တောင်ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ ရှိ မြန်မာ လူငယ် ညီအကိုများ၏ စုပေါင်းအလှူ
(၁၄-၁၁-၂၀၁၀)ရက်နေ့တွင် Daegu Korea Post နှင့် Daegu Foreign Worker Centre တို့ ပူးပေါင်း၍ ဒေဂူးမြို့ရှိ နိုင်ငံခြားသားအလုပ်သမားများအား မိမိတို့ နိုင်ငံ မိသားစုများအတွက် အဝတ်အထည်များ အခမဲ့ ပေးပို့နိုင်သည့် အစီအစဉ်တစ်ခု ဆောင်ရွက်ပေးပါသည်။
မြန်မာ လူငယ်များက မိမိတို့ တိုင်းပြည်အတွင်းရှိ ဆင်းရဲနွမ်းပါးသောမိသားစုများနှင့် ထိုင်းမြန်မာ နယ်စပ် ဒေသရှိ ဒုက္ခသည်များသို့ အမေရိကန်ဒေါ်လာ လေးထောင်ဖို့ခန့်ရှိသော ကလေးဝတ် အဝတ် အထည်များ၊ ယောကျာင်္းဝတ်၊မိန်းမဝတ် အနွေးထည်များ၊ဘောင်းဘီများ၊ အကျီများ၊ ကိုရီးယားခေါက်ဆွဲ ခြောက်ထုတ် များပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။
ထိုင်း၊မြန်မာနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်စခန်းအတွက် ကိုမိုးသီးဇွန်၊ကိုစိန်ဟန်၊ကိုရင်ထွေးတို့ နှင့် ဆက်သွယ်၍ ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။
ဒေဂူးမြို့မှ မြန်မာအလုပ်သမား လူငယ်များစုပေါင်း၍ ယခင်ကလည်း နာဂစ်လေဘေး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ အေအိုင်ဒီအက်(စ်)ဝေဒနာရှင် ကလေးငယ်များရံပုံငွေ၊ ရပ်ရွာဒေသစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း ပြုပြင်ခြင်းများ၊ပဲခူးဒေသ သောက်သုံးရေအလှူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓါတ်မှန်ရိုက်စက်ဝယ်ယူရေး ရံပုံငွေ အစရှိသည်တို့ကို စဉ်ဆက်မပြတ်လှူဒါန်းလျှက် မိမိတို့တတ်နိုင်သည့် ဘက်မှ အမိမြန်မာပြည်အတွက် ဆောင်ရွက် လျှက်ရှိနေကြပါသည်။
မိမိတို့ခွန်အားဖြင့်ရရှိသော ဖြူစင်သန့်ရှင်းသည့် ငွေကြေးဖြင့် အတူတကွ ကုသိုလ်ပြုကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါသည်-
0 comments:
Post a Comment