* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, October 20, 2010

ပညာတတ် လူမိုက်ကြီးတွေ မဖြစ်စေဖို့...

သစ်သားတုံးကို လိုချင်တဲ့ပုံစံ ထုဆစ်သလို လူငယ်တွေကိုလည်း ပုံသွင်းရမယ်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ညောင်ဇင်ကျေးရွာကို ၂၀၁၀၊ မိုးဦးရာသီလောက်မှာ တရားပွဲအတွက် စာရေးသူ ကြွရောက်ခဲ့တယ်။ ကျေးရွာ ဆိုပေမဲ့လည်း ရွာကြီး တစ်ရွာပါပဲ။ ထားဝယ်မြို့ မိုးကုတ်ဓမ္မာရုံကြီးမှာ တနင်္ဂနွေ ဥပုသ် တရားစခန်းနဲ့ တရားပွဲတွေ ပြီးတာနဲ့ နောက်တစ်ရက် နံနက် စောစောမှာ ညောင်ဇင်ရွာ လူငယ်တရားပွဲအတွက် ဟောဖို့ ခရီးဆက်ရတယ်။
ကျောင်းဖွင့်စ ဆိုတော့ တရားပွဲမှာ ကျောင်းသား လူငယ်တွေ အများဆုံးပါပဲ။ တရားပွဲ ဖြစ်မြောက်ရေး စီစဉ်ကြတဲ့ ရွာသားတွေရဲ့ စီစဉ်ပေးမှု၊ သက်ဆိုင်ရာ ကျောင်းက ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေက ၀ိုင်းဝန်း ကူညီမှုတို့ကြောင့် လူငယ် တရားပွဲတွေကို ကျင်းပနိုင်တာပါ။ ဒါကြောင့် လူကြီးတွေရဲ့ ဦးဆောင် ဦးရွက်ကောင်းမှုကြောင့် အနာဂတ် လူငယ်တွေအတွက် ဘ၀ လမ်းခရီးမှာ အခက်ခဲ မရှိ ကျော်ဖြတ်နိုင်ကြမှာပါ။

သံသရာအတွက် အာမခံချက်ဖြစ်တဲ့ ဗုဒ္ဓတရားတော်တွေကို ဝေမျှရင်း

လူကြီးဆိုတာ လူငယ်တွေကို လမ်းမှန်ကို ညွှန်ပြနိုင်တဲ့ မီးပြတိုက် တစ်ခုလိုပါပဲ။ လူကြီး မကောင်းရင်တော့ လူငယ်ကလည်း ကောင်းဖို့ ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ လူငယ်တွေက မကောင်းရင်လည်း နောက်တစ်ချိန် ဒီလူငယ်တွေဟာ လူကြီးဖြစ်လာတဲ့ အချိန်မှာလည်း လူကြီးကောင်း ဆိုတာ ဖြစ်လာဖို့ အလားအလာ နည်းနေပါလိမ့်မယ်။ ဒါကြောင့် လူကြီးရော လူငယ်ပါ ကောင်းနေဖို့ လိုတယ် ဆိုတာကတော့ မလွဲမသွေပါပဲ။
စာရေးသူလည်း အဲဒီနေ့ နံနက်ပိုင်း ကျေးရွာ အထက်တန်းကျောင်း ကျောင်းမတက်ခင်လေးမှာ ညောင်ဇင်ရွာက ဘုန်းကြီးကျောင်း ကျောင်းကြီးမှာ တရားဟောခွင့် ရခဲ့တယ်။ ကလေးတွေကတော့ တရားနာယူဖို့ တော်တော်လေးကို စိတ်ပါဝင်စားကြတယ်။ အညွန့်တလူလူ ဖြစ်နေတဲ့ လူငယ်တွေကို မြေသြဇာ ကောင်းကောင်းနဲ့ လိုအပ်တဲ့ ဓာတ်မြေသြဇာ ပြည့်စုံအောင် ပံ့ပိုးပေးနိုင်မယ် ဆိုရင် အောင်မြင် ဖြစ်ထွန်းလာမယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီ အခွင့် အရေးကို လူကြီးတွေက သိနေရမယ်။

ကလေးတွေက ငြိမ်ပြီးတော့ တရားထိုင်နေလိုက်ကြတာ

လူငယ်တရားပွဲ မစခင် ရွာက အထက်တန်း ကျောင်းအုပ်ကြီး စာရေးသူဆီကို ရောက်လာတယ်။ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူတွေကို တရားနာယူဖို့ မခေါ်လာဘူး လို့ စာရေးသူကို ကျောင်းအုပ် ဆရာကြီးက လျှောက်တယ်။ ဒါနဲ့ စာရေးသူက
သြော်… ဒကာကြီးရယ် ဘုန်းကြီးက အဲဒီ အရွယ် လူငယ်တွေကိုမှ ပိုပြီးတော့ ဟောချင်နေတာ။ ဘာဖြစ်လို့များ တရားပွဲကို ခေါ်မလာရတာတုန်း
ကျောင်းမှာ သူတို့ကို အချိန်ပို သင်ပေးနေလို့ပါ ဘုရား
ကျောင်းက အခုမှ စဖွင့်ကာစပဲ ရှိသေးတယ်။ ကိုယ့်ရွာမှာ လူငယ်တွေအတွက် တရားပွဲက နှစ်ရက်ပဲ ရှိတာလေ။ အဲဒီ နှစ်ရက်လေးကိုတောင်မှ ကလေးတွေ တရားနာယူနိုင်အောင်လို့ တရားပွဲကို မခေါ်လာတာဟာ ဒကာကြီး မှားတာပဲကွဲ့
စာရေးသူက ပြောလိုက်မှ ကျောင်းအုပ် ဒကာကြီးလည်း ငြိမ်ပြီး ဆက်နားထောင်နေတော့တယ်။
ဒကာကြီး စဉ်းစားကြည့်လေ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေကို ကလေးတွေက နာယူပြီးတော့ လိမ္မာယဉ်ကျေး သွားကြမယ် ဆိုရင် ဒကာကြီးရဲ့ အထက်တန်း ကျောင်းမှာ ဆိုးသွမ်းတဲ့ ကလေးတွေ မနည်းသွားနိုင်ဘူးလား?
ဟုတ်ပါတယ် ဘုရား
ကလေးတွေ လိမ္မာသွားရင် ဒကာကြီးလည်း ကိုယ့်ကျောင်းမှာ ကလေးတွေကို ထိန်းကျောင်းရတာ ပိုပြီးတော့ မသက်သာသွားဘူးလားကွဲ့
တပည့်တော် မှားသွားပါတယ် ဘုရား
အင်း… ဒါဆိုရင် ဒကာကြီးကို ဘုန်းကြီး စကားတစ်ခု လက်ဆောင်ပေးလိုက်မယ်။ အဲဒါက အင်္ဂလိပ် စကားလေး တစ်ခုပါ။ 'Come to Learn. Go to Serve.' တဲ့

တရားနာလို့ ကုသိုလ်လည်းရ အပြန်မှာ မုန့်လည်းစားရ

ဆက်ပြီးတော့ မိန့်ပါ ဘုရား
“အင်း… ‘Come to Learn’ ဆိုတာက ‘သင်ယူဖို့ လာကြပါ’ တဲ့။ ‘Go to Serve’ ဆိုတာက ‘လုပ်ငန်းခွင် ၀င်ဖို့ သွားကြပါ’ တဲ့။ သင်ယူဖို့ လာကြပါ လို့ ဒကာကြီးတို့က ကလေးတွေကို ခေါ်တဲ့ အချိန်မှာ သူတို့လေးတွေကို စာတတ်အောင်ချည်း သင်ပေးနေလို့ မဖြစ်ဘူး။ မှန်ကန်တဲ့ အတွေးအခေါ် ပညာတွေ၊ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ အသိပညာတွေကိုပါ သင်ပေးကြရမှာ။ အဲဒီတော့ အဲဒီ ကလေးတွေက နောင်တစ်ချိန်မှာ လုပ်ငန်းခွင် ၀င်ဖို့ သွားတဲ့ အခါကျရင် သူတို့ တတ်မြောက်သွားကြတဲ့ အတတ်ပညာတွေဟာ အသိပညာတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြတဲ့ အတွက် လူသားတွေအပေါ်မှာ အကျိုးကျေးဇူး သိပ်များမှာပေါ့။ နို့မို့ရင်တော့လား ‘ပညာတတ် လူမိုက်ကြီး’ တွေ ဖြစ်နေကြလိမ့်မယ် ဒကာကြီး
ကျောင်းအုပ် ဆရာ ဒကာကြီးအပါအ၀င် ကျောင်းက ဆရာ၊ ဆရာမတွေလည်း စိတ်ဝင်တစားနဲ့ ဆက်ပြီး နားထောင်နေကြတယ်။
ဥပမာ ပြောပြရမယ် ဆိုရင်၊ ဆရာဝန် တစ်ယောက်ဟာ ဆေးကုတဲ့ နေရာမှာ ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် လူနာတွေအပေါ်မှာ စေတနာ မရှိဘဲ ငွေကြေးရလိုမှု အတွက် တစ်ခုတည်းကိုသာ ကြည့်ပြီး ဆေးဝါးကုသ ပေးနေမယ် ဆိုရင် သူ့ရဲ့ အတတ်ပညာဟာ လူသားတွေ အပေါ်မှာ အဆိပ်အတောက် ဖြစ်နေတတ်တယ်။ နောက်ပြီး စာပေပညာတွေကို သင်ပေးနေကြတဲ့ ဆရာ၊ ဆရာမတွေလည်း စာသင်ကြားပေးတဲ့ အခါ တပည့်တွေအပေါ်မှာ စေတနာ မပါဘဲ သင်ကြားပေးရမယ့် သင်ခန်းစာ ပြီးရင်ပြီးရော ဆိုပြီး ဖြစ်သလို ပြီးစလွယ် သင်ပေးနေကြမယ် ဆိုရင် ကလေးတွေ အတွက် အကျိုးကျေးဇူး ဘယ်များ လိမ့်မလဲကွဲ့

တင်ပ ဘုရား
ဘုန်းကြီးရဲ့ တရားပွဲကိုလည်း Come to Learn. Go to Serve. ဆိုပြီးတော့လည်း ဘုန်းကြီးက ပြောရမှာပဲ။ လူငယ်တွေကို တရားနာယူဖို့ လာပါ။ ပြီးတော့ ဟောကြားလိုက်တဲ့ ဗုဒ္ဓတရားတော်တွေ အတိုင်း ကျင့်ကြံပွားများ အားထုတ်ကြပါ လို့ ပြောတာပဲလေ
တပည့်တော် ကောင်းကောင်း သဘောပေါက်ပါပြီ ဘုရား

လူကြီးတွေလည်း ဗုဒ္ဓတရားတော်တွေကို သိမှ လူငယ်တွေကို ပြန်ပြောနိုင်မှာ

စာရေးသူလည်း အားမနာတမ်း ပြောလိုက်မိတယ်။ ဘယ်တတ်နိုင်မလဲ အများအတွက် ဆိုရင် မျက်နှာ မကြည့်တမ်း ပြောသင့်တဲ့ နေရာလည်း ပြောမှရမှာပေါ့။ နောင်တစ်ချိန် တိုင်းပြည်ကို အုပ်ချုပ်ကြမယ့် လူကြီးတွေဟာ စာသင်ကျောင်းတွေကပဲ ဖြတ်သန်းပြီး သွားကြရမှာ။ စာသင်ကျောင်းတွေကသာ ပညာတတ်ပြီး ပညာရှိ ဖြစ်အောင် မွေးထုတ်ပေးမှ အနာဂတ် တိုင်းပြည်အတွက် စိတ်ချရမယ်။
လူငယ်တွေက အကျင့်စရိုက်တွေ မကောင်းမှတော့ နောင်တစ်ချိန် တိုင်းပြည် အုပ်ချုပ်တဲ့ အခန်းကဏ္ဍမှာ တာဝန်ယူတဲ့ အခါကျရင်လည်း ကိုယ့်အတ္တကိုပဲ ကြည့်ပြီး တိုင်းသူပြည်သား ပြည်သူလူထုအတွက် အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီလို ဆိုရင်တော့ ပြည်သူပြည်သားတွေဟာ ရတက်မအေးနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေကြရတော့မှာ။ လူကြီးတွေဟာ ပညာတတ်ပြီး လူမိုက်ကြီးတွေ ဖြစ်နေကြရင်တော့ တိုင်းပြည်ကတော့ ဖရိုဖရဲ ဖြစ်တော့မှာ သေချာတယ်။
Students’ strength is Nation’s strength.
အဲဒါကတော့ ကျောင်းသားတွေရဲ့ စွမ်းအား ဆိုတာက တိုင်းပြည်ရဲ့ စွမ်းအားပါပဲ တဲ့။
ဒါကြောင့် ကျောင်းသား လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတက်တက်မှုကို လုပ်ဆောင်ပေးရာမှာ တိုင်းပြည် အုပ်ချုပ်သူများနဲ့ တကွ ဘာသာရေး အဖွဲ့အစည်းတွေဟာ ပူးပေါင်း လုပ်ဆောင်ကြဖို့ သိပ်ကို လိုအပ်တာ။ ကျောင်းသား လူငယ်တွေ စွမ်းအားကို မြှင့်တင် ပေးခြင်းဟာ တိုင်းပြည်ရဲ့ စွမ်းအားကို မြှင့်တင်ပေးတာနဲ့ အတူတူပဲ မဟုတ်လား။

ဘကကျောင်းက ကျောင်းအုပ်ဆရာတော်နဲ့ အနာဂတ် သာသနာရေး ဆွေးနွေးစဉ်
အဲဒါနဲ့ပဲ နောက်တစ်ရက် နံနက် လူငယ်တရားပွဲမှာ ကလေးတွေ စုံစုံညီညီ လာပြီး တရားနာယူဖို့ ကျေင်းအုပ် ဆရာကြီးက အားတက်သရော ကူညီဆောင်ရွက်ပေးတော့တယ်။ သစ်သားတုန်းကို လိုချင်တဲ့ ပုံစံရအောင် ထုဆစ် ပုံသွင်းပေးသလို စာရေးသူကလည်း ဖြူစင်နေတဲ့ ကလေးတွေကို ကောင်းမွန်တဲ့ အရောင်လေးတွေကို ဆေးဆိုးပေးဖို့ လိုတယ်လေ။ လူတွေကို ပညာတတ်ပြီး လူမိုက်ကြီးတွေ မဖြစ်ဖို့ ဟောပြော ဆုံးမဖို့ရာမှာ စာရေးသူတို့ရဲ့ တာဝန်ကြီး တစ်ရပ်ပဲလေ။
အဲဒီ ညောင်ဇင်ရွာကြီးမှာ နှစ်ရက် တရားဟောပေးဖြစ်ခဲ့တယ်။ နံနက်ဆိုရင် လူငယ် တရားပွဲ၊ ညဆိုရင်တော့ လူကြီး တရားပွဲပေါ့။
နေ့လယ်ခင်း တစ်နေ့မှာတော့ အဲဒီရွာမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့တယ်။ စာရေးသူလည်း တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်ပြီးတော့ ဘက ကျောင်းကို လှူဒါန်းခဲ့တယ်။ ဘက ကျောင်းကို ကြီးကြပ်နေတဲ့ ဆရာတော်တွေကိုလည်း စာရေးသူ တော်တော် လေးစားမိပါတယ်။ အသိမကြွယ် အရွယ်ငယ်နေကြသေးတဲ့ ကလေးတွေကို ခေတ်စာပေတွေ အပြင် ဗုဒ္ဓစာပေတွေကိုပါ စိတ်ထဲမှာ စွဲနေအောင် ကြိုးစား လုပ်ဆောင်ပေးနေတဲ့ ဆရာတော်တွေပါ။

ခေတ်စာပေ အပြင် ဗုဒ္ဓစာပေတွေကိုပါ သင်ကြားပေးနေတဲ့ ဘကကျောင်းမှာ

ကျေးရွာက တရားပွဲ စီစဉ်ကြသူတွေဟာ နေ့မအား ညမအား ကူညီဆောင်ရွက်ပေးကြတယ်။ စာရေးသူကတော့ အဲဒီ ဒကာတွေကို ကြည့်ပြီး သာဓု အကြိမ်ကြိမ် ခေါ်ပေးနေမိတာ။ မိမိ ရပ်ရွာ၊ မိမိမြို့နယ်၊ မိမိနိုင်ငံမှာ ရှိကြတဲ့ လူတွေကို မြတ်ဗုဒ္ဓရဲ့ တရားဓမ္မတွေ ကျင့်ကြံပွားများ အားထုတ်နိုင်ဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက် ပေးနေကြတဲ့ ပုဂ္ဂိုလ်တွေလေ။
သာသနာမှာ ရဟန်းတွေနဲ့ချည်း သာသနာပြု လုပ်ငန်းတွေကို လုပ်နေလို့ ရတာမဟုတ်။ ဒကာ၊ ဒကာမတွေကလည်း မိမိတို့ နိုင်တဲ့ဖက်က ငွေအား၊ လူအားတွေ ကူညီလုပ်ဆောင် ပေးနေကြလို့သာ ရဟန်းတွေကလည်း သာသနာပြု လုပ်ငန်းတွေကို လုပ်ကိုင်နိုင်နေကြတာပေါ့။
ညောင်ဇင်ရွာက တရားပွဲ အစီအစဉ်လည်း ပြီးရော ထားဝယ်မြို့ကို စာရေးသူ ပြန်ကြွလာတဲ့ အခါကျတော့ ရွာက ဒကာတွေက ထားဝယ်မရောက်ခင် လမ်းတစ်လျှောက် ဘုရားဖူး ပို့ဆောင်ပေးရင်း လိုက်ပို့ကြတယ်။
စာရေးသူလည်း သာသနာအတွက် လုပ်ဆောင်ပေးနေကြတဲ့ ဒကာ၊ ဒကာမတွေကို ကြည့်ပြီး ရင်ထဲကနေ အမြဲ ဆုတောင်းပေးနေမိတယ်။
တို့ ဒကာ၊ ဒကာမတွေ မြတ်စွာဘုရားရဲ့ အဆုံးအမ သြ၀ါဒများကို လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ပြီး သာသနာပြု လုပ်ငန်းတွေကိုလည်း ဆထက်မက ထမ်းဆောင်နိုင်ကြပါစေ…..

ထားဝယ်မြို့နယ် လျောင်းတော်မူ ဘုရားကြီး အရှေ့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP