* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, November 16, 2010

သတန္တဂီတိ (သို့မဟုတ်) န၀ရတ်ဂါထာများ (၂)


ပထမဂါထာ၌ မြန်မာတိုင်းဖွား အမျိုးသားတို့သည် အချင်းချင်း မေတ္တာမထားကြဘဲ ခိုက်ရန်ငြင်းခုံ ပြုနေကြသောကြောင့် နိုင်ငံတစ်ပါး လူမျိုးခြား၏အလိုနိုင်ငံဟူသော ကျွန်ဘ၀သို့ရောက်ရကြောင်း ပြဆိုထားသည်။

ဒုတိယဂါထာ၌ ကျွန်ဘ၀သို့ရောက်ကြပြီးနောက် လွတ်လပ်ရေးကို လွန်စွာလိုလားကြကုန်သော အမျိုးကောင်းသား အာဇာနည်များသည် ကျွန်ဘ၀မှ လွတ်မြောက်ရန် စွမ်းအားရှိသလောက် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း ပြန်ဆိုထားသည်။

တတိယနှင့်စတုတ္ထဂါထာတို့၌ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီးနောက်ပိုင်းကာလ၌ မွေးဖွားလာကြသည့် ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ဒီဃဒဿီ အရှည်မြင်အမျိုးကောင်းသားတို့၏ လုံ့လစွမ်းပကားကြောင့် ၁၃၀၉-ခုနှစ်၊ပြာသိုလ်လပြည့်ကျော်၉-ရက် (1-4-1948)တွင် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့၍ အများပြည်သူတို့ ကြည်ဖြူဝမ်းမြောက်ရကြောင်း ပြဆိုထားသည်။

ပဉ္စမဂါထာ၌ ကျွန်ဘ၀မှ လွတ်မြောက်ရခြင်း၏ အလွန်ချမ်းသာကြောင်းနှင့် ဤဂီတိကိုသီကုံးရာကာလသည် မြန်မာ့လွတ်လပ်ရေး၏ လေးနှစ်မြောက် အခါဖြစ်ကြောင်း ပြဆိုထားသည်။

ဆဋ္ဌမဂါထာ၌ မြန်မာ့လွတ်လပ်ရေးကို အရယူပေးကြသော အမျိုးသားခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် စည်းလုံးညီညွတ်စွာ တိတိပပ သိရှိကြဖို့ သင့်ကြောင်း ပြဆိုထားသည်။

သတ္တမဂါထာ၌ လွတ်လပ်ရေးအနီးကျဆုံးသွားကျသော ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသည့် ခေါင်းဆောင်ကြီးများကို နိုင်ငံတော်သူ နိုင်ငံတော်သားအားလုံးက ချစ်ခင်ကြည်ညိုလေးစားကြကြောင်း ပြဆိုထားသည်။

အဋ္ဌမဂါထာ၌ လွတ်လပ်ရေးအတွက် အသက်စွန့်လွတ်သွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများ အားလုံးဖြစ်လေရာဘ၀တိုင်း၌ ချမ်းသာသုခရရှိကြပါစေဟု ပတ္တနာပြုပြုကြောင်း ပြဆိုထားသည်။

န၀မဂါထာ၌ ယခုအခါ ခေါင်းဆောင်ကြီးများအားလုံး ဤမြန်မာနိုင်ငံသို့ကြွရောက်လာပြီး ကျွန်ုပ်တို့နှင့်အတူအမျှ ချမ်းသာသုခ ရရှိကြ၍ ၀မ်းမြောက်ကြပါစေဟု ဆုမွန်တောင်းကြောင်း အရှင်သီလာနန္ဒက ပြဆိုထားလေသည်။

ဆက်လက်၍ စာရှုသူများ န၀ရတ်ဂါထာအနက်သွားကို အားပါးတရ ရှုစားကျူးရင့်နိုင်ကြပါစေ။

အညောညံ ကလဟံ ကတွာ၊ ဒါသဗျံ မြမ္မိကာ ဇနာ၊
စိရံ ဒွေသဋ္ဌိဝဿာနိ၊ ရဋ္ဌန္တရ၀သံ ဂတာ။

မြမ္မိကာ ဇနာ- အမျိုးဘာသာ သသနာနှင့် ပညာထွန်းပြောင် ပြည်ထောင်စုဖွား မြန်မာနွယ်အမျိုးသားတို့သည်၊ အညောညံ- ပြည်ထောင်သားချင်း ဖြစ်တုံလျှင်းလည်း ချစ်ခြင်းမဖက် မေတ္တာပျက်၍ နှစ်သက်ကြည်သာ ညီညီမရှိ သတိလွတ်ကင်း အချင်းချင်း သာလျှင်၊ ကလဟံ ကတွာ- မောဟအမိုက် ခိုက်ရန်ငြင်းခုံ ပြုကုန်ကြ၍ (၀ါ) ပြုကုန်ကြသောကြောင့်၊ စိရံ- ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကင်းပ ရှည်မြင့်လှစွာ ကာလကြာအောင်၊ ဒွေ သဋ္ဌိဝဿာနိ- ရက်လမြားမြောင် ကျော်ခေါင်လွန်လစ် ၆၂-နှစ်တို့ပတ်လုံး၊ ဒါသဗျံ- သခင့် ရှေ့မှောက် ဒူးစုံထောက်ရ လွန်အောက်ကျသည့် ဘ၀နွံနစ် ကျွန်အဖြစ်ဟုဆိုအပ်သော၊ ရဋ္ဌန္တရ၀သံ- နိုင်ငံတစ်ပါး လူမျိုးခြား၏ ခံစားစိုးစံ အလိုနိုင်ငံသို့၊ ဂတာ- အမျိုးပျောက်မှာ စိုးကြောက်ပါလည်း အခါအလျောက် ကြမ္မာဖောက်၍ တောက်လျှောက် မသွေ ရောက်ခဲ့ကြလေကုန်၏။

ကုလပုတ္တာ ဗဟူစာပိ၊ ဒါသဗျတော့ ပမုစ္စိတုံ၊
သတန္တတံဒတိ ဣစ္ဆန္တာ၊ အာရဘိံသု ယထာဗလံ။

စ- ကျွန်သပေါက်ဘ၀ လွန်မြောက်ရဖို့ ထောက်ဆမျှော်မှန်း ကြိုးပမ်းဖုံဖုံ အားထုတ်ပုံကိုဆိုဦးအံ့၊ သတန္တတံ- ကိုယ့်မြေ့ကိုယ့်ရေ ကိုယ်တိုင်း ပြေ(ပြည်)၀ယ် ချယ်လှယ်ကင်းပြတ် လွန်မြင့်မြတ်သည့် ပြဋ္ဌာန်းလွတ်လပ်သည်၏ အဖြစ်ကို၊ အတိဣစ္ဆန္တာ- မရမနေ ရှာဖွေတောင့်တ လွန်စွာလိုလားကြကုန်သော၊ ဗဟူ- လူဖက် ရှင်ဖက် အဖက်ဖက်မှ တက်ကြွနိုးကြား လွန်ကြိုးစားသည့် များပြာလှကုန်သော၊ ကုလပုတ္တာပိ- အသိအလိမ္မာ ဉာဏ်ပညာနှင့် သိက္ခာဂုဏ်ရောင် တောက်ပြောင်ထင်ရှား အာဇာနည် အမျိုးကောင်းသားတို့သည်လည်း၊ ဒါသဗျတော- အောက်ကျနောက်ကျ ဖြစ်မြောက်ရသည့် ဘ၀နွံနစ် ကျွန်အဖြစ်မှ၊ ပမုစ္စိတုံ- ငါသည် အရှင် ငါ သခင်ဟု လူတွင်ထွန်းတောက် တန်ခိုးပေါက်ကာ လွတ်မြောက်ဖို့ အကျိုးငှာ၊ ယထာဗလံ- ကာယ ဉာဏ ဗလ နှစ်လီ စုံညီပြင်းထန် ထက်သန်ကြီးမား စွမ်းအားရှိသလောက်၊ အာရဘိံသု- အရိုးကြေကြေ အရေခြောက်ခြောက် နောက်မဆုတ် တမ်း ယောက်ျားအစွမ်းဖြင့် ကြိုးပမ်းအားထုတ်ကြလေကုန်သတည်း။

တေသု ပစ္ဆိမိကာနန္တု၊ ဗိုလ်ချုပ်အောင်ဆန်းတိ အာဒိနံ၊
ဝါယာမေန မဟန္တေန၊ ပုတ္တာနံ ဒီဃဒဿိနံ။

သတန္တတံ ပုနော ယန္တိ၊ ဟဋ္ဌတုဋ္ဌာ မမောဒိတာ၊
န၀ါဓိကတိဿတေက၊ သဟေဿ သက္ကရာဇကေ။

တု- အားထုတ်ကြိုးစား စွမ်းပကားကြောင့် ဖြစ်ပွားတိုးတက် အကျိုးဆက်ကို ဆိုဦးအံ့၊ တေသု- တိုင်ရေးပြည်ရေ လွတ်လပ်ရေးကို ကြံတွေး ကြိုးစားထိုအမျိုးသားတို့တွင်၊ ပစ္ဆိမိကာနံ- လွတ်လပ်ဖို့ရာ ချိန်ခါခွင့်ကောင်း နောက်နှောင်ကာလ မွေးဖွားလာကြကုန်သော၊ ဒီဃဒဿီနံ- မြန်မာအရေး လွတ်လပ်ရေးကို ကြံတွေဆင်ခြင် သမ္ပဇဉ်ကြောင့် အရှည်သိမြင်ပုဂ္ဂိုလ် ခေါ်ဆိုအပ်ကုန်သော၊ ဗိုလ်ချုပ်အောင်ဆန်းတိအာဒိနံ- မြန်မာ့တိုင်းခွင် သမိုင်းတွင်၍ နှိုင်းယှဉ်ကင်းပျောက် တန်ခွန်ဆောက်သည့် ထွန်းတောက်နေလ ဗိုလ်တေဇဟု ဗလထိပ်တင် လူတွင်ခေါင်နန်း ဗိုလ်အောင်ဆန်း အစရှိကုန်သော၊ ပုတ္တာနံ- မိကောင်း ဖကောင်းဆရာကောင်း၌ ကိန်းအောင်ပေါက်ဖွား အာဇာနည်အမျိုးကောင်းသားတို့၏၊ မဟန္တေန- ကောင်ကင်တမွတ် ကြယ်ကိုဆွတ်မည့် အထွတ်အချာ ကြီးမြတ်လှစွာသော၊ ၀ါယာမေန- မရမနေ ရှာဖွေကြိုးပမ်း မြဲမြံသော လုံ့လအစွမ်းကြောင့်၊ န၀ါဓိကတိသတေက သဟေဿ သက္ကရာဇကေ- ၁၃၀၉-ခုသာဟု ဝေါဟာတွင်လစ် သက္ကရာဇ်ဝယ် စင်စင်ရွှန်းဆို လပြာသိုလ်၌၊ ၀ါ- တစ်ထောင့်သုံးရာ ကိုးခုသာဟု ဝေါဟာတွင်လစ် သက္ကရာဇ်ဝယ်၊ ဖုဿမာသေ- နက္ခတ်ဖုဿ စန်းယှဉ်ပြသည့် ပန်လှခွာညို ပြာသိုလ်ခေါ်ရ ဝေဟာလ၌၊ သတန္တံ- ကိုယ်စိုးပိုင် ကိုယ်သာဆို၍ ကိုယ်တိုင်ကျင့်အပ် လွန်မြင့်မြတ်သည့် ပြဋ္ဌာန်းလွတ်လပ်သည်၏အဖြစ်သို့၊ ပုနော ယန္တိ- ကောင်မြတ်ချိန်ခါ မျိုးမြန်မာတို့ သမ္ဘာရွှေဘုန်း မိုးသို့ချုန်း၍ ကျက်ပြုန်းရန်သူ အောင်လံထူကာ လွန်ချမ်းသာဖို့ တစ်ခါတစ်ဖန် ဧကန်မသွေ ရောက်ကြရပေကုန်၏။ တေန- ထိုသို့ အမျိုးထွတ်မြတ် စိုးပိုင်အပ်သည်၏အဖြစ်ကြောင့်၊ မြမ္မိကာ ဇနာ- တစ်မြေထဲနေ တစ်ရေထဲသောက် လူလားမြောက်၍ မွေးပေါက်ဖော်ဟူ ဂုဏ်ယူထင်ရှား မြန်ာမျိုးနွယ်အမျိုးသားတို့သည်၊ ဟဋ္ဌတုဋ္ဌာ- ရွှင်လန်းကြည်သာ သာယာနှစ်သက် အားတက်ကြကုန်သည်ဖြစ်၍၊ မမောဒိတာ- လက်ပန်းတစ်ဖြောက်ဖြောက် အားကုန်ခေါက်၍ ၀မ်းမြောက်နုမော် အပျော်ကြီး ပျော်ကြလေကုန်သတည်း။

သုသုခါ ၀တ နော ဘောန္တော၊ အပရာဓီန၀ုတ္တိတာ၊
အယံ စတုတ္ထကော ၀ေဿာ၊ ယတော သာမိတ္တ မာဂတာ။

ဘောန္တော- တိုင်ပြည်လူထု ချမ်းသာမှုကို ရှေးရှုကြိုးစား အို ....မြန်မာနွယ် အမျိုးသားတို့၊ နော-လွတ်လပ်အရသာ အဖြာဖြာကို သာယာပျို့ လွန်နှစ်မြို့သည့် လွတ်လပ်သည်၏ အကျွန်ုပ်တို့၏၊ အပရာဓီန၀ုတ္တိကာ- ကျွန်ပြုလိုငြား သူတစ်ပါးနှင့် လားလားမစပ် လွန်မြင့်မြတ်သည့် လွတ်လပ်သည်၏အဖြစ်သည်။ သုသုခါ ၀တ- မကြုံစဖူး အကြုံထူး၍ ကြည်နူးခါခါ အလွန်ပင်ချမ်းသာလှပေ၏။ ယတော- တစ်ထောင့်သုံးရာ ကိုးခုသာဟု ကောဇာသတ်မှတ်လွတ်လပ်ကြရာ အကြင်အခါမှစ၍၊ သာမိတ္တံ- သူ့ကျွန်မခံ တော်လှန် ပယ်ပစ် အရှင်သခင်၏အဖြစ်သို့၊ အာဂတာ- ဉာဏ် ၀ီရိယ စွမ်းဗလကြောင့် မုချမှန်စွာ ရောက်ကြရပါကုန်ပြီ၊ တတော- ထိုအခါမှစ၍ အယံ- ၁၃၁၃-ခုခေါ်ပြု ကောဇာဤနှစ်အခါသည်၊ စတုတ္ထကော ၀ေဿာ- ပျော်ပြုံးမော်မဆုံးအောင် နှလုံးကြည်သား လေးနှစ်မြောက် အခါပါပေတည်း။

ယေသံ ပရက္ကမေနေ၀၊ သတန္တတံ သမာဂတာ၊
တေသံ ကတညုနော ဟောမ၊ သမဂ္ဂါ ရဋ္ဌိကာ မယံ။

ယေသံ ဇနာနံ- တိုင်းပြည်အကျိုးသည်ပိုးရွက်ဆောင် မြင့်ခေါင်ထင်ရှား အကြောအာဇာနည်ခေါင်းဆောင်များတို့၏၊ ပရက္ကမေန- နောက်မဆုတ်တမ်း ရဲမာန်စွမ်းဖြင့် ကြိုးပမ်းအစုစု အားထုတ်မှုကြောင့်သာလျှင်၊ ရဋ္ဌိကာ မယံ-ပြည်ထောင်စုဖွား ညီနောင်များဟု ထင်ရှားသမုတ် အကျွန်ုပ်တို့သည်၊ သတန္တတံ- ကိုယ်သာစိုးပိုင် ကိုယ်သာဆိုင်၍ ကိုယ်တိုင်ကျင့်အပ် လွန်မြင့်မြတ်သည့် လွတ်လပ် သည်၏အဖြစ်သို့၊ သမာဂတာ- တိုးတက်ညီညာ လွန်ချမ်းသာအောင် ကောင်းစွာမသွေ ရောက်ကြရပေကုန်၏။ သမဂ္ဂါ- ကိုယ်ပင် ကွဲငြား စိတ်မပြား၍ တစ်သားတည်းနေ ညီညွတ်ကြပေကုန်သော၊ ရဋ္ဌိကာ မယံ-ပြည်ထောင်စုဖွား ညီနောင်များဟု ထင်ရှားသမုတ် အကျွန်ုပ်တို့သည်၊ တေသံ ဇနာနံ- တိုင်းပြည်အကျိုး သည်ပိုးရွက်ဆောင် ဂုဏ်ရောင်မြင့်မား ထိုအာဇာနည်ခေါင်းဆောင် ဂုဏ်ရောင်မြင့်မား ထိုအာဇာနည်ခေါင်ဆောင်အများတို့၏၊ ကတညုနော- သူပြုအပ်ဖူး ဂုဏ်ကျေးဇူးကို အထူးသိတတ် ပုဂ္ဂိုလ်မြတ် တို့သည်။ ဟောမ- ဘ၀အဆက်ဆက် သံသာစက်၌ မပျက်မှန်စွာ ဖြစ်ကြပါကုန်အံ့သတည်း။

ယေ ဂတာ ကိတ္တိသေသတ္တံ၊ မောက္ခာသန္နေ တု နာယကာ၊
ရဋ္ဌိကေဟိ အသေသေဟိ၊ ပိယာ အောင်ဆန်းတိ အာဒိကာ။

ယေ နာယကာ- ပြည်ထောင်စုဖွား အမျိုးသားတို့၏ ရှေ့သွားခေါင်းဆောင် မြင်ခေါင်ထင်ရှား အကြာင်အာဇာနည် အမျိုးသားတို့သည်၊ မောက္ခာသန္ဓေ- မြန်မာ့ရေမြေ ကိုယ့်တိုင်းပြေ (ပြည်)၀ယ် ချယ်လယ်ကင်းပြတ် တောင်းတအပ်သည့် လွတ်လပ်ရတနာ ရမည့်ခါမှ မကြာဝေးလှ အနီးဖြစ်သော အခါကာလ၌၊ ကိတ္တိသေသတ္တံ- အသက်ဇီဝါ ကိုယ်ခန္ဓာတို့ လျင်စွာချုပ်ကင်း ကျော်စောခြင်းလျှင် အကြွင်းအကျန်ရှိသည်၏ အဖြစ်သို့၊ ဂတာ- အမျိုးအတွက် အကျိုးထွက်အောင် အသက်စွန့်ကာ ရောက်ကြရှာလေကုန်ပြီ။ အောင်ဆန်းတိအာဒိကာ- နိုင်ငံအလုပ် လွန်ကြိုးကုတ်သည့် ဗိုလ်ချုပ်အောင်ဆန်း အစရှိကုန်သော၊ တေ နာယကာ- မြန်မာ့ ဥသျှောင် ခေါင်းဆောင်ခေါ်ဆို ဦးဘချိုနှင့် အကို ဦးဘ၀င်း တသင်းသခင်မြ တ၀မန်းဘခိုင် မိုင်းပွန်စော်ဘွား အမျိုးသား ဦးရာဇတ် တရပ်ဦးအုန်းမောင် ခေါင်ဆောင်ကာကွယ်ရေး ဦးထွေးခေါ်မည် ထိုအာဇာနည်ပုဂ္ဂိုလ်တို့ကို၊ အသေသေဟိ-လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နိုင်ငံအတွင်း မှီတင်နေဘိ အကြွင်းမရှိ ကုန်သော၊ ရဋ္ဌိကေဟိ- ပြည်ထောင်စုဖွား နိုင်ငံသူ နိုင်ငံသားတို့သည်၊ ပိယာ- သွေးသား အနှစ်ရတနာစစ်ဟု အပြစ်ကင်းကွာ ချမ်းမေတ္တာဖြင့် ကြည်သာလေးမြတ် အားကိုးယုံကြည်အပ်ပါကုန်သတည်း။

ယေ စ စဇန္တိ မောက္ခတ္တံ၊ ဇီဝိတံ သူရဇာတိကာ၊
ဇာတဇာတိဘဝေ သဗ္ဗေ၊ တေပိ သုခံ လဘန္တု ဝေ။

သူရဇာတိကာ- မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲဝံ့မာန်ဟုန် ရန်သူပုန်နှိပ်နင်း အောင်မြင်ခြင်း အတန်တန် အောင်လံတော် အဆင့်ဆင့်မြင့်ထက်မြင့်အောင် လွှင်ထောင်စိုးပိုင် တိုက်စွမ်းနိုင်ဘိ ရဲစွမ်းသတ္တိ သဘောရှိကုန်သော။ ယေ နာယကာ- အာရှတစ်ဝှမ်း ဂုဏ်ရောင်လွှမ်းသည့် ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိကုန်သော အကြင်ခေါင်းဆောင်ကြီးတို့သည်၊ မောက္ခတ္တံ- ဘ၀နွံနစ် ကျွန်အဖြစ်မှ စင်စစ်ပယ်ခွာ လွတ်လပ်ခြင်း အကျိုးငှာ၊ ဇီဝိတံ- ရုပ်နာမ်နှစ်ချက် ပေါင်းကာဖက်၍ ဖြစ်ပျက်စဉ်ကာ သက်ဇီဝါကို၊ စဇန္တိ- မကြောက်မရွံနောက်မတွန့်ဘဲ ရဲဝံ့ကြည်သာ စွန့်လွှတ်ကြရှာလေကုန်၏။ သဗ္ဗေပိ- တစ်ယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော၊ တေ နာယကာ- တိုင်းပြည်အလုပ် လွန်ကြိုးကုတ်သည့် ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိ ကုန်သော ထိုခေါင်းဆောင်ကြီးတို့သည်၊ ဇာတဇာတိဘဝေ- သံသာ ဒီလှိုင်းလွန်နက်ရှိုင်းသည့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀၌၊ သုခံ- ကိုယ်ရောစိတ်ပါ ဘယာလွတ်ကင်း ချမ်းသာခြင်းကို၊ ဝေ-စင်စစ်ဧကန် အမှန်ပင်၊ လဘန္တု- ကျွန်ုပ်တို့ပြုသမျှ ကုသလကြောင့် မုချမသွေ ရကြပါစေကုန်သတည်း။

တေ သဗ္ဗေ ဣမံ ရဋ္ဌံ၊ အာဂန္တွာ ဒါနိ မြမ္မိကံ၊
ပိတိဘက္ခာ ပမောဒန္တံ၊ အမှေဟိ သုခိတာ မယံ။

ဣဒါနိ- ၁၃၁၃-ခု ရတုသာစွ လွန်အေးမြသည့် ဤဆောင်းကာလ၌၊ သဗ္ဗေပိ- တစ်ယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံကုန်လည်း ဖြစ်ကုန်သော၊ တေ နာယကာ- ထိုဗိုလ်ချုပ်အောင်ဆန်း အမှူးရှိကုန်သော ခေါင်းဆောင်ကြီးတို့သည်။ မြမ္မိကာ- သာကီမျိုးနွယ် တန်ခိုးကြွယ်၍ တင့်တယ်ညီညာ မြန်မာတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ ဣမံ ရဋ္ဌံ- ပြည်ထောင် အသီးသီး စုစည်းတယ်ဖန် ဤမြန်မာနိုင်ငံတော်သို့၊ အာဂန္တွာ- သင်တို့စံရာ ဘုံးနန်းသာမှ လှမ်းကာထမြောက် ကြွရောက်လာကြကုန်ပြီး၍၊ အမှေဟိ- ဆွေရင်းသားရင်း မျိုးတစ်သင်းဟု ချစ်ခြင်းပေါင်းထုပ် အကျွန်ုပ်တို့နှင့်၊ သမံ- အညီအမျှ အတူတကွ၊ သုခိတာ- ကိုယ်စိတ်နှစ်ဖြာ ဘယာလွတ်ကင်း ချမ်းသားခြင်းရှိကုန်သည်လည်းကောင်း၊ ပီတိဘက္ခာ- ဆီထိဂွမ်းပမာ စမ်းသာရွှင်ပျ ပီတိတည်းဟူသော အာဟာရရှိကုန်သည်လည်းကောင်း၊ ဟုတွာ- မုချမှန်စွာ ဖြစ်ပါကြကုန်၍၊ ပမောဒန္တံ-မမောဒန္တု- လွတ်လပ်သည့်ဂုဏ် လူမျိုးဂုဏ်ကို ဖုံဖုံကြီးထောက် စိတ်အားဆောင်၍ ၀မ်းမြောက်နုမော် အပျော်ကြီးပျော်နိုင်ကြပါစေကုန်သတည်း။


ရေးသား ပူဇော်သည့် ဆရာတော်
အရှင်အဂ္ဂဉာဏာဘိဝံသ
စည်ရှင်ကျောင်းဆရာတော်
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေးမြို့၊


ဝန်ခံချက်။ ။ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဒေါက်တာ ဦးသီလာနန္ဒာဘိဝံသ (အထိမ်းအမှတ် မော်ကွန်းစာစောင်)၌ စည်ရှင်ကျောင်းဆရာတော် ဖော်ထုတ်ပူဇော်ရေးသားထားသည့် အတိုင်း အများသုတ ရစေဖို့ ကူးယူဖေါ်ပြ ဝေငှခြင်းဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP