* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, October 25, 2010

တစ်ခုခု

စာရေးချင်သည်။ ဘာရေးရမည်လဲမသိ။ တစ်ခုခုရေးပေါ့...။ ငါ့မှာ ဘာတစ်ခုခုမှ ရေးစရာ မရှိဘူး။ မရှိတာကိုပဲ ရေးပစ်လိုက်လေ၊ ပေါ့သွားတာပေါ့။ ဒုက္ခပဲ.. မင်းနားလည်အောင် ငါဘယ်လိုပြောရမလဲ.. ငါ့မှာ မင်းလိုချင်တဲ့ မရှိတာမျိုးကို မရှိဘူး။ ရှင်းလား။ ထပ်ပြောမယ်။ ငါ့မှာ ဘာမှမရှိဘူး။ နောက်ပြီး ငါ့မှာ ရေးစရာ တစ်ခုခုလည်း မရှိဘူး။

နံပါတ်တစ်..။ သမိုင်းစာအုပ်။ ဘကြီးတော်မင်း အင်္ဂလိပ်မြန်မာ စစ်ပွဲရှုံးသည်။ သတိုးမဟာဗန္ဓုလက အရပ်သိပ်မြင့်သည်။ ပုဂံမင်းက Manic-Depressive ဖြစ်နေသည်။ ရူးနေသည်။ ကန်တော့ ကန်တော့။ ရူးတော်မူနေသည်။ နောက်ပြီး အဲဒါ မျိုးရိုးလိုက်တာတဲ့။ Audio Book က ပလုံးပထွေး အင်္ဂလိပ်စကားနဲ့ The People Common Sense Medical Adviser ကို အော်နေသည်။ ကော်ပီရိုက်က ဘယ်လို ဘလဘလဘလ..။ စာအုပ်က အင်ပါယာရဲ့ နိဂုံး၊ မင်းတုန်းမင်းတို့ ပုန်ကန်ခြင်း။ အမှန်က အင်ပါယာရဲ့ နိဂုံးနဲ့ မင်းတုန်းမင်းတို့ ပုန်ကန်ခြင်းက မဆိုင်ဘူး။ ဟေ့ကောင်၊ မင်းမဆိုင်တာတွေ မပြောနဲ့။ အဲဒီနှစ်ခုက မဆိုင်ဘူး။ မှန်တယ်မဆိုင်ဘူး။ မဆိုင်တဲ့ အကြောင်း ငါရေးထားပြီးသားဆိုတာကို ငါထပ်မံ ပြောကြားချင်တယ်။ ဒါနဲ့ မယ်နုကို တောသူလို့ခေါ်ရင် သင့်မလားဟင်။ တော်ဝင်မျိုးနွယ် မဟုတ်တာကို ဘယ့်နှယ် ခေါ်မလဲ။ ရပ်သူရွာသူ ဟုတ်စ။ တောင်သူမိလက္ခူ လို့ပဲ ဆိုလိုက်ပါတော့။ ဆင်ဖြူရှင်လက်ထက်က ဘဇာတို့ ဘောက်မဲ့တို့ တကယ်သုံးသလား။ ရန်ကုန်ဘဆွေ ရေးတာပဲလေ။ နောက်ပြီး ဟုတ်သယ် ဟုတ်သယ်နဲ့ က ခုထိပြောတုန်းဆိုပဲ။ သိချင်ရင် သက္ကယ်မြောင် အကြောင်းရေးတဲ့ ထူးဆွေအောင်ကို ဖတ်။ ကိုသင်ကာတစ်ခါက ရေးတော့ ဆရာမ ခင်ခင်ထူး တစ်ယောက် ဘာစာပေဆုလဲမသိ ရသွားသတဲ့။ အမှန်အတိုင်းပြောရရင် ဟုတ်သယ် ဟုတ်သယ် တစ်လုံးပဲ မှတ်မိလိုက်သည်။ ကြိုးကြာတောင်ပံခတ်သံကိုလည်း ပေးပစ်လိုက်သည်။ အို.. ခေတ်ကတော့ ဒီလိုပါပဲ။ သူ့ကြွေးရှိရင် ဆပ်ရမည်.. ပုံ... ဆရာတော်ဦးဗုဓ်။

တစ်ခုခုကို ရှာနေလို့ ဘယ်တော့မှ မဆုံးဘူး။ တရားရှာ ကိုယ်မှာတွေ့။ တင်ပါ့ဘုရား။ Google Search ထဲ ရောက်သွားသည်။ ကမ္ဘာကို ဒေါင်လိုက်ပတ်ကြစို့။ ကမ္ဘာပြားပြီ။ အဆင်းဘီးတပ်ပေးသည့် ဆရာဦးတင့်နှင့်တွေ့သည်။ သူကတပ်လိုက်။ ကိုယ်ကတပ်လိုက်။ မတွေ့ပေါင်။ တကယ့် Chaos ။ Realists လား idealists လားကွ။ မိုက်တဲ့ကောင်ထွက်ခဲ့။ သောက်ခွေး။ သင့်ကျန်းမာရေးအတွက် မုန်လာဥများများစားပါ။ လေဘာပါတီ အကြောင်း သိချင် ယူကျု(ပ်)များများ ကြည့်ပေး။ အဆို(၁)က လွဲနေတော့ အဆို (၂)က ထပ်မှားသည်။ အဆို (၁)ကို မှားသည်ဟု ပြောသော အဆို (၃)က မမှန်ဘူး။ ဘယ်ဟာက မှန်သလဲဆိုတော့ ကျွန်တော်ကတော့ မှန်တယ်မှားတယ်ဆိုတဲ့ဟာကို မယုံကြည်ဘူး။ လွတ်လပ်စွာ ကွဲနိုင်တယ်လေ။ ဒါနဲ့ ခင်ဗျားပြောတာကတော့ သိပ် အက်ဂျူကိတ်တက် မဖြစ်ဘူး။ ရိုင်းနေတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ မရှိဘူး။ ယဉ်ကျေးမှုချင်း တိုးတိုက်မိကြသည်။ သင်ပြောသော ယဉ်ကျေးမှုဆိုတာ culture ကိုဆိုလိုပါသလား။ ဘာလား။ စာကြိုးစားနော် တပည့်။ ဟုတ်ကဲ့။ ဂျာနယ်ကျော် ဦးချစ်မောင်လို တိုက်ပ်ကို ကျမ သဘောမကျဘူး။ (ကျွန်မ လို့မရေးရဘူးနော်။ ကျမ) ကျုပ်ကလည်း ဂျူးကို မုန်းတယ်ဗျာ။ ဖြောင်းဖြောင်းဖြောင်းဖြောင်း( လက်ခမောင်း ခတ်သံ)။ လုံးချောတို့ လက်ခမောင်းခတ်တာ အသံမမြည်လို့ စိတ်ပျက်ဖူးသည်။ သူရဲကောင်းဝါဒ ကျဆုံးပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ဖြောင်းဖြောင်းဖြောင်းဖြောင်း (၀ါးလက်ခုတ်သံ)။ တစ်ခါက လက်ဝှေ့ထိုးတာ ခါးတောင်းမြှောင်အောင် ကျိုက်ရတယ်လို့ပဲ ရေးမိသည်။ ပုဆိုးကို သုံးမြှောင့်ပုံခတ်ရတာ မရေးမိ။ ထိုင်းက မွေထိုင်းသမား ဘူဝါကောကို စောငမန်းတို့ လုံးချောတို့ နိုင်ပါ့မလား။ မြန်မာ့လက်ဝှေ့နည်းနဲ့ ဆိုရင်တော့ မပြောတတ်။ Kick-boxing နည်းနဲ့ဆို ရှုံးမည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မယ်လ ဒုက္ခသည်စခန်း သွားသည်။ ဒုက္ခသည်များကို ပြန်မပို့ပါ။ (ဧရာဝတီ)။ ပြန်ပို့မည်။ (ဘီဘီစီ)။ လွတ်လပ်စွာ ကွဲခွင့်ရှိသည်။ အချောင်သမား။ အကြံတုန်းဥာဏ်တုန်း။ ကျွန်တော်တို့ဟာက ဘောင်ထဲကလေ။ ကျုပ်ကလည်း မြောင်းထဲမှာပါ။ အတွင်းရေးမှူးချုပ်ကြီး ကလည်း အင်္ဂလိပ်လို ပီလည်း မပီဘူး။ ကိုရီးယားက ကိုရီးယားလို ၀ဲမပေါ့ဗျာ။ ဗြိတိန်အက်ဆင့်က ကြည့်လို့ ကောင်းသား။ အဲ.. အဲ နားထောင်ကောင်းသား။ နှောင်ကြိုးလေးတမျှင် သီချင်း ပြန်အောင်မြင် လာဦးမလား။ လုပ်လို့ရတာပေါ့နော်။ ၀ဲတကာ့ ၀ဲထဲမှာ ဗမာဝဲဟာ အခံရအဆိုးဆုံးပဲဗျို့ (ဟာသ)။ ကာတွန်းရေးတဲ့ ကျော်သူရိန်က မော်တော်ဘုတ်ကို စက်နှိုးလိုက်သည်။ ဗုတ်..ဗုတ်..ဗုတ်..ဗုတ်။ နိုးဗုတ် နိုးဗုတ် နိုးဗုတ်။ အိုင်ဗုတ် အိုင်ဗုတ်။ ထောင်နေသော စပါးနှံနှင့် မတ်နေသော စပါးနှံ။ ဆဲသကွာ။ ကျောက်ဖြူကို ဂီရိဝင်တိုက်သည်။ ကလင်ကလင်ကလင်။ ဟလို ဟလို။ အမိန့်ရှိပါ။ အေး.. ငဖြိုး၊ ငါ ဘိုကလေး ရောက်နေတယ်၊ သေမလားမသိဘူး။ ဟေ မုန်တိုင်းက ရခိုင်ပြည်နယ်မှာ နင်က ဧရာဝတီတိုင်းလေ၊ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါနကိုက နမ ပေါင်ကျိုး.. ကျိုး။ သေနာ...။ ဂလောက်.။ ဟလိုဟလို။ ဒီမှာ မိုးရွာနေတယ် ကိုအေး.. ဒီနေ့ နားလိုက်ကွာနားလို့မရဘူးလေ၊ Standby ပါတဲ့ဆို ။ဂလောက်။

ဆောင်းဦးရွက်ကြွေပြီ။ CME က ပုဂ္ဂိုလ်တွေက အာချောင်လှသည်။ ၂ နာရီနဲ့ ပြီးပါ့မလားမသိ။ ဘယ့်နှယ်ကွာ။ သူတို့လိုမျိုး စစ်ခွင့်ရလို့ကတော့ မြန်မာဆရာဝန်တွေ မိုးပျံသွားလို့ UFO နဲ့ တက်ချိတ်နေဦးမည်။ အင်း နှစ်ပြားမတန်အောင် ပြောတဲ့သူရှိမှပဲ အနေတော်လောက် ဖြစ်သည်။ မောင်ရင်တို့ လာမယ်ဆိုရင် ကိုယ့်အခန်းတံခါးကို မြှင့်ထားလိုက်မယ်လေ။ Wegener လား။ Goodpasture လား။ Churg-Strauss လား။ C3,C4 စစ်တာက နှစ်ခါ။ CBC က ၂၃ ခါ။ CT က ၂ခါ။ နောက်ပြီး ဟိုတစ်နေ့က Renal Vein ထဲကနေ Aldosterone စစ်သတဲ့။ ဟိုတစ်နေ့က Immunogram တဲ့။ ကြားကြားဖူးပေါင်။ ကောင်လေး၊ စဉ်းစားစမ်း မိန်းမ၊ ဆစ်ဖလစ်၊ ကျောက်ကပ်။ ဘာရောဂါတုန်း။ ပန်းပေးတော့မလား။ ဟင့်အင်း ဖြေဦးမယ်။ လာလေရော့။ Nephritis။ အေး အဲဒါကတော့ မောင်ရင်ပြောမှလား။ မောင်ရင့် ကြီးတော် အိမ်ထောင်ကျတာ ဘယ်သူနဲ့လို့ ပြောစရာလိုမလား။ ဘယ်သူနဲ့တုန်းဆရာ။ ကိုယ်နဲ့။ တိန်...။

ဆယ့်ကိုးရာစုအစက ဧရာဝတီ မြစ်ဝှမ်းဒေသ။ ဂရင်းညီနောင်ထဲက ဟန်လိုပေါ့နော်။ လက်ထဲဘာမှ ရှိမနေပေမယ့် ကံကောင်းသည်ဟု ယုံကြည်နေချင်သည်။ စာရေးချင်သည်။ ဘာရေးရမလဲ။ တစ်ခုခုရေးပေါ့။ ဘာတစ်ခုခုမှ ရှိမနေဘူး။ ပေါ့သွားတာပေါ့။ ငါပြောတာ ငါပြန်နားမထောင်ဘဲ ငါပြောချင်တာ ငါ့ဖာသာငါ ပြောနေသည်။

ပဉ္စဂုဏံ အဟံ ၀န္ဒာမိ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP