* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 1, 2010

ကိုသက်မြင့်ဦး+မကေသီလွင် သမီးလွင်မာမင်း မိသားစု(စင်ကာပူ)














အရုဏ်မုန့်ဟင်းခါးဆွမ်းအလှူရှင်
ကိုသက်မြင့်ဦး+မကေသီလွင် သမီးလွင်မာမင်း မိသားစု(စင်ကာပူ)


နေ့ဆွမ်းအလှူရှင်များ.

ဆွမ်း+ပဲ ကိုဖြိုး၊ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) မန္တလေး။

ဆီ ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး (ရွှေဘိုမြို့)။

(၀က်သား+ဂေါ်ရခါးသီး ဟင်း၊သရက်ချဉ်သုတ် ၊ငါးပိ+ငါးရုတ်သီး+ပုစွန်ခြောက်ပွ ကြော်)
ကိုရန်အောင် ၊မ၀ါဝါခိုင်မင်း၊ ရွာသားလေးဝိုင်တီယူ၊ဂျူလိုင်ဒရင်းတို့ဦးဆောင်သော
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့....

(၂၀၁၀-၂၀၁၁)ခုနှစ် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့....

၁.Dr.Nyan+ ၀ါဝါခိုင်မင်း မိသားစု(ဂျပန်)(တစ်သိန်းကျပ်)
၂.ဒေါ်ယဉ်ယဉ်(လယ်ဝေး) မိသားစု ( ဂျပန်) ( ၅၀၀၀၀ ကျပ် )
၃.ခွန်သဒ္ဒါ (ဂျပန်) ( တစ်သိန်း ငါးသောင်းကျပ်)
၎.သီတာဇော်မင်း (ဂျပန်)(တစ်သိန်းကျပ်)
၅.ဂျပန်ကောင်လေး (ဂျပန်) (၅၀၀၀၀ ကျပ်)
၆.ယဉ်မင်းငြိမ်း (ဂျပန်) ( ၅၀၀၀၀ ကျပ် )
၇.ကိုထက်ထက်လတ်+ မနန်းရွှေဝါ (ဂျပန်)(တစ်သိန်းငါးသောင်းကျပ်)
၈.ကိုလှအောင်+မထားထားမြင့်(ငွေသဇင်မိသားစု-မကွေး)(ဂျပန်)(တစ်သိန်းငါးသောင်းကျပ်)
၉.ကိုမင်းလွင်၊ကိုထက်ထက်လတ်၊မနန်းရွှေဝါ၊မနန်းစန္ဒာဝင်း(GOTEN YAMA ဂျပန်) (၅၀၀၀၀ ကျပ်)
၁၀.ကိုစံရွှေ+မနုနုအောင်၊သမီးလေး အိမြတ်မွန် မိသားစု(ဂျပန်)မှ ဆွမ်းလောင်းအသင်းအတွက် အလှူငွေ (၁၀၀၀၀၀ ကျပ်)
၁၁.မိဘများကို အမှူးထား၍ မနွယ်နွယ်သိမ့်(စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၁၂.Zephyr (စင်္ကာပူ) (တစ်သိန်းကျပ်)
၁၃.မအေးဇာနွယ် (စင်္ကာပူ)(တစ်သိန်းကျပ်)
၁၄.မိဘနှစ်ပါးကို အမှူးထား၍ နန်းမေဇင်အေး(စင်္ကာပူ) ( တစ်သိန်းငါးသောင်း ကျပ်)
၁၅.ကိုမျိုးမင်းဦး(စင်္ကာပူ) ( ၅၀၀၀၀ ကျပ် )
၁၆.ကိုမိုးမြင့်မောင်မောင်(စင်္ကာပူ) (၅၀၀၀၀ ကျပ်)
၁၇.မိဘနှစ်ပါးကို ဦးထိပ်ပန်ဆင်၍ Sweetpeony(စင်္ကာပူ)(၅၀၀၀၀ ကျပ်)
၁၈.ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်းတို့ ကို ဦးထိပ်ပန်ဆင်ပြီး ပိုးပိုး(စင်္ကာပူ)(၅၀၀၀၀ ကျပ်)
၁၉.မတင်ဇာမော်(စင်္ကာပူ)(၅၀၀၀၀ ကျပ်)
၂၀.ဦးမြင့်စိုး+ဒေါ်ခင်ဆွေသိန်း ၊ သမီး-ခင်ကလျာစိုး မိသားစု(တစ်သိန်းကျပ်)
၂၁.မေသူခိုင် (စင်္ကာပူ)(ခုနှစ်သောင်းကျပ်)+စင်္ကာပူမှ အလှူရှင်မောင်နှမ တစ်စု ( သုံးသောင်းငါးထောင်ကျပ်)
၂၂.U Jimmy Soe & family (စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၂၃.ကိုသက်မြင့်ဦး+မကေသီလွင် သမီးလွင်မာမင်း မိသားစု(စင်ကာပူ) (အာရုံဆွမ်း ၁၀ ပတ်စာ) (ငါးသိန်းကျပ်)(တစ်လတစ်ကြိမ် ငွေလွှဲပါမည်။)
၂၄.ဦးမောင်အေး- ဒေါ်သန်းသန်းဝင်း သား စစ်မင်းဦး မိသားစု (စင်္ကာပူ)( တစ်သိန်းကျပ်)
၂၅.နှစ်ဖက်သောမိဘများကို အမှူးထား၍ မောင်ဇော်လင်းနိုင်+မဥမ္မာသန့်(စင်္ကာပူ)(တစ်သိန်းကျပ်)
၂၆.ကိုအောင်ချို - မသန္တာဝင်း(စင်္ကာပူ) (တစ်သိန်း ငါးသောင်းကျပ်)
၂၇.မိဘများဖြစ်သူ ဦးစိန်ထိုက်+ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ) (တစ်သိန်း ငါးသောင်းကျပ်)
၂၈.Lewis-hmwe (စင်္ကာပူ) (တစ်သိန်း ငါးသောင်းကျပ်)
၂၉.ကိုဇေယျာလင်း-မခင်ဖြူ (စင်္ကာပူ) ( တစ်သိန်း ကျပ်)
၃၀.ဦးကျော်ထွန်း+ဒေါ်ခိုင်စံပယ် မိသားစု ( ကနေဒါ)(တစ်သိန်းကျပ်)
၃၁.မခင်ငြိမ်းချမ်းဦး( မလေးရှား)(လစဉ် တနလာင်္တစ်ပတ်အာရုံဆွမ်း တစ်နှစ်စာ ခြောက်သိန်းကျပ်)( တစ်လလျှင် အလှူငွေ ၅၀၀၀၀ ကျပ် ပုံမှန်လွှဲပါမည်။)
၃၂.အရှင်ဓမ္မသာမိ(၆၀၀၀၀ ကျပ်)
၃၃.ဒေါက်တာမျိုးမင်းသန့်+မမေယမင်းသူ (စင်္ကာပူ)(တစ်သိန်းကျပ်)
၃၄.အလှူရှင်တစ်ဦး(နော်ဝေ)(တစ်သိန်းကျပ်)
၃၅.(ဦးခင်မောင်လွင်+ဒေါ်ခင်မြတ်လွင်) တို့အားရည်စူး၍ သား၊ သမီး၊ မြေးတစ်စု ကောင်းမှု (ရန်ကုန်) (နေ့ဆွမ်း)
၃၆.ဦးရန်နိုင်+ဒေါ်သီတာ တို့၏မင်္ဂလာနှစ်ပါတ်လည် (စင်္ကာပူ) (အာရုံ + နေ့ဆွမ်း)
၃၇. ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ သားသား ဇွဲလုလင်နိုင် (စင်္ကာပူ) (အာရုံ)
၃၈. ဦးချစ်ထွန်း+ဒေါ်အိနန်း (ပဲခူး) (နေ့ဆွမ်း)
၃၉.ကိုထွန်းထွန်း(စင်္ကာပူ)အလှူငွေ ၁၀၀၀၀၀ ကျပ်။


ဆပ်ပြာမွေး ကိုယ်တိုက်ဆပ်ပြာ အလှူရှင်

ကိုလူမော် +မတင်တင်မိသားစု တို့ဖြစ်ကြပါတယ်။

ဝေယျာဝစ္စများကတော့ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊မပွေး၊ မောင်စိုးလင်းအောင်၊
ကိုကျော်နှင့် ကွန်ပျူတာ သင်တန်းသားနှစ်ဦး၊ နှင့်ဒါယကာကြီးတစ်ဦးတို့ဖြစ်ကြပါတယ်။

ဆွမ်းလောင်းအသင်းသံဃာများ ကြွရာတွင်အဆင်ပြေစေရန် ဆွမ်းလောင်းသည့်နေရာတွင်
အောက်တွင် ကျောက်သွေးလောင်း၍ တမံသလင်း ခင်းလျှင် ပိုအဆင်ပြေပါမည်။
ကုန်ကျစားရိတ်မှာ နှစ်သိန်းငါးသောင်းကျပ်ခန့်ကုန်ကျပါမည်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP