ဓမ္မသင်တန်း
Sunday, 14 November 2010 15:46 | Written by Administrator | PDF | | Print | | E-mail
ဒေါက်တာအရှင်ဉာဏဝရ၏ တရားသင်တန်း
တရားချစ်ခင် သူတော်စင်အပေါင်းတို့ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီး ကျောင်းမှာ 2010၊ နိုဝင်ဘာလ ၁၃-ရက်နေ့ညမှ- ၁၉-ရက်နေ့ညအထိ ၇-ညတိုင်တိုင် ညစဉ် ၈နာရီအချိန်မှာ ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်၊ အဇူဇာကျောင်းမှ ဆရာတော် ဒေါက်တာ ဉာဏဝရ ပိဋကတစ်ပုံဆောင်၊ သာသနဓဇဓမ္မာစရိယ၊ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားတက္ကသိုလ်မှ BA, MA, PHDဘွဲ့ရ ဆရာတော် အရှင်သူမြတ်မှ တရားတော်များ ချီးမြှင့်ဟောကြား တရားသင်တန်းများ ပို့ချပေးမည်ဖြစ်ပါသည်။
အောက်ပါဆိုဒ်များမှ တိုက်ရိုက် ၀င်ရောက်နာယူနိုင်ပါသည်။
၁. http://www.ashinsirinda.com/ livevideo
၂. http://www.myanmartube.net/video/16/
မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော်တည်ရှိခဲ့ပြီးဖြစ်ပါသည်။
ဖြစ်ပျက် ပြောင်းလဲတတ်သော သင်္ခါရ သဘောတရားအရ နှစ်ပေါင်း ၂၅၀၀ကျော်လောက်က ဒေသ၊ ကာလ၊ နိုင်ငံရေးစသည့် အကြောင်း အစုံစုံတို့ကြောင့် ဗုဒ္ဓသာသနာတော်သည် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲခဲ့ပါသည်။
သို့ဖြင့်--- ယနေ့ခေတ်၌
ထေရဝါဒ
မဟာယာန
ဝဇိရယာန ဟူသော ဗုဒ္ဓဘာသာဂိုဏ်းကြီးများ၏ ဖြစ်ပေါ်လာမှု သမိုင်းစဉ်များကို တင်ပြမည်ဖြစ်ပါသည်။ ထိုဂိုဏ်ကြီဒများ၏ တူညီသည့် အယူအဆ၊ ကွဲပြားသည့် အယူအဆများကိုလဲ နှိုင်းယှဉ်တင်ပြရင်း- ဗုဒ္ဓ ဓမ္မအနှစ်သာရများကို ကောက်ချက်ချ မည်ဖြစ်ပါသည်။
အကြောင်းအားလျှော်စွာ အခြားသော “ဟိန္ဒူ”စသည့် ဘာသာတရားကြီးများနှင့်လည်း ယှဉ်တွဲတင်ပြသွားမည် ဖြစ်ပါသည်။
0 comments:
Post a Comment