သတသဟဿရစ ဂါထာတော် (နတ်ချစ်ဂါထာတော် )
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့ တံဆိပ်တော်ရ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမဿရ၏
နတ်ချစ်ဂါထာတော်
အို - လောကစောင့်ကြပ် နတ်များ အပေါင်းတို့၊ တရားနာ လာကြကုန်လော့။
တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်း၊ မြို့ စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ တရားနာလာကြကုန်လော့။
မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀ဠာဟကနတ်၊ ပဇ္ဇုနတ်၊ စတုလောကပါလနတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့ တရားနာလာကြကုန်လော့။
နဂါး၊ ဂဠုန်၊ ကုမ္ဘန်၊ ယက္ခိက် အစရှိသော ဥပသကာ အပေါင်းတို့ တရားနာလာကြကုန်လော။
ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ အစရှိသော သူတော်ကောင်းအပေါင်းတို့ တရားနာလာကြကုန်လော့။
အို- လူအပေါင်း၊ နတ်အပေါင်း ၊ အပါယ်လေးပါး သတ္တ၀ါအပေါင်းတို့ တရားနာလာရန် ဖိတ်ခေါ်ကုန်၏။
အကျွန်ပ်သည် ဝေနေများစွာ သတ္တ၀ါတို့၏ ချမ်းသာမှုကို ရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာဖြင့် ကဿပ မြတ်စွာဘုရားရှင်သည် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုးတစ်သိန်းထိုက်တန်သော သတသဟဿရစ ဂါထာတော်ကိုရွတ်ဖတ် သရဇ္ဈာယ်ပါကုန်အံ့။ ကောင်းမွန်ရိုသေစွာ နာကြားကြကုန်လော့။
၁။ အကိံဒေ၀ မဟာရာဇာ၊
သဗ္ဘိ ဟောတိ သမာဂမော။
သာ နံ ပါလေတိ သင်္ဂတိ၊
နာ သဗ္ဘိ ဗဟုသင်္ဂမော။
၂။ သဗ္ဘိရေ၀ သမာသေထ၊
သဗ္ဘိ ကုဗ္ဗေထ သန္ထ၀ံ၊
သတံ သဒ္ဓမ္မ မညာယ၊
သေယျော ဟောတိ န ပါပိယော။
၃။ ဇီရ န္တိ ဝေ ရာဇရထာ သုစိတ္တာ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊
သေ ႏၱာ ဟေ၀ သဗၻိ ပေ၀ဒယ ႏၱိ။
၄။ နဘံ စ ဒူရေ ပထ၀ီ စ ဒူရေ၊
ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒ န္တိ၊
သတဉ္စ ဓမ္မော အသတဉ္စ ရာဇ။
အနက် - မြန်မာပြန်
၁။ မဟာရာဇာ၊ အဆွေတော်မင်းမြတ်၊ သဗ္ဘိသူတော်ကောင်းတို့နှင့်၊ အကိံဒေ၀ - တစ်ကြိမ် တစ်ခါမျှသာလျှင်၊ သမာဂမောဟောတိ - အကြောင်းအခွင့်ကြုံ၍ ပေါင်းဆုံမှီဝဲရပေ၏။ သာသင်္ဂတိ - ထိုတစ်ကြိမ်မျှ ပေါင်းဆုံမှီဝဲရခြင်းသည်၊ နံ - ထိုထိုအခွင့်ကြုံ၍ ပေါင်းဆုံမှီဝဲသောသူကို၊ ပါလေတိ - ဘေးရန်အနှောက်ချမ်းသာရောက်အောင် ကယ်မနိုင်ပါပေ၏။
၂။ အသဗ္ဘိ - တရားကင်းကွာသော သူယုတ်မာတို့နှင့်၊ ဗဟု သင်္ဂမော - ကြိမ်ဖန်များစွာ ပေါင်းဆုံမှီဝဲသော်လည်း၊ နပါလေတိ - ဘေးရန်မနှောက် ချမ်းသာရောက်အောင် မစောင့်မရှောက် မကယ်မနိုင်ပေ၊။ မဟာရာဇာ - အဆွေတော်မင်းမြတ်၊ တသ္မာ - ထို့ကြောင့်၊ သဗ္ဘိရေ၀ - သူတော်ကောင်းတို့နှင့်သာလျှင်၊ သမာသေထ - ပေါင်းဆုံအမြဲ မှီဝဲဆည်းကပ်ရာ၏။ သဗ္ဘိ - သူတော်ကောင်းတို့နှင့်၊ သ န္ထ၀ံ - မိတ်ဆွေဖွဲ့ ခြင်း ကျွမ်းဝင်ချဉ်းကပ်မှုကို၊ ကုဗ္ဘေထ - ပြုရ၏။ ပြုပါလေ၊ သတံ - ဘုရားအစရှိသော သူတော်ကောင်းတို့၏။ သဒ္ဓမံ -ပစ္စုပ်သံဃာ နှစ်ဖြာကြီးပွားချမ်းသာကြောင်း ပုညကိရိယ ဗောဓိပက္ခိယတရားကောင်းကို၊ အညာယ - တစ်လုံး တစ်ပါဒ စ၍ကောင်းစွာ သိမြင်လာရသည်ရှိသော်၊ သေယျောဟောတိ - တစ်နေ့တစ်ခြား ကြီးပွားချမ်းသာ မြင့်မြတ်လာနိုင်ပါပေ၏။ န ပါပိယော - ဆုတ်ယုတ်နိုင်ကြခြင်း အလျှင်းပင် မရှိနိုင်ပေ။
၃။ မဟာရာဇာ - အဆွေတော်မင်းမြတ်၊ သုစိတ္တာ - မွမ်းမံခြယ်လှယ်၍ အဆန်းတကြယ် လှပခိုင်ခံကုန်သော၊ ရာဇရထာ - မင်းစီးရထားတို့သည်။ ဝေ - စင်စစ်ဧကန် အမှန်ပင်၊ ဇီရ န္တိ - ဟောင်းနွမ်းဆွေးမြေ့  တစ်နေ့နေ့တွင် ပျက်စီး၍ သွားကြရကုန်၏။ အထော - ထိုအပြင်၊ သရီရမ္ပိ - ကျွေးမွေးသုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံခြယ်သကာ တယုတယ စောင့်ရှောက်၍ နေကြသော သူသူငါငါ ဤခန္ဓာ ကိုယ်ကြီးသည်လည်း၊ ဇရံဥပေတိ - ပြုပြင်ရင်းက အိုမင်းဆွေးမြေ့တရွေ့ ရွေ့ နှင့် ပျက်စီး၍သွားရမြဲသာတည်း။ သတဉ္စဓမ္မော - ပြုလည်းမပြုပြင်လည်းမပြင် ပင်ကိုမြဲတည် သူတော်ကောင်းတို့၏ တရားဖြစ်သော နိဗ္ဗာန်သည်ကား၊ ဇရံ - ပျက်စီးယိုယွင်း ဆိတ်သုဉ်းခြင်းသို့၊ န ဥပေတိ၊ ကမ္ဘာလွှဲဖောက်ကပ်တွေပျောက်လည်း ဘယ်သောအခါမျှ မရောက်နိုင်ပါချေ၊ သေ န္တာ - ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ သဗ္ဘိ - သူတော်ဥစ္စာ ဘယ်ခါမပြတ် ထိုနိဗ္ဗာန ချမ်းသာမြတ်ကိုသာလျှင်၊ ဟဝေ - စင်စစ်ဧကန် အမှန်ပင်၊ ပဝေဒယန္တိ - ထုတ်ဖော်မြွက်ဟ ပြောဆိုချီကျူးကြလေကုန်၏။
၎။ မဟာရာဇ -အဆွေတော်မင်းမြတ်၊ နဘံစ - ထက်လဟာပြင် မိုးကောင်းကင်သည်လည်း၊ ပထ၀ိတော -မြေပြင်မှ၊ ဒူရေ - တစ်စပ်တည်းပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏။ ပထ၀ီစ - မြေပြင်သည်လည်း၊ နဘံနဘတော - ထက်လဟာပြင် မိုးကောင်းကင်မှ၊ ဒူရေ - တစ်စပ်တည်းပင် ထင်ရစေကာမူ အလွန်ပင်ဝေးကွာလှချေ၏။ သမုဒ္ဒဿ - တင်းကြမ်းရေပြင် ကမ်းမမြင်သော ပင်လယ်သမုဒ္ဓရာ၏၊ ပါရံပရတီရံ၊ ဟိုမှာဘက်ကမ်းသည်၊ သြရိမတိရတော - ဤမှာဘက်ကမ်းမှ၊ ဒူရံ - မှန်းဆနိုင်အောင် ဝေးကွာလှချေ၏။ သြရိမတီရံ - ဤမှာဘက်ကမ်းသည်လည်း၊ ပါရာ - ပရတီရာ - ဟိုမှာဘက်ကမ်းမှ၊ ဒူရံ - မှန်းဆမထင် အလွန်ပင်ဝေးကွာလှချေ၏။ တံ - ထိုစကားကို၊ ၀ါ - ထိုသို့ပင်၊ သန္တော - ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ အာဟု - ပြောဆိုတော်မူကြကုန်၏။ သတဉ္စဓမ္မော - သဒ္ဓမ္မော - သူတော်ကောင်းတို့၏ တရားသည်လည်း၊ အသတံဓမ္မာ - အသဒ္ဓမ္မာ - မသူတော်တို့တရားမှ၊ တတော ထိုမိုးမြေနှစ်သွယ် ပင်လယ်ကမ်းနှစ်ခုတို့ထက်၊ ဟဝေ - စင်စစ်ဧကန်အမှန်ပင်၊ ဒူရတရံ - အရှေ့ ၊ အနောက်၊ တောင်နှင့်မြောက်သို့ ထောက်ဆနှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင်ဝေးကွာလှချေ၏ဟူ၍၊ သန္တော - ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ ၀ဒန္တိ - မိန့်ဆိုတော်မူကြကုန်၏။
0 comments:
Post a Comment