* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 7, 2010

“ပရိနိဗ္ဗာန် ပြုပြီးသော မြတ်ဗုဒ္ဓကို ပှုဇော်လို့ အကျိုးတရားရနိုင်ပါသလား”

တစ်နေ့ ဓမ္မဒှုတ ဆရာတော်အရှင်ဆေကိန္ဒ သံဃာတော်များသင်တန်းပွဲမှာ ဟောကြားထားတဲ့ တရားတော်ထဲမှာ ဆရာတော်က မြန်မာနိုင်ငံမှာ Private School ပုဂ္ဂလိက ကျောင်းတွေ များစွာပေါပေါက်လာတဲ့အတွက် ဗုဒ္ဓဘာသာ နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးတရားတွေရရှိနိုင်တဲ့အကြောင်း ဆိုကျိုးတရားတွေဖြစ်ပေါ်စေနိုင်တဲ့အကြောင်းကို Government School အစိုးရကျောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောပြသွားတဲ့ စကားတစ်ခွန်းကို စာရေးသူ နာကြားလိုက်ရပါတယ်။ ဆရာတော်ဘုရားက Private School တွေကို အထူးသဖြင့် တစ်ခြားနိုင်ငံက နိုင်ငံခြားသားများပဲ ပိုင်ဆိုင်တာများပါတယ်။ မြန်မာနိုင်ငံကို ပုဂ္ဂလိကကျောင်းတွေမှာ ထူထောင်ခြင်းရဲ့ ရည်ရွယ်ချက်က အသိပညာမကြွယ်ဝသေးတဲ့ ဗုဒ္ဓဘာသာကလေးတွေကို သူတို့ရဲ့ Teaching Methods တွေနဲ့ Convert to their religion သူတို့ရဲ့ဘာသာကို ကူးပြောင်းလာအောင် ပြောပြသင်ကြားပေးတယ်။ ပြီးတော့ ဒီပုဂ္ဂလိကကျောင်းတွေကို ချမ်းသာတဲ့ အသိုင်းအ၀ိုင်းများသာတက်ရောက်နိုင်ပြီး ဆင်းရဲတဲ့သူများ မတက်ရောက်နိုင်တဲ့အကြောင်းကို ရှင်းပြထားတာပါ။ သူတို့ရဲ့ Private School တည်ထောင်ရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဒီ Teaching Method တစ်ခုတည်းကို သင်ဖို့ပါပဲ။

ဘယ်လို သင်ကြားနည်းလဲဆိုရင် “ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ နတ်မဟုတ်ဘူး၊ သူဟာ လူစင်စစ်တစ်ယောက်ဖြစ်တယ်၊ အခု ဗုဒ္ဓမြတ်စွာဟာ သေသွားပြီ ဒီတော့ လူတစ်ယောက်အနေနဲ့ သေပြီးသားသူတစ်ဦးကို ကိုးကွယ်ဆည်းကပ်နေခြင်းဖြင့် ဘာများရရှိနိုင်မလဲ၊ ဘာအကျိုးတရားမှ မရရှိနိုင်ဘူး။ ဒီတော့ ကိုးကွယ်စရာမလိုအပ်ဘူး။”ဆိုတဲ့ စကားတွေနဲ့ အသိပညာမကြွယ်ဝသေးတဲ့ ကလေးသူငယ်များကို ကလေးသူငယ်များတင်မဟုတ်ပါဘူး၊ ဘာသာရေး အသိပညာမကြွယ်ဝသေးတဲ့ အရွယ်ရောက်သူများကိုပင် စည်းရုံးသိမ်းသွင်းလေ့ရှိပါတယ်။
မိမိက အသိပညာမကြွယ်ဝသေးတော့ ဒီစကားတွေကို နားယောင်ကာ အဟုတ်မှတ်ပြီး ဘာသာရေးအသိနည်းပါးတဲ့အတွက်ကြောင့် ကိုယ့်ဘာသာကို တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး။ “ဟုတ်တာပေါ့ သေပြီးသားသူတစ်ယောက်ကို ကိုးကွယ်နေရုံနဲ့ ဘာအကျိုးတရားတွေများ ရရှိနိုင်မလဲ၊ ဘာမှ မရရှိနိုင်ဘူး။ ဒီတော့ မကိုးကွယ်တော့ဘူး”ဆိုပြီး ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုအတွေးမှားတဲ့ အမှားအတွေးမျိုး မဖြစ်စေလိုပါဘူး။ အကန်းယုံတဲ့ ယုံကြည်မှု့မျိုးနဲ့အတူ လွဲမှားစွာမယုံကြည်စေချင်ပါဘူး။ တကယ်ပြောရရင် ဒါဟာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ အားနည်းချက်၊ လိုအပ်ချက် တစ်ခုပါပဲ။ ဘာကြောင့် အားနည်းချက် လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်နေရတာလဲဆိုရင် ဗုဒ္ဓအဆုံးအမတွေကို သေချာနားလည်အောင် မလေ့လာ မမေးမြန်းတဲ့အတွက်ဖြစ်ပါတယ်။ တစ်ခြားသူများရဲ့ စကားကို လွယ်လွယ်နဲ့ နားယောင်မသွားရလေအောင်၊ မိမိကိုယ် မေးမြန်းခဲ့ပါလျှင်လည်း မှန်ကန်စွာဖြေကြားနိုင်အောင် မိမိရဲ့ ဘာသာဟောကြားချက်များကို သေချာစွာ လေ့လာထားသင့်ပါတယ်။ ဒါမှလည်း မေတ္တာရှင် ဆရာတော် အရှင်ဇ၀န ပြောသလို၊ “မိရိုးဖလာ ဗုဒ္ဓဘာသာမဖြစ်ဘဲ တကယ့် ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက် ဖြစ်မှာပါ။”
တစ်ခါတုန်းက ဗုဒ္ဓဘာသာလို့ ခံယူပြီး ဗုဒ္ဓကို အနှစ်လေးဆယ့်ငါးနှစ်တိုင်တိုင် ကိုးကွယ်နေတဲ့ လူတစ်ယောက်ကို တစ်ခြားဘာသာဝင်တစ်ယောက်က အထက်က မေးခွန်းအတိုင်း မေးဖူးပါတယ်။ အနှစ်လေးဆယ်တိုင်တိုင် ဗုဒ္ဓမြတ်စွာကို ကိုးကွယ်နေခဲ့သူဟာ ဒီလိုမေးခွန်းအတွက် သူ့မှာ ဖြေစရာအဖြေမရှိပါဘူး။ “ငါမသိဘူး”ဆိုတဲ့ အဖြေပဲ ပေးနိုင်ခဲ့ပါတယ်။ ထိုသို့သော ဗုဒ္ဓဘာသာဝင်တစ်ယောက် မဖြစ်ရလေအောင် ကြိုးစားသင့်ပါတယ်။ ဒီမေးခွန်းကို စာရေးသူတို့ တိကျတဲ့အဖြေတစ်ခု ပေးကြရအောင်ပါ။
ဒီမေးခွန်းကိုပဲ မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကိုလည်း မေးမြန်းဖူးပါတယ်။
“အရှင်နာဂသေနဘုရား၊ မြတ်စွာဘုရားရှင်ဟာ ပှုဇော်သက္ကာရကို တကယ်လို့ သာယာသူတစ်ဦးဖြစ်တယ်ဆိုပါစို့၊ ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုပြီးသူ မဟုတ်နိုင်၊ လောကနဲ့ ဆက်စပ်နေသေးပါတယ်။ ဒါကြောင့် ဘုရားရှင်အား ပှုဇော်ခြင်းသည် အကျိုးရှိနိုင်ပါတယ်၊ အကျိုးတရားများ ရရှိနိုင်ပါတယ်။ တကယ်လို့များ ပရိနိဗ္ဗာန် ပြုသွားခဲ့မယ်ဆိုရင် လောကသုံးပါးနှင့် မဆက်စပ်တော့တဲ့အတွက် ထိုဘုရားရှင်ကို ပှုဇော်သက္ကာရအမှု့ မပြုနိုင်တော့ပါဘူး။ ပြုလုပ်လိုမရတော့ပါဘူး။ ပရိနိဗ္ဗာန်စံပြီးဖြစ်တဲ့ တစ်စုံတစ်ခုသော ပှုဇော်သက္ကာရကို မသာယာတော့တဲ့ ဘုရားရှင်းအား ပှုဇော်ခြင်းဟာ အကျိုးမရှိဘူး။ အကျိုးတစ်စုံတစ်ရာမှ မရရှိနိုင်ပါဘူး”လို့ အခြားဘာသာဝင် တိတ္ထိတို့က ဒီလိုပြောကြပါတယ် ဘုရား။ ထိုအမေးပုစ္ဆာ ပြဿနာရဲ့ သင့်လျော်တိကျမှန်ကန်တဲ့ အဖြေတစ်ခုကို နောင်အခါ သာသနာ့ဝန်ကို ထမ်းဆောင်ကြမယ့် ရဟန်း ရှင်လှုများအတွက် အယူတစ်ပါးကွာခြားသော ပုဂ္ဂိုလ်များကို ရှင်းလင်းစွာပြောဆို ဖြေကြားနိုင်ဖို့အတွက် ဖြေကြားပေးပါလို့ လျှောက်ထားပါတယ်။
ဒီတော့ အရှင်နာဂသနေက မင်းကြီး မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုတော်မှုပြီးဖြစ်ပါတယ်။ ဘုရားရှင်ဟာ မဟာဗောဓိပင်ရင်း၌ပင် သာယာတက်မက်မှု့ကို ပယ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်မရှိတော့ အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်ပြီးဖြစ်တဲ့ မြတ်စွာဘုရားဟင်ဟာ ပှုဇော်သက္ကာရကို အဘယ်မှာ သာယာတော်မှုပါတော့မှာလဲ လို့ ဖြေကြားတာ့ မိလိန္ဒမင်းကြီးက “အရှင်ဘုရားရဲ့ အဖြေစကားဟာ မိမိရဲ့ ယုံကြည်ချက်ကို ထုတ်ဖော်ဖြေကြားရုံမျှသာ ရှိနေပါတယ်။ အယူတစ်ပါး ကွာခြားသာသော သူတို့အား နှိမ်နင်းရန် အကြောင်းပြချက်များ မပါဝင်သေးပါဘုရား။” လို့လျောက်ထားပြီး ဥပမာနဲ့တကွ ဖြေကြားဖို့ တောင်းပန်ပါတယ်။
“ကောင်းပြီ မင်းကြီး၊ ဥပမာအားဖြင့် ယောင်္ကျားတစ်ယောက်ဟာ စည်ကိုတီးခတ်၍ အသံမြည်စေရာ၏။ မြည်ဟိန်းပြီးနောက် ပျောက်ကွယ်သွားသော ထိုစည်သံဟာ နောက်ထပ်တစ်ဖန် ထွက်ပေါ်လာမည့် အသံများကို သာယာပါသေးသလော”လို့ အရှင်နာဂသေနက မေးတော့ “မသာယာတော့ပါ အရှင်နာဂသေနဘုရား။” လို့ မိလိန္ဒမင်းကြီးက လျောက်ထားပါတယ်။ ဒီတော့ အရှင်နာဂသေနက အခုလိုမေးပါတယ် “မင်းမြတ်၊ ဒါဆိုရင် နောက်ထပ်တစ်ဖန် စည်သံ မထွက်နိုင်တော့ပြီလော။” “အရှင်နာဂသေနဘုရား ထိုသို့မဟုတ်ပါ။ စည်ဆိုတာဟာ စည်သံထွက်ပေါ်ခြင်း၏ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုယောင်္ကျားဟာ စည်တီးရန် ကိစ္စတစ်ခုခုပေါ်ပေါက်လာသောအခါ ထိုစည်ကိုတီးခတ်၍ နောက်ထပ်တစ်ဖန် စည်သံထွက်ပေါ်စေနိုင်ပါတယ် ဘုရား”လို့ ပြန်လျှောက်ထားတော့...

အရှင်နာဂသေနက “မင်းမြတ်၊ ဒီဥပမာအတိုင်းပါပဲ၊ ဘုရားရှင်သည် သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်၊ ပေစ္စ၀က္ခဏာဥာဏ်တော်တို့ဖြင့် မွှမ်းထုံထားအပ်တဲ့ ဓာတ်တော် ရတနာတိုကိုလည်းကောင်း၊ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟူသော သာသနာတော်ကိုလည်းကောင်း ကိုယ်စားတော်ထားတော်မှုခဲ့၍ အနုပါဒိသေသနိဗ္ဗာန် ၀င်စံတော်မှုပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မှုသွားပါသော်လည်း လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော စည်းစိမ်ချမ်းသာကို ရရှိခြင်းကား ပြတ်တောက်မသွားပါဘူး။ စည်းစိမ်ချမ်းသာကို ရလိုသူတို့သည် ဓာတ်တော်ရတနာတိုကို ပှုဇော်၍လည်းကောင်း၊ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာသုံးဖြာသော သာသနာတော်တို့၏ အဆုံးအမများကို လိုက်နာကျင့်သုံး၍လည်းကောင်း လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိကြပါတယ်။ ဒါကြောင့် ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ ဘုရားရှင်အား ပှုဇော်ခြင်းသည် အကျိုးရှိသည်သာဖြစ်ပါတယ်၊ အကျိုးတရားများ ရရှိနိုင်သည်သာ ဖြစ်ပါတယ် မင်းကြီး။” လို့ ဥပမာနဲ့တကွ ရှင်းလင်းဖြေကြားထားပါတယ်။

နောက် မြေကြီးဟာ သူ့အပေါ်မှာ မျိုးစေ့အားလုံး အပင်ပေါက်ပါစေဆိုတဲ့ သာယာမှု့မျိုးမရှိပေမယ့် မျိုးစေ့များဟာ မြေကြီးပေါ်မှာ အပင်ပေါက်လာကြတယ်။ သန်စွမ်းကာ ပင်စည်အနှစ်တည်ရှိလာကြတယ်။ အပွင့် အခက် အသီးများ ဝေဆာလာကြတာဟာ ဘာကြောင့်ပါလဲလို့ မေးမြန်းပါသေးတယ်။ ဒီတော့ မင်းကြီးက မြေကြီးဟာ အပင်ပေါက်လာစေရန် သာယာခြင်းမရှိပေမယ့်လို့ ပေါက်လာလေသမျှ အပင်များ၏ တည်ရာဋ္ဌာနဖြစ်တဲ့အတွက် အခက် အပွင့် အသီးများ ဝေဆာလာရခြင်းဖြစ်တဲ့အကြောင်း မင်းကြီးက ပြန်လျှောက်ထားပါတယ်။ “မင်းမြတ်၊ မြေကြီးကဲ့သို့ ဘုရားရှင်ကို မှတ်သားထိုက်ပါတယ်။ မြေကြီးဟာ တစ်စုံတစ်ခုသော အပင်ကိုမျှ သာယာခြင်းမရှိသလို မြတ်စွာဘုရားရှင်ဟာလည်း တစ်စုံတစ်ခုသော ပှုဇော်သက္ကာရကိုမျှ သာယာတပ်မက်မှု့မရှိပါဘူး။ မသာယာတဲ့ မြေကြီးပေါ်၌ အပင်မျိုးစုံတို့ ပေါက်ရောက်ရှင်သန်လာကြသလိုပါပဲ သာယာခြင်း ကင်းစွာ ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ များနဲ့ မွှမ်းထုံထားတဲ့ ဓာတ်တော်များကို ပှုဇော်ခြင်းဖြင့် အကျိုးတရားများ ရရှိနိုင်သလို၊ မြတ်ဗုဒ္ဓဟောကြားထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ သုံးဖြာသော သာသနာတော်၏ အဆုံးအမများကို လိုက်နာကျင့်ကြံခြင်းဖြင့်လည်း ကုသိုလ်တရားများ တိုးပွားကာ ကောင်းမွန်တဲ့ အကျိုးတရားများ ရရှိနိုင်ပါတယ်။ မင်းကြီး၊ ကုသိုလ်သည် အမြစ်နဲ့တူပါတယ်။ သမာဓိသည် ပင်စည်နဲ့တူပါတယ်။ သီလသည် အကိုင်းအခက်နဲ့တူပါတယ်။ ၀ိမုတ္တိသည် အပွင့်နဲ့တူပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့သည် အသီးနှင့်တူကြပါတယ်။ ဒီအကြောင်းတရားတွေကြောင့် ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ခြင်းဟာ၊ ပှုဇော်ခြင်းဟာ ကောင်းကျိုးတရားများ ရရှိပါတယ်” လို့ လိုက်နာမှတ်သား သိရှိကာ လိုက်နာကျင့်တတ်ဖို့ ကောင်းမြတ်တဲ့ အဖြေပေးတော်မှုခဲ့ပါတယ်။
ဒီနေရာမှာ မဟာယာနဗုဒ္ဓဘာသာရဲ့ အလိုအရ ပြောပြချင်ပါသေးတယ်။ မဟာယာနဗုဒ္ဓဘာသာအရ မြတ်စွာဘုရားရှင်ဟာ သမ္ဘောဂ ကာယ၊ နိမ္မာန ကာယ၊ ဓမ္မ ကာယဆိုပြိး ကိုယ်ခန္ဓာသုံးမျိုးရှိတယ်လို့ဆိုပါတယ်။ "သမ္ဘောဂ ကာယ၊နဲ့ နိမ္မာန ကာယ ကို ဗုဒ္ဓမြတ်စွာက ဆွမ်းဘုဉ်းပေးတဲ့အခါ၊ လျောင်းစက်တော်မှုတဲ့အခါ၊ တရားဓမ္မဟောကြားတဲ့အခါ စင်္ကြံလျှောက်တော်မှုတဲ့အခါတွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်တော်မှုတဲ့အခါမှာ ဒီကိုယ်ကာယ နှစ်မျိုးဟာ လုံးဝပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့်လို့ ဓမ္မကာယ- တရားကိုယ်ကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ ထာဝရတည်ရှိနေပါတယ်။ ဒီ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်စားတော်ဖြစ်တဲ့ ဓမ္မကာယကို ပှုဇော်ကိုးကွယ်နေမယ်၊ အရိုအသေပေးနေကြမယ်ဆိုရင် ကောင်းမြတ်တဲ့ သုခဘုံကို ရောက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ အခွင့်အရေး ရရှိနိုင်တယ်။"လို့ ဆိုပါတယ်။
ဒီဗုဒ္ဒမြတ်စွာရဲ့ ကိုယ်စားဖြစ်တဲ့ ဓမ္မကာယဟာ ပျောက်ကွယ်မသွားဘူး ဆိုတာကို ဘာကြောင့်ပြောရတာလဲဆိုရင် ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားထားတာတစ်ခုရှိပါတယ်။ “လောကမှာ မြတ်စွာဘုရားရှင် ပွင့်တော်မှု မမှု ဒီဓမ္မ သစ္စာအမှန်တရား များဟာ လောကမှာ ထာဝရတည်ရှိနေပါတယ်။” နောက်တစ်ခု အရှင်အာနန္ဒာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မှုတော့မည်ကိုကြားသိတော့ တရားတော်များသည် ဟောကြားထားခဲ့သော ဆရာသခင်ဘုရားရှင်နဲ့အတူ ကင်းကွာကာ ပျောက်ကွယ်ပြီးနောက် ငါတို့မှာ ဆရာမရှိတော့ပြီ ဆိုပြီး ငိုကြွေးပြောဆိုတော့ ဗုဒ္ဓမြတ်စွာက “အာနန္ဒာ တရားတော်များဟာ ငါဘုရားနှင့်အတူ ကင်းကွာပျောက်ကွယ်ကုန်ပြီ၊ ငါတို့မှာ ဆရာမရှိတော့ပြီဆိုပြီး သင်မမှတ်ထင်ပါနဲ့၊ အာနန္ဒာ ငါဘုရား ဟောကြားထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ သုံးဖြာသော သာသနာတော်သည် သင်တို့၏ ဆရာအဖြစ်တည်ရှိလိမ့်မယ်”လို့လည်း ဟောကြားထားတာရှိပါတယ်။ ဒီတော့ မဟာယာနအလိုအရ ဗုဒ္ဓမြတ်စွာဟာ သမ္ဘောဂ ကာယ၊ နိမ္မာန ကာယ၊ အနေနဲ့ ပရိနိဗ္ဗာန်ပြုသွားတော့ဟုတ်တယ်။ ဓမ္မကာယအနေနဲ့ ဗုဒ္ဓမြတ်စွာဟာ ဘယ်တော့မှ ပရိနိဗ္ဗာန် ၀င်စံတော်မမှုပါဘူး။ ဒါလည်း မှတ်သားထိုက်တဲ့ စကားတစ်ခုပါပဲ။
ဒီတော့ စာရေးသူတို့ ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်စံပြီးဖြစ်သော်လည်းပဲ ပှုဇော်ကိုးကွယ်နေရခြင်းဟာ အကျိုးမဲ့လုပ်ရပ်ကို လုပ်နေရာ မရောက်ဘူး။ အကျိုးမဲ့မဖြစ်စေဘူး၊ အကျိုးတရားများစွာ ရရှိနိုင်တယ်ဆိုတာ ရှင်းလင်းစွာ သိနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မှတ်သားထားဖို့ ကောင်းပါတယ်။ ဒါမှလည်းပဲ သူတစ်ပါးစကားနားယောင်ကာ လမ်းမှားကို မရောက် လမ်းမှန်ကို လျှောက်လှမ်းသူများ ဖြစ်မှာပါ။ မိမိကိုယ်တိုင် သိရှိပြီးနောက် မိမိရဲ့ အထူးသဖြင့် စာရေးသူတို့ ဘာသာ၊ သာသနာရဲ့ အနာဂတ်ကြယ်ပွင့်လေးများဖြစ်တဲ့ မိမိရဲ့ ကလေးသူငယ်များကို နားလည်အောင် သင်ပြပြောပြဖို့ မိဘများ၊ အစ်ကို၊ အစ်မ များအနေနဲ့ တာဝန်ရှိပါတယ်။ “ပုဗ္ဗာစရိယ-မိနဲ့ဖ”ဆိုတာလည်း ရှိသေးတယ် မဟုတ်ပါလား။ အထူးသဖြင့်တော့ ဘာသာရေး အသိနဲ့ ပတ်သက်လို့ ဘာသာရေးခေါင်းဆောင်များမှာ တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ “နိုင်ငံတိုင်းရဲ့ အဖိုးအထိုက်တန်ဆုံး သယံဇာတဟာ ရေနံမဟုတ်ပါဘူး၊ သစ်တောမဟုတ်ပါဘူး၊ တွင်းထွက် ကျောက်မျက်ရတနာမဟုတ်ပါဘူး ကလေးတွေပါပဲ” ဆိုတဲ့ စကားလည်းဖတ်မှတ်ဖူးပါတယ်။

ဟုတ်ပါတယ်၊ စာရေးသူတို့ရဲ ဗုဒ္ဓဘာသာရဲ့ အဖိုးအထိုက်တန်ဆုံး အရာများဟာ အနာဂတ်ကြယ်ပွင့်များဟာ ကလေးသူငယ် မျိုးဆက်သစ်တွေပါပဲ။ ဒီနိုင်ငံ၊ ဒီဘာသာ၊ ဒီသာသနာကို အနာဂတ်မှာ ဒီကလေးသူငယ်လေးတွေရဲ့ လက်ထက်မှာတည်ရှိမှာပါ၊ ကျန်ရစ်မှာပါ။ ဒီတော့ ဒီနိုင်ငံ၊ ဒီဘာသာ၊ ဒီသာသနာကို သန့်ရှင်း၊ ပြန့်ပွား၊ တည်တံအောင် ထမ်းဆောင်မယ့် အနာဂတ်မျိုးဆက်သစ်များကို သွေးသစ်လောင်းပေးသင့်ပါတယ်။ အသိပညာများရရှိအောင် သင်ကြားပေးသင့်ပါတယ်။ လမ်းမှန်ကို လျှောက်လှမ်းတတ်အောင် ညွှန်ပြပေးရပါမယ်။ ဒါမှလည်း နိုင်ငံနဲ့ ဘာသာ သာသနာတည်တံ့နိုင်ပြီး ဘာသာ သာသနာကနေ မြတ်ဗုဒ္ဓရဲ့ ဟောပြ လမ်းညွှန်ဟောပြထားတဲ့ စစ်မှန်တဲ့ တရားဓမ္မများကို လိုက်နာ၊ကျင့်ကြံပြီးတော့ ကောင်းကျိုး ချမ်းသာများကို ရရှိပြီး ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရရှိနိုင်မယ်ဖြစ်ပါတယ်။
"ဗုဒ္ဓရဲ့ တရားတော်များကို လေ့လာ၊ ကျင့်ကြံခြင်းဖြင့် စစ်မှန်တဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ပြီး ချမ်းသာခြင်းအမှန်ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ရှိနိုင်ကြပါစေ"
(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP