မာနရှင်ရယ်...
ခဏတာ တွေ့ဆုံကြတဲ့ ဤလောကမှာ
ဘ၀တာ ရှည်ကြာထင်ခဲ့ ဤလူတွေခမျာ
ငါမာန်ဝင် ဘ၀င်ခိုက်မယ့် စိတ်ရိုင်းပွေလာ
ခန္ဓာစွဲ ဟုတ်၏ မှတ်ထင်နေတာ
ငါသေတော့ ငါမဟုတ်မှန်း မသိတော့ရှာ
ရုပ်ခန္ဓာ ပုပ်ပွလာတော့ နှာခေါင်းရှုပ်ကြခါ
မြေမြှုပ်တော့ ပိုးကောင်စာဖြစ်
မီးရှို့ရင်တော့ ငါကောင်ပြာဖြစ်
ဂူထည့်လို့လည်း မသာကောင်ပဲ
ဘယ်မှာလဲ ငါ့မာန
ထောင်လွှားခဲ့ ငါ့အတ္တ
ကုသိုလ်တရား ဖွေရှာမရ
အသက်ရှင်ခါ မာန်စွယ်မကျ
ဧကန်မုချ အပါယ်ကြွ
မာနရှင်ရယ်…
နိဗ္ဗန်နဲ့ ဝေးစွ။
အရှင်ဉာဏဒီပ
0 comments:
Post a Comment