ပြောင်းလဲခြင်း ဓာတ်ပုံများ
သစ်ပင်ကြီးကြီးလည်း
အရွက်တွေက ပြောင်းလဲသွားတာပဲ
သစ်ပင်သေးသေးလည်း
အရွက်တွေက ပြောင်းလဲသွားတာပါပဲ
မြစ်ကမ်းဘေးဆီက သစ်ပင်တွေလည်း
အရွက်တွေက ပြောင်းလဲရတာပါပဲ
စိမ်းစိမ်းစိုစို သစ်ခက်တွေ ၊
သစ်ရွက်တွေလည်း ပြောင်းလဲ
ရေထဲ မျောရတာပါပဲ။
....................................................................
ပြောင်းလဲခြင်း ဓာတ်ပုံများ
ကြည့်သောသူ မြင်၏၊
ဟုတ်၏၊
မကြည့်က မမြင်။
ဒီတစ်ခုကိုပဲ ကြည့်သော်ငြား
အကြည့်မတူက ကွဲပြားပြန်၏၊
ဟုတ်၏။
ကိုယ့်စိတ်ကူးတည့်သလို မြင်ကြ၏
အလှခံစား ကပ်ကြည့်က
အလှကို မြင်မည်။
ဘ၀ထံပါး မှတ်ကြည့်က
ဘ၀ကို မြင်မည်။..
( ကြည့်သောသူ မြင်၏။
ဟုတ်၏
မကြည့်က မမြင်။ )
မှတ်ချက်။ ။ အလိုရှိသလို ကြည့်ရှု ကြပါလေ။
မြတ်ရောင်နီ
( ၁၁ ၊ ၁၀ ၊ ၂၀၁၀ )
0 comments:
Post a Comment