* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 5, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ် (၂)

ဒီနေ့တော့ ဆွမ်းစားခြင်းကိစ္စပြီးလို့. ကွမ်းလေးဝါးလိုက် စာလေးဖတ်လိုက် လုပ်နေတုန်းမှာပဲ ရွာရဲ့ နိဗ္ဗာန်ဆော် (ရွာဆော်) ဒကာတော် ကိုကံစိန် ရောက်လာလေ၏။

ကဲ ဒကာ ဘာကိစ္စလဲကွဲ့............။

မှန်လှပါ.. ဒကာကံစိန် ခြေတော်ဦးခိုက် လျှောက်ထားဝံ့ပါသည်ဘုရား.. လွန်ခဲ့တဲ့ တစ်လခန့်က ကွယ်လွန် သွားရှာသော မောင်(.............. )အား ရည်းစူး၍ ကျန်ရစ်သူမိသားစုမှ လလည်ဆွမ်းတရားတော် နာကြားခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး သေသူအား ကောင်းရာသုဂတိ ရောက်ပါစေကြောင်း အမျှအတန်းပေးဝေ လိုပါသော ကြောင့် မနက်ဖြန် နံနက် ကိုးနာရီအချိန် မောင်(............)၏ နေအိမ်သို့ ကရုဏာရှေ့ထား ကြွရောက် ချီးမြှင့် သနားတော်မူပါမည့်အကြောင်း လျှောက်ထား ၀ံ့ပါသည် ဘုရား.........။ (ဤသည်မှာ တောရွာတို့၌ ယနေ့တိုင် ကျန်ရစ်သေးသော ရှေးရိုးသမ္ပဇဉ် လျှောက်ထားနည်းပင် ဖြစ်၏။ သာရေး နာရေး ပင့်လျှောက်လိုလျှင် ထိုကဲ့သို့ပင် ရွာဆော်မှာ တာဝန်ယူပင့်လျှောက်လေ့ ရှိ၏။ လျှောက်ခြင်းကိစ္စပြီးမှသာ ပုံမှန်ရိုးရိုးအတိုင်း စကားပြောလေ့ရှိကြ၏။)

အေး အေး ဟုတ်ပါပြီ။ မောင်(..............) ဆိုတာ တစ်လလောက်ကမှ ပိုးထိ(မြွေကိုက်) လို့ဆုံးသွားတဲ့ ကောင်လေးမဟုတ်လား.........။

မှန်ပါ့ဘုရား..။ ကြားဖူးသမျှဆေးဝါးတွေနဲ့တော့ စုံအောင် ကုတာပါပဲဘုရား..။ ကလေးကိုက ကံဆိုးလွန်းတာပါပဲ။

ကလေးကံဆိုးသည်လား၊ ပညာဗဟုသုတ နည်းသည်လားတော့ မသိ။ ဒီအရပ်ဒီဒေသဟာ မြွေအလွန် ပေါလှသည်။ ပြဿနာဖြစ်ပြီဆိုလျှင် မြို့ပေါ်ဆေးရုံမှာ ခေတ်မှီဆေးဝါးတွေနဲ့ ကုဖို့ပြောသော်လဲ ဘယ်သူ့တုန်း ကတော့ ဘယ်ဆရာ(ဗိန္ဓော)ကုလို့ ပျောက်သွားတာပဲ..၊ အဲဒီဆရာနဲ့ပဲကုမည်ဟူသော အတွေးတို့သည် ရွာသားတို့ထံ၌ အယူသီးစွာကျန်ရစ်လေ၏။

ငါပြောသားပဲကွာ..။ အချိန်ရှိတုန်း မြို့ပေါ်ကဆေးရုံကို တင်လိုက်ပါလို့..။ ဆေးပညာဗဟုသုတ ကလဲနည်း ငွေကုန်မှာလဲ ကြောက်ကြထင်ပါရဲ့ကွာ..။ မှတ်ထား ဒကာ ကံစိန်ရေ..။ လူ့အသက်ထက်တော့ ဘာမှ တန်ဘိုး မရှိပါဘူးကွာ...။ ခုပဲကြည့် ဒီကလေးဆိုရင် ငယ်ငယ်ရွယ်ရွယ်လေးပဲ..။ သူ့ဘ၀လေးက ရှေ့ဆက်လူလုပ်ဖို့ အများကြီး ကျန်သေးတယ်..။ ဘယ်လောက် နှမြောဖို့ကောင်းလဲ..။

မှန်ပါ့..။ သနားစရာတော့ ကောင်းတယ်ဘုရား..။ မြို့ပေါ်တက်ရင်လဲ ပိုက်ဆံက ကုန်မယ်ဘုရား..။ တပည့်တော်တို့ တောသားတွေအနေနဲ့ ဆေးတစ်လုံးကို ငါးသောင်းကျော်ဆိုတာ ဘယ်လိုက်မှီပါ့မလဲဘုရား..။

သေပြီးမှသနားနေလို့လဲ အလကားပဲလေကွာ..။ ပိုက်ဆံဆိုတာလဲ ကုန်သင့်ရင်ကုန်ရမှာပဲ ဒကာ..။ အကောင်းဆုံးလုပ်သင့်တာကို ငါပြောပြခဲ့ပြီပဲ..။ ဆေးရုံကိုသာ အချိန်မှီပို့လိုက်နိုင်ရင် ဒီကလေးအသက်က ဒီလိုလေလွင့်သွားစရာ မရှိဘူးကွ..။ အေးအေး မနက်ဖြန် ကြွခဲ့မယ် ဟုတ်လား..။

မှန်ပါ့ဘုရား.. တပည့်တော်ကို ခွင့်ပြုပါဦးဘုရား...။

အေး အေး...။

ခက်တော့လဲခက်သား..။ မြို့နဲ့သိပ်ဝေးလှတာ မဟုတ်ပေမဲ့ ရွာသူရွာသားတွေဟာ စားဝတ် နေရေးကို လုံးပမ်း နေရလေတော့၊ ပညာလိုက်စားခွင့်မရှိ၊ မရှိတော့ ဗဟုသုတကနည်း၊ ဖြစ်ပေါ့ဟေ့ဆိုရင် ပိုက်ဆံမကုန်တဲ့နည်းနဲ့ ကြိတ်ကု..။ ပြီးတော့ အသက်တစ်ချောင်း အလဟသတ် ဆုံးရှုံးရတာလဲ မနည်းတော့ဘူး။

မိမိကျောင်းထိုင်ကတည်းက ဒီနေ့အထိဆိုလျှင် ရွာလေးသည် တိုးတက်လာသည်မရှိပဲ ဆုတ်ယုတ်လာသည်သာ တွေ့ရလေ၏။ ကိုယ်တိုင်လဲ သိသမျှ တက်သမျှနဲ့တော့ ဦးဆောင်တာပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုက ပညာဥာဏ်နဲတယ်လို့ ဆိုရမလား မသိဘူး။ တော်တော်ဝေးတဲ့ လူတွေ..။

မှတ်မိသေးရဲ့ တစ်နှစ်သားဟာ ကလေးငယ်လေးတွေ သေလိုက်တာ မနည်းဘူး..။ ကပ်ရောဂါတစ်ခုခု ဖြစ်တာနေမှာပါ..။ ဆရာဝန်နဲ့ ပြကြည့်ဆိုတော့ ပြလဲမထူးပါဘူးတဲ့ ဒါဟာ ဘီးလူးစားတာတဲ့။ ကဲ မခက်ပေဘူးလား..။ ဘယ်သူက ပြောလိုက်တယ် မသိပါဘူး.. ကလေးရှိတဲ့ အိမ်တိုင်းရဲ့ အိမ်ခါးပမ်းတွေမှာ ရေးထားလိုက်ကြတာ.. ကလေးအသား ခါးသည် ဆိုလား။ ခါးမခါးတော့ မသိဘူး သေလိုက်ကြတဲ့ ကလေးငယ်တွေ။

တစ်ခါတရံ ရွာကျောင်းထိုင်ဘုန်းကြီးလုပ်ရတာ ဒီလိုစိတ်မချမ်းသာစရာတွေ ကြားကြားနေရတော့ သိပ်တော့ မနိပ်လှပေဘူး။

ရွာသူရွာသားတွေ ပညာ ဗဟုသုတာနည်းတာဟာ ဘယ်သူ့မှာ အဓိကတာဝန်ရှိလဲတော့ မသိပါဘူး..။ ကျောင်းထိုင်ဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် ကိုယ့်မှာလား..။ ကိုယ်လဲ တက်နိုင်သလော ပြောဟော လမ်းပြတာပါပဲ..။ စာထဲမှာတော့ ဖတ်ဖူးတာပဲ ခရာဇ်ယန်ဘာသာတွေ သာသနာပြုရင် တရားဟောဆရာ၊ ကျောင်းဆရာ(ခေတ်ပညာအတွက်)၊ ဆရာဝန် (ကျန်းမာရေးအတွက်) စတဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ပါပြီး ဝေးလဲခေါင်းပါးတဲ့ အရပ်တွေအထိ သွားရောက်သာသနာ ပြုတယ်ဆိုလားပဲ..။ ဒါကြောင့်လဲ အောင်မြင်တာဖြစ်မှာပါ..။

နောက်တစ်ခုက ပညာလိုလားမှု(ပညာအကျိုးကို မသိမှု) အားနည်းတဲ့ ရွာသူရွာသား တွေမှာလား..။ သူတို့မှာ ဆေးပညာပေး၊ ဘ၀နေနည်းပညာပေး၊ စတဲ့ ပညာဗဟုသုတ မရကြလေတော့.. ဖြစ်လိုက်ရင် ဓမ္မဓိဋ္ဌာန်ကျကျ မစဉ်းစားတော့ပဲ ရှေးရိုးစွဲ အယူအဆတွေကိုသာ ဖတ်တွယ်ရင် ဘ၀တွေဆုံးနေကြတာပဲ..။

ဘယ်သူ့မှာ တာဝန်ရှိလဲ..။ ကိုယ့်မှာလား..။ သူတို့ကိုယ်တိုင်လား..။ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတဲ့ သူတို့ကံလား။ ........ လား။ လားပေါင်းများစွာနဲ့။ အော် မလွယ်လှတဲ့ တောရွာ ကျောင်းထိုင်ဘုန်းကြီးဘ၀..။

သတ္တ၀ါခပ်သိမ်း ဘေးရန်ငြိမ်းကြပါစေ............။
ကျေးရွာ တိုးတက်ရာ တိုးတက်ကြောင်း ဦးဆောင်လုပ်နိုင်မဲ့ ပညာတက်တွေပေါများ ကြပါစေ...............။
လိမ်မာယဉ်ကျေးတဲ့ သားကောင်းရတနာများ ထွန်းကားကြပါစေ..............။


ယဿာ နုဘာဝတော ယက္ခာ
နေ၀ ဒေဿန္တ ဘီသနံ
ယဥှိစေ၀ နုယုဉ္ဇန္တော


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP