ကိုလူမော် + မတင်တင် နေ့စဉ် ဘုံဆွမ်းအလှူ
နှစ်ဖက်မိဘများကို အမှူးထားပြီး ကိုလူမော်၊ မတင်တင် ဇနီးမောင်နှံက သံဃာများအတွက် (၂၄-၈-၂၀၁၀) နေ့က စပြီး နေ့ဆွမ်းထမင်း ရက်ဆက် လောင်းလှူနေပါတယ်။ တနင်္လာဆွမ်းရက်နဲ့ အခြားအလှူရှင် ရှိတဲ့ ရက်တွေမှအပ နေ့စဉ်ဘုံဆွမ်း အဖြစ် ၁၄ ရက်ခန့် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
နေ့စဉ်ဆွမ်းဟင်းအဖြစ်က ပဲနဲ့ ငှက်ပျောသီး ကပ်လှူပါတယ်။ အရေးကြီးတဲ့ ဆွမ်းထမင်းကို လောင်းလှူနိုင်ခြင်း မရှိ ဖြစ်နေချိန်မှာ ကိုလူမော်၊ မတင်တင် ဇနီးမောင်နှံက ဆွမ်းထမင်း တာဝန်ယူ လှူဒါန်းလာတဲ့အတွက် သံဃာများ ဝါခေါင်လထဲမှာ ရက်အတော်ကြာ ဆွမ်းကိစ္စ အဆင်ပြေနေပြီ ဖြစ်ပါတယ်။
ဆွမ်းထမင်းအလှူ စတင်တဲ့ ဝါခေါင်လဆန်း ၁၀ ရက်နေ့မှာ ဆွမ်းခံသံဃာ အပါး ၂၅၀ ခန့် ရှိပါတယ်။
အလှူရှင်က သြဂုတ်လ ၃၀ ရက်နေ့မှာလဲ သံဃာများကို ကိုယ်တိုက်ဆပ်ပြာမွှေး လောင်းလှူခဲ့ပါတယ်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
0 comments:
Post a Comment