* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 30, 2010

ပဉ္စာနန္တရိယကံ ထိုက်သူတိုင်း အ၀ီစိငရဲ ကျသလော

ဒကာ။ ။ အဖေသတ်, အမေသတ်, မြတ်စွာဘုရားအား သွေးစိမ်းတည်အောင်ပြုလုပ်, ရဟန္တာသတ်, သံဃာသင်းခွဲသူတို့သည် အနန္တရိယကံကြီးထိုက်သူတို့ဖြစ်၍ သေ သေ ချင်း မဟာအ၀ီစိငရဲသို့လျှင် ကျရောက်ရမည်ဟု ဆရာသမားတို့ရဲ့ ဟောပြောသံကို မှတ်သားရဖူးသော်လည်း အဖေကိုသတ်တဲ့ အဇာတသတ်မင်းဟာ အ၀ီစိငရဲကို မလားဘဲ လောဟကုမ္ဘီငရဲမှာသာ သွားဖြစ်ရသည်ဟု ဟောပြောနေကြတာ ဟုတ်မှန်ပါရဲ့လား ဆရာတော်၊ ရှင်းပြပါဦးဘုရား။

ဆရာ။ ။ ဟုတ်မှန်ပါတယ်၊ လောကသားတို့အား ကျရောက်ရမည့် ဆင်းရဲဒုက္ခ ဘေးအန္တရာယ်ကို မကျရောက်ရအောင် သေးငယ်အောင် ပျောက်ကင်းအောင် ကာကွယ် တားဆီးပေးနိုင်တာဟာ ရတနာသုံးပါးအစစ်သာလျှင် ဖြစ်ပါတယ်၊ ဘုရား, တရား, သံဃာမှ တပါး အခြားမည်သည့် တန်ခိုးရှင် နတ်, ဗြဟ္မာ, ၀ိဇ္ဇာ, ဇော်ဂျီတို့ကမှ ကာကွယ်စောင့်ရှောက် မပေးနိုင်ပါဘူး။
ဒါ့ကြောင့် မြတ်စွာဘုရားသခင်က ရဟန်းတို့ အဇာတသတ်မင်းသည် တရားကို စောင့်သော ခမည်းတော်(ဗိမ္ဗိသာရ) မင်းကြီးကို မသတ်မိပါမူ ယခု ငါဘုရား ဟောကြား ဖြေဆိုသော သာမညဖလသုတ်ကို ကြားနာဆဲအခါမှာပင် သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နိုင်ရာသည်။
ယခုမှာမူ မကောင်းသောမိတ်ဆွေ မကောင်းသော ဆရာနှင့် ပေါင်းသင်း ဆည်းကပ်မိသောကြောင့် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်ရှိရလေသည်၊ အဇာတသတ်မင်းသည် မိမိ၏ တည်ရာ မှီရာ အားကိုးရာကို မိမိပင် တူးဖြိုဖျက်ဆီးခဲ့သူ ဖြစ်လေသည်။
ရဟန်းတို့ ယင်းသို့ပင်ဖြစ်ခဲ့သော်လည်း အဇာတသတ်မင်းသည် ငါဘုရားကို ဆည်းကပ်၍လည်းကောင်း၊ ရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ရာ အစစ်အမှန်ဟူ၍လည်းကောင်း ဆည်းကပ်ကိုးကွယ်ခဲ့လေပြီ။
အဇာတသတ်မင်း၏ ဆည်းကပ်ကိုးကွယ်ရာ ငါဘုရား၏ သာသနာတော်သုံးရပ်သည် လွန်မြတ်ကြီးမားလှသောကြောင့် အဇာတသတ်မင်း သက်သာရာ ရခဲ့လေသည်။
ရဟန်းတို့- ပုံပမာအားဖြင့်သော်ကား လူသတ်မှု ကျူးလွန်မိသော ယောက်ျားတယောက်အား သေစား သေစေရန် အပြစ်ဒဏ်ကို ပေးရန်ဖြစ်သော်လည်း အမှီကောင်း အကပ်ကောင်းကို ရထားသည့်အတွက် ပန်းပွင့်တဆုပ်မျှသော အပြစ်ဒဏ်ခတ်လျက် သေဒဏ်မှ လွတ်ကင်း သွားရသကဲ့သို့ ဤနည်းအတူပင် ဖခင် အရင်းကို သတ်ခဲ့သော အနန္တရိယကံကြောင့် အ၀ီစိငရဲ၌ ဖြစ်ထိုက်သော်လည်း ငါဘုရား သာသနာတော်တည်း ဟူသော အမှီကောင်း ဥပနိဿယကို ရ၍ လောဟကုမ္ဘီငရဲ၌သာ သေပြီးနောက် ကျရောက်ကာ အနှစ်သုံးသောင်းကြာအောင် အောက်သို့နစ်မြုပ်လျက် အောက်ကြမ်းပြင်သို့ရောက်ပြီးလျှင် တဖန် အနှစ်သုံးသောင်းကြာမျှ အထက်သို့ပေါ်တက်ပြန်လျက် အထက်ငရဲအိုး နှုတ်ခမ်းသို့ ရောက်သောအခါ အမြုပ်အပေါ် နှစ်ပေါင်းခြောက်သောင်းကြလျှင် ထို လောဟကုမ္ဘီငရဲမှ လွတ်မြောက်လိမ့်မည်ဟု မြတ်စွာဘုရား ဟောကြားတော်မူတာကို ထောက်ထား၍ သရဏဂုံ သုံးပါး တန်ခိုးတော်ဂုဏ်များကို သိရှိကိုးကွယ် ဆည်းကပ်ကြဖို့ပဲ။
ဂေါတမဘုရားသာသနာမှာ ပုထုဇဉ်လူသားထဲက သရဏဂုံသုံးပါးကို ယုံကြည်ကိုးစား ဆည်းကပ်ခစားတဲ့နေရာမှာ အဇာတသတ်မင်းဟာ အသာဆုံးပဲတဲ့၊ အဇာတသတ်မင်းကို မီညီတဲ့သူ တလူတယောက်မျှမရှိဘူးလို့ ဟောကြားတော်မူတယ်၊ နောင်သောအခါ အဇာတသတ်မင်းဟာ ဝိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်ကာ ပရိနိဗ္ဗာန် ၀င်စံလျက် ဒုက္ခဇာတ်ဘ၀ကို သိမ်းလိမ့်မည်ဟု ဟောကြားတော်မူတယ်၊ ကဲ….ယုံကြည်လောက်ပါပြီ။
ဒကာ။ ။ ယုံကြည်စွာ ခံယူပါတယ် ဆရာတော်၊ သရဏဂုံဟာ အားထားရာ အစစ်ပါဘဲ ဆရာတော်၊ နတ်, ၀ိဇ္ဇာတို့ဟာ အားထားရာ မဟုတ်ပါဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP