* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, October 3, 2010

2010 - မာဂဓဌာနပညာရေး သင်တန်းများ

အဖွဲ့ကြီး၏ ပညာရေးက်ာမတီမှ ဖွင့်လှစ်ပိုချမည့် ပညာရေး အစီအစဉ်များနှင့် ပက်သက်၍ 03-01-2010 နေ့မှစတင်၍ မာဂဓဌာန၌
၁။ ဦးပညာသာမီ (အဖွဲ့ကြီး ဥက္ကဋ္ဌဆရာတော်)
၂။ ဦးဇ၀န
၃။ ဦးဇောတိက
၎။ ဦးဇာနေယျဘိဝံသ
၅။ ဦးပညာစက္က တို့မှ မာဂဓဌာနအတွက် လုပ်ငန်း ကော်မတီဖွဲ့ကာ ဌာနအတွက် ပညာရေး သင်တန်းများ၊ discussion များ ပြုလုပ်ကြရန် တာဝန်ခွဲဝေ သတ်မှတ်ခဲ့ကြပါသည်။

ထိုသင်တန်းများကို 5-1-0210 မှစတင်၍ 23-10-2010 (သီတင်းကျွတ်လပြည်နေ့) အထိ အောက်ပါအစီအစဉ်အတိုင်း ပို့ချသွားမည်ဖြစ်ကြောင်း ဌာနအတွင်းသတင်း ထုတ်ပြန်ခဲ့ ပါသည်။

၁။ ဦးပညာသာမိ (ဥက္ကဋ္ဌ) Advanced English Grammar.
၂။ ဦးဇ၀န မှ- 2500 years of Buddhism.
၃။ ဦးဇောတိကမှ - what the Buddha taught.
၎။ ဦးပညာစက္က မှ- Phonetic & Spoken English
၅။ အရှင်ကုမာရ မှ Essential English . တို့ကို သင်ကြားပို့ချခဲ့ကြပါသည်။

အထက်ဖော်ပြပါ ပုံမှန်သင်တန်းများဖွင့်လှစ်နေစဉ်မှာပင် ဦးဇာနေယျဘိဝံသမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ခေါင်းစဉ် Topic များ ပေးကာ သင်တန်းသားများရော ဆရာသမားများပါ ၀ိုင်းဝန်ဆွေး နွေ အပြန်အလှန်အတွေ့အမြင်များ ဖလှယ်သည့် discussion စကားဝိုင်းကို ကျင်းပပါသည်။

ထိုကဲ့သို့ ခေါင်းစဉ်အလိုက် သူ့အမြင် ကိုယ့်အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခွင့်ရကြသဖြင့် ပညာသင်ရဟန်းတော်များအချင်းချင်း ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် ချဉ်းကပ်ဆွေးနွေးကြရသည်မှာလည်း အလွန်ပင် စိတ်ဝင်စားစရာ ကောင်း လှပါသည်။

အကြောင်းအရာ တစ်ခုတည်းကိုပင် ရှုထောင့်အသီးသီးမှ ချဉ်းကပ်တင်ပြခြင်း သဘောတရားကို လက်တွေ့ နားလည်းရပါတော့သည်။ Discussion ဆွေးနွေးခြင်းဟူသည် Debate ငြင်းခုံနေခြင်းမဟုတ်ပါ၊ စာရေးသူအထင်မှာတော့ Discussion သည် အပြုသဘောဆောင်ပြီ Debate သည် အငြင်းသဘော အနိုင်ရလိုခြင်း သဘောကို ဆောင် သည်ဟု ထင်မိပါသည်။ (ဤနေရာ၌ ယင်းနှစ်ခု၏ ခြားနားချက်ကို စာရှုသူများ ဆွေးနွေနိုင်ပါသေးသည် စကားချပ်) ။

ဆွေးနွေးချက် အသေးစိတ်များ မတင်ပြနိုင်သည်ကို ခွင့်လွှတ်ကြ စေလိုပါသည်။ သို့သော် စာရှုသူများ စဉ်းစားတွေးခေါ်နိုင်ရန် ဆွေးနွေးခဲ့သည့် အကြောင်းအရာ ခေါင်းစဉ်မျှကိုတော့ ပေးလိုက်ပါရစေ...။
၁။ မေတ္တာနှင့် လက်နက် ဘယ်ဟာက ပိုအစွမ်းထက်ပါသလဲ......။
၂။ ဗုဒ္ဓ၏ ညီညွတ်ရေး လမ်းစဉ်များ..........။
၃။ ဗုဒ္ဓသာသနာနှင့် ယနေ့ ကမ္ဘာ............။
၎။ ဒလိုင်းလားမားကြီး အကြောင်း တစေ့တစောင်း....။
၅။ ဗုဒ္ဓဘာသာနှင့် လူ့အခွင့်အရေး.............။
၆။ Buddhism and Environment problems.
စသော ခေါင်းစဉ် တို့ပင် ဖြစ်ပါသည်။

ဤဆွေးနွေးပွဲ အစီအစဉ်များအတွင်း ထူးခြားသော ဆွေးနွေးပွဲ (၃) ပွဲရှိခဲ့ပါသည်။
14-2-2010 နေ့ ဆွေးနွေးပွဲတွင် အင်္ဂလန်မှ ဆရာတော် ဦးဥတ္တရနှင့် သင်တန်းတာဝန်ခံ ဦးဇ၀န (ရဲဘော်ကြီး) တို့မှ ဦးဆောင်၍ Natural Disasters and Buddhist out look ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေး ကြပါသည်။

ဤတွင် အထူးသဖြင့် ဆရာတော် ဦးဥတ္တရ (အင်္ဂလန်)မှ ၎င်း လက်ရှိ သီတင်းသုံးသော အင်္ဂလန်နိုင်ငံ၌ တွေ့ကြုံရသော အခြေအနေများ ၎င်းနိုင်ငံက နိုင်ငံသူ/သားတို့အတွက် ပြုလုပ်ဆောင်ရွက် စီစဉ်ထားမှုများကို အထူးအလေးပေး ဆွေးနွေးသွားပါသည်။ ထိုအထဲတွင် နိုင်ငံ ရေးနှင့် လုံးဝ မပတ်သက်ဘဲ နိုင်ငံသားတို့၏ လူမှုဖွံဖြိုးရေးအတွက် ဆောင်ရွက်စီမံထားပုံများဖြစ်ပါသည်။ ဗုဒ္ဓဘာသာသာ ရဟန်းတော်များ အနေဖြင့်လည်း ကိုယ်ဆောင်ရွက်နိုင်သည့် အတိုင်းအတာ အ၀န်း အ၀ိုင်းလေးအတွင်းမှ လူမှုဖွံဖြိုးရေး ပရဟိတလုပ်ငန်းများကို တစ်နိုင် တပိုင် ဆောင်ရွက်လုပ်ကိုင်သွားကြဖို့၊ ထိုသို့ လုပ်ဆောင်နိုင်ရန် ယခု ကတည်းကကြိုတင်စီမံရမည့်အရာတို့ကို စီမံဆာင်ရွက်နိုင်ရန် အကြံဥာဏ်များကိုလည်းပေးသွားပါသည်။


28-2-2010 နှင့် 7-3-2010 တို့တွင်လည်း ဗီယက်နမ် မဟာယာန ရဟန်းတော်တပါးနှင့် သီလရှင် တပါးတို့ကို ဖိတ်ကြားပြီး မဟာယာန နှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ရဲ့ အဓိကကွဲပြား ခြားနားချက်များ တူညီသော အချက်များကို ဆွေးနွေး ဖလှယ်ကြပါသည်။ အထူးသဖြင့်တော့ မဟာယာန ဗုဒ္ဓဘာသာအကြောင်းကို မဟာယာန ဘုန်းကြီးနှင့် သီလရှင်တို့ ကိုယ်တိုင် ပြောဆိုဆွေးနွေးခြင်းကို လက်ခံ နားထောင် ဗဟုသုတယူခြင်းဟုဆိုက ပို၍ မှန်မည် ထင်ပါသည်။

ထို့နောက်မှ ကွဲပြားခြားနားချက်တို့ကို ဆွေးနွေးဖလှယ် အမြင်ချင်း ညှိကြပါသည်။ သို့သော် တူညီသော အချက်ကတော့ ဗုဒ္ဓအပေါ် သက်ဝင်ယုံကြည်ခြင်းနှင့် သစ္စာလမ်းပေါ် သွားနေကြခြင်းသည် တူညီသည်ဟု ဆိုနိုင် ပါသည်။ ထေရ၀ါဒလမ်းစဉ်မှာ ဘ၀လွတ်မြောက်မှု ဦးစားပေး ၀ိမုတ္တိလမ်းစဉ်ဖြစ်သည်။မယာယာနလမ်းစဉ်မှာ ဘ၀သံသရာထဲ ကျင်လည်ကာ လူသားကောင်းကျိုး သတ္တ၀ါကောင်းကျိုးပြုလုပ် ဆောင်ရွက်ခြင်း ဦးစားပေး ဗောဓိသတ္တ (ဘုရားလောင်း) လမ်းစဉ် ဖြစ်သည်။(ဤကား စာရေးသူတွေ့မိသော မဟာယာနနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ တို့၏ ကွဲပြားခြားနားချက်ဖြစ်ပါသည်။...စကားချပ်)

ဤနေရာ၌ ကမ္ဘာသာသနာပြု အကျော် သီတဂူဆရာတေ် ဘုရားကြီး အမိန့်ရှိတော်မူသကဲ့သို့ ...မတူတာတွေတော့ ဖယ်ထား၊ တူညီ တာတွေကို စုပေါင်းပြီး တစ်ခုတည်းသော လူသား အကျိုးပြု တူညီသော တစ်ခုတည်သော Common platform မှာ လျှောက်လမ်း ကြပါစို့ =ဟူသော သြ၀ါဒလေးပင်ဖြစ်ပါသည်။ မတူတာတွေကို ငြင်းခုံနေရရင် တူညီတာတွေ ကောင်းကျိုးရလာဒ် အချိန်ကောင်း အခါကောင်းတွေ လွတ်ထွက်ကုန်မှာကို သတိပြုကြ စေလိုပါသည်။


တိုင်ပင်ဆွေးနွေး အသိအမြင် ဖလှယ်ခြင်းမှသည် အမိမြန်မာပြည်ကြီးနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးကို လက်တွဲ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်နှိုးဆော်ရင်း မာဂဓဌာန၏ ပညာရေးဆောင်ရွက်ချက် သတင်းအကျဉ်းကို တင်ဆက်လိုက်ရပါသည်။

မမဝေ ညီတော်နောင်တော်အပေါင်းတို့............။
အားလုံးကို ကြိုဆိုလျက်..

မှတ်တမ်းတင်ပေးထားသော ဦးတိက္ခဥာဏ
(မာဂဓဘဏ္ဍာရေးမှု) အား ကျေးဇူး အထူးတင်လျက်။

ဦးဂန္ဓသာရ(မာဂဓတက္ကသိုလ်)
(စာမူပေးပို့သော ဦးဂန္ဓသာရ(မဂဓတက္ကသိုလ်)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ အဖွဲ့ဝင်ရဟန်းတော်များနှင့် ဓမ္မစာပေရေးသားသူတို့၏ ကဗျာ၊ ဆောင်းပါးနှင့် ဗုဒ္ဓဘာသာဆိုင်ရာသတင်းများပေးပို့မည်ဆိုပါလျင် ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်း။)
Last Updated on Friday, 01 October 2010 13:24

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP