ကိုကျော်သူရ မွေးနေ့အရုဏ်ဆွမ်း ၊ ဝင်းဝင်း သနပ်ခါးလုပ်ငန်း နေ့ဆွမ်းအလှူ
သာသနာသက္ကရာဇ် ၂၅၅၄ ခု တော်သလင်းလပြည့်ကျော် (၁၁)ရက် တနင်္လာနေ့ ၄.၁၀.၂၀၁၀ ရက်နေ့
အရုဏ်မုန့်ဟင်းခါးဆွမ်းအလှူ ကိုကျော်သူရ ၏ ၂၉.၉. ၂၀၁၀ တွင် ကျရောက်ခဲ့ပြီးသော မွေးနေ့အလှူ ။
(အာရုံဆွမ်းအလှူ )
နေ့ဆွမ်းလောင်း
ဝက်သား+အာလူးဟင်း
ပဲ
သရက်ချဉ်သုတ်
ငါးပိ+ငရုတ်သီး ဘာလချောင်ကြော် တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။
အလှူရှင်ကတော့ ၀င်းဝင်း ဖယောင်းတိုင်၊အမွေးတိုင်၊သနပ်ခါးလုပ်ငန်းမှ ဖြစ်ကြပါတယ်။
ဝေယျာဝစ္စများကတော့
ဒေါ်ကြည်ဌေး၊ မပွေး၊ ငြိမ်းအိထွေး၊ ဆွမ်းချက်သောဒါယကာကြီးတစ်ဦး၊ မောင်စိုးလင်အောင်နှင့် ကျောင်းသားတစ်ဦးတို့ဖြစ်ကြပါတယ်.
ဝင်းဝင်းဖယောင်းတိုင်မိသားစုမှ ကိုယ်တိုင်လာရောက် လောင်းလှူကြပါတယ်။
ဝေယျာဝစ္စကိုကျော်မှာ ကားနှင့်ဆိုင်ကယ်တိုက်မိ၍
ကုသိုလ်ကောင်းမှု အကျိုးပေးမှုကြောင့်ခြေထောက်အနည်းငယ်သာ ထိခဲ့ရပါတယ်။
ကိုကျော်အနောက်မှ ထိုင်လိုက်သော ဦးဇင်းတစ်ပါးမှာတော့ ခြေဖနောင့်မှာ ၇
ချက်ချုပ်လိုက်ရပါတယ်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
0 comments:
Post a Comment