
ကြွက်ကလေးက သွားတော့မယ်.. လက်ပြနေပြီ..။ လွတ်မြောက်ရာလမ်းကို လှမ်းတော့မယ်။ ဒါပေမယ့် ငါကတော့ ဘ၀သံသရာ ထောင်က ဘယ်တော့များမှ လွတ်မြောက်မှာလဲ။ လွတ်မြောက်အောင်ကော ရုန်းမှာလား။ ရုန်းချင်စိတ်ကော ရှိရဲ့လား..။
~~~~~~~~~~~~~~~~~~~~~~~
တွယ်တာစေမယ့်စကားတွေ
မပြောပါနဲ့လား..
(ကြားလည်းမကြားချင်)
တွယ်ထားရတာ
ပင်ပန်းလွန်းလို့..။
အရောင်ပါတဲ့စကားတွေ
မသုံးပါနဲ့လား..
(ပြောလည်းမပြောချင်)
အရောင်မဲ့တဲ့ စကားတွေ
ရင်ဘတ်ထဲမှာ ကိန်းချင်လို့..။
အဖြေမပါတဲ့ပုစ္ဆာတွေ
မမေးပါနဲ့လား..
(တွေးလည်းမတွေးချင်)
အဖြေပေးထားတဲ့ ပုစ္ဆာတောင်
တွက်ရခက်နေလို့..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာပဲပြောပြော အတွယ်အတာတွေကနေ လွတ်ချင်စိတ်၊ ကိလေသာ အရောင်ကင်းတဲ့ စကားတွေ ပြောလိုစိတ်၊ ဘုရားရှင် အဖြေပေးထားတဲ့ လွတ်မြောက်မှုကို ခံစားလိုစိတ်နဲ့ "ဖြောင့်ချက်" တော့ ပေးလိုက်မိရဲ့..။
*****************************************
လေးစားစွာဖြင့်
ဖိုးသား
10/3/2010, SUN:, 1:15:45 PM
0 comments:
Post a Comment