* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, November 22, 2010

ကြောင်မွေးသူ

မဂ္ဂဇင်းတစောင်တွင် ပထမဦးဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသော ကိုမောင်ကျင်၏ “ဘာတတ် နိုင်သေးလဲ” ဆိုသော ၀တ္ထုတိုသည် ကြောင်နှင့်ကြွက်တို့၏အကြောင်းဖြစ်သည်၊ နေအိမ်တွင် သောင်းကျန်းနေသောကြွက်ကို မည်သို့မည်ပုံ ရင်ဆိုင်တိုက်ခိုက်ပုံကို ဖော်ပြခြင်း ဖြစ်သော်လည်း ထိုဝတ္ထုတွင် နေအိမ်၌မွေးမြူထားသော ကြောင်မိသားစုအကြောင်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပါဝင်ခဲ့ဖူးသည်။

ဝတ္ထုတို၏ပြင်ပ တကယ့်ဘ၀တွင်လည်း ထိုကြောင်မိသားစုသည် ကိုမောင်ကျင်တို့ အတွက် အမှန်တကယ်ပင် အိမ်မွေးကြောင်၏ နောက်ဆုံးမျိုးဆက်ဖြစ်ခဲ့သည်၊ အိမ်တွင် ကြောင် ကို လက်ခံမွေးမြူခြင်း မပြုတော့သည်မှာ နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်သည်။

သို့သော် လွန်ခဲ့သော ၃ နှစ်ခန့်က ဇီး(ကိုယ်ဝန်)အရင့်အမာနှင့် ကြောင်မကြီးတစ်ကောင် ရောက်လာပြီး၊ ကိုမောင်ကျင်တို့အိမ်သို့ ရုတ်တရက်ဝင်ရောက်လာပြီး ကြောင်ကလေး လေးကောင်မွေးဖွားခဲ့သည်။

ကြောင်မမွေးလိုသော ကိုမောင်ကျင်တို့မိသားစု ဘယ်လိုမှရှောင်လွှဲ၍မရသော အနေ အထားကြောင့် လက်ခံမွေးမြူလိုက်ရတော့ သည်။

ကြောင်မကြီးက သားထိန်းမကောင်း၊ ငယ်နုစဉ်မှာပင် တစ်ကောင်သေသည်၊ တခြားမှ ကြောင်ထီးတစ်ကောင် ၀င်ကိုက်သောကြောင့် နောက်တစ်ကောင်သေသည်။ ထိုကြောင်ထီး ၀င်လာ၍ ကြောင်ပေါက်စကလေးကို ကိုက်သောနေ့က အိမ်ရှိလူကုန် စိတ်မချမ်းမသာ ဖြစ်ရသည်၊ မုန်တိုင်းတစ်ခု ၀င်မွှေ့သွားပြီးနောက် ကျန်ရစ်သောမုန်တိုင်းခံ လူသားတို့ကဲ့သို့ ခြေပစ်လက်ပစ် ကျန်ရစ်ခဲ့ကြရသည်။ ကြောင်ပေါက်စလေးမှာ သွေးအိုင်ထဲတွင် မလှုပ်မယှက် ကျန်ရစ်ခဲ့သည်၊ အို မမျှော်လင့်တဲ့ကိစ္စမို့ ရှိစေတော့ စိတ်ထား၍၊ ကျန်ကြောင်ပေါက်စလေး နှစ်ကောင်ကိုသာ ဂရုစိုက်စောင့်ရှောက်ရတော့သည်၊ ကြီးနိုင်ငယ်ညှင်း တိရစ္ဆာန်လောကတွင်း ၀င်၍ ပါဝင်ရပြန်သောကြောင့် ကြောင်ဝေယျာဝစ္စသည် အလုပ်တစ်ခုစာရင်း ၀င်သွားတော့သည်။

ကျန်ရစ်ခဲ့သောကြောင်ပေါက်စ နှစ်ကောင်မှာ အမတစ်ကောင်၊ အထီးလေးတစ်ကောင် ဖြစ်သည်။ အမလေးက တကိုယ်လုံး နီးပါးမဲနက်နေပြီး၊ အထီးလေးကတော့ အ၀ါစင်းလေး ဖြစ်သည်၊ ကြောင်မလေးက တော်တော်ရုပ်ဆိုးသည်၊ ထို့ကြောင့် “တာတေလန်” ပဲဟေ့ ဆိုသော ပညတ်ချက်မှ ခေါ်၍ကောင်းသောအမည် “လန်လန်” ဟုတွင်ခဲ့သည်။

အငယ်ကောင် အ၀ါစင်းအထီးလေးမှာကား အမြဲတမ်း သူ့ကိုယ်သူ သန့်ရှင်း၍ နေတတ်သည်၊ လက်ကလေးကို လျှာနှင့်ယက်လိုက် မျက်နှာကိုသုတ်လိုက်၊ ခြေလက်တို့ကို လျှာနှင့်ယက်၍ သန့်ရှင်းလိုက်ဖြင့် အမြဲသန့်ရှင်းနေသောကြောင့် သူ့အား “ဖိုးသန့်” ဟု အမည်ပေးလိုက်သည်။

နောက်တော့ အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ တဖက်အိမ်နံရံဘေး အုတ်ခဲစွန်းလေးတွင် လာနားသော စာကလေးကို ဒိုင်ဗင် ထိုး၍ဖမ်းသော်လည်း၊ စာကလေးကိုမမိပဲ သူသာလျှင် မြေကြီးပေါ် ပြုတ်ကျသွားသောကြောင့် “စာကလေးဖိုးသန့်” ဟုလည်း အမည်တွင်ခဲ့ သေးသည်။

“ ဟိုဘက်အိမ်က ကြောင်မလေးရှေ့မှာမို့ စတန့်ထွင်ပြီး သူရဲကောင်းလုပ်ပြတာပါ” ဟု စွပ်စွဲခံခဲ့ရသည်ကို စာကလေးဖိုးသန့် မသိနိုင်သော်လည်း မိသားစုအတွင်းတော့ ပြောစမှတ် စကား ဖြစ်ကျန်ခဲ့ဖူးသည်။

နောက်ထပ် ၅ လကျော်ကျော်ခန့်တွင်ပင် ကြောင်မကြီး တစ်ခါမီးဖွားပြန်သည်၊ ထိုအကြိမ် တွင်လည်း ကြောင်ကလေး လေးကောင်ပင် မွေးပြန်သည်၊ ဒီတခါတော့ အတွေ့အကြုံရှိခဲ့ပြီဖြစ်၍ အဖိတ်အစင်မရှိအောင် ကောင်းစွာစောင့်ရှောက်နိုင်ခဲ့သည်။

အဖြူအထီး ၀၀တုတ်တုတ်လေးက “ဖိုးတုတ်” ၊ မကြာခန အီးပေါက်တတ်သောအမ ကလေးက “မအီးပေါက်” ၊ ပြေးလိုက်ဆော့ လိုက်လျှင် ခါးတစ်ခုလုံးကိုခုံး၍ ခုန်ပြေးပြေး နေတတ်သော အထီးကလေးကို “သိုင်းသမားငခုံး” ၊ နောက်ဆုံး အရာရာရှေ့ဆောင် ဆရာလုပ် တတ်သော အငယ်ဆုံးကြောင်မလေးကို “မန်နေဂျာ” ဟု အမည်ပေးဖြစ်လိုက်ပြန်သည်။

ကြောင်မိသားစု၏ဦးရေသည် လူမိသားစု ဦးရေထက်ပင် ပိုခဲ့ပြီဖြစ်သောကြောင့် ကြောင် တအုပ် တရုံးရုံး တ၀ုန်းဝုန်း ပြေးလွှား ဆော့ကစား စားသောက် အီးပါ ရှူးပေါက် အလုပ်များဖြင့် စည်ကားနေတော့သည်။

စာကလေးဖိုးသန့်နှင့် ဖိုးတုတ်တို့သည် ကြောင်ထီးများဖြစ်သောကြောင့် အလည်လွန် ပျောက်ဆုံးသွားခဲ့ပြီး၊ ယခုတော့ လက်ကျန် ကြောင်လေးကောင်သည် ကိုမောင်ကျင်တို့နှင့်အတူ နေခဲ့သည်မှာ (၃)နှစ်ပင် ရှိခဲ့ပြီ။

+ + +

အချိန်တန်လျှင် ကြောင်စာကြွေး (မကြွေးလျှင်လည်းတောင်းကြသည်) ဆေးဝါးကုသပေး စသည်ဖြင့် အနေကြာလာတော့ သူတို့အတွက် တာဝန်မှာ မိသားစုအတွက် ကြီးကြီးမားမားမဟုတ်တော့၊ စည်းကမ်းအရှိဆုံး လန်လန်က အထူးအခွင့်အရေးရသည်၊ အိမ်မကြီးတစ်ခုလုံး သူနေချင်သလိုနေ၍ရသည်၊ အပေါ်ထပ် အောက်ထပ် နေချင်သလိုနေ၊ သူကအိမ်ထဲမှာ မည်သည့်အခါမျှ အီးမပါ၊ ရှူးမပေါက်၊ တခါတလေ မနိုင်ရင်ကာဖြစ်၍ ရှူးနည်းနည်းပေါက်ဖူးသည်၊ ထို့ထက်မပို၊ အီးပေါက်ကတော့ ကားဂိုဒေါင်တပိုင်း၊ ဧည့်ခန်းတပိုင်းလုပ်ထားသော အခန်းတွင်နေသည်၊ အနွေးဓာတ်ရသော မီးအားမြှင့်စက်ကို သူသဘောကျသည်၊ ထိုမီးအားမြှင့်စက် ပေါ်တွင် အိပ်သည်။

သိုင်းသမား နှင့် မန်နေဂျာတို့ကတော့ နောက်ဖေး မီးဖိုခန်းနှင့်တွဲလျက် ရေချိုးခန်းတွင် အလေးအပေါ့စွန့်ရင်း၊ မီးဖိုထဲ၌ပင် နေသည်။ ပြောရလျှင် တအိမ်လုံးကြောင်မနေသောနေရာမရှိဟု ပြောရမည်ဖြစ်သည်။

(၃)နှစ်တာကာလသည် ကိုမောင်ကျင်တို့အတွက် ကြောင်အနံ့ကိုယဉ်ပါးစေခဲ့ပြီဖြစ်၍ ဟိုအရင် ကြောင်လေးတွေစ ရောက်ကာစ ကတော့ ကြောင်နံ့နံသည်ကို သတိထားမိသော်လည်း၊ ယခုအခါတွင် ကြောင်နံ့မနံတော့ နေတတ်သွားပြီဖြစ်သည်။

အမှန်တကယ်တော့ နံသည်၊ သို့သော် မနံပါ။

+ + +

ရင်းနှီးသောသူငယ်ချင်း မိတ်ဆွေများလာလျှင် ကိုမောင်ကျင်က ကားဂိုဒေါင်တပိုင်း၊ ဧည့်ခန်းတပိုင်းဖြစ်သော အခန်းတွင် ဧည့်ခံစကားပြောသည်၊ မိုးများသောကာလများတွင် အီးပေါက်က အပြင်မထွက်၊ တခါတရံ ထိုအခန်းတွင်ပင် ရှူးပေါက်လိုက်သော ကာလ မျိုးဆိုလျှင် ကြောင်ရှူးနံ့ကို ကိုမောင်ကျင်ပင် သတိထားမိသလို၊ ဧည့်သည်များကလည်း လှုပ်လှုပ်ရွရွ ဖြစ်နေတတ်သည်၊ ကိုမောင်ကျင်က အလိုက်တသိ အတွင်းဧည့်ခန်းသို့ ရွှေ့၍ ဧည့်ခံလျှင် ဧည့်သည်များလည်း သက်တောင့်သက်သာ ရှိသွားကြသည်။

ဧည့်သည်သည် အိမ်ရှင်ကို အားနာတတ်သည့်သဘောက မြန်မာလူမျိုးတို့၏ အလေ့အထ ဖြစ်နေသည်။

ကိုမောင်ကျင်၏အစ်မကြီး လာလည်သောအခါမျိုးတွင်မူ “ဟယ် နင်တို့ နေတတ်လိုက် ကြတာ၊ တအိမ်လုံးကြောင်စော်တွေ နံနေတာပဲ” ဟု ထောမနာပြုတတ်သည်။

အစ်မကြီးက နှာခေါင်းတရှုပ်ရှုပ်နှင့် ကြောင်စော်နံသည် တဖွဖွပြောနေသော်လည်း၊ ကိုမောင်ကျင်တို့ မိသားစုက “မနံပါဘူး” ဟု တုန့်ပြန်လေ့ရှိသလို၊ အစ်မကြီးကလည်း “နင်တို့ မို့လို့ဟယ်” ဟု နှုတ်ကပြောရင်း အမြဲတမ်း မျက်စောင်းထိုးတတ်သည်။

ဧည့်သည်များကို အားနာရကောင်းမှန်း မသိတတ်လောက်အောင် ကိုမောင်ကျင်တို့ မိသားစုက ကြောင်နံ့နှင့်ယဉ်ပါးနေခဲ့ပြီဖြစ် သည်ကို ကိုမောင်ကျင်ပင် သတိထားမိပုံမရပါ။

+ + +

ကိုမောင်ကျင် တက္ကသိုလ်ကျောင်းသားဘ၀မှာ အချိန်ပိုင်းစာသင်သော ဆရာပေါက်စ ဖြစ်ခဲ့ဖူးသည်၊ ကျောင်းပြီး အိမ်ထောင် သည်ဘ၀တွင်လည်း အချိန်ပိုင်းများတွင် စာသင်သော အလုပ်လုပ်ခဲ့ဖူးသည်၊ နောက်တော့ အလုပ်တွေမျိုးစုံ ပြောင်းသွားသည်၊ ယခု အသက်အရွယ် လေးလည်း အသင့်အတင့်ရ၊ အခြားအလုပ်ကလည်းမရှိတော့သောအခါ ကိုမောင်ကျင် အလုပ်ရှာရင်း ဆရာတစ်နေရာ ခန့်ထားပေးမယ့် အလုပ်တနေရာအတွက် အဆက်အသွယ် ရသည်။

ထိုနေ့က ကျောင်းတည်ထောင်သူနှင့် သွား၍တွေ့ရမည့်နေ့ဖြစ်သည်၊ ကိုမောင်ကျင် အနှစ်သက်ဆုံး အကောင်းဆုံး အင်္ကျီကလည်း လွန်ခဲ့သောနှစ်ရက်ခန့်က တခါဝတ်ပြီး အင်္ကျီချိတ်တွင် ချိတ်ထားသည်။

ကိုမောင်ကျင့်ဇနီးက အင်္ကျီအသစ် တထည်ဝတ်သွားဖို့ တိုက်တွန်းသော်လည်း၊ ကိုမောင်ကျင်က “ရပါတယ်ကွာ ဒီအင်္ကျီက အသစ်ပဲ” ဟုဆိုကာ အင်္ကျီချိတ်မှ အင်္ကျီကိုပင် ဖြုတ်၍ ၀တ်ခဲ့သည်။

ညာဖက်တွင် နှစ်ယောက်ထိုင်ခုံ၊ ဘယ်ဖက်တွင် သုံးယောက်ထိုင်ခုံတို့ဖြင့်ပြီးသော အထူးကားကြီးပေါ် ရောက်သောအခါ ကိုမောင်ကျင် သုံးယောက်ထိုင်ခုံတန်းဖက်တွင် နေရာ တစ်နေရာရသည်။

ချစ်ခင်နွေးထွေးသော ထိုင်ခုံများဟုပင် အမည်ပေးရလောက်အောင် တော်တော် ပူးပူးကပ်ကပ် ထိုင်ရသည်။

ကိုမောင်ကျင် ၀င်ထိုင်လိုက်သောအခါ မူလရှိနှင့်ပြီးကလေးမလေးက ကိုမောင်ကျင် ထိုင်ပြီးသည်နှင့် ဘေးဖက်သို့ရွေ့ပေးသည်၊ ကိုမောင်ကျင်ဝင်ထိုင်ပြီးနောက် တမှတ်တိုင်တွင် ခရီးသည်တယောက်တက်လာပြီး၊ ကိုမောင်ကျင့်ဘေးတွင် ၀င်ထိုင်သည်။

ပူးကပ်မထိုင်လျှင်မရသောကြောင့် ကိုမောင်ကျင့်ဘေး၌ ပူးပူးကပ်ကပ်ထိုင်နေရသော ထိုခရီးသည်သည် အခြားနေရာ လွတ်သည်နှင့် ကိုမောင်ကျင့်ဘေးမှ ဖယ်သွားသည်။

မူလရှိနှင့်ပြီး ကလေးမလေးက ဟိုဘက်နည်းနည်းရွေ့ပါ ဆိုသောကြောင့် ကိုမောင်ကျင် နည်းနည်းရွှေ့ပေးလိုက်သည်။

ကားစပါယ်ယာကိုလည်း မျက်လုံးဝင့်ကြည့်လိုက်ရသည်၊ သုံးယောက်ထိုင်ခုံကို နှစ်ယောက် ထိုင်နေလျှင် စပါယ်ယာ ညိုညင်မှာ လည်းစိုးရိမ်ရသေးသည် မဟုတ်လား။

ခရီးသည်ပြည့်သောအခါ၌သာ ကိုမောင်ကျင့်ဘေးမှထိုင်ခုံတွင် လူရှိ၍ ခရီးသည် မပြည့်တော့ဘူး ဆိုသည်နှင့် ကိုမောင်ကျင့်ဘေးတွင် လူမရှိတော့၊ ကံထူးသော ကိုမောင်ကျင်ပေတည်း၊ ချောင်ချောင်ချိချိနှင့်ပင် ကိုမောင်ကျင် မြို့ထဲရောက်သွားခဲ့သည်။

+ + +

ဟုတ်ကဲ့ဆရာ ကြွပါ၊ ဒီအခန်းထဲဝင်ပါ–ဆိုသောကြောင့် ကိုမောင်ကျင် ထိုအခန်းအတွင်း ၀င်လိုက်သည်။

အခန်းက အေးစိမ့်၍နေသည်။

ကိုမောင်ကျင် မျက်နှာမူရာတွက်မူကား ကိုမောင်ကျင်၏စာသင်ကြားမှုအရည်အချင်းကို စစ်ဆေးပေးမည့် ဆရာကြီး ၂ယောက် နှင့် ဆရာမကြီး ၁ ယောက်တို့ကို တွေ့ရသည်၊

“ထိုင်ပါဆရာ ထိုင်ပါ”

ဆရာကြီး၊ ဆရာမကြီးများ ညွှန်ပြသောနေရာတွင် ကိုမောင်ကျင် ၀င်ထိုင်လိုက်ရင်း၊ ဆရာ ဆရာမကြီးများကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

အချိန်အားဖြင့် ၁ မိနစ် ၂ မိနစ်သာ ကြာသေးသည်၊ ဆရာကြီး ဆရာမကြီးတို့၏ နှာခေါင်းများ ပွစိပွစိဖြစ်လာကြသည်။

ဗုဒ္ဓေါ-

ဟုတ်သည်၊ ကိုမောင်ကျင်ပင်သတိမထားမိပဲမရလောက်အောင် ကြောင်နံ့တွေ တခန်းလုံး ပျံ့လာသည်။

ခုတော့ ကိုမောင်ကျင်ကိုယ်တိုင်ပင် ဆရာကြီး၊ ဆရာမကြီးများကို အားနာလာသည်၊ မျက်နှာပင် မထားတတ်တော့။

ဆရာကြီး၊ ဆရာမကြီးများက နားလည်သည်းခံ ခွင့်လွှတ်ဟန်ဖြင့် မေးစရာရှိသည်များကို ၀တ္တရားမပျက် မေးနေသော်လည်း၊ ကိုမောင်ကျင် ကိုယ်တိုင်ကမူ မေးခွန်းတွေ အမြန် ပြီးဆုံးစေလိုပြီ။

ဟုတ်ကဲ့ဆရာ၊ ပြည်စုံပါပြီ ဟုကြားလိုက်ရသော နောက်ဆုံးစကားသည် ကိုမောင်ကျင့် အတွက် မျက်နှာပူစရာ အခက်အခဲ အားလုံးမှ လွတ်စေဟု အမိန့်ချခြင်းဟု နားလည်ရင်း၊ ထိုအခန်းမှအလျင်အမြန်ပင် ကိုမောင်ကျင်ထွက်ခွါခဲ့တော့သည်။

+ + +

ပိုးလောက်တို့သည် မစင်ကိုပင် ဘ၀တစ်သက်တာ ပျော်မွေ့ဖွယ်ရာ၊ ဘ၀တစ်သက်တာ စည်းစိမ်ကြီးအဖြစ် ရှုမြင်တတ်ကြပါ သည်။

ကြောင်မွေးသူများလည်း ကြောင်နံ့နှင့် ယဉ်ပါးလွန်းသောအခါ ကြောင်နံ့နံသော်လည်း နံမှန်းမသိတော့ပဲ အလိုက်အထိုက်နေ တတ်သွားကြသည်ကို ကိုမောင်ကျင် ကောင်းကောင်း နားလည်ခဲ့ပြီဟု ထင်ပါသည်။

ကြောင်မွေးသူများ သတိထားတတ်ကြဖို့ လိုသည် ဟုထင်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP