သမိုင်းသစ် တွင်မည့် ညီလာခံကြီး
သမိုင်းသစ် တွင်မည့် ပွဲတော်
ရှေးအစဉ်အလာကထဲက ဗုဒ္ဓဘာသမိုင်းအစဉ်အလာကြီးမားခဲ့သည် အင်ဒိုနီးရှားနိုင်ငံရှိ စုမတြာကျွန်းသည် ယခုအခါ ဗုဒ္ဓဘာသာပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ယခုအခါ ထိုနေရာသည် ဗုဒ္ဓဘာသာမဟုတ်သည့် အခြားဘာသာ ထွန်းကားသော နိုင်ငံတွင် သမိုင်းအသစ်တွင် ကျန်ရစ်မည့် ထူးကဲစွာသော မြန်မာ့သာသနာနှင့် ဗုဒ္ဓဘာသာထိပ်သီး အစည်းအရုံးကြီးကို သုံးရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
မြန်မာ့အနုပညာများဖြင့် ခြယ်မှုံးထားသော ရွှေတိဂုံစေတီတော် ပုံတူကြီးကို အင်ဒိုနီးရှားနိုင်ငံ မီဒန်ပြည်နယ်ရှိ ဘရာစတာဂီမြို့တွင် ထည်ဝါ ခံ့ညားစွာ တွေ့မြင်ရပေသည်။
ထိုစေတီတော်ကြီးကို နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရာယာနစသော ဂိုဏ်းပေါင်းစုံမှ ၁၄၀၀ သော သံဃာတော်များက ထိုရွှေတိဂုံ ပုံတူစေတီတော်မြတ်ကြီးကို ဘိသိတ်မင်္ဂလာ ဆင်ယင်ကျင်းပ ပူဇော်ကြသည့်အတွက် ထူးကဲသော နေရာမှာ ထူးကဲစွာသော သံဃာထု၏ ပူဇော်ပွဲကြီးဖြစ်ခဲ့သည်။
ထိုဘာသာခြားနိုင်ငံတွင် ထိုကဲ့သို့သော သံဃာထုကြီးက ထိုကဲ့သို့ မြန်မာ့ရွှေတိဂုံစေတီတော်ပုံတူကြီး တည်ထားကိုးကွယ်ကာ ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ပွဲကြီး ဆင်ယင်ကျင်းပခြင်းဖြင့် ထိုနေရာမှာပဲ အလွန်ပြောင်မြောက်သော သံဃာ့ညီလာခံကြီးကိုလည်း ထူးကဲစွာ ဆင်ယင်ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံကြီးကို ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၂၉- ၃၀-နှင့် ၃၁-ရက်နေ့ တွင် ကျင်းပခဲ့သည်။
ထိုပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် ဘက်စုံမှတာဝန်ယူကုသိုလ်ပြုသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုတို့အား ဗုဒ္ဓဘာသာတရပ်လုံးက အထူးဝမ်းမြောက်စွာ သာဓုခေါ်နေကြမှာ အမှန်ဖြစ်ပါသည်။
မှေးမှိန်လုနီးပါး ဖြစ်နေသော အင်ဒိုနီးရှား ဗုဒ္ဓဘာသာသမိုင်းကို ပြန်လည် လန်းဆန်း သမိုင်းသစ်ထူသည့် ပွဲတော်ကြီးကို ပါဝင်ဆင်နွှဲတော်မူကြသော ကမ္ဘာတ၀ှမ်းလုံးမှ သံဃာတော်များနှင့် ဥပါသကာ ဥပါသိကာအပေါင်းတို့၏ သဒ္ဓါအား ဥာဏ်အား ၀ီရိယအားတို့ကို အထူးလေးစားမိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
အထူးသဖြင့် ထိုညီလာခံကြီးကို တဦးတည်း စပွန်ဆာပေးသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။
ဤဆိုက်ကို ကိုးကားဖော်ပြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၁-၂၀၁၀
0 comments:
Post a Comment