*လောကမှာနေရင်*
ဆေးကြောရသကဲ့သို့
ခြေတစ်ဖက်ကို ကျန်ခြေတစ်ဖက်ဖြင့်
ဆေးကြောရသကဲ့သို့
သီလကို ပညာဖြင့်
ဆေးကြောရာ၏၊
ပညာကို သီလဖြင့်
ဆေးကြောရာ၏။
(ရှင်တော်မြတ်ဘုရား)
လောကမှာနေရင်
လောကဓံတရားနဲ့ ဖက်ပြီး
ရန်မဖြစ်ရဘူး။
(မင်းကွန်းဆရာတော်ဘုရား)
လောကမှာနေရင်
စိတ်နဲ့အာရုံ
အဆင်ပြေအောင်
နေတတ်ဖို့ အရေးကြီးတယ်။
(ယောဆရာတော်ဘုရား)
ထင်ပေါ်ကျော်စောမှု၊ ပစ္စည်းဥစ္စာတွေဟာ ဘေးထွက်ပစ္စည်း၊
အနှစ်သာရက ဘာလဲဆိုရင် တစ်ဖက်သား နှလုံးအေးအောင် ဖန်တီးပေးပြီး ခံစားရတဲ့ ပီတိလေးပဲ၊
အပေးနဲ့ ထပ်တူပျော်တဲ့ ပီတိလေးပဲ..။
(ပိုင်းလော့ ဆရာတော်ဘုရား)
လူတိုင်းကို သည်းခံပါ၊
အထူးသဖြင့်
သင့်ကိုယ်သင် သည်းခံပါ။
(စိန့်ဖရန်စစ်)
လေးစားစွာဖြင့်
ဖိုးသား
0 comments:
Post a Comment