နေသွားရင် ပျက်သွားမှာစိုးလို့ ကြိုပြီး နှုတ်ဆက်ရတာအမရေ... အခုတော့ ဘလော့မောင်နှမတွေရဲ့ အကြံပေးမှုတွေ အားပေးမှုတွေကြောင့် ဒီဘလော့လေးကို အသက်ဆက်သွင်းနေဖို့ ဆုံးဖြတ်ပြီးပါပြီ။ ညီမလည်း အချိန်ရတဲ့အခါတွေမှာ ဘလော့တွေကို လည်ပြီး ဖတ်နေမယ်... အမတောင်းတဲ့ဆုနဲ့ပြည့်ဝပါစေ... အမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- ကိုဇေယျာစိုး.... 'ကို' ရေ... စိတ်မပူပါနဲ့နော်... ချိုချဉ်မစားတော့ဘူး ချစ်သူကစိုးရိမ်လို့....ဒီတော့ လူနဲ့တည့်တဲ့ အချဉ်ထုပ်တွေပဲ ပြောင်းစားတော့မယ်... ရေကို တစ်နေ့သုံးကြိမ်ချိုးပါ့မယ် ... နည်းသေးလား :)) သတိရတိုင်း အသက်ရှူနေမယ်နော် ဒါဆိုရင် ကျေနပ်တယ်မဟုတ်လား :) စာကြိုးစားမယ် ဒီအတွက်တော့ စိတ်သာချထားလိုက်ပါ 'ကို' ရေ... 'ကို' ပင်ပင်ပန်းပန်း အစပျိုးခဲ့တဲ့ ဇွန်မဘလော့လေးကိုလည်း ဆက်ပြီးထိန်းသွားပေးမယ်လို့ ပြောတဲ့အတွက် ဝမ်းသာတယ် ချစ်လေးကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ဆက်ထိန်းသွားမှာပါ ... 'ကို'လည်း ဆောင်ရွက်သမျှ လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့ပါစေ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- အမ Crystal တစ်ခါတစ်လေမက သတိရမှာပါ အမရယ် ဘလော့တွေကို လည်တိုင်းအမဆီလည်း အလည်ရောက်လာမယ် ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
- ကိုလှိုင်ဘွား... စာတွေနဲ့လုံးပမ်းပြီး ပင်ပန်းတဲ့အခါတိုင်း အလည်လာပြီး သီချင်းလေးတွေ နားထောင်ဖြစ်မှာပါ...
- အမညခင်း .... ဆုတောင်းလေးအတွက် ကျေးဇူးတင်ပါတယ်နော် အမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
- တောင်ပေါ်သားလေး ... ဇွန်မဘလော့ကို အမြဲလာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
- တောသားလေး... မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်နေသမျှ အများအတွက်အကျိုးရှိတဲ့ ဘလော့လေးကို အလည်ရောက်နေမှာပါ... ပျော်ရွှင်ချမ်းမြေ့ပါစေ။
- အရှင်ဣန္ဒောဘာသ ဘုရား... တပည့်တော် ပညာရေးအတွက် နှုတ်ဆက်ခဲ့ပေမဲ့လည်း အရှင်ဘုရားတို့ရဲ့ ဘာသာရေးဘလော့တွေကို အချိန်ရတိုင်းဝင်ဖတ်ရင်း ဗုဒ္ဓအဆုံးအမများကို ခံယူပါမည်ဘုရား... ဘုန်းဘုန်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ။
* ဇွန်မ ဘလော့သို့အလည်လာသော မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်*
အစဉ်လေးစားချစ်ခင်လျက်
ဇွန်မ

0 comments:
Post a Comment