နောင်တသံသရာ

တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ဆိုးမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်းများခဲ့ပြီ။
ပြုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်းများခဲ့ပြီ။
နောင်တကင်းရာ
မြတ်ချမ်းသာကို
ငါလျှင်ဘယ်နာမ်
ရပါအံ့ဟု
မျှော်ငံ့ခိုက်တွင်
နေမင်းဝင်သည်
မှောင်တွင်းစမ်း၍
လှမ်းရသော်။
==============
ကိုရင်လေး
၂၄.၁၂.၂၀၁၀
==============
0 comments:
Post a Comment