မေတ္တာနှစ်မျိုး
ချစ်သူမေတ္တာ ပန်းပမာ ပင်မှာမမြဲ၊ ကြွေကျမြဲ…။
မိဘမေတ္တာ လစန္ဒာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး ထိုလ တိမ်လွှာ ဖုံးတတ်လို့။
မိဘမေတ္တာ ပန်းရွှေကြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး ထိုပန်းနေမှာနွမ်းတတ်လို့။
မိဘမေတ္တာ စမ်းရေပြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး ထိုစမ်းနွေမှာ ခမ်းတတ်လို့။
မိဘမေတ္တာ နှိုင်းရာမတွေ့ ကာရန်မေ့သည် အမေ့မေတ္တာ မြသီတာ…။
(ကဗျာပညာရှင်တစ်ဦး)
0 comments:
Post a Comment